← Chapters

အခန်း ၇၈၅

Vol. 76 Ch. 785

အခန်း ၇၈၅

Vol. 76 Ch. 785

အခန်း (၇၈၅)။

အတိုင်းအဆမဲ့ ဟင်းလင်းပြင် လေဟာနယ်နယ်ကြီးအတွင်း ဖုံးကွယ်နေသည့် အချိန်မြစ် ထဲတွင် အလင်းသဲပွင့်များမှာ အဆက်မပြတ် ရှေ့သို့ စီးဆင်းနေကြ၏။ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်သို့ ရောက်ရှိသူများသာလျှင် ဤအလင်းသဲပွင့်များကို စုစည်းကာ မှော်ရတနာအဖြစ် သွန်းလုပ်နိုင်စွမ်း ရှိကြသည်။ သို့မဟုတ်ပါက ကိုးကြိမ်မြောက် မိုးကြိုး ကပ်ဘေးကို ကျော်ဖြတ်ထားသည့် ပညာရှင်တစ်ဦး၏ စိတ်ဝိညာဉ်ပင်လျှင် အလင်းသဲပွင့် များ၏ ထိုးဖောက်ဖျက်ဆီးနိုင်စွမ်းအောက်တွင် လုံးဝဥဿုံ ပျက်သုဉ်းသွားပေလိမ့်မည်။

ဟုန်ယွိ၏ သူတော်စင်ပေါင်းစုံခန်းမသည် အချိန်မြစ်အတွင်း မရပ်မနား ဖြတ်သန်းရင်း အချိန်မြစ်၏ အနက်ရှိုင်းဆုံးနေရာ၊ လျှို့ဝှက်ဆန်းကြယ်၍ အတိုင်းအဆမရှိသော ယန် နတ်ဘုရားများ၊ သူတော်စင် ဧကရာဇ်များနှင့် ပညာရှင် သူတော်စင်အပေါင်းတို့၏ နောက်ဆုံးခိုလှုံရာ ဖြစ်သည့် မူလအစနယ်မြေဆီသို့ ဦးတည်နေသည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မည်သူမျှ မသိနိုင်တော့ပေ။ ရက်အနည်းငယ် သို့မဟုတ် လပေါင်းများစွာလည်း ဖြစ်နိုင်သည်။ ခန်းမအတွင်း၌ ရွှေပင့်ကူ၊ မုကလေး၊ မြေခွေးမလေး သုံးဖော်၊ ချီဇီယန်၊ ရှန်ထိုက်ဇူနှင့် အခြားသူများသည် အချိန်၏ နက်နဲသော လျှို့ဝှက်ချက် များကို ဆင်ခြင်သုံးသပ်နေကြသည်။ သူတို့အားလုံးသည် မိမိကိုယ်ကိုယ်ပင် မေ့လျော့နေ ကြပြီး သူတို့တစ်ဦးချင်းစီ၏ ခန္ဓာကိုယ်များမှ အသိဉာဏ်အလင်းတန်းများ ထွက်ပေါ်လာ နေသည်။

ဤခရီးစဉ်အပြီးတွင် လူတိုင်း၏ စွမ်းအားမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ အချိန် မြစ်အတွင်း ခရီးသွားရသည့် အတွေ့အကြုံမှာ မဟာကမ္ဘာလောကကြီးနှင့် စကြဝဠာတစ်ခု လုံးတွင် ထူးခြားဆန်းပြားသည့် အတွေ့အကြုံဖြစ်ပေသည်။ ဖန်ဆင်းရှင်အဆင့်သို့ ရောက် ရန် စုဆောင်းမူများစွာ လိုသေးသော်လည်း ဤအတွေ့အကြုံက သူတို့၏ အနာဂတ် အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချပေးလိုက်ခြင်း ဖြစ်သည်။

ဟုန်ယွိ၏ ရှင်းပြချက်များကြောင့် ဤခရီးစဉ်မှာ ငြီးငွေ့စရာကောင်းသော အလင်းတန်း များကြား ဖြတ်သန်းမှု မဟုတ်တော့ဘဲ အလွန်တန်ဖိုးရှိသော အတွေ့အကြုံတစ်ခု ဖြစ်လာ ခဲ့သည်။ လူတိုင်းသည် သာမန်အားဖြင့် မမြင်နိုင်သော အရာများစွာကို မြင်တွေ့ခဲ့ကြရ သည်။

ဝူး... ဝူး... ဝူး...

ရုတ်တရက် တစ်နေ့တွင် သူတော်စင်ပေါင်းစုံခန်းမ အပြင်ဘက်၌ ပြင်းထန်စွာ စီးဆင်းနေ သော အလင်းသဲပွင့်များမှာ ပိုမိုပြင်းထန်လာပြီး ဟစ်အော်သံများ ထွက်ပေါ်လာကာ ၎င်းတို့ စီးဆင်းသည့် အရှိန်ဟုန်မှာ ယခင်ထက် အဆပေါင်းများစွာ ပိုမြန်လာသည်။ ထိုကြီးမား သော ရိုက်ခတ်မှု စွမ်းအားကြောင့် နတ်ဘုရားလက်နက်တို့၏ ဘုရင်ဖြစ်သော သူတော်စင် ပေါင်းစုံခန်းမပင်လျှင် တုန်ခါသွားရသည်။ ဤအန္တရာယ်ရှိသော အချိန်မြစ်ကြီးအတွင်း အချိန်မရွေး တိမ်းမှောက်သွားနိုင်သကဲ့သို့ ခံစားရသည်။

အကယ်၍ အချိန်မြစ်အတွင်း တစ်ကြိမ်တစ်ခါ တိမ်းမှောက်သွားပါက မည်သည့်နည်းနှင့်မျှ နဂိုအတိုင်း ပြန်မဖြစ်နိုင်တော့ဘဲ ကယ်တင်၍ မရနိုင်တော့ချေ။ လူတိုင်း၏ စိတ်နှလုံးများ တင်းမာသွားကြသည်။ ကော့လီနတ်ဘုရားဘုရင်မ၏ မျက်နှာအမူအရာပင် အနည်းငယ် ပြောင်းလဲသွားသည်။

"ငါတို့ မူလအစနယ်မြေကို ရောက်တော့မယ်။ ဒီနေရာက စွမ်းအားတွေက တော်တော်လေး ပြင်းထန်တယ်၊ ဒါပေမဲ့ ငါ့အတွက်တော့ ဘာမှမဟုတ်ပါဘူး။ အားလုံး စိတ်မပူကြနဲ့" ဟုန်ယွိ၏အသံ ထွက်ပေါ်လာသည်။ သူ၏အသံတွင် ထိတ်လန့်မှု အလျင်းမရှိဘဲ မျှော်လင့် ချက်များဖြင့် ပြည့်နှက်နေသည်။

ယခုအခါ ဟုန်ယွိကိုယ်တိုင်လည်း တဖက်ကမ်း နိဗ္ဗာနနယ်ပယ်မှာ မည်သို့ရှိမည်၊ ထိုနေရာ တွင် မည်မျှလောက်သော လျှို့ဝှက်ချက်များ ဝှက်ဖုံးနေမည်ကို သိချင်စိတ် ပြင်းပြနေမိ သည်။ ရှေးဟောင်း သူတော်စင်ဧကရာဇ်များ၏ အရိုးစုများနှင့် ပညာရှင် သူတော်စင် အပေါင်း၏ အမွေအနှစ်များမှာ မကြာမီ သူ၏ရှေ့မှောက်တွင် ပေါ်လာတော့မည် ဖြစ်သည်။

ဒါဟာ တကယ်ကို စိတ်လှုပ်ရှားပြီး မျှော်လင့်စောင့်စားဖို့ ကောင်းတဲ့အရာပင်။

"ငါတို့ အချိန်မြစ်ထဲမှာ မူလအစနယ်မြေကို သွားနေတာ ဘယ်လောက်တောင် ကြာသွားပြီ လဲ။ ဒီလောက်ကြာသွားတော့ တော်ဝင်ချန်အင်ပါယာထဲမှာ အပြောင်းအလဲတွေ ဖြစ်နေမှာ ကို စိုးရိမ်မိတယ်" ယန်ချန်းက ရုတ်တရက် မေးလိုက်သည်။

"အဲဒါကို မင်းစိတ်မပူပါနဲ့။ ငါနဲ့ အနာဂတ်သခင်ရှီကြားမှာ သိမ်မွေ့တဲ့ ဆက်သွယ်မှု ရှိပါ တယ်။ အခု သူက မင်းရဲ့ပုံစံကို ယူထားပြီး မင်းရဲ့ ကိုယ်ပွားအနေနဲ့ အင်ပါယာရဲ့ အုပ်ချုပ် ရေးနဲ့ စစ်ရေးကိစ္စအားလုံးကို တာဝန်ယူထားတယ်။ ငါတို့ အချိန်မြစ်ထဲမှာ ခရီးသွားလာ တာ သုံးလလောက် ရှိပြီ။ မုန့်ရှန်းကျီးဖြစ်ဖြစ်၊ ဗဟိုကမ္ဘာကလူတွေ ဖြစ်ဖြစ်၊ ယန်ဖန်း ဖြစ်ဖြစ်... သူတို့အားလုံး အချိန်မြစ်ထဲမှာပဲ ရှိနေကြတာ။ သူတို့မှာ မဟာကမ္ဘာလောက ကြီးရဲ့ အရေးကိစ္စတွေကို ဂရုစိုက်ဖို့ အချိန်မရှိဘူး" ဟုန်ယွိက တွက်ချက်ကာ ပြောလိုက် သည်။ "ပြီးတော့ ငါတို့ မူလအစနယ်မြေကနေ ပြန်လာတဲ့အချိန်မှာ အနာဂတ်သခင်ရှီက ယွန်မင်နိုင်ငံကို ဖျက်ဆီးပြီးလောက်ပြီ။ မဟာကမ္ဘာလောကကြီးက တကယ်ကို တစ်သား တည်း ဖြစ်သွားလိမ့်မယ်"

လောလောဆယ်တွင် မဟာကမ္ဘာလောကကြီးအတွင်းရှိ ယွမ်တူး၊ နတ်ဘုရားလေနိုင်ငံ၊ ပင်လယ်ရပ်ခြား တိုင်းပြည်ပေါင်းတစ်ရာ စသည်တို့မှာ တော်ဝင်ချန်အင်ပါယာထံ လက်အောက်ခံသွားကြပြီ ဖြစ်သည်။ လက်မခံသေးသည့် တစ်ခုတည်းသော တိုင်းပြည်မှာ ယွန်မင်နိုင်ငံ ဖြစ်သည်။

အကြောင်းမှာ ထိုနိုင်ငံနောက်ကွယ်တွင် ဖန်ဆင်းရှင်တစ်ပါးဖြစ်သူ အမှောင်ဧကရာဇ် တာအိုသခင်ရှိနေပြီး ရွှီဝူယွိနှင့်လည်း ပတ်သက်မှုရှိနေသောကြောင့် ချက်ချင်းဖျက်ဆီးရန် မသင့်တော်ခြင်း ဖြစ်သည်။

သို့သော် ဤသည်မှာ အချိန်ကိစ္စသာ ဖြစ်သည်။ ကျောက်စိမ်းဧကရာဇ်ဆန်ကို ကြေညာပြီး နောက်၊ အနာဂတ်သခင်ရှီ၏ စီမံခန့်ခွဲမှုဖြင့် တော်ဝင်ချန် အင်ပါယာ၏ အင်အားမှာ တစ်နေ့ တခြား တိုးတက်နေသည်။ တစ်နှစ်မပြည့်မီအတွင်းမှာပင် ယွန်မင်နိုင်ငံကို အပြတ်အသတ် ကျော်လွန်သွားမည် ဖြစ်ရာ စစ်တိုက်စရာပင်မလိုဘဲ အနိုင်ယူနိုင်ပေလိမ့်မည်။ ထို့ကြောင့် ဟုန်ယွိသည် ဤကိစ္စအတွက် လုံးဝ စိုးရိမ်ခြင်း မရှိချေ။

သူစိုးရိမ်သည့် တစ်ခုတည်းသောအရာမှာ ဗဟိုကမ္ဘာမှ လူများသည်လည်း မူလအစနယ်မြေ သို့ ရောက်လာကြမည်ကိုပင်။ အကယ်၍ သူတို့သာ ယန်နတ်ဘုရားအချို့၏ အထွက်အ ထိပ် ရတနာများ၊ မူလအစမျိုးစေ့များနှင့် ယန်နတ်ဘုရား စိတ်ဝိညာဉ် အတွေးစများကို ရှာတွေ့သွားပါက၊ သူနှင့် ယှဉ်ပြိုင်နိုင်သော နတ်ဘုရားဘုရင် လက်နက်တစ်ခုကို ဖန်တီး ကာ ဗဟိုကမ္ဘာမှ လူဦးရေ သန်းတစ်သောင်းကို မဟာကမ္ဘာလောကကြီးထဲသို့ ပြောင်းရွှေ့ လာမည်ကိုပင်။

ရွှီမိသားစု၏ လူဦးရေ သန်းသုံးရာကပင် ကြီးမားသော ပြဿနာကြီး ဖြစ်နေပြီ။ လူဦးရေ သန်းတစ်သောင်းဆိုလျှင် ပြောစရာပင် မလိုတော့ချေ။

"မူလအစနယ်မြေက ရှေ့နားတင်ပဲ။ သေချာကြည့်ကြ၊ အဲဒါက အဝင်ပေါက်ပဲ၊ မျိုးစေ့ပုံစံ ဟင်းလင်းပြင်လေ။ အဲဒါက စကြဝဠာရဲ့ မူလအစ၊ တဖက်ကမ်းနဲ့ အနီးဆုံးနေရာပဲ" ဟုန်ယွိ က ဆင်ခြင်နေစဉ် သူ၏ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး ရှေ့သို့ ကြည့်လိုက်သည်။ ချက်ချင်း ပင် လူတိုင်း လိုက်ကြည့်လိုက်ရာ အချိန်မြစ်၏ အောက်ခြေတွင် မျိုးစေ့ပုံစံ အရာဝတ္ထု တစ်ခုကို မြင်တွေ့လိုက်ရသည်။ ၎င်းသည် လျှို့ဝှက်ဆန်းကြယ်သော လေဟာနယ်တစ်ခု ဖြစ်ပုံရပြီး အတွင်း၌ ကြယ်တာရာများစွာ တဖျတ်ဖျတ် တောက်နေကြ၏။ ထို့ပြင် လွင့်မျောတိုက်ကြီးများ၊ သမုဒ္ဒရာများနှင့် မီးပင်လယ်ကြီးများစွာလည်း ရှိနေသည်။ အရာ အားလုံးမှာ အတွင်း၌ ပျံဝဲနေကြသည်။

"စကြဝဠာရဲ့ မူလအစ... မျှော်လင့်ထားတဲ့အတိုင်း မူလအစစွမ်းအင်တွေ အများကြီး ပျံ့နှံ့ နေတာပဲ။ ဝင်ကြမယ်" ဟုန်ယွိ၏အသံ ထွက်ပေါ်လာသည်။ သူ အနည်းငယ် လှုပ်ရှားလိုက် သည်နှင့် ဝုန်းခနဲ မြည်ဟည်းကာ သူတော်စင်ပေါင်းစုံခန်းမ တစ်ခုလုံး အရှိန်အဟုန်ဖြင့် လည်ပတ်ပြီး မူလအစနယ်မြေအတွင်းသို့ ကျည်ဆန်တစ်တောင့်ကဲ့သို့ တိုးဝင်သွားတော့ သည်။

ထိုအချိန်တွင် လူတိုင်း မိမိတို့၏ ဝိညာဉ်များ ဖရိုဖရဲ ဖြစ်သွားပြီး အတွေးများ ဝေဝါးသွားသ လို ခံစားလိုက်ရ၏။ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေသဖြင့် သူတို့၏ စွမ်းအားများကို အမြန်ဆုံး အသုံးပြုကာ စိတ်ကို တည်ငြိမ်အောင် ထိန်းထားကြရသည်။

ဖျစ်… ဖြောက်….

အလင်းတန်းများ တဖျတ်ဖျတ်တောက်နေသော ဖြူဖွေးသည့် အရိုးစုတစ်ခုကို ခြေထောက် ဖြင့် နင်းလိုက်ရာ အသံမြည်သွား၏။ သို့သော် အရိုးစုမှာ ကျိုးမသွားဘဲ နူးညံ့သော လေစီး ကြောင်းတစ်ခု ထွက်ပေါ်လာပြီး နင်းလိုက်သည့်သူ၏ စွမ်းအားကို ပြန်လည် ခုခံလိုက် သည်။

"တော်တော်စွမ်းတာပဲ။ အရိုးတစ်စက ငါ့နင်းချက်ကို ခံနိုင်ရည်ရှိနေရတယ်လို့... ငါ့ နင်းချက်က သတ္တုတစ်စကိုတောင် ရွှံ့နွံဖြစ်သွားစေနိုင်တာ" ရှောင်ရှိူက်က နောက်သို့ တစ်လှမ်းဆုတ်ကာ အရိုးစုကို အံ့ဩစွာ ကြည့်ရင်း ဆိုသည်။

ထိုအချိန်တွင် ဟုန်ယွိနှင့် တခြားသူများသည် လွှင့်မျော် တိုက်ကြီးတစ်ခုပေါ်တွင် ရပ်နေကြ သည်။ ဤတိုက်ကြီးမှာ မိုင်ပေါင်းသန်းချီ ကျယ်ဝန်းသည်။ ကောင်းကင်တွင် နေမင်း သို့မဟုတ် လမင်း၏ အလင်းရောင် မရှိချေ။ အလင်းနှင့် အမှောင် ရောယှက်နေသော လေစီးကြောင်းများသာ အဆက်မပြတ် စီးဆင်းနေသည်။

မျက်စိတစ်ဆုံး ကြည့်လိုက်လျှင် အလားတူ တိုက်ကြီးများစွာမှာ အလွန်ဝေးကွာသော နေရာများတွင် ပျံဝဲနေကြသည်။ ပို၍ ဝေးသော နေရာတွင် ကြယ်တာရာများစွာ ရှိနေသည်။ ထိုကြယ်များသည် ရွေ့လျားနေပုံ ရပြီး တစ်ခုချင်းစီမှာ ထူးခြားသော ပတ်လမ်းများအတိုင်း လည်ပတ်နေကြသည်။

သို့သော် ဟုန်ယွိ၏ မျက်လုံးထဲတွင် ထိုကြယ်များသည် ကောင်းကင်အပြင်ပနယ်မြေရှိ ကြယ်များကဲ့သို့ သဘာဝအလျောက် ဖြစ်တည်လာခြင်း မဟုတ်ဘဲ အလွန်အစွမ်းထက် သော တန်ခိုးရှင်အချို့၏ နတ်ဘုရားတန်ခိုး စွမ်းအားများဖြင့် ပြောင်းလဲထားခြင်း ဖြစ် ကြောင်း မြင်နေရသည်။ ၎င်းတို့အားလုံးတွင် အားနည်းသော ကိုယ်ပိုင် အသိစိတ် အနည်းငယ်နှင့်အတူ ကြီးမားကျယ်ပြန့်လှသော တန်ခိုးစွမ်းအားများ ကိန်းအောင်းနေကြ သည်။

"ဒါက မဆန်းပါဘူး။ မင်းခြေထောက်အောက်က အရိုးစုက သိုင်းပညာကို အထွတ်အထိပ် အထိ ကျင့်ကြံခဲ့တဲ့ မဟာတန်ခိုးရှင်တစ်ယောက်ရဲ့ အရိုးစုပဲ။ အနည်းဆုံးတော့ ဒီလူက သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းအဆင့်အထိ ရှိခဲ့တာ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူဟာ အချိန်မြစ်ကို ဖြတ်ကျော်ပြီး မူလအစနယ်မြေကို ရောက်လာခဲ့တာ။ ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကို အလင်းသဲပွင့်တွေက ထိုးဖောက်ဖျက်ဆီးသွားလို့ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရပြီး နောက်ဆုံး ဒီမှာပဲ အသက်ပျောက်ခဲ့ရတာ။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာပြီးနောက် မှာတော့ ဒီအရိုးစုဟာ အလင်းသဲပွင့်တွေနဲ့ ဒီနေရာက မူလအစစွမ်းအင်တွေကို စုပ်ယူ ပေါင်းစည်းလိုက်လို့ အလွန်မာကျောတဲ့ အရာဝတ္ထုအဖြစ် ပြောင်းလဲသွားတာ။ ဒါကြောင့် လည်း မင်းက တစ်ချက်တည်းနဲ့ နင်းခြေပစ်ဖို့ ခက်ခဲနေတာပေါ့"

ဟုန်ယွိက ရှောင်ရှိူက်၏ ခြေထောက်အောက်ရှိ အရိုးစုကို လက်ညှိုးထိုးပြကာ ဆက်ပြော သည်။ "နှမြောစရာပဲ... သူက သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းအဆင့် မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ်ရှိခဲ့ရင်တောင် အလင်းသဲပွင့်တွေရဲ့ တိုက်စားမှုကို ခံရတဲ့အခါ သေခြင်းတရား ကနေ မလွတ်မြောက်နိုင်ခဲ့ဘူး..."

ရှောင်ရှိူက်၏ ခြေထောက်အောက်ရှိ အရိုးစုမှာ ထွားကျိုင်းသန်မာသော လူထွားကြီး တစ်ဦး ဖြစ်ပုံရပြီး အရိုးများမှာ အလွန်တောင့်တင်းခိုင်မာလှ၏။ အရိုးများ၏ အနှစ်သာရမှာ ကောင်းကင်က ကြယ်တာရာများကဲ့သို့ အဆုံးမရှိသော စွမ်းအားများကို ထုတ်လွှတ်နေ သော်လည်း ၎င်း၌ ကိုယ်ပိုင်အသိစိတ်တော့ မရှိတော့ချေ။

"ယင်ယန် အလောင်းမိစ္ဆာ... အရုဏ်ဦး အရိုးဖြူ၊ ထလော့"

ရွှေပင့်ကူက စမ်းကြည့်ချင်စိတ် ပြင်းပြနေသည်။ သူမ၏ စိတ်ဝိညာဉ် အတွေးစများကို ရုတ်တရက် လွှတ်ထုတ်လိုက်ရာ ဖြူဖျော့သော မီးတောက်တစ်ခုအဖြစ် ပြောင်းလဲကာ အရိုးစုအတွင်းသို့ ပေါင်းစည်းသွားသည်။

ချက်ချင်းပင် ထိုအစွမ်းထက်သော အရိုးစုမှာ ထိန်းချုပ်ခြင်း ခံလိုက်ရပြီး မတ်တပ်ရပ်လာ သည်။ အရိုးစု၏ မျက်လုံးအိမ်များထဲတွင် စိမ်းဖန့်ဖန့် အလင်းတန်းများ တဖျတ်ဖျတ် တောက်နေပြီး၊ လက်နှစ်ဖက်ကို နောက်ပစ်ကာ၊ ကောင်းကင်ကို လက်ညှိုးထိုးပြီး မြေကြီး ပေါ်တွင် ကိုယ်နေဟန် ပုံဖော်ရင်း အတိုင်းအဆမရှိသော အရှိန်အဝါနှင့် ခန့်ညား ထည်ဝါမှု ကို ပြသလိုက်သည်။ ဤလူ အသက်ရှင်စဉ်က မည်မျှ လွှမ်းမိုးနိုင်စွမ်း ကြီးမားပြီး၊ အနှိုင်းမဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့မည်ကို ခန့်မှန်းကြည့်နိုင်သည်။

"တကယ်ကို အစွမ်းထက်တဲ့ အရိုးစုပဲ။ အာယွိ... တကယ်လို့ ဒီအရိုးစုကို နည်းနည်းလောက် ထပ်ပြီး သန့်စင်လိုက်မယ်ဆိုရင် ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ကောင်နဲ့တောင် ယှဉ်နိုင် မယ်၊ အင်မော်တယ် နတ်ဘုရားဘုရင်ရဲ့ သွေးသားကို မစားသုံးခင်က ပျက်သုဉ်းခြင်း နတ်ဘုရား အဆင့်မျိုးပေါ့" ရွှေပင့်ကူက အံ့ဩတုန်လှုပ်စွာ ဆိုသည်။

ပျက်သုဉ်းခြင်းနတ်ဘုရားများမှာ အလွန်အစွမ်းထက်လှသော်လည်း ယခုထိန်းချုပ်ထား သော အရိုးစု၏ စွမ်းအားမှာလည်း ၎င်းတို့ထက် မနိမ့်ချေ။ သို့သော် ဟုန်ယွိတွင် ယခုအခါ အင်မော်တယ် နတ်ဘုရားဘုရင်၏ သွေးသားကို စားသုံးထားသည့် သာမန်ထက် ပိုမို အစွမ်းထက်သည့် ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးနှင့် ပျက်သုဉ်းခြင်း နတ်ဘုရားဘုရင် တစ်ဦး ရှိနေပြီဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဤအရိုးစုကို မဟာကမ္ဘာလောကကြီးသို့ ယူဆောင်သွားပါက ဖန်ဆင်းရှင်အဆင့် ပညာရှင်များကိုပင် တုန်လှုပ်စေနိုင်သည့် အဖိုးတန်ရတနာတစ်ခု ဖြစ်လာပေလိမ့်မည်။ ဟုန်ယွိ သို့မဟုတ် မုန့်ရှန်းကျီးကဲ့သို့သော ပညာရှင်များပင်လျှင် မိမိတို့၏ ရတနာတိုက်အတွင်း ဤကဲ့သို့ အစွမ်းထက်သော ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ကောင် ထပ်တိုးလာမည်ကို ငြင်းပယ်ကြမည် မဟုတ်ချေ။

"ဒီအရိုးစုက သေခါနီး စကားအချို့တောင် ချန်ထားခဲ့သေးတယ်၊ မင်းတို့ သတိမထားမိကြ ဘူးလား" ဆိုကာ ဟုန်ယွိက အသာအယာ လှုပ်ရှားလိုက်သည်။ မြေကြီးမှာ လူးလွန့်သွားပြီး ကြီးမားသော ကျင်းကြီးတစ်ခု ပေါ်လာသည်။ ကျင်း၏ အောက်ခြေမှ ကျောက်စာချပ်တစ်ခု တဖြည်းဖြည်း တက်လာသည်။

၎င်းမှာ ရွှေနှင့်သံတို့ကို ရောနှောသွန်းလုပ်ထားသကဲ့သို့ အလွန်ခိုင်မာသော ကျောက်စာချပ် ဖြစ်သည်။ ၎င်းပေါ်တွင် လက်ညှိုးဖြင့် အားပါပါ ရေးထိုးထားသည်မှာ - "ငါဟာ ဝူရွှယ်ကျီးနဲ့ အလောင်းစားလုပ်ပြီး အချိန်မြစ်ကို ဖြတ်သန်းကာ မူလအစနယ်မြေသို့ ရောက်လိုခဲ့တယ်။ ဒါပေမယ့် အချိန်ရဲ့စွမ်းအားက ငါ့အသိစိတ်ကို တိုက်စားသွားလို့ ငါ သေဆုံးရတော့မယ်။ နောင်လာနောက်သားတွေ တွေ့မြင်နိုင်စေရန် ဒီစကားများကို ချန်ထားရစ်ခဲ့တယ်။ တကယ်လို့ နောင်တစ်ချိန်မှာ ဘယ်သူမဆို ဒီစာသားကို မြင်တွေ့ခဲ့ရင် ငါ့ဆန္ဒကို ဖြည့်ဆည်းပေးစေလိုတယ်။ ဒီမူလအစနယ်မြေမှာ ဝူရွှယ်ကျီးရဲ့ သဲလွန်စကို ရှာဖွေပေးပါ။ တကယ်လို့ သူ အသက်ရှင်နေသေးရင် ငါ ရှုံးပြီ။ သူ သေဆုံးသွားခဲ့ရင် သရေကျတယ်ပေါ့။ ငါ့ရဲ့ဒီဆန္ဒကို ဖြည့်ဆည်းပေးပါက၊ ငါ့အရိုးစုကို သင်တို့ စိတ်ကြိုက် အသုံးပြုနိုင်တယ်..."

ကျောက်စာပေါ်ရှိ စာသားများမှာ ပြင်းပြသော ဆန္ဒနှင့် မကျေမနပ် သေဆုံးသွားရသူ၏ အရှိန်အဝါများ ကိန်းအောင်းနေ၏။ အနိုင်ရလိုစိတ်မှာ အလွန်ပြင်းထန်လှသဖြင့် အရာ အားလုံးကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ ခံစားရသည်။

"ဝူရွှယ်ကျီးဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းက ဗဟိုကမ္ဘာရဲ့ ခေါင်းဆောင်တစ်ဦးပဲ။ သူဟာ ကောင်းကင်ခြင်္သေ့ကြယ်သခင်နဲ့ လောင်းကြေးထပ်ခဲ့ပြီး ပြန်မလာတော့ဘူးလို့ လည်း ကောလာဟလတွေ ရှိတယ်။ ကြည့်ရတာ ဒီအရိုးစုက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းက ကောင်းကင်ခြင်္သေ့ကြယ်သခင်ပဲ ဖြစ်ရမယ်။ ဒီလူက သမိုင်းဝင် မှတ်တမ်း တွေထဲမှာတောင်ပါတဲ့ ကျော်ကြားတဲ့သူတစ်ယောက်ပဲ" ရှောင်ရှိူက်၊ လီဖူ၊ ပေချန်၊ ဝူကျွမ်း နှင့် ရန်ယန်တို့က စာသားများကို မြင်သောအခါ အံ့ဩသွားကြသည်။ ဤအရိုးစုမှာ တစ်ချိန်က ကောင်းကင်အပြင်ပနယ်မြေတွင် အစွမ်းထက်ဆုံး ကြယ်သခင်တစ်ဦး ဖြစ်နေ သောကြောင့်ပင်။

"စစ်ဘက်ရေးရာဝန်ကြီးရဲ့ မှတ်ဉာဏ်တွေအရလည်း ဒီလူနှစ်ယောက်ဟာ ဗဟိုကမ္ဘာရဲ့ သမိုင်းမှာ တကယ်ရှိခဲ့ကြတယ်" ဟုန်ယွိက ဆိုသည်။ "အဲဒီလိုဆိုရင်တော့ ငါတို့ ဒီအရိုးစုကို ယူပြီး ဝူရွှယ်ကျီး အသက်ရှင်နေသေးလား ဆိုတာကို ရှာဖွေကြည့်ကြတာပေါ့။ မင်းတို့သိတဲ့ အတိုင်း မူလအစနယ်မြေမှာ မူလအစစွမ်းအင်တွေ အများကြီး ရှိနေတော့ အသက်ရှည်ဖို့ အတွက် အများကြီး အထောက်အကူ ဖြစ်စေတယ်လေ"

ယခုအခါ ဟုန်ယွိနှင့် တခြားသူများသည် မူလအစနယ်မြေသို့ အောင်မြင်စွာ ရောက်ရှိနေပြီ ဖြစ်သည်။

သူတို့ ခုနက တွေ့ရှိခဲ့သည့် အရိုးစုမှာ တစ်ချိန်က မူလအစနယ်မြေသို့ ရောက်ရှိနိုင်ခဲ့သည့် ထိပ်တန်းပညာရှင်ကြီးတစ်ဦး၏ အကြွင်းအကျန် ဖြစ်သည်။ အမှန်စင်စစ် မူလအစ နယ်မြေ သို့ ရောက်ရှိနိုင်သူတိုင်းမှာ ယန်နတ်ဘုရား နယ်ပယ်သို့ တက်လှမ်းရန် သို့မဟုတ် ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်တက်လှမ်းရန် မျှော်လင့်ချက်ရှိသည့် အစွမ်းထက်ဆုံး ပညာရှင်များသာ ဖြစ်ကြပြီး၊ ဖန်ဆင်းရှင်အဆင့်အောက် မည်သူမျှ မပါချေ။

"မူလအစနယ်မြေက ဒီလောက်ကြီးလိမ့်မယ်လို့ မထင်ထားဘူး။ တစ်ခုလုံးက ကောင်းကင် အပြင်ပနယ်မြေ တစ်ခုလုံးထက်တောင် ပိုကြီးပုံရတယ်" ကော့လီ နတ်ဘုရားဘုရင်မက ဆိုသည်။ "ဒါက တခြား စကြဝဠာတစ်ခုလိုပဲ။ ဒီမှာ တစ်ခုခုကို ရှာဖို့ဆိုတာ သမုဒ္ဒရာထဲမှာ အပ်ရှာသလိုပဲ။ ဖန်ဆင်းခြင်းသင်္ဘောနဲ့ တခြားလူတွေ ဒီကို ရောက်နေပြီလား မသိဘူး"

"ငါ ခုနကပဲ တွက်ချက်ကြည့်ပြီးပြီ။ တွက်ချက်မှုအရတော့ သူတို့ ရောက်နေကြပြီ" ဟုန်ယွိ က ဆိုသည်။ "ဒါပေမဲ့ ဒီမှာရှိတဲ့ မူလအစစွမ်းအင်တွေက တော်တော်လေး ထူထပ်လွန်း တော့ အနာဂတ်ရဲ့ အပြောင်းအလဲတွေကို အနှောင့်အယှက် ပေးနေတယ်။ သူတို့ ဘယ်နား မှာ ရှိနေလဲဆိုတာ အတိအကျသိဖို့ အချိန်နည်းနည်းတော့ ယူရလိမ့်မယ်"

"သူတို့ကို ရှာမတွေ့သေးရင်လည်း ဘာမှမဖြစ်ပါဘူး။ ဒီမှာ သဘာဝရတနာတွေ အများကြီး ရှိနေတာပဲ။ ရှာရင်းနဲ့ စုဆောင်းသွားကြတာပေါ့။ ဖြစ်နိုင်ရင် ရှေးဟောင်းပညာရှင်တွေရဲ့ အမွေအနှစ်တွေနဲ့ လက်နက်တွေကိုတောင် တွေ့နိုင်သေးတယ်။ အာယွိ... မင်းပြောဖူးတဲ့ ယန်နတ်ဘုရား ပညာရှင်ကြီးရဲ့ အတွေးစတွေ ရှိနေတယ်ဆိုတာလေ... အဲဒါကို အရင်ဆုံး ရှာရမယ်၊ ပြီးတော့ ယွမ်ယန်ပုဆိန်ကြီးနဲ့ ကောင်းကင်ခွဲလှံရောပဲ" ရွှေပင့်ကူက စိတ်လှုပ် ရှားစွာ ပြောလိုက်သည်။

ဟုန်ယွိက ပြုံးလျက် ဆိုလိုက်သည်။ "မူလအစနယ်မြေမှာ အသက်ရှင်နေသေးတဲ့ ပညာရှင်တွေလည်း ရှိဦးမှာပါ။ ရှေးဟောင်းကတည်းက ဒီကို ဝင်လာပြီး ပြန်မထွက်တော့ တဲ့ ပညာရှင်တွေ အများကြီး ရှိတယ်။ တကယ်လို့ ရှားပါးရတနာတွေ ရှိနေတယ်ဆိုရင် အဲဒီလူတွေရဲ့ လက်ထဲကို ရောက်နေဖို့ များတယ်..."

သူ စကားပြောနေစဉ်မှာပင် ကောင်းကင်မှလေနှင့် တိမ်တိုက်များမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှပြီး အစွမ်းထက်သော အသိစိတ် တစ်ခုက သူတို့ရှိရာဆီသို့ လှမ်း၍ ရှာဖွေစူးစမ်းလာလေတော့သည်။

All Chapters