← Chapters

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း (၁၇၂) မိစ္ဆာဘိုးဘေး တည်နေရာ၊ မိစ္ဆာဝိညာဉ်မျိုးနွယ်စု

ရှုချွမ်း၏ စကားကို ကြားလိုက်ရချိန်တွင် သတိပြန်လည်လာကာစ ဖြစ်သော နင်ယို့ချီမှာ နူးညံ့စွာ ပြုံးပြလိုက်ပြီးနောက် တစ်ဖန် ပြန်လည်၍ သတိလစ်မေ့မြောသွားခဲ့ရပြန်သည်။

သူမက ယခင်တိုက်ပွဲတွင် အင်အားများစွာ ကုန်ဆုံးထားခဲ့ရုံတင်မက သူမ၏ 'ထိုက်ယင်စွမ်းအား' အားလုံးကိုပါ ရှုချွမ်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး နောက်ဆုံးတွင် သူမ၏ အသက်စွမ်းအား အားလုံးကိုပါ စုစည်း၍ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဤသို့ အဆင့်ဆင့် လုပ်ဆောင်ခဲ့ပြီးနောက်တွင် နင်ယို့ချီ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်မှာ ကြီးမားစွာပျက်စီးဆုံးရှုံးမှုကို ခံလိုက်ရချေပြီ။

၎င်းကို ပြန်လည်ကုသရန်အတွက် အင်မတန် ရှည်လျားလှသော အချိန်ကာလကို လိုအပ်ပေလိမ့်မည်။ သို့မဟုတ်ပါကလည်း ဤကဲ့သို့သော ဒဏ်ရာမျိုးအတွက် သီးသန့်အသုံးပြုရသည့် ထိပ်တန်း ဆေးလုံးများ ရှိမှသာ ဖြစ်နိုင်ပေမည်။

လက်ရှိတွင် ရှုချွမ်း၏ လက်ဝယ်၌ ထိုကဲ့သို့သော ဆေးလုံးများ ယာယီအားဖြင့် ရှိမနေခဲ့ပေ။

ထို့ကြောင့် ရှုချွမ်းမှာ နင်ယို့ချီ၏ ခန္ဓာကိုယ်လေးကို ဤအတိုင်းသာ ပွေ့ချီထားရင်း သူမ၏ နူးညံ့သိမ်မွေ့လှသော မျက်နှာလေးကိုသာ စိုက်ကြည့်နေခဲ့မိတော့သည်။

သူ၏ ခန္ဓာကိုယ်တွင်းရှိ 'နေစွမ်းအား'များကို နင်ယို့ချီ၏ ခန္ဓာကိုယ်အတွင်းသို့ ဖြည်းညှင်းစွာ စီးဆင်းဝင်ရောက်စေလျက် သူမ၏ ဒဏ်ရာများကို ညင်သာစွာ ကုသပေးနေခဲ့၏။

ဤအခိုက်အတန့်တွင် ၎င်းတို့ကို လာနှောင့်ယှက်မည့် လူသားမျိုးနွယ်စု သို့မဟုတ် မိစ္ဆာမျိုးနွယ်စုဟူ၍ တစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ပေ။

ချိပ်ပိတ်ခံထားရသော မိစ္ဆာဘိုးဘေးမှလွဲ၍ ရှေးဟောင်းစစ်မြေပြင်ကြီးတစ်ခုလုံးနှင့် မိစ္ဆာနယ်မြေအတွင်းရှိ မိစ္ဆာများအားလုံးကို ရှီထျန်းက ဝါးမျိုပစ်ခဲ့ပြီးဖြစ်ရာ ယခုအခါ ရှီထျန်း သေဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် ဤရှေးဟောင်းစစ်မြေပြင်ကြီးအတွင်း၌ ထိုမိစ္ဆာဘိုးဘေး တစ်ဉီးတည်းသာ ကျန်ရှိတော့သည်ဟု ဆိုနိုင်ပေသည်။

အတိအကျပင် ဤအခိုက်အတန့်၌ ကာလရှည်ကြာစွာ တိတ်ဆိတ်နေခဲ့သော စနစ်ထံမှ ရုတ်တရက် တုံ့ပြန်မှုတစ်ခု ထွက်ပေါ်လာခဲ့တော့၏။

[ သင်သည် မိစ္ဆာမျိုးနွယ်စုဝင် မြောက်မြားစွာနဲ့ မိစ္ဆာအရှင်သခင်တွေကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့ပြီး မိစ္ဆာမျိုးနွယ်စုရဲ့ ကောက်ကျစ်တဲ့ ပူးပေါင်းကြံစည်မှုကြီးကို လုံးဝ ပျက်စီးသွားစေခဲ့ကာ ရွှမ်ထျန်းတိုက်ကြီးကို ဘေးအန္တရာယ်မှ ကယ်တင်နိုင်ခဲ့တဲ့အတွက် အောင်မြင်မှုဘွဲ့အမည် 'မိစ္ဆာမုဆိုး'ကို ရရှိသည်။ ဆုလာဘ်အဖြစ် 'ရွှမ်ယင်ဆေးလုံး'တစ်လုံးကို ချီးမြှင့်မည်။ ဆုလာဘ်ကို ရယူချင်ပါသလား။ ]

မိစ္ဆာမုဆိုး : မိစ္ဆာမျိုးနွယ်စုဝင်တွေနဲ့ ကြုံတွေ့ရတဲ့အခါ ပြိုင်ဘက်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို နယ်ပယ်ကြီးတစ်ခုစာ ဖိနှိပ်ချုပ်ချယ်နိုင်ပြီး ပြိုင်ဘက်ဆီကရမယ့် တိုက်ခိုက်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုး - မိစ္ဆာမျိုးနွယ်စုရဲ့ အစွန်းကုန် မုန်းတီးခြင်းကို ခံရပါလိမ့်မယ်။

ရွှမ်ယင်ဆေးလုံး : သုံးစွဲပြီးတဲ့နောက်မှာ ပျက်စီးသွားတဲ့ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကို ပြန်လည်ပြုပြင်ပေးနိုင်ပြီး မူလပါရမီအရည်အသွေးကို သန်မာစေကာ ဒဏ်ရာတွေကို ကုသပေးနိုင်ပါတယ်။ အလွန်အမင်း အစွမ်းထက် တဲ့ ယန် ခန္ဓာကိုယ်ရှိသူတွေ သုံးစွဲလို့မရပါဘူး။ သုံးစွဲမိရင် ပြင်းထန်တဲ့ ဆိုးကျိုးတွေ ခံစားရပါလိမ့်မယ်။ အလွန်အမင်း အေးမြတဲ့ ယင်ခန္ဓာကိုယ် ရှိသူတွေအတွက်ဆိုရင်တော့ ဆေးအာနိသင်က နှစ်ဆ တိုးစေမှာ ဖြစ်ပါတယ်။

စနစ်၏ အသိပေးချက်များက အမြဲတမ်း ဤမျှအထိ ရုတ်တရက် ထွက်ပေါ်လာလေ့ရှိသဖြင့် ရှုချွမ်းကိုပင် အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။

မိစ္ဆာအရှင်သခင်များနှင့် မိစ္ဆာမျိုးနွယ်စုဝင် မြောက်မြားစွာကို သတ်ဖြတ်ပြီးနောက်တွင် အောင်မြင်မှုဘွဲ့အမည်အသစ်တစ်ခုကိုပါ ထပ်မံရရှိလိမ့်မည်ဟု ရှုချွမ်း ထင်မှတ်မထားခဲ့မိပေ။

လက်ရှိတွင် သူ့၌ ဘွဲ့အမည်နှစ်ခု ရှိသွားခဲ့ပြီဖြစ်ပြီး တစ်ခုမှာ 'ကံတရားရဲ့ ဇာတ်လိုက်မုဆိုး' ဖြစ်ကာ အခြားတစ်ခုမှာ ယခုလေးတင် ရရှိခဲ့သော 'မိစ္ဆာမုဆိုး' ဘွဲ့အမည် ဖြစ်သည်။

'ကံကြမ္မာ ဇာတ်လိုက်မုဆိုး' ဘွဲ့အမည်၏ ကြောက်မက်ဖွယ်ရာ အစွမ်းကို ရှုချွမ်းအနေဖြင့် ကောင်းစွာ ခံစားဖူးခဲ့ပြီးဖြစ်ရာ ၎င်းက တကယ့်ကို အစွမ်းထက်လွန်းလှပေသည်။

ယခု 'မိစ္ဆာမုဆိုး' ဘွဲ့အမည်မှာလည်း ၎င်း၏ ဖော်ပြချက်ကို ကြည့်ရုံမျှဖြင့် အင်မတန် ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့ချေပြီ။

ပြိုင်ဘက်၏ ကျင့်ကြံခြင်းအဆင့်ကို နယ်ပယ်ကြီးတစ်ခုစာ တိုက်ရိုက် ဖိနှိပ်နိုင်ခြင်းပင်။

အကယ်၍ သူက ကောင်းကင်ဘုရင်နယ်ပယ်ရှိသော မိစ္ဆာမျိုးနွယ်စုဝင်တစ်ဦးနှင့် ကြုံတွေ့ရပါက ပြိုင်ဘက်၏ ကျင့်ကြံခြင်းအဆင့်ကို ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ တိုက်ရိုက် ဖိနှိပ်ပစ်နိုင်မည် ဖြစ်သည်။

၎င်းအပြင် ပြိုင်ဘက်၏ တိုက်ခိုက်မှုကို လျှော့ချပေးနိုင်သည့် အစွမ်းပါ ပါရှိနေသေးရာ ဤအရာက မိစ္ဆာမျိုးနွယ်စုကို လိုက်လံသတ်ဖြတ်ရန်အတွက် သီးသန့် ဖန်တီးထားခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။

ဘေးထွက်ဆိုးကျိုးနှင့် ပတ်သက်၍မူ ရှုချွမ်းက စိတ်ထဲ၌ အနည်းငယ်မျှပင် ထည့်မထားခဲ့ပေ။

လူသားနှင့် မိစ္ဆာမှာ ကမ္ဘာဦးကတည်းကပင် အတူယှဉ်တွဲ၍ မရနိုင်သော ရန်သူများဖြစ်ကြရာ မိစ္ဆာမျိုးနွယ်စု၏ မုန်းတီးခြင်းကို ခံရသည်က သူ့အတွက် ဘာအရေးပါပါမည်နည်း။

ထို့နောက် 'ရွှမ်ယင်ဆေးလုံး' ကို ကြည့်လိုက်ရာ ၎င်းက လက်ရှိတွင် ရှုချွမ်း အရေးတကြီး လိုအပ်နေသော ပစ္စည်းအစစ်အမှန် ဖြစ်နေခဲ့သည်။

ဤဆေးလုံး၏ အာနိသင်ကို ကြည့်ပြီးနောက် ဤအရာက စနစ်မှ နင်ယို့ချီအတွက် သီးသန့် ပြင်ဆင်ပေးထားခြင်းလောဟုပင် ရှုချွမ်း သံသယဝင်မိသွားခဲ့ရသည်။

သို့မဟုတ်ပါက ဘာကြောင့် ဤမျှအထိ ကိုက်ညီလှသော ဆေးအာနိသင် ရှိနေရပါမည်နည်း။

"ဆုလာဘ်ကို ရယူမယ်..."

ရှုချွမ်းက တခဏမျှပင် တွန့်ဆုတ်မနေခဲ့ပေ။ သူမကို ကယ်တင်ရန်ကသာ အရေးကြီးဆုံး ဖြစ်၏။

၎င်းက ဆေးလုံးတစ်လုံးမျှသာ ဖြစ်သဖြင့် ဘာမျှ အရေးမကြီးပေ။

၎င်းအပြင် ဆေးကို သုံးစွဲမည့်သူမှာ သူ၏ လက်တွဲဖော် နင်ယို့ချီ ဖြစ်နေသဖြင့် သာ၍ပင် ပြဿနာမရှိတော့ပေ။

ဝင်းလက်လှသော အဖြူရောင် အလင်းတစ်ချက်နှင့်အတူ ထိုဆေးလုံးလေးမှာ ရှုချွမ်း၏ လက်ဖဝါးတွင်းသို့ ထွက်ပေါ်လာခဲ့တော့သည်။

ရှုချွမ်းက နင်ယို့ချီ၏ နှုတ်ခမ်းလေးကို ညင်သာစွာ ဟလိုက်ပြီး ထိုဆေးလုံးလေးကို ထည့်ပေးလိုက်ကာ သူမက ဆေးအာနိသင်များကို ချောမွေ့စွာ ခြေဖျက်စုပ်ယူနိုင်စေရန် သူ၏ စွမ်းအားများဖြင့် ကူညီပေးလိုက်တော့သည်။

စနစ်ထံမှ ရရှိသော ဆေးလုံးဖြစ်၍သာ ပြောရပေမည်။ ၎င်း၏ ဆေးအာနိသင်မှာ တကယ့်ကို အစွမ်းထက်လွန်းလှပေသည်။

ဆေးလုံးကို သုံးစွဲပြီး နာရီဝက်ခန့်အကြာတွင် နင်ယို့ချီ၏ ဒဏ်ရာများမှာ အပြည့်အဝ ပြန်လည်ကောင်းမွန်သွားခဲ့ရုံတင်မက ပျက်စီးသွားခဲ့သော ကျင့်ကြံခြင်းအခြေခံအုတ်မြစ်မှာလည်း ဆေးအာနိသင်ကြောင့် ပြီးပြည့်စုံစွာ ပြန်လည်ပြုပြင်ခြင်း ခံလိုက်ရပြီး သာ၍ပင် ခိုင်မာတောင့်တင်းသွားခဲ့ရသည်။

ယင်းက ဘေးဒုက္ခထဲမှနေ၍ ကံကောင်းခြင်းကို ပြန်လည်ရရှိသွားခဲ့ခြင်း ဖြစ်ပေသည်။

နင်ယို့ချီမှာလည်း ဤအချိန်တွင် နိုးထလာခဲ့ပြီး ရှုချွမ်းကို အနက်ရှိုင်းဆုံးသော သံယောဇဉ်မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်တော့၏။

သူမက သတိလစ်မေ့မြောနေခဲ့သော်လည်း ပတ်ဝန်းကျင်အခြေအနေကို လုံးဝ မသိရှိဘဲ နေခဲ့ခြင်း မဟုတ်ပေ။

သူမ၏ ဒဏ်ရာများ ဤမျှအထိ မြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာခဲ့ပြီး သာ၍ပင် တိုးတက်သွားခဲ့ရခြင်းမှာ ရှုချွမ်း သုံးခဲ့သော ပစ္စည်းမှာ အင်မတန် အဖိုးထန်လှမည်ဖြစ်ကြောင်း သူမ သိရှိနေခဲ့သည်။

"ကျေးဇူးတင်ပါတယ်... ရှုချွမ်း..."

နင်ယို့ချီက တိုးညှင်းစွာ ပြောလိုက်၏။

"ကို့ကို ဘာလို့ ကျေးဇူးတင်နေရတာလဲ။ မင်း ဘာမှမဖြစ်ဘဲ ဘေးကင်းနေသရွေ့ အရာအားလုံးက တန်ဖိုးရှိပါတယ်..."

ရှုချွမ်းက ခေါင်းခါလိုက်ပြီး စိတ်ထဲ၌ အနည်းငယ်မျှပင် ထည့်မထားခဲ့ပေ။

ဒီတစ်ခေါက် ရှီထျန်းကို သတ်ဖြတ်နိုင်ခဲ့ခြင်းရဲ့ အောင်မြင်မှု တစ်ဝက်က နင်ယို့ချီကြောင့် ဖြစ်၏။

သူ့အနေဖြင့် စနစ်ထံမှ အောင်မြင်မှုဘွဲ့အမည်ကိုလည်း ရရှိထားခဲ့ပြီးဖြစ်ရာ ဆေးလုံးတစ်လုံးက ဘာမျှ မဟုတ်ပေ။ နင်ယို့ချီ ဘေးကင်းနေသရွေ့ အရာအားလုံးက ထိုက်တန်လှပေသည်။

"ကောင်းပြီ... နောက်ထပ်... အဲဒီ နောက်ဆုံးကျန်နေတဲ့ မိစ္ဆာကောင်ကို ရှင်းလင်းရမယ့် အချိန်ရောက်ပြီ..."

ရှုချွမ်းက နင်ယို့ချီကို တွဲထူပေးလိုက်ပြီး ပြောလိုက်၏။

၎င်းတို့နှစ်ဦးစလုံးမှာ ယခုအခါ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိနေကြပြီဖြစ်ရာ ချိပ်ပိတ်ခံထားရသော မိစ္ဆာဘိုးဘေးကို ကိုင်တွယ်ရန် အချိန်ကျရောက်လာခဲ့ချေပြီ။

အခြားသူများအနေဖြင့် ထိုမိစ္ဆာဘိုးဘေးကို အပြတ်မသတ်နိုင်ကြသော်လည်း ရှုချွမ်းကမူ သေချာပေါက် သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။

သူသည် ယခင်က 'အနန္တ ဝိညာဉ်အိုးကြီး ' ကို ပြန်လည်ပြုပြင်နေခဲ့စဉ်ကတည်းက စိတ်ကူးတစ်ခု ရရှိခဲ့ခြင်း ဖြစ်၏။ ယင်းက ဤမသေနိုင်သော မိစ္ဆာဘိုးဘေးကို ဆေးအဖြစ် သန့်စင်လိုက်ပါက မည်သည့် စွမ်းရည်များ ရရှိလာနိုင်မည်နည်းဟူ၍ ဖြစ်သည်။

ယခုအခါ ပြီးပြည့်စုံစွာ ပြန်လည်ပြုပြင်ထားပြီးဖြစ်သော အဆင့် ၆ ဧကရာဇ်လက်နက်နှင့် နှိုင်းယှဉ်နိုင်စွမ်းရှိသည့် မူလဧကရာဇ် ရတနာ အနန္တ ဝိညာဉ်အိုး ကြီး ရှိနေခဲ့ပြီဖြစ်ရာ အကြိမ်ကြိမ် သတ်ဖြတ်ခြင်းခံထားရပြီး ချိပ်ပိတ်မှုအောက်တွင်သာ ရှိနေသေးသော အဆင့် ၁ ဧကရာဇ်အရှင်နယ်ပယ်ရှိ မိစ္ဆာဘိုးဘေးတစ်ကောင်ကို ကိုင်တွယ်ရန်မှာ လွန်စွာ လွယ်ကူလှသော ကိစ္စတစ်ခုသာ ဖြစ်ပေသည်။

၎င်းကို မကိုင်တွယ်နိုင်မည်ကို စိုးရိမ်စရာ လုံးဝမလိုပေ။

၎င်းအပြင် ရှုချွမ်း၌ သူ့ကို ကာကွယ်ပေးထားသော ရွှေရောင်ရှေးဟောင်းနန်းတော်ပါ ရှိနေသေးသဖြင့် သူ၏ ဘေးကင်းလုံခြုံမှုမှာ သာ၍ပင် ကြီးမားလှပေသည်။

ဤမိစ္ဆာဘိုးဘေးကို ကိုင်တွယ်ရမည့် အန္တရာယ်မှာ ယခင်က သူ သတ်ဖြတ်ခဲ့သော ရှီထျန်းကို ကိုင်တွယ်ရသည်ထက်ပင် သာ၍ နည်းပါးလှသည်ဟု ဆိုနိုင်ပေသည်။

"အင်း... သွားကြရအောင်..."

နင်ယို့ချီက ပြုံးလျက် ခေါင်းညိတ်လိုက်၏။

ရှုချွမ်း ဘေးနားတွင် ရှိနေခဲ့သဖြင့် သူမ၏ ရင်ထဲ၌ လုံခြုံမှု ခံစားချက်များ အဆမတန် မြင့်တက်နေခဲ့ရသည်။

ပြန်လည်ဖြေကြားချက်ကို ရရှိပြီးနောက် ရှုချွမ်းက အချိန်ဆွဲမနေတော့ဘဲ စောစောက ရှီထျန်း အသည်းအသန် ထွက်ပြေးသွားခဲ့သည့် နေရာဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့တော့သည်။

ချိပ်ပိတ်ခံထားရသော မိစ္ဆာဘိုးဘေးမှာ ထိုနေရာ၌ပင် ရှိနေရမည် ဖြစ်၏။

မျှော်လင့်ထားသည့်အတိုင်းပင် ရှုချွမ်းအနေဖြင့် အထူးတလည် ရှာဖွေစရာမလိုဘဲ မြေပြင်ထက်ရှိ စက်ယန္တရားခလုတ်တစ်ခုကို ချက်ချင်း ရှာဖွေတွေ့ရှိသွားခဲ့သည်။

သူက လက်ဖြင့် ဖွင့်လိုက်သည်နှင့် မှောင်မိုက်ပြီး အောက်ခြေသို့ ဦးတည်နေသော လမ်းကြောင်းတစ်ခု ၎င်းတို့အရှေ့၌ ထွက်ပေါ်လာခဲ့တော့၏။

၎င်းတို့နှစ်ဦးမှာ လက်ချင်းချိတ်လျက် ထိုလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး လှေကားထစ်များအတိုင်း အောက်သို့ တောက်လျှောက် ဆင်းသက်ခဲ့ကြသည်။

အချိန်မည်မျှ ကြာမြင့်သွားခဲ့သည်ကို မသိရဘဲ နောက်ဆုံးတွင် လှေကား၏ အဆုံးသတ်နေရာသို့ ရောက်ရှိသွားခဲ့ကြ၏။

ကျယ်ဝန်းလှသော နေရာလွတ်ကြီးတစ်ခု ၎င်းတို့အရှေ့၌ ထွက်ပေါ်လာခဲ့သည်။

မည်သည့် မီးအိမ်မျှ မရှိသော်လည်း အလင်းတန်းများက ထိုနေရာလွတ်တစ်ခုလုံးကို လင်းထိန်စေခဲ့၏။

"ဘယ်လိုလဲ... ကိစ္စတွေက ဘာဖြစ်သွားပြီလဲ..."

အေးစက်လှသော အသံကြီးတစ်ခု ထိုနေရာလွတ်အတွင်းမှနေ၍ ဟိန်းထွက်လာခဲ့သဖြင့် ရှုချွမ်းနှင့် နင်ယို့ချီတို့၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့တော့သည်။

၎င်းတို့က ထိုအသံထွက်ပေါ်ရာ အရပ်ဆီသို့ လှည့်ကြည့်လိုက်ရာ ဧရာမ သွေးကန်ကြီးတစ်ခုကို မြင်တွေ့လိုက်ရပြီး ထိုသွေးကန်ကြီးအတွင်း၌ မိစ္ဆာသွေးများဖြင့် ဖွဲ့စည်းထားသော ဧရာမ ဦးခေါင်းကြီးတစ်ခုကို နက်မှောင်လှသော သံကြိုး မြောက်မြားစွာဖြင့် လှုပ်မရအောင် တင်းကျပ်စွာ ချိပ်ပိတ်ချည်နှောင်ထားသည်ကို တွေ့ရှိလိုက်ရသည်။

ဤအခိုက်အတန့်တွင် ထိုဦးခေါင်းကြီး၏ မျက်ဝန်းများမှာ တင်းတင်းပိတ်ထားခဲ့ပြီး ၎င်း၏ ပါးစပ်က ပွင့်လိုက်စေ့လိုက် ဖြစ်ပေါ်နေကာ အသံကြီးက ထိုပါးစပ်အတွင်းမှနေ၍ ထွက်ပေါ်နေခြင်း ဖြစ်၏။

"ဟမ်..."

"လူသားမျိုးနွယ်စုလား... မင်းတို့က ဘယ်သူတွေလဲ။ ရှီထျန်းကော ဘယ်မှာလဲ..."

အချိန်အတော်ကြာသည်အထိ မည်သည့် တုံ့ပြန်မှုမျှ မရှိသဖြင့် ထိုသွေးစွန်းနေသော ဦးခေါင်းကြီးမှာ ၎င်း၏ မျက်ဝန်းများကို ဖွင့်လိုက်ပြီး ၎င်း၏အရှေ့တွင် ထွက်ပေါ်လာသော ရှုချွမ်းနှင့် နင်ယို့ချီတို့ကို စိုက်ကြည့်ကာ မေးလိုက်တော့သည်။

ရှုချွမ်းက သူ၏ မေးခွန်းကို ပြန်ဖြေခြင်းမရှိဘဲ စနစ်ကို အသုံးပြု၍ ပြိုင်ဘက်၏ အချက်အလက်များကို တိုက်ရိုက် စစ်ဆေးကြည့်လိုက်တော့၏။

အမည်: ပိဝူ

မျိုးနွယ်စု: မိစ္ဆာမျိုးနွယ်စု(မိစ္ဆာဝိညာဉ်မျိုးနွယ်)

ကျင့်ကြံခြင်းနယ်ပယ်: အဆင့် ၁ ဧကရာဇ်အရှင်နယ်ပယ် (အထွတ်အထိပ် အခြေအနေတွင် ဖြစ်ပြီး လက်ရှိ ရုပ်ခန္ဓာကိုယ်မရှိသဖြင့် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ် ခွန်အားသာ ရှိသည်)

မူလပါရမီ: ပြိုင်ဘက်ကင်း

ကံကြမ္မာ: အင်မော်တယ် (ရွှေရောင်)၊ ခန္ဓာကိုယ်ဖြင့် ပြန်လည်မွေးဖွားခြင်း (ရွှေရောင်)၊ မိစ္ဆာဘိုးဘေး (ခရမ်းရောင်)

နတ်ဘုရားစွမ်းရည်: မိစ္ဆာနတ်ဘုရား ကာကွယ်မှု၊ မိစ္ဆာဘိုးဘေး အရှိန်အဝါ၊ ကောင်းကင်မိစ္ဆာ ဆင်းသက်ခြင်း

ဘဝဇာတ်ညွှန်း: ဗီလိန်အသေးစား ဇာတ်ညွှန်း

ဘဝလမ်းကြောင်း: မိစ္ဆာမျိုးနွယ်စု၏ မိစ္ဆာဘိုးဘေးဖြစ်ပြီး ရွှမ်ထျန်းတိုက်ကြီးကို ကျူးကျော်တိုက်ခိုက်ခဲ့သော မိစ္ဆာစစ်တပ်ကြီး၏ ခေါင်းဆောင် ဖြစ်သည်။ အရှေ့ပိုင်းဒေသတွင် လူသားမျိုးနွယ်စု၏ ဧကရာဇ်အရှင်နယ်ပယ် အထွတ်အထိပ် သိုင်းပညာရှင် မြောက်မြားစွာ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး အကြိမ်ကြိမ် သေဆုံးခဲ့သော်လည်း မသေနိုင်ဘဲ တည်ရှိနေခဲ့သည်။ နောက်ဆုံးတွင် လူသားဧကရာဇ်အရှင်တစ်ဦး၏ ဖိနှိပ်ခြင်းကို ခံခဲ့ရပြီး ဤရှေးဟောင်းစစ်မြေပြင်ကြီး၏ အနက်ရှိုင်းဆုံးနေရာ၌ ချိပ်ပိတ်ခြင်း ခံထားရသည်။

အခွင့်အလမ်း: မရှိပါ

ခင်မင်မှု : -၁၀၀ (သတ်ချင်နေသည်)

[ ကံကြမ္မာ ]

အင်မော်တယ်: မိစ္ဆာချီများမှ မွေးဖွားလာခဲ့သော ဆန်းပြားလှသည့် မိစ္ဆာဝိညာဉ်မျိုးနွယ်စုဝင် ဖြစ်သည်။ မိစ္ဆာချီများ တည်ရှိနေသရွေ့ သူ၏ မသေနိုင်သော အစွမ်းကို အာမခံချက် ပေးနိုင်ပေသည်။

ခန္ဓာကိုယ်ဖြင့် ပြန်လည်မွေးဖွားခြင်း : ကမ္မနယ်ပယ်ထက်တွင် ရှိသော ခန္ဓာကိုယ်တစ်ခု တည်ရှိနေသရွေ့ ၎င်းကို အသုံးပြု၍ ပြန်လည်မွေးဖွားနိုင်ပြီး သူ၏ အထွတ်အထိပ် ခွန်အားအခြေအနေသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိနိုင်ပေသည်။

မိစ္ဆာဘိုးဘေး : ဧကရာဇ်အရှင်နယ်ပယ်သို့ ရောက်ရှိသွားသော မည်သည့် မိစ္ဆာမျိုးနွယ်စုဝင်မဆို မိစ္ဆာဘိုးဘေးတစ်ဦး ဖြစ်လာနိုင်ပြီး မိစ္ဆာမျိုးနွယ်စု၏ ကံတရားစွမ်းအား ကောင်းချီးပေးမှုကို ရရှိနိုင်ပေသည်။

[ နတ်ဘုရားစွမ်းရည် ]

မိစ္ဆာနတ်ဘုရား ကာကွယ်မှု : မိစ္ဆာနတ်ဘုရား၏ ရွှေရောင်ခန္ဓာကိုယ်ပုံရိပ်ကို ဆင့်ခေါ်၍ ကာကွယ်နိုင်ပြီး အသက်အန္တရာယ်ဖြစ်စေမည့် သေစေနိုင်သော တိုက်ကွက်တစ်ကွက်ကို ခုခံကာကွယ်ပေးနိုင်ပေသည်။

မိစ္ဆာဘိုးဘေး အရှိန်အဝါ : တိုက်ပွဲဝင်ရန်အတွက် မိမိ၏ ပုန်းကွယ်နေသော ပါရမီစွမ်းအားများကို အစွန်းကုန် နှိုးဆွနိုင်ပြီး မိမိ၏ ခွန်အားကို သာ၍ သန်မာလာစေနိုင်ပေသည်။

ကောင်းကင်မိစ္ဆာ ဆင်းသက်ခြင်း : ရှေးဟောင်းမိစ္ဆာနတ်ဘုရားတစ်ပါးကို ဆင်းသက်စေ၍ မိမိခန္ဓာကိုယ်အတွင်းသို့ ပူးကပ်ဝင်ရောက်စေကာ ကျင့်ကြံခြင်းနယ်ပယ်ကို မြင့်တက်စေပြီး ရူးသွပ်တိုက်ခိုက်သည့် အခြေအနေသို့ ဝင်ရောက်စေနိုင်ပေသည်။

All Chapters