← Chapters

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း (၂၅၆) မင်းက လုကျွင်းရဲ့ အဖေလား

လူတစ်အုပ်သည် ချန်ဖုန်း၏ လွှမ်းမိုးနိုင်သော အငွေ့အသက်များကြောင့် ထိတ်လန့်သွားကြပေ၏။ ၎င်းတို့က မြေပြင်ပေါ်မှ ပြတ်နေသော လက်မောင်းကို ကောက်ယူကာ သတိလစ်နေသော လုကျွင်းကို ထမ်းပြီး အိုယန်မိသားစုမှ အလျင်အမြန် ထွက်ခွာသွားကြလေသည်။

၎င်းတို့မှာ အလွန်အမင်း ထိတ်လန့်နေခဲ့ကြ၏။

အကယ်၍ ထိုရက်စက်ကြမ်းကြုတ်သော ကောင်လေးက ၎င်းတို့ကို ရိုက်နှက်မည်ဆိုပါက ၎င်းတို့အနေဖြင့် တရားမျှတမှု ရှာဖွေရန် နေရာရှိမည် မဟုတ်ချေ။

ချန်ဖုန်းသည် ဤလူများကို ထပ်မံ လျစ်လျူရှုထားလိုက်သည်။

ဘာပဲဖြစ်ဖြစ် ဒီနေ့က သူ့အဘိုးနဲ့ ပြန်လည်ဆုံတွေ့တဲ့နေ့ဖြစ်ပြီး ဒီပျော်ရွှင်မှုကို မဖျက်ဆီးချင်ဘူး။

ရှန်ကွမ်ယွဲ့ ပေါ်လာသည်ကို မြင်သောအခါ သူ အနည်းငယ် အံ့အားသင့်သွားပြီး မနေနိုင်ဘဲ မေးလိုက်၏။ "မင်း ဘာလို့ ဒီကို ရောက်နေတာလဲ"

"အကုန်လုံး ရှင့်ကြောင့်ပဲ"

ရှန်ကွမ်ယွဲ့က မျက်လုံးလှန်မကြည့်ဘဲ မနေနိုင်ခဲ့ချေ။

သူမက တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပြောဆိုလိုက်သည်။ "ကျိုတိုမြို့က နယ်စပ်နဲ့ မတူဘူးနော် တချို့ကိစ္စတွေမှာ ပိုပြီး သတိထားဖို့ လိုတယ်... ထားလိုက်ပါတော့လေ..."

သူမက ထပ်မပြောချင်တော့ချေ။

အကယ်၍ တစ်ခုခုက ချန်ဖုန်း၏ သတ်ဖြတ်လိုစိတ်ကို နှိုးဆွလိုက်မည်ဆိုပါက မည်သူကမျှ သူ့ကို တားဆီးနိုင်မည် မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက စစ်ဘက်ဆိုင်ရာဌာန၏ နည်းပြချုပ် ဖြစ်နေသည် မဟုတ်ပါလော။

ထိုအမှတ်အသား ရှိနေခြင်းက သူ့အတွက် ပြဿနာများကို ရှင်းလင်းရန် ပိုမိုလွယ်ကူစေလိမ့်မည်။

‘အင်း အဲဒါက အဓိကအချက်ပဲ’

"ဒါက ဘယ်သူလဲ"

အဘိုးကြီးအိုယန်မှာ သံသယများ ပြည့်နှက်နေခဲ့၏။

သူသည် ရှန်ကွမ်ဖန်ယွင်ကို သိသော်လည်း ရှန်ကွမ်ယွဲ့မှာ အချိန်အများစုကို နယ်စပ်တွင်သာ ကုန်ဆုံးစေခဲ့သဖြင့် ယခုအခိုက်အတန့်တွင် သူမကို မမှတ်မိခဲ့ချေ။

"အဘိုး သမီးက ရှန်ကွမ်ယွဲ့ ပါ အဘိုး သမီးအဖေကို သိမှာပါ သူက ရှန်ကွမ်ဖန်ယွင် လေ"

ရှန်ကွမ်ယွဲ့က ရှက်သွေးဖြာကာ နှုတ်ဆက်လိုက်သည်။

"ရှန်ကွမ်မိသားစုက ကောင်မလေးလား"

အဘိုးကြီးအိုယန်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့၏။

ရှန်ကွမ်မိသားစုမှ အဲဒီလူက စစ်ဘက်ဆိုင်ရာဌာနရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး သူ့မြေးနဲ့တောင် စေ့စပ်ထားတယ်ဆိုတာကို သူ မှတ်မိသွားသည်။

အဲဒီတုန်းက သူ့သမီးကိုယ်တိုင် ပြောခဲ့တာလေ။ ယခုအခါ

ရှန်ကွမ်ယွဲ့အပေါ် သူ၏ အကြည့်များမှာ ပိုမိုကြင်နာလာခဲ့ပေ၏။ "ကလေး လာ... ဝင်ထိုင်ပါဦး ရှောင်ဖုန်း…ရှန်ကွမ်ကို အထဲမခေါ်ဘူးလား"

အိုယန်ဖူနှင့် အိုယန်နာလန်တို့က ရှန်ကွမ်ယွဲ့ကို အလွန် ဝမ်းသာအားရ ကြည့်ရှုလိုက်ကြသည်။

လူတစ်အုပ်သည် အိုယန်မိသားစု၏ အိမ်ထဲသို့ အလျင်အမြန် ဝင်သွားကြလေ၏။

အဘွားကြီးအိုယန်သည် အပြင်ဘက်မှ ဆူညံသံများကို ကြားပြီးသားဖြစ်ကာ ချန်ဖုန်းကို မြင်သောအခါ သူမလည်း မျက်ရည်များပင် ကျလာခဲ့ပေသည်။

အထူးသဖြင့် သူမ၏ဘေးရှိ အလွန်လှပပြီး ကျက်သရေရှိသော ကောင်မလေးမှာ မြေးဖြစ်သူ၏ ငယ်သူငယ်ချင်း စေ့စပ်ထားသူဖြစ်ကြောင်း ကြားရချိန်တွင် သူမသည် ရယ်တစ်ဝက် ငိုတစ်ဝက် ဖြစ်သွားခဲ့၏။

ချန်မိသားစုမှာ နောက်ဆုံးတော့ အမွေဆက်ခံသူ ရှိလာပြီပဲ။

ရှန်ကွမ်ယွဲ့က နှုတ်ခမ်းကို တွန့်ကွေးကာ စိတ်ထဲမှ တွေးလိုက်သည်။

‘အိမ်မှာတုန်းက မိဘတွေက ငါ့ကို သမီးအရင်းလို မဆက်ဆံခဲ့ကြဘူး အခုမှ အချစ်ခံရတယ်ဆိုတာ ဘယ်လိုခံစားရလဲဆိုတာ ငါ နားလည်သွားပြီ…’

အဘွားကြီးအိုယန်က ရှန်ကွမ်ယွဲ့၏ လက်ကို ကိုင်ထားလိုက်၏။

ထို့နောက် သူမ၏ လက်ကောက်ဝတ်မှ လက်ကောက်ကို ချွတ်လိုက်ပြီး ပြုံးလျက် ပြောဆိုလိုက်သည်။ "ရှောင်ယွဲ့ အဘွားမှာ ပေးစရာ ဘာမှမရှိပါဘူး ဒီလက်ကောက်လေးက အိုယန်မိသားစုရဲ့ လက်ဆင့်ကမ်း အမွေအနှစ်ပါ"

"ရော့ ဒီလက်ကောက်က သမီးအတွက် လာ အဘွား ဝတ်ပေးမယ်"

"ဟင်"

မည်သူကမျှ ဤသို့ ဖြစ်လာမည်ဟု ကြိုတင်မခန့်မှန်းနိုင်ခဲ့ကြချေ။

တစ်ချိန်က စစ်မြေပြင်တွင် ရိုသေလေးစားမှု ခံခဲ့ရသော လွှမ်းမိုးနိုင်စွမ်းရှိသည့် စစ်ဘက်ဆိုင်ရာဌာန၏ စစ်သေနာပတိသည် ယခုအခါ ရှက်ရွံ့နေသော မိန်းမပျိုလေးတစ်ဦးအလား တွေဝေသွားခဲ့ရပေသည်။

လက်ကောက်၏ အဓိပ္ပာယ်ကို ရှန်ကွမ်ယွဲ့ သိရှိပေ၏။ ယခုတော့ သူမ ဝတ်လိုက်လေပြီ။

သူမသည် အိုယန်မိသားစု၏ မြေးချွေးမအဖြစ် အသိအမှတ်ပြုခံရခြင်းနှင့် အတူတူပင် ဖြစ်လေသည်။

သူမက ဘေးရှိ ချန်ဖုန်းကို ခိုးကြည့်လိုက်၏။

ချန်ဖုန်း၏ နှုတ်ခမ်းတွင်လည်း အပြုံးတစ်ခု ရှိနေပေသည်။

ရှန်ကွမ်ယွဲ့က ဒေါသထွက်လွန်း၍ ခြေစောင့်လိုက်မိ၏။

သက်ကြီးရွယ်အို နှစ်ဦး၏ ခံစားချက်များကို မထိခိုက်စေလိုသဖြင့် သူမသည် လက်ကောက်ကို လက်ကောက်ဝတ်တွင် ဝတ်ဆင်လိုက်လေသည်။

"ကောင်းပြီ ကောင်းပြီ"

အဘွားကြီးအိုယန် အလွန်အမင်း ဝမ်းသာသွားခဲ့၏။

အနီးတွင် ရပ်နေသော အိုယန်နာလန်က ပြုံးလျက် ပြောဆိုလိုက်သည်။ "အမေ

ရှန်ကွမ်လည်း ထမင်းမစားရသေးဘူး အပြင်သွားပြီး စားသောက်ဆိုင်မှာ ကြိုမှာထားလိုက်မယ် အရင်စားကြတာပေါ့"

ရှန်ကွမ်ယွဲ့က အလျင်အမြန် လက်ကာပြလိုက်၏။ "မလိုပါဘူး... ဒုက္ခမခံပါနဲ့တော့ ကျွန်မက ချန်ဖုန်းကို ကိစ္စတစ်ခုပြောဖို့ လာတာပါ မကြာခင် ပြန်တော့မှာ"

"ရှန်ကွမ် မပြန်ခင် ထမင်းစားသွားပါဦး"

အိုယန်ဖူက ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။ "မင်းရဲ့ အဖေက ဒီနှစ်တွေတစ်လျှောက်လုံး ငါတို့ကို တိတ်တဆိတ် အများကြီး ကူညီပေးခဲ့တာ ငါတို့ အိုယန်မိသားစုက ကျေးဇူးတင်စရာတွေ ရှိနေပါတယ်

ဘာပဲဖြစ်ဖြစ် ဒီထမင်းတစ်နပ်

စားယုံလေးတင်ပါ…”

"ကောင်းပါပြီလေ"

ရှန်ကွမ်ယွဲ့က ခဏတာ တွေးတောပြီးနောက် သဘောတူလိုက်၏။

နောက်ပိုင်းအချိန်များတွင်။

အိုယန်နာလန်က ဈေးဝယ်ထွက်သွားခဲ့သည်။

အဘွားကြီးအိုယန်ကို သူမ ချက်ပြုတ်ခိုင်း၍ မရနိုင်သဖြင့် ကိုယ်တိုင် ချက်ပြုတ်ရမည် ဖြစ်၏။

ရှန်ကွမ်ယွဲ့သည် အဘွားကြီးအိုယန်နှင့် ဧည့်ခန်းထဲတွင် စကားပြောနေခဲ့သည်။

အဘိုးကြီးအိုယန်က ချန်ဖုန်းကို ဘေးသို့ဆွဲခေါ်သွားပြီး တီးတိုးပြောဆိုလိုက်၏။ "ရှောင်ဖုန်း မင်း အခုလေးတင် လုကျွင်းရဲ့ လက်ကို ဖြတ်လိုက်တယ် လုမိသားစုက ဒီကိစ္စကို အလွယ်တကူ ကျေအေးပေးမှာ မဟုတ်ဘူးဆိုတာ ငါ စိုးရိမ်တယ်"

"မင်း လုမိသားစုအကြောင်း သိပ်မသိလောက်ဘူး သူတို့က ကျိုတိုမှာ တော်တော်လေး ဩဇာလွှမ်းမိုးမှု ရှိတယ်"

"သူက တရားဝင်ရော မြေအောက်လောကမှာပါ အဆက်အသွယ်တွေ ရှိတယ် ပြီးတော့ လျှို့ဝှက်မိသားစုတချို့နဲ့တောင် အဆက်အသွယ် ရှိသေးတယ်"

"ဒီနေ့ခေတ် အိုယန်မိသားစုက အရင်ကလို မဟုတ်တော့ဘူး"

"ဒါကြောင့် မင်းအတွက် ငါကြောက်မိတယ်..."

"စိတ်မပူပါနဲ့ အဘိုး"

ချန်ဖုန်းက လုံးဝ ဂရုမစိုက်ခဲ့ချေ။ "လုမိသားစုက ကျွန်တော့်ကို ဒုက္ခပေးဖို့ မရဲပါဘူး ယုံချင်ယုံ မယုံချင်နေ နောက်ကျရင် သူတို့ ကိုယ်တိုင် လာပြီး တောင်းပန်လိမ့်မယ်"

"ဒါက..."

အဘိုးကြီးအိုယန်က အနည်းငယ် မယုံကြည်နိုင်သေးပုံရပေ၏။

ထို့နောက် သူက ခေါင်းခါလိုက်သည်။

သခင်မလေးရှန်ကွမ် က သူ့မြေးရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ မျှော်လင့်ပါတယ်။ အိုယန်မိသားစုအတွက်တော့ သူတို့ စောင့်ကြည့်ရုံပဲ တတ်နိုင်တော့တယ်။

ချန်ဖုန်းက ဘာမှမပြောတော့ချေ။

သူက ဖုန်းကို ထုတ်ကာ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်၏…

…

တစ်နာရီ အကြာတွင်။

လုမိသားစု။

လုကျွင်း၏ ဖခင် လုရှောင်ရှင်း သည် ဒေါသကြောင့် ပေါက်ကွဲလုမတတ် ဖြစ်နေခဲ့သည်။

သူ၏သား အသက်ခံရမလိုဖြစ်သည်ကို မြင်သောအခါ သူ၏ နှလုံးသားမှာ သွေးထွက်နေပြီး ဒေါသကြောင့် ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေခဲ့ပေ၏။

သူ့ရဲ့ သားအရင်းလေ…

လုမိသားစုရဲ့ တစ်ဦးတည်းသော သား…

သူ့လက်မောင်းတစ်ဖက် တကယ်ပဲ ပြတ်သွားခဲ့ပြီ။ အရေးပေါ် ကုသမှုအတွက် ဆရာဝန်တစ်ဦးကို အိမ်သို့ ချက်ချင်း ခေါ်ခဲ့သော်လည်း

လုမိသားစုတွင် အထူးအရေးပေါ်ခန်းနှင့် အဆင့်မြင့်ဆုံး ဆေးဘက်ဆိုင်ရာ စက်ကိရိယာများ ရှိလျှင်ပင် ဤလက်မောင်းကို ပြန်လည်ဆက်နိုင်မည်၊ မဆက်နိုင်မည်မှာ ပြောရန် ခက်ခဲလှပေသည်။

"ပြောစမ်း ဘယ်သူလုပ်တာလဲ"

လုရှောင်ရှင်း၏ အေးစက်သော အကြည့်များ ရုတ်တရက် ရောက်ရှိလာခဲ့၏။

သူ၏ရှေ့ရှိ လူများမှာ ကြောက်ရွံ့မှုကြောင့် တုန်ရီနေကြပြီး ထစ်အလျက် ပြောဆိုလိုက်ကြသည်။ "အဲဒါ... အဲဒါ အိုယန်မိသားစုရဲ့ မြေးပါ သခင်လေးလု က သူ့မိခင်ကို စော်ကားလိုက်လို့ အဲဒီရလဒ်အနေနဲ့..."

"အိုယန်မိသားစု"

လုရှောင်ရှင်း၏ မျက်လုံးများတွင် အေးစက်သော သတ်ဖြတ်လိုစိတ်တစ်ခု လက်သွားခဲ့၏။ "မင်းတို့ အိုယန်မိသားစုက ဆက်ရှိနေဖို့ မလိုတော့ဘူးလို့ ထင်တယ်"

သူက ဖုန်းခေါ်ဆိုရန် ပြင်လိုက်ချိန်မှာပင် အပြင်ဘက်မှ တစ်စုံတစ်ခု ပြင်းထန်သော ပျက်ကျသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပေသည်။

ချက်ချင်းဆိုသလိုပင်။

နံရံတစ်ခုလုံးသည် နားကွဲမတတ် ဟိန်းဟောက်သံကြီးနှင့်အတူ ပေါက်ကွဲသွားလေ၏။

ထို့နောက် လုံးလုံးလျားလျား ပြိုကျသွားသည်။

မီးခိုးနှင့် ဖုန်မှုန့်များ ကင်းစင်သွားချိန်တွင်။

လူတိုင်း၏ မြင်ကွင်းထဲသို့ အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့ပြီး သူ၏ ပခုံးပေါ်တွင် ဧရာမ ဓားကြီးတစ်လက်ကို ထမ်းထားပေ၏။

သူသည် ပြင်းထန်သော ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

လုရှောင်ရှင်း၏ ပါးစပ်ကို ပိုမို တွန့်လိမ်သွားစေသည်မှာ...

တစ်ဖက်လူသည် လက်တစ်ဖက်တွင် လူတစ်ယောက်ကို ဆွဲကိုင်ထားခြင်းပင်။

ကျိုတိုမြို့ မြေအောက်လောကမှ နာမည်ကြီးလူမိုက်တစ်ဦး။

သူ့ကို ဝံပုလွေဘုရင် လို့ သိကြတယ်။

အတိတ်က လုမိသားစု ဖြေရှင်း၍မရသော ပြဿနာများ ရှိလာတိုင်း ၎င်းတို့ကို ဖြေရှင်းရန် ဤနာမည်ကြီးလူမိုက်ကို အမြဲ အကူအညီ တောင်းလေ့ရှိပေသည်။

ဝံပုလွေဘုရင်သည် ကျိုတိုမြို့၏ မြေအောက်လောကတွင် ကြီးမားသော ဩဇာလွှမ်းမိုးမှု ရှိနေဆဲပင်။

တရားဝင် ပုဂ္ဂိုလ်အချို့နှင့် လျှို့ဝှက် အင်အားကြီး မိသားစုများမှလွဲ၍ သူသည် အခြေခံအားဖြင့် အခြားသူများနှင့် ကိစ္စရပ်အားလုံးကို ကိုင်တွယ်နိုင်ပေသည်။

ထို့အပြင်

ဝံပုလွေဘုရင်၏ လက်အောက်တွင် လူရာပေါင်းများစွာ ရှိလေသည်။

၎င်းတို့ထဲတွင် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူများပင် ရှိသည်ဟု ဆိုကြ၏။

ယခုအခါ သူသည် လူတစ်ယောက်၏ လက်ထဲတွင် သေနေသော ခွေးတစ်ကောင်အလား ဆွဲကိုင်ခံထားရပြီး သူ၏ ကံကြမ္မာမှာ မသေချာတော့ချေ။

လုရှောင်ရှင်းသည် ဘာပဲဖြစ်ဖြစ် သာမန်လူတစ်ယောက်သာ ဖြစ်ပေသည်။

လူမှုရေးအဆင့်အတန်းအရ သူတို့သည် ထိုလျှို့ဝှက် အထက်တန်းလွှာ မိသားစုများထက် နိမ့်ကျကြ၏။

ခွန်အားအရလည်း ဝံပုလွေဘုရင်ကဲ့သို့ မြေအောက်လောက ဂိုဏ်းခေါင်းဆောင်တစ်ဦးကို သူ မယှဉ်နိုင်ချေ။

ယခုအခါဘသူသည် အလွန်အမင်း ထိတ်လန့်နေခဲ့သဖြင့် ချွေးစေးများ ပြန်လာခဲ့ပြီး အသက်ပြင်းပြင်း မရှူရဲတော့ချေ။

အဘယ်ကြောင့်ဆိုသော် လုမိသားစု အဆောက်အအုံ အပြင်ဘက်ရှိ သက်တော်စောင့် အားလုံးသည် မြေပြင်ပေါ်တွင် လဲကျနေကြောင်း သူ မြင်လိုက်ရသောကြောင့်ပင်။

အထူးသဖြင့် ယခုလေးတင် ပြိုကျသွားသော နံရံမှာ တစ်စုံတစ်ယောက်၏ ရိုက်ချိုးခြင်းကို ခံလိုက်ရကြောင်း ရှင်းလင်းနေပေ၏။

ထို့အပြင် ပတ်ဝန်းကျင်တွင် အမည်းရောင်ဝတ်စုံနှင့် လူတစ်ဒါဇင်ကျော်လည်း စောင့်ကြပ်နေကြသေးသည်

၎င်းတို့သည် သွေးဆာနေသော သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နေကြပြီး စစ်မြေပြင်မှ ပြန်လာခဲ့ကြသူများနှင့် တူနေပေ၏။

"မင်းက လုကျွင်းရဲ့ အဖေလား"

လဲ့ယန်သည် သူ၏ ပခုံးပေါ်ရှိ ဓားကြီးကို မြေပြင်ပေါ်သို့ ဘုန်းခနဲ စိုက်ချလိုက်ရာ စကျင်ကျောက်ကြမ်းပြင်ပေါ်တွင် လက်ချောင်းတစ်လုံးစာ အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့လေကာ

မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့၏။

All Chapters