← Chapters

အခန်း ၇၇၉

Vol. 75 Ch. 779

အခန်း ၇၇၉

Vol. 75 Ch. 779

အခန်း (၇၇၉)။

“စီနီယာ မုန့်ရှန်းကျီ၊ ဟုန်ယွိ ရောက်လာပြီ။ မဟာမိုးကြိုးစင်မြင့်ကိုးခုကလည်း ငါတို့ကို ဝန်းရံထားပြီ၊ လူသားအင်မော်တယ် သုံးရာကလည်း "မသေမျိုးတက်လှမ်းခြင်း အစီအရင် မြေပုံ" ကို ထုတ်သုံးလိုက်ကြပြီ။ သူတို့ရဲ့ အစွမ်းတွေက တစ်သားတည်း ဖြစ်နေတဲ့အပြင် ရွှီဝူဟွေ့ဆိုတဲ့ အမျိုးသမီးကလည်း အစီအရင်ကို ထိန်းချုပ်ပေးနေတယ်။ ငါတို့ သူတို့ အားလုံးကို အချိန်တိုအတွင်း သန့်စင်ဖို့ မလွယ်ဘူး...”

‘ဖန်ဆင်းခြင်းသင်္ဘော’ အတွင်းရှိ ဟင်းလင်းပြင်မှာ အဆုံးအစမဲ့ ကျယ်ပြောလှပြီး အချိန်နှင့် လေဟာနယ်တို့ကလည်း အစဉ်မပြတ် ပြောင်းလဲနေ၏။ ဆန်းကြယ်လှသော ထိုသင်္ဘော ကြီးအတွင်း၌ မုန့်ရှန်းကျီနှင့် ယန်ဖန်တို့သည် ဟင်းလင်းပြင်တစ်ခုပြီးတစ်ခုကို ချိပ်ပိတ်ကာ အတွင်းရှိ သန်းနှင့်ချီသော လူသားများကို သန့်စင်ဖျက်ဆီးနေကြသည်။

ဤတိုက်ပွဲအတွင်း၌ နောက်ထပ် လူသားသန်းပေါင်းများစွာကို သူတို့က သန့်စင်လိုက် သဖြင့် သွေးတိမ်တိုက်များမှာ ပို၍ပင် ထူထပ်လာခဲ့သည်။ ယခုအချိန်အထိ မုန့်ရှန်းကျီနှင့် ယန်ဖန်တို့သည် လူပေါင်း သန်းတစ်ရာကျော်ကို သန့်စင်ပြီးဖြစ်ရာ ၎င်းမှာ ရွှီမျိုးနွယ်စုဝင် သန်းသုံးရာ၏ သုံးပုံတစ်ပုံခန့် ရှိနေပြီဖြစ်သည်။

ကြီးမားလှသော သွေးစွမ်းအင်နှင့် ဝိညာဉ်အစွမ်းများမှာ သူတို့၏ နတ်ဘုရားလက်နက်များ၊ မှော်ရတနာများ၊ ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်များအတွင်းသို့ ပေါက်ကွဲထွက်လုမတတ် ပြည့်လျှံဝင်ရောက်သွားတော့သည်။

ဝုန်း... ဝုန်း... ဝုန်း...

မုန့်ရှန်းကျီ၏ ခန္ဓာကိုယ်ကို သွေးရောင်အလင်းတန်းများက ဝန်းရံထားသည်။ ထိုအလင်း တန်းများမှဦ လှပဆန်းကြယ်သော ပိုးချည်မျှင်များကဲ့သို့ပင်။ မူလက ကြည်လင်သန့်စင်လှ သော ‘ထာဝရအလင်းတန်း’ ပင်လျှင် သွေးရောင်ကြောင့် တောက်ပသော အနီရောင်သို့ ပြောင်းလဲသွားခဲ့ရသည်။

ဤတိုင်ရှန်တာအိုဂိုဏ်းချုပ်မှာ ကောင်းကင်တာအို၏ အနှစ်သာရကို အမှန်တကယ်ပင် ရရှိထားသူဖြစ်သည်။ သန်းနှင့်ချီသော လူသားများ အသတ်ခံရပြီး ရေတွက်၍မရသော ဝိညာဉ်များ သူ၏လက်အောက်တွင် ပျက်စီးသွားသော်လည်း သူ၏ စိတ်နှလုံးမှာမူ လုံးဝ တုန်လှုပ်ခြင်းမရှိပေ။ သူသည် မည်သည့်ခံစားချက်မျှမရှိ၊ နောင်တလည်းမရဘဲ စကြာဝဠာ ၏ သံသရာစက်ဝိုင်းကဲ့သို့ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း ကင်းမဲ့စွာဖြင့် တည်ငြိမ်နေဆဲ ဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့် ဧကရာဇ် ယန်ဖန်မှာမူ မုန့်ရှန်းကျီကဲ့သို့ စိတ်ဓာတ်အခြေအနေမျိုး မရှိပေ။ သူသည် သွေးစွမ်းအင်နှင့် ဝိညာဉ်အမြောက်အမြားကို သန့်စင်ပြီး စွမ်းအားများ ရရှိထားသော်လည်း သူ၏ စိတ်ပိုင်းဆိုင်ရာမှာမူ ထိုမျှအထိ မရင့်ကျက်သေးပေ။ သို့သော် လည်း သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်မှာမူ မယုံနိုင်စရာကောင်းအောင် မြင့်မားသော အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ။

ယခုအခါ သူသည် လူအများအပြားကို ဆက်လက်သတ်ဖြတ်ရန် ဆန္ဒမရှိတော့ပေ။ လူသန်း တစ်ရာကို သန့်စင်ပြီးနောက်တွင် ရရှိလာသော အနှစ်သာရများဖြင့် သူကျေနပ်နေပြီ ဖြစ်သည်။ လူသားအင်မော်တယ် သုံးရာနှင့် အထွက်အထိပ် ဖန်ဆင်းရှင်တစ်ဦးကိုပါ သန့်စင်နိုင်လျှင် သူ၏ ရည်မှန်းချက် ပြည့်စုံပြီဖြစ်သည်။

ယခင်က ဟုန်ယွိသည် ဟုန်ရွှန်ကျိ၏ စွမ်းအားအားလုံးကို ထုတ်ယူလိုက်ပြီးနောက် ‘အနာဂတ်သခင်’ က တွက်ချက်ပြခဲ့ဖူးသည်။ ဟုန်ရွှန်ကျိ၏ စွမ်းအားတစ်ခုတည်းမှာပင် လူသားအင်မော်တယ် ၃၀ မှ ၅၀ ခန့်နှင့် ညီမျှသည်။ ယခုအခါ လူသားအင်မော်တယ် ၃၀၀ ဆိုသည်မှာ ဟုန်ရွှန်ကျိ ခြောက်ယောက်စာ စွမ်းအားနှင့် ညီမျှနေပြီ။

သန့်စင်မှုဖြစ်စဉ်အတွင်း မူလစွမ်းအင်များ ယိုစိမ့်ဆုံးရှုံးမှုကြောင့် ဟုန်ရွှန်ကျိ၏ အသွင် မျိုးစုံပြောင်းလဲခြင်းနယ်ပယ် သို့မဟုတ် ရှေးဟောင်းမူလနဂါးနှစ်ကောင် စွမ်းအားကဲ့သို့ သန့်စင်မည် မဟုတ်သော်လည်း၊ အမှန်တကယ် သန့်စင်နိုင်ပါက ဟုန်ရွှန်ကျိ နှစ်ဦးစာ စွမ်းအားနှင့် ညီမျှပေလိမ့်မည်။

“အင်း... ဒီလူသားအင်မော်တယ် ၃၀၀ နဲ့ ဖန်ဆင်းရှင်တစ်ယောက်ကို ငါသန့်စင်ပြီးရင် ဟုန်ရွှန်ကျိကို ပြန်ကုပေးနိုင်မယ်၊ အဲဒီနောက်မှာတော့...” ယန်ဖန်သည် သူ၏ စိတ်ထဲ၌ အစီအစဉ်များ ချမှတ်နေသည်။

သို့သော်လည်း ဤလူသားအင်မော်တယ် ၃၀၀ ကို သန့်စင်ရန်မှာ မလွယ်ကူပေ။ ထိုဟင်းလင်းပြင်အတွင်း၌ လူသားအင်မော်တယ် ၃၀၀ နှင့် ရွှီဝူဟွေ့တို့သည် ရုတ်တရက် ကြီးမားသော အစီအရင်မြေပုံကြီးတစ်ခုကို ထုတ်ယူလိုက်ကြသည်။ ၎င်းမှာ ကြီးမား ကျယ်ပြန့်သော ရှေးဟောင်း ပန်းချီကားချပ်ကြီးတစ်ခုပင်။

ထိုပန်းချီကားချပ်ပေါ်တွင် မြင့်မားသော သရဖူများနှင့် ရှေးဟောင်းဝတ်စုံများကို ဝတ်ဆင် ထားသည့် အင်မော်တယ် နတ်ဘုရားများစွာ ရှိနေသည်။ အချို့က ထင်းရှူးပင်အောက်၌ သီချင်းဆိုနေကြပြီး၊ အချို့က တောင်တန်းများကြား၌ စောင်းတီးနေကြကာ၊ အချို့ကမူ လမင်းကြီး၏ အလှအပကို ခံစားရင်း သိမ့်မွေ့သော နတ်ဘုရားစွမ်းရည်များကို ဆင်ခြင်နေ ကြသည်။

ရှေးဟောင်းပန်းချီကားချပ်ပေါ်ရှိ ထောင်နှင့်ချီသော ပုံရိပ်များမှာ တကယ့်အင်မော်တယ် နတ်ဘုရားများကဲ့သို့ သက်ဝင်နေကြသည်။ သူတို့၏ ခေါင်းထက်တွင် မူလစိတ်ဝိညာဉ်များ ရှိနေပြီး သန်းဆယ်ချီသော ကြည်လင်နေသည့် ငှက်မွေးအတောင်ပံများ ထွက်ပေါ်လာကာ ဆန်းကြယ်သော အခြားကမ္ဘာတစ်ခုသို့ ပျံသန်းသွားတော့မည့်အလား ထင်မှတ်ရသည်။

ဤရှေးဟောင်းကားချပ်ကြီးမှာ ရှေးဦးလက်နက်တစ်ခုဖြစ်သည့် "မသေမျိုးတက်လှမ်းခြင်း မြေပုံ" ပင်ဖြစ်သည်။ ထိုမြေပုံမှာ အစီအရင်တစ်ခုလည်းဖြစ်ပြီး ၎င်းပေါ်တွင် အင်မော်တယ် နတ်ဘုရား ထောင်ပေါင်းများစွာကို ရေးဆွဲထားသည်။ ပုံရိပ်တစ်ခုချင်းစီတိုင်းက တက်လှမ်းခြင်းနှင့် ထွက်မြောက်ခြင်း၏ စစ်မှန်သော အဓိပ္ပာယ်များကို ဖော်ဆောင်နေပြီး မဟာတာအို၏ အနှစ်သာရများ ကိန်းဝပ်နေသည်။

ယခုအခါ ရွှီဝူဟွေ့က ထိုမြေပုံကို ထုတ်လိုက်သည်နှင့် ဟင်းလင်းပြင်တစ်ခုလုံး ပြည့်နှက် သွားတော့သည်။ ကောင်းကင်သခင် လူသားအင်မော်တယ် သုံးရာစလုံးသည် မြေပုံပေါ်၌ နေရာယူလိုက်ကြပြီး ထိုမြေပုံအတွင်းရှိ အင်မော်တယ်များနှင့် တစ်သားတည်း ဖြစ်သွားကြ သည်။ ကောင်းကင်သခင် လူသားအင်မော်တယ်က သူတို့၏ သိုင်းပညာအနှစ်သာရများ၊ သိုင်းဆန္ဒများ၊ စွမ်းအင်နှင့် သွေးစွမ်းအားများကို မြေပုံအတွင်းသို့ ပေါင်းစည်းပစ်လွှတ် လိုက်ကြသည်။

ဝုန်း... ဝုန်း…

ချက်ချင်းပင် "မသေမျိုးတက်လှမ်းခြင်း အစီအရင်မြေပုံ"မှ ထွက်ပေါ်လာသော စွမ်းအား များက မဟာသမုဒ္ဒရာလှိုင်းလုံးကြီးများကဲ့သို့ လှုပ်ခတ်လာပြီး အစီအရင်၏ အထက်တွင် ကြီးမားလှသော သံမဏိလက်သီးကြီးတစ်ခု တိတ်ဆိတ်စွာ ပေါ်ပေါက်လာသည်။

ဤသံမဏိလက်သီးကြီးသည် လူသားအင်မော်တယ် ၃၀၀ နှင့် ဖန်ဆင်းရှင်တစ်ဦးတို့က "မသေမျိုးတက်လှမ်းခြင်း အစီအရင်မြေပုံ"ကို အသုံးပြုကာ ပေါင်းစည်းဖန်တီးထားခြင်း ဖြစ်ပြီး အရပ်မျက်နှာအနှံ့သို့ ပြင်းထန်စွာ ထိုးဖောက်ထွက်ပေါ်လာကာ၊ ယန်ဖန်နှင့် မုန့်ရှန်းကျီတို့၏ သန့်စင်မှုကို ခုခံနိုင်ရုံသာမက ‘ဖန်ဆင်းခြင်းသင်္ဘော’ ၏ ချုပ်နှောင်မှုမှ ဖောက်ထွက်ရန်ပင် ကြိုးစားလိုက်သည်။

“မုန့်ရှန်းကျီ၊ ယန်ဖန်၊ ရှင်တို့က ဗဟိုကမ္ဘာက လူသန်းပေါင်းများစွာကို သန့်စင်ဖျက်ဆီးခဲ့တဲ့ အတွက် အကြိမ်ပေါင်းတစ်ရာ သေရင်တောင် အပြစ်မကျေသေးဘူး” "မသေမျိုး တက်လှမ်းခြင်း အစီအရင်မြေပုံ"၏ အလယ်ဗဟိုတွင် ရွှီဝူဟွေ့က လက်အုပ်ချီလိုက်သည်။ ကြီးမားလှသော ရှေးဟောင်းပန်းချီကားချပ်ကြီးနှင့်အတူ သူမသည် အစစ်မှန် စွမ်းအင်များ နှင့် သွေးရောင်ထာဝရအလင်းတန်းများ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ခွဲထုတ်ကာ အပြင်ဘက်ရှိ ‘မဟာမိုးကြိုးစင်မြင့်’ များနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။

“အသုံးမဝင်ဘူး။ "မသေမျိုးတက်လှမ်းခြင်း အစီအရင်မြေပုံ" ဆိုတာ ရှေးဦးတက်လှမ်းခြင်း တာအိုရဲ့ အမြင့်ဆုံးရတနာ၊ နတ်ဘုရားလက်နက်တစ်ခု ဖြစ်နိုင်ပေမဲ့ ငါ့ကိုတော့ တားနိုင်မှာ မဟုတ်ဘူး။ ကောင်းကင်တာအိုက ပြောင်းပြန်စီးဆင်းမယ်၊ နတ်ဘုရားတွေက မူလအစကို ပြန်သွားမယ်။ တိုင်ရှန်တာအိုဂိုဏ်းချုပ်ဖြစ်တဲ့ ငါ့ရဲ့အမိန့်ကို နာခံကြ၊ ပျက်စီးကြစမ်း”

မုန့်ရှန်းကျီက လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ပြောလိုက်သည်။ သွေးရောင် ‘ထာဝရအလင်းတန်း’ များမှာ ကြီးမားသော တောင်ကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး "မသေမျိုးတက်လှမ်းခြင်း အစီအရင်မြေပုံ" ကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

ဝုန်း….

ထိုတောင်ကြီးနှင့် "မသေမျိုးတက်လှမ်းခြင်း အစီအရင်မြေပုံ" တို့ အပြင်းအထန် တိုက်မိ ချိန်တွင် ရွှီဝူဟွေ့မှာ ပြင်းထန်သော ရိုက်ခတ်မှုကို ခံစားလိုက်ရ၏။ သူ၏ စိတ်ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ လွင့်ထွက်လုမတတ် ဖြစ်သွားပြီး သွေးများအန်ချလိုက်ရသည်။ သူ၏ ဆံပင်များမှာ ပြတ်တောက်ဖရိုဖရဲဖြစ်သွားပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားတော့သည်။

“ထာဝရတည်မြဲခြင်း၊ ထာဝရရှင်သန်ခြင်း... နောက်ထပ်တစ်ကွက်ဖြစ်တဲ့ ‘အတိုင်းအဆမဲ့ မသေမျိုးစွမ်းအား’ ကို ခံစားကြည့်လိုက်စမ်း”

မုန့်ရှန်းကျီ၏ ပတ်လည်တွင် သွေးရောင်များ ဝဲလည်နေ၏။ သတ်ဖြတ်ခြင်းက သူ့ကို ပို၍ အစွမ်းထက်လာစေပြီး သူ့လက်များက လက်ဟန် လှုပ်ရှားမှုပေါင်းစုံကို ပြုလုပ်နေသည်။ ထို့နောက် သူသည် ကောင်းကင်နှင့် မြေကြီးကို အစိတ်စိတ်အမြွှာမြွှာ ဖျက်ဆီးပစ်နိုင်သော၊ စကြာဝဠာကို ပြောင်းပြန်လှန်ပစ်နိုင်သော၊ မဟာကမ္ဘာလောကကြီးကို ချေမှုန်းနိုင်သော ပြင်းထန်လှသည့် လက်သီးချက်တစ်ချက်ကို ပစ်လွှတ်လိုက်သည်။

ဤလက်သီးချက် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ‘ဖန်ဆင်းခြင်းသင်္ဘော’ ၏ ဟင်းလင်းပြင်များ ကွဲအက်ကုန်ပြီး မှော်အစီအရင်များစွာလည်း ဖျက်ဆီးခံလိုက်ရသည်။

ယန်ဖန်မှာ ထိတ်လန့်သွားပြီး “မုန့်ရှန်းကျီ၊ မင်းက နောက်ဆုံးတော့ မြစ်ကိုကူးပြီးတာနဲ့ တံတားကို မီးရှို့ဖျက်ဆီးတော့တာပဲ။” ဟစ်အော်လိုက်သည်။ (မှတ်ချက် - မိမိလိုအင်ဆန္ဒ ပြည့်ဝသွားပြီးနောက် ကူညီခဲ့သူကို ပြန်လည်သစ္စာဖောက်ခြင်းကို ဆိုလိုသည်။)

ဤသွေးယဇ်ပူဇော်မှုတွင် အမြတ်ဆုံးရသူမှာ ယုံမှားသံသယဖြစ်ဖွယ်မရှိ တိုင်ရှန်တာအို ဂိုဏ်းချုပ် မုန့်ရှန်းကျီပင် ဖြစ်သည်။ ယခုအခါ သူ၏ နတ်ဘုရားတန်ခိုးစွမ်းအားမှာ များစွာ တိုးတက်လာပြီဖြစ်ရာ ဤနောက်ဆုံးတိုက်ကွက်ဖြင့် "မသေမျိုးတက်လှမ်းခြင်း အစီအရင် မြေပုံ" ဖျက်ဆီးကာ လူသားအင်မော်တယ် ၃၀၀ ကို သိမ်းပိုက်ရုံသာ ကျန်တော့သည်။

လူသန်း ၁၀၀ ကို သန့်စင်ဖျက်ဆီးပြီးနောက်တွင် သူသည် ကောင်းကင်တာအို၏ အတွေ့ အကြုံများကို လုံလောက်စွာ ရရှိခဲ့ပြီဖြစ်သည်။ လူထပ်သတ်ခြင်းက အကျိုးမရှိတော့သလို ယန်နတ်ဘုရားအဆင့်သို့ တက်လှမ်းရန် သို့မဟုတ် ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်သို့ တက်လှမ်းရန်အတွက်လည်း အထောက်အကူပြုတော့မည် မဟုတ်ပေ။

‘အတိုင်းအဆမဲ့မသေမျိုးစွမ်းအား’ ထွက်ပေါ်လာချိန်တွင် ရွှီဝူဟွေ့သည် ပျက်သုဉ်းခြင်း အန္တရာယ်ကို ချက်ချင်း ခံစားလိုက်ရသည်။

သို့သော် နောက်တစ်ခဏတွင် ထိုတိုက်ကွက်ကို အခြားသော အင်အားတစ်ခုက တားဆီး လိုက်ပြီး အတိုင်းအဆမဲ့မသေမျိုးစွမ်းအားမှာ အတင်းအကျပ် တွန်းထုတ်ခံလိုက်ရသည်။

“ဂိုဏ်းချုပ်၊ ဒီတိုက်ကွက်က အရမ်းစွမ်းတာပဲ၊ ဒီတိုက်ကွက်ကို ဘယ်လိုခေါ်လဲ” ဟုန်ယွိက ထိုဟင်းလင်းပြင်အတွင်း ရုတ်တရက် ပေါ်လာပြီး လက်နှစ်ဖက်ဖြင့် တွန်းထုတ်ကာ အလင်းလှိုင်းတစ်ခုကို ပစ်လွှတ်ပြီး မုန့်ရှန်းကျီ၏ လျှို့ဝှက်နတ်ဘုရားတန်ခိုးစွမ်းအားကို ဟန့်တားလိုက်သည်။

“ဟုန်ယွိ၊ မင်း နောက်ဆုံးတော့ ဝင်လာနိုင်ခဲ့ပြီပေါ့။ ခုနက တိုက်ကွက်က ငါ ကောင်းကင် တာအိုကနေ ဆင်ခြင်မိတဲ့ ‘အတိုင်းအဆမဲ့မသေမျိုးစွမ်းအား’ ပဲ။ အသက်ရှည်ရုံသက်သက် က မသေမျိုးဖြစ်တာလောက် မကောင်းဘူး။ မသေမျိုးဖြစ်နိုင်မှ နိဗ္ဗာန်နယ်ပယ် ဖြစ်တယ်။ ငါ ကောင်းကင်တာအိုကို လှည့်ပတ်ရင်း အထွက်အထိပ် ခံစားချက်မဲ့ခြင်းရဲ့ အဓိပ္ပာယ်ကို နောက်ဆုံးတော့ နားလည်သွားပြီ။ နောက်ရက် အနည်းငယ်အတွင်းမှာ ငါ ‘ယန်နတ်ဘုရား’ အဆင့်ကို ရောက်တော့မယ်၊ မင်း ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ လို့ ငါ မင်းကို ကျေးဇူးတင်ရမယ်။ ခုနစ်နှစ်ကြာတဲ့အခါ ငါတို့ရဲ့ တိုက်ပွဲက ကျေနပ်စရာ ကောင်းတဲ့ အဆုံးသတ်တစ်ခု ဖြစ်လာလိမ့်မယ်။”

မုန့်ရှန်းကျီက ဟုန်ယွိကို ပြုံးပြရင်း မကြုံစဖူးသော ဉာဏ်အလင်းပွင့်သွားသည့် လေသံဖြင့် ပြောလိုက်သည်။

“ယန်နတ်ဘုရား ဖြစ်မယ်၊ ဟားဟား၊ မသေမျိုးဖြစ်ပြီး နိဗ္ဗာန်နယ်ပယ်ကို ရောက်မယ်ပေါ့” ဟုန်ယွိက မုန့်ရှန်းကျီကို ကြည့်ကာ ခေါင်းခါလိုက်သည်။ “တိုင်ကိုယ်တိုင်တောင် နိဗ္ဗာန နယ်ပယ်ကို မရောက်နိုင်ခဲ့တာကို ဂိုဏ်းချုပ်က နိဗ္ဗာနနယ်ပယ်အကြောင်း အဓိပ္ပာယ် မရှိတာတွေ လျှောက်ပြောနေသေးတယ်။ ကျုပ် ဂိုဏ်းချုပ်ကို တကယ်ပဲ ဘာမှ ပြောချင်စိတ် မရှိတော့ဘူး။ ဒါပေမဲ့ ခုနစ်နှစ်ကြာတဲ့အခါ ဂိုဏ်းချုပ် ယန်နတ်ဘုရားဖြစ်ဖို့ အခွင့်အရေး ၁၀ ရာခိုင်နှုန်းပဲ ရှိတယ်၊ မျှော်လင့်ချက်က သိပ်မကြီးမားလှဘူး။ ဘာလို့လဲဆို တော့ ခုနစ်နှစ်ဆိုတာ အရမ်းရှည်လျားပြီး အပြောင်းအလဲတွေ အများကြီး ဖြစ်သွားနိုင်လို့ ပဲ။ ဒီအတွက်ကြောင့်ပဲ ဂိုဏ်းချုပ် ကျဆုံးသွားဖို့ များတယ်။ ဒီနေ့ ဂိုဏ်းချုပ်ရဲ့ လုပ်ရပ်တွေ ကြောင့် ကျုပ် ဂိုဏ်းချုပ်ကို သတ်သင့်နေပြီ။”

“ဟုတ်လို့လား။ ဒါဆိုရင် ငါ စောင့်နေမယ်၊ ဒီနေ့တော့ ငါ လိုချင်တာ ရပြီ။ ဟုန်ယွိ၊ နောက်မှ ပြန်ဆုံကြတာပေါ့” မုန့်ရှန်းကျီက ခေါင်းခါလိုက်သည်။

သူ့ခန္ဓာကိုယ်မှာ ရုတ်တရက် လှုပ်ရှားသွားပြီး သွေးရောင် ‘ထာဝရအလင်းတန်း’ များ တောက်ပလာသည်။ သူ၏ ခန္ဓာကိုယ်မှာ သွေးရောင်သက်တံတစ်ခုအဖြစ် ပြောင်းလဲသွား ပြီး ဖြတ်သန်းထွက်ပြေးသွားသည်။ သူသည် ဟုန်ယွိ၏ အစွမ်းကို အတင်းအကျပ် ဖောက်ထွက်ကာ အပြင်သို့ ထွက်သွားတော့မည် ဖြစ်သည်။

“နေခဲ့စမ်း”

ဟုန်ယွိက မုန့်ရှန်းကျီ ထွက်ပြေးတော့မည်ကို မြင်သောအခါ မျက်လုံးဖွင့်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ရှေ့သို့ ဖမ်းဆွဲလိုက်သည်။ သူ၏ လက်များမှာ ခြံစည်းရိုး သို့မဟုတ် သားရဲလက်သည်းကဲ့သို့ ပျံတက်သွားသည်။ သူ၏ လက်ချောင်းငါးချောင်းကြားတွင် ကြီးမြတ်သည့် မဟာမူလစွမ်းအင်ကြီးငါးရပ်က ဟင်းလင်းပြင်ကို ဖျက်ဆီးနိုင်သော စွမ်းအားများကို သယ်ဆောင်လာကာ မုန့်ရှန်းကျီ၏ ရှေ့သို့ တိုက်ရိုက် ရောက်ရှိသွားသည်။

ဖောက်…

ထိုလက်ချောင်းငါးချောင်းဖြင့် ဖမ်းဆွဲလိုက်သည်နှင့် ထာဝရအလင်းတန်းများမှာ တောက် လျှောက် ပေါက်ကွဲကုန်သည်။ အလွှာပေါင်းများစွာသော ကန့်သတ်ချက်များမှာ လုံးဝ ထိုးဖောက်ခံလိုက်ရပြီး အစီအရင်များစွာလည်း ပျက်စီးသွားရသည်။ နတ်ဘုရားလက်နက် ဘုရင်ဖြစ်သော ‘ထာဝရနိုင်ငံတော်’ ၏ မာကျောသော အခွံကြီးပင်လျှင် ဟုန်ယွိ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။

ဟုန်ယွိသည် မုန့်ရှန်းကျီကို မလွှတ်ပေးလိုသဖြင့် သူ၏ စွမ်းအား ၁၀ဝ ရာခိုင်နှုန်းကို အသုံးပြုကာ ဖမ်းဆွဲလိုက်ခြင်းဖြစ်သည်။

“မူလအစမျိုးစေ့”

ထိုအခိုက်တွင် မုန့်ရှန်းကျီသည်လည်း သူ၏ ဝှက်ဖဲကို ထုတ်သုံးလိုက်သည်။ သူသည် မျိုးစေ့တစ်ခုကို ပစ်လွှတ်လိုက်ရာ ၎င်းမှာ ‘မူလအစမျိုးစေ့’ ပင် ဖြစ်သည်။ ၎င်းမှာ ဟုန်ယွိ၏ လက်ဝါးနှင့် ထိတွေ့သည်နှင့် ရုတ်တရက် ပေါက်ကွဲသွားပြီး အဆုံးစမဲ့သော ဟင်းလင်းပြင် စွမ်းအားများကို ထုတ်လွှတ်ကာ ဟုန်ယွိ၏ ဖမ်းဆွဲမှုကို ဟန့်တားလိုက် သည်။ ထိုခဏအတွင်းမှာပင် မုန့်ရှန်းကျီမှာ ‘ဖန်ဆင်းခြင်းသင်္ဘော’ ၏ ဟင်းလင်းပြင် အတွင်းမှ ထွက်ခွာသွားပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။

ဟုန်ယွိ၏ နတ်ဘုရားအာရုံက သူ့ကို ချက်ချင်း ခြေရာခံလိုက်သော်လည်း သူ၏ စိတ်ဝိညာဉ်မှာ အချိန်နှင့် လေဟာနယ်ကို အစဉ်မပြတ် ကွေးညွှတ်ဖြတ်သန်းသွားပြီး နောက်ဆုံးတွင် စကြာဝဠာ၏ အဆုံးမဲ့ နက်ရှိုင်းသည့် နေရာများတွင် ပုန်းကွယ်သွားသဖြင့် လိုက်လံခြေရာခံရန် ခက်ခဲသွားတော့သည်။

...

“အခွင့်အရေးပဲ၊ မြန်မြန် ထွက်ကြစို့။”

ရွှီဝူဟွေ့နှင့် ကောင်းကင်သခင် လူသားအင်မော်တယ် ၃၀၀ တို့သည် ဟုန်ယွိနှင့် မုန့်ရှန်းကျီ တို့၏ တိုက်ပွဲကို မြင်တွေ့လိုက်ရပြီးနောက် မုန့်ရှန်းကျီ အမှန်တကယ်ပင် ထွက်ပြေး လွတ်မြောက်သွားသည်ကို မြင်သောအခါ သူတို့လည်း အကြံတစ်ခု ရသွားကြသည်။ ထို့ကြောင့် "မသေမျိုးတက်လှမ်းခြင်း အစီအရင်မြေပုံ" မှာ တစ်ဖန် စွမ်းအားများ ပေါက်ကွဲ ထွက်ပေါ်လာကာ ယန်ဖန်၏ ချုပ်ကိုင်မှုမှ ကြမ်းတမ်းစွာ ရုန်းထွက်ပြီး ပျံသန်းထွက်ခွာ သွားတော့သည်။

တစ်ချိန်တည်းမှာပင် မဟာမိုးကြိုးစင်မြင့်ကိုးခု၏ အရိပ်များက ဖန်ဆင်းခြင်းသင်္ဘော အတွင်း၌ ပေါ်လာပြီး "မသေမျိုးတက်လှမ်းခြင်း အစီအရင်မြေပုံ" နှင့် ပေါင်းစပ်သွားသည်။ သူတို့သည် အားလုံးကို အပြင်သို့ ခေါ်ထုတ်သွားရန် ပြင်ဆင်နေကြသည်။

“မင်းတို့ကို အပြင်ထွက်ခွင့်ပေးလို့ ဘယ်ဖြစ်မလဲ။ လူသားအင်မော်တယ် ၃၀၀ သာ မဟာကမ္ဘာလောကကြီးထဲ ရောက်သွားရင် သာမန်မဟုတ်တဲ့ ကပ်ဘေးဒုက္ခတွေကို ဖြစ်စေနိုင်တယ်။ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့် နတ်ဘုရားစွမ်းရည် ဟင်းလင်းပြင် ပြိုကျခြင်း၊ အားလုံးကို ငါ့ဆီ လာခဲ့ကြ”

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဟုန်ယွိက သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူသည် ‘ခွန်ဖန်သန့်စင်ခြင်းမြေပုံ’ ထဲရှိ ခွန်ဖန်ငှက်ကြီးကဲ့သို့ပင်။ ကျယ်လောင်သော ဟစ်အော်သံနှင့်အတူ သူ၏အသံမှာ လေထုထဲတွင် ပဲ့တင်ထပ်သွားပြီး ဖန်ဆင်းရှင်တစ်ပါး ၏ စိတ်ဝိညာဉ် ဖောက်ခွဲမှုထက်ပင် ပို၍ အစွမ်းထက်သေးသည်။ ဤအခိုက်အတန့်တွင် သူသည် ‘ကောင်းကင်ဘုံမေးခွန်း ဝိညာဉ်ခေါ်သီချင်း’ ကို စတင် ရွတ်ဆိုလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် လက်နှစ်ဖက်ကို အလျားလိုက် ခုတ်ပိုင်းချလိုက်ရာ မဟာ မိုးကြိုးစင်မြင့်ကိုးခုနှင့် "မသေမျိုးတက်လှမ်းခြင်း အစီအရင်မြေပုံ" တို့၏ ဆက်သွယ်မှုကို ဖြတ်တောက်ပစ်လိုက်သည်။

ထို့နောက် သူ၏အသံမှာ ဖန်ဆင်းခြင်းသင်္ဘော ပေါ်ရှိ ဟင်းလင်းပြင်များအားလုံးဆီသို့ ပျံ့နှံ့ သွားတော့သည်။ ရုတ်တရက် ဟင်းလင်းပြင်များစွာမှာ သူ၏ လှုပ်ရှားမှုကို ခံလိုက်ရပြီး အသံ၏ နောက်သို့လိုက်ကာ သူ၏ ခန္ဓာကိုယ်ဆီသို့ ပျံသန်းလာကြသည်။ ဟင်းလင်းပြင် တစ်ခုပြီးတစ်ခုမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ ဤဟင်းလင်း ပြင်များထဲတွင် ကောင်းကင်အပြင်ပနယ်မြေမှ ပြောင်းရွှေ့လာသူများစွာ ပါဝင်ပြီး စုစုပေါင်း လူသန်းနှစ်ရာခန့် ကျန်ရှိနေသည်။

“ဟုန်ယွိ၊ နင် ဘယ်လိုတောင် အတင့်ရဲလိုက်လဲ” ရွှီဝူဟွေ့မှာ သူမ၏ "မသေမျိုး တက်လှမ်း ခြင်း အစီအရင်မြေပုံ" ကြီး ဟုန်ယွိ၏အသံဖြင့် လွှမ်းခြုံခံရကာ ခန္ဓာကိုယ်ထဲသို့ အစုပ်ခံရ တော့မည်ကို မြင်သောအခါ မအော်ဘဲ မနေနိုင်တော့ပေ။

“ဘာလို့ မလုပ်ရဲရမှာလဲ။ ဝင်လာခဲ့စမ်း”

ဟုန်ယွိက ကျောကို ဆန့်ထုတ်လိုက်ပြီး လက်နှစ်ဖက်ကို စက်ဝိုင်းပုံစံ ဆုပ်ကိုင်လိုက်ကာ ဖမ်းဆွဲ၍ ရိုက်ချလိုက်ရာ ကြီးမားလှသော စစ်မှန်သည့်စွမ်းအင်များက "မသေမျိုး တက်လှမ်းခြင်း အစီအရင်မြေပုံ" ကို လွှမ်းခြုံသွားတော့သည်။

ရွှီဝူဟွေ့ပင်လျှင် ဟစ်အော်ချိန် မရလိုက်ဘဲ ဟုန်ယွိ၏ ခန္ဓာကိုယ်ထဲသို့ အမှန်တကယ် စုပ်ယူခံလိုက်ရသည်။ မျက်တောင်တစ်ခတ်အတွင်း မုန့်ရှန်းကျီ ပျောက်ကွယ်သွားပြီး "မသေမျိုးတက်လှမ်းခြင်း အစီအရင်မြေပုံ"၊ လူသားအင်မော်တယ် ၃၀၀ နှင့် ရွှီဝူယွိ၏ ညီမဖြစ်သူ ရွှီဝူဟွေတို့ပါဝင်သော အဖွဲ့တစ်ခုလုံးကို ဟုန်ယွိက လုံးဝ ချိပ်ပိတ်လိုက်ပြီး ‘ယန်နတ်ဘုရား အတွေးစ’ နှင့်အတူ သူ၏ ‘ထိုက်ကျိ မိုးကြိုးရေကန်’ အောက်ခြေတွင် ဖိနှိပ်လိုက်တော့သည်။

ယန်ဖန်မှာ ဤရုတ်တရက် အပြောင်းအလဲကို တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။

ယန်ဖန် မြင်လိုက်ရသည်မှာ ဟုန်ယွိ၏ လက်သည်းချက်က မုန့်ရှန်းကျီကို နောက်ဆုတ် သွားစေပြီးနောက် "မသေမျိုးတက်လှမ်းခြင်း အစီအရင်မြေပုံ" ကို နှိမ်နင်းလိုက်ခြင်းသာ ဖြစ်သည်။ နောက်ထပ် တိုက်ကွက်တစ်ခုဖြင့် ဟုန်ယွိက ဟင်းလင်းပြင်ထဲတွင် သူချိပ်ပိတ် ထားသော ကောင်းကင်သခင် လူသားအင်မော်တယ် သုံးရာနှင့် လူပေါင်းများစွာကို ‘သူတော်စင်ပေါင်းစုံ ခန်းမ’ အတွင်းသို့ စုပ်ယူလိုက်သည်။

ပြောင်းရွှေ့လာသူ သန်းပေါင်းများစွာ... ဟင်းလင်းပြင် တစ်ခုစီတွင် လူသန်းပေါင်းများစွာ သို့မဟုတ် ဆယ်သန်းခန့် ရှိနေပြီး၊ သူတို့အားလုံးမှာ ထိုခဏအတွင်း ဟုန်ယွိ၏ သိမ်းဆည်း ခြင်းကို ခံလိုက်ရသည်။

ယန်ဖန် ဘာမှ မလုပ်နိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အပြင်ဘက်ရှိ မဟာမိုးကြိုးစင်မြင့် များက သင်္ဘောကို ပြင်းထန်စွာ တိုက်ခိုက်နေသောကြောင့် ဖြစ်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် လူသန်းတစ်ရာကျော်ကို ဟုန်ယွိက စုပ်ယူသွားခဲ့ပြီ ဖြစ်သည်။

“ယန်ဖန်၊ သွားကြစို့” ထိုစဉ် ဖန်ဆင်းခြင်းသင်္ဘော အတွင်း၌ အသံတစ်သံ ထွက်ပေါ်လာ သည်။ ယန်ဖန်၏ စိတ်လှုပ်ရှားသွားပြီး သူ၏ စိတ်ထဲတွင် ‘အင်မော်တယ်နတ်ဘုရားဘုရင်’ ၏ အရိပ်ကို မြင်တွေ့လိုက်ရသည်။ ဖရိုဖရဲစွမ်းအင်လှိုင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး ဖန်ဆင်းခြင်းသင်္ဘော၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းဆီသို့ ရောက်ရှိ သွားသည်။

ယန်ဖန် ပြင်းထန်စွာ လှုပ်ရှားလိုက်ရာ ဖန်ဆင်းခြင်းသင်္ဘောမှာ ကျုံ့သွားသည်။ သူသည် သူ၏အစစ်မှန် စွမ်းအင်အားလုံးကို ပြန်လည်ရုပ်သိမ်းပြီး ပျံသန်းထွက်ခွာသွားတော့သည်။

မူလက ဟုန်ယွိသည် အစီအရင်ထဲတွင် ပိတ်မိနေပြီး ယန်ဖန်ကို သတ်ရန် အဓိကအချက် အချာနေရာကို ရှာဖွေချင်ခဲ့သည်။ သို့သော်လည်း ယန်ဖန်သည် အစီအရင်ကို စွန့်လွှတ်ကာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ဟုန်ယွိတွင်လည်း အစီအစဉ်ရှိပြီးသားဖြစ်သဖြင့် သူ့နောက်သို့ လိုက်မဖမ်းတော့ပေ။

“ပျက်သုဉ်းခြင်းနတ်ဘုရားဘုရင်တစ်ပါး၊ ယန်နတ်ဘုရား အတွေးစတစ်ခု၊ လူသန်းပေါင်း တစ်ရာ့ရှစ်ဆယ်နဲ့ ကောင်းကင်သခင် သုံးရာ။ ဒါ့အပြင် ရွှီယွိ... ခင်ဗျားရဲ့ သမီးကိုတောင် ကျုပ် ဖိနှိပ်ထားလိုက်ပြီ။ ခင်ဗျားတို့ မြန်မြန် ပြန်လှည့်သွားကြတော့။ ခင်ဗျားတို့တွေ မဟာကမ္ဘာလောကကြီးဆီ ထပ်လာနေဦးမယ်ဆိုရင် ကျုပ်ကို အရိုင်းစိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့”

ဟုန်ယွိ အပြင်ထွက်လာသောအခါ ဗဟိုကမ္ဘာမှ လူများသာ သူ့ကို ဝန်းရံထားဆဲဖြစ်သည် ကို မြင်လိုက်ရသည်။ သူက ချက်ချင်းပင် ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။ သူတို့နှင့် အချိန်ထပ်မဖြုန်းလိုတော့ပေ။ ယင်းအစား သူက ပြင်းထန်သော သတိပေးချက် တစ်ခုကို ထုတ်ပြန်ပြီး ပျံသန်းထွက်ခွာသွားတော့သည်။ ရွှီယွိနှင့် အခြားသူများ သူ့ နောက်သို့ လိုက်ပြီး ဖမ်းဝံ့မည်မဟုတ်ဟု သူ ယုံကြည်ထားသည်။

All Chapters