← Chapters

အခန်း ၇၇၅

Vol. 75 Ch. 775

အခန်း ၇၇၅

Vol. 75 Ch. 775

အခန်း (၇၇၅)။

ဟုန်ယွိသည် ယခုအခါတွင် ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ရာ ဤနယ်ပယ်၏ သဘောသဘာဝကို ကောင်းစွာ နားလည်ကျွမ်းကျင်နေပြီ ဖြစ်သည်။ သူသည် အထွက်ထိပ် လမ်းစဉ်သို့ ရောက်ရှိရန်အတွက် တစ်ခုတည်းသော ‘ယန်နတ်ဘုရား’ အဆင့်သို့ ရောက်ရှိရန် လိုအပ်ပေသည်။

ထို့ကြောင့် သူသည် ရွှီယွိ၏ ယန်နတ်ဘုရား အတွေးစကို ရယူကာ နောင်တစ်ချိန်တွင် အနာဂတ်သခင်၏ တွက်ချက်မှုများဖြင့် ခွဲခြမ်းစိတ်ဖြာရန် ရည်ရွယ်ခြင်းဖြစ်သည်။

ရှေးဦးခေတ်မှစ၍ အလွန်အစွမ်းထက်သော ထိပ်သီးပညာရှင် အနည်းငယ်မှလွဲ၍ ကျန်ရှိ သော ပညာရှင်များမှာ သူတို့၏ သွေးသားခန္ဓာကိုယ်ကို ဟင်းလင်းပြင်ဖျက်ဆီးခြင်း အဆင့် သို့ ရောက်အောင် ကျင့်ကြံနိုင်ခြင်း မရှိကြသလို၊ သူသတို့၏ စိတ်ဝိညာဉ်ကိုလည်း ယန် နတ်ဘုရားအဆင့်အထိ တစ်ပြိုင်တည်း တက်လှမ်းနိုင်ခဲ့ခြင်း မရှိကြပေ။

ရှေးခေတ်က သူတော်စင်ဧကရာဇ်များစွာ ရှိခဲ့သော်လည်း သူတို့အားလုံးမှာ ယန်နတ်ဘုရား အဆင့် ပညာရှင်များ ဖြစ်ကြသည်။ သို့သော်လည်း သူတို့ထဲမှ ထက်ဝက်ကျော်မှာ ခန္ဓာကိုယ်ကို ဟင်းလင်းပြင်ဖျက်ဆီးခြင်း အဆင့်အထိ မရောက်ရှိခဲ့ကြချေ။ တစ်နည်းအား ဖြင့် ဆိုရသော် သူတို့သည် ‘ကောင်းကင်လမ်းစဉ်’ ကို ရရှိခဲ့ကြသော်လည်း ‘ကောင်းကင်၏ ကိုယ်ထည်’ ကိုမူ မပိုင်ဆိုင်ခဲ့ကြပေ။

ဧကရာဇ်ချန်ရှန်း၊ ဖန်၊ ယွမ်၊ တိုင်နှင့် ဖန်ဆင်းခြင်းတာအိုသခင်စသည့် ပညာရှင်အနည်းငယ် သာလျှင် သူတို့၏ခန္ဓာကိုယ်ကို ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်နှင့် စိတ်ဝိညာဉ်ကို ယန်နတ်ဘုရား အဆင့်အထိ တစ်ပြိုင်တည်း ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့ကြသည်။ ထို့ကြောင့် ထိုသူတို့သည် ရှေးဟောင်းခေတ်တွင် အစွမ်းထက်ဆုံးနှင့် အာဏာအရှိဆုံး ပုဂ္ဂိုလ်များ ဖြစ်ခဲ့ကြပြီး ခေတ်အဆက်ဆက်တွင် အနှိုင်းမဲ့ ပြိုင်ဘက်ကင်းသူများအဖြစ် တည်ရှိနေခဲ့ကြသည်။

ယခုအခါ ဟုန်ယွိသည် ‘နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား’ ကို အမှီပြု၍ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်သို့ ရောက်ရှိခဲ့သော်လည်း ယန်နတ်ဘုရားအဆင့်သို့ တက်လှမ်းရန်မှာမူ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေဆဲပင်။ ထို့ကြောင့် ရွှီယွိ၏ ယန်နတ်ဘုရား အတွေးစများကို ရယူပြီး ဆန်းစစ်နိုင်ခြင်းမှာ သူ့အတွက် များစွာ အကျိုးရှိစေမည်။

နတ်ဘုရားလက်နက်ဘုရင်များ အပါအဝင် အခြားသော မှော်ရတနာများမှာ သူ့အတွက် သိပ်အရေးမကြီးသော်လည်း ယန်နတ်ဘုရားအတွေးစများမှာမူ သူ့အတွက် အလွန်ပင် တန်ဖိုးရှိလှသည်။

ဒဏ္ဍာရီများအရ အကယ်၍ ခန္ဓာကိုယ်က ဟင်းလင်းပြင်ကို ဖျက်ဆီးပြီး စိတ်ဝိညာဉ်က ယန်နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားပါက ကောင်းကင်နှင့် မြေကြီး၏ လမ်းစဉ်ကို အပြည့်အဝ ရရှိမည် ဖြစ်ပြီး၊ နိဗ္ဗာနနယ်ပယ်ကို ကျော်လွန်၍ ထာဝရရှင်သန်ခြင်းနယ်ပယ် သို့ ရောက်ရှိရန် များစွာ အထောက်အကူပြုပေလိမ့်မည်။

ထို့ကြောင့် ဟုန်ယွိသည် ရွှီယွိကို လက်ဖဝါးတစ်ချက်ဖြင့် နောက်သို့ ဆုတ်သွားစေခဲ့ပြီး နောက် ဧကရာဇ်ရှန်နှင့် ဧကရီယင်တို့ကို လိုက်လံတိုက်ခိုက်ခြင်းကို စွန့်လွှတ်ကာ ရွှီယွိထံ သို့ တိုက်ရိုက် ချဉ်းကပ်သွားလေသည်။ သူ့ရည်ရွယ်ချက်မှာ ယန်နတ်ဘုရားအတွေးစကို သိမ်းဆည်းရန်ပင် ဖြစ်သည်။

ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ ရှေ့သို့ ဆက်တိုက် တိုးဝင်နေပြီး သူ့ပတ်ပတ်လည်ရှိ ဟင်းလင်း ပြင်များမှာလည်း အဆက်မပြတ် ကြေမွပျက်စီးနေလေသည်။ သူသည် ဖျက်ဆီးခြင်း နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေပြီး သူသွားလေရာအရပ်တွင် ဘာမျှ မကျန်ရှိတော့ပေ။

တစ်ချိန်တည်းမှာပင် သူ၏ လက်ဖဝါးအတွင်း၌ အစစ်မှန် စွမ်းအားများမှာ ဘောလုံး တစ်လုံးကဲ့သို့ စုစည်းလာပြီး ယန်နတ်ဘုရားအတွေးစကို လှမ်းဖမ်းလိုက်သည်။ ထိုအတွေး စမှာ မည်မျှပင် စွမ်းအားကြီးစေကာမူ ဟုန်ယွိ၏ လက်ဖဝါးအတွင်းမှ မလွတ်မြောက်နိုင် တော့ပေ။

ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်၏ စွမ်းအားမှာ အလွန်ပင် ကြီးမားလှသဖြင့် ယန်နတ်ဘုရားပညာရှင်များပင်လျှင် သတိထားနေရသည့် အဆင့် ဖြစ်သည်။

ရွှီယွိသည် ဆက်တိုက် နောက်ဆုတ်နေရလေသည်။ သူ၏ ‘ချုပ်ရိုးမဲ့ကောင်းကင်ဝတ်ရုံ’ သည် အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်းနိုင်သော အံ့ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားပြီး အတွေးတစ်ချက်ဖြင့် ဤကမ္ဘာအတွင်း မည်သည့်နေရာမဆို သွားလာနိုင်သော်လည်း ဟုန်ယွိ၏ စွမ်းအားအောက်တွင်မူ သူသည် လိပ်တစ်ကောင်ကဲ့သို့ နှေးကွေးသွားရကာ လှုပ်ရှား၍ မရတော့ပေ။ သူသည် ဟုန်ယွိက သူ့ကို လှမ်းဖမ်းတော့မည့်အရေးကိုသာ ကြည့်နေရတော့သည်။

“သူနဲ့ အသေအလဲ တိုက်ခိုက်ကြမယ်”

မန်ပိုင်ရှင်းသည် ဤအခြေအနေကို မြင်သောအခါ စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်သည်။ သူမ၏ အသံတွင် အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့် အငွေ့အသက်များ ပါဝင်နေ သည်။

သူမနှင့် ရွှီယွိ၏ မူလစိတ်ဝိညာဉ်မှာ ပေါင်းစည်းထားပြီး ဖြစ်သလို၊ သူတို့၏ ရတနာများနှင့် စွမ်းအားများမှာလည်း တစ်ခုတည်းအဖြစ် ဆက်နွှယ်နေကြသည်။ ဟုန်ယွိ၏ လွှမ်းမိုးထား သော ဖမ်းဆီးမှုအောက်တွင် လှုပ်ရှား၍ မရသောအခါ သူတို့တွင် အစွမ်းကုန် ပြန်လည်ခုခံ ရန်မှတစ်ပါး အခြားနည်းလမ်း မရှိတော့ပေ။

“ငါ ‘အတွင်းပိုင်းဖျက်ဆီးခြင်းပညာရပ်’၊ ‘ကိုးယင်ကိုးယန် သွေးယဇ်ပူဇော်ခြင်း’ နဲ့ ‘မဟာ အိပ်မက်နိုးထခြင်းပညာ’ ရပ်တွေကို အသုံးပြုမယ်။ ဒါဆိုရင် ဟုန်ယွိကို ခဏလောက် တားထားနိုင်လိမ့်မယ်။ ရွှီယွိ၊ ဒီအခွင့်အရေးကို သုံးပြီး ရှင်အမြန် ထွက်ပြေးတော့”

“မလုပ်နဲ့၊ ‘ကိုးယင်ကိုးယန် သွေးယဇ်ပူဇော်ခြင်း’ ကို သုံးတာက ‘ဘုရင်တစ်သောင်း သွေးယဇ်ပူဇော်ခြင်း’ ထက် မနိမ့်ဘူး။ အထူးသဖြင့် ‘မဟာအိပ်မက်နိုးထခြင်း’ ပညာရပ်ကို သုံးလိုက်ရင် မင်းရဲ့စိတ်ဝိညာဉ် မှတ်ဉာဏ်တွေ အများကြီး ပျောက်ဆုံးသွားလိမ့်မယ်။ မင်း တစ်သက်လုံး ပြန်မကောင်းနိုင်တဲ့ လူအတစ်ယောက် ဖြစ်သွားလိမ့်မယ်” ရွှီယွိက အော်ဟစ်ပြီး ဆက်ပြောသည်။ “ယောက္ခမကြီးလည်း ရောက်တော့မယ်၊ ပြီးတော့ ဝန်းကြီး ခုနစ်ယောက်လည်း လာနေပြီ။ ငါ ဒီနေ့အတွက် ဝှက်ဖဲတွေ ပြင်ထားပြီးသား၊ ဟုန်ယွိ ဒီနေ့ သောင်းကျန်းနိုင်မှာ မဟုတ်တော့ဘူး”

“ဟွန်း၊ စစ်ကူတွေက ခင်ဗျားတို့ကို ကယ်နိုင်မယ်လို့ ထင်နေတာလား၊ တကယ်ပဲ ကလေးကလား အတွေးတွေပဲ”

ဟုန်ယွိသည် ထိုစကားများကို ကောင်းစွာ ကြားလိုက်ရသော်လည်း သူ၏ စိတ်ထဲတွင် လှောင်ပြောင်လိုက်သည်။ အရေးကြီးသော အချိန်တွင် မန်ပိုင်ရှင်းသည် ရွှီယွိအတွက် အရာအားလုံးကို စွန့်လွှတ်ရန် အဆင်သင့် ဖြစ်နေခြင်းမှာ သူ၏ မိခင်နှင့်ပင် ဆင်တူပေ သည်။ သို့သော် ရွှီယွိမှာမူ ဟုန်ရွှန်ကျိထက် သတ္တိရှိကာ ပို၍ ရဲရင့်သလို ဝှက်ဖဲများလည်း ပိုရှိသည်။ ထိုသူနှစ်ဦးကို နှိုင်းယှဉ်ကြည့်ပါက ဟုန်ရွှန်ကျိ၏ ယုတ်ညံ့ပြီး ရက်စက်သော စရိုက်မှာ ပို၍ပင် ထင်ရှားလာလေသည်။

သို့သော် ဟုန်ယွိသည် ထိုမျှနှင့် ရွှီယွိနှင့် မန်ပိုင်းရှင်းတို့ကို လွှတ်ပေးမည် မဟုတ်ပေ။

သူ၏လက်များက တစ်ဖန် လှုပ်ရှားလိုက်ပြန်ကာ စက်ဝိုင်းတစ်ခုနှင့် စတုရန်းတစ်ခုကို ဆွဲလိုက်သည်။ ကောင်းကင်လမ်းစဉ်နှင့် လူသားလမ်းစဉ်တို့မှာ သူ၏ လက်ဖဝါးအတွင်းသို့ ရောက်ရှိလာကြသည်။ သူ၏ လက်ဖဝါးများ ပြောင်းလဲသွားသည်နှင့်အမျှ ထောင်ပေါင်း များစွာသော အပြောင်းအလဲများမှာ ကျရောက်သွားတော့သည်။ ရွှီယွိသည် သူ၏ စွမ်းအားများမှာ ဝဲဂယက်တစ်ခုအတွင်း စုပ်ယူခံလိုက်ရသည်ဟု ခံစားလိုက်ရကာ သူ၏ ယန်နတ်ဘုရား အတွေးစမှာလည်း ခန္ဓာကိုယ်မှ ပျံထွက်သွားပြီး ဟုန်ယွိ၏ လက်ထဲသို့ ရောက်ရှိလုနီးပါး ဖြစ်သွားသည်။

ဤအချိန်တွင် သူသည် အလွန်အန္တရာယ်ကြီးမားနေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ၏ စွမ်းအားများကို ဖုံးကွယ်မထားတော့ပေ။ သူ၏ ခန္ဓာကိုယ်မှာ နတ်ဘုရားနဂါး တစ်ကောင် ကဲ့သို့ မြင့်တက်သွားပြီး သူ၏ နောက်ကျောတွင် အိပ်မက်ဆန်သော စွမ်းအားနယ်ပယ် တစ်ခု ပေါ်ထွက်လာလေသည်။

“ဘဝဆိုတာ အိပ်မက်တစ်ခုလိုပဲ၊ အမြဲတမ်း အေးစက်နေတာ။ ဘယ်နှစ်ကြိမ်မြောက် ဆောင်းဦးရဲ့ အအေးဓာတ်က လွှမ်းမိုးနေဦးမှာလဲ။ ဟုန်ယွိ၊ ငါ့တိုက်ကွက်ကို ကြည့်လိုက်ဦး၊ ‘နွေဦးနှင့်ဆောင်းဦး အိပ်မက်မဟာ”

သူ၏ လက်အမူအရာများမှာ ရုတ်ချည်း ပြောင်းလဲသွားပြီးနောက် သူ၏ ဝိညာဉ်လှိုင်းများ နှင့် မူလစိတ်ဝိညာဉ်တို့မှာ သွေးသား ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစည်းသွားကာ ဟုန်ယွိထံသို့ စွမ်းအားပြင်းလှသော တိုက်ကွက်များဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လေ တော့သည်။

ကောင်းကင်အပြင်ပနယ်မြေ ဗဟိုကမ္ဘာ၏ အနှိုင်းမဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အတိုင်း ရွှီယွိ၏ အလားအလာနှင့် ဝှက်ဖဲများမှာ ဧကရာဇ်ရှန်နှင့် ဧကရီယင်တို့ထက်ပင် များစွာ သာလွန်လှပေသည်။ ပို၍ အရေးကြီးသည်မှာ သူသည် အမြဲတမ်း သည်းခံတတ်ပြီး မိမိ၏ စွမ်းအားကို ဖုံးကွယ်ထားတတ်ခြင်းပင် ဖြစ်သည်။ ယခုအခါ ဟုန်ယွိသည် သူ့ကို အဆုံးစွန် ထိ တွန်းပို့လိုက်နိုင်ပြီ ဖြစ်ရာ သူ၏ မကြုံစဖူးသော စွမ်းအားများမှာ ပေါက်ကွဲထွက်ပေါ် လာပြီး ပုံမှန်ထက်ပင် ကျော်လွန်သော အဆင့်သို့ ရောက်ရှိသွားတော့သည်။

‘နွေဦးနှင့်ဆောင်းဦး အိပ်မက်မဟာ’ တိုက်ကွက်မှာ ထွက်ပေါ်လာသောအခါ ရွှီယွိ၏ ယခင် သိုင်းပညာဟန်မှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။ ယခင်က သူ၏ တိုက်ကွက်များမှာ ‘ကောင်းကင်ဘုံ ဖခင်’ ကဲ့သို့ပင် အလွန်တရာ ကြီးစိုးခြင်း၊ အာဏာရှိခြင်းနှင့် ခန့်ညား ထည်ဝါခြင်းများ ရှိခဲ့သည်။ ‘ပျက်သုဉ်းခြင်းနတ်ဘုရားလက်သီး’ သို့မဟုတ် ‘မြစိမ်းရောင် သွေးယဇ်ပူဇော်ခြင်း’ စသည့် တိုက်ကွက်များမှာ ထိုကဲ့သို့သော အရှိန်အဝါမျိုး ရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ သူ၏ သိုင်းပညာဟန်မှာ အိပ်မက်တစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။ သူ၏ အစစ်မှန် စွမ်းအားများ လှုပ်ရှားသွားသည်နှင့်အမျှ စကြဝဠာကြီးမှာ ချက်ချင်း ပြောင်းလဲသွားပြီး အိပ်မက်တစ်ခုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုနေရာတွင် ရှိနေသူတိုင်းမှာ အိပ်မက်တစ်ခုထဲတွင် ရှိနေကာ အိပ်မက်ဆိုးတစ်ခု အတွင်းသို့ ကျရောက်သွားသည်ဟု ထင်မှတ်နေကြတော့သည်။

လက်တွေ့က အိပ်မက်လော၊ သို့မဟုတ် အိပ်မက်ထဲက အိပ်မက်လော ဆိုသည်ကို မည်သူ မျှ သေချာ မပြောနိုင်တော့ပေ။

ဤနည်းလမ်းမျိုးမှာ မှော်ပညာရပ်နှင့် သိုင်းပညာတို့၏ အကန့်အသတ်ကို ကျော်လွန်၍ အရာအားလုံး၏ မူလအစကို ရှာဖွေခြင်းအဆင့်သို့ တက်လှမ်းသွားခြင်းပင် ဖြစ်သည်။

“ဟင်၊ ကောင်းကင်အပြင်ပနယ်မြေ၊ ဗဟိုကမ္ဘာ၊ မန်မိသားစုရဲ့ အံ့ဖွယ် နတ်ဘုရား စွမ်းရည် ပဲ” ဟုန်ယွိသည် ‘နွေဦးနှင့်ဆောင်းဦး အိပ်မက်မဟာ’ ကို မြင်သောအခါ ၎င်းမှာ ဗဟိုကမ္ဘာရှိ လျှို့ဝှက်ဆန်းကြယ်သော မန်မိသားစု၏ အမြင့်ဆုံးပညာရပ်ဖြစ်ပြီး ‘အိပ်မက်ပြန်လည် နိုးထခြင်းကျမ်း’ တွင် မှတ်တမ်းတင်ထားသော တိုက်ကွက်ဖြစ်ကြောင်း သိလိုက်သည်။

ဗဟိုကမ္ဘာတွင် အလျှို့ဝှက်ဆုံးနှင့် အစွမ်းထက်ဆုံး မိသားစုမှာ ရွှီမိသားစု မဟုတ်သလို၊ သခင်လေးရှူ၏ မိသားစုလည်း မဟုတ်ဘဲ မန်မိသားစုသာ ဖြစ်သည်။

မန်ပိုင်ရှင်း၊ မန်ပိုင်ယွင်နှင့် မုန့်ရှန်းကျီတို့နှင့် ခွဲခြား၍မရအောင် ပတ်သက်နေသော မန် မိသားစု ဖြစ်သည်။ ဒဏ္ဍာရီများအရ မန်မိသားစု၏ ဘိုးဘေးမှာ ‘ဖန်’ ၏ သူငယ်ချင်း ကောင်းတစ်ဦးဖြစ်သော ‘မန်’ ဖြစ်ပြီး သူသည်လည်း ယန်နတ်ဘုရားအဆင့် ပညာရှင် တစ်ဦး ဖြစ်သည်။

‘ဖန်’က ဗဟိုကမ္ဘာကို တည်ထောင်ပြီးနောက် ‘မန်’ သည်လည်း ‘ဖန်’ နောက်သို့လိုက်ကာ သူ၏ တပည့်တပန်းများနှင့်အတူ ဗဟိုကမ္ဘာသို့ ပြောင်းရွှေ့ခဲ့ပြီး နောက်ပိုင်းတွင် ခြေရာ ဖျောက် ပျောက်ကွယ်သွားခဲ့သည်။

ထို့ကြောင့် ဗဟိုကမ္ဘာရှိ မန်မိသားစု၏ နောက်ခံအခြေခံမှာ မဟာကမ္ဘာလောကကြီးရှိ သူတော်စင်မိသားစုများထက်ပင် ပိုမို ခိုင်မာလှပေသည်၊ အကြောင်းမှာ သူတို့သည် ယန်နတ်ဘုရား၏ တိုက်ရိုက်မျိုးဆက်များ ဖြစ်သောကြောင့်ပင်။

“နွေဦးနှင့်ဆောင်းဦး အိပ်မက်မဟာ’ ပညာရပ်ဖြစ်ပေမယ့် ကျုပ်ကတော့ အိပ်မက်နဲ့ လက်တွေ့ဘဝကြားမှာ လွင့်မျောနေတာပဲ။ လောကကြီးက အိပ်မက်ကြီးတစ်ခုဆိုရင်၊ လက်တွေ့ဘဝဆိုတာက ဘာလဲ။ အတုအယောင်ဆိုတာကကော ဘာလဲ။ ကျုပ်အတွက် တော့ အဲဒါတွေက အရေးမကြီးတော့ဘူး။ ဟင်းလင်းပြင်၊ ဟင်းလင်းပြင်ဆိုတာကမှ အစစ်မှန်ပဲ။ ဟင်းလင်းပြင်က ဟင်းလင်းပြင်ပဲ။ အခု ကျုပ်က ဟင်းလင်းပြင်ကို ဖျက်ဆီး နိုင်ခဲ့ပြီဆိုတော့ လက်တွေ့ရော အိပ်မက်ရော အားလုံး ကြေမွပျက်စီးသွားပြီ။ ကျန်ရှိနေ တာက လက်တွေ့ဘဝနဲ့လည်း မပတ်သက်၊ အိပ်မက်နဲ့လည်း မပတ်သက်တဲ့ ထာဝရ တည်ရှိမှုပဲ။ ပျက်စီးစမ်း”

ရွှီယွိ၏ ထူးကဲသော နတ်ဘုရားတန်ခိုးစွမ်းအားများနှင့် ‘နွေဦးနှင့်ဆောင်းဦး အိပ်မက်မဟာ’ ကို ရင်ဆိုင်ရာတွင် ဟုန်ယွိသည် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေပြီး အစစ်မှန်နှင့် ပုံရိပ်ယောင် လက်တွေ့ဘဝနှင့် အိပ်မက်ကို ထိုးဖောက်သွားနိုင်သော ဟိန်းဟောက်သံကြီးကို ထုတ်ဖော် လိုက်သည်။

သူသည် နောက်ထပ် လက်သီးတစ်ချက်ကို ထပ်မံ ပစ်သွင်းလိုက်ပြန်သည်။

အတုအယောင် ပုံရိပ်များနှင့် အစစ်မှန် စွမ်းအားများ အားလုံးမှာ ကြေမွသွားတော့သည်။ ရွှီယွိသည် ဒဏ်ရာရထားသော နဂါး သို့မဟုတ် ကျားတစ်ကောင်ကဲ့သို့ ဒေါသတကြီး ဟစ်အော်လိုက်လေသည်။ သူ၏ ခန္ဓာကိုယ်မှာ ဖောင်းကြွလာပြီး ယန်နတ်ဘုရား အတွေး စမှာ လေလှိုင်းများအဖြစ် ပြောင်းလဲကာ သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားသည်။

သို့သော်လည်း ဟုန်ယွိမှာ ပို၍ပင် စွမ်းအားကြီးမားပေသည်။ သူက တစ်ဖန် ပြန်လည် တိုက်ခိုက်လိုက်ပြန်ရာ ရွှီယွိ၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားတော့ သည်။ ရွှီယွိက နာကျင်စွာ အော်ဟစ်လိုက်ရပြီး ခုနကမှ ပေါင်းစည်းထားသော ယန်နတ်ဘုရားအတွေးစမှာ ခန္ဓာကိုယ်မှ ပြန်လည် ထွက်ခွာသွားရကာ ဟုန်ယွိ၏ လက်ထဲ သို့ ရောက်ရှိလုနီးပါး ဖြစ်သွားသည်။

ထိုအခိုက်အတန့်တွင် ထူးဆန်းသော အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာသည်။ အဝေးရှိ ဟင်းလင်းပြင်အတွင်းမှ မိုးကြိုးလှိုင်းလုံးကြီးများမှာ ဒီရေကဲ့သို့ တိုးဝင်လာသည်။ မိုးခြိမ်း သံများ ဟိန်းထွက်လာသည်နှင့်အမျှ မိုင်တစ်ရာခန့် ကျယ်ဝန်းသော အမည်းရောင် စင်မြင့် ရှစ်ခုမှာ ကောင်းကင်ယံထက်တွင် ပေါ်လာသည်။ ထိုစင်မြင့်ရှစ်ခုပေါ်တွင် လျှပ်စီးများ လက်နေပြီး ဤလောကရှိ စွမ်းအားများနှင့် မိုးကြိုးစွမ်းအားအားလုံးကို စုပ်ယူနေကြသည်။ ၎င်းမှာ ‘ထိုက်ကျိ မိုးကြိုးရေကန်’ ကဲ့သို့ပင် ဖြစ်နေသည်။

“ကောင်းကင်မိုးကြိုးစင်မြင့်တွေပဲ”

ထိုအမည်းရောင် စင်မြင့်ရှစ်ခုကို မြင်သောအခါ ဟုန်ယွိ တစ်ခုခုကို ခံစားမိလိုက်သည်။ ထိုစင်မြင့်များမှာ ‘ဘိုးဘေးနတ်ဘုရား မိုးကြိုးရေကန်’၊ ‘ထာဝရမိုးကြိုးရေကန်’ နှင့် ‘ဖန်ဆင်းခြင်း မိုးကြိုးရေကန်’ တို့ထက်ပင် ပိုမို လျှို့ဝှက် ဆန်းကြယ်သော မိုးကြိုးရေကန် ရှစ်ခု ဖြစ်ကြသည်။ ၎င်းတို့မှာ သူ၏ ‘ထိုက်ကျိ မိုးကြိုး ရေကန်’ နှင့် အဆင့်တူညီပြီး ဗဟိုကမ္ဘာ၏ အခြေခံ အုတ်မြစ်များ ဖြစ်ကြသည်။ ဗဟိုကမ္ဘာတွင် ဤကဲ့သို့သော စင်မြင့် ကိုးခုရှိရာ တစ်ခုစီကို ဝန်ကြီးရှစ်ဦးနှင့် အဓိက ခေါင်းဆောင်တစ်ဦးက ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ယခု ရှစ်ခု ပေါ်လာခြင်းမှာ ဝန်ကြီးရှစ်ဦးလုံး ရောက်ရှိနေပြီဟု ဆိုလိုခြင်းပင်။

ထိုဝန်ကြီး ရှစ်ဦးအနက် စစ်ဘက်ရေးရာဝန်းကြီးမှာ အသတ်ခံခဲ့ရသော်လည်း သူ၏ မိသားစုမှာ တည်ရှိနေဆဲ ဖြစ်သည်။ သူ၏မျိုးနွယ်စုနှင့် ကောင်းကင်မိုးကြိုးစင်မြင့်မှာ လည်း တည်ရှိနေဆဲပင်။

သို့သော်လည်း စစ်ဘက်ရေးရာဝန်ကြီး မိသားစု ပိုင်ဆိုင်သော စင်မြင့်ကိုမူ လူတစ်ဦးက ထိန်းချုပ်ထားသည်။ ထိုသူမှာ သခင်လေးရှူ ဖြစ်သည်။ ဟုန်ယွိ ဖျက်ဆီးပစ်ခဲ့သော ‘ပျက်သုဉ်းခြင်းနတ်ဘုရား’ နှင့် ‘ဖန်ဟွမ်ဟင်းလင်းပြင်ဓား’ ကို ထိုသခင်လေးရှူထံမှ သူ သိမ်းယူခဲ့ခြင်း ဖြစ်သည်။

ကျန်ရှိသော ဝန်းကြီးခုနစ်ဦးမှာ ကောင်းကင်၊ သမုဒ္ဒရာ၊ ကုန်းမြေ၊ ဖန်ဆင်းခြင်း၊ စိုက်ပျိုးရေး၊ ငြိမ်းချမ်းရေးနှင့် ယဉ်ကျေးမှုဝန်းကြီးတို့ ဖြစ်ကြသည်။ သခင်လေးရှူ အပါ အဝင်ဆိုလျှင် ယခုအခါ ဝန်ကြီးရှစ်ဦး ရှိနေပြီ။ သခင်လေးရှူသည် စစ်ဘက်ရေးရာဝန်းကြီး အသစ် ဖြစ်လာခဲ့ပြီမှာ ထင်ရှားပေသည်။

သို့သော်လည်း ထိုမိုးကြိုးစင်မြင့် ရှစ်ခုလုံးမှာ ဟုန်ယွိကို ယန်နတ်ဘုရား အတွေးစအား သိမ်းယူခြင်းမှ တားဆီးနိုင်စွမ်း မရှိကြပေ။ ထိုအတွေးစမှာ ဟုန်ယွိ၏ လက်ထဲသို့ ရောက်ရှိသွားပြီး ‘ထိုက်ကျိ မိုးကြိုးရေကန်’ အတွင်း၌ ဖိနှိပ်ထားလိုက်ပြီ ဆိုပါက ‘ဧကရာဇ် ဖန်’ ကိုယ်တိုင်မှလွဲ၍ မည်သူမျှ ပြန်ထုတ်ယူနိုင်မည် မဟုတ်ပေ။

သို့ရာတွင် ထိုမိုးကြိုးစင်မြင့် ရှစ်ခုအပြင် အခြားမိုးကြိုးစင်မြင့်တစ်ခုမှာ အားလုံးထက် ပိုမို လျင်မြန်စွာ ရောက်ရှိလာသည်။ ထိုစင်မြင့်သည် ဟုန်ယွိ၏ ရှေ့သို့ ရောက်ရှိရန် အချိန်ပင် မလိုသလောက်ပင်။ ၎င်းမှာ လက်ဖဝါးအရွယ်အစားခန့်အထိ ကျုံ့ဝင်သွားပြီး အမည်းရောင် အဋ္ဌဂံပုံစံစင်မြင့်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုစင်မြင့်သည် ဝတ်စုံဖြူဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး၏ လက်ထဲသို့ ကျရောက်သွားသည်။ ထိုသူ ပေါ်လာသည်နှင့် သူ၏ တစ်ကိုယ်လုံးမှာ အိပ်မက်ပုံရိပ်များ ဖြင့် ဝန်းရံထားပြီး၊ ထိုပုံရိပ်များနှင့်အတူ လှပစွာ ကခုန်နေသော လိပ်ပြာပေါင်း များစွာ လည်း ပါရှိနေသည်။

ထိုအသက်လတ်ပိုင်း အမျိုးသားသည် သူ၏လက်ဖဝါးဖြင့် ယန်နတ်ဘုရားအတွေးစကို လှမ်းဖမ်းလိုက်သည်။ ကခုန်နေသည့် ကုဋေကုဋာမကသော လိပ်ပြာများကြားတွင် သူသည် ဟုန်ယွိနှင့် အရပ်အမောင်း တစ်ဝက်ခန့်သာ မြင့်သည်။

“အိပ်မက်လိပ်ပြာလား၊ တကယ်ကို ကြောက်စရာကောင်းတဲ့ နတ်ဘုရားစွမ်းရည်ပဲ။ တကယ်လို့ ငါသာ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို မတက်လှမ်းနိုင်ခဲ့ဘူးဆိုရင် သူက ယန်နတ်ဘုရား အတွေးစကို လုယူသွားနိုင်လိမ့်မယ်။ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ယောက်တောင်မှ ဒီတိုက်ကွက်ရှေ့မှာ ဘယ်သူက ကိုယ့်ကိုယ်ကိုယ်လဲ၊ ဘယ်သူက လိပ်ပြာလဲဆိုတာ ခွဲခြားနိုင်မှာ မဟုတ်ဘူး၊ ငါက အိပ်မက်ထဲမှာလား ဒါမှ မဟုတ် လိပ်ပြာက အိပ်မက်ထဲမှာလား ဆိုတာကိုပေါ့။”

ဟုန်ယွိသည် ထိုအသက်လတ်ပိုင်း အမျိုးသားကို ကြည့်ပြီး ရုတ်တရက် အော်ဟစ်လိုက် သည်။ “မန်ဝူဟန်၊ ခင်ဗျားက မန်မိသားစုရဲ့ ခေါင်းဆောင် မဟုတ်လား”

“မှန်တယ်၊ ငါပဲ၊ ဟုန်ယွိ၊ မင်း ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ရင် တောင် ဗဟိုကမ္ဘာ တစ်ခုလုံးကို မင်းတစ်ယောက်တည်းနဲ့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ ဗဟိုကမ္ဘာဟာ ‘ပြောင်းလဲခြင်းလမ်းစဉ်’ ပေါ်ထွက်လာပြီးနောက် မဟာကမ္ဘာလောကဆီ ကို ဆင်းသက်လာခဲ့တာ။ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းက ဖန်ဧကရာဇ် ချမှတ်ခဲ့တဲ့ စည်းမျဉ်းပဲ။ ဘယ်သူမှ ဒါကို မဖျက်နိုင်ဘူး။ မင်းက ဗဟိုကမ္ဘာရဲ့ စွမ်းအားကို လျှော့တွက် နေတာပဲ။ အခု ကောင်းကင်မိုးကြိုးစင်မြင့် ကိုးခုလုံး ဒီမှာရှိနေပြီ၊ မင်းမှာ ဘယ်လောက်ပဲ ကြီးမြတ်တဲ့ နတ်ဘုရားစွမ်းရည်တွေ ရှိနေပါစေ၊ မင်း တားဆီးနိုင်မှာ မဟုတ်ဘူး”

ထိုအသက်လတ်ပိုင်း အမျိုးသားသည် ယန်နတ်ဘုရားအတွေးစ ထက်ဝက်ကို ဖမ်းကိုင် လိုက်ပြီး ရုတ်တရက် အော်ဟစ်လိုက်သည်။ “အိပ်မက်ကြီး နိုးထစမ်း”

ဝုန်း… သူ၏ ပတ်ပတ်လည်ရှိ ကခုန်နေသော လိပ်ပြာများမှာ တုန်ခါသွားပြီး သူတို့၏ အတောင်ပံများမှာ ပေါက်ကွဲသွားတော့သည်။ လိပ်ပြာတစ်ကောင်စီ၏ အတောင်ပံ ပေါက်ကွဲမှုတိုင်းက ဝိညာဉ်လှိုင်းလုံးကြီး တစ်ခုစီကို ဖြစ်ပေါ်စေသည်။ ကုဋေကုဋာမက သော ထိုဝိညာဉ်လှိုင်းများ ပေါင်းစည်းသွားသောအခါ ကောင်းကင်နှင့် မြေကြီးတို့ တစ်သား တည်း ပဲ့တင်ထပ်သွားသကဲ့သို့ ခံစားရလေသည်။ ထိုစွမ်းအားမှာ အတိုင်းအဆမဲ့ ကြီးမား လွန်းပြီး ‘ဖန်ဆင်းရှင်’သခင်တစ်ဦးကို သတ်ဖြတ်နိုင်သလို၊ ကိုးကြိမ်မြောက် မိုးကြိုးကပ် ဘေး ပညာရှင်တစ်ဦးကိုပင် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။

“ဒါက ဟင်းလင်းပြင် ဖျက်ဆီးခြင်းနယ်ပယ်လို့ ကျုပ် ခုနကတင် ပြောပြီးပါပြီ။ ခင်ဗျားရဲ့ အိပ်မက်ပြောင်းပြန်လှန်ခြင်းပညာရပ်က ကျုပ်အပေါ်မှာ အသုံးမဝင်ဘူး၊ ဒီနေ့ ခင်ဗျား ကျုပ်ဆီမှာ ဒူးထောက်စေရမယ်” ထိုဝိညာဉ်လှိုင်းများကို ရင်ဆိုင်ရာတွင် ဟုန်ယွိ၏ တစ်ကိုယ်လုံးမှာ ပျက်စီးနေသော ဟင်းလင်းပြင်များဖြင့် ဖုံးလွှမ်းသွားသည်။ ၎င်းမှာ လက်တွေ့လည်း မဟုတ်၊ အတုအယောင်လည်း မဟုတ်ဘဲ အရာအားလုံးထက် သာလွန် သော အခြေအနေတစ်ခု ဖြစ်သည်။ သူသည် လက်ဖဝါးဖြင့် အဋ္ဌဂံပုံစံတစ်ခုကို ရေးဆွဲပြီး ပြန်လည် တိုက်ခိုက်လိုက်လေသည်။

မန်ဝူဟန်၏ ဝိညာဉ်လှိုင်းများမှာ ချက်ချင်းဆိုသလို လွင့်စဉ်သွားတော့သည်။ ဟုန်ယွိသည် နောက်ထပ် တိုက်ကွက်တစ်ခုကို အသုံးပြုကာ မန်ဝူဟန်၏ ဦးခေါင်းကို ရိုက်ချရန် ပြင်လိုက်သည်။

ဖတ်…

လက်ဖဝါးက မန်ဝူဟန်၏ ဦးခေါင်းထံသို့ ရောက်ခါနီးတွင် အမည်းရောင် အဋ္ဌဂံပုံစံ စင်မြင့် တစ်ခုက ဟုန်ယွိ၏ တိုက်ကွက်ကို ကြားကနေ ကာကွယ်လိုက်သည်။ ၎င်းမှာ မန်ဝူဟန်က ဟုန်ယွိ၏ ဟင်းလင်းပြင်ဖျက်ဆီးခြင်း တိုက်ကွက်ကို တားဆီးရန် အသုံးပြုလိုက်သော ကောင်းကင်မိုးကြိုးစင်မြင့်ပင် ဖြစ်သည်။ သူသည် ယန်နတ်ဘုရားအတွေးစကို မြဲမြဲ ဆုပ်ကိုင်ထားပြီး လွှတ်မပေးခဲ့ပေ။

တစ်ချိန်တည်းမှာပင် ဝန်ကြီးရှစ်ဦးသည်လည်း ကောင်းကင်မိုးကြိုးစင်မြင့် ရှစ်ခုနှင့်အတူ ဟုန်ယွိကို တစ်ဖန် ပြန်လည် ဝန်းရံလိုက်ကြသည်။ မန်ဝူဟန်၏ လက်ထဲမှ စင်မြင့်နှင့် ဆိုလျှင် စုစုပေါင်း မိုးကြိုးစင်မြင့် ကိုးခု ဖြစ်သည်။ ထိုစင်မြင့်အားလုံးမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြပြီး သူတို့ထံမှ ထွက်ပေါ်လာသော လှိုင်းလုံးများမှာ ‘နတ်ဘုရား လက်နက် ဘုရင်များ’ နှင့်ပင် နှိုင်းယှဉ်နိုင်လောက်ပေသည်။

“ကောင်းကင်မိုးကြိုးစင်မြင့် ကိုးခု ပေါင်းလိုက်ရင်တောင် ကျုပ်ကို ယှဉ်နိုင်မယ်လို့ ထင်နေ တာလား” ဟုန်ယွိက မလှုပ်မယှက်ဘဲ အေးစက်စွာ ပြောလိုက်သည်။ သူ၏ လက်ထဲ တွင်လည်း ကျန်ရှိသော ယန်နတ်ဘုရားအတွေးစ ထက်ဝက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ ထိုစဉ် အဝေးရှိ ဖန်ဆင်းခြင်းသင်္ဘောဆီမှ သွေးပင်လယ်ကြီးကဲ့သို့ သွေးနံ့များ နံစော်နေသော အရှိန်အဝါများ ရုတ်တရက် ထွက်ပေါ်လာသည်။

“မုန့်ရှန်းကျီနဲ့ ယန်ဖန်တို့က တကယ်ပဲ သွေးယဇ်ပူဇော်ခြင်းကို စတင်လိုက်ပြီပဲ” ဟုန်ယွိ သည်လည်း သူ၏အာရုံကို ထိုအရပ်သို့ ပြောင်းလိုက်လေသည်။

All Chapters