← Chapters

အခန်း ၇၈၆

Vol. 76 Ch. 786

အခန်း ၇၈၆

Vol. 76 Ch. 786

အခန်း (၇၈၆)။

"တကယ့်ကို အစွမ်းထက်တဲ့ အတွေးစပဲ။ ဒီအတွေးစဟာ လေဟာနယ်ထဲကနေ ထွက်ပေါ် လာပြီး ကီလိုမီတာ သောင်းနဲ့ချီတဲ့ အကွာအဝေးအထိ လွှမ်းခြုံသွားတာပဲ။ တကယ့်ကို ပြင်းထန်တဲ့ လေမုန်တိုင်းကြီးတစ်ခုလိုပါပဲလား။ ဒါ ဘယ်လိုပညာရှင်မျိုးလဲ"

ဟုန်ယွိနှင့် တခြားသူများသည် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက ကောင်းကင်အပြင်ပ နယ်မြေ၊ ကောင်းကင်ခြင်္သေ့ကြယ်သခင်၏ ရုပ်ကြွင်းကို တွေ့ရှိခဲ့ပြီးနောက် သူတော်စင် ပေါင်းစုံခန်းမအတွင်း သိမ်းဆည်းထားခဲ့ကြသည်။ ထို့နောက် သူတို့သည် ဤပညာရှင်၏ သေခါနီးဆန္ဒကို ဖြည့်ဆည်းပေးရန်နှင့် ဗဟိုကမ္ဘာ၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ဝူရွှယ်ကျီးကို ရှာဖွေရန် ပြင်နေစဉ်မှာပင် အစွမ်းထက်သော အတွေးစတစ်ခုက တစ်ကမ္ဘာ လုံးကို လွှမ်းခြုံကာ ဖြတ်သန်းသွားခဲ့ခြင်း ဖြစ်သည်။

ထိုအတွေးစမှာ ပြင်းထန်သော လေမုန်တိုင်းကြီးတစ်ခုကဲ့သို့ပင် အရပ်မျက်နှာအနှံ့ရှိ ဟင်းလင်းပြင်များကို ပြည့်နှက်သွားစေပြီး လေထုတစ်ခုလုံးကိုပင် ပုံပျက်သွားစေသည်။ တစ်ချိန်တည်းမှာပင် ထိုအတွေးစ၏ ပြင်းထန်သော လွှမ်းမိုးမှုအောက်တွင် ဟုန်ယွိ ဆင်းသက်ခဲ့သော မြေပြင်ပေါ်ရှိ တန်ဖိုးကြီးရတနာများနှင့် အစွမ်းထက်သော ဝိညာဉ် စွမ်းအင် ကိန်းအောင်းနေသည့် သက်ရှိများစွာမှာ အတွေးစ၏ ဆွဲငင်မှုကြောင့် ကောင်းကင် ပေါ်သို့ လွင့်တက်သွားကြတော့သည်။

ထိုရုပ်ခန္ဓာမဲ့ အတွေးစသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေပြီး အရပ်ရှစ်မျက်နှာလုံး ကို လွှမ်းခြုံထားပြီး၊ တစ်ခုခုကို ရှာဖွေနေပုံရသည့်အလား ကြယ်တာရာများ၊ ပျံဝဲနေသော တိုက်ကြီးများ၊ သမုဒ္ဒရာများနှင့် မီးပင်လယ်ကြီးများကြားရှိ ကောင်းကင်နှင့်မြေကြီး၏ ရတနာများကို ရှာဖွေနေခြင်းလည်း ဖြစ်ပုံရသည်။

ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီး၏ ရတနာများကို လိုက်လံရှာဖွေနေကြသော ချီဇွဲယန်၊ အနန္တရွှေဆေးကလေးငယ်၊ ပိုင်ဇီယွဲ့၊ ကြင်ယာတော်ယွမ်နှင့် တခြားသူများသည် လည်း ထိုအစွမ်းထက်လှသော ဒြဗ်မဲ့အတွေးစကြောင့် ခရီးတန့်သွားကြရသည်။

အမှန်စင်စစ် သူတို့သည် မူလအစနယ်မြေသို့ ခြေချမိသည်နှင့် တစ်ပြိုင်နက် တန်ဖိုးရှိသမျှ အရာအားလုံးကို စတင်စုဆောင်းခဲ့ကြသည်။ ကျောက်မျက်ရတနာများ၊ ဂျင်ဆင်းများ သတ္တုရိုင်းများ၊ အစွမ်းထက်သော မှိုနွယ်များ၊ ဆေးဖက်ဝင်အပင်များ၊ ရွှေအမြုတေများ၊ ဝိညာဉ်သစ်သားများ၊ မြတ်သောရေစင်များ၊ နတ်ဘုရားကျောက်တုံးများ၊ ခရမ်းရွှေများနှင့် တခြားသော ရတနာများစွာကို သက်ဆိုင်ရာ မှော်အိတ်များအတွင်း ထည့်သွင်းကာ သူတော်စင်ပေါင်းစုံခန်းမ အတွင်းသို့ ပို့ဆောင်နေကြခြင်း ဖြစ်သည်။

မူလအစနယ်မြေမှာ တကယ့်ကို သဘာဝရတနာသိုက်ကြီးတစ်ခု ဖြစ်ပေသည်။ နေရာ အနှံ့အပြားတွင် အမျိုးမျိုးသော ရတနာများနှင့် ဝိညာဉ်ရေးရာ ပစ္စည်းများကို တွေ့မြင်နိုင် ပေသည်။ အဘယ်ကြောင့်ဆိုသော် မူလအစနယ်မြေသည် အလင်းနှင့် အမှောင် လေစီး ကြောင်းများ ရောယှက်စီးဆင်းနေသောကြောင့် ဖြစ်သည်။ ဤလေစီးကြောင်းမှာ စကြဝဠာကြီးကို ဖန်ဆင်းချိန်ကတည်းက ဖြစ်ပေါ်လာသည့် အသန့်စင်ဆုံး စွမ်းအင်များ၊ ဆိုလိုသည်မှာ မူလစွမ်းအင်များပင် ဖြစ်သည်။

ထိုစွမ်းအင်မှာ ကောင်းကင်နှင်းရည်အဆီအနှစ်နှင့် မြေကမ္ဘာနို့ရည် အဆီအနှစ်တို့ထက် ပင် ပိုမိုထူးကဲဆန်းပြားသည်။ မူလစွမ်းအင်သည် အရာအားလုံးကို ပြုစုပျိုးထောင်ပေးပြီး အညစ်အကြေးအားလုံးကို သန့်စင်ပေးနိုင်သည်။ ၎င်းမှာ ကျင့်ကြံခြင်းအတွက် အလွန်ပင် အကျိုးကျေးဇူး များသည်။ အကယ်၍ သာမန်လူတစ်ယောက်သည် မူလအစနယ်မြေသို့ ဝင်ရောက်ပြီး တစ်နှစ်ပတ်လုံး မူလစွမ်းအင်ကို စုပ်ယူနိုင်မည်ဆိုပါက ဧကန်မုချ တစ္ဆေ အင်မော်တယ် ဖြစ်လာပေလိမ့်မည်။

ဟုန်ယွိသည်လည်း မူလနဝမချောက်နက်နတ်ဘုရားနယ်မြေ၏ နောက်ဆုံးအဆင့်တွင် ထာဝရအသက်စွမ်းအင် စုပ်ယူခဲ့သကဲ့သို့ပင် မူလစွမ်းအင် အမြောက်အမြားကို စုပ်ယူကာ သူတော်စင်ပေါင်းစုံခန်းမအတွင်း သိမ်းဆည်းနေခဲ့သည်။ သို့သော် ယခုထွက်ပေါ်လာသော အတွေးစက သူ့အား ထိုစွမ်းအင်များကို ဆက်လက်စုပ်ယူခြင်းမှ တားဆီးထားသကဲ့သို့ ဖြစ်နေသည်။

"အာ…၊ ကြည့်စမ်း၊ အဲဒါ လူပုံသဏ္ဌာန်ပေါက်နေတဲ့ ဂျင်ဆင်းပဲ။ အဲဒါ အနည်းဆုံးတော့ နှစ်ပေါင်း သောင်းနဲ့ချီ သက်တမ်းရှိရမယ်၊ တကယ်ကို လူတစ်ယောက်အရွယ်လောက် ရှိနေတာပဲ။ အဲဒါကို ဒီအတွေးစက စုပ်ယူသွားပြီ။ ဟိုမှာ ကိုးဆယ့်ကိုးရွက် ခရမ်းရောင် လင်ဇီးပင်ကြီးလည်း ပါသွားပြီ။ အဲဒါက တကယ်ကို ကောင်းတဲ့အရာပဲ။ မဟာကမ္ဘာ လောကကြီးမှာတောင် ဒီလိုအရာမျိုး မရှိဘူး"

ရွှေပင့်ကူက ရုတ်တရက် အော်ဟစ်လိုက်သည်။

လူတိုင်း လှမ်းကြည့်လိုက်ရာ ထိုအတွေးစ၏ စုပ်ယူခြင်းခံလိုက်ရသော သဘာဝရတနာများ အနက် အထင်ရှားဆုံးမှာ ဂျင်ဆင်းတစ်ခု ဖြစ်သည်။ ဤဂျင်ဆင်းမှာ ကိုးပေခန့် မြင့်မားပြီး ဘီလူးကြီးတစ်ဦးနှင့်ပင် တူလှသည်။ ၎င်း၏ ကိုယ်ထည်မှာ ကျောက်စိမ်းကဲ့သို့ ဝါဝင်းနေပြီး လက်ခြေများမှာ ထွားကျိုင်းသန်မာလှသည်။ သွေးကြောများနှင့် အရေပြားကိုပင် မြင်တွေ့ နိုင်ပြီး၊ မူလစွမ်းအင်နှင့် အမျိုးမျိုးသော စွမ်းအင်များကို ရှူရှိုက်နေသည့် အပ်စိုက်မှတ်များ စွာလည်း ရှိနေသည်။ ၎င်းမှာ စိတ်ဝိညာဉ်ဖြိုခွဲ ရုပ်သေးကဲ့သို့ပင် အစွမ်းထက်သော ဖြစ်တည်မှုမျိုး ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သစ်ပင်တစ်ပင်ကဲ့သို့ မြင့်မားသော ခရမ်းရောင် လင်ဇီးတစ်ခုလည်း ပါဝင်နေသည်။ ၎င်းတွင် ကိုးဆယ့်ကိုးရွက် ရှိပြီး ပုံဆောင်ခဲသစ်ပင်ကြီးတစ်ခုနှင့် တူလှ သည်။ အကယ်၍ သာမန်လူတစ်ယောက်သည် ၎င်း၏ အရွက်တစ်ရွက်ကို စားသုံးလိုက်ရုံ ဖြင့် ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်ပြီး၊ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို နာရီပေါင်းများစွာ ပင်ပန်းကြီးစွာ ကျင့်ကြံထားခြင်းနှင့် ညီမျှပေသည်။

"မရဘူး၊ ဒီဂျင်ဆင်းက ငါ့စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေး ထက်တောင် ပိုစွမ်းသေးတယ်။ ငါ အဲဒါ ကို ရအောင်ယူရမယ်။ အဲဒီအတွေးစက ယူသွားတာကို အဖြစ်မခံနိုင်ဘူး" ရွှေပင့်ကူက ခုန်တက်လိုက်သည်။ "အာယွိ၊ ငါ့ကို ကူညီပါဦး"

သူမ စကားပြောရင်း လက်နှစ်ဖက်ကို ပွတ်လိုက်ရာ ပြင်းထန်သော စွမ်းအင်တစ်ခုသည် ကောင်းကင်ပေါ်ရှိ ဂျင်ဆင်းနှင့် ခရမ်းရောင် လင်ဇီးတို့ဆီသို့ ဝေ့ဝဲကာ တိုးဝင်သွားသည်။

ဤကောင်းကင်ရတနာ နှစ်ခုမှာ ဤတိုက်ကြီးပေါ်ရှိ အထူးခြားဆုံးသော ဝိညာဉ်ဆေးများ ဖြစ်ကြသည်။ ဖန်ဆင်းရှင်အဆင့် ပညာရှင်များမှလွဲ၍ လူတိုင်းက ယင်းတို့ကို မက်မော ကြသည်။ ပိုင်ဇီယွဲ့ပင်လျှင် စိတ်လှုပ်ရှားသွားရသည်။ ဤနှစ်များအတွင်း ပိုင်ဇီယွဲ့သည် အစစ်မှန် ခုနှစ်စင်ကြယ်ဂိုဏ်းကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး ဟုန်ယွိ၏ ပံ့ပိုးမှုဖြင့် သူ၏ ကျင့်စဉ်မှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ယခုအခါ သူသည် မိုးကြိုးကပ်ဘေး ခြောက်ကြိမ် ကျော်ဖြတ်ထားသည့် ပညာရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်သော်လည်း ဖန်ဆင်းရှင် ဖြစ်လာရန်မူ ဝေးကွာနေပါသေးသည်။

ရွှေပင့်ကူက ရတနာနှစ်ခုကို သိမ်းဆည်းရန် လှုပ်ရှားလိုက်စဉ်မှာပင် ပိုင်ဇီယွဲ့လည်း ကူညီ လိုက်သည်။ သူသည် ကြယ်စွမ်းအင်များကို ထုတ်လွှတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်အတွင်းမှ အနန္တတန်ခိုးရှင် နတ်ဘုရားတစ်ပါး ပေါ်ထွက်လာပြီး ထိုခန့်ညားလှသော အတွေးစကြီးကို အနှိုင်းမဲ့ အစွမ်းဖြင့် ထိုးနှက်လိုက်လေသည်။

ဝူး...

သူ့ကို ဗဟိုပြု၍ သူ၏ခေါင်းပေါ်ရှိ ကြီးမားကျယ်ပြန့်သော အတွေးစမှာ ချက်ချင်းပင် ထက်ပိုင်းပြတ်သွားပြီး လေနှင့် တိမ်တိုက်များကဲ့သို့ ပျံ့လွင့်သွားတော့သည်။ သူသည် ရွှေပင့်ကူကို ကူညီရင်း ဤအစွမ်းထက်လှသော အတွေးစ၏ စွမ်းအားကို စမ်းသပ်နေခြင်း လည်း ဖြစ်သည်။ ဟုန်ယွိ၏ ကာကွယ်စောင့်ရှောက်မှု ရှိနေသဖြင့် သူသည် တိုက်ပွဲ အတွေ့ အကြုံကို တိုးမြှင့်နိုင်ခဲ့ပြီး၊ သူ၏ ဖန်ဆင်းရှင်အဆင့်သို့ တက်လှမ်းမည့် ကျင့်ကြံမူအတွက် အလွန်ပင် အကျိုးကျေးဇူး များသည်။

...

ဝုန်း…၊ ဝုန်း…

ရွှေပင့်ကူနှင့် ပိုင်ဇီယွဲ့တို့ လှုပ်ရှားလိုက်သည်နှင့် ကီလိုမီတာ သောင်းနှင့်ချီသော မြေပြင်ကို လွှမ်းခြုံထားသည့် အတွေးစသည် တစ်ခုခုကို အာရုံခံမိသွားပုံရသည်။ ရုတ်တရက်ပင် ပြင်းထန်သော တုန်ခါမှုနှင့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး၊ ထိုအတွေးစမှာ အတိုင်းအဆမဲ့ မီးတောင်ကြီးတစ်ခုအတွင်း ယမ်းပုံးကြီးတစ်ပုံး ပစ်ထည့်လိုက်သကဲ့သို့ အဆုံးမရှိသော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာလေသည်။

ကောင်းကင်တွင် မိုးကြိုးများ ဟိန်းထွက်လာသည်။ စွမ်းအင်လှိုင်းလုံးများသည် ကွင်းဆက် တုံ့ပြန်မှုများကို ဖြစ်ပေါ်စေပြီး၊ ကြီးမားသော လေဆင်နှာမောင်းကြီးတစ်ခုနှင့်အတူ ဟင်းလင်းပြင်အက်ကြောင်းများစွာက ပိုင်ဇီယွဲ့နှင့် ရွှေပင့်ကူတို့ဆီသို့ ဦးတည်ကာ လွင့်စင် လာကြသည်။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ လမ်းကြောင်းအားလုံးကိုလည်း ပိတ်ဆို့ထားလိုက်သည်။

ရုတ်တရက်ပင် ကောင်းကင်နှင့် မြေကြီးသည် ကြီးမားလှသော အသားကြိတ်စက်ကြီး တစ်ခု ဖြစ်သွားပုံရပြီး၊ ရွှေပင့်ကူနှင့် ပိုင်ဇီယွဲ့တို့မှာ အဆုံးမရှိသော ဟင်းလင်းပြင် အက်ကြောင်းများ၏ ဆွဲဖြဲခြင်းကို ခံရကာ အသားမှုန့်များအဖြစ် ပြောင်းလဲသွားတော့မည့် ပုံပင်။

"အတွေးစ လှိုင်းတစ်ခုတည်းတင် ဒီလောက်တောင် စွမ်းတာလား။ ဒါ ဘယ်သူလဲ။ သူက ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားတဲ့ ဧကရာဇ်ရှန်၊ ဧကရီယင်နဲ့ ရွှီယွိတို့ ထက်တောင် ပိုစွမ်းနေပါလား"

ဟုန်ယွိက ထိုရုတ်တရက် ပြောင်းလဲမှုကို မြင်လိုက်ရသောအခါ သူ၏ ခန္ဓာကိုယ်မှာ လေပေါ်သို့ ပျံတက်သွားပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့် ပညာရှင်တစ်ဦး၏ စွမ်းအားမှာ တကယ်ပင် ထူးကဲလှ ပေသည်။ သူ၏ ပြင်းထန်သော ခွန်အားနှင့် အတွေးစများက အရာအားလုံးကို ချက်ချင်းပင် နှိမ်နင်းလိုက်သည်။ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များသည် စတင်လောင်ကျွမ်းလာပြီး နောက်ဆုံးတွင် စိမ်းဖန့်ဖန့် မီးခိုးငွေ့များအဖြစ် ကောင်းကင်သို့ ပျံတက်သွားကာ ကမ္ဘာကြီး မှာ ပြန်လည် တည်ငြိမ်သွားတော့သည်။

"မူလစွမ်းအင်ရဲ့ ပြုစုပျိုးထောင်မှုအောက်မှာ ဒီဂျင်ဆင်းက တကယ်ကို ထူးခြားတာပဲ"

ဟုန်ယွိက ထိုအတွေးစလှိုင်းကို ဖြိုခွင်းလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ၊ လူတစ်ကိုယ်စာ ဂျင်ဆင်းနှင့် သစ်ပင်အရွယ် ခရမ်းရောင် လင်ဇီးတို့သည် ရွှေပင့်ကူ၏ ရှေ့မှောက်သို့ ပျံသန်းရောက်ရှိလာသည်။

"အမလေးလေး" ရွှေပင့်ကူက ဝမ်းသာအားရ ခုန်အုပ်လိုက်ပြီး မရပ်မနား ရယ်မောနေ တော့သည်။ သူမသည် ထိုရတနာ နှစ်ခုကို သူမ၏ လက်စွပ်မှတစ်ဆင့် ပုံရိပ်ယောင်တံခါး အတွင်းသို့ ထည့်သွင်းကာ သူတော်စင်ပေါင်းစုံခန်းမရှိ သူမ၏ ကိုယ်ပိုင်ဟင်းလင်းပြင် အတွင်း သိမ်းဆည်းလိုက်လေသည်။

ယခုအခါ သူတော်စင်ပေါင်းစုံခန်းမသည် နောက်ထပ် မဟာကမ္ဘာလောကကြီး တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ပြီ။ အကယ်၍ နောင်တစ်ချိန်တွင် မဟာကမ္ဘာလောကကြီး ပျက်စီး သွားလျှင်ပင် လူတိုင်း ဤနေရာ၌ ဆက်လက် ရှင်သန်နိုင်ကြမည် ဖြစ်သည်။

"ဘယ်သူလဲ။ ငါ့ရဲ့ အတွေးစကို ဘယ်သူက မီးရှို့လိုက်တာလဲ။ ဇင်ကိုယ်ပွား၊ ဗုဒ္ဓရှစ်ဆူ ပညာရပ်၊ အထွတ်အထိပ် ကောင်းကင်နဂါး၊ သုမေရုဘုရင်၊ သွားကြစမ်း" ထိုစဉ်မှာပင် ဟင်းလင်းပြင်ထဲမှ မိုးကြိုးသံသဖွယ် ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ ချက်ချင်းပင် ရွှေပင့်ကူမှာ အော်ဟစ်လိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ ထိုအသံက မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားရာ၊ ငရဲအကျဉ်းထောင်အတွင်းမှ မိစ္ဆာဘုရင်များ ထွက်ပေါ်လာပြီး လူတိုင်းကို တိုက်ခိုက်နေသကဲ့သို့ပင်။

"မြန်မြန် ဆုတ်ကြ၊"

ထိုအသံကို ကြားလိုက်ရသောအခါ ကော့လီ နတ်ဘုရားဘုရင်မ မျက်နှာပျက်သွားပြီး သူမ ဆံပင်စိမ်းများနှင့် အမြီးဆယ်ချောင်းဖြင့် လူတိုင်းကို အခိုင်အမာ ကာကွယ်ထားလိုက် သည်။

အို….

ဟုန်ယွိ၏မျက်လုံးများက ဝေးကွာလှသည့် အချိန်နှင့် ဟင်းလင်းပြင်ဆီသို့ လှမ်းကြည့်လိုက် သည်။ ရုတ်တရက်ပင် ထိုနေရာ၌ ကိုးထပ်ရွှေတောင်ကြီးတစ်ခု ဝင်းခနဲ ပေါ်လာသည်။ ထိုတောင်ကြီး၏ အထက်တွင် ခန့်ညားထည်ဝါသော ရှေးဟောင်း ရွှေရောင်ဗုဒ္ဓရုပ်ပွား တော်တစ်ဆူ ထိုင်နေသည်။

"ရှေးဟောင်း မှော်လက်နက်၊ သုမေရုတောင်ပဲ။ ဒါ ငါတို့ ဒိုင်ဇင်ဘုရားကျောင်းတော်ရဲ့ အခြေခံအုတ်မြစ် ရတနာပဲ။ ပထမဆုံး ကျောင်းထိုင်ဘုန်းတော်ကြီးဇင် ကွယ်လွန်သွားပြီး နောက် ပျောက်ကွယ်သွားပြီလို့ ဆိုကြတာ။ အဲဒီရှေးဟောင်းဗုဒ္ဓက ငါတို့ ဒိုင်ဇင်ဘုရား ကျောင်းရဲ့ ပထမဆုံး ကျောင်းထိုင်ဘုန်းတော်ကြီး ဇင်လား" ဧရာမကိုးထပ်ရွှေတောင် သုမေရုတောင်ကို ကြည့်ရင်း နင်ဂျာဘုန်းတော်ကြီးက အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက် သည်။ "ဆရာကြီး… ဆရာကြီးလား" (သုမေရုတောင်ဟူသည် မြင်းမိုရ်တောင်ကိုဆိုလိုပါ သည်။)

သို့သော် သူ စကားပြောပြီးသည်နှင့် ကိုးထပ်ရွှေတောင် သုမေရုတောင်နှင့် ရှေးဟောင်း ဗုဒ္ဓမှာ မြေပြင်ပေါ်သို့ ပျံသန်းရောက်ရှိလာပြီ။ သူ၏ မျက်လုံးများတွင် အတိုင်းအဆမဲ့ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။ ဝေဝေဝါးဝါး မြင်ကွင်းအတွင်း၌ ထိုရှေးဟောင်း ဗုဒ္ဓမှာ ဖျက်ဆီးခြင်းမင်စီလာအဖြစ် ပြောင်းလဲသွားသည်ကို ဟုန်ယွိ မြင်လိုက်ရသကဲ့သို့ ပင်။

သူသည် ပျံသန်းလာစဉ် ထိုရှေးဟောင်းဗုဒ္ဓမှာ လက်ကို မြှောက်လိုက်သည်။ ချက်ချင်းပင် ဟုန်ယွိနှင့် တခြားသူများ၏ ဦးခေါင်းပေါ်သို့ လွှမ်းမိုးကြီးစိုးသော စွမ်းအားတစ်ခု သက်ဆင်း လာတော့သည်။ ဗုဒ္ဓလက်ဝါးတံဆိပ်တော် ဆယ်ခုက ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်း ကာ အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်။ နေရာအနှံ့တွင် ရှေးဟောင်း ဂါထာသံများကို ကြားနေရသည်။ "သွားလော့... ကျော်လွန်လော့... ကြီးမြတ်သော... ကြီးမြတ်သော..."

"မှန်တယ်၊ ဒါက ဒိုင်ဇင်ဘုရားကျောင်းရဲ့ ကျောင်းထိုင်ဘုန်းတော်ကြီး ဇင်ပဲ။ ဒါပေမဲ့ နင်ဂျာ ဘုန်းတော်ကြီး... သူက တစ်စုံတစ်ယောက်ရဲ့လက်ထဲမှာ ရုပ်သေးရုပ်အဖြစ် အသွင်ပြောင်း ခံလိုက်ရပြီ"

ဟုန်ယွိက နင်ဂျာဘုန်းတော်ကြီးကို ရုတ်တရက် တားဆီးလိုက်ပြီး ထူးဆန်းသော လေသံ ဖြင့် ပြောလိုက်သည်။

ယခုအခါ ဟုန်ယွိသည် မည်သို့သော နတ်ဘုရားတန်ခိုးစွမ်းအားကို ပိုင်ဆိုနေပြီနည်း။ သူသည် ဟင်းလင်းပြင် ဖျက်ဆီးခြင်းနယ်ပယ်သို့ ရောက်ရှိထားသူ ဖြစ်သဖြင့် အမှန်နှင့် အမှား၊ အစစ်မှန်နှင့် ပုံရိပ်ယောင်တို့ကို သဘာဝအတိုင်း ခွဲခြားမြင်နိုင်စွမ်း ရှိသည်။ ဤကိုးထပ်ရွှေတောင်မှာ ရှေးဟောင်း ဒိုင်ဇင်ဘုရားကျောင်း၏ သုမေရုတောင် ဖြစ်ပြီး၊ ထိုတောင်အထက်ရှိ ရှေးဟောင်းဗုဒ္ဓမှာလည်း ပထမဆုံး ကျောင်းထိုင်ဘုန်းတော်ကြီးဇင် ဖြစ်ကြောင်း သူ သိမြင်လိုက်ပြီ။

All Chapters