အခန်း ၂၅၉
Vol. 26 Ch. 259
အခန်း (၂၅၉) ရှန်ယန်းယန်း၏ ကြေကွဲဖွယ်ရာ
လုရှောင်ရှင်း ထွက်ခွာသွားပြီးနောက် အဘိုးကြီးအိုယန်နှင့် အခြားသူများမှာမူ နားမလည်နိုင်ဖြစ်နေဆဲပင် ဖြစ်၏။
သူက လူမိုက်တစ်ယောက် မဟုတ်ပေ။
အခြားသူ၏ အပြုအမူ ပြောင်းလဲသွားခြင်းက အိုယန်မိသားစုကို ကူညီပေးနေသူ တစ်စုံတစ်ယောက် ရှိနေကြောင်း သေချာစွာ ပြသနေပေ၏။
သူက ရုတ်တရက် ဘေးရှိ ချန်ဖုန်းကို လှည့်ကြည့်ကာ မေးလိုက်သည်။
"ရှောင်ဖုန်း အဘိုးကို ဘာမှမရှင်းပြချင်တော့ဘူးလား"
"အဘိုး..."
ချန်ဖုန်းက ပြုံးလိုက်ပြီး တစ်ခဏမျှ တုံ့ဆိုင်းနေကာ ပြောဆိုလိုက်၏။ "ကျွန်တော့်မှာ အခု စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ် ဆိုတဲ့ နောက်ထပ် အမှတ်အသား တစ်ခုရှိသေးတယ် ဒါကြောင့် လုမိသားစုက ကျွန်တော့်ကို မဆန့်ကျင်ရဲတာ ပုံမှန်ပါပဲ"
သူ၏ စစ်ဘက်ဆိုင်ရာဌာန နည်းပြချုပ် ဆိုသည့် အမှတ်အသားကို သူ ရည်ရွယ်ချက်ရှိရှိဖြင့် လျှို့ဝှက်ထားခြင်း မဟုတ်ပေ။ အဇူရာနန်းတော်သခင် ဆိုသည့် အမှတ်အသားကမူ လူအများ သိရှိရန် မသင့်တော်သောကြောင့် ဖြစ်၏။
အဘိုးကြီးအိုယန်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။
စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ် ဟုတ်လား။
‘ဘုရားရေ ငါ့မြေးက ဒီလောက်တောင် အစွမ်းထက်နေတာလား’
သူ၏ သမီးနှင့် သမက်ကြောင့် အဘိုးကြီးအိုယန်သည် စစ်ဘက်ဆိုင်ရာဌာနအကြောင်းကို များစွာ သိရှိထားပေသည်။
စစ်ဘက်ဆိုင်ရာဌာန၏ နည်းပြချုပ် ဖြစ်လာရန်ဆိုသည်မှာ ကိုယ်ပိုင်စွမ်းအားမှာ အနည်းဆုံး ပင်မနတ်ဘုရားအဆင့် ရှိရမည် ဖြစ်ပေ၏။
သူသည် ဘေးရှိ ရှန်ကွမ်ယွဲ့ကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။
မြေးဖြစ်သူက စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ် ဖြစ်ပြီး မြေးချွေးမလောင်းက စစ်သေနာပတိ ဖြစ်နေသည်။
ဤနောက်ခံက...
တကယ်ကို အံ့မခန်း အစွမ်းထက်လှပေ၏။
စားသောက်ပြီးနောက် ချန်ဖုန်းသည် အဘိုးကြီးအိုယန်၏ ဘေးသို့ သွားကာ တီးတိုးပြောဆိုလိုက်သည်။ "အဘိုး အမေနဲ့ အဖေ သေဆုံးခဲ့ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး သဲလွန်စတချို့ ရှာတွေ့ခဲ့တယ်"
"အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့သူတွေက တစ်ခုခုကို ရှာဖွေနေကြတာ ဖြစ်နိုင်တယ်"
တစ်ခုခုကို ရှာဖွေနေတာလား။
အဘိုးကြီးအိုယန်က တစ်ခုခုကို ရုတ်တရက် သတိရသွားကာ ပြောဆိုလိုက်သည်။
"မင်းမိခင် ပျောက်ကွယ်သွားပြီးနောက်မှာ တစ်စုံတစ်ယောက်က သူမရဲ့ အခန်းထဲကို ဝင်ရောက်ပြီး တစ်ခုခုကို ရှာဖွေနေခဲ့ကြတယ်"
"ဒါပေမဲ့ သူတို့ မတွေ့ခဲ့ကြဘူးလို့ ထင်တယ်"
ချန်ဖုန်းက တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပြောဆိုလိုက်၏။ "အဘိုး အဘိုးအနေနဲ့ အခုလေးတင် ကျွန်တော်ရဲ့ ပျောက်ဆုံးသွားတဲ့မြေးကို ရှာတွေ့ပြီလို့ သတင်းထုတ်ပြန်ပြီး မနက်ဖြန် ကျိုတိုက ထင်ရှားတဲ့ မိသားစုတချို့ကို ဖိတ်ကြားပြီး ပွဲတစ်ခု လုပ်ပေးပါ"
“အိုယန်မိသားစုကို နှစ်ပေါင်းများစွာ ပစ်မှတ်ထားပြီး ဖိနှိပ်ခဲ့တဲ့ မိသားစုတချို့ ရှိနေတယ် မဟုတ်လား
အဲဒီလူတွေ အကုန်လုံးကို ဖိတ်ခေါ်လိုက်ပါ
နေရာကတော့ ဟွမ်ဟောင်ဟိုတယ် မှာ လုပ်ကြမယ်…”
"ရှောင်ဖုန်း မင်း ဘာလုပ်မလို့လဲ"
အဘိုးကြီးအိုယန် မျက်မှောင်ကြုတ်လိုက်သည်။
ချန်ဖုန်း၏ အပြုအမူက တစ်စုံတစ်ရာ ပြဿနာရှာရန် ကြိုးစားနေပုံရပေသည်။
ချန်ဖုန်း၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု လက်သွားခဲ့၏။ "အိုယန်မိသားစုကို ဖိနှိပ်ခဲ့တဲ့သူတွေကို အခု ကျွန်တော် ပြန်ရောက်လာပြီဆိုတော့ ဒီကိစ္စကို တစ်ခါတည်း ရှင်းပစ်လိုက်ဖို့ အကောင်းဆုံးပါပဲ"
"ပြီးတော့ နောက်ထပ် အချက်တစ်ခု"
"ကျွန်တော့်ရဲ့ မိဘတွေကို လျှို့ဝှက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့သူတွေကို ကျွန်တော့်ရဲ့ ပေါ်လာမှုက ဆွဲဆောင်နိုင်မလားဆိုတာ ကြည့်ရအောင်"
ထိုအကြောင်းကို ပြေားရင်...
သူက အဘိုးကြီးအိုယန်ကို ထပ်မံကြည့်ရှုလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် တောင်းပန်သော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။
"ဒါပေမဲ့ အဘိုး ဒီကိစ္စက အိုယန်မိသားစုကို ထိခိုက်စေနိုင်တယ်"
"ထားလိုက်ပါ ဘာဖြစ်ဖြစ်လေ"
အဘိုးကြီးအိုယန်က လက်ကာပြလိုက်သည်။
"ငါ့အိုယန်မိသားစုက ဒီအခြေအနေအထိ ရောက်နေပြီပဲ ဘယ်လောက် ပိုဆိုးသွားနိုင်ဦးမှာလဲ"
“မင်းမိဘတွေကို ဘယ်သူသတ်သွားလဲဆိုတာ ငါလည်း တကယ်ကို သိချင်နေတာ…”
"ရှောင်ဖုန်း မနက်ဖြန် မင်းရဲ့ လုံခြုံရေး..."
"စိတ်မပူပါနဲ့ ကျွန်တော့်မှာ အစီအစဉ် ရှိပါတယ်"
ချန်ဖုန်းသည် ယခုအခါ အဇူရာနန်းတော်မှ အဖွဲ့သားများကိုသာမက စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များကိုလည်း သူ၏ ညွှန်ကြားချက်အတိုင်း လှုပ်ရှားစေနိုင်သည်။
လုံခြုံရေးမှာ သေချာပေါက် အာမခံချက် ရှိပေ၏။
ရှန်ကွမ်ယွဲ့သည် ထမင်းစားပြီးနောက် အိမ်သို့ ပြန်သွားခဲ့လေသည်။
သူမသည် ကျိုတိုတွင် ရှိနေသည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး သူမ၏ ကျန်းမာရေးမှာလည်း အခြေခံအားဖြင့် ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်ရာ မကြာမီ နယ်စပ်သို့ ပြန်သွားကာ နယ်စပ်ကို စောင့်ကြပ်ရပေလိမ့်မည်။
နောက်ဆုံး စစ်ပွဲကြီး ပြီးနောက်။
ဟွာရှစစ်ဘက်ဆိုင်ရာဌာန၏ စစ်သေနာပတိ ဖြစ်သူမှာ အမြဲတမ်း လျှို့ဝှက်ထားသော ယူနစ်တစ်ခု ဖြစ်သော်လည်း ယခုအခါ ဝန်ကြီးကျန်း သည် စစ်ဘက်ဆိုင်ရာဌာန၏ ကြီးကျယ်သော အောင်မြင်မှုများကို တဖြည်းဖြည်း မြှင့်တင်ပေးနေခဲ့ပေ၏။
ကမ္ဘာကို သိရှိစေရမည်။
နယ်စပ်တွင် ရန်သူများကို ရဲရင့်စွာ တိုက်ခိုက်ခဲ့သူမှာ စစ်ဘက်ဆိုင်ရာဌာန ဖြစ်ပြီး နယ်စပ်ရှိ ရန်သူ့တပ်များကို ထိတ်လန့်စေခဲ့သူမှာ စစ်သေနာပတိပင် ဖြစ်ကြောင်း ကမ္ဘာက သိရှိစေရမည်။
ကမ္ဘာကို သိရှိစေရမည်။
ဟွာရှနိုင်ငံ၏ တည်ငြိမ်မှုအတွက် စစ်ဘက်ဆိုင်ရာဌာနမှ လူမည်မျှ နယ်စပ်တွင် အသက်ပေးလှူခဲ့ရကြောင်းကို သိရှိစေရမည်။
ချန်ဖုန်းသည် သူ့မိခင်၏ အခန်းထဲသို့ ထပ်မံဝင်ရောက်သွားခဲ့၏။ ကျိုတိုတွင် သူ ဘယ်လောက်ကြာကြာ နေရမည်ကို သူ မသိသော်လည်း သူ၏ အချိန်အများစုကို အိုယန်မိသားစု၌သာ ကုန်ဆုံးနေခဲ့ပေသည်။
သူသည် ဖုန်းကို ထုတ်ကာ လဲ့ယန်နှင့် အခြားသူများထံ မက်ဆေ့ခ်ျ ပို့လိုက်၏။
အနည်းဆုံး ပင်မနတ်ဘုရား ငါးပါးသည် ကျိုတိုမြို့သို့ ညမရောက်မီ ရောက်ရှိလာမည်ဖြစ်ပြီး အဇူရာနန်းတော်မှ အဖွဲ့ဝင် တစ်ရာခန့်မှာ ကျိုတို၏ နေရာအသီးသီးတွင် ပုန်းအောင်းနေကြပေသည်။
ကျန်ရှိသူများမှာ နယ်စပ်ပြင်ပ စစ်မြေပြင်တွင် ရှိနေကြသည် သို့မဟုတ် နိုင်ငံအသီးသီးတွင် ပုန်းအောင်းနေကြခြင်း ဖြစ်၏။
၎င်းတို့မှာ အချိန်တိုအတွင်း ပြန်လာနိုင်မည် မဟုတ်ချေ။
ထို့နောက် သူသည် ရှန်ကွမ်ယွဲ့ထံသို့လည်း အသိပေးလိုက်သည်။ မနက်ဖြန်တွင် သူ့ညွှန်ကြားချက်အတိုင်း လိုက်နာရန် စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့တစ်ခုကို စေလွှတ်ပေးရန် ဖြစ်ပေ၏။
တကယ်တော့ ချန်ဖုန်းသည် ထိုလျှို့ဝှက်ဆန်းကြယ်သောသူများ မနက်ဖြန်တွင် ပေါ်လာမည်ကို မသေချာခဲ့ချေ။
သို့သော် ၎င်းမှာ အခွင့်အရေးတစ်ခု ဖြစ်ပေသည်။ အကယ်၍ ဖြစ်လာပါက မည်သို့ပြုလုပ်မည်နည်း။
ထိုအချိန်၌ပင် ရှန်ယန်းယန်းက ဗီဒီယိုခေါ်ဆိုမှုတစ်ခု ပြုလုပ်လာခဲ့၏။
၎င်းတို့နှစ်ဦး မတွေ့ဆုံဖြစ်သည်မှာ အချိန်အတော်ကြာပြီ ဖြစ်ပေသည်။
ပြီးခဲ့သော ရက်အနည်းငယ်က စာတိုများမှတစ်ဆင့်သာ ဆက်သွယ်ခဲ့ကြခြင်း ဖြစ်၏။
ချန်ဖုန်းအား အံ့အားသင့်စေသည်မှာ မွန်းတည့်ချိန်ဖြစ်သော်လည်း ရှန်းယန်ယန်မှာ ဆွဲဆောင်မှုရှိသော အမည်းရောင် ပိုးသားညဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး အိပ်ရာပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေခြင်းပင် ဖြစ်ပေ၏။
နှင်းဖြူရောင် အရေပြားကို ခပ်ရေးရေး မြင်တွေ့လိုက်ရခြင်းကပင် အသက်ရှူရန် ခက်ခဲသွားစေခဲ့လေ၏။
"ချန်ဖုန်း နင် ဘယ်တော့ ပြန်လာမှာလဲ ငါကအကုန်လုံး အဆင်သင့်ဖြစ်နေပြီ နင်လာပြီး ငါ့ကို နှိပ်စက်ဖို့ စောင့်နေတာ"
ရှန်ယန်းယန်းက ရယ်မောလျက် ပြောဆိုလိုက်၏။
တစ်ချိန်တည်းမှာပင် သူမသည် အနည်းငယ် ဒေါသထွက်နေခဲ့သည်။ နောက်ဆုံးအကြိမ်က သူမကိုယ်သူမ ပေးအပ်ခဲ့သော်လည်း ထိုလူက သူမကို ငြင်းပယ်ခဲ့ခြင်း မဟုတ်ပေ။
နောက်ဆုံးတွင် သူမသည် သူမ၏ပါးစပ်ကိုသာ အသုံးပြုခဲ့ရလေ၏။
"ယန်းယန်း ငါ နောက်ရက်နည်းနည်းလောက်ဆို ပေ့ဟူ ကို ပြန်ရောက်မှာပါ"
ချန်ဖုန်း အနည်းငယ် ရှက်ရွံ့သွားခဲ့၏။
ရှန်ယန်းယန်းက သူ့ကို အမြဲတမ်း စနောက်နေကြောင်း သူ သတိပြုမိပြီး အမျိုးသားတစ်ယောက်အနေဖြင့် သူ နောက်ဆုံးတွင် ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားလိမ့်မည်ကို သူ သိထားပေ၏။
"အော်"
ရှန်ယန်းယန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။ "ရှောင်ယွဲ့ က ကျောင်းတက်လက်မှတ်ကို မနေ့က သွားယူခဲ့တာ အခုတော့ ကျောင်းသူ မဟုတ်တော့ဘူးလေ နင် ငါ့ကို နှိပ်စက်ချင်ရင် အချိန်မရွေး ပြောလို့ရပါတယ်"
"..."
ချန်ဖုန်းသည် ထိုဆွဲဆောင်မှုရှိသော ကိုယ်ခန္ဓာမှ သူ၏ အကြည့်များကို အလျင်အမြန် လွှဲဖယ်လိုက်၏။
ထို့နောက် သူ သက်ပြင်းချလိုက်ပြီး ပြောဆိုလိုက်သည်။ "ယန်းယန်း ငါ မင်းကို ပြောပြစရာ ရှိတယ် မင်း... ကိုယ့်ကိုယ်ကိုယ် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပါ"
"ဘာကိစ္စလဲ"
ရှန်ယန်းယန်း၏ နှလုံးသားမှာ ရုတ်တရက် ခုန်ပေါက်သွားခဲ့၏။
‘ငါ့မှာ ဆိုးရွားတဲ့ ခံစားချက်တစ်ခု ရှိနေသလိုပဲ…’ဟု သူမတွေးလိုက်၏။
ချန်ဖုန်း တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပြောဆိုလိုက်၏။ "ငါ့ရဲ့ မိဘအရင်းတွေက ပေ့ဟူ က မဟုတ်ဘူး သူတို့က ကျိုတို မှာ နေကြတာ ငါ ကလေးဘဝတုန်းက သူတို့က ငါ့အတွက် စေ့စပ်ထားတဲ့သူ တစ်ယောက် ရှိခဲ့တယ်..."
"စောင့်ပါဦး"
ရှန်ယန်းယန်း ရုတ်တရက် အိပ်ရာပေါ်တွင် တည့်မတ်စွာ ထိုင်လိုက်ပေ၏။
စကားလုံးများ၏ ပမာဏမှာ သူမ၏ ဉာဏ်ဖြင့် တစ်ခါတည်း စီမံရန် လွန်စွာ များပြားလှပေ၏။
မိဘအရင်း။
သေဆုံးပြီးနောက်။
ကလေးဘဝကတည်းက စေ့စပ်ထားသူ။
စကားလုံးတိုင်းက သူမကို လျှပ်စစ်ဓာတ်လိုက်သွားသကဲ့သို့ ဖြစ်စေခဲ့သည်။
ချန်ဖုန်း၏ မိဘအရင်းများ သေဆုံးသွားခဲ့ပြီလား။
၎င်းတို့က သူ့ကို ငယ်စဉ်ကတည်းက စေ့စပ်ပေးခဲ့တာလား။
"နောက်ထပ် ကိစ္စတစ်ခုကတော့ နောက်ဆုံးအကြိမ် ကျိုတို မှာ မတော်တဆမှု တစ်ခုကြောင့်..."
ချန်ဖုန်းသည် ရှန်ယန်းယန်းအား မည်သည့်အရာကိုမျှ ဖုံးကွယ်မထားလိုခဲ့ချေ။
သူသည် ရှန်ကွမ်ယွဲ့နှင့် ရှန်ယန်းယန်းကြားရှိ ကိစ္စရပ်များကို တစ်နေ့နေ့တွင် ဖြေရှင်းရတော့မည် ဖြစ်၏။
အခြားသူများကိုမူ...
နောက်မှပဲ ထည့်တွက်ကြတာပေါ့။
သူ ထိုသို့ ပြောဆိုလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ဖုန်းအခြားတစ်ဖက်ရှိ ရှန်းယန်ယန်မှာ ဖုန်းကို ချသွားခဲ့ပြီ ဖြစ်၏။
"ဟလို ယန်းယန်း ယန်းယန်း..."
…
ယုံဟယ်စံအိမ်၊ ပေ့ဟူ။
ရှန်ယန်းယန်း၏ လက်ထဲမှ ဖုန်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူမ၏ မျက်နှာမှာ ဖြူဖျော့နေခဲ့လေသည်။
မျက်ရည်များမှာ ထိန်းမနိုင်သိမ်းမရ စီးကျလာခဲ့၏။
ချန်ဖုန်းက သစ္စာရှိသော သားတစ်ယောက်ဖြစ်ပြီး သူ့မိဘများက ငယ်စဉ်ကတည်းက စေ့စပ်ပေးခဲ့သည့်အတွက် သူက ထိုကတိကို သေချာပေါက် တည်မြဲစေလိမ့်မည်ဟု သူမ သိထားပေသည်။
အကယ်၍ ထိုသို့သာဆိုလျှင် သူမ ဘာလုပ်ရမလဲ။
"ယန်းယန်း နင် ဘာဖြစ်တာလဲ အဆင်ပြေရဲ့လား"
ယွင်ထင် သည် ငိုသံကို ကြားရပြီးနောက် အထဲသို့ ဝင်လာခဲ့၏။
ရှန်ယန်းယန်း၏ မိတ်ကပ်များ ပျက်စီးသွားသည်ကို မြင်သောအခါ သူမက အလျင်အမြန် ပြေးလာကာ ဖက်ထားလိုက်ကာ မေးလိုက်၏။
"ဘာဖြစ်တာလဲ ယန်းယန်း ဘာလို့ ငိုနေရတာလဲ ဘယ်သူက နင်ကို အနိုင်ကျင့်လို့လဲ ချန်ဖုန်း က နင့်ကို အနိုင်ကျင့်တာလား…”