← Chapters

အခန်း ၃၇၃

Vol. 38 Ch. 373

အခန်း ၃၇၃

Vol. 38 Ch. 373

အခန်း (၃၇၃) ဝံပုလွေပေါက်လေး... မင်းကို အလိမ္မာဆုံးလို့ ထင်ထားတာ...

ရွှီယန်သည် တောင်ခါးပန်းတွင် ထိုင်လျက် မှန်ပြောင်း တစ်လက်ကို ကိုင်ကာ တောင်အောက်ရှိ လယ်ယာခြံဝင်း၏ မြင်ကွင်းများကို လှမ်းကြည့်နေလေသည်။

ထွန်စက်များက လယ်ထွန်နေပြီး တည်ဆောက်ရေး အဖွဲ့ကလည်း မှန်လုံအိမ် အတွင်းရှိ စက်ပစ္စည်းများကို ပြီးပြည့်စုံအောင် တပ်ဆင်နေဆဲဖြစ်သည်။ အလုပ်သမား နှစ်ဦးက သိုးအုပ်ကို အပြင်သို့ မောင်းထုတ်နေပြီး ရှောင်ဟေးနှင့် မာလီနွိုက်ခွေး တို့ကလည်း အတူတကွ လိုက်ပါသွားကြသည်။

လယ်ယာခြံဝင်း တစ်ခုလုံး အသက်ဝင် လှုပ်ရှားနေပြီး တက်ကြွမှုများဖြင့် ပြည့်နှက်နေလေသည်။

ထိုစဉ်မှာပင် ဝက်ဝံနက် က ရွှီယန်၏ အနားသို့ ကပ်လာပြီး မှန်ပြောင်းကို စူးစမ်းချင်စိတ်ဖြင့် အကဲခတ်နေလေသည်။

၎င်း၏ ပုံစံမှာ ဤသို့ ပြောနေသည့် အလားပင်။

'အစ်ကိုကြီး ဘာကြည့်နေတာလဲ... ကျွန်တော့်ကိုလည်း ပြပါဦး'

ဒီကောင်လေးက ရွှီယန်၏ ဘေးတွင် ရပ်လျက် နောက်လိုက်ငယ်လေး တစ်ကောင်နှင့်ပင် တူနေလေသည်။

အခြား ဝက်ဝံနက် တစ်ကောင် ကတော့ မလှမ်းမကမ်းတွင် မတ်တတ်ရပ်လျက် လက်ကိုင်ခြေကိုင် မတတ်ဖြစ်နေကာ အနည်းငယ် တုံးအပုံ ရလေသည်။

ဤဝက်ဝံနက်မှာ ဆပ်ကပ်ရုံမှ ထွက်ပြေးလာခြင်း ဖြစ်ရာ ငယ်စဉ်ကတည်းက အရိုက်ခံကာ သင်ကြားခံခဲ့ရပုံ ပေါ်သဖြင့် အလုပ်လုပ်ရာတွင် အလွန် သတိထားတတ်လေသည်။

ယခုအခါ လွတ်လပ်သွားပြီ ဖြစ်သော်လည်း အနည်းငယ် မလွတ်လပ်သေးသည်မှာ ရှောင်လွှဲ၍ မရနိုင်ချေ။

"သွား... ဟိုဘက်မှာ သွားကစား..."

ရွှီယန်က သူတို့ နှစ်ကောင်ကို လက်ခါပြလိုက်သည်။

ဤဝက်ဝံနက် နှစ်ကောင်က ရင်းနှီးသွားပြီးနောက် သူ၏ အနားသို့ ကပ်လာရသည်ကို အတော်လေး နှစ်သက်ကြလေသည်။

သူ နောက်ဘက်တောင်ကုန်းသို့ လာတိုင်း ဤကောင်လေး နှစ်ကောင်က အမြဲတမ်း လိုက်ပါလာလေ့ရှိပြီး ပုံစံလေးက အလွန် ရိုးသား အပြစ်ကင်းပုံ ရလေသည်။

ရွှီယန် လက်ခါပြသည်ကို မြင်သောအခါ လောင်ဟေး က အခြေအနေကို သဘောပေါက်စွာဖြင့် ချက်ချင်းပင် တစ်ဖက်သို့ ခုန်ပေါက် ပြေးထွက်သွားရာ အလွန် စကားနားထောင်လှပေသည်။

'သွားဆိုလည်း သွားရမှာပေါ့' ဟူသော အသိစိတ်မျိုး ရှိနေလေသည်။

ရွှီယန်က WeChat မှ အချက်ပြသံ ကြားလိုက်သဖြင့် ဖုန်းကို ထုတ်ကြည့်လိုက်ရာ စုယွီထုံ ထံမှ မက်ဆေ့ချ် ရောက်လာခြင်း ဖြစ်ပေသည်။

ရွှီယန်က ထိုနေရာတွင် ထိုင်လျက် သူမနှင့် ခဏမျှ စကားစမြည် ပြောဆိုနေလိုက်သည်။

တောင်ကုန်းပေါ်တွင် ထိုင်ကာ စကားပြောရသည်ကလည်း ခံစားချက် အတော်လေး ကောင်းမွန်လှပေသည်။

သူမနှင့် စကားပြောရသည်မှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။

ရွှီယန်၏ ရင်ထဲတွင် သူမကို သွားရောက် တွေ့ဆုံရန် နောက်တစ်ကြိမ် စိတ်ကူးပေါ်လာခဲ့သည်။

ပုံမှန်အားဖြင့် ရေစက်ဆုံရုံမျှသာ ဖြစ်ပြီး အနာဂတ် ရည်မှန်းချက်များ မတူညီပါက ရွှီယန် ကလည်း အလေးထားမည် မဟုတ်ချေ။

မည်သို့ပင်ဖြစ်စေ သူက အပျော်သဘော တွဲတတ်သော အမျိုးအစား မဟုတ်ပေ။

စုယွီထုံ ကလည်း ထိုနည်းတူစွာပင်။ သူတို့ နှစ်ယောက်စလုံးတွင် အနာဂတ် အစီအစဉ်များ ရှိနေကြသည်။

သူတို့ နှစ်ယောက်က ဘဝနှင့် အနာဂတ် ရည်မှန်းချက်များကို ဆွေးနွေးခဲ့ကြဖူးသည်။

စုယွီထုံ က တရုတ်ပြည်မကြီးကို အလွန် သဘောကျပြီး သူမက ဤနေရာတွင် တက္ကသိုလ် တက်ခဲ့သလို ပြည်မကြီး၏ လူနေမှု ဘဝကိုလည်း ပို၍ နှစ်သက်လေသည်။

ထိုင်ဝမ် ဘက်တွင် တရုတ်ပြည်မကြီး သို့ အိမ်ထောင်ပြုချင်သော မိန်းကလေးများ မနည်းလှချေ။ သေချာသည်ကတော့ အဓိကအားဖြင့် ကျင်းတိုမြို့... ဖူတုန်း သို့မဟုတ် ကျန်းကျဲ့ ကဲ့သို့သော နေရာများကို သွားရောက်ချင်ကြခြင်း ဖြစ်သည်။

စုယွီထုံ ၏ မူလ ဆုံးဖြတ်ချက်မှာ ဘွဲ့ရ ခရီးစဉ် ပြီးဆုံးသွားပါက ထိုင်ဝမ် သို့ ပြန်သွားပြီး ထိုနေရာတွင် မိသားစုက သက်သောင့်သက်သာ နှင့် သိက္ခာရှိသော အလုပ်တစ်ခုကို စီစဉ်ပေးမည် ဖြစ်ကာ ဤဘဝ တစ်သက်တာလုံး ကျွန်းပေါ်တွင်သာ နေထိုင်သွားရန် ဖြစ်လောက်ပေသည်။

ဤတစ်ကြိမ် ဘွဲ့ရ ခရီးစဉ်မှာ နောက်ဆုံးအနေဖြင့် တရုတ်ပြည်မကြီး၏ နေရာအနှံ့အပြားကို အမှတ်တရ အဖြစ် သွားရောက် လည်ပတ်ခြင်းသာ ဖြစ်သည်။

သူမ ကလည်း တရုတ်ပြည်မကြီးသို့ အိမ်ထောင်ပြုရန် တွေးခဲ့ဖူးသော်လည်း တွေးကြည့်ရုံ သက်သက်သာ ဖြစ်သည်။ သူမကို လိုက်သည့်သူ အများအပြား ရှိခဲ့သော်လည်း သူမကို ပေးစွမ်းနိုင်သော ခံစားချက်မှာ ယုံကြည်စိတ်ချရမှု မရှိခြင်းပင်။

ထိုသူများက အနာဂတ် တစ်ခုတည်းဆီသို့ ဦးတည်သွားနေသူများ မဟုတ်ကြချေ။

ထို့ကြောင့် သူမ ကလည်း အများကြီး ဂရုစိုက်ချင်စိတ် မရှိခဲ့ချေ။

သို့သော် ရွှီယန် ပေးစွမ်းသော ခံစားချက်ကတော့ ကွာခြားလှသည်။ သူတို့ နှစ်ယောက်၏ စကားပြောဆိုမှုက အချင်းချင်း ရင်းနှီးကျွမ်းဝင်မှုမှ စတင်ခဲ့ပြီး တဖြည်းဖြည်း နှင့်ပင် အနာဂတ် အပေါ် အမြင်များကို ဆွေးနွေးလာခဲ့ကြသည်။

အနည်းဆုံးတော့ အတော်လေး တူညီမှု ရှိလှပေသည်။

ထိုသို့ဆိုလျှင် နောက်ဆက်တွဲက ရင်းနှီးကျွမ်းဝင်မှု နှင့် နားလည်မှု ပင် ဖြစ်သည်။

ရွှီယန်က သူမ၏ အကြံအစည်များကို သိရှိသွားသောအခါ အနာဂတ်တွင် အတူတကွ ရှိနိုင်မည်ဟု ခံစားလိုက်ရသည်။

သူတို့ နှစ်ယောက် စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြသည်။

ရွှီယန်က သူတို့ ယခု ဘယ်သွားမည်ကို မေးမြန်းလိုက်ရာ ကျန်းကျားကျဲ့ ကို သွားရန် ရည်ရွယ်ထားကြောင်း သိရှိရသဖြင့် ရွှီယန် လည်း ထိုနေရာသို့ သွားရန် ရည်ရွယ်လိုက်သည်။

ကျန်းကျားကျဲ့ တွင် ထျန်းမင်တောင် နှင့် ဝူလင်ယွမ် ရှုခင်းသာ နေရာ နှစ်ခုက နာမည်အကြီးဆုံး ဖြစ်သည်။

နှစ်ဖက်စလုံးက မတူညီသော တောင်တန်းများ ဖြစ်ကြသည်။

ဝူလင်ယွမ် က ဧရိယာ ကျယ်ဝန်းပြီး ထျန်းမင်တောင် ကတော့ ကမ္ဘာကျော် လိုဏ်ဂူကြီး ဖြင့် နာမည်ကြီးကာ အိမ်နီးချင်း ကိုရီးယား နိုင်ငံသားများ ပင်လျှင် ထျန်းမင်တောင် သို့ တစ်ခေါက် သွားရောက်နိုင်ခြင်းကို ဂုဏ်ယူစရာ အဖြစ် သတ်မှတ်ကြလေသည်။

ရွှီယန် နှင့် စုယွီထုံ တို့က ခရီးစဉ်ကို အကြမ်းဖျင်း ညှိနှိုင်းလိုက်ကြသည်။

သူမတို့က သန်ဘက်ခါ ထွက်ခွာမည် ဖြစ်ရာ ရွှီယန်လည်း အချိန် အတော်လေး ကိုက်ညီသည်ဟု ထင်သဖြင့် သန်ဘက်ခါ သွားရန် ရည်ရွယ်လိုက်သည်။

ယခုအခါ ရွှီယန် ကလည်း ဤကိစ္စကို အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားနေမိသည်။

အဓိက အကြောင်းရင်းမှာ စုယွီထုံ က လှပရုံသာမက သူမ၏ ကိုယ်ပေါ်တွင် အားသာချက်များ ချည်းသာ ပြည့်နှက်နေသဖြင့် ဤကဲ့သို့သော မိန်းကလေးကို လူတိုင်းနီးပါး သဘောကျ နှစ်သက်မည် ဖြစ်သည်။

ကြုံဆုံနိုင်ခြင်း ရှိမရှိ ကိုသာ ကြည့်ရတော့မည်။

ဝက်ဝံနက် နှစ်ကောင်က ရွှီယန် ဖုန်းပေါ်တွင် စာရိုက်ရင်း တစ်ဖက်မှလည်း ပျော်ရွှင်စွာ ပြုံးနေသည်ကို ကြည့်ကာ ၎င်းတို့ နှစ်ကောင်စလုံး အနည်းငယ် စူးစမ်းချင်စိတ် ဖြစ်ပေါ်နေကြသည်။

ဖုန်းဆိုသည်မှာ မည်သို့သော ပစ္စည်းကောင်း ဖြစ်သဖြင့် လူကို ဤမျှလောက်အထိ ပျော်ရွှင်အောင် လုပ်နိုင်သနည်းဟု နားမလည်နိုင်အောင် ဖြစ်နေကြလေသည်။

ရွှီယန် စကားပြောလို့ ပြီးသွားသောအခါ မတ်တတ်ထရပ်ကာ တောင်အောက်သို့ ဆင်းရန် ပြင်ဆင်လိုက်သည်။

ဝက်ဝံနက်များ ရှိနေသေးသည်ကို မြင်သောအခါ သူက အနားသို့ သွားကာ ၎င်းတို့ နှစ်ကောင်ကို ခေါ်ဆောင်၍ တစ်ပတ်ခန့် လမ်းလျှောက်လိုက်ပြီး မိမိ၏ သစ်သီးခြံကိုလည်း ကြည့်ရှုလိုက်သေးသည်။

ကိုင်းကူးထားသော ပန်းသီးသစ်တော် အများစုမှာ အသက်ရှင်နေကြဆဲပင်။

အကယ်၍ အမှားအယွင်း မရှိပါက နောက်ထပ် လအနည်းငယ် အကြာတွင် အသီး သီးနိုင်မည် ဖြစ်သည်။

ထိုအချိန်ကျပါက ဝင်ငွေ နောက်တစ်ခု ရရှိလာဦးမည် ဖြစ်သည်။

စိုက်ပျိုးမွေးမြူရေး လုပ်ငန်း၏ ပျော်ရွှင်မှုမှာ ဤနေရာတွင်ပင် ရှိလေသည်။ တိရစ္ဆာန်များ ကြီးထွားလာသည်ကို ကြည့်ရင်း... သီးနှံများ ကြီးထွားလာသည်ကို ကြည့်ရင်း စည်းစိမ်ဥစ္စာများ အဆက်မပြတ် စုဆောင်းမိလာသည်ကို ခံစားသိရှိနိုင်လေသည်။

သို့သော် ပိုင်ဆိုင်မှုများ မည်မျှပင် များပြားပါစေ အမွေးအမှင် ပါသော အရာများကိုတော့ ထည့်တွက်၍ မရနိုင်ချေ။ ငွေသား အဖြစ် ပြောင်းလဲနိုင်မှသာ ဖြစ်မည် မဟုတ်ပါလော။

ရွှီယန်က တောင်ပေါ်လမ်း အတိုင်း အောက်သို့ ဆင်းလာခဲ့ရာ ဝက်ဝံနက် နှစ်ကောင်က သစ်တော အနက်ပိုင်းသို့ အလိုအလျောက် ပြေးဝင်သွားကြတော့သည်။

ရွှီယန်က လမ်းကြုံသည့် အနေဖြင့် စပါးခင်းများ၏ အခြေအနေကိုပါ ကြည့်ရှုလိုက်သေးသည်။ နောက်ထပ် နှစ်ရက်ခန့် အကြာတွင် အလုပ်သမားများကို ခေါ်ကာ ကောက်စိုက်ရမည် ဖြစ်သည်။ လယ်ယာခြံဝင်း တွင် ကောက်စိုက်စက် များ ပါရှိသဖြင့် ထိုမျှလောက်အထိ ပင်ပန်းမည် မဟုတ်ချေ။

စပါးများ စိုက်ပျိုးပြီးစီးကာ ကြီးထွားလာသောအခါ ရေချိုငါး အချို့ကိုပါ မွေးမြူရဦးမည် ဖြစ်သည်။

ရွှီယန်က လယ်ယာခြံဝင်း သို့ ပြန်ရောက်ပြီးနောက် ရိုးရှင်းစွာ တစ်ပတ်ခန့် လှည့်ပတ် ကြည့်ရှုလိုက်သည်။

တိရစ္ဆာန်လေးများ အားလုံးက ပျော်ရွှင်စွာ နေထိုင်နေကြလေသည်။

ငန်းကြီး တစ်ကောင်က မြက်ခင်းပြင် ဘေးတွင် အထီးကျန်စွာ ရပ်နေပြီး ခြေတစ်ဖက်တည်းဖြင့်သာ ရပ်နေသည်ကို သူ သတိထားမိလိုက်သည်။

အနည်းငယ် အဓိပ္ပာယ်မဲ့လွန်းသည်ဟု ခံစားနေရဆဲပင်။

ဒီကောင်လေးကို ဘယ်လို ဖော်ပြရမလဲ ဆိုတာကိုပင် မသိတော့ချေ။

အလွန် ခေါင်းမာလွန်းလှပေသည်။

သို့သော် ဤခေါင်းမာမှု ကပင် အသက်ရှင်ခွင့်ကို ရရှိစေခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ငန်းကြီးများကို ကြီးလာပါက ချက်စားပစ်ရမည် ဖြစ်သော်လည်း ဤငန်းကြီးကို ရွှီယန်က ထူးခြားသည်ဟု ထင်သဖြင့် အမြဲတမ်း မွေးထားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ရွှီယန်က နွေရာသီ ရောက်၍ ဆောင်းခိုငှက်များ ပြန်လည် ရောက်ရှိလာသောအခါ တောငန်း ရေကန် တစ်ခုကို ရှာဖွေကာ ဤငန်းကြီးကို လွှတ်ပေးရန် ရည်ရွယ်ထားလေသည်။

ငန်းကြီး တစ်ကောင်ကို လွှတ်ပေးလိုက်ခြင်းက ဂေဟစနစ် အပေါ် မည်သည့် သက်ရောက်မှုမှ ရှိမည် မဟုတ်ဘဲ ထိုနေရာက ဤကောင်လေးနှင့် ပို၍ သင့်တော်လောက်ပေမည်။

နောက်ထပ် တစ်ရက် ကုန်လွန်သွားပြန်ပြီး မွန်းလွဲပိုင်း အချိန်သို့ ရောက်ရှိလာခဲ့သည်။

ရွှီယန်က ခြံဝင်းထဲတွင် ထိုင်ကာ အနားယူနေလေသည်။

ထိုစဉ်မှာပင် ရှောင်ဟေး က ရုတ်တရက် ဟောင်သံ နှစ်ချက် ပေးလိုက်ပြီးနောက် အထဲသို့ လျင်မြန်စွာ ပြေးဝင်လာခဲ့သည်။

ကိစ္စ တစ်ခုခု ရှိနေမှန်း ရွှီယန် သိလိုက်သဖြင့် နောက်မှ လိုက်ထွက်သွားလိုက်သည်။

အပြင်သို့ ရောက်သည်နှင့် မလှမ်းမကမ်းတွင် အညိုရောင် ခွေးပေါက်လေး နှစ်ကောင်ကို မြင်တွေ့လိုက်ရသည်။ ပုံစံလေးတွေက နို့နံ့လေးတွေ မစင်သေးဘဲ ဖော်ပြ၍ မရနိုင်လောက်အောင် ချစ်စရာ ကောင်းနေလေသည်။

မွေးခါစ ခွေးပေါက်လေးများ ဖြစ်ကြောင်း သိသာလှပေသည်။

တိရစ္ဆာန် အတော်များများက လယ်ယာခြံဝင်းကို ကလေးထိန်းကျောင်း တစ်ခုအဖြစ် သတ်မှတ်ထားကြလေသည်။ ဥပမာအားဖြင့် မြေခွေးများ... ကျားသစ်များ အစရှိသည်တို့ ပင် ဖြစ်သည်။

ယခု ဤခွေးပေါက်လေး နှစ်ကောင် ကလည်း ထိုနည်းတူစွာပင် ဖြစ်နေကြောင်း သိသာလှပေသည်။

"ရှောင်ဟေး... မင်း လုပ်ထားတဲ့ ကိစ္စတွေကို ကြည့်လိုက်ဦး..."

"ဒီတစ်ခါကော မင်းကို လာရှာတာလား..."

ရွှီယန်က မနေနိုင်ဘဲ ရယ်မောကာ ဆူပူလိုက်သည်။

"ဝုတ် ဝုတ် ဝုတ် ဝုတ်..."

ရှောင်ဟေး က ချက်ချင်းပင် ဟောင်လိုက်ရာ အသံက အနည်းငယ် စိုးရိမ်တကြီး ဖြစ်နေလေသည်။

'ဒါ ကျွန်တော် လုပ်တာ မဟုတ်ဘူး' ဟု ပြောနေသည့် အလားပင်။

ရွှီယန်က ၎င်း၏ စကားကို နားလည်သွားပြီး အနည်းငယ် အံ့အားသင့်သွားရသည်။

"မင်း လုပ်တာ မဟုတ်ဘူး..."

ရွှီယန်က ၎င်း၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

"မင်းကို အထင်လွဲသွားတာပဲ..."

"ဒါဆို ဘယ်သူ့ ကလေးတွေလဲ... ယွမ်ပေါင် ကလေးတွေလား..."

"မာလီနွိုက်ခွေး ပေါက်လေးတွေ နဲ့ နည်းနည်း တူသလိုပဲနော်..."

ရွှီယန်က အနားသို့ သွားကာ ဤခွေးပေါက်လေး နှစ်ကောင်ကို သေချာစွာ ကြည့်ရှုလိုက်သည်။

ဤကောင်လေး နှစ်ကောင်က ဖွံ့ဖြိုးမှု အပြည့်အဝ မရှိသေးဘဲ လမ်းလျှောက်ရာတွင်ပင် အနည်းငယ် ခက်ခဲနေကာ ယိမ်းထိုးနေကြလေသည်။

ရွှီယန် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။

ဒီခွေးတွေက နည်းနည်း ထူးခြားနေသလိုပဲ။

ဤအချိန်တွင် မာလီနွိုက်ခွေး ကလည်း ပြေးလာခဲ့ပြီး ၎င်းကိုယ်တိုင်လည်း အပြစ်ကင်းစင်သော မျက်နှာ အမူအရာမျိုး ဖြစ်နေလေသည်။

"ယွမ်ပေါင်... မင်း ကလေးတွေလား..."

ရွှီယန်က မေးလိုက်သည်။

မာလီနွိုက်ခွေး က အပြစ်ကင်းစင်သော အမူအရာမျိုး ပြသကာ အနည်းငယ် သံသယ ဝင်နေပုံ ရလေသည်။

၎င်းကို မြင်သောအခါ ရွှီယန်က အံ့ဩတကြီးဖြင့် ပြောလိုက်သည်။

"မင်း ကလေးတွေလည်း မဟုတ်ဘူးလား... ဒါဆို ဘယ်သူ့ ကလေးတွေလဲ..."

"ကိုယ့်ဘာသာကိုယ် ပြေးလာတာလား... မဖြစ်နိုင်ပါဘူး... ဒီလောက် သေးငယ်တဲ့ အရွယ်မှာ မိခင်ခွေး က သေချာပေါက် အဝေးကို ပေးမသွားဘူးလေ..."

"ရှောင်ဟား ဟာလေးတွေလား... အဲဒါက ပိုလို့တောင် မဖြစ်နိုင်သေးဘူး... သူမှ အဲဒီ စွမ်းရည် မရှိတော့တာ..."

ရွှီယန် သံသယ ဝင်နေစဉ်မှာပင် ဝံပုလွေပေါက်လေး က အနားသို့ ကပ်လာပြီး ရွှီယန်၏ ဘောင်းဘီစကို ညင်သာစွာ ဆွဲလိုက်သည်။

ရွှီယန်က အောက်သို့ ငုံ့ကြည့်လိုက်ရာ ဝံပုလွေပေါက်လေး ၏ နားရွက်များက အနောက်သို့ လန်နေပြီး မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေကာ မျက်လုံးများထဲတွင် ချွဲနွဲ့မှုများ အပြည့် ပါဝင်နေပြီး မျက်နှာ တစ်ခုလုံး ကလည်း ပုံမှန်ထက် ပို၍ ရှည်လျားနေပုံ ရလေသည်။

ရွှီယန် ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

"မင်း ကလေးတွေ..."

"မင်း ဘယ်က ရလာတာလဲ..."

"ဒီနှစ်ကောင်က ဝံပုလွေတွေလား..."

ရွှီယန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဤဝံပုလွေပေါက်လေး နှစ်ကောင်ကို သေချာစွာ ကြည့်ရှုလိုက်သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဝံပုလွေများ မွေးခါစ အချိန်တွင် ရွာခွေးများ နှင့် ရုပ်ထွက်ချင်း အများကြီး ကွာခြားမှု မရှိချေ။

အားလုံးက အညိုရောင် သို့မဟုတ် အမည်းရောင်များ ဖြစ်ကြပြီး အနည်းငယ် တုံးအပုံ ရကာ ခေါင်းကလည်း ဖောင်းဖောင်း လုံးလုံးလေးများ ဖြစ်ကြသည်။

ကြီးလာသောအခါမှသာ ကွာခြားမှုများ ပေါ်လွင်လာခြင်း ဖြစ်သည်။

အစကတော့ ဤကောင်လေး နှစ်ကောင်ကို ဝံပုလွေများ ဖြစ်မည်ဟု ရွှီယန် မတွေးထားခဲ့မိချေ။

ယခု သေချာစွာ ကြည့်လိုက်သောအခါ ကွာခြားချက်များကို တကယ်ပင် မြင်တွေ့လိုက်ရသည်။

"တကယ်ကြီး ဝံပုလွေတွေ ပါလား... ဝံပုလွေပေါက်လေး... မင်းကို အလိမ္မာဆုံးလို့ ငါ အမြဲတမ်း ထင်ထားခဲ့တာ..."

ရွှီယန်က ပြုံးကာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ဝံပုလွေပေါက်လေးက မျက်လုံးများကို မှိတ်ကာ ချွဲနွဲ့သော အမူအရာကို ပြသလိုက်ပြီး ရွှီယန်၏ အရှေ့သို့ တက်ကြွစွာ ပြေးလာကာ အမြီးကို လှုပ်ခါလျက် ဗိုက်ကို လှန်ပြလိုက်တော့သည်။

ဒီကောင်လေး ကလည်း မျက်နှာလိုမျက်နှာရ လုပ်တတ်နေပြီပဲ။

"ရတယ်... ငါ မွေးထားပေးလို့ ရပါတယ်... ဒါပေမဲ့ သူတို့ အမေက ဘယ်မှာလဲ... မိခင် ဝံပုလွေ ကော..."

ရွှီယန်က မေးမြန်းလိုက်သည်။

ထိုစကားကို ကြားသောအခါ ဝံပုလွေပေါက်လေး က အပြင်ဘက်သို့ ချက်ချင်း ပြေးထွက်သွားပြီး ဝံပုလွေဟောင်သံ အနည်းငယ် ပေးလိုက်သည်။

အချိန် သိပ်မကြာခင်မှာပင် ဝံပုလွေမ နှစ်ကောင်က ခြေသွက်လက်သွက်ဖြင့် ပြေးလာသည်ကို မြင်တွေ့လိုက်ရရာ အတော်လေး ပျော်ရွှင်နေပုံ ရလေသည်။

"ဒီဝံပုလွေ နှစ်ကောင်က... မှတ်မိတယ်... ဆောင်းဦးရာသီ တုန်းက ငါ့ လယ်ယာခြံဝင်း ကို လာဖူးတယ်လေ..."

ရွှီယန်က ဝံပုလွေမ များကို တစ်ချက်တည်းဖြင့် မှတ်မိသွားတော့သည်။

ပြီးခဲ့သောနှစ်က ဝံပုလွေပေါက်လေး က ဤဝံပုလွေမ နှစ်ကောင် နှင့် အဆင်ပြေသွားခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း သူ နားလည်သွားခဲ့သည်။

သူကိုယ်တိုင် လုံးဝ မသိရှိခဲ့ခြင်းပင်။

"ဝံပုလွေပေါက်လေး... မင်းကို အလိမ္မာဆုံးလို့ ငါ ထင်ထားခဲ့တာ..."

"ကလေးတောင် ရနေပြီကိုး..."

"တကယ်ကိုပဲ... အစွမ်းထက်တာပဲ..."

ရွှီယန်က သက်ပြင်းချကာ ပြောလိုက်သည်။

ဘေးနားရှိ ရှောင်ဟေး ကတော့ 'မင်း နောက်ဆုံးတော့ သိသွားပြီပေါ့' ဟူသော အပြုံးမျိုး ပြုံးနေလေသည်။

၎င်းက အထူးပင် ပျော်ရွှင်နေပုံ ရလေသည်။

ဖြစ်နိုင်သည်မှာ ဤခွေးလေးများ၏ အမြင်တွင် ဤကဲ့သို့သော ကိစ္စများက မကောင်းသော ကိစ္စများ ဖြစ်ပြီး သခင် ဖြစ်သူက အပြစ်တင်မည်ဟု ထင်မှတ်ထားကြခြင်း ဖြစ်လောက်ပေသည်။

သို့သော် ရွှီယန်က လုံးဝ ထိုသို့ မတွေးထားချေ။

ထိုအစား သူက နွားနို့ သွားယူကာ ဤဝံပုလွေပေါက်လေး နှစ်ကောင်ကို နွားနို့ အနည်းငယ် တိုက်ကျွေးရန် ပြင်ဆင်လိုက်သည်။

မည်သို့ပင်ဖြစ်စေ အကောင်ပေါက်လေးများ ၏ ရုပ်ရည်က အလွန် လှပပြီး လူချစ်လူခင် ပေါများလှပေသည်။

ဝံပုလွေမ များကတော့ လယ်ယာခြံဝင်း အတွင်းသို့ မဝင်ရဲကြချေ။ မည်သို့ပင်ဖြစ်စေ တောဝံပုလွေများ ဖြစ်သဖြင့် တောရိုင်းဆန်သော စရိုက် ရှိနေသေးသည်။

သေချာသည်ကတော့ ၎င်းတို့ နှစ်ကောင်တည်း ဖြစ်သဖြင့် လူကို အန္တရာယ်ပြုမည့် ကိစ္စများ ဖြစ်ပေါ်လာမည်ကိုတော့ စိုးရိမ်ရန် မလိုအပ်ချေ။

ဤနေရာမှ ရွာသူရွာသားများ က ဝံပုလွေများကို မကြောက်ကြဘဲ ဝံပုလွေများ ကသာ လူကို ကြောက်ရမည် ဖြစ်သည်။

ရွှီယန်က ဘေးဘက်တွင် ဝံပုလွေပေါက်လေးများ နှင့် ဆော့ကစားနေပြီး ဝံပုလွေမ များကတော့ အဝေးမှနေ၍ ကြည့်ရှုနေကြကာ အနည်းငယ်မျှပင် မလှုပ်ရှားရဲကြချေ။

၎င်းတို့၏ အမြင်တွင် ရွှီယန်က ဤနေရာ၏ ဘုရင် တစ်ပါးဖြစ်ပြီး အာဏာစက်က အလွန် ကြီးမားလှပေသည်။

ဝံပုလွေပေါက်လေးများ နှင့် ဆော့ကစားခြင်းမှာ သေချာပေါက် လုပ်သင့်လုပ်ထိုက်သော ကိစ္စတစ်ခုပင် ဖြစ်လေသည်။

ရွှီယန် ကတော့ အများကြီး တွေးတောမနေဘဲ နေ့လယ်စာ စားချိန်တွင် အလုပ်သမားများကို ဝံပုလွေပေါက်လေး နှင့် ဝံပုလွေမ များ၏ အခြေအနေကို ဂရုစိုက်ကြည့်ရှုရန် မှာကြားလိုက်သည်။

"ဘာ... အဲဒီ နှစ်ကောင် က ဝံပုလွေတွေ လား..."

ရွှီယန်၏ စကားကို ကြားသောအခါ ဝမ်ဝူ ပင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

သူလည်း ဤဝံပုလွေပေါက်လေးများကို မြင်တွေ့ခဲ့ပြီး ဖြစ်သည်။

ရွာခွေးများ ဟု ထင်မှတ်ကာ သွားရောက် ဆော့ကစားခဲ့သေးသည်။

ဝံပုလွေများ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

"ဟုတ်တယ်... ဝံပုလွေတွေ... ဒါပေမဲ့ အကောင်ပေါက်လေး အရွယ်မှာတော့ သွားကိုင်လည်း ကိစ္စမရှိပါဘူး..."

"ဒါပေမဲ့ ဝံပုလွေမ တွေရဲ့ အရှေ့မှာတော့ သွားမဆော့ကြနဲ့ပေါ့..."

"ဝံပုလွေမ တွေက ခင်ဗျားတို့ကို သဘောတူချင်မှ တူမှာ..."

ရွှီယန်က ရယ်မောကာ ပြောလိုက်သည်။

အားလုံးက ခေါင်းညိတ် သဘောတူလိုက်ကြသည်။

ယခုအခါ လယ်ယာခြံဝင်း တွင် လူအင်အား များပြားလာသဖြင့် ထမင်းစားခန်း ထဲတွင်လည်း ကြည့်ရသည်မှာ ဆူညံပွက်လောရိုက်ပြီး စည်ကားနေလေသည်။

ရွှီယန်က မနက်ဖြန် အပြင်ထွက်မည့် အကြောင်းကိုပါ အားလုံးကို ပြောပြလိုက်သေးသည်။

အားလုံးက ရိုးအီနေပြီဖြစ်ရာ ဘာမှ မထူးဆန်းတော့ဟုသာ ထင်မှတ်နေကြတော့သည်။

All Chapters