← Chapters

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း (၂၅၂) သမီးနှင့်အတူ ညစာစားရန် ခေါ်လာခြင်း

အစာစားပြီးနောက် ပန်းကန်များ ရှင်းလင်းနေစဉ် ချင်လဲ့က အခွင့်အရေးယူကာ ရှန်ကွမ်ဖန်ယွင်ကို ဘေးသို့ ဆွဲခေါ်သွားပြီး တီးတိုးပြောဆိုလိုက်၏။

"ယောက်ျား ငါတို့သမီးနဲ့ ချန်ဖုန်းရဲ့ စေ့စပ်ထားတဲ့ကိစ္စက အတည်ဖြစ်သေးရဲ့လား"

"ဘယ်လိုလုပ်ချင်လို့လဲ"

ရှန်ကွမ်ဖန်ယွင်က သူ၏ ဇနီးကို တစ်ချက်ကြည့်ကာ ပြန်မေးလိုက်၏။

ချင်လဲ့က တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပြောဆိုလိုက်၏။

"အဲဒီတုန်းက ငါတို့က ဒီလက်ထပ်မယ့်ကိစ္စကို နောက်ပြောင်ရုံသက်သက် ပြောခဲ့ကြတာ ရှောင်ချန်က ရှင်ရဲ့ ညီအစ်ကိုသားဆိုပေမဲ့..."

"ဒါပေမဲ့ သူက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ သွေးရန်ကြွေးကို သယ်ဆောင်ထားရတုန်းပဲ ငါ့သမီးက သူ့ကို တကယ် လက်ထပ်ချင်ရင်..."

သူမက ပြောချင်သည့်စကား၏ တစ်ဝက်ကိုသာ ပြောခဲ့ပေသည်။

သို့သော် ရှန်ကွမ်ဖန်ယွင်က သူ၏ ဇနီး ဆိုလိုသည်ကို နားလည်ထားပြီး ဖြစ်၏။ အကယ်၍ အတိတ်ကသာဆိုလျှင်... ဤလက်ထပ်မည့်ကိစ္စသည် အတည်ဖြစ်သည်ဟု ယူဆနိုင်ပေသည်။

သို့သော် ယခုအခါ စစ်ဘုရင်နှင့် သူ၏ ဇနီးတို့ သေဆုံးသွားပြီဖြစ်ပြီး ၎င်းတို့တွင် လျှို့ဝှက်ရန်သူများ ရှိနေပြီဖြစ်ရာ ၎င်းတို့၏ သမီးက ချန်ဖုန်းကို လက်ထပ်ပါက အသက်အန္တရာယ် ရှိလာနိုင်ပေ၏။

"ဘာမှ ထပ်ပြောဖို့ မလိုတော့ဘူး"

ရှန်ကွမ်ဖန်ယွင်က ခေါင်းခါလိုက်သည်။

ထို့နောက် တည်ကြည်သော မျက်နှာအမူအရာဖြင့် သူက ဆက်ပြောဆိုလိုက်၏။

"ငါ့သမီးလည်း အေးချမ်းပြီး ဘေးကင်းတဲ့ ဘဝလေး နေရဖို့ ငါ မျှော်လင့်ပါတယ် ဒါပေမဲ့ ငါပေးထားတဲ့ ကတိကို ငါ ဘယ်လိုလုပ် ဖျက်လို့ရမှာလဲ"

"လက်ထပ်ဖို့ ကမ်းလှမ်းမှုက ရှိနေတုန်းပဲ ဒါပေမဲ့ ဖြစ်လာမလားဆိုတာက လူငယ်တွေအပေါ်မှာပဲ မူတည်တယ်"

"အိုကေ အိုကေ အိုကေ"

ချင်လဲ့ကလည်း ခေါင်းခါလိုက်၏။

"ငါ့သမီး ဘေးကင်းပြီး ကျန်းမာနေသရွေ့ ငါ့မှာ တခြားတောင်းဆိုစရာ ဘာမှမရှိပါဘူး အဲဒီတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာကို ရှင် ထပ်စုံစမ်းဖို့ မလိုတော့ပါဘူး အေးချမ်းတဲ့ ဘဝလေးမှာပဲ နေလိုက်ပါတော့"

"စောင့်ကြည့်တာပေါ့"

ရှန်ကွမ်ဖန်ယွင်က ပေါ့ပေါ့ပါးပါး ပယ်ချလိုက်ပေသည်။ ချန်ဖုန်းက အဆုံးတိုင်အောင် သေချာပေါက် စုံစမ်းစစ်ဆေးမည်ကို သူ သိထား၏။

ဧည့်ခန်းထဲသို့ ရောက်ရှိချိန်တွင်။

ချန်ဖုန်းနှင့် ရှန်ကွမ်ယွဲ့တို့က ထိုနေရာတွင် ထိုင်ကာ စကားပြောနေကြပြီး သူတို့နှစ်ဦးမှာ အတော်လေး အဆင်ပြေနေပုံရပေသည်။

ရှန်ကွမ်ဖန်ယွင်လည်း ဝင်ထိုင်လိုက်ပြီး ပြုံးလျက် ပြောဆိုလိုက်၏။

"ရှောင်ယွဲ့ ချန်ဖုန်းက မင်းတို့ စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ် ဖြစ်နေတုန်းပဲလို့ ငါကြားတယ် ပြီးခဲ့တဲ့တစ်ခေါက် နယ်စပ်တုန်းက သူ မင်းအသက်ကိုတောင် ကယ်ခဲ့တယ်ဆို"

"ဟုတ်ပါတယ်"

ရှန်ကွမ်ယွဲ့မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။

"အဖေက ဘာလို့ ဒီအကြောင်းကို ပြန်ပြောနေရတာလဲ"

ရှန်ကွမ်ဖန်ယွင်က ခေါင်းညိတ်လိုက်ပြီးနောက် ချန်ဖုန်းကို ရုတ်တရက် ကြည့်လိုက်၏။

"ရှောင်ချန် ငါ့သမီးနဲ့ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ"

"ဟင်"

ချန်ဖုန်း အနည်းငယ် အံ့အားသင့်သွားခဲ့ပေသည်။

သူက ရှန်ကွမ်ယွဲ့ကို သေချာစွာ အကဲခတ်ကြည့်ရှုလိုက်ပြီး မသိစိတ်မှပင် မှတ်ချက်ချလိုက်၏။

"မဆိုးပါဘူး အတော်လေး လှတယ် ခန္ဓာကိုယ်ပိုင်းဆိုင်ရာလည်း ကောင်းတယ်... အဟွတ် အဟွတ် ခန္ဓာကိုယ်အချိုးအစားလည်း လှတယ်"

ရှန်ကွမ်ယွဲ့က သူ့ကို စူးရှစွာ စိုက်ကြည့်လိုက်လေသည်။

"နင်က ကျန်းမာရေးကောင်းတယ်ပေါ့ နှစ်နာရီတိတိ ဆက်တိုက် တိုက်ခိုက်နိုင်တဲ့ ခန္ဓာကိုယ်မျိုးလား ဖွီး ခွေးကောင်"

ရှန်ကွမ်ဖန်ယွင်သည် ၎င်းတို့၏ လျှို့ဝှက်စကားဝှက်များကို နားမလည်ဘဲ အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်၏။

"ရှောင်ချန် မင်း ကြားဖူးလားဆိုတာ ငါမသိပေမဲ့ မင်းနဲ့ ငါ့သမီးက ကလေးဘဝတုန်းက စေ့စပ်ထားခဲ့တာလေ"

"တကယ်လို့ မင်းဆန္ဒရှိရင် ရှောင်ယွဲ့ကို လက်ထပ်လိုက်ပါ မင်းက သူမအသက်ကို ကယ်ခဲ့တာဆိုတော့ သူမခန္ဓာကိုယ်နဲ့ ပြန်ပေးဆပ်မယ်ဆိုရင်လည်း အကြောင်းပြချက် မရှိတာတော့ မဟုတ်ဘူးလေ"

"အဖေ အဖေ ဘာတွေပြောနေတာလဲ"

ရှန်ကွမ်ယွဲ့၏ ပါးစပ်အဟောင်းသား ဖြစ်သွားရပေသည်။

‘ငါက သမီးအရင်းရော ဟုတ်ရဲ့လား သွေးသားတော်စပ်ရဲ့လား ငါ့အဖေက ငါ့ကို ပေးစားဖို့ အလောတကြီး ဖြစ်နေသလိုပဲ ဘုရားရေ’ ဟု တွေးရင်း

သူမ၏ နှလုံးသားသည် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရလေ၏။

"ရှောင်ယွဲ့ ဝင်မနှောင့်ယှက်နဲ့"

ရှန်ကွမ်ဖန်ယွင်က သက်ပြင်းချလိုက်သည်။

"မင်းတို့ရဲ့ ဆက်ဆံရေးက အချိန်အကြာကြီးကတည်းက ဖြေရှင်းပြီးသား မဟုတ်ဘူးလား ပြီးတော့ မင်းက သူ့အပေါ် ခံစားချက်ရှိနေသေးတာ ရှင်းနေတာပဲ"

"သမီး..."

ရှန်ကွမ်ယွဲ့မှာ စကားပြောစရာမဲ့ ဖြစ်သွားရပေ၏။

သူမက ချန်ဖုန်းအပေါ် ခံစားချက်ရှိနေခဲ့ပြီး သူမကိုယ်သူမပင် သူ့အား ပေးအပ်ခဲ့ပြီး ဖြစ်သည်။

သို့သော် ယခု သူမ အဖေ၏ သဘောထားကို ကြည့်ပါဦး။ ဒါက အရမ်း လောလွန်းနေတာ မဟုတ်ဘူးလား။

ချန်ဖုန်းက ဒီကို ညစာစားဖို့လာတာ သက်သက်ပဲ မဟုတ်ဘူးလား။

ရှန်ကွမ်ဖန်ယွင်သည် သမီးဖြစ်သူ၏ မျက်နှာအမူအရာကို လုံးဝ လျစ်လျူရှုကာ ချန်ဖုန်းကို နောက်တစ်ကြိမ် ကြည့်၍ ပြောဆိုလိုက်၏။

"ရှောင်ချန် ပြောစမ်းပါဦး ငါ့သမီးကို မင်းမကြိုက်ဘူးလား"

"မဟုတ်... မဟုတ်ပါဘူး"

ချန်ဖုန်းမှာ ငိုလုနီးပါး ဖြစ်သွားရပေသည်။ ဒီမေးခွန်းကို သူ ဘယ်လိုဖြေရမလဲ။

"မင်းက သဘောကျမှတော့ ဒါ သေချာသွားပြီပဲ"

ရှန်ကွမ်ဖန်ယွင်သည် သူတို့နှစ်ဦးကို ငြင်းဆန်ခွင့်မပေးဘဲ လက်ထပ်ပွဲကို အတင်းတွန်းအားပေးချင်ပုံရပေ၏။

"မမျှော်လင့်ထားတဲ့ ရှုပ်ထွေးမှုတွေကို ရှောင်ရှားဖို့အတွက် မင်းတို့အခုပဲ လက်ထပ်စာချုပ် သွားလုပ်လိုက်ရင် မကောင်းဘူးလား"

"နောက်မှ မင်းတို့ရဲ့ ခံစားချက်တွေကို တဖြည်းဖြည်း မွေးမြူကြရင်ကော ဘယ်လိုလဲ"

"ကောင်းပြီ အရပ်ဘက်ရေးရာဗျူရိုကို ငါ အခုချက်ချင်း ဖုန်းဆက်ပြီး ပစ္စည်းတွေကို အိမ်ကို တိုက်ရိုက်ယူလာခိုင်းလိုက်မယ်"

"အဖေ"

ရှန်ကွမ်ယွဲ့မှာ လုံးလုံးလျားလျား စကားပြောစရာမဲ့ ဖြစ်သွားရလေသည်။

အကယ်၍ သူမသာ သူမအဖေကို မတားဘူးဆိုရင် ချန်ဖုန်းနဲ့သူမက အခုပဲ လက်ထပ်စာချုပ် လုပ်လိုက်ပြီး အခုညမှာပဲ မင်္ဂလာဦးညကို ဆင်နွှဲကြရတော့မှာ ဖြစ်မနေဘူးလား။

ထို့ကြောင့် သူမက ပြောလိုက်ရ၏။ "အရပ်ဘက်ရေးရာဗျူရိုက ပိတ်သွားပြီ အဖေ ဒုက္ခမခံပါနဲ့တော့"

ချန်ဖုန်းကလည်း အလျင်အမြန် ဝင်ပြောလိုက်၏။

"ဟုတ်တယ် ဦးလေးရှန်ကွမ် ရှောင်ယွဲ့ယွဲ့နဲ့ ကျွန်တော့်အကြောင်း နောက်မှ ပြောကြတာပေါ့ ဘာပဲဖြစ်ဖြစ် သူမလည်း ထွက်ပြေးလို့မှ မရတာ"

"ဘာလို့လဲ..."

ရှန်ကွမ်ဖန်ယွင်မှာ အနည်းငယ် စိတ်ပျက်သွားပုံရပေသည်။

"ကောင်းပြီလေ မင်းတို့ လူငယ်တွေ ကိုယ့်ကိစ္စကိုယ် ရှင်းကြပေါ့ ငါ ဝင်မစွက်ဖက်တော့ပါဘူး"

သူ ဧည့်ခန်းထဲမှ ထွက်လာချိန်တွင်။

ချင်လဲ့သည် မှုန်ကုပ်နေသော မျက်နှာဖြင့် လျှောက်လာခဲ့ကာ ကြိမ်းမောင်း​တော့၏။

"ရှန်ကွမ်ဖန်ယွင် ရှင် လူငယ်တွေရဲ့ ကိစ္စမှာ ဝင်မစွက်ဖက်ဘူးလို့ အခုလေးတင် ပြောခဲ့ပြီး ဘယ်လိုလုပ် ဒီလောက်မြန်မြန် စိတ်ပြောင်းသွားရတာလဲ"

"ရှင် ဘာလုပ်ချင်နေတာလဲ"

စကားပြောနေစဉ် သူမက ခင်ပွန်းဖြစ်သူ၏ လက်မောင်းကို ပြင်းပြင်းထန်ထန် ဆွဲဆိတ်လိုက်လေသည်။

ရှန်ကွမ်ဖန်ယွင်သည် မရှောင်ရဲဘဲ သူ၏ဇနီးအား ဆွဲဆိတ်ခွင့် ပြုထားလိုက်၏။

ထို့နောက် သူက သက်ပြင်းချလျက် ပြောဆိုလိုက်သည်။

"ချန်ဖုန်းကို ကူညီဖို့အတွက် ငါ ဒါကို လုပ်ရုံသက်သက်ပါ သူတို့ တစ်ယောက်ကိုတစ်ယောက် သဘောကျနေတယ်ဆိုတာ ငါ သိနိုင်တယ်"

"တကယ်လို့ သူတို့ကို ဒီနေ့ လက်ထပ်စာချုပ် သွားလုပ်ခိုင်းပြီး အတူတူ မင်္ဂလာဦးည ဆင်နွှဲခိုင်းနိုင်ရင် ဆယ်လလောက်နေရင် မင်း မြေးချီရတော့မှာပေါ့"

"ကလေးရသွားပြီးနောက်မှာ အဲဒီတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာကို စုံစမ်းဖို့ ချန်ဖုန်း က သူ့အသက်ကို စွန့်ရဲသေးတယ်လို့ မင်းထင်နေလား"

"ဟင်"

ထိုအချိန်မှသာ ချင်လဲ့ သဘောပေါက်သွားပြီး သူမ၏ လက်ကို အလျင်အမြန် လွှတ်လိုက်လေ၏။

ရှန်ကွမ်ဖန်ယွင်က ဆက်ပြောလိုက်သည်။

"ရှောင်ချန် က ငါတို့သမီးအတွက် အများကြီး အကူအညီဖြစ်ခဲ့တယ် ပြီးခဲ့တဲ့ နယ်စပ်တိုက်ပွဲကို မင်းမှတ်မိလား သူက အဲဒီကို ပြေးသွားပြီး ငါတို့သမီးရဲ့ အသက်ကို ကယ်ခဲ့တာလေ"

"ပြီးတော့ သူက စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ် ဖြစ်နေတုန်းပဲ ပြီးတော့ ချန်ဖုန်း က သမီးနဲ့ အတူရှိနေတာ…”

"သမီးက စစ်သေနာပတိ ဖြစ်လာသည်ဖြစ်စေ မဖြစ်လာသည်ဖြစ်စေ သူမရဲ့ ဘေးကင်းမှုက အာမခံချက် ရှိတယ်လေ သူမရဲ့ ဘေးကင်းမှုအတွက် နေ့တိုင်း မင်း စိတ်ပူနေစရာ မလိုတော့ဘူး ဒါက မင်း တကယ်လိုချင်နေတဲ့အရာ မဟုတ်ဘူးလား"

"ယောက်ျားရယ် ကျွန်မ ရှင့်ကို နားလည်မှုလွဲသွားတယ်"

ချင်လဲ့သည် အကျိုးအကြောင်းဆီလျော်သူ တစ်ဦးဖြစ်ပြီး သေချာစဉ်းစားပြီးနောက် ၎င်းမှာ အမှန်တကယ်ပင် ဖြစ်ကြောင်း သူမ သိရှိသွားခဲ့၏။

"ဒါဆို... ချန်ဖုန်းနဲ့ သူ့အဖေကြားမှာ ဘယ်သူက ပိုသန်မာလဲ"

"ငါမသိဘူး သူလှုပ်ရှားတာကို တစ်ခါမှ မမြင်ဖူးဘူး"

ရှန်ကွမ်ဖန်ယွင်က ခေါင်းခါလျက် ပြောဆိုလိုက်၏။

"ဒီတစ်ခါ မြောက်ပိုင်းနယ်စပ်က တိုက်ပွဲကို အကဲဖြတ်ကြည့်ရရင် ချန်ဖုန်းရဲ့ စွမ်းအားက သူ့အဖေနဲ့ အတူတူလောက်ပဲ ဖြစ်ရမယ်"

"အရေးကြီးဆုံးအချက်က ချန်ဖုန်း က တဟုန်ထိုး တိုးတက်လာခဲ့တာပဲ လွန်ခဲ့တဲ့ လအနည်းငယ်က ဝန်ကြီးကျန်း ပြောခဲ့တာကို ငါမှတ်မိသေးတယ် ချန်ဖုန်းရဲ့ စွမ်းရည်တွေက ကြယ်ငါးပွင့်အဆင့် စစ်သည် တစ်ယောက်နဲ့ ယှဉ်နိုင်တယ်လို့လေ"

"အခုကော ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူတောင် သူ့ကို မယှဉ်နိုင်တော့ဘူး ဒီတိုးတက်မှုနှုန်းနဲ့ဆို ချန်ဖုန်းက သူ့အဖေကို ကျော်တက်သွားလိမ့်မယ်"

"ဟင်"

ချင်လဲ့တွင် ဤစွမ်းအားများနှင့် ပတ်သက်၍ အယူအဆ မရှိခဲ့ချေ။

ဘာပဲဖြစ်ဖြစ် ချန်ဖုန်းက အလွန်စွမ်းအားကြီးပြီး သူမတို့၏ ကိုယ်ပိုင်သမီးထက်ပင် ပိုမိုသန်မာကြောင်း သိထားသရွေ့ အဆင်ပြေပေ၏။

ခနစဥ်းစားပီးနောက် ချင်လဲ့က မေးလိုက်၏။

"နောက်ကျရင် သူတို့နှစ်ယောက်လုံးကို လက်ဖက်ရည် တစ်ခွက်စီ ငှဲ့ပေးပြီး တစ်ခုခု ထည့်ပေးလိုက်ရင်ကော ဘယ်လိုလဲ"

"လက်ထပ်စာချုပ် အရင်လုပ်ရမယ်လို့ ဘယ်သူပြောလဲ အရင် ကိုယ်ဝန်ရအောင်လုပ်ပြီးမှ လက်ထပ်စာချုပ် လုပ်လို့ရတာပဲ"

"ဒါက..."

ရှန်ကွမ်ဖန်ယွင်သည် သူ၏ ဇနီးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့ပေသည်။

“ဘုရားရေ ဒီလောက်ကြီးတောင် ကစားမလို့လား မင်း တကယ်ပြောနေတာလား…”

သူက ခဏတာ တွေးတောပြီးနောက် ပြောဆိုလိုက်၏။

"မေ့လိုက်ပါ သူတို့ဘာသာသူတို့ ဆုံးဖြတ်ပါစေ ဒီလိုလုပ်တာက သိပ်ကောင်းတဲ့ အကြံမဟုတ်ဘူး ပြီးတော့ မင်းရဲ့ သမီးက နောက်ကျရင် မင်းကို မကျေမနပ် ဖြစ်သွားနိုင်တယ်"

"ဒါ့အပြင် ချန်ဖုန်းက ဆေးပညာဘက်မှာ ဗဟုသုတကြွယ်ဝတယ် တကယ်လို့ ငါတို့မိသွားရင် လူတွေက ငါတို့သမီးကို ပေးစားဖို့ အသည်းအသန် ဖြစ်နေတယ်လို့ ထင်သွားကြလိမ့်မယ်"

"အိုကေ အိုကေ ရှင်ပြောတဲ့အတိုင်း လုပ်ပါ့မယ်"

ချင်လဲ့ ဘာမှ ထပ်မပြောတော့ဘဲ သူတို့နှစ်ဦး အလျင်အမြန် ထွက်ခွာသွားကြလေသည်။

All Chapters