← Chapters

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း (၁၉၄) မင်းမှာ သေနတ်ရှိပေမဲ့ ငါ့မှာ ဝမ်ချိုက် ရှိတယ်

ချူဟန် ဆိုသည့် စာလုံးနှစ်လုံးက အထင်ရှားဆုံးသော နေရာတွင် အတောက်ပဆုံးသော လက်ရေးဖြင့် ခန့်ညားစွာ ပေါ်လွင်နေသည်။

“ဘုရားရေ...”

ဟွာယုံကျီက မယုံကြည်နိုင်စွာဖြင့် မျက်လုံးများကို ပြူးကျယ်သွားသည်။ “အဲဒါ... အဲဒါ ချူဟန် လား”

“ညီလေးချူက အသက် (၂၀) လား။ ဟုတ်တယ်မလား၊ ငါ မှတ်မိသလောက်တော့ ဟုတ်တယ်”

ချင်ရှိုကလည်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

[အမည်] ချူဟန်

[အသက်] ၂၀ နှစ်

[အစွမ်း] ဆင့်ကဲပြောင်းလဲသူ

[အကဲဖြတ်ချက်] S+

[အဆင့်] နံပါတ်(၁)

သူ့နောက်တွင် ရှိနေသော ဆင့်ကဲပြောင်းလဲသူ အရေအတွက်မှာ သောင်းဂဏန်းအထိ ရှိနေသည်။

“သူက ဒီလောက်တောင် စွမ်းတာလား”

ဖန်ကျန့် မျက်လုံးများ အရောင်လက်သွားသည်။

“သွားမယ်... ငါတို့ သွားကြည့်ကြရအောင်”

လူအုပ်ကြီးမှာ ကျောက်နံရံကြီးရှေ့သို့ အလျင်အမြန် ရောက်ရှိလာကြသည်။ သို့သော် ချက်ချင်းပင် သူတို့အားလုံး ဆွံ့အသွားတော့သည်။ ဤစွမ်းရည်အဆင့်သတ်မှတ်ချက် ကျောက်နံရံကြီးက မည်သို့ အကဲဖြတ်သတ်မှတ်ပေးသနည်း။

ထိုအချိန်တွင် အမြဲတမ်း ဂနာမငြိမ်ဖြစ်နေတတ်သော ဖန်ကျန့်က လက်လှမ်းကာ ကျောက်နံရံကို ခေါက်ကြည့်လိုက်သည်။ မည်သည့်အရာမှ ထွက်ပေါ်မလာသော်လည်း ရုတ်တရက် သူ၏ တစ်ကိုယ်လုံးမှာ ကျောက်နံရံထဲသို့ လဲကျသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ထူးဆန်းစွာ ဝင်ရောက်သွားတော့သည်။

“ဘာဖြစ်သွားတာလဲ ဖန်ကျန့်... ဖန်ကျန့်...”

ဟွာယုံကျီမှာ လွန်စွာ အံ့အားသင့်သွားပြီး ကျောက်နံရံကို အဆက်မပြတ် ထုရိုက်တော့သည်။

“အဆင့်တွေကြောင့်များလား”

ချင်ရှိုက ချက်ချင်း တွေးမိသွားပြီး ကျောက်နံရံကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“အဆင့်(၁)၊ အဆင့်(၂)၊ အဆင့်(၃) ဆိုပြီး ရှင်းရှင်းလင်းလင်း ခွဲခြားထားတယ်။ ဖန်ကျန့်က အဆင့်(၂) ဆင့်ကဲပြောင်းလဲသူဆိုတော့ သူ ဝင်သွားလို့ရသလို ငါလည်း ရတယ်။ ဒါပေမဲ့ မင်းတို့ကျတော့ မရဘူး”

တွေးမိသည်နှင့် တစ်ပြိုင်နက် ချင်ရှိုသည်လည်း ကျောက်နံရံထဲသို့ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ဟွာယုံကျီ၊ ဝမ်ယန်၊ ရှိုဟောက် စသည့် အဆင့်(၁) ဆင့်ကဲပြောင်းလဲသူများလည်း အဆင့်(၁)ဝင်ပေါက် ကျောက်နံရံထဲသို့ အလျင်အမြန် ပြေးဝင်သွားကြတော့သည်။

တစ်ခဏအတွင်းမှာပင် ဦးစွာ ရောက်ရှိလာကြသော ဆင့်ကဲပြောင်းလဲသူ အားလုံးမှာ စမ်းသပ်မှုခံယူရန် ကျောက်နံရံထဲသို့ ဝင်ရောက်သွားကြသည်။

အချိန်မည်မျှ ကြာသွားသည်မသိ၊ နောက်ကွယ်မှ အရှိန်နှေးကွေးစွာ လိုက်ပါလာကြသော အသက်ရှင်ကျန်ရစ်သူ လူအုပ်ကြီးလည်း ရောက်ရှိလာကြသည်။ ထိုသူတို့မှာ ကျောက်နံရံကြီးကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် မှင်တက်သွားကြပြီးနောက် ကျောက်နံရံပေါ်ရှိ ချူဟန်၏ နာမည်ကို မြင်လိုက်ရချိန်တွင်တော့ လုံးဝ ဆွံ့အသွားတော့သည်။

ယခင်က ချူဟန်မှာ အလွန်စွမ်းဆောင်ရည်မြင့်မားသူတစ်ဦးမှန်း သူတို့ သိရှိခဲ့သော်လည်း ဤအဆင့်အထိ စွမ်းလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြချေ။ အထီးကျန် တောင်ပေါ်ရွာလေးထဲတွင် ပိတ်လှောင်နေခဲ့စဉ်အတွင်း သူတို့ အရာအားလုံးကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။

ချူဟန်ကဲ့သို့ ဧရာမ ကျောက်နံရံကြီး၏ ပထမတန်းတွင် နာမည်ချိတ်နိုင်သည့် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး၊ အဆင့်(၁) ဆင့်ကဲပြောင်းလဲသူများထဲတွင် နံပါတ်(၁) နေရာ၌ ရပ်တည်နေသူ၊ ဤမျှလောက် ကြီးကျယ်ခမ်းနားသော ဂုဏ်ကျက်သရေနှင့် အောင်မြင်မှုကို သူတို့ လုံးဝ စိတ်ကူးမယဉ်နိုင်ခဲ့ကြပေ။

သူတို့၏ ရင်ထဲတွင် ကံကောင်းခြင်းနှင့် ကျေးဇူးတင်ခြင်းများ ထပ်မံ ပေါ်ပေါက်လာခဲ့သည်။ အစတုန်းက သူတို့တွေ တကယ့်ကို မျက်စိကန်းခဲ့ကြခြင်းပင် ဖြစ်သည်။

လူအများ အံ့သြချီးကျူးနေကြစဉ်မှာပင် အဆင့်(၁) စွမ်းရည်အဆင့်သတ်မှတ်ချက် ကျောက်နံရံမှ ဆင့်ကဲပြောင်းလဲသူ အချို့ ရုတ်တရက် ကန်ထုတ်ခံလိုက်ရသည်။ ဤရုတ်တရက် ဖြစ်ရပ်ကြောင့် လူအုပ်ကြီးမှာ နောက်တစ်ဖန် အံ့အားသင့်သွားကြပြန်သည်။

“သောက်ကျိုးနည်း... ဒါက အရမ်း ခက်လွန်းတယ်”

ရှိုဟောက်က ပထမဆုံး ညည်းညူလိုက်သည်။

ဝမ်ယန်ကလည်း ရင်တထိတ်ထိတ်ဖြင့် အမောတကော ပြောလိုက်သည်။ “ဒီလောက် များပြားတဲ့ သတ္တဝါဆိုးတွေ တစ်ပြိုင်နက်တည်း ထွက်လာလိမ့်မယ်လို့ မထင်ထားဘူး”

“မင်းတို့ အဆင့်တွေက ဘယ်လောက်ရလဲ”

ဤအချိန်တွင် ဟွာယုံကျီသည်လည်း ကျောက်နံရံအပြင်ဘက်သို့ ရောက်ရှိလာပြီဖြစ်သည်။ အခြားသူများနှင့် ယှဉ်လျှင် သူက သိသိသာသာ ပို၍ အခြေအနေ ကောင်းမွန်နေသည်။

“သေချာမသိဘူး”

“ရှာလို့မတွေ့ဘူး၊ နာမည်တွေက သောင်းဂဏန်းလောက် အပြည့်ပဲ”

ယခုအချိန်ရောက်မှသာလျှင် ဤစွမ်းရည်အဆင့်သတ်မှတ်ချက်စာရင်း၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူတို့ အမှန်တကယ် ခံစားသိရှိလိုက်ရပြီး ချူဟန်အပေါ် လေးစားကြည်ညိုစိတ်များ ပိုမို နက်ရှိုင်းသွားတော့သည်။ ဤမျှ ပြင်းထန်ကြမ်းတမ်းသော စမ်းသပ်မှုကြီးထဲမှ မည်သို့ ဖောက်ထွက်ကာ ဆင့်ကဲပြောင်းလဲသူ သောင်းဂဏန်းကျော်ကို ကျော်ဖြတ်နိုင်ခဲ့ပါသနည်း။

“ချူဟန်က S+ အဆင့်ကို ဘယ်လိုများ ရအောင် လုပ်ခဲ့တာလဲ ငါကတော့ D ပဲ ရတယ်”

“ဒါက ကွာဟချက်ပဲလေ မတွေးနေနဲ့တော့ သူက အဆင့်(၁) စွမ်းရည်အဆင့်သတ်မှတ်ချက်စာရင်းရဲ့ နံပါတ်(၁) ကွ”

သက်ပြင်းချသံများနှင့်အတူ ဆင့်ကဲပြောင်းလဲသူများ၏ ချူဟန်အပေါ် ကိုးကွယ်ယုံကြည်မှုမှာ ချက်ချင်းပင် အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။ လူပေါင်းသောင်းဂဏန်းကြားမှ ထင်ပေါ်ကျော်ကြားလာရန်မှာ မည်မျှ ခက်ခဲလိုက်ပါသနည်း။ ကွာဟချက်က အလွန် သိသာလွန်းနေသည်။

အချိန်ကား အောက်တိုဘာလ (၂၀) ရက်၊ ကမ္ဘာပျက်ကပ်ကြီး စတင်ဖြစ်ပွားခဲ့သည်မှာ နှစ်လခွဲရှိပြီဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ အစပိုင်း ကမောက်ကမဖြစ်မှုများမှနေ၍ တဖြည်းဖြည်းနှင့် ဖျက်ဆီးခံရခြင်း လမ်းကြောင်းပေါ်သို့ လုံးဝ ရောက်ရှိသွားပြီဖြစ်သည်။ မြို့ပြများကို လုံးဝ စွန့်လွှတ်လိုက်ရပြီး မည်သည့်အဖွဲ့အစည်းမှ မြို့ထဲတွင် အခြေချရန် မဝံ့ရဲကြတော့ချေ။ စစ်တပ်ကပင် သူတို့၏ လက်ကျန် အသက်ရှင်ကျန်ရစ်သူ စခန်းအနည်းငယ်ကို မြို့ပြင်သို့ ရွှေ့ပြောင်းထားရပြီး တိရစ္ဆာန်အုပ်စုများနှင့် ဝေးကွာသော နေရာများသို့ ပြောင်းရွှေ့ထားရသည်။

ပျက်စီးယိုယွင်းမှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှုများက တိုက်ကြီးတစ်ခုလုံးပေါ်တွင် ပျံ့နှံ့နေသည်။ တောရိုင်းဒေသများတွင် အမည်မသိ အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး ရူးသွပ်စွာ ကြီးထွားနေသော ပေါင်းပင်များနှင့် ရိုင်းစိုင်းကြမ်းတမ်းနေသော တိရစ္ဆာန်များ နေရာအနှံ့အပြားတွင် ရှိနေသည်။ မြို့ပြများထဲတွင်တော့ ချူဟန် အလွန် ရင်းနှီးကျွမ်းဝင်နေသည့် ပုပ်ဟောင်နေသော အနံ့ဆိုးများနှင့် သွေးညှီနံ့များ လွင့်ပျံနေကာ ပြတ်တောက်နေသော ခြေလက်အင်္ဂါအစိတ်အပိုင်းများ ပြန့်ကျဲနေသည်။

ဂျစ်ကားတစ်စီးက ယင်မြို့၏ ပင်မလမ်းမကြီးတစ်ခုပေါ်တွင် မောင်းနှင်နေသည်။ ကားစက်သံများ ကျယ်လောင်စွာ ဟိန်းထွက်လျက် လမ်းပေါ်ရှိ အတားအဆီးဟူသမျှကို ဘေးနှစ်ဖက်သို့ ကြမ်းတမ်းစွာ တွန်းဖယ်ကာ အရှိန်အဟုန်ပြင်းစွာ မောင်းနှင်ရွေ့လျားနေသည်"

ချူဟန်၏ စားနပ်ရိက္ခာများ ကုန်ခန်းသွားပြီဖြစ်သဖြင့် ဖြည့်တင်းရန်အတွက် မြို့ထဲသို့ မဖြစ်မနေ ပြန်လည် ဝင်ရောက်လာရခြင်းဖြစ်သည်။ အရေးအကြီးဆုံးမှာ ယင်မြို့သည် အန်းလော်မြို့ မတိုင်မီ ဖြတ်သန်းရမည့် နောက်ဆုံးမြို့ဖြစ်ပြီး ဤနေရာတွင် သတင်းအချက်အလက် အချို့ ရရှိနိုင်သည်ဟု မျှော်လင့်ထားခြင်းဖြစ်သည်။

“အမှတ် (၁၀၀) လောက် ထပ်ရရင် မင်းရဲ့ စွမ်းရည်တစ်ခုကို အဆင့်မြှင့်လို့ရပြီ မလား”

ဝမ်ချိုက်က ကြက်ပေါင်ကို ကိုက်စားရင်း ချူဟန်ကို မေးလိုက်သည်။ “ဘယ်ဟာကို အရင် အဆင့်မြှင့်ချင်လဲ”

ရက်အနည်းငယ်အတွင်းမှာပင် ချူဟန်၏ အမှတ်များက (၁၈၈၉) အထိ စုဆောင်းမိနေပြီဖြစ်သည်။ အကယ်၍သာ သူက ဖြတ်လမ်းမှ သွားရန် အတင်းအကျပ် မလုပ်ခဲ့ပါက ဤအမှတ်များမှာ (၂၀၀၀) ကျော်နေမည်မှာ သေချာသည်။

“ခန့်မှန်းကြည့်လေ”

ချူဟန်က မျက်နှာအမူအရာ အနည်းငယ်မျှပင် မပြောင်းလဲဘဲ ဝမ်ချိုက်ကို နောက်ပြောင်လိုက်သည်။

“သွားစမ်းပါကွာ”

ဝမ်ချိုက်က မျက်စောင်းထိုးလိုက်သည်။ ချူဟန်၏ အကျင့်ဆိုးများကို သူ ယခုတိုင် အသားမကျသေးချေ။

ရှုပ်ပွနေသော လမ်းသွယ်ကျဉ်းလေးတစ်ခုသို့ ရောက်ရှိလာချိန်တွင် ချူဟန်က ဝမ်ချိုက်ကို ဂျစ်ကားအား သိုလှောင်ခန်း ထဲသို့ သိမ်းဆည်းခိုင်းလိုက်သည်။ ထို့နောက် ဝမ်ချိုက်ကို အတင်းအကျပ် ဆွဲညှစ်လိုက်ရာ ချူဟန်၏ အကျင့်ကို ကြိုတင်သိရှိနေသော ဝမ်ချိုက်မှာ ချက်ချင်းပင် ပင်ပေါင်ဘောလုံးအရွယ်အစားသို့ ပြောင်းလဲသွားပြီး ချူဟန်၏ အိတ်ကပ်ထဲသို့ ဝင်ရောက်သွားတော့သည်။

ဤလမ်းသွယ်လေးမှာ အမှိုက်များ၊ ဇွန်ဘီများနှင့် လူ့အရိုးစုများဖြင့် ပြည့်နှက်နေပြီး ခြေချစရာနေရာပင် မရှိသလောက်ဖြစ်နေသည်။ ချူဟန်က ပတ်ဝန်းကျင်ရှိ အနံ့ဆိုးများကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။ ဤအရာများမှာ အတိတ်ဘဝက သူ့အတွက် အလွန် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သည်။ ရှူရာပုဆိန်ကို ပခုံးပေါ် ထမ်းလျက် ချူဟန်က လမ်းရှင်းရင်း ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ တစ်ခါတစ်ရံ ခုန်ထွက်လာသော ဇွန်ဘီ တစ်ကောင်စ နှစ်ကောင်စကိုလည်း ချက်ချင်း ရှင်းလင်းပစ်လိုက်သည်။

“ရပ်လိုက်စမ်း”

ရုတ်တရက် ရှေ့မှ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး သေနတ်မောင်းတင်သံနှင့်အတူ…

“ဒါ ငါတို့ရဲ့ ပိုင်နက်ပဲ”

ချူဟန် ခြေလှမ်းရပ်တန့်သွားပြီး မလှမ်းမကမ်းရှိ အမိုးပေါ်မှ လူတစ်ယောက်ကို စိုက်ကြည့်လိုက်သည်။ ထိုသူမှာ အသက် (၂၀) ခန့်ရှိမည်ဖြစ်ပြီး အဝတ်အစားများက ညစ်ပတ်စုတ်ပြတ်နေသည်။ သို့သော် သူ၏ လက်ထဲရှိ သေနတ်ကတော့ ပြောင်လက်နေအောင် သုတ်သင်ထားပြီး ယင်းမှာ စစ်တပ်၏ လေထီးချ အထုပ်များထဲမှ စံသတ်မှတ်ချက်ဝင် သေနတ်တစ်လက် ဖြစ်သည်။

“မင်းက ဘယ်သူလဲ”

ထိုသူ၏ အသံမှာ ရန်လိုမှုများ အပြည့်ပါဝင်နေသည်။

“ဒီနယ်မြေက အစ်ကိုချန်ရဲ့ ပိုင်နက်ဆိုတာ မသိဘူးလား မြန်မြန် ထွက်သွားစမ်း”

ချူဟန်က ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ထိုသူ၏ သေနတ်ပြောင်းဝကို တစ်စက္ကန့်ခန့် ကြည့်လိုက်သည်။ ထို့နောက် ထိုသူ၏ နောက်ကွယ်သို့ အကြည့်ရွှေ့လိုက်သည်။ ကီလိုမီတာ အနည်းငယ်မျှ အကွာအဝေးတွင် ကုန်တိုက်ကြီးတစ်ခု ရှိနေသည်။ ချူဟန် ဤလမ်းကို ရွေးချယ်ရသည့် အကြောင်းရင်းမှာ အမှတ်နှစ်ခုကြား တိုက်ရိုက်မျဉ်းဖြောင့်က အတိုဆုံးဖြစ်သောကြောင့် ဖြစ်သည်။ ဤနေရာမှ ဖြတ်သွားရန် အိမ်ခေါင်မိုးများစွာကို ကျော်ဖြတ်ပြီး နံရံများကို တွယ်တက်ရမည် ဆိုလျှင်တောင်မှ သူက ဂရုမစိုက်ချေ။

ချူဟန်ထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိသည်ကို မြင်သောအခါ ထိုသူမှာ ဒေါသထွက်သွားပြီး ထပ်မံ ခြိမ်းခြောက်လိုက်သည်။

“မသေချင်ရင် လစ်တော့ အစ်ကိုချန်ရဲ့ ပိုင်နက်ကိုတောင် ကျူးကျော်ရဲတယ်ဆိုတော့ မင်းက အစ်ကိုကြီး ချန်ယွီဖေး ရဲ့ နာမည်ကို မကြားဖူးဘူးလား”

ချန်ယွီဖေး ဟုတ်လား။ ဘယ်သူလဲ။

ချူဟန်က ခေါင်းကို အနည်းငယ် စောင်းကာ ပြန်ဖြေလိုက်သည်။ “မကြားဖူးဘူး”

“တောက်... ပြဿနာ လာရှာတာပဲ မင်းကတော့ သေချင်နေပြီ”

ထိုသူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သေနတ်ခလုတ်ကို ချက်ချင်း ဆွဲညှစ်လိုက်တော့သည်။

ဒိုင်း...

သေနတ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ကျည်ဆန်တစ်တောင့်က ချူဟန်၏ ဦးခေါင်းဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာတော့သည်။

သို့သော် နောက်တစ်စက္ကန့်တွင်...

ဖူး...

ကျည်ဆန်ဖောက်ဝင်သွားသည့် အသံတစ်ခုက သဲ့သဲ့လေး ထွက်ပေါ်လာသည်။

“ခွေးမသား... ပြဿနာ လာရှာတာလား မင်းတော့ သေဖို့သာ ပြင်ထားတော့”

ထိုသူက စကားပြောရင်း အမိုးပေါ်မှ ခုန်ချလိုက်သည်။ သို့သော် စကားတစ်ဝက်တွင် သူ၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး ချူဟန်ကို အလွန်အမင်း ကြောက်လန့်တကြား ကြည့်လိုက်တော့သည်။

“မင်း... မင်းက ဘာလို့ မသေသေးတာလဲ”

ချူဟန်က ဝမ်ချိုက်၏ နားရွက်ကို ဆွဲကိုင်လျက် ဖြည်းညင်းစွာ အောက်သို့ချလိုက်သည်။

“မင်းမှာ သေနတ်ရှိပေမဲ့ ငါ့မှာ ဝမ်ချိုက် ရှိတယ်”

All Chapters