← Chapters

အခန်း ၇၇၃

Vol. 75 Ch. 773

အခန်း ၇၇၃

Vol. 75 Ch. 773

အခန်း (၇၇၃)။

အမှောင်ဧကရာဇ်တာအိုသခင်သည် ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထား သည့်အပြင် အမှောင်ကြယ်ကိုလည်း ပိုင်ဆိုင်ထားသော ထိပ်သီးပညာရှင်တစ်ဦး ဖြစ်သည်။ ထို့အပြင် သူ၏ ဒဏ်ရာများမှာလည်း အကုန်အစင် ပျောက်ကင်းသွားပြီဖြစ်ကာ ကျင့်ကြံမှု မှာလည်း တစ်ဆင့်တိုးတက်နေပြီ ဖြစ်သည်။ ယခုအခါတွင် သူသည် အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ရာ စွမ်းအားမှာ အတိုင်းအဆမရှိ ကြီးမားပြီး ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားသူတစ်ဦးနှင့်ပင် အပြည့်အဝ ယှဉ်နိုင်စွမ်း ရှိနေသည်။

သို့သော် ယခုအခါ ဟုန်ယွိ၏ ရှေ့မှောက်တွင်မူ သူသည် ခုခံနိုင်စွမ်း အလျှင်းမရှိဘဲ လက်သီးတစ်ချက်တည်းဖြင့် တိုက်ရိုက် အမှုန့်ချေဖျက်ဆီးခြင်းကို ခံလိုက်ရပြီး၊ အမှောင် ကြယ်မှာလည်း အသန့်စင်ဆုံးသော အမှောင်မူလစွမ်းအင်များအဖြစ် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။ ဤသည်မှာ ယခင်က တစ်ခါမှ မဖြစ်ပေါ်ဖူးသော မကြုံစဖူး ထူးကဲသည့် ဖြစ်ရပ်ပင် ဖြစ်သည်။

ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားသူကို မဆိုထားနှင့်၊ ခုနစ်ကြိမ်မြောက် ကျော်ဖြတ်ထားသော ‘ဖန်ဆင်းရှင်’ တစ်ဦးပင်လျှင် ဤလောက၌ လွတ်လပ်စွာ ကျင်လည် နိုင်သော တည်ရှိမှုမျိုး ဖြစ်သည်။ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားသော ပညာရှင်တစ်ဦးသည် ဖန်ဆင်းရှင်တစ်ဦးကို အနိုင်ယူနိုင်သော်လည်း၊ သူတို့ကို သတ်ဖြတ် ရန် သို့မဟုတ် လုံးဝအမြစ်ပြတ် ချိပ်ပိတ်ရန်မှာမူ အလွန်တရာ ခက်ခဲလှပေသည်။

သို့သော် ယခုမူကား အခြေအနေက ကွဲပြားသွားပြီ ဖြစ်သည်။ ဟုန်ယွိသည် ဟင်းလင်းပြင် ဖျက်ဆီးခြင်းနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ။

ဟင်းလင်းပြင်ဖျက်ဆီးခြင်းနယ်ပယ်သည် မူလကပင် ယန်နတ်ဘုရားနယ်ပယ်နှင့် အဆင့် တူညီသော နယ်ပယ်တစ်ခု ဖြစ်သည်။ နယ်ပယ်နှစ်ခုလုံးမှာ ဆန်းကြယ်ကျယ်ပြောလှပြီး အတိုင်းအဆမရှိသော နတ်ဘုရားတန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။

အကယ်၍ ယန်နတ်ဘုရားအဆင့်နှင့် ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်ကို နှိုင်းယှဉ်ရမည် ဆိုပါက၊ ‘ကောင်းကင်’ နှင့် ‘မြေကြီး’ တို့၏ ဆက်နွှယ်မှုမျိုးပင် ဖြစ်သည်။ ယန်နတ်ဘုရား မှာ ကောင်းကင်ဘုံဖြစ်ပြီး ကောင်းကင်တာအိုနှင့် အရာခပ်သိမ်းတို့၏ အစပြုရာ ဖြစ်သည်။ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်မှာမူ မြေကြီးဖြစ်ပြီး အရာခပ်သိမ်းတို့၏ မွေးဖွားရာ ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီး၊ တစ်ခုက အထက်၊ တစ်ခုက အောက်၊ နှစ်ခုလုံးမှာ မရှိမဖြစ် လိုအပ်လှပေသည်။ တစ်ခုက အမြင့်မြတ်ဆုံးဖြစ်ပြီး အခြားတစ်ခုမှာမူ ကျယ်ပြောနက်ရှိုင်း လှသည်။

ဟုန်ယွိသည် ယန်နတ်ဘုရား နယ်ပယ်သို့ တက်လှမ်းရန် ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့သော် လည်း၊ ဟင်းလင်းပြင် ဖျက်ဆီးခြင်းနယ်ပယ်ကို ချိုးဖျက်ရာတွင်မူ အောင်မြင်ခဲ့သည်။ ဆိုလို သည်မှာ သူသည် မဟာတာအိုကြီး နှစ်ခုအနက်မှ တစ်ခုကို အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။ သူသည် ပြိုင်ဘက်ကင်း အရှင်သခင်အဖြစ် ရှိနေဆဲဖြစ်ကာ သူ၏ ရှေ့မှောက်ရှိ အရာအားလုံးကို တိုက်ထုတ် ရှင်းလင်းနိုင်စွမ်း ရှိသည်။

ပို၍ အံ့သြစရာ ကောင်းသည်မှာ သူ့လက်ထဲ၌ နတ်ဘုရားလက်နက်ဘုရင် ရှိနေခြင်း ဖြစ်သည်။

အကယ်၍ သူသည် ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့် ပညာရှင်တစ်ဦးသက်သက်သာ ဆိုပါက၊ အခြားကျွမ်းကျင်ပညာရှင်များ မရှိသော အခြေအနေမျိုး၌ အမှောင်ဧကရာဇ် တာအိုသခင်ကို သတ်ဖြတ်ကောင်း သတ်ဖြတ်နိုင်ပေလိမ့်မည်။ သို့သော် ထိပ်တန်း ပညာရှင်များစွာ၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင်မူ၊ စစ်သည် ထောင်သောင်းကြားမှ စစ်သူ ကြီးတစ်ဦး၏ ခေါင်းကို ဖြတ်ယူရသကဲ့သို့ အလွယ်တကူ ဖြတ်ယူနိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။

ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့် နတ်ဘုရားတန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားပြီး နတ်ဘုရားလက်နက်ဘုရင်ကိုပါ လက်ဝယ်ရှိထားသော ပညာရှင်တစ်ဦးသည် ရှေးခေတ်မှ ဖန်ဆင်းခြင်းတာအိုသခင် သို့မဟုတ် တိုင်တို့ အဆင့်မျိုး ဖြစ်ပေသည်။ ထိုပုဂ္ဂိုလ်များသည် ရှေးဦးခေတ်၏ နှစ်ပေါင်း တစ်သိန်းတိုင်အောင် မည်သူမျှ မယှဉ်နိုင်ဘဲ လွတ်လပ်စွာ ကျင်လည်နိုင်ခဲ့ကြသူများ ဖြစ်သည်။ မည်သူမျှလည်း သူတို့ကို တစ်စုံတစ်ရာ မပြုလုပ်နိုင် ခဲ့ကြပေ။

ယခုအခါ ဟင်းလင်းပြင်ကို ဖျက်ဆီးပြီးနောက်၊ ဟုန်ယွိသည် ထိုယန်နတ်ဘုရား နှစ်ပါး လောက် အစွမ်းမထက်သေးသော်လည်း များစွာ ကွာခြားလှသည်တော့ မဟုတ်ချေ။ အကယ်၍ ထိုယန်နတ်ဘုရား နှစ်ပါးအနက်မှ တစ်ပါးပါး ပြန်လည် ရှင်လာလျှင်ပင် ဟုန်ယွိ ကို အပြီးတိုင် သတ်ဖြတ်နိုင်ရန်မှာ မသေချာလှဟု ဆိုရပေလိမ့်မည်။

အမှောင်ဧကရာဇ်တာအိုသခင်ကို လက်သီးတစ်ချက်ဖြင့် ကြိတ်ခြေပြီး အမှောင်ကြယ်ကို လည်း သူ၏ခန္ဓာကိုယ်ဖြင့် ချေဖျက်လိုက်ပြီးနောက်၊ ဟုန်ယွိသည် သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ဂရုတစိုက် ခံစားကြည့်လိုက်သည်။

ယခုအခါ သူ့ခန္ဓာကိုယ်သည် လူသားပုံသဏ္ဌာန် ရှိနေဆဲ ဖြစ်သော်လည်း၊ လူ့ခန္ဓာကိုယ်၏ တည်ဆောက်ပုံနှင့် လုံးဝကွဲထွက်သွားကာ ဆန်းကြယ်သော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့ပြီ။ သူသည် မိမိကိုယ်ကိုယ် အတိုင်းအဆမဲ့သော စကြာဝဠာကြီး၊ ပြည်နယ် ၉၉ ခု မြေကြီး၏ ကိုယ်ပွားတစ်ခုအဖြစ် ခံစားနေရသည်။ သူ၏ ယခင်ဘဝမှာ မြေကြီး၏ ဝိညာဉ်ဖြစ်ခဲ့ပြီး ယခုဘဝတွင် လူသားတစ်ဦးအဖြစ် ပြန်လည်ဝင်စားလာသော ဝိညာဉ်အလွှာလေးတစ်ခုမျှ သာ ဖြစ်သည်ဟုပင် သူ ခံစားလိုက်ရ၏။ သူ၏ အစစ်မှန် ခန္ဓာကိုယ်မှာမူ အမှန်တကယ်တွင် မဟာကမ္ဘာလောကကြီးနှင့် စကြာဝဠာရှိ ကုန်းမြေအားလုံးပင် ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင်၊ သူ၏ အရေပြား လက်မတိုင်းနှင့် ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသည့် သေးငယ်လှသော ဒြဗ်စင်အမှုန်အမွှားတိုင်းတွင် စွမ်းအင်များ ပြည့်နှက်နေသည်ကို သူ ခံစားလိုက်ရသည်။ ဤစွမ်းအင်မှာ အလွန်တရာ ထုထည်ကြီးမားပြီး အစွမ်းထက်လွန်း သည်။ သူ ပစ်သွင်းလိုက်သော လက်သီးချက်တိုင်းက မဟာကမ္ဘာလောကနှင့် စကြာဝဠာ တစ်ခုလုံးရှိ မြေကြီး၏ စွမ်းအားများနှင့် ဆက်သွယ်နေပြီး လှိုင်းလုံးကြီးများကဲ့သို့ တဟုန် ထိုး စီးဆင်းကာ မည်သူမျှ မခုခံနိုင်ပေ။

“ငါဟာ မြင့်မြတ်တဲ့ ကိုယ်ကျင့်တရားရဲ့ ကိုယ်ပွားပဲ။ ငါဟာ ပြည်နယ်ကိုးဆယ့်ကိုးခုရဲ့ ကိုယ်ပွားပဲ။ ငါဟာ ကောင်းကင်နဲ့ မြေကြီးကြားက သက်ရှိအားလုံးကို ပြုစုပျိုးထောင်ပေး သူပဲ။ ငါဟာ လောကမှာရှိတဲ့ သက်ရှိအားလုံးကို အတ္တကင်းမဲ့စွာ ပြုစုပျိုးထောင်ပေး တယ်... ဒါက ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်ရဲ့ အဓိပ္ပာယ်လား။ တကယ်ကို ထူးခြား ဆန်းကြယ်တဲ့ အရာပဲ။ ဘယ်လောက်တောင် မြင့်မြတ်တဲ့ တည်ရှိမှုမျိုးလဲ။ ဘယ်လောက် တောင် ကိုယ်ကျင့်တရားနဲ့ ပြည့်စုံတဲ့ ကုန်းမြေလဲ။ ဘယ်လောက်တောင် အားမာန်တွေ ပြည့်နှက်နေတဲ့ မြေဆီလွှာလဲ"

ဟုန်ယွိသည် ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်သို့ ရောက်ရှိသွားချိန် ဖြစ်ပေါ်လာသော ဆန်းကြယ်သည့် အပြောင်းအလဲများကို ဆန်းစစ်ရင်း အတွေးများမှာ လျင်မြန်စွာ လည်ပတ်နေလေသည်။

အစွမ်းထက်လှသော အနာဂတ်သခင်ရှီသည် ဟုန်ယွိ ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်သို့ ရောက်ရှိသွားချိန်တွင် ဖြစ်ပေါ်ခဲ့သမျှ အရာအားလုံး၊ သူ၏ စိတ်အခြေအနေ၊ ခံစားချက်များ နှင့် သွေးသားခန္ဓာကိုယ်၌ ဖြစ်ပေါ်လာသော အပြောင်းအလဲများကို မှတ်တမ်းတင်ထား လိုက်သည်။ ကောင်းကင်နှင့် မြေကြီးကြားရှိ မူလစွမ်းအင်များ၏ လှုပ်ရှားမှုများ၊ ပြည်နယ် ၉၉ခုရှိ ဆန်းကြယ်သော ဟင်းလင်းပြင် အပ်စိုက်မှတ်နေရာများ၏ တုန်ခါမှုများနှင့် လူ့ခန္ဓာ ကိုယ်တို့ကြားရှိ ဆက်နွှယ်မှုများ အားလုံးကို သူ၏ စိတ်ထဲ၌ မှတ်တမ်းတင်ထားလိုက်လေ သည်။

ဤကဲ့သို့သော အတွေ့အကြုံမျိုးမှာ အလွန်ပင် အရေးကြီးလှပြီး မဟာကမ္ဘာလောကကြီး နှင့် စကြာဝဠာတစ်ခုလုံးတွင်ပင် အလွန်တရာ ရှားပါးလှပေသည်။ ရှေးခေတ်ကာလမှ ယခုအချိန်အထိ ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်သို့ ရောက်ရှိခဲ့သော သူတော်စင် ဧကရာဇ် တစ်ပါးတည်းသာ ရှိခဲ့ဖူးသည်။

တစ်ဖက်တွင်မူ ဟုန်ယွိသည် ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့် စွမ်းအင်များနှင့် ရင်းနှီး အောင် ပြုလုပ်နေပြီး၊ အခြားတစ်ဖက်တွင်မူ စွမ်းအားများကို စုစည်းကာ ဘေးပတ်ပတ် လည်မှ အဆုံးမဲ့သော နတ်ဘုရားတန်ခိုးစွမ်းအင် တိုက်ခိုက်မှုများကို ကာကွယ်ရန် အစစ် မှန် စွမ်းအားများကို ထုတ်လွှတ်နေသည်။ ထိုနည်းအားဖြင့် ဟုန်ယွိသည် ဤရှုပ်ထွေးနေ သော အခြေအနေကို ရှင်းလင်းရန် အခွင့်အရေး ရရှိပေလိမ့်မည်။

"ရှေးဦးကောင်းကင်မိစ္ဆာ မျောက်ဝံကြီး၊ အမှောင်ဧကရာဇ်၊ မင်းတို့က အခုထိ ရုန်းကန်ချင် နေတုန်းပဲလား။ ငါ့ရဲ့ ယဇ်ကောင်တွေ ဖြစ်လာကြစမ်း။ ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးကို စော်ကားလို့ မရဘူး။ ငါ့ကို စော်ကားတဲ့သူ မှန်သမျှ သေရမယ်"

ဟုန်ယွိ၏ မျက်နှာမှာ မည်သည့် ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေသော်လည်း၊ အသံမှာမူ ခမ်းနားကြီးကျယ်လှပေသည်။ သူသည် နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လိုက်ကာ လက်ဖြင့် လှမ်းဖမ်းလိုက်သည်။ သူ၏ လက်ချောင်းငါးချောင်းမှ ထွက်ပေါ်လာသော အစစ်မှန် စွမ်းအားများသည် လေဝဲကြီးတစ်ခုအဖြစ် ပြန်လည် စုစည်းသွားပြီး၊ အမှောင် မူလစွမ်းအင်များအဖြစ် ပြောင်းလဲသွားသော အမှောင်ကြယ်ကြီးနှင့် အမှောင်ဧကရာဇ် တာအိုသခင်၏ ကြေမွနေသော ခန္ဓာကိုယ်၊ ထို့အပြင် ရှေးဦးကောင်းကင်မိစ္ဆာ မျောက်ဝံကြီး ၏ အပိုင်းပိုင်းအစစ ဖြစ်သွားသော ခန္ဓာကိုယ်တို့ကိုပါ လွှမ်းခြုံလိုက်တော့သည်။

နှစ်ဦးစလုံးမှာ အပိုင်းပိုင်းအစစ ကြေမွသွားခဲ့သော်လည်း သေဆုံးသွားခြင်း မရှိကြသေးပေ။ သူတို့သည် သူတို့၏ အသွေးအသား ခန္ဓာကိုယ်များကို ဖျက်ဆီး၍မရနိုင်သော အဆင့်အထိ ကျင့်ကြံထားကြသူများ ဖြစ်သည်။ အကယ်၍ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့လျှင်ပင် ပြန်လည် ကုစားနိုင်စွမ်း ရှိကြသည်။ ဟုန်ယွိသည် လက်သီးတစ်ချက်တည်းဖြင့် သူတို့ကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့ပြီး ယာယီအားဖြင့် တိုက်ခိုက်နိုင်စွမ်း မရှိအောင်သာ ပြုလုပ် ထားခြင်း ဖြစ်သည်။

ဤသည်မှာ သာမန်လူသား ကျွမ်းကျင်သူ နှစ်ဦး တိုက်ခိုက်နေကြရင်း မျက်စိတစ်မှိတ် အတွင်း လက်ခြေများ အကျိုးခံလိုက်ရသကဲ့သို့ပင် ဖြစ်သည်။

ဟုန်ယွိသည် ထိုသူတို့ကို ဖုန်မှုန့်ဖြစ်အောင် ပြုလုပ်လိုခြင်း မဟုတ်ဘဲ၊ မှော်လက်နက်များ၊ အသွေးအသား ခန္ဓာကိုယ်များနှင့် မူလစိတ်ဝိညာဉ်များကို ချိပ်ပိတ် သိမ်းဆည်းပစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ဟုန်ယွိ လှုပ်ရှားလိုက်သည့် အခိုက်အတန့်တွင်၊ အမှောင်ဧကရာဇ်တာအိုသခင်၏ ကြွင်းကျန်ရစ်သော စိတ်ဝိညာဉ် အတွေးစများမှာ အစွမ်းကုန် ရုန်းကန်နေသော်လည်း လေဝဲကြီး၏ စုပ်အားမှ လွတ်မြောက်နိုင်ခြင်း မရှိပေ။ ထိုအတွေးစများသည် ဟုန်ယွိ၏ လက်ဝါးထဲသို့ အတင်းအကျပ် ဆွဲသွင်းခြင်း ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ ခြင်း ခံရတော့မည်။

ယခုအခါ ဟုန်ယွိသည် မည်သည့်အရာကိုမဆို ဝါးမြိုနိုင်၊ အရည်ပျော်စေနိုင်ပြီး ကြိတ်ခြေ ပစ်နိုင်သော ‘တွင်းနက်’ ကြီးတစ်ခုနှင့် တူနေလေပြီ။

ဤသည်မှာ ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်၏ စွမ်းအားပင် ဖြစ်သည်။

"သူတို့ကို လွှတ်လိုက်စမ်း၊ ဟုန်ယွိ၊ ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်က အဲဒီလောက်ကြီး စွမ်းအားကြီးတယ်လို့ ငါ မယုံဘူး။”

ဟုန်ယွိသည် ရှေးဦးကောင်းကင်မိစ္ဆာ မျောက်ဝံကြီးနှင့် အမှောင်ဧကရာဇ်တာအိုသခင် တို့ကို ဖမ်းဆီးရန် ပြင်ဆင်နေစဉ်မှာပင်၊ ‘ရှင်း’ ဟု ခေါ်သော လူငယ်မှာ ရုတ်တရက် သူ၏ စွမ်းအားများကို ထုတ်ဖော်လိုက်သည်။ လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီးနောက် ကောင်းကင် ဘုံ ချောက်နက် နတ်ဘုရားပြစ်ဒဏ် တိုက်ကွက်ကို နောက်တစ်ကြိမ် ထပ်မံ ထုတ်လွှတ် လိုက်ပြန်သည်။ (ရှေ့မှာတုန်းက ကောင်းကင်ဘုံချောက်ကမ္ဘာ နတ်ဘုရားပြစ်ဒဏ်- ဟု ပြန်ဆိုခဲ့သည်။ ဖတ်ရအဆင်မပြေ၍ ကောင်းကင်ဘုံ ချောက်နက် နတ်ဘုရားပြစ်ဒဏ်-ဟု သုံးနှုန်းပါမည်။)

ဤ ‘ရှင်း’ ဟု အမည်ရသော လူငယ်၏ သိုင်းပညာ လမ်းစဉ်မှာ အလွန်ပင် နက်ရှိုင်းလှပေ သည်။ သူ၏အရှိန်အဝါအရ သူသည် အာဏာစက် အားလုံးကို ဆန့်ကျင်နိုင်စွမ်းရှိပြီး အာဏာရှိသမျှကို ခြေဖဝါးအောက်၌ နင်းခြေထားသကဲ့သို့ပင် ရှိနေသည်။ ဤအမူအရာမှာ ရွှီဝူယွိ၏ သတ်ဖြတ်ခြင်းတာအိုနှင့် ဆင်တူသော်လည်း ကွဲပြားမှု အချို့တော့ ရှိနေသည်။ သို့သော် သူတို့နှစ်ဦးလုံးမှာ အလွန်တရာ ခိုင်မာသော သိုင်းလမ်းစဉ် စိတ်ဆန္ဒကို ကိုယ်စား ပြုကြသည်။ ဤကဲ့သို့သော စိတ်ဆန္ဒမျိုးဖြင့် သူသည် ကြီးမြတ်သော အရာများကို သေချာ ပေါက် လုပ်ဆောင်နိုင်ပေလိမ့်မည်။

ထို့အပြင် ဤ ‘ရှင်း’ ဟု အမည်ရသော လူငယ်မှာ ကြီးကျယ်သော အောင်မြင်မှုများကို ရရှိ ထားပြီးသား ဖြစ်သည်။ သူသည် ‘သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်း’ အဆင့်အထိ ကျင့်ကြံထားနိုင်ခဲ့သည်။ ထို့အပြင် သူ၏ သိုင်းပညာ၏ နက်ရှိုင်းမှုမှာ ရှေးဦးကောင်းကင် မိစ္ဆာမျောက်ဝံကြီးထက်ပင် များစွာ သာလွန်နေလေသည်။

ပို၍ အထင်ကြီးစရာ ကောင်းသည်မှာ၊ သူသည် အင်မော်တယ် နတ်ဘုရားဘုရင်၏ အသွေး အသားကို ဝါးမြိုထားကြောင်း ဟုန်ယွိ ခံစားလိုက်ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်မှာ အလွန်တရာ အားကောင်းသော ပြန်လည် ကုသနိုင်စွမ်း ရှိနေပြီး၊ သူ၏ ခွန်အားမှာလည်း တာအိုပညာရပ်များကဲ့သို့ နက်နဲကာ အစွမ်းထက်လှသည်။

ကောင်းကင်ဘုံချောက်နက် နတ်ဘုရားပြစ်ဒဏ်သည် ပြင်းထန်စွာ ကျဆင်းလာခဲ့ပြီး၊ ကောင်းကင်ယံ တစ်ခုလုံးတွင် အဖြူရောင် ပုံရိပ်များနှင့် သန့်စင်သော အလင်းရောင်များ ဖြင့် ပြည့်နှက်သွားကာ ကြီးမားသော အစီအရင် အငွေ့အသက်များ လွှမ်းခြုံသွားလေသည်။ ဤစွမ်းအားက ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ဟုန်ယွိကို နောက်တစ်ကြိမ် ထပ်မံ ဝိုင်းရံလိုက်ပြန်သည်။

"မင်းက ဗဟိုကမ္ဘာရဲ့ခေါင်းဆောင်ကို ဆန့်ကျင်ပုန်ကန်နေတဲ့ တော်လှန်ရေးခေါင်းဆောင်၊ နတ်ဘုရားပြစ်ဒဏ် စစ်တပ်ရဲ့ ခေါင်းဆောင် ရှင်း’ ပဲ။ ငါ မင်းကို စစ်ဘက်ရေးရာဝန်ကြီးရဲ့ မှတ်ဉာဏ်တွေထဲမှာ တွေ့ဖူးတယ်။ မင်းက တကယ့်ကို အစွမ်းထက်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ပါ၊ ဒါပေမဲ့ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့် ပညာရှင်တစ်ဦးရဲ့ ရှေ့မှာတော့ မင်းဟာ အားကိုးရာမဲ့ ဖြစ်နေတုန်းပါပဲ" ဟုန်ယွိက အလယ်ဗဟို၌ ရပ်နေရင်း ဝင့်ကြွားစွာ ပြောလိုက်သည်။ "နှစ်ပေါင်း သုံးသောင်းတိုင်အောင် လေပြင်းတွေ တိုက်ခတ်ခဲ့ပြီးပြီ၊ တော်လှန်ရေးဆိုတာ ‘ပြောင်းလဲခြင်းကျမ်း’ ပဲ။ မင်းလည်း ကျဆုံးသင့်ပါပြီ"

ကောင်းကင်ဘုံချောက်နက် နတ်ဘုရားပြစ်ဒဏ်တိုက်ကွက်နှင့် ရင်ဆိုင်ရချိန်တွင်၊ ဟုန်ယွိ ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ လေပြင်းများနှင့် တိမ်တိုက်များကဲ့သို့ လှုပ်ခတ်သွားပြီး သူသည် နောက်ထပ် လက်သီးတစ်ချက်ကို ထပ်မံ ပစ်သွင်းလိုက်ပြန်သည်။

ဝုန်း…

ကောင်းကင်နှင့် မြေကြီးကြားရှိ အချိန်၏ စီးဆင်းမှုမှာ ရုတ်တရက် ပြောင်းလဲသွားလေ သည်။ ရှေးခေတ်မှ ယခုအချိန်အထိ ကောင်းကင်နှင့် မြေကြီးကြားရှိ လေပြင်းများနှင့် တိမ်တိုက်များ အားလုံးမှာ သူ၏ လက်သီးစွမ်းအား၌ ထင်ဟပ်လာတော့သည်။ တစ်ချိန် တည်းမှာပင်၊ လက်သီးချက်၏ အဆုံးသတ်တွင် ‘ပြောင်းလဲခြင်းတာအို’ ၏ စီးဆင်းမှုနှင့် အချိန်မြစ်ကြီးတို့မှာ တစ်ခုတည်းအဖြစ် လုံးဝ ပေါင်းစည်းသွားကာ ကံကြမ္မာကို ဆုံးဖြတ် ပြီး သက်ရှိအားလုံးကို ထိန်းချုပ်လိုက်တော့သည်။

ဟင်းလင်းပြင်ကို ဖျက်ဆီးပြီးနောက်၊ ဟုန်ယွိသည် နောက်ထပ် လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြန်သည်။ "နှစ်ပေါင်း သုံးသောင်းတိုင်အောင် လေပြင်းတွေ တိုက်ခတ်ခဲ့ပြီး ပြီ၊ တော်လှန်ရေးဆိုတာ ‘ပြောင်းလဲခြင်းကျမ်း’ ပဲ။"

ဖြောင်း…. ဖျစ်…

ကောင်းကင်ဘုံချောက်နက် နတ်ဘုရားပြစ်ဒဏ်၏ အဖြူရောင် အလင်းတန်းများသည် ဤလက်သီးချက်၏ အောက်၌ လုံးဝ အရည်ပျော်သွားခဲ့သည်။ ဟုန်ယွိအပေါ် မည်သည့် တိုက်ခိုက်မှုမျိုးမဆို ရေထဲသို့ ပစ်ချလိုက်သော သဲများကဲ့သို့ပင် မည်သည့် အရိပ်အယောင် မျှ မကျန်ဘဲ လွင့်စင်သွားတော့သည်။

ဤအခိုက်အတန့်တွင်၊ ဟုန်ယွိသည် အချိန်ရေစီးကြောင်းကြီး ဖြစ်နေလေပြီ။ သူသည် အချိန်မြစ်ကြီးဖြစ်ကာ၊ ကံကြမ္မာမြစ်ကြီးလည်း ဖြစ်သည်။ အခြားသူများမှာမူ ထိုမြစ်ကြီး အတွင်းရှိ ကျောက်ခဲလေးများမျှသာ ဖြစ်သည်။ ထိုကျောက်ခဲလေးများသည် မြစ်ရေ၏ တိုက်စားမှုကိုသာ ခံနိုင်ကြပြီး ပြန်လည် ခုခံနိုင်စွမ်း မရှိကြပေ။

‘ရှင်း’ ၏ ထိုကြီးမားသော ခန္ဓာကိုယ်မှာ ဟုန်ယွိ၏ လက်သီးတစ်ချက်ကြောင့် လွင့်စဉ် သွားတော့သည်။ ခန္ဓာကိုယ်မှာ ပြင်းထန်သော လေမုန်တိုင်းကြောင့် လွင့်သွားသော ငှက်မွေးတစ်ချောင်းကဲ့သို့ပင် ကောင်းကင်ယံထက်သို့ ပေပေါင်း ထောင်သောင်းချီ၍ လွင့်စဉ်သွားခဲ့သည်။ ထို့နောက် သူ၏ ရုပ်ခန္ဓာမှာ အမှုန့်ဖြစ်အောင် ပေါက်ကွဲသွားခဲ့ပြီး၊ သွေးသားများနှင့် အသားစများမှာ အရပ်မျက်နှာ အနှံ့အပြားရှိ ဟင်းလင်းပြင် နယ်မြေ အတွင်းသို့ အဆက်မပြတ် ကျဆင်းလာခဲ့တော့သည်။

အလွန်အမင်း အားကောင်းသော၊ 'သွေးတစ်စက်မှန် ပြန်လည်မွေးဖွားခြင်း' နယ်ပယ်သို့ ရောက်ရှိနေသည့် လူငယ်ခေါင်းဆောင်၊ နတ်ဘုရားပြစ်ဒဏ် စစ်တပ်၏ အကြီးအကဲနှင့် ဗဟိုအစိုးရကို ပုန်ကန်သူ 'ရှင်း' ပင်လျှင် လေဟာနယ်ဖျက်ဆီးခြင်းနယ်ပယ်ရှိ ဟုန်ယွိ၏ လက်သီးတစ်ချက်အောက်တွင် လုံးဝ ပျက်စီးသွားခဲ့ရသည်။

"မန်ပိုင်ရှင်း၊ ရှင်းရဲ့ ခန္ဓာကိုယ်ကို ပြန်လည် စုစည်းပေးပြီး သူ့ကို အသက်ပြန်ရှင်လာဖို့ အတွက် အချိန်ဆွဲပေးစမ်း" ရွှီယွိက အော်ပြောလိုက်သည်။ "ငါက ကောင်းကင်ဘုံရဲ့ ဖခင် ပဲ။ ငါက ကောင်းကင်ဘုံကို မွေးဖွားပေးခဲ့သူ။ ငါ့စိတ်ဆန္ဒဟာ ကောင်းကင်ဘုံရဲ့ အလိုဆန္ဒ ထက် ပိုမြင့်မားတယ်။ ဟုန်ယွိ၊ မင်း ဒီနေ့ သေရမယ်။ ထာဝရရှင်သန်ခြင်း ချုပ်ရိုးမဲ့ ကောင်းကင်ဝတ်ရုံ၊ ငါ့ခန္ဓာကိုယ်ကို ကာကွယ်စမ်း။ မူလစိတ်ဝိညာဉ်များ ပေါင်းစည်းစေ၊ သန့်စင်သော ယန်နတ်ဘုရား စွမ်းအားများ ထွက်ပေါ်စေ"

သူ ဟစ်အော်လိုက်စဉ်မှာပင်၊ နောက်ထပ် နတ်ဘုရားရတနာတစ်ခု သူ၏ ခန္ဓာကိုယ်ပေါ်၌ ပေါ်ထွက်လာသည်။ ထိုရတနာမှာ အဝတ်အစား တစ်ခုဖြစ်ပြီး၊ သူ၏ ခန္ဓာကိုယ်ကို ပတ်ပတ်လည် လွှမ်းခြုံထားရာ မည်သည့် အပေါက်မျှ မရှိပေ။ ဟင်းလင်းပြင်ထဲ၌ပင် မည်သည့် အက်ကြောင်းမျှ မရှိဘဲ ‘ချုပ်ရိုးမဲ့ကောင်းကင်ဝတ်ရုံ’ ဟူသော စကားပုံကို ပုံဖော် နေသကဲ့သို့ပင်။

မှန်ပေသည်၊ ဤသည်မှာ ဧကရာဇ်ချန်ရှန်း၏ ရတနာဖြစ်သော ချုပ်ရိုးမဲ့ကောင်းကင်ဝတ်ရုံ ပင် ဖြစ်သည်။ ‘ချုပ်ရိုးမဲ့ကောင်းကင်ဝတ်ရုံ’ ဟူသော စကားပုံသည် ဤရတနာမှ ဆင်းသက် လာခြင်း ဖြစ်သည်။

ဤသည်မှာ အမြင့်မြတ်ဆုံး ဝတ်ရုံဖြစ်ပြီး ဗုဒ္ဓသင်္ကန်းတော်ထက်ပင် သာလွန်နိုင်ပေသည်။

ဤဝတ်ရုံကို ဝတ်ဆင်လိုက်ပြီးနောက်၊ ရွှီယွိ၏ ခွန်အားမှာ နောက်တစ်ကြိမ် ထပ်မံ မြင့်တက်လာပြန်သည်။ သူ၏ခန္ဓာကိုယ်နှင့် ဝတ်ရုံမှာ လုံးဝ ပေါင်းစည်းသွားကာ ကျယ်ပြောလှသော မူလစိတ်ဝိညာဉ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဗုဒ္ဓသင်္ကန်းထက်ပင် ပိုမို အစွမ်းထက်သော ဤဝတ်ရုံကို ဝတ်ဆင်ပြီးနောက်၊ ရွှီယွိသည် ဟုန်ယွိကို ရင်ဆိုင်လိုက်သည်။ သူသည် ဟုန်ယွိ၏ အနှိုင်းမဲ့ ဟင်းလင်းပြင် ဖျက်ဆီးခြင်း အဆင့်စွမ်းအားကို အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိတော့ပေ။ သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ‘သုံးဆင့်ခြေလှမ်း’ ကို အသုံးပြုကာ၊ သူ၏ လက်များကို လက်သီးချက် ထောင်သောင်းချီအဖြစ် ပြောင်းလဲ၍ ဟုန်ယွိကို အရပ်မျက်နှာ အနှံ့မှ ဗုံးကြဲသကဲ့သို့ တိုက်ခိုက်လိုက်တော့သည်။

"အလကားပဲ။ အခုအချိန်မှာ ကျုပ်က ဟင်းလင်းပြင်ရဲ့ ကိုယ်ပွားပဲ။ ဟင်းလင်းပြင်ကို ဖျက်ဆီးပြီးတဲ့နောက်၊ ကျုပ်ကိုယ်တိုင်က ဟင်းလင်းပြင်ပဲ၊ ဘယ်အရာက အစစ်အမှန်လဲ။ ဘယ်အရာက အနတ္တလဲ။ ရွှီယွိ၊ အခု ကျုပ် ဘယ်လောက်အထိ သန်မာနေပြီလဲဆိုတာကို ခင်ဗျား နားလည်နိုင်မှာ မဟုတ်ဘူး"

ရွှီယွိ၏ သေစေနိုင်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရချိန်တွင် ဟုန်ယွိမှာ လုံးဝ တုန်လှုပ် ခြင်း မရှိချေ။ သူက ရှေးဟောင်း ဂါထာတစ်ခုကို ရွတ်ဆိုရင်း ရှေ့သို့ ပြေးဝင်သွားကာ ခန္ဓာကိုယ်ဖြင့် ရွှီယွိကို တိုက်ရိုက် ဝင်တိုက်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူတို့နှစ်ဦးသည် ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်း အတွင်း၌ လက်သီးချက်ပေါင်း ၈၁ ချက်ကို အပြန်အလှန် ဖလှယ်လိုက်ကြသည်။ ဟုန်ယွိ၏ လက်သီးချက်များကြောင့် ကောင်းကင်နှင့် မြေကြီးမှာ တုန်ခါသွားပြီး အချိန်နှင့် ဟင်းလင်း ပြင်တို့မှာ အကြွင်းမဲ့ စွမ်းအားဖြင့် လွှမ်းမိုးခံလိုက်ရသည်။ သူ၏ မြင့်မားသော ခန္ဓာကိုယ်မှာ ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်ထားသည့် ကြီးမားသော တိုင်လုံးကြီးသဖွယ် ဖြစ်နေ ပြီး၊ အထက်ရှိ ကောင်းကင်ဘုံကိုးခုကို ဖောက်ထွက်ကာ အောက်ရှိ 'အဝါရောင်စမ်းချောင်း မြေအောက်ကမ္ဘာ' အထိ ရောက်ရှိနေသည်။

“နှစ်ပေါင်းသုံးသောင်းတိုင်အောင် တိုက်ခတ်နေတဲ့ လှိုင်းလုံးတွေကို ကျုပ် ပြောင်းပြန်လှန် ပစ်မယ်” လက်သီးတစ်ချက်ဖြင့် သူသည် ရွှီယွိ၏ လက်သီးချက်ကို ဘေးသို့ ပယ်ထုတ် လိုက်သည်။ အတိုင်းအဆမဲ့ အရှိန်အဟုန်နှင့်အတူ ဟုန်ယွိသည် မည်သည့် ဟင်းလင်းပြင် နှင့် အချိန်ဆိုင်ရာ အဟန့်အတားကိုမဆို ချိုးဖျက်နိုင်သော ပြင်းထန်သည့် လက်သီး တစ်ချက်ကို ထိုးနှက်လိုက်ရာ၊ ရွှီယွိ၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားတော့သည်။

ဝုန်း

ရွှီယွိ၏ ဖောင်းကားနေသော ခန္ဓာကိုယ်မှာ လုံးဝ ပြိုကျသွားခဲ့သည်။ အထူးသဖြင့် သူ၏ ရင်ဘတ်မှာ ရိုက်နှက်ခံရမှုကြောင့် ဖောင်းတက်လာခဲ့ပြီး ရေတိုင်ကီအရွယ်အစားခန့် အဖုကြီးတစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင်၊ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ချုပ်ရိုးမဲ့ ကောင်းကင်ဝတ်ရုံမှာလည်း လင်းလက်သွားပြီး ကွဲအက်တော့မည့်ပုံ ပေါ်နေသည်။ အလင်း တန်းများကြား၌ အက်ကြောင်းများစွာ ပေါ်ထွက်လာလေသည်။

ဖူး…

ဟုန်ယွိသည် အနီးသို့ ထပ်မံ ချဉ်းကပ်သွားပြီး ရွှီယွိ၏ ရင်ဘတ်ပေါ်ရှိ အဖုကြီးကို လက်သီး ဖြင့် ထပ်မံ ထိုးနှက်လိုက်ရာ ၎င်းမှာ ပေါက်ထွက်သွားတော့သည်။ ထူထဲသော သွေးစီး ကြောင်းကြီးတစ်ခု ပန်းထွက်လာပြီး၊ ကောင်းကင်နှင့် မြေပြင်အနှံ့ သွေးမိုးများ ရွာသွန်းနေ သည့် မြင်ကွင်းကို နောက်တစ်ကြိမ် ဖြစ်ပေါ်စေပြန်သည်။

ရွှီယွိ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ကြက်ကလေး တစ်ကောင်ကဲ့သို့ လွင့်စဉ်သွားတော့သည်။ သူ၏ ‘ယန်နတ်ဘုရားအတွေးစ’ ပင် ခန္ဓာကိုယ်မှ ထွက်ခွာသွားခဲ့ပြီး သူသည် အပြင်းအထန် နာကျင်စွာဖြင့် ဟစ်အော်လိုက်ရ၏။ သူသည် ဟုန်ယွိ၏ ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့် တိုက်ခိုက်နိုင်စွမ်းကို အလွန်ပင် ထိတ်လန့်သွားပုံရသည်။

...

"သွားကြစို့"

ဧကရာဇ်ရှန်နှင့် ဧကရီယင်တို့သည် ဟုန်ယွိ ဟင်းလင်းပြင် ဖျက်ဆီးခြင်းနယ်ပယ်သို့ တက်လှမ်းနေသည့် အချိန်ကတည်းက ဆုတ်ခွာသွားခဲ့ကြပြီ ဖြစ်သည်။ သူတို့သည် ဟုန်ယွိ ကို သတ်ဖြတ်ရန်အတွက် သူတို့၏ နတ်ဘုရားတန်းခိုး စွမ်းအင်များကို အသုံးပြုပြီး နောက်တစ်ကြိမ် တိုက်ခိုက်သင့်၊ မသင့် စဉ်းစားနေခဲ့ကြသည်။

သို့သော် သူတို့ စဉ်းစားနေစဉ်မှာပင်၊ ဟုန်ယွိက သူ၏ နတ်ဘုရားတန်ခိုး စွမ်းအားများကို ထုတ်ဖော်ကာ လောကကြီးကို လွှမ်းမိုးလိုက်တော့သည်။ လက်သီးချက်အနည်းငယ်နှင့် ခြေကန်ချက် အနည်းငယ်ဖြင့်ပင် သူသည် အမှောင်ဧကရာဇ်တာအိုသခင်ကို မှုန့်မှုန့် ညက်ညက် ဖြစ်အောင် ပြုလုပ်ခဲ့ပြီး၊ အမှောင်ကြယ်ကို ဖျက်ဆီးကာ၊ ‘ရှင်း’ ကိုလည်း ဖုန်မှုန့် ဖြစ်အောင် ချေမွဖျက်ဆီးပစ်ခဲ့သည်။ နောက်ဆုံးတွင်၊ ရွှီယွိ၏ ချုပ်ရိုးမဲ့ကောင်းကင်ဝတ်ရုံ ပင်လျှင် တောင့်မခံနိုင်ဘဲ သွေးမိုးများ ရွာသွန်းလျက် ကောင်းကင်ယံသို့ လွင့်ထွက်သွား ခဲ့ရသည်။

ဤအရာအားလုံးက ဟုန်ယွိသည် ယခုအခါ မည်သူမျှ အနိုင်မတိုက်နိုင်တော့သည့် ပြိုင်ဘက်ကင်း တည်ရှိမှုတစ်ခု ဖြစ်သွားပြီဖြစ်ကြောင်း သက်သေပြနေသည်။ အနည်းဆုံး တော့ ယနေ့ ဟုန်ယွိကို ဝိုင်းရံသတ်ဖြတ်မည့် အစီအစဉ်မှာ အကောင်အထည် မဖော်နိုင် တော့ချေ။

ထို့ကြောင့် ထိုသူနှစ်ဦးမှာ မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ထွက်ခွာသွားကြတော့သည်။ သူတို့သည် လေထဲသို့ ခုန်တက်လိုက်ကြရာ၊ ကောင်းကင်ယံရှိ နေလဒီရေလှိုင်းမှာ ရှေ့သို့ တဟုန်ထိုး လှိမ့်တက်လာပြီး ဒီရေလှိုင်း၏ အလယ်ဗဟိုသို့ သူတို့ကို ဆွဲခေါ်သွားတော့ သည်။

ဤသည်မှာ သူတို့နှစ်ဦး နှစ်ပေါင်း ထောင်ချီတိုင်အောင် လေ့ကျင့်ထားသော အမြင့်ဆုံး ထွက်ပြေးသည့်ပညာရပ် ဖြစ်သည်။ သူတို့သည် နေလဒီရေလှိုင်း စွမ်းအားကို အသုံးပြု၍ အချိန်နှင့် ဟင်းလင်းပြင်ထဲ၌ ပုန်းကွယ်လိုက်ကြခြင်း ဖြစ်သည်။

"နေလဒီရေလှိုင်းတွေကလည်း ကျုပ်ပိုင်နက်ထဲမှာပဲ။ ခင်ဗျားတို့ လွတ်လမ်းမရှိဘူး"

ဟုန်ယွိက ကောင်းကင်နှင့် မြေကြီးကြား၌ မတ်မတ်ရပ်နေရင်း၊ သူတို့နှစ်ဦး ထွက်ပြေးသွား သော အရပ်မျက်နှာသို့ မျက်နှာမူလိုက်သည်။ သူက လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ၊ ကြီးမားလှသော နေလဒီရေလှိုင်းကြီးမှာ အမှန်တကယ်ပင် ပျက်စီးသွားတော့သည်။

All Chapters