← Chapters

အခန်း ၂၅၈

Vol. 26 Ch. 258

အခန်း ၂၅၈

Vol. 26 Ch. 258

အခန်း (၂၅၈) ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ခြင်း

ချန်ဖုန်းက ရယ်မောလျက် ပြောဆိုလိုက်၏။ "ကျွန်တော်က ပေ့ဟူမှာ ကုမ္ပဏီ တော်တော်များများ ပိုင်တယ် ထျန်ဖုန်းလုပ်ငန်းစု ကို ကြားဖူးလား အဲဒါ ဟိုလိုဂရမ် ရုပ်လုံးကြွနည်းပညာ ထုတ်ကုန်တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီလေ နှစ်တိုင်း အမြတ်ငွေ ယွမ် ဘီလီယံ ရာနဲ့ချီပြီး ရနေတာ"

"ထျန်ဖုန်းလုပ်ငန်းစု"

အဘိုးကြီးအိုယန် လန့်ဖြတ်သွားခဲ့သည်။

သူသည် ဤကုမ္ပဏီအကြောင်းကို ယခင်က ကြားဖူးခဲ့ပေ၏။ ယင်းမှာ မူလက ဟိုင်ထျန် ဉာဏ်ရည်တု ကုမ္ပဏီ ဟု အမည်ရသော်လည်း နောက်ပိုင်းတွင် အမည်ပြောင်းသွားခဲ့သည်ဟု ဆိုကြသည်။

အဲဒါက နည်းပညာကုမ္ပဏီတစ်ခုပဲ

ဟိုလိုဂရမ် ရုပ်လုံးကြွနည်းပညာ ထုတ်ကုန်များသည် လက်ရှိတွင် ကျိုတိုမြို့တစ်ဝန်းလုံး၌ အလွန် ရောင်းအားကောင်းနေပြီး ဝယ်လိုအားက ရောင်းလိုအားထက် ပိုများနေပေ၏။

သူ အရင်ကတည်းက တွေးနေခဲ့တာ။

ဒီလို အံ့မခန်း ထုတ်ကုန်မျိုးကို ထုတ်လုပ်နိုင်တဲ့သူက တကယ်တော့ ဘယ်သူများလဲ။

နောက်ကွယ်က သူဌေးက ကိုယ့်မြေးဖြစ်နေလိမ့်မယ်လို့ သူ တစ်ခါမှ မတွေးဖူးဘူး။

ဒါက အရမ်း အံ့သြစရာကောင်းတာပဲ။

ချန်ဖုန်းက ဆက်ပြောလိုက်သည်။ "လောလောဆယ် ကျွန်တော်က ဆေးဝါးကုမ္ပဏီ တစ်ခုကိုလည်း ဖွင့်ထားသေးတယ် စက်ရုံက အခုလေးတင် တည်ဆောက်ပြီးသွားတာဆိုတော့ နောက်အပတ်မှာ ထုတ်လုပ်မှု စတင်ဖို့ စီစဉ်ထားတယ် နောက်တစ်နှစ်အတွင်းမှာ အမြတ်ငွေ ယွမ် ဘီလီယံ ရာနဲ့ချီပြီး ရလာလိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းတယ်"

"ပြည်နယ်မြို့တော်မှာ ယွမ် ၁၀ ဘီလီယံကျော်တန်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တစ်ခုလည်း ရှိသေးတယ်"

"ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ကုမ္ပဏီတွေကရော ဘယ်လိုလဲ"

သူပြောလိုက်တဲ့ စကားတိုင်းက

လူတိုင်း၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲသွားပြီး လူတိုင်းကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့၏။

‘ငါ့ရှေ့က ဒီ မယုံနိုင်လောက်အောင် ချောမောတဲ့ မြေးလေးက ယွမ် ဘီလီယံ ရာနဲ့ချီတဲ့ ချမ်းသာကြွယ်ဝမှုကို စုဆောင်းထားပြီးပြီပဲ…’

အိုယန်မိသားစုထက် အများကြီး သာလွန်သွားပြီ။

အိုယန်မိသားစုရဲ့ အချမ်းသာဆုံး အချိန်မှာတောင် ချန်ဖုန်းရဲ့ လက်ရှိ အသားတင် ပိုင်ဆိုင်မှုလောက် မမြင့်မားခဲ့ပေ။

"ကောင်းပြီ ကောင်းပြီ"

အဘိုးကြီးအိုယန်၏ မျက်လုံးများ အနည်းငယ် နီရဲလာခဲ့၏။ "မင်းက ဖေးအာ ရဲ့ သားဖြစ်နေတာ အံ့သြစရာ မဟုတ်ပါဘူး မြေးက တော်တော်လေး အလားအလာရှိတာပဲ"

ချန်ဖုန်း ၎င်းကို မည်သို့လုပ်ဆောင်ခဲ့ကြောင်း သူ မမေးမြန်းခဲ့ချေ။ လူတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိပြီး လူတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင် အခွင့်အလမ်းများ ရှိကြပေသည်။

ဘေးတွင် ရပ်နေသော အိုယန်ဝူ မှာမူ ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ခံလိုက်ရသကဲ့သို့ မျက်နှာပျက်နေခဲ့၏။

ကိုယ့်ကိုယ်ကိုယ် ဒီဝမ်းကွဲညီလေးနဲ့ နှိုင်းယှဉ်ကြည့်တော့

သူက လုံးဝ အသုံးမကျတဲ့ကောင် ဖြစ်နေပြီလေ။

"အဘိုး ကုမ္ပဏီရဲ့ အကောင့်နံပါတ်ကို ပို့ပေးပါ ကျွန်တော် အခုချက်ချင်း ယွမ် ၅ ဘီလီယံ လွှဲပေးပါ့မယ် ကုမ္ပဏီကိစ္စတွေက အရမ်း အရေးကြီးတယ် နောက်ဆွဲလို့ မရဘူး"

ချန်ဖုန်းက သူ၏ ဖုန်းကို ထုတ်ကာ မိုဘိုင်းဘဏ်လုပ်ငန်း အက်ပလီကေးရှင်းသို့ ဝင်ရောက်လိုက်သည်။

သူ၏ ဘဏ်အကောင့်ထဲတွင် လက်ရှိ လည်ပတ်ငွေ အနည်းဆုံး ယွမ် ဘီလီယံ ဆယ်ဂဏန်းခန့် ရှိနေပြီး လစဉ် ရှန်ကျွင်းနှင့် ယွင်ထင်တို့က ကုမ္ပဏီ၏ အမြတ်ငွေတစ်စိတ်တစ်ပိုင်းကို ၎င်းထဲသို့ လွှဲပြောင်းပေးလေ့ရှိပေ၏။

"ကောင်းပြီ ကောင်းပြီ"

အဘိုးကြီးအိုယန်က ဟန်ဆောင်မနေတော့ချေ။

သူက သားဖြစ်သူ အိုယန်ဖူကို အကောင့်အသေးစိတ် အချက်အလက်များ ပို့ပေးခိုင်းလိုက်သည်။

မကြာမီပင် ငွေရောက်ရှိကြောင်း အသိပေးချက်တစ်ခု ရရှိခဲ့၏။

ယွမ် ၅ ဘီလီယံ။

တစ်နေ့ကျလျှင် ကုမ္ပဏီ၏ အကျပ်အတည်းကို ဖြေရှင်းရန် ဤမြေးလေးကို အားကိုးရလိမ့်မည်ဟု ၎င်းတို့ တစ်ခါမှ မထင်မှတ်ထားခဲ့ကြချေ။

ထိုအချိန်၌ပင်

အစေခံတစ်ဦးက ရုတ်တရက် ပြေးဝင်လာခဲ့သည်။

"ဒုက္ခပါပဲ ဒုက္ခပါပဲ သခင်လေးလု ရဲ့ အဖေက သူ့လူတွေနဲ့အတူ အတင်းဝင်လာတယ်"

"ဘာ"

အဘိုးကြီးအိုယန်၏ မျက်မှောင်များ ရုတ်တရက် တွန့်ကွေးသွားခဲ့၏။

လုရှောင်ရှင်း သည် ဤကိစ္စကို အလွယ်တကူ ကျေအေးသွားမည် မဟုတ်ကြောင်း သူ ကြိုတင်သိရှိထားသော်လည်း တစ်ဖက်လူက ဤမျှ မြန်မြန် ပြဿနာရှာရန် လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

သူ့မြေးနဲ့ အေးဆေး ပြန်လည်ဆုံတွေ့ဖို့တောင် အချိန်မပေးဘူးပဲ။

"ရှောင်ဖုန်း မြေး အထဲဝင်ပြီး ခဏပုန်းနေလိုက် ကျန်တာ အဘိုး ရှင်းလိုက်မယ် ဘာပဲဖြစ်ဖြစ် နှစ်ဖက်စလုံးက အဆင်မပြေဖြစ်ပြီးသားပဲ

ငါတို့ အတူတူ သေရမယ်ဆိုရင်တောင် ဘာဖြစ်လဲ…”

ချန်ဖုန်းက လက်ကာပြလိုက်ပြီး ဆက်ထိုင်နေခဲ့၏။

ဘေးတွင် ရပ်နေသော ရှန်ကွမ်ယွဲ့က ပြုံးလျက် ပြောဆိုလိုက်သည်။ "အဘိုး အဆင်ပြေပါတယ် ကျွန်မ ဒီမှာ ရှိနေတာပဲ ဘာမှမဖြစ်စေရပါဘူး"

"ဟုတ်တယ် အဖေ ရှောင်ယွဲ့ က စစ်ဘက်ဆိုင်ရာဌာနရဲ့ အကြီးအကဲလေ အဆင်ပြေသွားမှာပါ"

အိုယန်နာလန်ကလည်း ဖျော့တော့စွာ ပြုံးလျက် ဝင်ပြောလိုက်၏။

ဘာပဲဖြစ်ဖြစ် ချန်ဖုန်း၏ အမှတ်အသားကို သူမ ထုတ်ဖော်ပြောပြမည် မဟုတ်ချေ။

အဘိုးကြီးအိုယန် မျက်မှောင်ကြုတ်နေပြီး အိုယန်ဖူနှင့် အခြားသူများ စိုးရိမ်တကြီး ဖြစ်နေချိန်မှာပင်။

လုရှောင်ရှင်းသည် လူတစ်အုပ်ကို ဦးဆောင်ကာ အမောတကော ဝင်လာခဲ့လေသည်။

"မစ္စတာလု မင်းသားရဲ့ လက်မောင်းကို ဖြတ်လိုက်တာ ငါပဲ ပြဿနာရှိရင် ငါ့ဆီလာခဲ့"

အဘိုးကြီးအိုယန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

လုရှောင်ရှင်းသည် အလွန်အမင်း ထိတ်လန့်သွားသဖြင့် သူ၏ ကျောပြင်တစ်ခုလုံး ချွေးစေးများဖြင့် ဖုံးလွှမ်းသွားခဲ့ပေသည်။ ‘ခင်ဗျားဆီ လာရဲမယ်လို့များ ခင်ဗျား ထင်နေလား

ကျုပ်မှာ လက်မောင်း အများကြီးရှိရင်တောင် ဖြတ်ဖို့ လောက်မှာမဟုတ်ဘူး…’ ဟုတွေးလိုက်သော်လည်း….

သူက အလျင်အမြန် ပြေးလာကာ ရိုသေကျိုးနွံစွာဖြင့် ဖားယားသော အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်၏။

"အဘိုးအိုယန် နားလည်မှုလွဲတာပါ အကုန်လုံးက နားလည်မှုလွဲတာပါ…

ကျွန်တော့်သားက အဘိုးအိုယန် ရဲ့ အရေးပါမှုကို မသိလို့ အခုလို ခံရတာ တန်ပါတယ်…

ကျွန်တော် သူ့ကို ဆုံးမချင်နေတာ ကြာပါပြီ အခွင့်အရေး မရခဲ့လို့ပါ

ဒီတစ်ခါတော့ အဘိုးအိုယန်နဲ့ မစ္စတာချန် ကို ကျေးဇူးတင်ရမှာပဲ…”

စကားပြောနေစဉ် သူက ဘေးတွင် ထိုင်နေသော ချန်ဖုန်းကို သတိထား၍ ခိုးကြည့်လိုက်လေသည်။

အခန်းတစ်ခုလုံးတွင် ဤလူငယ်ကို သူ မသိရှိခဲ့ချေ။

‘ဒီကောင်းလေက အဘိုးကြီးအိုယန်ရဲ့ မြေးပဲ ဖြစ်ရမယ်…’ဟု သူတွေးလိုက်၏။

အထူးသဖြင့် လုရှောင်ရှင်းသည် ချန်ဖုန်း၏ ပြုံးနေသော မျက်နှာကို မြင်လိုက်ရချိန်တွင် သူ၏ နှလုံးသားမှာ ပိုမိုပြင်းထန်စွာ ခုန်ပေါက်သွားခဲ့ပေ၏။

သူ၏ မျက်နှာမှာ ချက်ချင်းပင် သေသူတစ်ဦးအလား ဖြူရော်သွားခဲ့သည်။

တစ်ဖက်လူက ရယ်မောနေသော်လည်း ယင်းက သူ့ကို ကျောချမ်းဖွယ် အေးစက်မှုကို ခံစားရစေခဲ့၏။

သူက အလျင်အမြန် ပြောဆိုလိုက်သည်။ "အဘိုးအိုယန် ကျွန်တော် အဘိုးအိုယန်ကို ကျေးဇူးတင်သင့်တာပါ အဘိုးအိုယန်ကသာ ဒီငမိုက်သားကို မဆုံးမပေးခဲ့ဘူးဆိုရင် သူက ဘယ်သူ့ကို စော်ကားရမယ် ဘယ်သူ့ကို မစော်ကားသင့်ဘူးဆိုတာ သိမှာ မဟုတ်ဘူး"

“တကယ်လို့ နောက်ကျရင် သူက လူမှားပြီး စော်ကားမိရင် လက်မောင်းတစ်ဖက် ဆုံးရှုံးရုံတင်မကဘဲ အများကြီး ဆုံးရှုံးရလိမ့်မယ်…”

“ဒီမှာ ယွမ် နှစ်ဘီလီယံ ပါတဲ့ ဘဏ်ကတ်ပါ

အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ် ဒါပေမဲ့ ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ…”

စကားပြောနေစဉ်

လုရှောင်ရှင်းသည် ခေါင်းငုံ့ကာ သူ၏ ညာဘက်လက်ဖြင့် ဘဏ်ကတ်တစ်ခုကို ကမ်းပေးလိုက်လေ၏။

အဘိုးကြီးအိုယန်မှာ လုံးလုံးလျားလျား မှင်တက်သွားရပေသည်။

ဘာတွေဖြစ်နေတာလဲ။

လုရှောင်ရှင်းသည် ရန်ငြိုးဖွဲ့တတ်ပြီး ညတွင်းချင်း ကလဲ့စားချေတတ်သူ ဖြစ်ကြောင်း သူ သိထားသော်လည်း အဘယ်ကြောင့် ယနေ့တွင် နေအနောက်မှ ထွက်လာရသနည်း။

သူ့မြေးကြောင့်များလား။

သူ့မြေးက ချမ်းသာပေမဲ့ လုရှောင်ရှင်း ဦးညွှတ်လာအောင်တော့ မချမ်းသာနိုင်ဘူးလေ။

သခင်မလေးရှန်ကွမ် ကြောင့်လား။

ရှန်ကွမ်ယွဲ့သည် စစ်သေနာပတိဖြစ်သော်လည်း သူမသည် အဘွားကြီးအိုယန်နှင့် စကားပြောနေခဲ့ပြီး တစ်ဖက်လူက လုရှောင်ရှင်းအတွက် မည်သည့် ပြဿနာမျှ ဖန်တီးခဲ့ပုံ မပေါ်ချေ။

အဘိုးကြီးအိုယန်မှာ သံသယများ ပြည့်နှက်နေခဲ့၏။

‘ဟင်…’

ထိုအချိန်၌

လုရှောင်ရှင်း၏ ဘယ်ဘက်လက်အင်္ကျီမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး သူ၏ လက်မောင်းတစ်ခုလုံး ပျောက်ဆုံးနေသကဲ့သို့ ဖြစ်နေကြောင်း သူ ရုတ်တရက် သတိပြုမိသွားခဲ့သည်။

အဝတ်အစားများပေါ်တွင် သွေးစများပင် စိမ့်ထွက်နေခဲ့၏။

ယင်းက သူ၏ နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု ထပ်မံဖြစ်ပေါ်စေခဲ့ပြန်သည်။

"မစ္စတာလု ခင်ဗျားရဲ့ လက်မောင်း"

"ကျွန်တော် ဖြတ်လိုက်တာပါ ကျွန်တော် လမ်းလျှောက်နေရင်း လှေကားပေါ်ကနေ မတော်တဆ ပြုတ်ကျသွားတာ အဲဒါ ကုလို့မရဘူးဆိုတာ သိလိုက်ရတော့ ဖြတ်ပစ်လိုက်တာပါ"

ထိုသို့ပြောရင်း လုရှောင်ရှင်း၏ မျက်လုံးများတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။

သူ အခု ဘာကိုမှ မထုတ်ဖော်ရဲဘူးလေ။

"..."

အဘိုးကြီးအိုယန် လုံးလုံးလျားလျား ဆွံ့အသွားခဲ့ပေသည်။

သူက လှေကားပေါ်က ပြုတ်ကျပြီး လက်တစ်ဖက်ကို ဖြတ်လိုက်ရတယ် ဟုတ်လား။

‘​မင်းမှာ ဒီ့ထက်ပိုကောင်းတဲ့ ဆင်ခြေမရှိတော့ဘူးလား…’ဟု အဘိုးကြီးအိုယန်မှာ မတွေးပဲ မနေနိုင်တော့ချေ။

"အဘိုးအိုယန် ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ"

လုရှောင်ရှင်းသည် ဘဏ်ကတ်ကို ကမ်းပေးနေဆဲပင်။ အကယ်၍ တစ်ဖက်လူက ငွေကို လက်မခံပါက ဓားကြီးကိုင်ဆောင်ထားသော လူ ရုတ်တရက် ပေါ်လာမည်ကို စိုးရိမ်သဖြင့် ယနေ့ည သူ အေးချမ်းစွာ အိပ်နိုင်မည် မဟုတ်ချေ။

အဘိုးကြီးအိုယန် တုံ့ဆိုင်းနေသည်ကို မြင်သောအခါ သူ အလွန်အမင်း စိုးရိမ်လာခဲ့၏။

"ခင်ဗျား ဒါကို လက်မခံရင် ကျွန်တော် ခင်ဗျားရှေ့မှာ ဒူးထောက်လိုက်မယ်" ဆိုသည့် မျက်နှာအမူအရာဖြင့် သူက ပြောဆိုလိုက်သည်။ "အဘိုးအိုယန် ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော်တို့ လုမိသားစုက အဘိုးတို့ကို ပွင့်ပွင့်လင်းလင်းရော တိတ်တဆိတ်ပါ ဖိနှိပ်ခဲ့ပြီး အဘိုးတို့ဆီကနေ အကျိုးအမြတ် တော်တော်များများ ရခဲ့ပါတယ်"

“ဒီငွေက ကျွန်တော့်ရဲ့ စေတနာကို ပြသတာပါ ဒီနေ့ကစပြီး လုမိသားစုက အဘိုးအိုယန်ကို ဘယ်တော့မှ ထပ်ပြီး ဆန့်ကျင်တော့မှာ မဟုတ်ပါဘူး…အရင်က ကျွန်တော် မှားခဲ့ပါတယ် ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့"

"ကောင်းပြီ"

အဘိုးကြီးအိုယန်က ဘဏ်ကတ်ကို တိုက်ရိုက် လက်ခံလိုက်လေ၏။

လွန်ခဲ့သော နှစ်များအတွင်း လုမိသားစုသည် အိုယန်မိသားစုထံမှ အကျိုးအမြတ်အချို့ အမှန်တကယ် ရရှိခဲ့ပြီး ယင်းကို လျော်ကြေးအဖြစ် အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။

"အဘိုးအိုယန် တခြားကိစ္စ မရှိတော့ရင် ကျွန်တော် ပြန်ပါတော့မယ် မိသားစု ပြန်လည်ဆုံတွေ့တဲ့အချိန်ကို ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး…"

ယခုမှသာ လုရှောင်ရှင်း သက်ပြင်းချလိုက်နိုင်ပေ၏။

နောက်ဆုံးတော့ သူ သေဘေးကနေ လွတ်မြောက်သွားခဲ့ပြီ။

အိုယန်မိသားစုမှ ထွက်ခွာလာချိန်တွင် သူ၏ ကျောပြင်တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်နေကြောင်း တွေ့ရှိလိုက်ရသည်။

All Chapters