← Chapters

အခန်း ၇၇၈

Vol. 75 Ch. 778

အခန်း ၇၇၈

Vol. 75 Ch. 778

အခန်း (၇၇၈)။

“မကောင်းတော့ဘူး၊ တစ်ယောက်ယောက်က ‘မန်ပိုင်ယွန်ဗိမာန်’ ရဲ့ တားမြစ် အစီအရင်ကို ထိတွေ့လိုက်ပြီ။ သူတို့က ဟုန်ရွှန်ကျိကို လာခေါ်တာပဲ။”

“သူတို့ ရောက်လာတဲ့ အချိန်က ကွက်တိပဲ။ ငါတို့က ငါတို့ရဲ့နတ်ဘုရားစွမ်းရည်နဲ့ မှော် ပညာရပ်တွေကို အကုန်ထုတ်သုံးထားရတာဆိုတော့ အခုချိန်မှာ အပြင်ထွက်ဖို့ မဖြစ်နိုင် ဘူး။ ဘယ်လိုလုပ်ကြမလဲ”

‘ပြောင်းလဲခြင်းမျှော်စင်’ အတွင်း၌ ပျက်သုန်းခြင်းနတ်ဘုရား ၁၂ ပါး၊ ရှောင်ရှိူက်၊ လီဖူ၊ မြောက်ပြန်ကြယ်သခင်မ၊ ရန်ယန်၊ ဝူကျွမ်းနှင့် နင်ဂျာဘုန်းတော်ကြီးဟူသည့် အထွက် အထိပ် လူသားအင်မော်တယ် ခြောက်ဦးတို့ ရှိနေကြသည်။ ထို့အပြင် နဂါးသမီးတော်၊ ယွမ်ရှန်းရှန်း၊ ကျီရှန်းထျန်း၊ ချန်ယင်းရှာ၊ ကောင်းကင်သံစဉ်နတ်သမီးနှင့် ရှေးဦး ကော့လီ နတ်ဘုရားဘုရင်မတို့က ထိုနေရာကို ဝန်းရံကြီးကြပ်နေကြသည်။

ကျောက်စိမ်းမြို့တော်တွင် ထိုကဲ့သို့သော အင်အားစုများ ရှိနေသဖြင့် မည်သည့် မိစ္ဆာဘုရင် သို့မဟုတ် မကောင်းဆိုးဝါး ဝိညာဉ်မျှ အနှောင့်အယှက်ပေးရန် မဝံ့ရဲကြပေ။

ယခုအချိန်တွင် ထိုလူတစ်စုမှာ ပြောင်းလဲခြင်းမျှော်စင်အတွင်း စက်ဝိုင်းပုံစံ ထိုင်နေကြပြီး သူတို့အောက်ခြေ ဟင်းလင်းပြင်အလယ်တွင် အလွန်ကြီးမားသော ပန်းချီကားချပ်ကြီး တစ်ချပ် ရှိနေသည်။ ၎င်းမှာ အခြားမဟုတ်၊ အစွမ်းထက်လှသော အစီအရင်မြေပုံ ကားချပ် တစ်ခုပင်။

ဤကားချပ်မှာ ‘တောင်နှင့်ပင်လယ်မြေပုံ အစီအရင်’ ဖြစ်ပြီး၊ ၎င်းပေါ်တွင် အမျိုးမျိုးသော ရှေးဦးခေတ် နတ်ဘုရားတာအိုတန်ခိုးစွမ်းအင်များ၊ မူလစွမ်းအင်များနှင့် သတ်ဖြတ်နှိမ်နင်း ခြင်း စွမ်းအင်များကို ဖော်ပြနေသည်။ ဤအစီအရင်မြေပုံမှာ မဟာကမ္ဘာလောကကြီး၏ တောင်နှင့်မြစ်များကိုပင် ချုပ်ကိုင်ဖိနှိပ်ထားနိုင်သည့် အမြင့်ဆုံးသော လက်နက်တစ်ခုကဲ့ သို့ပင်။

၎င်းမှာ ‘တောင်နှင့်ပင်လယ်ကျမ်း’ လာ အစီအရင်ဖြစ်ပြီး ဖန်ဆင်းရှင် ၂၃ ဦးနှင့် ရှေးဦး နတ်ဘုရားဘုရင်မတစ်ပါးတို့က ကျောက်စိမ်းဧကရာဇ်တံဆိပ်တော်ကို အသုံးပြုကာ ဖန်တီးထားခြင်းဖြစ်သည်။ ဤမြေပုံက ဖန်ဆင်းရှင်အားလုံး၏ စွမ်းအားကို တစ်သားတည်း ဖြစ်အောင် ပေါင်းစည်းပေးနိုင်သည့် ကော့လီနတ်ဘုရားဘုရင်မ၏ လျှို့ဝှက် ပညာရပ် တစ်ခုလည်း ဖြစ်သည်။

ဤ ‘တောင်နှင့်ပင်လယ်မြေပုံ အစီအရင်’ ကြောင့် ချန်ယင်းရှာနှင့် အခြားဖန်ဆင်းရှင်များ သည် မျှော်စင်အတွင်း ထိုင်နေရုံဖြင့် သူတို့၏ မူလအစွမ်းထက် ၁၅၀ ရာခိုင်နှုန်း ပိုမိုသော အစွမ်းကို ထုတ်ဖော်နိုင်နေခြင်း ဖြစ်သည်။

ယခုအခါ သူတို့သည် မှော်စွမ်းအားအားလုံးကို အသုံးချ၍ စီရင်ထုံးကို အသက်သွင်းနေကြ သည်။ အစီအရင်၏ ဗဟိုချက်တွင် မိုင်ပေါင်းရာချီကျယ်သော အချိန်ဟင်းလင်းပြင် ဝဲဂယက်ကြီး ပွင့်ဟနေပြီး ၎င်းအတွင်း၌ ဟုန်ယွိသည် ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်း များကြား၌ ကျွမ်းကျင်သူအများအပြားနှင့် ရင်ဆိုင်တိုက်ခိုက်နေသည်ကို မြင်တွေ့နေရ သည်။

ကော့လီနတ်ဘုရားဘုရင်မနှင့် အထွက်အထိပ် လူသားအင်မော်တယ်များသည် အစီအရင် မှတစ်ဆင့် သူတို့၏ စွမ်းအားများကို ထိုဝဲဂယက်အတွင်းသို့ အရှိန်အဟုန်ဖြင့် ပို့လွှတ် ပေး နေကြသည်။ ၎င်းမှာ အလွန်အရေးကြီးသော အခိုက်အတန့်ဖြစ်သဖြင့် အာရုံအနည်းငယ်မျှ လွဲချော်သွားပါက စွမ်းအင်ဖောက်ပြန်ပြီး အသက်အန္တရာယ် ရှိသွားနိုင်သည်။

ထိုစဉ် ကော့လီနတ်ဘုရားဘုရင်မက ‘မန်ပိုင်ယွန်ဗိမာန်’ အတွင်း၌ ထူးခြားသော လှုပ်ရှားမှု ကို အာရုံခံမိလိုက်သည်။ မမြင်နိုင်သော လေပြေတစ်ခုမှာ ဟင်းလင်းပြင်မှတစ်ဆင့် တိုးဝှေ့လာပြီး ဟုန်ရွှန်ကျိကို ပြန်ပေးဆွဲရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။

“မစိုးရိမ်ကြနဲ့၊ ဒါက ‘အင်မော်တယ်နတ်ဘုရားဘုရင်’ ရဲ့ ပညာပဲ။ ဒါက အနာဂတ်သခင် တွက်ချက်ထားတဲ့အတိုင်းပဲ။” ချန်ယင်းရှာ၏ မျက်လုံးများ တောက်ပလျက် အစီအရင် အတွင်းရှိ လူများကို စိတ်ချင်းဆက်၍ အသိပေးလိုက်သည်။

“ဒါပေမဲ့ ဟုန်ရွှန်ကျိကို ခေါ်သွားမှာကိုတော့ သတိထားရမယ်။ သူ့ရဲ့ နတ်ဘုရားတန်ခိုး စွမ်းအားတွေ ပျက်စီးသွားပြီဆိုပေမဲ့ ဒီလို အကြီးအကျယ် ကျရှုံးမှုကို ကြုံပြီးနောက်မှာ သူ့ရဲ့ စိတ်ဆန္ဒက မှန်းဆလို့မရတဲ့ အဆင့်ကို ရောက်သွားခဲ့ပြီ။ သူ့ကို အသုံးချလို့ရသေးတယ်။” နင်ဂျာဘုန်းတော်ကြီးက အလျင်အမြန် သတိပေးလိုက်သည်။

“ငါတို့ရဲ့ မူလအစီအစဉ်က ဟုန်ရွှန်ကျိကို ကယ်ထုတ်သွားမှာကို တားဖို့ပဲ၊ ဒါပေမဲ့ ဟုန်ယွိ က အခုလေးတင် ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို ရောက်သွားခဲ့ပြီး သူ့စိတ်အာရုံက ပိုပြီး ထက်မြက်လာပြီ။ သူက အနာဂတ်ကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်း ရှိလာ တယ်။ ဒါကြောင့် သူက ငါတို့တွေကို ဒီအတိုင်း စောင့်ကြည့်နေဖို့နဲ့ ဟုန်ရွှန်ကျိကို ခေါ်ဆောင်သွားခွင့် ပြုလိုက်တာ။ သူက အဲဒါကနေတစ်ဆင့် ကြီးမားတဲ့ လျှို့ဝှက်ချက်ကို သိချင်နေသလို နတ်ဘုရားဘုရင် သုံးပါးလုံးကို တစ်ပြိုင်နက်တည်း ဖမ်းဆီးချင်နေတာ။” ချန်ယင်းရှာက ရှင်းပြလိုက်သည်။

“ငါ နားလည်ပြီ” ကော့လီနတ်ဘုရားဘုရင်မ၏ မျက်နှာတွင် နားလည်သွားသည့် အပြုံး တစ်ခု ပေါ်လာသည်။ ယခုအခါ သူမခန္ဓာကိုယ်တွင် နီလာရောင် အလင်းတန်းများမှာ ဒီရေကဲ့သို့ မြင့်တက်လာနေပြီး၊ ပေသုံးထောင်ရှည်သော ဆံပင်နက်ကြီးများမှာ ဟင်းလင်း ပြင် လေဟာနယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ အဆုံးမဲ့သော စွမ်းအားများကို စုပ်ယူလျက် အစင်ကြယ်ဆုံးသော မူလစွမ်းအင်များအဖြစ် ပြောင်းလဲပေးနေသည်။

“ငါတို့က ဟုန်ရွှန်ကျိကို ခေါ်သွားခွင့် ပေးထားပြီဆိုမှတော့ အခု စိတ်အေးလက်အေးနဲ့ ဟုန်ယွိကို ကူညီပြီး ကောင်းကင်အပြင်ပနယ်မြေက ကျွမ်းကျင်သူတွေကို တိုက်ခိုက်လို့ ရပြီ။ အားလုံးပဲ စွမ်းအားတွေကို မြှင့်တင်ပြီး အစီအရင်ကို လည်ပတ်ကြ။”

“ကောင်းပြီ” ဖန်ဆင်းရှင် ၂၃ ဦးစလုံး တစ်ပြိုင်နက်တည်း ဟစ်ကြွေးလိုက်ကြပြီး ခမ်းနား ထည်ဝါသော စွမ်းအင်များကို ထုတ်လွှတ်ကာ ‘တောင်နှင့်ပင်လယ်မြေပုံ အစီအရင်’ ကို အပြည့်အဝ အသက်သွင်းလိုက်ကြတော့သည်။

...

‘မန်ပိုင်ယွန်ဗိမာန်’ အတွင်း။

ဟုန်ရွှန်ကျိသည် ခုတင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေသည်။ သူသည် စိတ်ဓာတ်ခိုင်မာဆဲ ဖြစ်သော်လည်း ခန္ဓာကိုယ်မှာမူ သိသိသာသာ အိုမင်းယိုယွင်းနေပြီ။ ထိုစဉ် လေပြေတစ်ခု က သူ့ကို ရစ်ပတ်လိုက်သည်။ သူက လုံးဝ ခုခံခြင်းမပြုဘဲ ယုံကြည်မှုရှိသော အမူအရာ ဖြင့်သာ စောင့်ဆိုင်းနေသည်။

“မင်း ရောက်လာပြီလား”

“ဟုတ်တယ်၊ ငါ မင်းကို အခု ခေါ်သွားတော့မယ်။” လေထဲမှ အသံတစ်ခုနှင့်အတူ ဟုန်ရွှန်ကျိသည် အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။

နောက်တစ်ခဏတွင် သူသည် ကောင်းကင်ယံထက်ရှိ အဖြူရောင်တိမ်တိုက်ထုကြီးပေါ်သို့ ရောက်ရှိနေသည်။ ပြင်းထန်သော လေတိုက်နှုန်းကြောင့် သူ၏ မျက်လုံးများကိုပင် ဖွင့်ရန် ခဲယဉ်းလှသည်။ ယခင်ကဆိုလျှင် ဤလေကို သူဂရုစိုက်မည် မဟုတ်သော်လည်း ယခုအခါ သူသည် သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်နေပြီ။

သူက မျက်လုံးကို အတင်းအကျပ် ဖွင့်ကြည့်လိုက်ရာ သူ့ဘေးပတ်လည်တွင် လူသုံးဦးကို တွေ့လိုက်ရသည်။ နှစ်ဦးမှာ ‘မဟာဖျက်ဆီးခြင်း နတ်ဘုရားဘုရင်’ နှင့် ‘အသက်ချွေ နတ်ဘုရားဘုရင်’ တို့ဖြစ်ကြပြီး ရှေးဦးနတ်ဘုရားဘုရင်တို့၏ တန်ခိုးအရှိန်အဝါကို ထုတ်ဖော်ထားကြသည်။ ကျန်တစ်ဦးမှာမူ ခရမ်းရောင်ရွှေရောင် သရဖူတစ်ခုကို ဆောင်းထားပြီး၊ ဆန်းပြားသော ပညာရှိဝတ်ရုံကို ဝတ်ဆင်ထားသည်။ မုတ်ဆိတ်မွေးမရှိဘဲ ဖြူဖွေးကာ ကျောက်စိမ်းကဲ့သို့ ချောမောသော မျက်နှာမှာ သူနှင့် တစ်ပုံစံတည်းပင် ဖြစ်နေ သည်။

“အင်မော်တယ်နတ်ဘုရားဘုရင်၊ မင်းက ဘာလို့ ငါ့ရုပ်သွင်ကို ပြောင်းလဲထားတာလဲ။ မင်းက ငါ့နေရာမှာ အစားထိုးတော့မှာလား” ဟုန်ရွှန်ကျိက သူနှင့် တစ်ပုံစံတည်း တူနေ သော လူကို ကြည့်ကာ အေးအေးဆေးဆေး မေးလိုက်သည်။ သူ၏လေသံမှာ လောကတွင် မည်သည့်အရာကမျှ သူ့ကို အံ့ဩအောင် မလုပ်နိုင်တော့သကဲ့သို့ပင်။

ဟုန်ရွှန်ကျိ၊ မင်းရဲ့ နတ်ဘုရားစွမ်းရည်တွေ ဆုံးရှုံးသွားပေမဲ့ မင်းရဲ့ စိတ်ဓာတ်ကတော့ ပိုပြီး အစွမ်းထက်လာတာပဲ။ မင်းမှာ မူလခွန်အားသာ ရှိနေဦးမယ်ဆိုရင် ဟင်းလင်းပြင် ဖျက်ဆီး ခြင်းအဆင့်အထိ ချိုးဖျက်နိုင်လိမ့်မယ်။” ဟုန်ရွှန်ကျိနှင့် တစ်ပုံစံတည်း တူနေသော အင်မော်တယ်နတ်ဘုရားဘုရင်က ပြောလိုက်သည်။

သူသည် သူ၏ ‘လူဦးခေါင်းမြွေကိုယ်ထည်’ ရုပ်သွင်ကို ဟုန်ရွှန်ကျိအဖြစ် ပြောင်းလဲထား ခြင်း ဖြစ်သည်။ ယခုအခါ အဖြူရောင်တိမ်တိုက်ပေါ်တွင် ဟုန်ရွှန်ကျိ နှစ်ယောက် အတူ ရပ်နေကြသည်။ တစ်ဦးမှာ လောကကြီးကို ငုံ့ကြည့်နိုင်သူဖြစ်ပြီး အခြားတစ်ဦးမှာမူ ယိုယွင်းအိုမင်းနေသည်။ မည်သူက အစစ်၊ မည်သူက အတုဖြစ်သည်ကို မည်သူမျှ ခွဲခြားနိုင် မည် မဟုတ်ပေ။

အင်မော်တယ် နတ်ဘုရားဘုရင်က စကားပြောရင်း သူ၏ လက်ညှိုးဖြင့် ညွှန်ပြလိုက်ရာ လက်ထိပ်မှ ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်လာပြီး ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ် အပ်စိုက်မှတ် များအတွင်းသို့ တိုးဝင်သွားသည်။ ချက်ချင်းဆိုသလိုပင် ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်မှာ စွမ်းအင်များ ပြည့်ဝလာသည်။ စစ်သည်တော်အဆင့်မှသည် သိုင်းသခင်အဆင့်၊ ရှင်တန် သိုင်းသခင်၊ မဟာဆရာသခင်အဆင့်နှင့် နောက်ဆုံးတွင် ‘သိုင်းသူတော်စင်’ အဆင့်သို့ ရောက်ရှိသွားတော့သည်။

“ရှေးဦးနတ်ဘုရားဘုရင်တစ်ပါး ပီသပါပေတယ်။ မူလသွေးယဇ်ပူဇော်မှု တစ်ခုတည်းနဲ့တင် ယိုယွင်းနေတဲ့ ငါ့ခန္ဓာကိုယ်က သိုင်းသူတော်စင်အဆင့်ကို ပြန်ရောက်သွားတာပဲ။” ဟုန်ရွှန်ကျိက စွမ်းအင်များ ပြည့်ဝလာသည်ကို ခံစားလိုက်ရပြီး ကောင်းကင်လေပြင်းများ ၏ သက်ရောက်မှုမှာလည်း များစွာ လျော့နည်းသွားသည်။

သို့သော်လည်း သိုင်းသူတော်စင် အဆင့်ဆိုသည်မှာ သူ့ကို သွားလာလှုပ်ရှားရ ပိုလွယ်ကူစေ ရန်သာ ဖြစ်သည်။ လက်ရှိ အခြေအနေတွင် သိုင်းသူတော်စင် ဆိုသည်မှာ ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ပင်။ လူသားအင်မော်တယ်များပင်လျှင် ပုရွက်ဆိတ်ကြီးများသာ ဖြစ်သည်။

“မင်းရဲ့ နတ်ဘုရားတန်ခိုး စွမ်းအားတွေကိုတော့ ငါတောင် ပြန်ရအောင် မလုပ်ပေးနိုင်ဘူး။ ငါ့ရဲ့ မူလစွမ်းအင်တွေကို အသုံးချထားတာ များလွန်းနေပြီ။ မင်းကို လူသားအင်မော်တယ် အဆင့်အထိ အတင်းအကျပ် မြှင့်တင်ပေးလိုက်ရင် ငါ့သက်တမ်းက အတော်လေး လျှော့ကျ သွားလိမ့်မယ်၊ အထွက်အထိပ် လူသားအင်မော်တယ်အဆင့်အထိ မြှင့်တင်ဖို့ဆိုတာက တော့ ဝေလာဝေးပဲ။ ‘သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်း’ နဲ့ ‘အသွင်မျိုးစုံပြောင်းလဲ ခြင်း’ အဆင့်တွေဆိုရင်တော့ ငါ့ကိုယ်ငါ ယဇ်ပူဇော်ပြီး မင်းကို ပြီးပြည့်စုံအောင် လုပ်ပေးမှပဲ ရလိမ့်မယ်” အင်မော်တယ်နတ်ဘုရားဘုရင်က ပြောလိုက်သည်။

“အို၊ ဒါဆို ငါ့ရဲ့ နတ်ဘုရားတန်ခိုး စွမ်းအားတွေကို ပြန်ရဖို့ ဘာလုပ်ရမလဲ” ဟုန်ရွှန်ကျိက သူ့မျက်လုံးများ၏ နက်ရှိုင်းသောနေရာမှ အလင်းများ ထွက်ပေါ်လာရင်း မေးလိုက်သည်။

“မင်းက ဖန်ဆင်းခြင်းသင်္ဘောကို သုံးပြီး ယန်နတ်ဘုရားတွေ ပျက်စီးသွားတဲ့ နေရာဖြစ်တဲ့ ‘မူလအစနယ်မြေ’ ကို သွားရမယ်။ အဲဒီနေရာမှာ ဖန်ဆင်းခြင်းတာအိုသခင်နဲ့ ပြည်နယ် ၉၉ ခုက သူတော်စင် ဧကရာဇ် ၁၃ ပါး ချန်ထားခဲ့တဲ့ အတွေးစတွေကို မင်း ရယူရမယ်။ အဲဒါတွေကို ဝါးမျိုနိုင်ရင် မင်းရဲ့ နတ်ဘုရားတန်ခိုးအစွမ်းတွေ ပြန်ရလိမ့်မယ်။” အင်မော် တယ် နတ်ဘုရားဘုရင်က ပြောသည်။

“ဟင်…၊ ဒီစကြာဝဠာထဲမှာ မူလအစနယ်မြေ ဆိုတာ တကယ်ရှိတာလား” ဟုန်ရွှန်ကျိက တည်ငြိမ်စွာ မေးလိုက်သည်။

“ဟုတ်တယ်။ ဒါကို ငါ အသေးစိတ် ရှင်းပြနေစရာ မလိုပါဘူး။ မင်းနဲ့ ရန်ယန်က ဖန်ဆင်း ခြင်းတာအိုကို ဆက်ခံထားတာဆိုတော့ အစအနအချို့ သိထားသင့်တယ်။ အဲဒီနေရာက မူလအစမျိုးစေ့တွေ မွေးဖွားရာနေရာဖြစ်သလို အခြားတစ်ဖက်ကမ်းနဲ့ အနီးဆုံးနေရာ လည်း ဖြစ်တယ်။ အဲဒါက လျှပ်တပြက်ဝင်္ကပါ သို့မဟုတ် ‘မူလနဝမချောက်နက် နတ်ဘုရားနယ်မြေ’ တို့ထက်တောင် ပိုပြီး ဆန်းကြယ်တဲ့နေရာပဲ။ အရင်တုန်းက မင်းတို့ လည်း ဖန်ဆင်းခြင်းသင်္ဘောကို သုံးပြီး ယန်နတ်ဘုရားတွေရဲ့ အတွေးစတွေကို ရှာဖွေဖို့ စီစဉ်ခဲ့ကြတယ်မဟုတ်လား။ ကံမကောင်းတာက မင်းတို့ မူလအစနယ်မြေ ဘယ်မှာရှိလဲဆို တာ မသိခဲ့ဘူး၊ ဒါမှမဟုတ် အဆင့်တစ်ခုကို မရောက်မချင်း အဲဒီနေရာကလည်း ပေါ်လာမှာ မဟုတ်ဘူး။”

အင်မော်တယ် နတ်ဘုရားဘုရင်က မျက်လုံးမှိတ်လိုက်သည်။

“ငါတို့ရဲ့ အခုလက်ရှိ အစွမ်းနဲ့တော့ မူလအစနယ်မြေကို မရောက်နိုင်ဘူး။ ဖန်ဆင်းခြင်း သင်္ဘောရဲ့ စွမ်းအားကို ငှားရမ်းမှ ရလိမ့်မယ်။ ဒါကြောင့်ပဲ ငါ မင်းကို ကယ်တင်ခဲ့တာ။ ရှေးခေတ်ကတည်းက ယန်နတ်ဘုရားပညာရှင်ဖြစ်စေ၊ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့် ပညာရှင်ဖြစ်စေ သူတို့သက်တမ်းကုန်သွားရင် မူလအစနယ်မြေကို သွားပြီး အနားယူကြ တာပဲ။ သမိုင်းတစ်လျှောက်မှာ ချွင်းချက်တစ်ယောက်ပဲ ရှိတယ်၊ အဲဒါက ဧကရာဇ်ဖန်ပဲ။ သူက ကောင်းကင်အပြင်ပနယ်မြေမှာ သေဆုံးသွားပြီး ဗဟိုကမ္ဘာအဖြစ် ပြောင်းလဲသွားခဲ့ တာ။”

“ငါ့ရဲ့ အဲဒီသားမိုက်က အခု ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို ရောက်ရှိသွားပြီ။ သူလည်း မူလအစနယ်မြေ ဘယ်မှာလဲဆိုတာ အာရုံခံမိလိမ့်မယ်။” ဟုန်ရွှန်ကျိက ပြောလိုက်သည်။

“အခုလောလောဆယ်တော့ သူ အဲဒါကို နားလည်နိုင်ဦးမှာ မဟုတ်ဘူးလို့ ငါထင်တယ်။ ဒါပေမဲ့ ငါတို့ မြန်မြန်လုပ်ရမယ်။ သူတို့ အခု ဟင်းလင်းပြင်ထဲမှာ တိုက်ခိုက်နေကြတယ်။ ငါ ယန်ဖန်ကို သွားကယ်တင်မယ်။ ပြီးရင် မင်းတို့စွမ်းအားတွေနဲ့အတူ မူလအစနယ်မြေကို အတူတူသွားကြတာပေါ့” အင်မော်တယ် နတ်ဘုရားဘုရင်က လှုပ်ရှားလိုက်ပြီး ဟုန်ရွှန်ကျိ နှင့်အတူ ပျောက်ကွယ်သွားတော့သည်။

“ဟုန်ရွှန်ကျိကို အင်မော်တယ်နတ်ဘုရားဘုရင်က ခေါ်ဆောင်သွားပြီလား။ ဒီတစ်ကြိမ်မှာ တော့ ရှေးဦးနတ်ဘုရားဘုရင် သုံးပါး၊ ယန်ဖန်၊ ဖန်ဆင်းခြင်းသင်္ဘော၊ မင်းတို့အားလုံးက မတည်မငြိမ်ဖြစ်စေတဲ့ အကြောင်းရင်းတွေပဲ။ ငါ မင်းတို့အားလုံးကို တစ်ပြိုင်နက်တည်း အပြတ်ရှင်းရမယ်။ ဟုန်ရွှန်ကျိ၊ ခင်ဗျားရဲ့ နတ်ဘုရားတန်ခိုးစွမ်းအားတွေကို ကျုပ် သိမ်းယူ ပြီး ကျုပ်အမေဗိမာန်ကို စောင့်ခိုင်းထားပေမဲ့ ခင်ဗျားနှလုံးသားထဲမှာ မျှော်လင့်ချက် သေးသေးလေးတစ်ခု ကျန်နေသေးတယ်၊ အဲဒါက ယန်ဖန်ပဲ။ ကျုပ် ယန်ဖန်ကို သတ်ပြီး ဖန်ဆင်းခြင်းသင်္ဘောကို သန့်စင်လိုက်ရင် ခင်ဗျားက အလိုအလျောက် လုံးဝ ကျဆုံးသွားရ လိမ့်မယ်”

ဟုန်ရွှန်ကျိ ကယ်တင်ခံလိုက်ရသည်နှင့် ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းအတွင်း တိုက်ခိုက်နေသော ဟုန်ယွိသည် တစ်ခုခုကို ချက်ချင်း အာရုံခံမိလိုက်သည်။ သို့သော်လည်း သူသည် အနည်းငယ်မျှပင် တွက်ချက်မှုမှားယွင်းသည်ဟု မခံစားရပေ။ အရာအားလုံးမှာ အစီအစဉ်အတိုင်း ဖြစ်ပျက်နေခြင်းသာ ဖြစ်သည်။

သူ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်သို့ တက်လှမ်းနိုင်သည့် ခဏအတွင်းမှာပင် မဟာ ကမ္ဘာလောကကြီး၏ မူလဇစ်မြစ်နှင့် ကြယ်တာရာများ၏ မူလဇစ်မြစ်ကို သူ ဝေဝေဝါးဝါး ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူသည် မူလအစနယ်မြေ ဆိုသည်မှာ မည်သည့် အရာဖြစ်ကြောင်းကိုလည်း ခံစားမိလိုက်သည်။ ရှေးခေတ်က ရှေးဦးယန်နတ်ဘုရားများစွာ၊ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့် ကျွမ်းကျင်သူအချို့နှင့် အလယ်ခေတ် ပညာရှင် သူတော်စင်များအားလုံး နောက်ဆုံးတွင် မည်သည့်နေရာသို့ သွားပြီး အနားယူခဲ့ကြသည် ကိုလည်း ဝေဝါးစွာ ခံစားမိခဲ့သည်။

အနာဂတ်တွင် အကယ်၍ သူသည် ‘ဝမ်းယွင်’ (၁၂၉,၆၀၀ နှစ်) ကို မကျော်လွန်နိုင်ဘဲ အခြားတစ်ဖက်ကမ်း (နိဗ္ဗာနနယ်ပယ်) သို့ မရောက်နိုင်ပါက သူ၏ သက်တမ်းကုန်ဆုံးချိန် တွင် သူသည်လည်း ထိုနေရာ၌ပင် ပျက်စီးသွားပေလိမ့်မည်။ ထိုဆန်းကြယ်သောနေရာမှာ မူလအစမျိုးစေ့များ စုစည်းရာနေရာဖြစ်ပြီး အမြင့်ဆုံး အောင်မြင်မှုရရှိသူများ၏ နောက်ဆုံး ပန်းတိုင်လည်း ဖြစ်သည်။

သို့သော်လည်း မူလအစနယ်မြေမှာ ကောင်းကင်နှင့် မြေကြီးအကြား အဆန်းကြယ်ဆုံး နေရာ ဖြစ်သင့်သည်။ ၎င်းမှာ ‘မူလနဝမချောက်နက် နတ်ဘုရားနယ်မြေ’ ထက် အဆပေါင်း ထောင်ချီ၍ ဆန်းကြယ်လှသည်။ စကြာဝဠာအတွင်း ထိုကဲ့သို့သောနေရာ ရှိနေသည်ကို ဟုန်ယွိ ခံစားမိသော်လည်း ၎င်း၏ တိကျသော တည်နေရာကိုမူ သူ မသိရှိသေးပေ။ မူလ အစနယ်မြေမှာ တူညီသော အချိန် သို့မဟုတ် ဟင်းလင်းပြင်အတွင်း၌ မရှိဘဲ အချိန် မြစ်ကြီး၏ အနက်ရှိုင်းဆုံးနေရာများတွင် ဖုံးကွယ်နေခြင်းလည်း ဖြစ်နိုင်ပေသည်။

ယခင်က ဟုန်ရွှန်ကျိနှင့် ယန်ဖန်တို့သည် ရှေးဟောင်း သူတော်စင် ဧကရာဇ်များနှင့် ယန် နတ်ဘုရားများ ပျက်စီးသွားသည့်နေရာ၊ သူတို့ ကြယ်တာရာများအဖြစ် ပြောင်းလဲသွား သည့်နေရာကို အမြဲရှာဖွေချင်ခဲ့ကြောင်း ဟုန်ယွိ သိရှိထားသည်။ သူတို့သည် ယန်နတ်ဘုရားများ၏ အတွေးစများကို ရှာဖွေပြီး မျိုချကာ ဟင်းလင်းပြင် ဖျက်ဆီးခြင်း နယ်ပယ်သို့ တက်လှမ်းနိုင်ရန် ကြိုးစားခဲ့ကြသော်လည်း မည်သည့်အခါမျှ မတွေ့ရှိခဲ့ကြ ပေ။

ဤနေရာကို ရှာဖွေရန်အတွက် သူ၏ ဟင်းလင်းပြင် ဖျက်ဆီးခြင်းဆိုင်ရာ နားလည်မှုအပေါ် အခြေခံပြီးနောက် အနာဂတ်သခင်ကို အသုံးပြုကာ အချိန်အတော်ကြာ တွက်ချက်ရပေ လိမ့်မည်။ သို့သော်လည်း အင်မော်တယ်နတ်ဘုရားဘုရင်ကမူ သိကောင်းသိပေလိမ့်မည်။ ကောင်းကင်နှင့် မြေကြီးအကြား ရှေးအကျဆုံး တည်ရှိမှုတစ်ခု၊ ‘တာအို’ ၏ လူဝင်စား ကိုယ်ပွားတစ်ဦးအနေဖြင့် အင်မော်တယ် နတ်ဘုရားဘုရင်တစ်ဦးသာလျှင် ထိုနေရာ မည်သည့်နေရာတွင် တည်ရှိနေသည်ကို အတိအကျ သိပေလိမ့်မည်။

ထို့ကြောင့် ဟုန်ယွိသည် အင်မော်တယ် နတ်ဘုရားဘုရင်ကို ထိုအခိုက်အတန့်တွင် ဟုန်ရွှန်ကျိအား ခေါ်ဆောင်သွားရန် ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

အမှန်စင်စစ် ဟုန်ယွိအနေဖြင့် ပြောင်းလဲခြင်းတာအို၏ ဦးဆောင်သူအဖြစ် ဆောင်ရွက် ခြင်းဖြင့်၊ ကောင်းကင်နှင့်မြေကြီး စကြာဝဠာအတွင်း၌ မကြုံစဖူးသော ကြီးမားသည့် ပြောင်းလဲမှုကြီးကို ဖော်ဆောင်လိုက်ပြီဟု ကြိုတင် ခံစားမိနေသည်။ ရှေးဦးယန်နတ်ဘုရား များနှင့် ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့် ကျွမ်းကျင်သူအများအပြားမှာလည်း ၎င်းကို ခံစားမိကြပေလိမ့်မည်။ နောင်အနာဂတ်တွင် မူလအစနယ်မြေအတွင်း၌ ပြောင်းလဲမှုများ စွာ ရှိလာမည်မှာ သေချာသည်။

ဥပမာအားဖြင့်၊ ယန်နတ်ဘုရားများ၏ အတွေးစများစွာမှာ ရုတ်တရက် ပျံထွက်လာပြီး လူအများအပြားကို ကံကောင်းသော အခွင့်ရေးများ ရရှိစေသည့်အရာမျိုးပင်။

ဤအရာများမှာ ဟုန်ယွိ သတိထားရမည့် အချက်များဖြစ်ပြီး သူသည် ဤအရာအားလုံးကို တွက်ချက်ထားပြီးသားပင်။ ရှေးဦးယန်နတ်ဘုရားများမှာ သူတို့ ကျဆုံးပြီးနောက်ပိုင်း ကိစ္စရပ်များအတွက် ကြိုတင်စီစဉ်ထားခြင်း မရှိဘဲ နေကြမည် မဟုတ်ပေ။

အင်မော်တယ် နတ်ဘုရားဘုရင်က ဟုန်ရွှန်ကျိကို ကယ်တင်ရန် ရောက်ရှိလာသည်ကို သိရှိခြင်းမှသည် သူ ခေါ်ဆောင်ခံရသည်အထိ ဤအရာအားလုံးမှာ မျက်တောင်တစ်ခတ် အတွင်း ဖြစ်ပျက်သွားခြင်းဖြစ်သည်။ ဟုန်ယွိသည် ဖန်ဆင်းရှင် ၂၃ ဦး၏ စွမ်းအားကိုလည်း ရရှိထားပြီး လက်သီးတစ်ချက်တည်းဖြင့် ဖန်ဆင်းခြင်းသင်္ဘော၏ အကာကွယ်ကို ချိုးဖောက်ပြီး ဖန်ဆင်းခြင်း သင်္ဘောအတွင်းသို့ ရောက်ရှိသွားပြီး လူသားအင်မော်တယ် ကောင်းကင်သခင် ၃၀၀ ရှိနေသည့် ဟင်းလင်းပြင်ကို ချက်ချင်း ရှာဖွေတွေ့ရှိသွားသည်။

သူသည် ထိုလူသားအင်မော်တယ် ကောင်းကင်သခင် ၃၀၀ လုံးကို ပြန်လည် သိမ်းပိုက်ရန် ရည်ရွယ်ထားလေသည်။

All Chapters