← Chapters

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း (၁၇၈) လုပ်ဆောင်ချက်အသစ်၊ နင်ချန်ထျန်း ရောက်ရှိလာခြင်း

ရှုချွမ်းမှာ ထိုနေရာတွင် တစ်နာရီခန့် ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။

တစ်နာရီ ကြာပြီးနောက်...

တင်... စနစ်အဆင့်မြှင့်တင်မှု ပြီးဆုံးပါပြီ

ယခုအဆင့်မြှင့်တင်မှုတွင် စနစ်၏ လုပ်ဆောင်ချက်အသစ်များဖြစ်သော 'တည်နေရာရွှေ့ပြောင်းခြင်း' နှင့် 'ဉာဏ်အလင်းပွင့်ခြင်း' တို့ ပါဝင်လာပါသည်။

အသေးစိတ် လုပ်ဆောင်ချက် အချက်အလက်များကို သခင်ကိုယ်တိုင် စစ်ဆေးကြည့်ရှုပါ။

သတိပေးချက် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှုချွမ်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။

"'တည်နေရာရွှေ့ပြောင်းခြင်း' နဲ့ 'ဉာဏ်အလင်းပွင့်ခြင်း' ဟုတ်လား... ဒါတွေက ဘာတွေလဲ..."

ရှုချွမ်း အနည်းငယ် စပ်စုချင်စိတ် ပေါက်သွားသည်။

စနစ်က နောက်ဆုံးတော့ အဆင့်မြှင့်တင်လိုက်ပြီဖြစ်ရာ ဤအရာများကို ထုတ်ပေးလာလိမ့်မည်ဟု မထင်ထားခဲ့မိပေ။

သူက မိတ်ဆက်စာသားကို နှိပ်လိုက်ရာ 'တည်နေရာရွှေ့ပြောင်းခြင်း' နှင့် 'ဉာဏ်အလင်းပွင့်ခြင်း' တို့၏ အချက်အလက်များမှာ ရှုချွမ်း၏ မျက်စိအရှေ့တွင် ပေါ်ထွက်လာတော့သည်။

တည်နေရာရွှေ့ပြောင်းခြင်း : စနစ်က နေရာလွတ် နှလုံးသားကို စုပ်ယူပြီးနောက် အဆင့်မြှင့်တင်မှုမှတစ်ဆင့် ထွက်ပေါ်လာသော လုပ်ဆောင်ချက်အသစ် ဖြစ်သည်။ ကမ္ဘာတစ်ခုအတွင်း တည်နေရာရွှေ့ပြောင်းခြင်းအတွက် အခြေခံအကျဆုံးစျေးမှာ အဆင့်မြင့် ယွမ်ကျောက်တုံးတစ်တုံး ဖြစ်သည်။ အသုံးပြုရမည့် ယွမ်ကျောက်တုံး အရေအတွက်မှာ ရွှေ့ပြောင်းမည့် အကွာအဝေးပေါ်တွင် မူတည်ပြီး အကွာအဝေး ဝေးကွာလေလေ တညိနေရာရွှေ့ပြောင်းခမှာ ကြီးမားလေလေ ဖြစ်သည်။ ၎င်းကို အလယ်အလတ်အဆင့် ဧကရာဇ်အရှင်နယ်ပယ် အောက်ရှိ မည်သူမျှ ကြားဖြတ်နှောင့်ယှက်၍ မရနိုင်ပါ။

ဉာဏ်အလင်းပွင့်ခြင်း : သခင်အနေဖြင့် ကံကြမ္မာ ကို အသုံးပြု၍ ဤလုပ်ဆောင်ချက်ကို အသက်သွင်းကာ အမျိုးမျိုးသော နိယာမများနှင့် တာအိုနိယာမကိုပင် လေ့လာနားလည်သဘောပေါက်နိုင်သည်။ နားလည်သဘောပေါက်ရန် အချိန်ကြာမြင့်လေလေ ကံကြမ္မာ ကုန်ဆုံးမှု ပိုမိုများပြားလေလေ ဖြစ်သည်။

"အိုး ဘုရားရေ..."

ဤလုပ်ဆောင်ချက်အသစ်နှစ်ခု၏ မိတ်ဆက်ကို ဖတ်ပြီးနောက်တွင် ရှုချွမ်းမှာ အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရတော့သည်။

ဒါတွေက တကယ့် ရတနာတွေပဲ။

ပထမဆုံးအနေဖြင့် 'တည်နေရာရွှေ့ပြောင်းခြင်း' ကို ကြည့်ရုံမျှနှင့်တင် ၎င်းက မည်မျှ သန်မာကြောင်း သူ သိလိုက်သည်။ ၎င်းကို အသက်သွင်းလိုက်သည်နှင့် အလယ်အလတ်အဆင့် ဧကရာဇ်အရှင်နယ်ပယ်အထက် ရှိသူများသာ ကြားဖြတ်တားဆီးနိုင်မည် ဖြစ်၏။

ဒါက ထွက်ပြေးဖို့အတွက် တကယ့်ကို နတ်ဘုရားလက်နက်တစ်ခုပဲ။

၎င်းက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထက်ပင် အဆင်ပြေလှပေသည်။

သူ ဘယ်အချိန်၊ ဘယ်နေရာကမဆို သူ သွားချင်တဲ့နေရာဆီကို စိတ်ကြိုက် ရွှေ့ပြောင်းနိုင်မည် မဟုတ်ပါလော။

တစ်ခုတည်းသော အားနည်းချက်မှာ ဤလုပ်ဆောင်ချက်ကို အသက်သွင်းရန်အတွက် အဆင့်မြင့် ယွမ်ကျောက်တုံး တစ်တုံး ကုန်ဆုံးရန် လိုအပ်ပြီး အကွာအဝေး ဝေးကွာလေလေ ယွမ်ကျောက်တုံး ပိုမိုကုန်ဆုံးလေလေ ဖြစ်ခြင်းပင်။

သို့သော်လည်း ဤသည်မှာ လုပ်ဆောင်ချက်အသစ်၏ ချို့ယွင်းချက်မဟုတ်ဘဲ ရှုချွမ်း၏ ချို့ယွင်းချက်သာ ဖြစ်သည်။

သူက ယခင်ကတည်းက ဆင်းရဲမွဲတေခဲ့သူဖြစ်ပြီး ယခုအခါ သူတော်စင်သားတော် ဖြစ်လာခဲ့လျှင်ပင် အလွန် ဆင်းရဲနေဆဲ ဖြစ်သည်။

နောင်အနာဂတ်တွင်လည်း ပို၍ပင် ဆင်းရဲသွားနိုင်သေးသည်။

ဒါက တကယ့်ကို ခက်ခဲလှပေသည်။

ထို့အပြင် 'ဉာဏ်အလင်းပွင့်ခြင်း' လုပ်ဆောင်ချက်ကမူ ကောင်းကင်ကို ပို၍ပင် ဆန့်ကျင်နေသေး၏။

တာအိုနိယာမများကို နားလည်သဘောပေါက်ခြင်းပင်

ဤသည်မှာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် သိုင်းပညာရှင်တိုင်း ကျော်ဖြတ်ရမည့် အတားအဆီးတစ်ခု ဖြစ်သည်။

ပြီးပြည့်စုံသော သိုင်းပညာနိယာမတစ်ခုကို နားလည်သဘောပေါက်နိုင်မှသာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကို ထိုးဖောက်ပြီး ကောင်းကင်ဘုရင်နယ်ပယ်သိုင်းပညာရှင်တစ်ဦး ဖြစ်လာနိုင်မည် ဖြစ်၏။

ထို့အပြင် ကောင်းကင်ဘုရင်နယ်ပယ်မှနေ၍ ဧကရာဇ်အရှင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်လာရန်အတွက်လည်း ပြီးပြည့်စုံသော တာအိုနိယာမတစ်ခုကို နားလည်သဘောပေါက်ရန် လိုအပ်ပေသည်။

ရွှမ်ထျန်းတိုက်ကြီးနှင့် တခြားသော ကမ္ဘာများစွာတွင် ရေတွက်၍မရနိုင်သော ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်နှင့် ကောင်းကင်ဘုရင်နယ်ပယ် သိုင်းပညာရှင် မြောက်မြားစွာမှာ ဤအတားအဆီးနှစ်ခုကြောင့် ပိတ်ဆို့ခံထားရပြီး တစ်သက်လုံး ရှေ့သို့ ခြေတစ်လှမ်းမျှ မတိုးနိုင်ကြပေ။

သို့သော် ယခုအခါတွင်မူ ဤကဲ့သို့သောအရာက ရှုချွမ်း၏ လက်တစ်ကမ်းသို့ ရောက်ရှိနေခဲ့ချေပြီ။

ကျသင့်မည့် တစ်ခုတည်းသော တန်ဖိုးမှာ အရေးမပါလှသော ကံကြမ္မာ အချို့သာ ဖြစ်သည်။

မှန်ပေသည်၊ ရှုချွမ်းအတွက်မူ ကံကြမ္မာက အလွန် အရေးမပါလှသဖြင့် သူ၏စိတ်ထဲတွင် သန်မာလှသော ကျင့်စဉ်တစ်ခုထက်ပင် အရေးမပါဟု မှတ်ယူထားသည်။

ဇာတ်ညွှန်းစနစ် ကို ပိုင်ဆိုင်ထားသော ရှုချွမ်းအနေဖြင့် ကံကြမ္မာသားတော် များနှင့် ဆန့်ကျင်ဘက်လမ်းစဉ်ကို လျှောက်လှမ်းကာ ၎င်းတို့ထံမှ အရာအားလုံးကို လုယူရန် ကံပါလာပြီးသား ဖြစ်၏။

ဤအခြေအနေတွင် ကံကြမ္မာက အသေးဖွဲဆုံးအရာသာ ဖြစ်သည်။

ရှုချွမ်းအနေဖြင့် ဤအတောအတွင်း ကံကြမ္မာသားတော် အမျိုးမျိုးကို သတ်ဖြတ်ခြင်းမှ ရရှိထားသော ကံကြမ္မာ မှာ ထိတ်လန့်စရာကောင်းသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သို့သော် ဤသည်မှာ အစပျိုးခြင်းမျှသာ ရှိသေး၏။

ရှုချွမ်း၏ ကျင့်ကြံခြင်းနယ်ပယ် တိုးတက်လာသည်နှင့်အမျှ နောင်အနာဂတ်တွင် ကံကြမ္မာ များ ပို၍ ရရှိလာဦးမည် ဖြစ်သည်။

ထို့ကြောင့် ကံကြမ္မာ ကုန်ဆုံးမှုမှာ ရှုချွမ်းအတွက် ဘာမှမဟုတ်ပေ။

သူက ကံကြမ္မာ ကို စိတ်ကြိုက်အသုံးပြုကာ နိယာမများကို နားလည်သဘောပေါက်အောင် ပြုလုပ်နိုင်ပြီး ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အတားအဆီးအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချနိုင်မည် ဖြစ်သည်။

ထို့အပြင် သိုင်းပညာရှင်တစ်ဦးအနေဖြင့် နိယာမများကို သာ၍ နားလည်သဘောပေါက်လေလေ၊ သူတို့၏ ခွန်အားက သာ၍ သန်မာလာလေလေ ဖြစ်၏။

ဒါက ဘက်ပေါင်းစုံက အကျိုးရှိတာပဲ၊ ဘာလို့ မလုပ်ရမှာလဲ။

ချက်ချင်းပင် ရှုချွမ်းက စနစ်၏ လုပ်ဆောင်ချက်အသစ်ကို စမ်းသပ်ရန် ပြင်ဆင်လိုက်တော့သည်။

သူက စိတ်ထဲတွင် ဆည်နေရာရွှေ့ပြောင်းခြင်းဟု တိုးညှင်းစွာ ရွတ်ဆိုလိုက်ပြီး အဆင့်မြင့် ယွမ်ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်ရာ ၎င်းကို စနစ်က ချက်ချင်း စုပ်ယူသွားခဲ့သည်။

ခဏချင်းတွင်ပင် ဤနေရာလွတ် အတွင်း၌ ပြင်းထန်လှသော အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။

ထို့နောက် ချက်ချင်းဆိုသလို ရှုချွမ်း၏ အရှေ့တွင် လမ်းကြောင်းတစ်ခု ပေါ်ထွက်လာပြီး သူ့ကို တိုက်ရိုက် စုပ်ယူသွားခဲ့တော့သည်။

ရှုချွမ်းမှာ ပြင်းထန်လှသော လှုပ်ခါမှုနှင့် ခေါင်းမူးဝေသည့် ခံစားချက်ကို ခံစားလိုက်ရသည်။

သူ တစ်ဖန် မျက်လုံးများကို ပြန်ဖွင့်လိုက်ချိန်တွင်မူ ယခင် မိစ္ဆာနယ်မြေ တည်ရှိခဲ့သည့် နေရာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

"ဒီလုပ်ဆောင်ချက်က တကယ့်ကို အသုံးဝင်တာပဲ"

ရှုချွမ်း၏ ဝမ်းမြောက်မှုမှာ သူ၏ စကားလုံးများတွင် အထင်အရှား ပေါ်လွင်နေခဲ့သည်။

သို့သော်လည်း ရှုချွမ်းက ဂူ၏ အဓိကဗဟိုမှနေ၍ တည်နေရာရွှေ့ပြောင်းသွားပြီးနောက်တွင် မျှော်လင့်မထားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။

မိစ္ဆာနယ်မြေ အက်ကြောင်းကို ချိပ်ပိတ်ထားသောအစီအရင်မှာ ခဏချင်းအတွင်း ပြိုလဲပျက်စီးသွားခဲ့ပြီး ထိုလျှို့ဝှက်ဆန်းကြယ်သော နေရာမှာ တိုက်ရိုက်ပင် အပျက်အစီးပုံဘဝသို့ ရောက်ရှိသွားခဲ့တော့သည်။

အပြင်ကမ္ဘာ၊ တာ့ဝေတော်ဝင်နန်းတော်အတွင်း...

အစီအရင် ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် နင်ချန်ထျန်းက ၎င်းကို အာရုံခံမိသွားခဲ့သည်။

သူက သူ၏ ကျင့်ကြံခြင်းနယ်ပယ်ကို ပြီး ပြည့်စုံစွာ ဖုံးကွယ်ရန် လျှို့ဝှက်နည်းတစ်ခုကို အသုံးပြုလိုက်ပြီးနောက် ဂူ၏ အပြင်ဘက်တွင် ချက်ချင်း ပေါ်လာခဲ့တော့၏။

မိစ္ဆာနယ်မြေ အက်ကြောင်း၏ ကိစ္စမှာ လွန်စွာ အရေးကြီးလှသဖြင့် မည်သည့်ပြဿနာမျှ မရှိစေရန် သူကိုယ်တိုင် သွားရောက်စစ်ဆေးရမည် ဖြစ်သည်။

သူက ဂူအတွင်းသို့ ဝင်ရောက်လာခဲ့ရာ ယခင်က နေရာအနှံ့ ရှိနေခဲ့သော ပျံ့နှံ့နေသည့် ဖိနှိပ်မှုစွမ်းအားများမှာလည်း မိစ္ဆာနယ်မြေ အက်ကြောင်း ပျောက်ကွယ်သွားမှုနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဤမြင်ကွင်းကို ကြည့်ပြီး နင်ချန်ထျန်း၏ အမူအရာမှာ ပို၍ တည်ကြည်လေးနက်သွားခဲ့ရသည်။

ဂူအတွင်းပိုင်းတွင်မူ သူက ရှုချွမ်း၏ အစီအရင်ဖြင့် ကာကွယ်ခြင်း ခံထားရသော နင်ယို့ချီနှင့် ဆုံတွေ့ခဲ့၏။

"ယို့ချီ... သမီး ဘာလို့ ဒီမှာ ရှိနေတာလဲ။ ရှုချွမ်းကော ဘယ်မှာလဲ..."

နင်ချန်ထျန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် သိုင်းပညာရှင်များ၏ တိုက်ခိုက်မှုကိုပင် တောင့်ခံနိုင်သော ထိုအစီအရင်ကြီးမှာ ခဏချင်းအတွင်း ကွဲအက်ပျက်စီးသွားခဲ့ရသည်။

အစီအရင်၏ အသံနှင့် ပြောင်းလဲမှုများကို ခံစားမိလိုက်သဖြင့် နင်ယို့ချီမှာ သူမ၏ ကျင့်ကြံခြင်းမှ နိုးထလာခဲ့သည်။

ရောက်ရှိလာသူမှာ နင်ချန်ထျန်းဖြစ်ကြောင်း မြင်လိုက်ရလျှင် သူမ၏ မျက်နှာတွင် ဝမ်းသာအားရမှုများ ချက်ချင်း ပြည့်နှက်သွားခဲ့တော့၏။

"ခမည်းတော်... ခမည်းတော်က ဘာလို့ ဒီကို ရောက်နေတာလဲ..."

နင်ယို့ချီက နင်ချန်ထျန်း၏ ရင်ခွင်အတွင်းသို့ တိုးဝင်လိုက်ရင်း ကလေးတစ်ယောက်လို နှုတ်ခမ်းစူကာ ပူဆာလိုက်သည်။

"မိစ္ဆာနယ်မြေ အက်ကြောင်းမှာ မူမမှန်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ချိပ်ပိတ်မှုကြီးက လုံးဝ ပြိုလဲသွားခဲ့ပြီ။ ဒါကြောင့် ခမည်းတော် ဝင်ပြီး စစ်ဆေးရတာ"

ဤအချိန်တွင် နင်ချန်ထျန်းအနေဖြင့် နင်ယို့ချီ၏ ကလေးဆန်မှုများကို အာရုံမစိုက်နိုင်သလို ဤအတောအတွင်း သူမထံ၌ ဖြစ်ပေါ်ခဲ့သော ပြောင်းလဲမှုများကိုလည်း အာရုံစိုက်ရန် အချိန်မရှိပေ။

သူ၏ အမူအရာမှာ လွန်စွာ တည်ကြည်လေးနက်နေပြီး လေးလေးနက်နက် ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဤစကားကို ကြားရလျှင် နင်ယို့ချီကလည်း ကိစ္စ၏ ကြီးလေးမှုကို သိရှိသွားခဲ့ပြီး နောက်ပြောင်လိုစိတ်များ ပျောက်ကွယ်သွားခဲ့ရသည်။

တစ်ပြိုင်တည်းမှာပင် သူမအပေါ် သက်ရောက်နေခဲ့သော ဂူ၏ ဖိနှိပ်မှုစွမ်းအားများ ကွယ်ပျောက်သွားခဲ့ကြောင်းကိုလည်း သတိပြုမိသွားခဲ့၏။

"ဒုက္ခပါပဲ... စီနီယာအစ်ကို ရှုချွမ်း"

နင်ယို့ချီ၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ရသည်။ ရှုချွမ်းတစ်ဦးတည်းသာ မိစ္ဆာနယ်မြေ အက်ကြောင်း ချိပ်ပိတ်ထားသည့် နေရာဆီသို့ သွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဤနေရာ၌ ဤကဲ့သို့သော ပြောင်းလဲမှု ဖြစ်ပေါ်လာခဲ့ပြီဖြစ်ရာ ဖြစ်နိုင်ခြေတစ်ခုသာ ရှိတော့သည်၊ ၎င်းမှာ ရှုချွမ်း တစ်ခုခု ဖြစ်ပွားခဲ့ခြင်းပင်။

"ခမည်းတော်... မိစ္ဆာနယ်မြေ အက်ကြောင်း ရှိတဲ့နေရာကို မြန်မြန်သွားပြီး ကြည့်ပေးပါဦး။ စီနီယာအစ်ကို ရှုချွမ်း အခက်အခဲနဲ့ ကြုံတွေ့နေရလောက်တယ်"

နင်ယို့ချီက နင်ချန်ထျန်းကို အခြေအနေများကို အကျဉ်းချုံး၍ လျင်မြန်စွာ ရှင်းပြလိုက်သည်။

နားထောင်ပြီးနောက်တွင် နင်ချန်ထျန်းက တုံ့ဆိုင်းမနေဘဲ နင်ယို့ချီကို ခေါ်ဆောင်ကာ မိစ္ဆာနယ်မြေ အက်ကြောင်း ချိပ်ပိတ်ထားသည့် နေရာဆီသို့ တိုက်ရိုက် ပျံသန်းသွားခဲ့တော့၏။

သို့သော်လည်း ထိုနေရာတွင် ရှုချွမ်း၏ အရိပ်အယောင်မျှ မရှိတော့ဘဲ အပျက်အစီးပုံကြီးတစ်ခုသာ ရှိနေခဲ့သည်။

"စီနီယာအစ်ကို ရှုချွမ်း"

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် နင်ယို့ချီ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားခဲ့ရပြီး ရှုချွမ်းထံ၌ မျှော်လင့်မထားသော ဘေးအန္တရာယ်တစ်ခုခု ဖြစ်ပွားခဲ့ပြီဟု ထင်မှတ်မိသွားသည်။

နင်ချန်ထျန်း၏ အမူအရာမှာမူ သာ၍ပင် တည်ကြည်လေးနက်သွားခဲ့ရ၏။

မိစ္ဆာနယ်မြေ အက်ကြောင်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ချိပ်ပိတ်မှုမှာလည်း ပြိုလဲသွားခဲ့ချေပြီ၊ ထို့ပြင် ရှုချွမ်းတစ်ဦးတည်းသာ ဤနေရာ၌ ရှိနေခဲ့ခြင်း ဖြစ်သည်။

သဲလွန်စအားလုံးက ရှုချွမ်းထံသို့သာ ညွှန်ပြနေခဲ့ရာ ဤနေရာတွင် အတိအကျ မည်သို့ဖြစ်ပျက်ခဲ့သည်ကို ရှုချွမ်းတစ်ဦးတည်းသာ သိရှိပေလိမ့်မည်။

"အဆင်ပြေပါတယ်၊ ရှုချွမ်း ဘာမှမဖြစ်ပါဘူး။ သူက ဒီရှေးဟောင်းစစ်မြေပြင်ထဲမှာပဲ ရှိနေသေးတယ်။ လာ... သူ့ကို သွားရှာကြစို့"

နင်ချန်ထျန်းက မျက်လုံးများကို မှိတ်လိုက်ပြီး ခဏမျှ ရှာဖွေစုံစမ်းလိုက်ပြီးနောက် နင်ယို့ချီကို ပြောလိုက်သည်။

နင်ချန်ထျန်းအနေဖြင့် ရှေးဟောင်းစစ်မြေပြင်အတွင်း ဝင်ရောက်လာသူတိုင်းအပေါ်၌ အမှတ်အသားတစ်ခု ချထားခဲ့ဖူးရာ ရှုချွမ်းမှာလည်း ချွင်းချက်မဟုတ်ပေ။

ယခုအခါ သူက ထိုအမှတ်အသားကို အသုံးပြု၍ ရှုချွမ်း တည်ရှိရာ နေရာကို ရှာဖွေလိုက်ခြင်း ဖြစ်၏။

ပြောပြီးသည်နှင့် နင်ချန်ထျန်းက နင်ယို့ချီကို ခေါ်ဆောင်ကာ ရှုချွမ်း ရှိရာနေရာဆီသို့ တိုက်ရိုက် တညိနေရာရွှေ့ပြောင်းသွားခဲ့တော့သည်။

သူတို့နှစ်ဦး၏ ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် ရှုချွမ်းမှာ လန့်ဖျပ်သွားခဲ့ရသည်။

ဤအခိုက်အတန့်တွင် သူက နင်ယို့ချီကို သွားရှာရန် မူလနေရာသို့ ပြန်သွားရန် ပြင်ဆင်နေခြင်းဖြစ်ပြီး သူတို့နှစ်ဦးက သူ့အရှေ့တွင် တိုက်ရိုက် ပေါ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိပေ။

All Chapters