← Chapters

အခန်း ၇၇၆

Vol. 75 Ch. 776

အခန်း ၇၇၆

Vol. 75 Ch. 776

အခန်း (၇၇၆)။

ဖန်ဆင်းခြင်းသင်္ဘောထက်မှ ဧရာမ သွေးတိမ်တိုက်ကြီးတစ်ခုသည် အရှိန်အဟုန်ဖြင့် ကောင်းကင်ယံသို့ မြင့်တက်လာသည်။ ထိုသင်္ဘောအတွင်းရှိ လူသန်းပေါင်း ၃၀၀ ထံတွင် ကြီးမားလှသော ကပ်ဘေးတစ်ခု ကျရောက်နေပြီဆိုသည်ကို မည်သူမဆို သိနိုင်ပေသည်။

လူသန်းပေါင်းများစွာကို သွေးယဇ်ပူဇော်ခြင်း မပြုဘဲနှင့် ဤမျှ ထူထပ်သော သွေးတိမ် တိုက်ကြီး ဖြစ်ပေါ်လာရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။ လှိမ့်တက်လာနေသော ဖြစ်နေသော ထိုသွေးတိမ်တိုက်ကြီးအတွင်း၌ ကောင်းကင်ယံသို့ ထိုးတက်နေသော ပြင်းထန်လှသည့် အမုန်းတရားများ ကိန်းဝပ်နေပြီး ရှေးဦး နတ်ဆိုးနတ်ဘုရားများ၊ နာကျည်းဝိညာဉ်များ၊ ကြောက်မက်ဖွယ် သရဲတစ္ဆေများနှင့် မိစ္ဆာနတ်ဘုရားများအဖြစ် ပုံသဏ္ဌာန်မျိုးစုံ ဖော်ဆောင်နေသည်။ ထို့အပြင် သွေးနဂါးများ၊ သွေးဖီးနစ်များ၊ သွေးချီလင်များနှင့် အခြား သော ရှေးဦးဒဏ္ဍာရီလာ သားရဲများစွာကိုလည်း တွေ့မြင်နေရသည်။ တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် ‘ရှေးဦးနတ်ဘုရားဘုရင်ငါးပါး’ ၏ ပုံရိပ်များပင် ထိုသွေးတိမ်တိုက်အတွင်း ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။

ရှေးဦးခေတ် နတ်ဘုရားဘုရင်ငါးပါး ဆိုသည်မှာ ကောင်းကင်နှင့် မြေကြီးမှ မွေးဖွားလာ သော အင်အားအကြီးဆုံး တည်ရှိမှုများ ဖြစ်ကြသည်။ သူတို့သည် ကျင့်ကြံရန် မလိုဘဲ မွေးရာပါ အတိုင်းအဆမဲ့ နတ်ဘုရားစွမ်းရည်များနှင့် ခန္ဓာကိုယ်အင်အားကို ပိုင်ဆိုင်ထားသူ များ ဖြစ်သည်။ အထူးသဖြင့် ‘အင်မော်တယ်နတ်ဘုရားဘုရင်’ မှာ ‘တာအို’ ၏ ကိုယ်ပွားပင် ဖြစ်သည်။ ယခုအခါ ဟုန်ယွိသည် ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့် တက်လှမ်းပြီး၊ တိုက်ပွဲဝင်နေစဉ်အတွင်း မုန့်ရှန်းကျီနှင့် ယန်ဖန်တို့သည် တိတ်တဆိတ် သွေးယဇ်ပူဇော် ခြင်းကို စတင်လိုက်ကြပြီး မဟာကမ္ဘာလောကအတွင်း၌ သံသရာလည်ခြင်း ဖြစ်စဉ်ကို ပြန်လည်ဖော်ဆောင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ယဇ်ပူဇော်မှုအတွင်း၌ နတ်ဘုရား ဘုရင်ငါးပါးနှင့် ဆင်တူသော တည်ရှိမှုများ ဝေဝေဝါးဝါး ပေါ်ထွက်လာခြင်းပင်။

ဤသည်မှာ မည်မျှထူးခြားဆန်းပြားသော နတ်ဘုရားစွမ်းရည်မျိုး ဖြစ်ပါသနည်း။ ၎င်းမှာ မည်မျှ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းပါနည်း။ အယုတ်မာဆုံးသော မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများပင်လျှင် ထိုကဲ့သို့သော အရာမျိုးကို တွေးဝံ့မည် မဟုတ်သလို ပြုလုပ်ဝံ့မည် လည်း မဟုတ်ပေ။ ယခင်က ‘အရိုးဖြူပညာရှင်’နှင့် ‘ကောင်းကင်ဖြိုဧကရာဇ်’ ကဲ့သို့သော မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများသည် အရပ်သား သိန်းနှင့်ချီ၍ ပူဇော်ခဲ့ကြဖူးသော်လည်း ထိုသူများမှာ ဖန်ဆင်းခြင်းသင်္ဘောအတွင်းရှိ ရွှီမိသားစုဝင် သန်း ၃၀၀ ကဲ့သို့ အစွမ်းထက် သူများ မဟုတ်ကြပေ။

သို့သော် ယခုအခါတွင်မူ ယန်ဖန်နှင့် မုန့်ရှန်းကျီတို့နှစ်ဦးသည် အစွမ်းထက် ကျွမ်းကျင် ပညာရှင် သန်းသုံးရာကို တစ်ခဏအတွင်း ယဇ်ပူဇော်လိုက်ကြပြီ။ ထိုသူတို့ထဲတွင် အားအနည်းဆုံးသူများပင်လျှင် ‘သိုင်းစစ်သည်တော်’ နှင့် ‘သိုင်းသခင်’ အဆင့်ရှိသူများ ဖြစ်ကြပြီး ‘ရှင်တန်းသိုင်းသခင်’အဆင့် ကျွမ်းကျင်သူများနှင့် ‘မဟာဆရာသခင်’ များမှာမူ ရေတွက်၍ပင် မရနိုင်တော့ပေ။ ထိုပညာရှင်များထံမှ ထွက်ပေါ်လာသော သွေးအဆီအနှစ် များမှာ တောင်တန်းနှင့် မြစ်ချောင်းများကို မြုပ်သွားစေနိုင်ပြီး၊ လူသူကင်းမဲ့သော ဒေသ များကို ပြည့်လျှံသွားစေကာ၊ ကောင်းကင်ယံကို နီရဲသွားစေလျက် မဟာကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သည်။

ဤအခိုက်အတန့်တွင် ဖန်ဆင်းခြင်းသင်္ဘော၏ အတွင်းပိုင်းမှာ အလွန်ပင် ဝမ်းနည်းကြေကွဲ ဖွယ် မြင်ကွင်းများဖြင့် ပြည့်နှက်နေသည်။

ဘုန်း…. ဘုန်း…. ဘုန်း…. ဘုန်း…...

ဟင်းလင်းပြင်နယ်မြေများ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကာ ထိုနေရာတွင် နေထိုင်ကြသူ များသည် ကမ္ဘာပျက်ကပ်ဘေးနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေ၏။ သူတို့၏ ခန္ဓာကိုယ်များ မှာ တစ်ဦးပြီးတစ်ဦး ကြေမွပေါက်ကွဲပျက်စီးသွားကာ သွေးချင်းချင်းနီသော အရည်များ အဖြစ် ပြောင်းလဲသွားပြီး စိတ်ဝိညာဉ်များမှာမူ သန့်စင်သော ‘မူလစွမ်းအား’ အဖြစ်သို့ ပြောင်းလဲသွားကြသည်။

"ဘာတွေဖြစ်နေတာလဲ၊ ဘာတွေဖြစ်ပျက်နေတာလဲ။ ကောင်းကင်နဲ့ မြေကြီးရဲ့ မူလ စွမ်းအင်တွေ ရူးသွပ်နေသလို ခံစားနေရတယ်။ ဒီဟင်းလင်းပြင်က ပျက်စီးတော့မယ်။ ခေါင်းဆောင် ဘယ်မှာလဲ။ ခေါင်းဆောင် ဘယ်ကိုသွားတာလဲ။ ငါတို့ တစ်ခုခု အမြန်လုပ်မှ ဖြစ်မယ်။ မဟုတ်ရင် ငါတို့ရဲ့ အင်အား ခုနစ်သိန်းရှိတဲ့ စစ်တပ်ကြီး ခဏချင်းအတွင်း ပျက်စီး သွားလိမ့်မယ်”

ဖန်ဆင်းခြင်း သင်္ဘောအတွင်း၌ ဟင်းလင်းပြယ်နယ်မြေတစ်ခုစီတွင် ပြောင်းရွှေ့အခြေချ နေထိုင်သူ ခုနစ်သိန်းစီ ရှိကြသည်။ ထိုဟင်းလင်းပြင်မှာ မိုင်ပေါင်းသောင်းချီ ကျယ်ဝန်း သော တိုက်ကြီးတစ်ခုဖြစ်ပြီး၊ တောင်တန်းများ၊ မြစ်ချောင်းများနှင့် ကျယ်ပြောလှသော ပင်လယ်ပြင်တို့ ဝန်းရံထားသည်။ ထိုနေရာတွင် ‘သိုင်းသူတော်စင်’ ခုနစ်ဦးက လူပေါင်း တစ်သိန်းစီကို ဦးဆောင်နေပြီး အထွက်အထိပ် သိုင်းသူတော်စင် တစ်ဦးကမူ စစ်သေနာပတိချုပ်အဖြစ် အားလုံးကို စီစဉ်ညွှန်ကြားနေခြင်း ဖြစ်သည်။

သို့သော် ထိုခဏ၌ပင် မြေပြင်မှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာသည်။ တိုက်ကြီးမှာ အဆက်မပြတ် ကွဲအက်လာခဲ့သည်။ တိုက်ကြီး၏ အက်ကြောင်းများထဲမှ ချော်ရည်မြစ်များ စွာ ရုတ်တရက် ပန်းထွက်လာပြီး၊ တိုက်ကို ဝန်းရံထားသော ပင်လယ်ရေများမှာလည်း အဆက်မပြတ် ဟိန်းဟောက်လာကာ ကုန်းမြေကို လွှမ်းမိုးနှစ်မြှုပ်သွားစေခဲ့သည်။ သို့သော် ထိုဟင်းလင်းပြင်တွင် နေထိုင်ကြသော လူခုနစ်သိန်းတို့မှာ ဘာမျှမတတ်နိုင်ဘဲ အကျယ်ကြီး အော်ဟစ်နေရုံသာ ရှိတော့သည်။

သိုင်းသူတော်စင်တပ်ဖွဲ့များ၏ ခေါင်းဆောင်များနှင့် စစ်သေနာပတိချုပ်တို့မှာ ထိုအကျပ် အတည်းအတွင်း အော်ဟစ်ကြရင်း ၎င်းတို့၏ ချပ်ဝတ်တန်ဆာ စွမ်းအားများကို အသုံးချကာ ကောင်းကင်ယံသို့ ပြင်းထန်စွာ ခုန်တက်သွားကြသည်။ သို့သော် အထက်တွင် ကြောက်မက်ဖွယ်ရာ အက်ကြောင်းများစွာ ပေါ်လာပြီး၊ အထွက်အထိပ် သိုင်းသူတော်စင် များကိုပင် ခဏချင်းအတွင်း အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်လိုက်ရာ အသားစများနှင့် သွေးများ မှာ နေရာအနှံ့ လွင့်စဉ်သွားတော့သည်။

"ဘယ်လောက် ရက်စက်လိုက်သလဲ၊ ဘယ်လောက် ရက်စက်လိုက်သလဲ။ ဖန်ဆင်းခြင်း သင်္ဘောရဲ့ အရှင်သခင်က ငါတို့ကို သွေးယဇ်ပူဇော်ဖို့ အသုံးချချင်နေတာပဲ။ သူက ယဇ် ပူဇော်ပြီး လုံးဝ သန့်စင်ဖို့ ငါတို့ကို အသုံးချနေတာ။ ဒီလို လူသတ်ကောင်ကြီးကတော့..."

ဤစစ်သည် ခုနစ်သိန်းလုံးမှာ အသိဉာဏ်ရှိသူများ ဖြစ်ကြရာ အများစုမှာ အဖြစ်ပျက်ကို နားလည်သွားကြပြီး အားလုံးက နာကျင်စွာ အော်ဟစ်ကြတော့သည်။

“ခေါင်းဆောင် ဘယ်မှာလဲ၊ ခေါင်းဆောင် ငါတို့ကို မကယ်နိုင်ဘူးလား”

ကမ္ဘာပျက်ကပ်အတွင်း၌ နာကျင်ဖွယ် အော်ဟစ်သံများနှင့် နာကျည်းမူများမှာ ပျံ့နှံ့နေ၏။ လူပေါင်း ခုနစ်သိန်းမှာ နောက်ဆုံး ပျက်သုဉ်းခြင်းနှင့် ရင်ဆိုင်နေရပြီး၊ လူအများ၏ မျက်နှာ တွင် သက်ရှိအားလုံး ပျက်သုဉ်းခါနီး ဖြစ်ပေါ်လေ့ရှိသည့် အမူအရာများ ပေါ်လွင်နေသည်။ အချို့က ကောင်းကင်ဘုံကို ဆုတောင်းနေကြပြီး၊ အချို့က ကျိန်ဆဲနေကြသည်၊ အချို့ကမူ ငြိမ်သက်စွာ သေမင်းကို စောင့်ဆိုင်းနေကြသလို၊ အချို့ကလည်း တစ်ဦးကိုတစ်ဦး ဖက်ထားကြပြီး အချို့မှာမူ ရူးသွပ်စွာဖြင့် မိမိတို့၏ အဖော်များကို ပြန်လည် သတ်ဖြတ်နေ ကြသည်။

သို့သော်လည်း ထိုအရာအားလုံးမှာ အချည်းနှီးသာ ဖြစ်သည်။ ကမ္ဘာကြီးမှာ ပျက်စီးနေဆဲ ပင်။ မြေပြင်မှ ချော်ရည်ပူများစွာ ထွက်ပေါ်လာပြီး ပင်လယ်ရေများက ကုန်းမြေကို ဖုံးလွှမ်း သွားသည်။ နောက်ဆုံးတွင် ချော်ရည်နှင့် ပင်လယ်ရေတို့ ပေါင်းစပ်သွားကာ အဆုံးမရှိသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ ဝုန်း….၊ ဝုန်း…..၊ လူခုနစ်သိန်းမှာ ချက်ချင်းဆိုသလို ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားရသည်။ လွန်ခဲ့သော ခဏလေးကမှ အတွေးအခေါ်နှင့် စိတ်ဆန္ဒများရှိသည့် သက်ရှိလူသားများ ဖြစ်ခဲ့ကြသော်လည်း ကမ္ဘာပျက်ကပ်၏ ရှေ့မှောက် တွင်မူ အားလုံးမှာ အတူတူပင် ဖြစ်သွားကြကာ အသက်ပျောက်သွားကြရ သည်။

ရှူး…

ဤကောင်းကင်နှင့် မြေကြီး ပျက်သုဉ်းသွားပြီးနောက်၊ ၎င်းသည် ပြင်းထန်စွာ ကျုံ့သွားကာ နောက်ဆုံးတွင် ဖန်ဆင်းခြင်းသင်္ဘောမှ မြင့်တက်လာသော သွေးတိမ်တိုက်အဖြစ် ပြောင်းလဲသွားသည်။ ထိုသွေးတိမ်တိုက်၏ စွမ်းအားများနှင့် လူခုနစ်သိန်း ပျက်စီးသွားပြီး နောက် ဖြစ်ပေါ်လာသော ခံစားချက်များက ယန်ဖန်နှင့် မုန့်ရှန်းကျီတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အတွင်းသို့ စီးဝင်သွားတော့သည်။ သွေးယဇ်ပူဇော်ခြင်းကို စတင်ခဲ့သူများအနေ ဖြင့် ယန်ဖန်နှင့် မုန့်ရှန်းကျီတို့သည် ပူဇော်မှု၏ ကြီးမားသော စွမ်းအားကိုသာမက၊ ပို၍ အရေးကြီးသည်မှာ ကမ္ဘာကြီးပျက်စီးစဉ် လူအများ၏ အမျိုးမျိုးသော စိတ်ခံစားမှုများနှင့် ဆန္ဒများကိုပါ စုပ်ယူလိုက်ခြင်း ဖြစ်သည်။

ဘုန်း….

ဖန်ဆင်းခြင်းသင်္ဘော အတွင်းရှိ ဟင်းလင်းပြင်တစ်ခုမှာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပြန် သည်။ ဤဟင်းလင်းပြင်အပိုင်းမှာ မြို့ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော နိုင်ငံတစ်ခု ဖြစ်ပြီး ဧကရာဇ် ယန်ဖန်က နတ်ဘုရားလက်နက်ဘုရင်ကို အသုံးပြု၍ ဖန်တီးထားခြင်း ဖြစ်သည်။ ထိုနေရာတွင် ပြောင်းရွှေ့အခြေချသူ သုံးသန်းခန့် နေထိုင်ကြသည်။

ဤဟင်းလင်းပြင် ရုတ်တရက် ပျက်စီးသွားသောအခါ မီးတောင်ပေါက်ကွဲခြင်း သို့မဟုတ် ငလျင်လှုပ်ခြင်းတို့ကြောင့် မဟုတ်ဘဲ၊ အပူချိန်မှာ ရုတ်တရက် ထိုးဆင်းသွားခြင်းကြောင့် ဖြစ်သည်။ ကောင်းကင်မှ နှင်းများ သည်းထန်စွာ ကျလာပြီး တစ်ခဏချင်းအတွင်း ရေခဲ ကမ္ဘာကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သန်းနှင့်ချီသော လူပေါင်းများစွာသည် အေးခဲ နေသော ထိုကမ္ဘာကြီးအတွင်းမှ အော်ဟစ်ကာ ထွက်ပြေးလာကြသည်။ သူတို့၏ မျက်နှာ များတွင် ခံစားချက်အမျိုးမျိုးကို တွေ့မြင်နိုင်သော်လည်း အချည်းနှီးသာ ဖြစ်သည်။ အအေး ဒဏ်မှာ ပိုမို ပြင်းထန်လာပြီး နောက်ဆုံးတွင် ရှင်တန်သိုင်းသခင်များ၊ မဟာဆရာသခင် များ၊ သိုင်းသူတော်စင်များနှင့် အထွက်အထိပ် သိုင်းသူတော်စင်များအားလုံးမှာ တစ်ဦးပြီး တစ်ဦး ဖုန်မှုန့်များအဖြစ် အေးခဲသွားကြရသည်။

ထို့နောက် ဤရေခဲကမ္ဘာကြီးမှာ ပျက်စီးကြေမွသွားကာ ရေခဲပွင့်ပေါင်းများစွာ၊ နှင်းတိမ် တိုက်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ မြင့်တက်သွားပြန်သည်။ လူပေါင်း သုံးသန်း၊ သိုင်းသူတော်စင် ဒါဇင်ပေါင်းများစွာ၊ အထွက်အထိပ် သိုင်းသူတော်စင် အများ အပြားနှင့် လက်နက်ခဲယမ်းများ၊ ဆေးဖက်ဝင်အပင်များ၊ ရတနာများသာမက သက်ရှိ လူသားများပါ သန့်စင်သော မူလစွမ်းအားများအဖြစ် ပြောင်းလဲသွားကြရသည်။

ဤအရာအားလုံးမှာ အသက်ရှူချိန် အနည်းငယ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ သို့သော်လည်း မုန့်ရှန်းကျီနှင့် ယန်ဖန်တို့သည် ကမ္ဘာပျက်ကပ်ကြီး၏ အချိန်ကို ဆွဲဆန့် ထားရန် ဖန်ဆင်းခြင်းသင်္ဘော အတွင်းရှိ အချိန်စီးဆင်းမှုကို ထိန်းညှိထားကြသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကမ္ဘာပျက်ခါနီးအချိန်တွင် လူသားတို့၏ နာကျင်မှု၊ မျှော်လင့်ချက်မဲ့မှု၊ ငြိမ်သက်မှု၊ အချင်းချင်း သတ်ဖြတ်မှုနှင့် အခြားသော အခြေအနေများက ပိုမိုစစ်မှန်ကာ ထိခိုက်မှုရှိစေပြီး သူတို့၏ စိတ်အာရုံက ပိုမိုရှင်းလင်းစွာ ခံစားနိုင်ရန် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။ ယခုအချိန်တွင် မုန့်ရှန်းကျီနှင့် ယန်ဖန်တို့သည် သွေးယဇ်ပူဇော်ခြင်း၏ အဆီ အနှစ်များကိုသာ စုပ်ယူနေခြင်း မဟုတ်ဘဲ ကမ္ဘာပျက်ကပ် အတွင်းမှ ‘သက်ရှိအားလုံး၏ ပုံရိပ်လွှာမျိုးစုံ’ ကိုပါ စုပ်ယူနေကြခြင်း ဖြစ်သည်။

သူတို့သည် ကံကြမ္မာကို ထိန်းချုပ်ထားသည့် ကောင်းကင်တာအိုကဲ့သို့ပင် ဖြစ်နေကြပြီး အရာအားလုံးကို ဖြစ်ပေါ်စေပြီး၊ မီးတောင်ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း သို့မဟုတ် အေးခဲ ခြင်း စသည်တို့ကို ဖန်တီးကာ ကမ္ဘာပျက်သုဉ်းခြင်းများကို တစ်ခုပြီးတစ်ခု တင်ဆက် ပြနေကြသည်။ သူတို့သည် ကံကြမ္မာကို ကြီးစိုးကာ လူသန်းပေါင်းများစွာကို အမျိုးမျိုးသော ခံစားချက်များကို ဖော်ပြစေပြီး၊ သူတို့ကိုယ်တိုင်မှာမူ တုန်လှုပ်ခြင်း အလျဉ်းမရှိဘဲ ရပ်ကြည့်နေကြသည်။

“ဒါ... ဒါ... ဒီမျက်တောင် သုံးခတ်စာ အချိန်အတွင်းမှာ ငါတို့ ကမ္ဘာ ခုနစ်ခု၊ ရှစ်ခုလောက်ကို ဖျက်ဆီးပြီး လူသန်းပေါင်းများစွာကို ပူဇော်ခဲ့ပြီးပြီ။ ငါတို့ ဒါကို ဆက်လုပ်ရင်... မုန့်အစ်ကို၊ ငါတို့က သက်ရှိလူသားတွေကို သတ်နေတာနော်။ ဒါက ပုံရိပ်ယောင်တွေ မဟုတ်ဘူး၊ လေ့ကျင့်ခန်းလည်း မဟုတ်ဘူး။ သူတို့ အသက်ရှင်နေတုန်းမှာပဲ ငါတို့ သတ်နေတာ...”

ယန်ဖန်သည် သူ၏ နတ်ဘုရားစွမ်းရည်ကို တစ်ခဏချင်း အသက်သွင်းလိုက်ပြီး လူသန်း ပေါင်းများစွာကို ဖျက်ဆီးယဇ်ပူဇော်လိုက်ပြီးနောက် ခေတ္တရပ်တန့်သွားသည်။ ထိုသက်ရှိ လူသားများ၏ ခံစားချက်များမှာ ကြက်ဥတစ်လုံးကဲ့သို့ ကြေမွပျက်စီးနေသည်ကို မြင်သော အခါ သူ၏စိတ်ထဲတွင် တုန်လှုပ်မှုကို မထိန်းနိုင်ဘဲ ဖြစ်သွားရသည်။

သူသည် ဧကရာဇ်တစ်ပါး ဖြစ်ပြီး လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် လူပေါင်းများစွာကို သတ်ဖြတ်နိုင်သော်လည်း မျက်တောင်တစ်ခတ်အတွင်း လူသန်းပေါင်းများစွာကို သတ်ဖြတ်ခြင်းမှာမူ သူ့အတွက် အနည်းငယ် အဆင်မပြေမှုကို ခံစားရစေသည်။

လူသန်းပေါင်းများစွာဆိုသည်မှာ မည်မျှများပါသနည်း။ အကယ်၍ လူတစ်ယောက်က တံတွေးတစ်ချက် ထွေးလိုက်လျှင်ပင် လူတစ်ယောက်ကို နစ်မြုပ်သွားစေနိုင်သည်။ အကယ်၍ လူတစ်ယောက်က အသက်တစ်ချက် ရှူထုတ်လိုက်လျှင်ပင် လေနှင့် တိမ်တိုက် များကို ပြောင်းလဲသွားစေနိုင်သည်။

လူသန်းပေါင်းများစွာဆိုသည်မှာ မနည်းလှပေ။ သူသည် လူပေါင်း သိန်းနှင့်ချီ သို့မဟုတ် သန်းနှင့်ချီကို မျက်တောင်တစ်ချက် မခတ်ဘဲ သတ်ဖြတ်နိုင်သော်လည်း ကုဋေနှင့်ချီသော လူသားများကို သတ်ဖြတ်ရန်အတွက်မူ ဤအနှိုင်းမဲ့ဧကရာဇ်အနေဖြင့် သူ့စိတ်ထဲတွင် အတားအဆီးတစ်ခု ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

“ယန်ဖန်၊ မင်း အဆင်မပြေ ဖြစ်နေပြီလား။ မင်းစိတ်ထဲမှာ အတားအဆီးတစ်ခု ရှိနေတာ လား။ ကောင်းကင်တာအိုဆိုတာ ဘာလဲ။ ကောင်းကင်တာအိုဆိုတာ နှလုံးသားမရှိဘူး၊ သက်ရှိအားလုံးကို မြက်ခြောက်ရုပ်တွေလိုပဲ သဘောထားရတယ်။ မဟာကမ္ဘာလောကရဲ့ ကောင်းကင်တာအိုကို ကြည့်လိုက်စမ်း။ မီးတောင်တွေ၊ မြေငလျင်တွေ၊ မြေပြိုတာတွေ၊ ဆူနာမီလှိုင်းတံပိုးတွေက သက်ရှိပေါင်းများစွာကို သတ်ဖြတ်နေတာပဲ။ ကောင်းကင်တာအို က မျက်မှောင်ကြုတ်တာကို မင်း တွေ့ဖူးလို့လား။ ကောင်းကင်ဘုံရဲ့ အလိုဆန္ဒက သူ့ စိတ်ထဲမှာ အတားအဆီး ရှိနေတာကို မင်း တွေ့ဖူးလို့လား။ ကောင်းကင်တာအိုဟာ နှစ်ပေါင်း ၁၂၉,၆၀၀ ကြာတိုင်းမှာ သံသရာတစ်ပတ်လည်ပြီး ကမ္ဘာကြီးကို ရေခဲပိတ်ဆို့ပစ် တယ်။ သက်ရှိအားလုံး ပျောက်ကွယ်သွားပြီး အသစ်တွေ ပြန်မွေးဖွားလာကြတယ်။ အဲဒီအချိန်မှာ ကောင်းကင်တာအိုက တွန့်ဆုတ်နေခဲ့လို့လား။ သနားနေခဲ့လို့လား။ မရှိဘူး။ မင်း ကောင်းကင်တာအိုကို နားမလည်ရင် နောက်ဆုံးမှာ ပျက်စီးသွားလိမ့်မယ်။ အခု ငါတို့ က လူပေါင်း ကုဋေနဲ့ချီ ယဇ်ပူဇော်ပြီး ကမ္ဘာကြီးကို ဖျက်ဆီးနေတာ။ ဒါက ကျင့်ကြံခြင်းပဲ၊ စိတ်ဆန္ဒကို ကျင့်ကြံတာ။ ဒီအခိုက်အတန့်မှာ ငါတို့က ကောင်းကင်တာအိုပဲ။ ငါတို့က ခေတ်သစ်တွေကို ဖော်ဆောင်နေတာ၊ သက်ရှိတွေကို ဘာတွန့်ဆုတ်မှုမှမရှိဘဲ သတ်နေ တာ။ ငါတို့မှာ ဘာခံစားချက်မှ ရှိလို့မရဘူး။ တကယ်လို့ ကောင်းကင်တာအိုမှာ ခံစားချက် ရှိနေရင် အဲဒါက အိုမင်းရင့်ရော်သွားလိမ့်မယ်။ ဟုန်ယွိက နတ်ဆိုးလမ်းစဉ်ထဲကို ရောက်နေ ပြီ။ ငါ့ရဲ့တိုင်ရှန်တာအို’ ကတော့ စစ်မှန်တဲ့ ကောင်းကင်တာအို၊ စစ်မှန်တဲ့ ယန်နတ်ဘုရား လမ်းစဉ်ကို ကျင့်ကြံတာ။ ‘ဖန်’ ရဲ့ လမ်းစဉ်ကလည်း ယုတ်ညံ့တဲ့ လမ်းစဉ်ပဲ။ ကောင်းကင်နဲ့ မြေကြီးကြားမှာ ငါ‘တိုင်ရှန်’ တစ်ဦးတည်းပဲ ထာဝရ တည်တံ့ပြီး ဘယ်တော့မှ အိုမင်းမှာ မဟုတ်ဘူး"

ဤအခိုက်အတန့်တွင် မုန့်ရှန်းကျီ၏အသံမှာ သာ၍ ပို၍ပို၍ ကျယ်လောင်လာခဲ့ပြီး၊ သူကိုယ်တိုင် ကောင်းကင်ဘုံ၏ အလိုတော်အဖြစ် ဆောင်ရွက်ကာ ကမ္ဘာပျက်သုဉ်းခြင်းနှင့် သတ္တဝါအပေါင်းတို့၏ မျိုးတုန်းပျက်စီးခြင်းကို ပြုလုပ်နေသကဲ့သို့ ဖြစ်နေသည်။ ၎င်းက သူ့အား ‘တိုင်ရှန်’ ၏ အဓိပ္ပာယ်ကို စစ်မှန်စွာ နားလည်စေခဲ့သည်။ သွေးတိမ်တိုက်များနှင့် လူသန်းပေါင်းများစွာ၏ မျှော်လင့်ချက်ကင်းမဲ့သော ခံစားချက်များက သူ၏ စိတ်နှင့် ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားကြသည်။

သူ့အတွက်မူ ဤသည်မှာ တစ်သက်တွင် တစ်ခါသာ ကြုံရခဲသော ကျင့်ကြံခြင်း အခွင့် အရေးပင် ဖြစ်သည်။ အကယ်၍ သူသာ မဟာကမ္ဘာလောကကြီးတွင် ရှိနေပါက ဤကဲ့သို့ လူသန်းပေါင်းများစွာကို တစ်ပြိုင်တည်း သတ်ဖြတ်နိုင်မည် မဟုတ်ပေ။ ယခုမူ သူသည် ကောင်းကင်တာအို၏ သံသရာစက်ဝန်း လည်ပတ်မှုနှင့် ကောင်းကင်ဘုံအလိုတော်၏ ရက်စက်မှုကို ကိုယ်တိုင် ခံစားနေခြင်း ဖြစ်သည်။ ဘေးဒုက္ခများ ကျရောက်သောအခါ ကောင်းကင်တာအိုသည် သာမန်လူသားတို့၏ ခံစားချက်များကို မည်သည့်အခါမျှ ဂရုစိုက် မည် မဟုတ်ပေ။ ဤအချိန်တွင် သူသည် ကောင်းကင်အလိုတော်ဆိုသည်မှာ ဘာလဲ၊ ‘တိုင်ရှန်’ ဆိုသည်မှာ ဘာလဲ ဆိုသည်ကို အမှန်တကယ် နားလည်သွားပုံရသည်။

...

ဤအခိုက်အတန့်တွင် ‘ထာဝရနိုင်ငံတော်’ ၏ ကြီးမားသော စွမ်းအားမှာ အမှန်တကယ် စတင် နိုးထလာခဲ့ပြီး၊ ဖန်ဆင်းခြင်းသင်္ဘောအတွင်းသို့ ဆင်းသက်လာကာ ဟင်းလင်းပြင် များစွာကို ဖျက်ဆီးပြီး သက်ရှိများစွာကို ချေမှုန်းရန် ဖန်ဆင်းခြင်းသင်္ဘော၏ စွမ်းအားကို စတင် အသုံးပြုတော့သည်။

“အို…၊ မကောင်းတော့ဘူး။ ဒါက တကယ်ပဲ မုန့်ရှန်းကျီ ကျင့်ကြံဖို့အတွက် အခွင့်ကောင်း ကြီး ဖြစ်နေတာပဲ။ သူက ငါ့ဖန်ဆင်းခြင်းသင်္ဘောကိုပါ လွှမ်းမိုးဖို့ ကြိုးစားနေပြီ။ ဒီအတိုင်း သာ ဆက်သွားရင် ဧည့်သည်က အိမ်ရှင်ကို လွှမ်းမိုးသွားပြီး ငါ ငါ့အိမ်ထဲကို ဝံပုလွေ တစ်ကောင် ဖိတ်ခေါ်လိုက်သလို ဖြစ်တော့မှာပဲ။”

ယန်ဖန်သည် ဤအရာကို ခံစားမိသောအခါ သူ့စိတ်ထဲတွင် ထိတ်လန့်သွားရသည်။ သို့သော်လည်း သူသည် ခုနက သွေးယဇ်ပူဇော်ခြင်းမှ အကျိုးအမြတ်များစွာ ရရှိခဲ့ပြီး ဖြစ်သည်။ အနည်းဆုံးတော့ သူ့ခန္ဓာကိုယ်မှာ များစွာသန်မာလာခဲ့သလို ဖန်ဆင်းခြင်း သင်္ဘောမှာလည်း ပိုမို အစွမ်းထက်လာခဲ့ပြီး စွမ်းအားများမှာ ဒီရေကဲ့သို့ တိုးဝင်လာခဲ့သည်။

ထိုသို့သော အခြေအနေမျိုးတွင် သူသည် သူ့စွမ်းအားအားလုံးကို အသုံးပြုကာ ဖန်ဆင်း ခြင်းသင်္ဘောကို လှုံ့ဆော်ပြီး ကမ္ဘာကြီးကို အစွမ်းကုန် ဖျက်ဆီးလေတော့သည်။

“ဟို ကောင်းကင်သခင် ၃၀၀ ကိုလည်း သန့်စင်လိုက်စမ်း။ သူတို့ရဲ့ ကမ္ဘာကို ဖျက်ဆီးလိုက်။ အမြန်လုပ်။ သူတို့လူတွေ လာနေပြီ၊ ကောင်းကင်မိုးကြိုးစင်မြင့် ကိုးခု ပေါင်းစည်းလိုက်ရင် အဲဒါက နတ်ဘုရားလက်နက်ဘုရင်တွေထက် မနိမ့်ဘူး” မုန့်ရှန်းကျီ၏ ခံစားချက်မဲ့သော အသံမှာ ထပ်မံ ထွက်ပေါ်လာပြန်သည်။ သူသည် ‘ကောင်းကင်သခင် ၃၀၀’ နေထိုင်ရာ ကမ္ဘာကိုပါ တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ရန် ရည်ရွယ်နေခြင်း ဖြစ်သည်။

လူသန်းပေါင်း ၃၀၀ ၏ အဓိက ခေါင်းဆောင်များမှာ ‘လူသားအင်မော်တယ် ၃၀၀’ အဆင့် သို့ ရောက်ရှိထားသည့် ကောင်းကင်သခင် ၃၀၀ နှင့် ရွှီဝူဟွေတို့ ဖြစ်သည်။ သူတို့သည် ‘ဟင်းလင်းပြင်စက်ဝန်း’ တည်ရှိရာ ဟင်းလင်းပြင်အလယ်ဗဟိုတွင် နေထိုင်ကြသည်။ အကယ်၍ ထိုဟင်းလင်းပြင်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပြီး သွေးပူဇော်လိုက်ပါက သူတို့၏ စွမ်းအားမှာ သာ၍ပင် တိုးပွားလာပေလိမ့်မည်။

“မုန့်ရှန်းကျီက ‘တိုင်ရှန်တာအို’ ရဲ့ အဓိပ္ပာယ်ကို နားလည်စပြုနေပြီပဲ... ဒီတိုက်ပွဲကနေ သူလည်း အကျိုးအမြတ် အများကြီး ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး! ကမ္ဘာတစ်ခုပြီး တစ်ခု ပျက်စီးနေတာ၊ လူသန်းပေါင်းများစွာ သေဆုံးနေတာတွေကို မြင်နေရပေမယ့် သူ့ရဲ့ စိတ်ကတော့ ကောင်းကင်အလိုတော်လိုပဲ တုန်လှုပ်မှု မရှိဘူး။ ဟွန်း”

ဟုန်ယွိသည် ကောင်းကင်မိုးကြိုးစင်မြင့် ကိုးခု၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံထားရသော်လည်း သူ၏ ဟင်းလင်းပြင်ဖျက်ဆီးခြင်းအမြင်ဖြင့် ထိုပိတ်ဆို့မှုများကို ထိုးဖောက်ကာ ဖန်ဆင်း ခြင်း သင်္ဘော၏ အတွင်းပိုင်းကို တွေ့မြင်နေရသည်။ သူသည် ကမ္ဘာများ တစ်ခုပြီးတစ်ခု ပျက်စီးနေသည့် မြင်ကွင်းများကို တွေ့မြင်နေရသလို၊ ကမ္ဘာမပျက်မီ သက်ရှိအားလုံး၏ ခံစားချက်များကိုလည်း သူ၏စိတ်အတွင်းသို့ စုပ်ယူနေခဲ့သည်။ အကယ်၍ သူသာ ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်သို့ မရောက်ရှိခဲ့ပါက ဤအရာအားလုံးကို ထိုးဖောက် မြင်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ကမ္ဘာပျက်ကပ်မတိုင်မီ သက်ရှိအားလုံး၏ အတွေးများကို နားလည် သဘောပေါက်လိုက် သည်နှင့် သူသည်လည်း ‘တိုင်ရှန်’ ၏ အဓိပ္ပာယ်ကို ချက်ချင်း ခံစားသိရှိလိုက်ရသည်။ သို့သော်လည်း သူသည် ဤအရာအားလုံးကို တားဆီးရပေမည်။

အရာအားလုံးကို ထိုးဖောက်မြင်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားကာ ကောင်းကင်မိုးကြိုးစင်မြင့် ကိုးခုထံသို့ လက်သီးကိုးချက်ကို ပြင်းပြင်းထန်ထန် ပစ်သွင်း လိုက်လေတော့သည်။

All Chapters