အခန်း ၃၇၆
Vol. 38 Ch. 376
အခန်း (၃၇၆) ကျားသစ်နက် - "ရှောင်ဟေး... မင်းက နည်းနည်း မွှေးနေသလိုပဲနော်"
ရွှီယန်က ဟူနန် ပြည်နယ်တွင် စုယွီထုံ၊ ယန်ရွှမ်ရွှမ် တို့နှင့်အတူ ရက်အနည်းငယ်ခန့် လည်ပတ်ခဲ့ပြီး ချန်ရှား မြို့သို့လည်း တစ်ခေါက် သွားရောက်ခဲ့သေးသည်။ ထို့နောက်တွင်တော့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။
သူတို့ နှစ်ယောက်စလုံးတွင် ကိုယ်စီ လုပ်စရာ ကိစ္စများ ရှိနေကြသည်။
ကိုယ့်ဘဝနှင့် ကိုယ် ဆက်လက် ဖြတ်သန်းသွားရမည်သာ ဖြစ်သည်။
တစ်ခါတစ်ရံမှသာ တွေ့ဆုံရန် ချိန်းဆိုပြီး အချင်းချင်း ပိုမို နားလည်အောင် ကြိုးစားကြမည် ဖြစ်သည်။
စုယွီထုံ က ရုပ်ဝတ္ထု ပိုင်းဆိုင်ရာ တွင်တော့ မည်သည့် တောင်းဆိုမှုမှ မရှိချေ။ သူမ၏ မိသားစုက အတော်လေး ချမ်းသာပြီး သူမကို လက်ထပ်ပေးမည့် အချိန်တွင် လက်ဖွဲ့ငွေ တစ်ရပ် ပေးမည်ဟု စောစောစီးစီး ကတည်းက ပြောထားပြီး ဖြစ်လေသည်။
သို့သော် တကယ်တမ်း လက်ထပ်မည့် ကိစ္စအတွက် ဆိုလျှင်တော့ တစ်ခုတည်းသော တောင်းဆိုချက် မှာ မိဘများနှင့် တွေ့ဆုံရန်နှင့် မိဘများ၏ သဘောတူညီချက် ရရှိရန်သာ ဖြစ်သည်။
ဤသည်ကလည်း အလွန် ပုံမှန်ပါပင်။ အိမ်ထောင်ရေး ကိစ္စနှင့် ပတ်သက်လာလျှင် အမျိုးသား နှင့် အမျိုးသမီး တို့၏ တွေးခေါ်ပုံက မတူညီကြချေ။
အချိန် အတော်များများတွင် အမျိုးသားများ က ကိုယ်ပိုင် ဆုံးဖြတ်ချက် ချနိုင်ကြပြီး မိဘများက သဘောမကျလျှင်တောင်မှ အမျိုးသား အများစုက ဤအချစ်ရေးကို ဆက်လက် ထိန်းသိမ်းထားနိုင်ကြလေသည်။
အမျိုးသမီးများ ကတော့ ထိုသို့ မဟုတ်ချေ။ အကယ်၍ အမျိုးသမီး ဘက်မှ မိဘများက သဘောမတူပါက ဤအချစ်ရေးက ပျက်စီးသွားရန် ရာခိုင်နှုန်း အလွန် များပြားလှပေသည်။
ထိုနည်းတူစွာပင် မိန်းကလေးများ ကလည်း မိမိတို့၏ အချစ်ရေးကို မိဘများ၏ ကောင်းချီးပေးမှု ရရှိစေချင်ကြလေသည်။ မိသားစု အခြေအနေ ကောင်းမွန်သော လိမ္မာသည့် မိန်းကလေးများ အားလုံးက ဤကဲ့သို့သော အတွေးမျိုး ရှိကြလေသည်။
သူတို့ နှစ်ယောက်စလုံးက တူညီသော အနာဂတ် တစ်ခုဆီသို့ ဦးတည် ကြိုးစားနေကြသူများ ဖြစ်ရာ ဤကိစ္စများကို စောစောစီးစီး ဆွေးနွေးထားခြင်း ကလည်း ကောင်းမွန်လှပေသည်။
ထို့နောက် ရွှီယန်က သူ၏ လယ်ယာခြံဝင်း သို့ ပြန်လာခဲ့သည်။
ဤတစ်ကြိမ် အပြင်ထွက်ခဲ့သည်မှာ အတော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ခွေးလေးများက မစောင့်ဆိုင်းနိုင်တော့ဘဲ အပြင်သို့ ပြေးထွက်လာကာ မျက်နှာချို သွေးနေကြတော့သည်။
၎င်းတို့က ရွှီယန်ကို ဝိုင်းရံထားပြီး အမြီးများကို အလွန် မြန်ဆန်စွာ လှုပ်ခါနေကြလေသည်။
အထူးသဖြင့် ရှောင်ဟေး ဖြစ်ပြီး အမြီးကို ဟိုဘက်ဒီဘက် လှုပ်ခါနေသည့် အရှိန်က အလွန် မြန်ဆန်လှပေသည်။
တိုက်ဆိုင်စွာပင် ဟက်စကီ က ၎င်း၏ ဘေးတွင် ရှိနေသဖြင့် ရှောင်ဟေး ၏ အမြီး ရိုက်ခတ်မှုကို အကြိမ်အနည်းငယ် ခံလိုက်ရလေသည်။
ဟက်စကီ က သည်းမခံနိုင်တော့ဘဲ 'ဝုတ် ဝုတ်' ဟု ဟောင်လိုက်ရာ အနည်းငယ် လွန်လွန်းနေပြီဟု ဆိုလိုခြင်း ဖြစ်သည်။
ရှောင်ဟေး က ၎င်းကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။
ခြံဝင်းထဲရှိ တိရစ္ဆာန်များမှာ အလွန် ဆူညံပွက်လောရိုက် နေကြလေသည်။
ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် အလုပ်သမားများ ထံမှ အစီရင်ခံစရာ ကိစ္စ အများအပြား ရှိနေလေသည်။
မှန်လုံအိမ် တည်ဆောက်ရေး အခြေအနေ... လယ်ကွင်းများ အတွင်းရှိ သီးနှံများ ကြီးထွားမှု အခြေအနေ နှင့် တိရစ္ဆာန်များ၏ အခြေအနေ အားလုံး ပါဝင်လေသည်။
ဘဏ္ဍာရေး တာဝန်ခံ မိန်းကလေး ကဲလင်း ကလည်း ဘဏ္ဍာရေး အခြေအနေ များကို အစီရင်ခံ တင်ပြလေသည်။
သူဌေး ဖြစ်လာပြီဆိုမှတော့ ဤအရာများ အားလုံးကို သိရှိထားရမည်သာ ဖြစ်သည်။
ယေဘုယျအားဖြင့် ကြီးကြီးမားမား ပြဿနာ မရှိသော်လည်း ဂရုစိုက်ရမည့် ကိစ္စ အချို့တော့ ရှိနေသေးသည်။
လယ်ယာခြံဝင်း ဖွင့်လှစ်ရာတွင် အဓိက အခက်အခဲ ကြီးများ အဆင့် သုံးဆင့် ရှိလေသည်။ ပထမ အဆင့်မှာ အတွေ့အကြုံ မရှိသဖြင့် ဘာစိုက်စိုက် မအောင်မြင်... ဘာမွေးမွေး မရှင်သန် ဖြစ်တတ်ပြီး အချိန်ကြာလာမှသာ အတွေ့အကြုံ နှင့် နည်းလမ်းများကို ရှာဖွေ တွေ့ရှိနိုင်ခြင်း ဖြစ်သည်။
ဒုတိယ အဆင့်မှာ ကုန်ပစ္စည်းများ ရောင်းချပြီးနောက် ငွေကြေးများကို အချိန်မီ မရရှိသဖြင့် ငွေကြေး လည်ပတ်မှု ပြတ်တောက်သွားကာ အရှုံးပေါ်ခြင်း ဖြစ်သည်။
တတိယ အဆင့်မှာ မျက်ကန်းတစ္ဆေ မကြောက် လုပ်ငန်းများကို တိုးချဲ့ကာ ရင်းနှီးမြှုပ်နှံမှုများကို ဖြန့်ကျက် လိုက်သဖြင့် ရန်ပုံငွေ မလုံလောက်တော့ဘဲ အရှုံးပေါ်ခြင်း ပင် ဖြစ်သည်။
ရွှီယန်က ယခုအခါ လုပ်ငန်းများ တိုးချဲ့နေသည့် တတိယ အဆင့်တွင် ရောက်ရှိနေလေသည်။
သို့သော် သူက မျက်ကန်းတစ္ဆေ မကြောက် တိုးချဲ့နေခြင်း မဟုတ်ဘဲ ဘလူးဘယ်ရီ ၏ နာမည်ကျော်ကြားမှု ကြောင့် လောလောဆယ်တွင် ဈေးကွက် လိုအပ်ချက် လုံးဝ မပြတ်လပ်နိုင်ချေ။
"ခြံရှင်... အခုတလော ဘလူးဘယ်ရီ စိုက်တဲ့သူတွေ တော်တော် များလာတယ်... ဘေးနားက မြို့ တစ်မြို့ ဆိုရင် တစ်မြို့လုံး နီးပါး ဘလူးဘယ်ရီ တွေချည်း စိုက်နေကြတာ... ကြည့်ရတာ ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်ချင်ပုံပဲ..."
"ကျွန်တော် ကြားတာတော့ သူတို့က ကျွန်တော်တို့ ဘလူးဘယ်ရီတွေ ဘယ်လမ်းကြောင်း တွေကနေ ရောင်းလဲ ဆိုတာကို အမြဲတမ်း လူလွှတ်ပြီး စုံစမ်းနေကြတယ် တဲ့... နေရာဝင်ယူချင်တဲ့ ပုံပဲ..."
"ဒီလူတွေက ကျွန်တော်တို့ရဲ့ ပူးပေါင်း လုပ်ဆောင်သူ တွေဆီ သွားဆက်သွယ်ပြီး ဈေးလျှော့ပေးမယ် ဆိုပြီး ကျွန်တော်တို့ရဲ့ အလုပ်ကို လုသွားမှာ စိုးရိမ်တယ်..."
မာဝန် က ရွှီယန်ကို အစီရင်ခံ တင်ပြလိုက်သည်။
ထိုစကားကို ကြားသောအခါ ရွှီယန်က ခေါင်းညိတ်လိုက်သည်။
ပြည်တွင်းတွင် ဤကဲ့သို့ ယှဉ်ပြိုင် လုယက်သည့် အခြေအနေမျိုးက အလွန် အဖြစ်များလှပေသည်။
တကယ်တမ်းတွင် လယ်ယာခြံဝင်း ဖွင့်လှစ်ရာ၌ အသေးအဖွဲ ကိစ္စများ အလွန် များပြားသော်လည်း ရွှီယန် ကတော့ အမြဲတမ်း သိပ်ပြီး ဂရုစိုက်ချင်စိတ် မရှိချေ။
"ဒီအရာတွေ အတွက် ဂရုစိုက်နေစရာ မလိုပါဘူး... ငါ့ရဲ့ အရောင်းလမ်းကြောင်း က အတော်လေး တည်ငြိမ်ပါတယ်..."
"အဆင့်မြင့် ဈေးကွက် မှာက အားလုံးက မျက်နှာပန်း လှသူတွေချည်းပဲ ဆိုတော့ အလွယ်တကူ စာချုပ် ဖျက်သိမ်းမှာ မဟုတ်ပါဘူး..."
"သူတို့ရဲ့ တွေးခေါ်နိုင်စွမ်း ကလည်း နားလည်နိုင်မှာ မဟုတ်ဘူးလေ..."
ရွှီယန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
သူ ပြောသကဲ့သို့ပင် ဘလူးဘယ်ရီ ကုန်သည် အများအပြား က ရွှီယန်၏ အလုပ်ကို လုယူရန် ကြိုးစားခဲ့ကြသော်လည်း နောက်ဆုံးတွင်တော့ ထိုပူးပေါင်း လုပ်ဆောင်သူ များ၏ မျက်နှာကိုပင် မမြင်တွေ့ခဲ့ရချေ။
တစ်ဖက်လူများ က သူတို့ကို လုံးဝ အဖက်မလုပ်ခဲ့ခြင်းပင်။
မည်သို့ပင်ဖြစ်စေ ရွှီယန်၏ ဘလူးဘယ်ရီ များက မူလကတည်းက ရှားပါးနေပြီဖြစ်ပြီး ယခုအခါ ရှုခင်းသာ နေရာများနှင့် ကျင်းတိုမြို့ ဘက်မှ ဘလူးဘယ်ရီ လိုချင်သူများက တန်းစီ၍ပင် စောင့်ဆိုင်း နေကြရလေသည်။
"ဟုတ်တယ်လေ... ကျွန်တော်တို့ရဲ့ ဘလူးဘယ်ရီ တွေက တကယ်ကို မတူတာပဲ..."
မာဝန် ကလည်း ရယ်မောလိုက်သည်။
လယ်ယာခြံဝင်း တွင် မှီခို အားထားရမည့် ဖဲချပ် ရှိနေသရွေ့ ဖွံ့ဖြိုးတိုးတက်မှု ကလည်း တည်ငြိမ်နေမည်သာ ဖြစ်သည်။
အခြား အရာများ ကတော့ ပန်းပေါ်တွင် ပန်းထပ်မွမ်း သကဲ့သို့သာ ဖြစ်လေသည်။
ရွှီယန်က မိမိ၏ ခြံဝင်းထဲသို့ ပြန်လာခဲ့သည်။
သူ၏ ခြံဝင်း အလှဆင်ထားမှု ကလည်း အလွန် ကောင်းမွန်ပြီး နှစ်ထပ် ခေတ်မီ အိမ်ငယ်လေး ၏ အလှဆင်မှု ကလည်း အထူး သေသပ် လှပပေသည်။
အားလုံးက ပြီးခဲ့သောနှစ်ကမှ အသစ် တည်ဆောက်ထားသော အဆောက်အအုံများ ဖြစ်ရာ လူနေမှု ဘဝ အရည်အသွေး ကတော့ သေချာပေါက် ညံ့ဖျင်းမည် မဟုတ်ချေ။
ရွှီယန် ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် မျောက်သေရည် မည်သို့ ချက်လုပ်ရမည် ဆိုသည်ကို ပထမဆုံး အနေဖြင့် လေ့လာလိုက်သည်။
ဝူလင်ယွမ် သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် အကြီးမားဆုံးသော ဆုလာဘ် မှာ ဤမျောက်သေရည် ချက်လုပ်နည်း အချိုးအစား ပင် ဖြစ်လေသည်။
မျောက်သေရည် ဟု ခေါ်သော်လည်း တကယ်တမ်းတွင် သစ်သီးဝလံများဖြင့် ချက်လုပ်သော သစ်သီးအရက် သာ ဖြစ်ပြီး မျိုးစုံသော သစ်သီးဝလံများကို ပေါင်းစပ်၍ ချက်လုပ်ရခြင်း ဖြစ်သည်။
"အခုခေတ် လူတွေရဲ့ အရက်ချက်တဲ့ နည်းပညာက အတော်လေး ကောင်းမွန်နေပြီ... အထူးသဖြင့် အရက်ချက်စက်ရုံ အကြီးကြီးတွေ ဆိုရင် မျိုးစုံသော အရက်ဖြူ တွေရဲ့ အရသာက အလွန် ကောင်းမွန်တာ..."
"လယ်သမား တွေရဲ့ ပြောင်းဖူးအရက် နဲ့ ပီလောပီနံ အရက် တွေကလည်း အတော်လေး လူကြိုက်များတယ်..."
"ဒါပေမဲ့ သစ်သီးအရက် တွေကတော့ အအေးယမကာ အနေနဲ့ပဲ များတယ်... အကုန်လုံးက အရက်ပြင်းအား အရမ်း နိမ့်တဲ့ဟာတွေ ချည်းပဲ..."
"ဝိုင် အရက် ကလွဲလို့ပေါ့..."
"ငါကတော့ အရသာ မတူညီတဲ့ သစ်သီးအရက် နှစ်မျိုးလောက် ချက်ကြည့်ပြီး စမ်းသပ်ကြည့်လို့ ရတာပေါ့..."
ရွှီယန်က စိတ်ထဲမှ တွေးတောနေလိုက်သည်။
ပြောပြီးသည်နှင့် သူက ချက်ချင်းပင် စတင် လုပ်ဆောင်တော့သည်။
ထို့ကြောင့် သူက အရက်ချက်ရန် အတွက် အရက်အိုးများကို သွားရောက် ရှာဖွေကာ သစ်သီးများကိုလည်း ရှာဖွေပြီး အရက်ချက်ရန် လိုအပ်သော ပစ္စည်းများကို ကိုယ်တိုင် သွားရောက် ဝယ်ယူခဲ့လေသည်။
ခြံဝင်းထဲတွင် အရက်ချက်ရန် လေ့လာနေလိုက်သည်။
အလုပ်သမားများ က သူ တစ်ခုခု လုပ်ဆောင်နေသည်ကို မြင်တွေ့ကြသော်လည်း ဘာလုပ်နေမှန်းကိုတော့ မသိကြချေ။
အားလုံး၏ ရင်ထဲတွင် အနည်းငယ် စူးစမ်းချင်စိတ် ဖြစ်ပေါ်နေကြလေသည်။
"ခြံရှင် ဘာလုပ်နေတာလဲ..."
"မသိဘူးလေ... ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေများ လုပ်နေတာလား... သူက ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေ စားရတာ အတော်လေး နှစ်သက်တယ်လေ..."
"မတူပါဘူး..."
ရွှီယန် လုပ်ဆောင်သော ကိစ္စများက အမြဲတမ်း အလွန် အံ့ဩဆန်းကြယ် လှပေသည်။
အလုပ်သမားများ၏ ရင်ထဲတွင် ရွှီယန်က တကယ့်ကို နတ်ဘုရား တစ်ပါးအလား ဖြစ်နေလေသည်။
လယ်ယာခြံဝင်း ၏ ပတ်ဝန်းကျင် အခြေအနေ ကလည်း အတော်လေး ကောင်းမွန်လှသည်။ အကြောင်းမှာ ရွှီယန်က အလုပ်သမား ငှားရမ်းရာတွင် အလုပ်သမား၏ လူ့ကျင့်ဝတ်ကို အရင်ဆုံး ကြည့်ရှုပြီး ပုံမှန်အားဖြင့် တက္ကသိုလ် ဘွဲ့ရဖြစ်ပြီး ကောင်းမွန်သော ပညာရေးကို သင်ကြားခဲ့သူများ ဖြစ်ရမည် ဟု သတ်မှတ်ထားသောကြောင့်ပင်။
သို့မဟုတ် လီဆန်း ကဲ့သို့ စိတ်သဘောထား ဖြူစင်ပြီး အလုပ်ကြိုးစားသူ မျိုး ဖြစ်ရမည်။
ဤကဲ့သို့သော လူမျိုးများနှင့် အတူ နေထိုင်ရသည်မှာ ရှုပ်ထွေးသော ကိစ္စများ မရှိသဖြင့် လယ်ယာခြံဝင်း ၏ ပတ်ဝန်းကျင် ကလည်း ကောင်းမွန်ခြင်း ဖြစ်လေသည်။
အကယ်၍ ရွာထဲတွင် သာမန် လူငယ်လေးများကို ဖြစ်သလို ငှားရမ်းမည် ဆိုပါက ပြဿနာများ အများအပြား ရှိလာနိုင်ပေသည်။
မျောက်သေရည် ၏ ချက်လုပ်နည်း အချိုးအစား က အထူးခြားဆုံး ဖြစ်ပြီး အနံ့သင်းသော အရက်မျိုး ချက်လုပ်မည် ဆိုပါက ၁၀ ရက်ခန့် ကြာမြင့်မည် ဖြစ်ကာ အရက်ပြင်းအား မမြင့်မားလှချေ။ အနံ့ပြင်းသော အရက်မျိုး ချက်လုပ်မည် ဆိုပါက ၂၅ ရက်ခန့် ကြာမြင့်မည် ဖြစ်ပြီး အရက်ပြင်းအား အနည်းငယ် ပိုများမည် ဖြစ်သည်။
တိုက်ဆိုင်စွာပင် နောက်ထပ် အချိန်ကာလ တစ်ခု အကြာတွင် ဘလူးဘယ်ရီများ မှည့်လာတော့မည် ဖြစ်ပြီး ပူးပေါင်း လုပ်ဆောင်သူ အများအပြား ရောက်လာကြတော့မည် ဖြစ်သည်။
ထိုအချိန်ကျပါက ဤလူများကို လယ်ယာခြံဝင်း မှ ချက်လုပ်ထားသော အရက်လေး အနည်းငယ် တိုက်ကျွေးနိုင်မည် ဖြစ်သည်။
ကုန်ပစ္စည်း ထောက်ပံ့သူ တစ်ဦး အနေဖြင့် လယ်ယာခြံဝင်း က လှပသေသပ်သော လက်ဆောင် အချို့ကို ပြင်ဆင်ထားမည် ဖြစ်သည်။
ဥပမာအားဖြင့် အရည်အသွေး ကောင်းမွန်သော သစ်သီးများ... ပုံစံ လှပသော ကျောက်မျက် ပြောင်းဖူးများ အစရှိသည်တို့ ပင် ဖြစ်သည်။
ဤသို့ဖြင့် စေတနာကို ဖော်ပြနိုင်သလို လယ်ယာခြံဝင်း ၏ စနစ်တကျ ရှိမှုကိုပါ ပြသနိုင်မည် ဖြစ်သည်။
ထို့အပြင် ရွှီယန်က လယ်ယာခြံဝင်းကို ကုမ္ပဏီ အဖြစ် မှတ်ပုံတင်ထားသဖြင့် အခွန်ပေးဆောင်ခြင်း ကဲ့သို့သော ကိစ္စများတွင်လည်း အတော်လေး ဥပဒေနှင့် အညီ ဖြစ်လေသည်။ ယခုအခါ မြို့နယ်က သူ့အပေါ်တွင် အထူးပင် ရိုသေလေးစား နေကြလေပြီ။ ရွှီယန်က ဒေသတွင်း၌ အခွန် အများဆုံး ပေးဆောင်သူ တစ်ဦး ဖြစ်နေသည် မဟုတ်ပါလော။
ထို့ကြောင့် ရာထူး အဆင့်အတန်း ကလည်း သေချာပေါက် မြင့်မားမည်သာ ဖြစ်သည်။
သူ၏ ကုမ္ပဏီ အမည်တိုလေး မှာ 'ရွှီယန်၏ လယ်ယာခြံဝင်း' ပင် ဖြစ်ပြီး အမြဲတမ်း ဖုံးကွယ်ထားခြင်း မရှိချေ။
သစ်သီးအရက်များ အားလုံးကို ချက်လုပ်ပြီးစီးသွားသောအခါ ရွှီယန်က လယ်ယာခြံဝင်း ၏ နေ့စဉ် လုပ်ငန်းဆောင်တာများကို ဆက်လက် လုပ်ဆောင်နေလိုက်သည်။
ယခုတလော သူ၏ သတ္တိကလည်း အတော်လေး ကောင်းလာပြီး ကျားသစ်နက်လေး နာနာ ကို လယ်ယာခြံဝင်း ထဲသို့ တိုက်ရိုက် ခေါ်ဆောင်လာခဲ့လေသည်။
ကျားသစ်နက်လေး နာနာ က လယ်ယာခြံဝင်း ထဲရှိ လူများနှင့် တိရစ္ဆာန်များကို အနည်းငယ် ကြောက်ရွံ့နေသေးသဖြင့် ရွှီယန်၏ အနားတွင်သာ အမြဲတမ်း ကပ်နေလေသည်။
ရွှီယန်က ၎င်း၏ ခေါင်းကို ပွတ်သပ်ပေးကာ နှစ်သိမ့်ပေးနေလေသည်။
ဒီကောင်လေးက ရှောင်ဟွာ ၏ လူကို ခင်မင်တတ်သော စရိုက်လက္ခဏာကို အပြည့်အဝ ဆက်ခံထားပြီး အထူးသဖြင့် သူ့ကို အလွန် ခင်မင်ရင်းနှီးလေသည်။
ထို့အပြင် အစာအာဟာရ လုံလောက်စွာ စားသောက်ထားရသဖြင့် နာနာ ၏ တိုက်ခိုက်လိုစိတ် ကလည်း မပြင်းထန်လှဘဲ လယ်ယာခြံဝင်း ထဲရှိ တိရစ္ဆာန်များကို မြင်သောအခါတွင်လည်း တိုက်ခိုက်လိုသော ဆန္ဒ မရှိချေ။
သစ်တော ပတ်ဝန်းကျင်တွင် ကျားသစ်များက ရွာခွေးများကို ကိုက်ချီသွားသော ဖြစ်စဉ်များ မနည်းလှကြောင်း သိထားရမည် ဖြစ်ပြီး စောင့်ကြည့်ကင်မရာ အများအပြား ကလည်း ရိုက်ကူးမိထားဖူးလေသည်။
အခြေခံအားဖြင့် တစ်ချက်တည်းဖြင့် အသေကိုက်တတ်ပြီး ကျားသစ်က ရွာခွေး၏ လည်ပင်းကို တိုက်ရိုက် ကိုက်ကာ ခြံစည်းရိုးကို ကျော်၍ ပြေးထွက်သွားတတ်လေသည်။
ထို့ကြောင့် အတော်လေး အန္တရာယ် များလှပေသည်။
သို့သော် ရှောင်ဟွာ နှင့် နာနာ တို့ကတော့ ချွင်းချက် ဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ လူသားများက ပြုစုပျိုးထောင်ထားခဲ့သည် ဖြစ်ရာ အူကြောင်ကြောင် နိုင်သော စရိုက်လေး အနည်းငယ် ရှိနေလေသည်။
ရွှီယန်က မြက်ခင်းပြင် ကွက်လပ်တွင် ထိုင်ကာ နာနာ ကို ပွတ်သပ်ပေးနေလေသည်။
နာနာ က မြေကြီးပေါ်တွင် ဝပ်လျက် ပတ်ဝန်းကျင်ကို စူးစမ်းချင်စိတ်ဖြင့် အကဲခတ်နေလေသည်။
မြင်းနက် နှင့် မြေခွေး ကဲ့သို့သော အကောင်လေးများ အားလုံးက လန့်ဖြတ်ကာ အဝေးသို့ ပြေးသွားကြတော့သည်။
သို့သော် ရှောင်ဟေး နှင့် မာလီနွိုက်ခွေး တို့ကတော့ သိပ်ပြီး မကြောက်ရွံ့ကြဘဲ အနားသို့ ကပ်လာကာ ပွဲကြည့်နေကြလေသည်။
မမြင်ဖူးသော သူငယ်ချင်း အသစ် တစ်ကောင် ဖြစ်နေပြန်သည်ကိုး။
ရှောင်ဟေး က နာနာ ၏ အရောင်က ၎င်းနှင့် တူညီနေသည်ကို မြင်သောအခါ အတော်လေး ပျော်ရွှင်နေပုံ ရလေသည်။
၎င်းက အနားသို့ ကပ်သွားကာ နာနာ ၏ မျက်နှာကို သွားရောက် နှုတ်ဆက်လိုက်သည်။
နာနာ က ရှောင်ဟေး ၏ ခေါင်းကို အနံ့ခံကြည့်လိုက်ရာ မျက်လုံးများထဲတွင် အနည်းငယ် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။
၎င်းက ဤသို့ ပြောနေသည့် အလားပင်။
'ဟေ့ကောင်... မင်းက နည်းနည်း မွှေးနေသလိုပဲနော်...'
ရွှီယန် လည်း ပြဿနာ တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် နာနာ ၏ ခေါင်းကို ဖိထားလိုက်ပြီး ရှောင်ဟေး ကိုလည်း တစ်ချက် ပွတ်သပ်ပေးကာ ဘေးသို့ သွားဆော့ခိုင်းလိုက်သည်။
ရှောင်ဟေး လည်း အခြေအနေကို သဘောပေါက်သဖြင့် နောက်လှည့်ကာ ပြေးထွက်သွားတော့သည်။
ရွှီယန်က ရှောင်ဟေး ၏ ကျောပြင်ကို ကြည့်ရင်း ခေါင်းခါကာ ရယ်မောလိုက်သည်။
"ရှောင်ဟေး... မင်းက သတ္တိ အရမ်း ကောင်းလွန်းတယ်... တခြား ရွာခွေးတွေ ဆိုရင် ကျားသစ်ကို မြင်တာနဲ့ နောက်တောင် လှည့်မကြည့်ဘဲ ထွက်ပြေးကြမှာ..."
"ချော်လဲရင်တောင် ဂရုစိုက်နိုင်မှာ မဟုတ်ဘူး..."
ရွှီယန်က ယခင်က ကြည့်ခဲ့ဖူးသော ဗီဒီယို တစ်ခုကို သတိရသွားသည်။
ရွာခွေး တစ်ကောင်က တောင်ခါးပန်းတွင် အစာစားရန် ပြင်ဆင်နေစဉ် ကျားသစ် တစ်ကောင် ရောက်လာခဲ့သည်။
ရွာခွေး က အစာ လုစားမည် ထင်သဖြင့် ခေါင်းမော့ကာ ကျားသစ်ကို တစ်ချက် ဟောင်လိုက်သည်။
ဟောင်ပြီးသည်နှင့် တစ်ပြိုင်နက် ရွာခွေး၏ မျက်လုံးများပင် ပြူးကျယ်သွားတော့သည်။
ထို့နောက် လန့်ဖြတ်ကာ ခြေကုန်သုတ်၍ တောင်အောက်သို့ ပြေးဆင်းသွားတော့ရာ လမ်းတစ်ဝက်တွင် ချော်လဲပြီး လိမ့်ကျသွားသည်ကိုပင် မရပ်တန့်နိုင်တော့ချေ။
ဤသည်ကလည်း ပုံမှန်ပါပင်။ အကယ်၍ ပြေးတာ နှေးသွားပါက အစာ လုစားခြင်း မဟုတ်တော့ဘဲ ၎င်းကိုပါ အစာအဖြစ် သတ်မှတ်သွားမည်သာ ဖြစ်သည်။
"နောက်ပိုင်း အပြင်ထွက်ပြီး တောတောင်တွေထဲက အန္တရာယ်များတဲ့ နေရာတွေကို သွားရင် မင်းကို ခေါ်သွားလို့ မဖြစ်ဘူး ထင်တယ်..."
"တောကျားသစ် တစ်ကောင်ကောင် ရောက်လာတဲ့ အချိန်ကျရင် မင်းက အူကြောင်ကြောင် နဲ့ သွားနှုတ်ဆက်မိပြီး တစ်ကိုက်တည်းနဲ့ အသေကိုက်ခံလိုက်ရဦးမယ်..."
ရွှီယန်က ထပ်ပြောလိုက်သည်။
တိရစ္ဆာန်များ အတွက် လယ်ယာခြံဝင်း က တကယ့်ကို သာယာလှပသော နိဗ္ဗာန်ဘုံ တစ်ခုလို ဖြစ်နေလေသည်။
သို့သော် တောရိုင်း သဘာဝ ကတော့ ထိုသို့ မဟုတ်ချေ။
ကျားသစ်နက်လေး နာနာ ကတော့ ရွှီယန်၏ ဘေးတွင် ဝပ်လျက် အေးအေးဆေးဆေး ရှိနေလေသည်။
ဤကောင်လေးက ငယ်စဉ်ကတည်းက ရွှီယန်နှင့် ဆော့ကစားရသည်ကို နှစ်သက်ပြီး ဖခင်၏ ခြေရာကို နင်းနေခြင်း ဖြစ်လောက်ပေသည်။
ရွှီယန် လည်း ၎င်းကို အထူးပင် သဘောကျလှပေသည်။
ဤအူကြောင်ကြောင် နိုင်သော မျက်လုံးဝိုင်းကြီးများက ရှောင်ဟွာ နှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။
ထို့အပြင် ဆူညံပွက်လောရိုက် နေခြင်းလည်း မရှိချေ။
တကယ်ကို လူချစ်လူခင် ပေါများလှပေသည်။
ထို့အပြင် ရွှီယန်က တစ်ခါတစ်ရံ တောင်ထဲသို့ သွားသောအခါ နာနာ က သမင် တစ်ကောင်ကို ဖမ်းမိပြီး ရှောင်ဟွာ ကို ဝေမျှပေးနေသည်ကို မြင်တွေ့ခဲ့ရသေးသည်။
ရှောင်ဟွာ က ယခုအခါ သမီး ဖြစ်သူ၏ အစာကိုပါ ကပ်စားနေပြီး နာနာ ကလည်း ထိုအရာကို တကယ့်ကို သဘာဝကျသော ကိစ္စတစ်ခု အဖြစ် ထင်မှတ်ကာ အထူး ပျော်ရွှင်နေပုံ ရလေသည်။
ဒီကောင်လေးက အလွန် လိမ္မာလှပေသည်။
ဤသည်မှာလည်း နောက်ဘက် တောင်ကုန်း က ဖုန်းရွှေ နေရာကောင်း တစ်ခု ဖြစ်ကြောင်းကို သက်သေပြနေပြီး ရှောင်ဟွာ က ဤမျှလောက် ကောင်းမွန်သော မျိုးဆက် တစ်ခုကို ပြုစု ပျိုးထောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အခြား ကျားသစ်ကွက်လေး ဟွားဟွာ ကတော့ ယခုအခါ မည်သည့် နေရာသို့ ရောက်ရှိနေမှန်း မသိတော့ဘဲ မတွေ့ရသည်မှာ အတော်လေး ကြာမြင့်နေပြီ ဖြစ်သည်။
"နာနာ... သွားမယ်... တောင်ထဲကို ဝင်ကြရအောင်..."
"မင်းရဲ့ အသုံးမကျတဲ့ အဖေကို သွားကြည့်ကြတာပေါ့..."
"သူ့ကို မတွေ့ရတာ ရက်အတော်ကြာနေပြီ... ဘာလုပ်နေလဲ မသိဘူး..."
ရွှီယန်က အားနေသည်နှင့် အတူတူ မတ်တတ်ထရပ်ကာ လက်ခုပ်တီးလိုက်ပြီး နာနာ ကို ခေါ်ဆောင်၍ တောင်ထဲသို့ ဝင်သွားတော့သည်။
ရွှီယန်က လမ်းကြုံသည့် အနေဖြင့် ဝါးခြင်းတောင်း တစ်လုံးကိုပါ လွယ်သွားသေးရာ တောင်ထဲတွင် မှိုများ တွေ့ရှိပါက ခူးယူရန် အတွက် ဖြစ်သည်။
တောတောင်ရှာဖွေသူ တစ်ယောက် အနေဖြင့် လမ်းကြုံ ခူးယူရုံ သက်သက်သာ ဖြစ်လေသည်။