← Chapters

အခန်း ၃၆၃

Vol. 37 Ch. 363

အခန်း ၃၆၃

Vol. 37 Ch. 363

အခန်း (၃၆၃) ပင်လယ်အောက်ခြေမှ သေရေးရှင်ရေး တိုက်ပွဲနှင့် အံ့မခန်း တိုက်ရိုက်ထုတ်လွှင့်မှု

ပင်လယ်အောက်ခြေရှိ နစ်မြုပ်နေသော သင်္ဘောကြီး ပေါ်ထွက်လာသည့် အခိုက်အတန့်တွင် ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု လူကြိုက်များမှုမှာ ချက်ချင်းပင် ပေါက်ကွဲထွက်လာတော့သည်။

အင်တာနက်သုံးစွဲသူများမှာ ဤကဲ့သို့သော တိုက်ရိုက်ထုတ်လွှင့်မှုကို တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။

တချို့သော တိုက်ရိုက်ထုတ်လွှင့်သူများက ကမ္ဘာပတ်ကာ မက္ကဆီကိုနှင့် အာဖရိက ကဲ့သို့သော အန္တရာယ်များသည့် နေရာများစွာသို့ သွားရောက်လေ့ ရှိကြသည်။

သို့သော် မည်သည့် တိုက်ရိုက်ထုတ်လွှင့်သူကမျှ တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း ပင်လယ်အောက်ခြေမှ နစ်မြုပ်နေသော သင်္ဘောကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိဖူးချေ။

တိုက်ရိုက်ထုတ်လွှင့်မှုများတွင် မဆိုထားနှင့် သတင်းလောကတွင်ပင် ဤအရာက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလွန် ကြီးမားသော သတင်းကြီးတစ်ခု ဖြစ်ပေသည်။

ယခုအခါ ဤကဲ့သို့သော တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းအရာက ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

လူကြိုက်များမှု အတိုင်းအတာကိုတော့ ပြောနေစရာပင် မလိုတော့ချေ။

ရွှီယန်၏ တာဝန်မှာ ပင်လယ်အောက်ခြေရှိ နစ်မြုပ်နေသော သင်္ဘောထဲမှ အထူးပစ္စည်း တစ်ခုကို ရှာဖွေရန် ဖြစ်သည်။

ရှားပါးအဆင့်ရှိ တာဝန်တစ်ခု ဖြစ်နေသဖြင့် ပြီးမြောက်ရန် အခက်အခဲမှာ သေချာပေါက် နည်းပါးမည် မဟုတ်ချေ။

သို့သော် ရွှီယန်က လောလောဆယ်တွင် မည်သည့်နေရာက မှားယွင်းနေသည်ကို သတိမထားမိသေးချေ။

ဤသင်္ဘောက သစ်သားသင်္ဘော တစ်စင်း ဖြစ်ပြီး သစ်သားအရည်အသွေး ကောင်းမွန်လွန်းသဖြင့်သာ ပင်လယ်အောက်ခြေတွင် ဤမျှ နှစ်ပေါင်းများစွာ ကြာသည်အထိ တည်ရှိနေနိုင်ခြင်း ဖြစ်သည်။

သို့သော် ရွက်တိုင်များမှာ ကျိုးကျနေပြီဖြစ်ပြီး သင်္ဘောကိုယ်ထည် တစ်ခုလုံးမှာလည်း အလွန် ဆွေးမြည့် ပျက်စီးနေပုံ ရလေသည်။

သင်္ဘောကိုယ်ထည် ကျိုးပဲ့နေသော နေရာမှနေ၍ အလွန် မှောင်မိုက်နေသော အပေါက်ကြီး တစ်ပေါက် ပေါ်ထွက်နေသည်။

အလွန် မှောင်မိုက်ပြီး အလွန် မှိုင်းလုံးနေလေသည်။

ထိုအထဲတွင် ဘာရှိနေမည်ကို ရွှီယန် မသိသော်လည်း တာဝန်အတွက် လိုအပ်သော အရာက ထိုအထဲတွင် သေချာပေါက် ရှိနေမည်သာ ဖြစ်သည်။

ထို့ကြောင့် သူက လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး သင်္ဘောကိုယ်ထည် ရှိရာဘက်သို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားလိုက်သည်။

အင်တာနက်သုံးစွဲသူများမှာ ကြည့်လေလေ ပို၍ စိုးရိမ်ထိတ်လန့်လာလေလေ ပင်။

ပင်လယ်အောက် ကမ္ဘာကြီးက အမြဲတမ်း ဤမျှ လျှို့ဝှက်ဆန်းကြဲလွန်းလှပေသည်။

[အစ်ကိုယန် ဘာလုပ်မလို့လဲ... သူ အထဲဝင်သွားမလို့လား]

[လခွမ်း... ငါ့ရဲ့ ရေနက်ကြောက်ရောဂါ ထလာပြီ... အခု လက်တွေ ခြေထောက်တွေ အေးစက်နေပြီ]

[ဒီလိုက်ဖ်လွှင့်တာက ရုပ်ရှင်ကား တစ်ကားလိုပဲ... အရမ်း ကြောက်စရာကောင်းလွန်းတယ်နော်]

[လောင်ရွှီ... သတိထားဦး... မင်း တစ်ခုခု ဖြစွသွားမှာကို ငါ တကယ် စိုးရိမ်နေတာ]

မှတ်ချက်စာသားများက အဆက်မပြတ် လိမ့်တက်နေတော့သည်။

လက်ဆောင်ပေးအပ်မှုများလည်း အဆက်မပြတ် ဝင်ရောက်နေလေသည်။

ဤကဲ့သို့သော တိုက်ရိုက်ထုတ်လွှင့်မှုမျိုးတွင် လက်ဆောင်ပေးအပ်သည့် လမ်းကြောင်းကို ဖွင့်လှစ်ထားနိုင်ပြီး လူကုံထံ အများအပြားက တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဝင်ရောက်လာကာ ယွမ်သောင်းဂဏန်းတန် လက်ဆောင်များကို အလွယ်တကူပင် ပေးအပ်နေကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုမှာ အလွန်အမင်း ပွက်လောညံနေတော့သည်။

ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှု၏ အခြေအနေကို အာရုံစိုက်မနေခဲ့ချေ။

သင်္ဘောကိုယ်ထည် အတွင်းသို့ ဝင်ရောက်ပြီးနောက် သူက ရေငုပ်ဝတ်စုံပေါ်ရှိ ခေါင်းဆောင်းမီးကို ဖွင့်လိုက်သည်။

ဖျတ်…

အလင်းတန်း တစ်ခုက ခေါင်းထက်မှ ထွက်ပေါ်လာပြီး အရှေ့ဘက်ရှိ အမှောင်ထုကို ဖယ်ရှားပေးလိုက်သည်။

သို့သော် အနည်းငယ်မျှသာ ဖယ်ရှားပေးနိုင်ခြင်း ဖြစ်သည်။

အနီးသို့ ရောက်သွားသောအခါမှသာ ဤသင်္ဘောကြီးက မည်မျှ ကြီးမားကြောင်းကို အားလုံးက ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

ကျိုးပဲ့နေသော အပေါက်နေရာလေး တစ်ခုတည်းကပင် အမြင့်အားဖြင့် ခုနစ်မီတာ ရှစ်မီတာခန့် ရှိနေပြီ ဖြစ်သည်။

ရွှီယန်က ထိုအပေါက်ဝတွင် ရပ်နေချိန်၌ အလွန် သေးငယ်သွားသကဲ့သို့ပင် ဖြစ်နေလေသည်။

အားလုံး၏ ရင်ထဲတွင် အထိတ်တလန့် ဖြစ်လာကြသည်။

သူ တကယ်ကြီး အထဲဝင်သွားချင်နေခြင်းများလား ဟု တွေးတောမိကြသည်။

ဒီလိုနေရာမျိုးကို ဝင်သွားလို့ ရနိုင်ပါ့မလား ဟု စိုးရိမ်နေကြသည်။

ဘယ်သူကများ ရဲတင်းစွာ ဝင်ရဲမည်နည်း။

အင်တာနက်သုံးစွဲသူများ သံသယ ဖြစ်နေကြစဉ်မှာပင် ရွှီယန်က ဦးတည်ရာကို ချိန်ညှိလိုက်ပြီး အရှေ့သို့ ဖြည်းညင်းစွာ ကူးခတ်သွားလိုက်သည်။

သူက တကယ်ပဲ အထဲသို့ ဝင်ရောက်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ပင်လယ်အောက်ခြေရှိ နစ်မြုပ်သင်္ဘောဆိုသည်မှာ စူးစမ်းလေ့လာရန် အလွန် တန်ဖိုးရှိလှပေသည်။

ရွှီယန် တစ်ယောက် အပေါက်ဝကြီး၏ မျိုချခြင်းကို ခံလိုက်ရသည်ကိုသာ မြင်တွေ့လိုက်ရပြီး ရေအောက် ကင်မရာက သူ၏ နောက်မှ ကပ်လျက် လိုက်ပါသွားကာ သူ၏ မြင်ကွင်းများကို ရိုက်ကူးနေလေသည်။

အောက်ဘက်တွင် အလွန် မှောင်မိုက်နေပြီး ခေါင်းဆောင်းမီးက လင်းထိန်ပေးထားသော အစိတ်အပိုင်းများကိုသာ မြင်တွေ့နိုင်ပေသည်။

ဤနေရာက အလွန် မှောင်မိုက်ပြီး တိတ်ဆိတ်ငြိမ်သက်နေကာ နက်ရှိုင်းသော တွင်းနက်ကြီး တစ်ခုအလားပင် ဖြစ်နေလေသည်။

အောက်ဆီဂျင်ဘူးမှ လေပူဖောင်းလေးများက တစ်ခါတစ်ရံ ထွက်ပေါ်လာပြီး တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို လှုပ်ရှားမှု အနည်းငယ် ထပ်တိုးပေးနေလေသည်။

ရွှီယန်က အလွန် သတိထားနေပြီး သင်္ဘောခန်း အတွင်းပိုင်းရှိ နံရံများကို ပတ်ကာ အတွင်းဘက်သို့ စတင် စူးစမ်းရှာဖွေလိုက်သည်။

အောက်ဘက်တွင် ရေညှိပင် အများအပြား ရှိနေပြီး ပင်လယ်ကြယ် အချို့လည်း ထိုအထဲတွင် ရှင်သန်နေထိုင်နေကြသည်။

သို့သော် ချက်ချင်းမှာပင် တစ်ခုခု မှားယွင်းနေကြောင်းကို သူ သတိထားမိလိုက်သည်။

ဤနေရာတွင် ငါးများ လုံးဝ မရှိချေ။

ပုံမှန်အားဖြင့် ဆိုလျှင် ပင်လယ်အောက်ခြေရှိ နစ်မြုပ်သင်္ဘောများတွင် ရွှံ့နှင့် သဲများ အများအပြား စုပုံနေတတ်ပြီး ရေညှိပင်များလည်း များပြားသဖြင့် ထိုအထဲတွင် နေထိုင်သော ငါးများက အတော်လေး များပြားတတ်လေသည်။

သို့သော် ဤနေရာတွင်တော့ ငါးတစ်ကောင်ကိုမျှ မမြင်တွေ့ရချေ။

ပုံမှန် မဟုတ်ချေ။

ငါးများ မရှိလျှင် အခြား တစ်ခုခု သေချာပေါက် ရှိနေမည်သာ ဖြစ်သည်။

အရှေ့မြောက်ကျား ရှိနေသော နယ်မြေအတွင်း၌ အခြားသော သားရဲများ မရှိသကဲ့သို့ပင် ဖြစ်သည်။

ဤနေရာကို သတ္တဝါ တစ်ကောင်က သေချာပေါက် ကြီးစိုးထားခြင်း ဖြစ်ရမည်။

ဤအချက်ကို စဉ်းစားမိသောအခါ ရွှီယန်က ခါးမှနေ၍ ဓားမြှောင်ကို ထုတ်ယူလိုက်ပြီး သတိကြီးစွာဖြင့် အကဲခတ်နေလိုက်သည်။

[လောင်ရွှီ ဓားမြှောင်ကို ထုတ်လိုက်ပြီ]

[သူ တစ်ခုခု ရှာတွေ့သွားလို့လား]

[လခွမ်း... အရမ်း ကြောက်စရာကောင်းတာပဲ]

[ငမန်း တစ်ကောင်များ ထွက်လာတော့မလို့လား]

[ငါ ကြည့်တောင် မကြည့်ရဲတော့ဘူး]

အင်တာနက်သုံးစွဲသူများ၏ စိတ်အာရုံများမှာ အလွန်အမင်း တင်းမာနေကြတော့သည်။

ရွှီယန်က အထဲသို့ ကူးခတ်သွားရင်း တစ်ဖက်မှလည်း ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်နေလေသည်။

သင်္ဘောခန်း တစ်ခုသာ ဖြစ်ပြီး သင်္ဘောကိုယ်ထည် ပျက်စီးနေမှုကြောင့် သင်္ဘောခန်း အတွင်းရှိ ပစ္စည်းများ အားလုံးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ပင်လယ်အောက် ရေစီးကြောင်းက မည်သည့်နေရာသို့ သယ်ဆောင်သွားခဲ့မှန်း မသိနိုင်တော့ချေ။

ဟင်းလင်းပြင်ကြီး ဖြစ်နေပြီး ဘာမှ မရှိတော့ပေ။

သင်္ဘောကိုယ်ထည်၏ အပေါ်ပိုင်းတွင် သစ်သား အခန်းငယ်လေးများ ရှိနေပြီး ထိုနေရာများက အတော်လေး ပိတ်လှောင်နေသဖြင့် ပစ္စည်းအချို့ ကျန်ရစ်နေနိုင်ချေ ရှိပေသည်။

ဤအခိုက်အတန့်တွင် တောင်တရုတ်ပင်လယ်၏ ကမ်းခြေစောင့်တပ်ဖွဲ့... ခရီးသွားလာရေး ဌာန နှင့် ရှေးဟောင်းသုတေသန ဌာနမှ လူများ အားလုံးက ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြလေသည်။

ကမ်းခြေစောင့် သင်္ဘောများကလည်း ဤနေရာဆီသို့ ဦးတည်ကာ အမြန် မောင်းနှင်လာနေကြပြီ ဖြစ်သည်။

ဤမျှ ကြီးမားသော တွေ့ရှိမှုကြီးက ဌာနဆိုင်ရာ အများအပြား၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်မည်သာ ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု လူဦးရေမှာလည်း အဆက်မပြတ် မြင့်တက်နေပြီး နောက်ကွယ်မှ အချက်အလက်များအရ တစ်ချိန်တည်း ကြည့်ရှုနေသူ တစ်သန်းကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဗီဒီယိုအတို ပလက်ဖောင်း ကလည်း သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုအတွက် အကြီးမားဆုံးသော တွန်းတင်မှုများကို လုပ်ဆောင်ပေးနေလေသည်။

အခြေခံအားဖြင့် ဗီဒီယိုအတိုများကို ကြည့်ရှုနေသူတိုင်းက သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို မြင်တွေ့ရမည်သာ ဖြစ်သည်။

ရွှီယန်က အတွင်းဘက်သို့ ဆက်လက် ဝင်ရောက်သွားသည်။

ထိုစဉ်မှာပင် ရုတ်တရက် သူ၏ ရင်ထဲတွင် ထိတ်လန့်သွားသည့် ခံစားချက် တစ်ခု ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များ စတင် လှုပ်ရှားလာကာ အဒရီနယ်လင်း ဟော်မုန်းများ ရုတ်တရက် မြင့်တက်လာတော့သည်။

အန္တရာယ် အာရုံခံနိုင်စွမ်း။

သူ၏ အန္တရာယ် အာရုံခံ ကျွမ်းကျင်မှုက အလုပ်လုပ်လာခဲ့ပြီ ဖြစ်သည်။

ရွှီယန်က ချက်ချင်းပင် သတိထားလိုက်မိသည်။ တစ်ခုခုက သူ့ကို စောင့်ကြည့်နေပြီး တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်းကိုပင်။

ရွှီယန် သတိထားနေစဉ်မှာပင် ခေါင်းဆောင်းမီး၏ အရှေ့ဘက်မှ အရိပ်မည်းကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး နောက်တစ်စက္ကန့်မှာပင် ထိုအရိပ်မည်းကြီးက သူ့ထံသို့ ခုန်အုပ်လာတော့သည်။

ခေါင်းဆောင်းမီး၏ အလင်းရောင်မှာ ပိတ်ဆို့ခံလိုက်ရသဖြင့် မှိန်လိုက် လင်းလိုက် ဖြစ်နေတော့သည်။

အင်တာနက်သုံးစွဲသူများက ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ လူတစ်ယောက် အရွယ်အစားခန့် ရှိသော ရေဘဝဲကြီး တစ်ကောင်က ရွှီယန်ကို ရစ်ပတ်ရန် ခုန်အုပ်လာခြင်း ဖြစ်ပေသည်။

ပင်လယ်ရေအောက် သတ္တဝါများ၏ အရွယ်အစားက အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

စပမ်းဝေလငါး များနှင့်ပင် သတ်ပုတ်နိုင်သော ရေဘဝဲဘုရင်ကြီး များပင် ရှိနေပြီး ၎င်းတို့၏ ခြေတံ တစ်ချောင်းကပင် လူသားများထက် ပို၍ ရှည်လျားလှပေသည်။

သို့သော် ရေဘဝဲဘုရင်ကြီး များမှာ မီတာ ရာချီ နက်ရှိုင်းသော ရေနက်ပိုင်းတွင်သာ ရှိနေတတ်ပြီး ဤမျှ ရေတိမ်သော ပင်လယ်ပြင်တွင်တော့ ပေါ်လာမည် မဟုတ်ချေ။

သို့သော် မျက်စိရှေ့ရှိ ဤရေဘဝဲကြီး ကလည်း ထိုနည်းတူစွာပင် အလွန် ကြီးမားလှပေသည်။

၎င်းက ခုန်အုပ်လာပြီး ရွှီယန်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ရစ်ပတ်လာတော့သည်။

ဤကဲ့သို့သော အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် အသက်လုရမည့် အချိန် ရောက်လာပြီဖြစ်ကြောင်း ရွှီယန်က သိလိုက်သည်။ သူက ဓားမြှောင်ကို ပြောင်းပြန် ကိုင်လိုက်ပြီး ရေဘဝဲကြီး၏ ခန္ဓာကိုယ်ဆီသို့ အားကုန်သုံးကာ ထိုးစိုက်ချလိုက်တော့သည်။

ဤဓားချက်က ခေါင်းကို မထိသဖြင့် အသက်အန္တရာယ် မရှိချေ။

"ဟာ..."

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသော အင်တာနက်သုံးစွဲသူများမှာ လန့်ဖြတ်သွားကြတော့သည်။

တချို့လူများက ဖုန်းကိုပင် လွှင့်ပစ်လိုက်ကြပြီး တချို့ကတော့ လန့်ဖြတ်ကာ မတ်တတ်ထရပ်လိုက်ကြရာ တစ်ကိုယ်လုံးပင် အနည်းငယ် တုန်ယင်နေကြလေသည်။

အားလုံး၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး မျက်စိရှေ့ရှိ မြင်ကွင်းကို မယုံနိုင်စွာဖြင့် ကြည့်ရှုနေကြလေသည်။

ဤမျှ ကြီးမားသော ရေဘဝဲကြီးက သာမန် ကြောက်စရာကောင်းခြင်းမျိုး မဟုတ်ချေ။

တကယ်ကြီး ဤကဲ့သို့ တွေ့ဆုံလိုက်ရသည်ပင်။

ဤရေဘဝဲကြီးက တကယ်ကို ဖြေရှင်းရ ခက်ခဲလှကြောင်း ဝန်ခံရမည် ဖြစ်သည်။

၎င်းက ရွှီယန်၏ ခန္ဓာကိုယ်ပေါ်တွင် ရစ်ပတ်ထားပြီးနောက် အားကုန်သုံးကာ တင်းကြပ်စွာ ရစ်ပတ်လာတော့သည်။

ကံကောင်းသည်မှာ ရွှီယန်က အောက်ဆီဂျင်ဘူးကို အားပြုကာ အသက်ရှူနေရခြင်း ဖြစ်ပြီး သူ ကျောပိုးထားသော အောက်ဆီဂျင်ဘူးမှာ အလွန် ခိုင်ခံ့သဖြင့် ဤကဲ့သို့သော ရစ်ပတ်မှု အင်အားက အောက်ဆီဂျင်ဘူးကို မဖျက်ဆီးနိုင်ချေ။

အောက်ဆီဂျင်ဘူးက အင်အား အတော်များများကို ကာကွယ်ပေးထားသဖြင့် ရေဘဝဲကြီး၏ ရစ်ပတ်မှုက သူ့အပေါ်တွင် ထိုမျှလောက် ကြီးမားသော သက်ရောက်မှု မရှိခဲ့ချေ။

ရွှီယန်က ရေဘဝဲကြီး လွှတ်မပေးသေးသည်ကို ခံစားလိုက်ရသောအခါ လက်ညှာနေရန် မတွေးတော့ချေ။

သူက ဓားမြှောင်ကို ရေဘဝဲကြီး၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းပြီးနောက် ဓားမြှောင်ကို တိုက်ရိုက်ပင် လှည့်ပတ်လိုက်တော့သည်။

ဤသို့ လှည့်ပတ်လိုက်သောအခါ ရေဘဝဲကြီးမှာ နာကျင်သွားပြီး ချက်ချင်းပင် အထိတ်တလန့်ဖြင့် အပြင်သို့ ပြေးထွက်သွားတော့သည်။

အင်တာနက်သုံးစွဲသူများက ရွှီယန်နှင့် ရေဘဝဲကြီးတို့ ပင်လယ်အောက်ခြေတွင် သတ်ပုတ်နေကြပြီး အလွန် ပြင်းထန်သော တိုက်ပွဲ ဖြစ်နေသည်ကိုသာ မြင်တွေ့လိုက်ရသည်။

အောက်ဆီဂျင်ဘူးမှ လေပူဖောင်းများက အဆက်မပြတ် ထွက်ပေါ်နေလေသည်။

အားလုံး၏ ရင်ထဲတွင် ရွှီယန်တော့ အသက်ပါသွားလောက်ပြီဟု တိတ်တဆိတ် သတ်မှတ်လိုက်ကြသည်။

ဤမြင်ကွင်းက အခြေခံအားဖြင့် သေချာပေါက် သေဆုံးရမည့် အခြေအနေပင် ဖြစ်သည်။

သို့သော် နောက်တစ်စက္ကန့်မှာပင် ရေဘဝဲကြီးက ရွှီယန်၏ ခန္ဓာကိုယ်ပေါ်မှ အလျင်စလို ဆင်းသွားပြီးနောက် သင်္ဘောကိုယ်ထည် အတွင်းမှနေ၍ အပြင်ဘက်သို့ လျင်မြန်စွာ ကူးခတ်ထွက်သွားသည်ကို မြင်တွေ့လိုက်ရသည်။

ဤကဲ့သို့သော ရေဘဝဲကြီးများမှာ သမုဒ္ဒရာ၏ နယ်မြေခံ လူမိုက်များဟု ဆိုနိုင်ပြီး အသေးစား ဘော့စ် တစ်ကောင် ဖြစ်ပေသည်။

ရေတိမ်ပိုင်းရှိ ငါးများ... ပုစွန်များ... လိပ်နှင့် ဂဏန်းများ အစရှိသည်တို့က ၎င်း၏ ပြိုင်ဘက် မဟုတ်ကြချေ။

ဤမျှ ကြီးမားသော ခန္ဓာကိုယ်ကြီးက ဤနေရာတွင် ရှိနေသည် မဟုတ်ပါလော။

သို့သော် ဤတစ်ကြိမ်တွင်တော့ ၎င်းက လူမှားပြီး ရန်စမိသွားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အလျင်စလို ထွက်ပြေးရသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

ရွှီယန်က ဓားမြှောင်ကို ကိုင်ထားပြီး ခန္ဓာကိုယ်မှာ အနည်းငယ် တင်းမာနေဆဲပင်။

မည်သို့ပင်ဖြစ်စေ သေရေးရှင်ရေး တိုက်ပွဲဖြစ်သဖြင့် ထိုမျှလောက်အထိ တည်ငြိမ်နေနိုင်မည် မဟုတ်ချေ။

ကံကောင်းသည်မှာ ဤရေဘဝဲကြီးက သေချေရှင်ကွဲ တိုက်ခိုက်ရန် မတွေးဘဲ တစ်ခုခု မှားယွင်းနေမှန်း သိသည်နှင့် ချက်ချင်း ပြေးသွားခြင်းပင်။

ရွှီယန်က အောက်ဆီဂျင် အနည်းငယ်ကို ရှူသွင်းလိုက်ရာ ခန္ဓာကိုယ်၏ ဟော်မုန်း အဆင့်က တဖြည်းဖြည်း တည်ငြိမ်သွားတော့သည်။

ဤအရာက ယခု ရတနာရှာဖွေရေး တာဝန်၏ အခက်ခဲဆုံး အပိုင်း ဖြစ်လောက်ပေသည်။

သင်္ဘောခန်းထဲတွင် စောင့်ကြပ်နေသော ရေဘဝဲကြီး တစ်ကောင်ပင်။

မြေပုံတစ်ခု၏ အသေးစား ဘော့စ် တစ်ကောင်နှင့်ပင် တူနေလေသည်။

ကံကောင်းသည်မှာ ရွှီယန်က အန္တရာယ်ကင်းစွာဖြင့် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ခြင်းပင်။

ဇီဝတု ကင်မရာက ရွှီယန် ရှိရာဘက်သို့ ရိုက်ကူးနေပြီး ကင်မရာ မှန်ဘီလူးကို မြင်သောအခါ ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ အင်တာနက်သုံးစွဲသူများကို လက်မထောင်ပြလိုက်ရာ သူ၏ အခြေအနေ ကောင်းမွန်ကြောင်းနှင့် အားလုံး စိုးရိမ်ရန် မလိုကြောင်း အဓိပ္ပာယ်ရလေသည်။

မှတ်ချက်များက နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာပြန်သည်။

[လခွမ်း... လောင်ရွှီ... မင်းက ငါ့ရဲ့ နတ်ဘုရားပဲ]

[အစ်ကိုယန်... တန်ခိုးစွမ်းရည်တွေကို သိမ်းလိုက်ပါတော့... ဒါတောင် ဘာမှ မဖြစ်ဘူးလား]

[ဟိုက်... လက်မထောင်ပြဖို့တောင် စိတ်ကူး ရှိနေသေးတာပဲ]

[အင်တာနက် တစ်ခွင်မှာ အကြမ်းဆုံးပဲ... ဒါကိုတော့ တကယ်ပဲ အပြစ်ရှာလို့ မရတော့ဘူး]

[ဒီလောက် အစွမ်းထက်တဲ့ လူမျိုးကို တစ်ခါမှ မမြင်ဖူးဘူး... ပြိုင်ဘက်ကင်းပဲ]

ဖန်သားပြင် တစ်ခုလုံး ချီးကျူးသံများဖြင့် ပြည့်နှက်နေတော့သည်။

ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှုက တကယ်ကို တုန်လှုပ်ဖွယ် ကောင်းလွန်းလှပေသည်။

ရွှီယန် တစ်ယောက် တစ်နိုင်ငံလုံး အနှံ့အပြားသို့ သွားရောက်ကာ ရတနာရှာဖွေသည့် တိုက်ရိုက်ထုတ်လွှင့်မှုများကို စတင်ခဲ့ပြီးနောက် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုများက ပို၍ပို၍ စိတ်ဝင်စားစရာ ကောင်းလာပြီး ပို၍ ဆွဲဆောင်မှု ရှိလာခဲ့လေသည်။

ရွှီယန်က ရပ်နားမနေဘဲ သင်္ဘောကိုယ်ထည် အတွင်း၌ စနစ်မှ သတ်မှတ်ထားသော ပစ္စည်းကို ဆက်လက် ရှာဖွေနေလိုက်သည်။

အထူးပစ္စည်း ဆိုသည်မှာ ဆိုင်းဘုတ်ပြား တစ်ပြားပင် ဖြစ်သည်။

ရွှီယန်က သင်္ဘောခန်းထဲတွင် ရှာမတွေ့ခဲ့သော်လည်း အပေါ်ဘက်ရှိ အခန်းထဲသို့ ကူးခတ်သွားကာ ခဏမျှ စမ်းသပ်ရှာဖွေပြီးနောက် မကြာခင်မှာပင် ရှာတွေ့သွားခဲ့သည်။

တာဝန် အောင်မြင်စွာ ပြီးမြောက်ကြောင်း စနစ်မှ အချက်ပြလာခဲ့သည်။

ယခု ရှားပါးအဆင့် တာဝန်၏ အခက်ခဲဆုံး အပိုင်းမှာ အနက် မီတာ ခြောက်ဆယ်ကျော်ရှိသော ပင်လယ်အောက်ခြေတွင် တိုက်ခိုက်လိုစိတ် အတော်လေး ပြင်းထန်သော ရေဘဝဲကြီး တစ်ကောင် စောင့်ကြပ်နေသဖြင့် အသက်အန္တရာယ် အနည်းငယ် ရှိနေခြင်းပင် ဖြစ်သည်။

သို့သော် ရွှီယန်၏ ပြတ်သားမှုနှင့် ဓားမြှောင်ဖြင့် ရေဘဝဲကြီး၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်ခြင်းကြောင့် ရေဘဝဲကြီးမှာ ရွှီယန်နှင့် သေချေရှင်ကွဲ တိုက်ခိုက်ခြင်း မပြုခဲ့ချေ။

'ဒီရေဘဝဲက ကြောက်သွားလို့သာပေါ့... ဒါမှမဟုတ်ရင် ဒီတစ်ခါတော့ တော်တော်လေး အန္တရာယ်များတာပဲ...'

'ဒီကောင်ကြီးရဲ့ အင်အားက တကယ်ကို ကြီးမားလှတယ်...'

ရွှီယန်က ပင်လယ်အောက်ခြေ၏ ဖိအား ပို၍ ကြီးမားလာပြီး အသက်ရှူရသည်မှာ အနည်းငယ် မဝသလို ခံစားလိုက်ရသည်။

အောက်ဆီဂျင် ပြတ်လပ်သွားခြင်း မဟုတ်ဘဲ ဖိအားက အဆုတ်ကို ဖိညှစ်နေသဖြင့် အသက်ရှူရ ခက်ခဲလာခြင်း ဖြစ်သည်။

သူက တာဝန် ပြီးမြောက်သွားပြီးနောက် ဆက်လက် တုံ့ဆိုင်းမနေတော့ဘဲ ပင်လယ်ရေမျက်နှာပြင်ဆီသို့ ချက်ချင်းပင် ကူးခတ်သွားတော့သည်။

ဤအသည်းယားဖွယ်ကောင်းသော တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဤနေရာတွင်ပင် ပြီးဆုံးလုနီးပါး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

All Chapters