← Chapters

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း (၁၇၆) မိစ္ဆာနယ်မြေ ပြီးဆုံးခြင်း၊ မိစ္ဆာနယ်မြေ အက်ကြောင်း

"ဒီတစ်ကြိမ်မှာ ငါ ဘယ်လိုအဆင့်အထိ ထိုးဖောက်နိုင်မလဲဆိုတာ တကယ်ကို သိချင်မိတယ်..."

ရှုချွမ်းမှာ ဤအခိုက်အတန့်တွင် အလွန် စိတ်လှုပ်ရှားနေခဲ့ချေပြီ။ ရှေးဟောင်းစစ်မြေပြင်သို့ ဝင်ရောက်လာခဲ့ကတည်းက သူ၏ ကျင့်ကြံခြင်းမှာ မူလ နိဗ္ဗာနနယ်ပယ် ၂ အဆင့်မှနေ၍ လက်ရှိ ကမ္မနယ်ပယ် အဆင့်၆ အထိ ထိုးဖောက် တက် ထားခဲ့ပြီး ဖြစ်၏။

ယခုအခါ ပိဝူနှင့် သက်ဆိုင်သမျှ အရာအားလုံးကို ပေါင်းစည်းပြီးနောက်တွင် သူ၏ ကျင့်ကြံခြင်းမှာ နောက်ထပ်တစ်ဖန် အကြီးအကျယ် ပေါက်ကွဲတိုးတက်ရန် ကြိုဆိုနေခဲ့ချေပြီ။

ဤအခိုက်အတန့်တွင် ရှုချွမ်းက ယွမ်ကျောက်တုံးများထံမှ မူလချီ များကို ရူးသွပ်စွာ စုပ်ယူနေပြီး တစ်ပြိုင်နက်တည်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်း၌ စုဆောင်းထားသော မူလစွမ်းအားများကို တစ်စက်မျှ မဖြုန်းတီးဘဲ ဆက်တိုက်ဆိုသလို ခြေဖျက်နေခဲ့သည်။

ယခုအချိန်၌ ရှုချွမ်းမှာ ရေငတ်မွတ်နေသော ရေမြှုပ်တစ်ခုကဲ့သို့ပင် ဖြစ်နေတော့၏။

ရေ မည်မျှပင် ဝင်ရောက်လာပါစေ ၎င်းတို့အားလုံးကို သူက စုပ်ယူပစ်လိုက်ရာ တစ်စက်မျှပင် ကျန်ရှိမနေခဲ့ပေ။

ရှုချွမ်းက သူ၏ ကျင့်စဉ်ကို လည်ပတ်စေလျက် ဓားတာအိုကို နားလည်သဘောပေါက်ရန် ကြိုးပမ်းနေပြီး သူ၏ ခွန်အားများမှာလည်း ဤအချိန်၌ လျင်မြန်စွာ တိုးတက်လာနေခဲ့ချေပြီ။

"ခရက်......"

လိမ့်တက်လာသော မူလချီ များကို ရှုချွမ်းက စုပ်ယူသန့်စင်ပစ်လိုက်ရာ သန့်စင်လှသော 'နေစွမ်းအား'များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

တစ်ချိန်တည်းမှာပင် 'နေမင်းနတ်ဘုရားနှင့် မိစ္ဆာခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဥ်' ကလည်း လည်ပတ်နေခဲ့သဖြင့် ရှုချွမ်း၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် သန်မာလာနေခဲ့ပြီး သူ၏ ဓားတာအိုအစစ်အမှန်ဝိညာဉ်မှာလည်း ဖြည်းညှင်းစွာ အာဟာရဖြည့်တင်းခြင်း ခံနေရ၏။

အချိန် မည်မျှ ကုန်ဆုံးသွားခဲ့သည်ကို မသိရဘဲ ရှုချွမ်း စောစောက ထုတ်ယူထားသော ယွမ်ကျောက်တုံးများအားလုံး လုံးဝ စုပ်ယူခြင်း ခံလိုက်ရချေပြီ။

ဤအတောအတွင်းမှာပင် ရှုချွမ်းက ယွမ်ကျောက်တုံးများကို မြောက်မြားစွာသော အကြိမ်အရေအတွက်အထိ ထပ်မံဖြည့်တင်းခဲ့ရသေးသည်။

နောက်ဆုံးတွင်မူ ရှုချွမ်းက သူ၏ ကျင့်ကြံခြင်းနယ်ပယ်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့တော့၏။

ဤအခိုက်အတန့်၌ သူက မျက်ဝန်းများကို ဖွင့်လိုက်ရာ ၎င်းတို့အတွင်း၌ နတ်ဘုရားအလင်းတန်းများ ဖျတ်ခနဲ လက်သွားခဲ့ပြီး သူ၏ တစ်ကိုယ်လုံးရှိ စိတ်ဝိညာဉ်၊ စွမ်းအားနှင့် အနှစ်သာရအားလုံးမှာ နောက်ထပ်တစ်ဖန် အထွတ်အထိပ် အခြေအနေသို့ တက်လှမ်းသွားခဲ့ချေပြီ။

"ကမ္မနယ်ပယ် အဆင့်၉ အထွတ်အထိပ်..."

ရှုချွမ်းက ခပ်ဖွဖွ ပြုံးလိုက်ရင်း သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော စွမ်းအားများကို ခံစားလိုက်မိသည်။

သန်မာလှသည်၊ ပြိုင်ဘက်ကင်းလှသည်၊

အကယ်၍ ရှေးဟောင်းစစ်မြေပြင်၏ ကန့်သတ်ချက်များသာ မရှိခဲ့ပါက ရှုချွမ်းမှာ ယခုအချိန်တွင် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် သို့ပင် ထိုးဖောက်ပြီးလောက်ချေပြီ။

သို့သော် ထိုသို့ဖြစ်လင့်ကစား ယခုအခါ သူက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။

ကျင့်ကြံခြင်းအဆင့် ထိုးဖောက်ရန်မှာ အင်မတန် လွယ်ကူလှသည်ဟု ပြောရပေမည်။

လွန်ခဲ့သော တစ်နှစ်ခန့်က အချိန်ကို ပြန်လည်တွေးတောကြည့်ပါက သူသည် အသက်ရှင်သန်နိုင်ရန်အတွက်သာ ကျင့်ကြံခြင်းအရင်းအမြစ်များ နောက်သို့ အပတ်တကုတ် လိုက်လံရှာဖွေနေခဲ့ရသော အပြင်စည်းတပည့်တစ်ဦးသာ ဖြစ်နေခဲ့သေး၏။

သို့သော် ယခုအခါတွင်မူ သူ၏ ခြေတစ်ဖက်မှာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်အတွင်းသို့ ဝင်ရောက်နေခဲ့ချေပြီ။

ဤကဲ့သို့သော ပြောင်းလဲမှုမျိုးမှာ ကမ္ဘာမြေကြီး မှောက်ခုံလန်သွားသည့်အလား တုန်လှုပ်ဖွယ် ကောင်းလှပေသည်။

ရှုချွမ်း၏ အတွေးများက ပျံသန်းနေခဲ့ပြီး တိုးတက်လာသော ခွန်အားများကြောင့် သူက လှပသော အနာဂတ်တစ်ခုကို စတင်စိတ်ကူးယဉ်နေမိတော့၏။

ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်က သူ့အရှေ့တွင် ရှိနေခဲ့ပြီဖြစ်ရာ ဧကရာဇ်အရှင်နယ်ပယ်သို့ ရောက်ရှိရန်ကော ဝေးကွာပါဦးမည်လော။

ဧကရာဇ်အရှင်နယ်ပယ်သို့ ထိုးဖောက်ရန်ဟူသော ရည်မှန်းချက်ပန်းတိုင်အသေးစားလေးမှာ သူ့လက်တစ်ကမ်းသို့ ရောက်ရှိလုနီးပါးပင် ဖြစ်နေခဲ့ချေပြီ။

သူက စိတ်လှုပ်ရှားနေသော စိတ်ခံစားချက်များကို ဖိနှိပ်လိုက်ရင်း ကျင့်ကြံခြင်းအဆင့်ကို စတင်၍ တည်ငြိမ်အောင် ပြုလုပ်လိုက်တော့သည်။

ယခုအချိန်က သူ စိတ်လွတ်ကိုယ်လွတ် ဖြစ်နေရမည့် အချိန်မဟုတ်ပေ။

သူက အစစ်အမှန် ဧကရာဇ်အရှင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်လာချိန်ကျမှသာ ဓားတာအိုပေါ်သို့ အစစ်အမှန် ခြေချနိုင်မည် ဖြစ်သည်။

ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် ပြုလုပ်နေစဉ်အတွင်း ရှုချွမ်းက စနစ်ကို အသုံးပြု၍ သူ့ကိုယ်သး စစ်ဆေးကြည့်လိုက်၏။

အမည် : ရှုချွမ်း

မျိုးနွယ်စု :လူသားမျိုးနွယ်စု

ကျင့်ကြံခြင်းနယ်ပယ် : ကမ္မနယ်ပယ် အဆင့်၉အထွတ်အထိပ်

ပါရမီ : ပြိုင်ဘက်ကင်း

ကံကြမ္မာ : ကံကြမ္မာကို ဆန့်ကျင်ခြင်း [ရွှေရောင် ]၊ သိုင်းပညာရှင် [ရွှေရောင် ]၊ တိုက်ပွဲတိုင်းတွင် ပြိုင်ဘက်ကင်း [ရွှေရောင် ]၊ ကံကြမ္မာ ပြောင်းပြန်ဖြစ်ခြင်း [ရွှေရောင် ]၊ ကံကြမ္မာသားတော် အတု [ရွှေရောင် ]၊ တစ်ချက်ထိုးလက်သီး [ခရမ်းရောင် ]၊ လူနှင့်ဓား တစ်သားတည်းဖြစ်ခြင်း [ခရမ်းရောင် ]၊ ဓားဝိညာဉ်မျိုးစေ့ [အနီရောင် ]၊ ကံကြမ္မာ ပြောင်းပြန်ဖြစ်ခြင်း [အနီရောင် ]၊ ပြိုင်ဘက်ကင်း၍ သန့်စင်ခြင်း [အနီရောင် ]၊ နိယာမသဟဇာတဖြစ်ခြင်း [အနီရောင် ]၊ သမာဓိချီ [အပြာရောင် ]၊ ထူးခြားလှသော ထိန်းချုပ်မှု [ခရမ်းရောင် ]၊ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ [ခရမ်းရောင် ]၊ ဖျက်ဆီး၍မရသော နတ်ဘုရားဝိညာဉ် [ခရမ်းရောင် ]၊ သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်း [ခရမ်းရောင် ]

နတ်ဘုရားစွမ်းရည် : ကျီးကန်း သက်တံအသွင်ပြောင်းလဲခြင်း၊ နေမင်းစစ်အမှန်မီးတောက် ၊ အဆတစ်ရာ တိုးပွားခြင်း၊ အနန္တ ထိုးထွင်းသိမြင်ခြင်း

ဘဝဇာတ်ညွှန်း : အနန္တ နတ်ဘုရားကျင့်စဉ်၊ အနန္တဝိညာဉ်များ၏ ဘိုးဘေး၊ သိုင်းပညာဖြင့် ကောင်းကင်ကို ဖျက်ဆီး ခြင်း

ဘဝလမ်းကြောင်း : သင်က ကံကြမ္မာကို ဆန့်ကျင်ခဲ့ပြီးပြီဖြစ်လို့ သင့်ရဲ့ အတိတ်နဲ့ အနာဂတ်ကို ထိုးထွင်းမသိမြင်နိုင်တော့ပေ

အခွင့်အလမ်း : သင်က ကံကြမ္မာကို ဆန့်ကျင်ခဲ့ပြီးပြီဖြစ်လို့ သင့်ရဲ့ အတိတ်နဲ့ အနာဂတ်ကို ထိုးထွင်းမသိမြင်နိုင်တေ့ပေ

ကံကြမ္မာ

ဖျက်ဆီး၍မရသော နတ်ဘုရားဝိညာဉ် : နတ်ဘုရားဝိညာဉ်၏ အစိတ်အပိုင်းတစ်ခုကို သိုင်းတာအိုစံတွင် အပ်နှံထားသည်။ နတ်ဘုရားဝိညာဉ်တစ်ခုလုံး လုံးဝ ပျက်စီးသွားခဲ့လျှင်ပင် ဤဝိညာဉ်အပိုင်းအစကို အမှီပြု၍ ပြန်လည်မွေးဖွား လာနိုင်သည်။

သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်း : သွေးတစ်စက် ကျန်ရှိနေသရွေ့ သိုင်းပညာရှင်တစ်ဦးအနေဖြင့် ကောင်းကင်ကိုဆန့်ကျင်၍ ပြန်လည်မွေးဖွားရန်အတွက် လုံလောက်လှပေသည်

ဤတစ်ကြိမ် ရှေးဟောင်းစစ်မြေပြင်ခရီးစဉ်အတွင်း ရှုချွမ်း၏ ဘဝဇာတ်ညွှန်းမှာ နောက်ထပ်တစ်ဖန် ကြီးမားလှသော ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရချေပြီ။

ထိုအသစ်ရရှိထားသော ကံကြမ္မာနှစ်ခုမှာ ပိဝူ၏ ခန္ဓာကိုယ်ထံမှ ပေါင်းစည်းရရှိခဲ့ခြင်း ဖြစ်၏။

၎င်းတို့က ရွှေရောင်ကံကြမ္မာမှနေ၍ ခရမ်းရောင်ကံကြမ္မာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ၎င်းတို့၏ အာနိသင်များကလည်း ပြောင်းလဲသွားခဲ့သော်လည်း ဤကံကြမ္မာနှစ်ခုမှာ အလွန်အမင်း သန်မာဆဲဖြစ်သည်ဟူသောအချက်ကိုမူ ငြင်းပယ်၍မရနိုင်ပေ။

တစ်ပြိုင်နက်တည်းတွင် ၎င်းတို့နှစ်ခုလုံးကို ရရှိနိုင်ခဲ့ခြင်းကြောင့် ရှုချွမ်းအနေဖြင့် ကျေနပ်အားရနေခဲ့ပြီ ဖြစ်သည်။

ရှုချွမ်းက ထရပ်လိုက်ပြီး ချိပ်ပိတ်မှုနယ်မြေ ၏ အပြင်ဘက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်လာခဲ့တော့၏။

ပိဝူ သေဆုံးသွားခဲ့ပြီဖြစ်ရာ ဤချိပ်ပိတ်မှုကြီးမှာလည်း လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

"ရှုချွမ်း... ဂုဏ်ယူပါတယ်..."

နင်ယို့ချီက ရှုချွမ်း နိုးထလာသည်ကို မြင်တွေ့ရလျှင် ချက်ချင်းပင် ရှေ့သို့ တိုးလာကာ ပြောလိုက်သည်။

သူမက ယခင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း ဖြစ်၏။

ရှုချွမ်းက တကယ့်ကို အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ မိစ္ဆာဘိုးဘေးကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ပြီး တာ့ဝေဧကရာဇ်မြို့တော်၏ အောက်ခြေတွင် မြှုပ်နှံထားသော ကြီးမားလှသော ပုန်းကွယ်နေသည့် ဘေးအန္တရာယ်ကြီးကို လုံးဝ ရှင်းလင်းပေးနိုင်ခဲ့ချေပြီ။

"သွားကြစို့... ကိုတို့ လုပ်စရာ နောက်ဆုံးတစ်ခု ကျန်သေးတယ်..."

ရှုချွမ်းက နင်ယို့ချီ၏ လက်ကလေးကို ဆုပ်ကိုင်လိုက်ရင်း တိုးညှင်းစွာ ပြောလိုက်၏။

နင်ယို့ချီကလည်း ငြင်းဆန်ခြင်းမပြုခဲ့ပေ။ သူမတို့နှစ်ဦးကြားရှိ ဆက်ဆံရေးအရ လက်ကိုင်ထားခြင်းမှာ ကြီးမားသော ကိစ္စတစ်ခု မဟုတ်တော့ပေ။

လှေကားထစ်များအတိုင်း အပေါ်သို့ လျှောက်လှမ်းလာခဲ့ကြပြီးနောက် သူမတို့နှစ်ဦးမှာ မိစ္ဆာမျိုးနွယ်စု နန်းတော်ကြီး၏ အပျက်အစီးများပေါ်တွင် တစ်ဖန် ပြန်လည်ပေါ်ထွက်လာခဲ့ကြတော့သည်။

ဤအခိုက်အတန့်တွင် မိစ္ဆာနယ်မြေ တစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆိတ်သုဉ်းပျက်စီးနေခဲ့ချေပြီ။

တိုက်ပွဲ၏ အကြွင်းအကျန် အမှတ်အသားများမှာ နေရာအနှံ့ ရှိနေခဲ့၏။

သေခြင်းတရား၏ အငွေ့အသက်များက ထောင့်စွန်းတိုင်းတွင် ပြည့်နှက်နေခဲ့ပြီး မြေပြင်တစ်ခုလုံးမှာလည်း လောင်ကျွမ်းပြာကျနေခဲ့သည်။

မိစ္ဆာမျိုးနွယ်စုများ ပျက်စီးသွားခဲ့ပြီဖြစ်ရာ မိစ္ဆာနယ်မြေ တစ်ခုလုံးမှာလည်း စတင်၍ ပြိုလဲပျက်စီးလာနေခဲ့ပြီး ရှေးဟောင်းစစ်မြေပြင် နေရာလွတ် နှင့် တဖြည်းဖြည်းချင်း အတူတကွ ပေါင်းစပ်သွားတော့မည် ဖြစ်၏။

ဤနေရာတွင် ကြီးမားလှသော မိစ္ဆာနယ်မြေ တစ်ခု တည်ရှိခဲ့ဖူးကြောင်းကို အပြင်ကလူများ သိရှိသွားကြရန်အတွက် အချိန်အကြာကြီး လိုအပ်မည်မဟုတ်ပေ။

အတိတ်ကမူ ရေတွက်၍မရနိုင်သော မိစ္ဆာမျိုးနွယ်စုဝင် မြောက်မြားစွာ ဤမိစ္ဆာနယ်မြေ အတွင်း၌ နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း ဤမိစ္ဆာမျိုးနွယ်စုဝင်များမှာ နောက်ဆုံးတွင် ရှုချွမ်းနှင့် နင်ယို့ချီတို့နှစ်ဦး ပူးပေါင်းတိုက်ခိုက်မှုအောက်၌ လုံးဝ ရှင်းလင်းခြင်း ခံလိုက်ရချေပြီ။

မိစ္ဆာနယ်မြေ နှင့် မလှမ်းမကမ်းသော နေရာတွင်မူ မိစ္ဆာနယ်မြေ အက်ကြောင်းတည်ရှိနေခဲ့သည်။

ရှုချွမ်းနှင့် နင်ယို့ချီတို့အနေဖြင့် ထိုမိစ္ဆာနယ်မြေ အက်ကြောင်း ရှိရာနေရာသို့ ရောက်ရှိရန်အတွက် အချိန်အများကြီး မကုန်ဆုံးခဲ့ရပေ။

၎င်းက ဧရာမ ဂူကြီးတစ်ခုဖြစ်ပြီး မိစ္ဆာနယ်မြေ အက်ကြောင်းမှာ ထိုဂူကြီး၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိနေခဲ့ခြင်း ဖြစ်၏။

ဤနေရာက မိစ္ဆာနယ်မြေ အက်ကြောင်းဟူသော အမည်နှင့် တကယ့်ကို ထိုက်တန်လှပေသည်။

ချိပ်ပိတ်ထားသော အခြေအနေတွင် ရှိနေခဲ့လျှင်ပင် ဤနေရာရှိ မိစ္ဆာချီများ၏ သိပ်သည်းဆမှာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့ချေပြီ။

အကယ်၍ ကမ္မနယ်ပယ်အောက်ရှိ မည်သည့် သက်ရှိမဆို ဤနေရာတွင် တစ်ရက်မျှ နေထိုင်မိပါက ယခင်က ရှုချန်ကဲ့သို့ လုံးဝ မိစ္ဆာအသွင်ပြောင်းလဲသွားပြီး မိစ္ဆာကောင်ကြီးတစ်ကောင် ဖြစ်လာရပေလိမ့်မည်။

သူတို့နှစ်ဦးမှာ ဂူ၏ အနက်ရှိုင်းဆုံးနေရာဆီသို့ တစ်ဦးပြီးတစ်ဦး လျှောက်လှမ်းဝင်ရောက်လာခဲ့ကြပြီး တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ကို အပြည့်အဝ သတိပြုစောင့်ကြည့်နေခဲ့ကြ၏။

"ရပ်လိုက်ဦး..."

ရှုချွမ်းက ခြေလှမ်းများကို ရပ်တန့်လိုက်ရင်း ရှေ့သို့ ဆက်လှမ်းနေသော နင်ယို့ချီကို ဆွဲကာ တားဆီးလိုက်သည်။

"ဘာဖြစ်လို့လဲ..."

နင်ယို့ချီက ခေါင်းကို လှည့်လိုက်ပြီး ရှုချွမ်းကို မေးလိုက်၏။

သူမအနေဖြင့် မိစ္ဆာနယ်မြေ အက်ကြောင်း၏ အခြေအနေကို အမြန်ဆုံး အတည်ပြုလိုသော်လည်း ရှုချွမ်းထံ၌ ထူးခြားသော အမူအရာများ ထွက်ပေါ်လာခဲ့လျှင် ချက်ချင်းပင် ခြေလှမ်းများကို ရပ်တန့်လိုက်မိသည်။

"သတိထား... ငါ ခံစားနေရတာက ဒီနေရာမှာ တစ်ခုခု မှားယွင်းနေသလိုပဲ၊ အန္တရာယ် ရှိနေနိုင်တယ်..."

ရှုချွမ်းက သူ၏ ခံစားချက်ကို ပြောပြလိုက်၏။

ဤနေရာသို့ ခြေချမိကတည်းက ရှုချွမ်းထံ၌ မရေရာသော အန္တရာယ်ရှိသည့် ခံစားချက်တစ်ခု ထွက်ပေါ်နေခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဂူအတွင်းပိုင်းသို့ သာ၍ နက်ရှိုင်းစွာ ဝင်ရောက်လာခဲ့ကြသည်နှင့်အမျှ ဤအန္တရာယ်ရှိသော ခံစားချက်မှာ သာ၍ ပြင်းထန်လာခဲ့ချေပြီ။

"ငါတို့တွေ ထပ်ပြီး တိုက်ခိုက်ရဦးမှာလား..."

ရှုချွမ်း၏ စကားကို ကြားလိုက်ရချိန်တွင် နင်ယို့ချီ၏ မျက်ဝန်းများထဲမှနေ၍ တောက်ပလှသော အလင်းတန်းများ ပစ်ခတ်ထွက်ပေါ်လာခဲ့ပြီး အနည်းငယ် စိတ်လှုပ်ရှားနေပုံရ၏။

ရှုချွမ်း : "..."

ရှုချွမ်းမှာ အနည်းငယ် စကားမဲ့သွားခဲ့ရသည်။

ဤမိန်းကလေးမှာ ယခင်က ယန်ရှန်း၏ လိုက်လံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် ကိစ္စများမှနေ၍ လုံးဝ ပြန်လည်သက်သာသွားခဲ့ပြီ ဖြစ်ပုံရချေပြီ။

သူမ၏ စိတ်နေသဘောထားမှာပင်လျှင် ကြီးမားစွာ ပြောင်းလဲသွားခဲ့ရ၏။

ထိုသို့မဟုတ်ပါက သေရေးရှင်ရေး အန္တရာယ် မြောက်မြားစွာကို ကြုံတွေ့ခဲ့ရပြီးနောက်တွင် သူမသည် ယခင်က ပညာတတ်ဆန်ပြီး နူးညံ့သိမ်မွေ့သော ပုံရိပ်မှနေ၍ ဤကဲ့သို့ တိုက်ခိုက်ခြင်းကို နှစ်သက်သော အမူအရာအဖြစ်သို့ ဘာကြောင့် ပြောင်းလဲသွားရပါမည်နည်း။

"ဘယ်မှာ တိုက်ပွဲတွေ အများကြီး ရှိနေမှာလဲ။ သတိထားရုံပဲ ထားလိုက်ပါ..."

ရှုချွမ်းက ပြုံးလိုက်ရင်း ခေါင်းကို ခါယမ်းလိုက်သည်။

နင်ယို့ချီ ပြောင်းလဲသွားခဲ့သော်လည်း ခြုံငုံကြည့်ပါက အကောင်း ဘက်သို့ ပြောင်းလဲသွားခြင်းဖြစ်ရာ ၎င်းကတင် လုံလောက်လှပေသည်။

ပြောပြီးသည်နှင့် သူမတို့နှစ်ဦးလုံး အပြည့်အဝ သတိကပ်လိုက်ကြပြီး ဂူ၏ အနက်ရှိုင်းဆုံးနေရာဆီသို့ နောက်ထပ်တစ်ဖန် ဆက်လက် လျှောက်လှမ်းသွားခဲ့ကြတော့၏။

All Chapters