အခန်း ၇၈၈
Vol. 76 Ch. 788
အခန်း (၇၈၈)။
ထိုရုတ်တရက် ပေါ်ထွက်လာပြီး ဆန်းကြယ်နက်ရှိုင်းလှသော အရှိန်အဝါကို ထုတ်လွှင့်နေ သည့် မီးခိုးပြာရောင်ဝတ်ရုံဝတ် အမျိုးသားမှာ ဗဟိုကမ္ဘာ၏ စတုတ္ထမြောက် ခေါင်းဆောင် ဖြစ်သည်။ သူ၏အမည်မှာ အီဗေလ် ဖြစ်ပြီး ရှေးဦးအစ ဖြစ်တည်မှုတစ်ခု၏ အငွေ့အသက် များ ကိန်းအောင်းနေ၏။ သူဝတ်ဆင်ထားသော ကောင်းကင်မိစ္ဆာ ဝတ်ရုံပြာမှာ ဗဟိုကမ္ဘာ ၏ သမိုင်းတစ်လျှောက် ကျော်ကြားသော အထွတ်အထိပ် ဝတ်ရုံတော် ဖြစ်သည်။ ၎င်းကို ရှေးဦးအစ ဖြစ်တည်မှုများနှင့် မိစ္ဆာနတ်ဘုရားပေါင်းများစွာ၏ မကောင်းသော အတွေးစိတ် များ၊ အတိုင်းအဆမရှိသော ရတနာများ၊ ရှားပါးပစ္စည်းများ၊ နတ်ဘုရားနှင့် မိစ္ဆာတို့၏ သွေးများ၊ ဖန်ဆင်းရှင်တစ်ဦး၏ ဝိညာဉ်နှင့် အထွက်အထိပ် လူသားအင်မော်တယ် တစ်ဦး ၏ အသားသွေးတို့ကို အသုံးပြု၍ သွန်းလုပ်ထားခြင်း ဖြစ်သည်။
ကောင်းကင်မိစ္ဆာ ဝတ်ရုံပြာသည် ဗုဒ္ဓသင်္ကန်းနှင့် ချုပ်ရိုးမဲ့ ကောင်းကင်ဝတ်ရုံတို့နှင့် အဆင့် တူညီသည်။ ဧကရာဇ်ရှန်နှင့် ဧကရီယင်တို့၏ အဆုံးစွန် နေရောင်ခြည်ဝတ်ရုံနှင့် ကျယ်ပြောနှင်းခဲဝတ်ရုံတို့ပင်လျှင် ဤကောင်းကင်မိစ္ဆာ ဝတ်ရုံပြာအောက် အနည်းငယ် နိမ့်ကျပေသည်။ (ရှေ့မှာတုန်းက ဧကရီယင်ဝတ်သော ဝတ်ရုံမှာ လနတ်ဘုရားဝတ်ရုံ ဖြစ်သည်။)
ထို့ပြင် ဗဟိုကမ္ဘာ၏ ရှေးဦးခေါင်းဆောင်များမှာ နောက်ပိုင်းခေါင်းဆောင်များထက် ပိုမို အစွမ်းထက်ကြောင်း ဟုန်ယွိ သိရှိထားသည်။ သူတို့သည် နယ်မြေသုံးပါးနှင့် အတိတ်ကို ပင် ဖြတ်ကျော်သွားလာနိုင်စွမ်း ရှိကြသည်။
ဧကရာဇ်ဖန် ဗဟိုကမ္ဘာကို စတင်တည်ထောင်စဉ်က လူဦးရေမှာ သန်းတစ်သောင်း (ဘီလီယံ ၁၀) ပင် မပြည့်သေးချေ။ ထိုစဉ်က ကောင်းကင်အပြင်ပနယ်မြေရှိ ကြယ်တာရာ များဖြစ်သော ဆိတ်သုဉ်းခြင်းကြယ်၊ လွင့်မျောကြယ်၊ မီးလျှံနေကြယ်နှင့် သေမင်း တိတ်ဆိတ်ခြင်းကြယ် စသည်တို့တွင် အစွမ်းထက်သော မိစ္ဆာနတ်ဘုရားများ၊ ဒေသခံများ နှင့် ရှေးဦးနတ်ဘုရားသားရဲများ နေထိုင်ကြပြီး ဗဟိုကမ္ဘာရှိ လူသားများကို မကြာခဏ လာရောက်သောင်းကျန်း တိုက်ခိုက်လေ့ ရှိသည်။
ထိုကာလက ခေါင်းဆောင်များသည် မိမိတို့၏ လူမျိုးစုများကို ဦးဆောင်ကာ တိုက်ပွဲဝင်ပြီး ကမ္ဘာသစ်တစ်ခုကို တည်ဆောက်ခဲ့ကြရသည်။ ထို့ကြောင့် သူတို့သည် ကြီးမားသော အင်အားရှိရန် လိုအပ်ပြီး၊ ယခုခေတ်ကဲ့သို့ "ရွေးကောက်ပွဲ" စနစ်မှာလည်း ပုံမပေါ်သေးဘဲ အင်အားကြီးသူကသာ အရာရာကို အုပ်ချုပ်သည့်ခေတ် ဖြစ်သည်။
အတိုချုပ်ဆိုရလျှင် ဗဟိုကမ္ဘာ၏ ပထမဆုံးသော ခေါင်းဆောင် (၁၀) ဆက်မှာ သူတို့၏ စွမ်းအားဖြင့် ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွက်ခြင်း၊ ပြန်လည်ဝင်စားကို ကျော်လွန်ခြင်း၊ ဉပဒေသစည်းမျဉ်းများကို ရိုက်ချိုးခြင်း၊ လမ်းကြောင်း ခြောက်သွယ်ကို ဖျက်ဆီးခြင်း၊ ကောင်းကင်ယံမှ ကြယ်များကို ဆွတ်ခူးခြင်းနှင့် ငရဲပြည်မှ ယမမင်းများကို ဖမ်းဆီးခြင်းတို့အထိ လုပ်ဆောင်နိုင်ခဲ့ကြသည်။
ထိုခေါင်းဆောင်အားလုံးမှာ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားကြ သူများဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်များမှာလည်း အလွန်အမင်း သန့်စင်ပြီးသား ဖြစ်သည်။ သူတို့ထဲတွင် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာတွင် ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ် ထားရုံသာမက သွေးသား ခန္ဓာကိုယ်ကို ကျင့်ကြံမူတွင်လည်း မုန့်ရှန်းကျီကဲ့သို့သော အထွတ်အထိပ် ဖြစ်တည်မှုများလည်း ပါဝင်ပေလိမ့်မည်။ ထို့ပြင် သူတို့သည် အတိုင်းအဆ မရှိသော ရတနာများ၊ ကိုယ်ပွားများနှင့် ဒုတိယစိတ်ဝိညာဉ်များကိုလည်း သန့်စင်ထားကြ သည်။
ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသော သာမန်ပညာရှင်များသည် ဧကရာဇ်ရှန်နှင့် ဧကရီယင်တို့ကဲ့သို့ အစွမ်းထက်လျှင်ပင် သူတို့၏ ခန္ဓာကိုယ်ကို လူသား အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်ထိသာ ကျင့်ကြံနိုင်ကြသည်။ သူတို့အတွက် သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းနှင့် အသွင်မျိုးစုံပြောင်းလဲခြင်းနယ်ပယ်များကို မဆိုထားနှင့် သိုင်းဆန္ဒကို ထည်ကိုယ်ဒြဗ်အသွင် စုစည်းခြင်းနယ်ပယ်သို့ ရောက်ရန်ပင် ခက်ခဲလွန်းနေပြီ။
သို့သော်လည်း ဤအီဗေလ် ပေါ်ထွက်လာသည်နှင့် သူ၏ မူလစိတ်ဝိညာဉ်မှာ အလွန်အမင်း အစွမ်းထက်နေရုံသာမက အတွင်း၌ ပြောင်းလဲမှုများစွာ ရှိနေသည်ကို ဟုန်ယွိ ဝေဝါးစွာ အာရုံခံမိလိုက်သည်။ သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာလည်း ပိုမိုခန့်ညားပြီး သက်ဝင် လှုပ်ရှားနေကာ အရေပြားလက်မတိုင်းနှင့် သွေးစက်တိုင်းမှာ သီးခြားဖြစ်တည်မှုတစ်ခု ကဲ့သို့ တည်ရှိနေသည်။
ဤသည်မှာ သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းနယ်ပယ်ပင် ဖြစ်ကြောင်း ထင်ရှား သည်။ ထိုအဆင့်ရှိ ပညာရှင်တစ်ဦးသည် ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ် ထားသော သာမန်ပညာရှင်တစ်ဦးထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်ပေသည်။
ပို၍ပင် ထူးခြားသည်မှာ စတုတ္ထမြောက် ခေါင်းဆောင် အီဗေလ်၏ ခန္ဓာကိုယ်ပေါ်တွင် မူလ တာအိုသခင်နှင့် ဆင်တူသော အစွမ်းထက်သည့် ဖြစ်တည်မှုအချို့ကို ဟုန်ယွိ အာရုံခံမိ လိုက်ခြင်း ဖြစ်သည်။ ၎င်းတို့မှာ အီဗေလ် သန့်စင်ထားသော ကိုးပွားများ သို့မဟုတ် ရွှေကျီးကန်း မီးလျှံအစီအရင် သို့မဟုတ် ရေခဲဖီးနစ်အစီအရင်ကဲ့သို့သော အရာများ ဖြစ်ပေ လိမ့်မည်။
မူလအစနယ်မြေသည် အသက်စွမ်းအင် အလွန်ကြွယ်ဝပြီး ကောင်းကင်နှင့် မြေကြီး၏ ရတနာများစွာ ရှိနေသည်ကို သိထားသင့်သည်။ ထိုနေရာတွင် ဒဏ္ဍာရီလာ မူလအစမျိုးစေ့ နှင့် ယန်နတ်ဘုရားတို့၏ အတွေးစများပင် ရှိနေသဖြင့် အစွမ်းထက်သော မှော်လက်နက် များကို သန့်စင်ရန်မှာ မထူးဆန်းလှပေ။
"တာအိုမိတ်ဆွေ... ခင်ဗျားက ဘယ်သူလဲ။ ခင်ဗျားက ပျက်သုဉ်းခြင်း နတ်ဘုရားဘုရင်ကို သန့်စင်ပုံနည်းလမ်းကို သိနေတော့ ခင်ဗျားဟာ ဗဟိုကမ္ဘာက လူတစ်ယောက်ပဲ ဖြစ်ရမယ်။ ခင်ဗျားက ဗဟိုကမ္ဘာရဲ့ ဘယ်နှစ်ဆက်မြောက် ခေါင်းဆောင်လဲ။ နောက်ဆုံးတော့ ခင်ဗျား လည်း မူလအစနယ်မြေကို ရောက်လာခဲ့ပြီပေါ့။ ခင်ဗျားရဲ့ တာဝန်တွေကို လွှဲပြောင်းပေးခဲ့ ပြီး မဟာတာအိုကို စတင်ရှာဖွေနေပြီ ထင်တယ်"
စတုတ္ထမြောက် ခေါင်းဆောင် အီဗေလ် ပေါ်လာသည်နှင့် အချိန်များ ရပ်တန့်သွားသကဲ့သို့ ပင်။ ဟုန်ယွိက ဇင်ရုပ်သေးကို ချိတ်ပိတ်ရန် အသုံးပြုထားသော ရုပ်သေးနှင့် ကိုးထပ်ရွှေ တောင် သုမေရုတောင်၏ အလင်းနှင့်အမှောင် အတားအဆီးမှာပင် နှေးကွေးသွားခဲ့သည်။
အီဗေလ်က ဖြည်းဖြည်းချင်း စကားပြောဆိုနေသော်လည်း သူ၏လက်များမှာမူ ရပ်တန့် မနေချေ။ သူက အလင်းနှင့်အမှောင်မန္တလာ အတားအဆီးကို လက်ညှိုးတစ်ချောင်းဖြင့် ထောက်လိုက်သည်။ ၎င်းမှာ သာမန် "အင်မော်တယ် လမ်းညွှန်ချက်" လှုပ်ရှားမှုတစ်ခုကဲ့သို့ ထင်ရသော်လည်း သူ၏လက်ထိပ်မှ စွမ်းအင်စီးကြောင်းတစ်ခု ချက်ချင်းပေါက်ကွဲထွက် လာပြီး၊ အစွမ်းထက်သော သွေးစွမ်းအင်နှင့် မူလစွမ်းအင်များမှာ မူလစိတ်ဝိညာဉ်နှင့် ရောယှက်သွားပြီး ပြင်းထန်သော ထိုးဖောက်နိုင်စွမ်း အရှိန်အဝါတစ်ခုကို ဖန်တီးလိုက် သည်။ ၎င်းမှာ ဤလောကရှိ "မိစ္ဆာ" (Evil) အားလုံးကို အမှတ်တစ်ခုတည်းတွင် အဆုံးစွန် စုစည်းပြီး ဖောက်ခွဲပစ်လိုက်သကဲ့သို့ပင်။
ဖျစ်….၊
ထိုအသံနှင့်အတူ ဟုန်ယွိ၏ အလင်းနှင့်အမှောင်မန္တလာ အတားအဆီးမှာ တကယ့်ကို ဆွဲဖြဲ ခြင်း ခံလိုက်ရသည်။ ချိတ်ပိတ်ခံထားရသော ရုပ်သေးဇင်နှင့် သုမေရုတောင် တို့မှာ တုန်ခါ သွားပြီး ချုပ်နှောင်မှုမှ လွတ်မြောက်သွားကြသည်။ ဗုဒ္ဓလက်ဝါးက ချည်နှောင်ထားသော သံကြိုးမှ လွတ်မြောက်သွားသော ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်ကဲ့သို့ ပေါ်ထွက်လာပြီး သူ၏ အစွယ်များကို ထုတ်ကာ ဟိန်းဟောက်လိုက်တော့သည်။
ဤသည်မှာ အစစ်မှန် “မသေမျိုးဗုဒ္ဓတို့၏ အမျက်ဒေါသ” ပင်။
"ခင်ဗျားက ဘယ်သူလဲ။ အခုနက ဒီလိုအစွမ်းထက်တဲ့ ရုပ်သေးကိုသုံးပြီး ကျုပ်ကိုသတ်ဖို့ ဘယ်လိုများ ကြိုးစားရဲတာလဲ။ ခင်ဗျားနာမည် ပြောစမ်း။ ကျုပ်တို့ ရေစက်ရှိရင် ဒီရုပ်သေး နဲ့ ဒီမှော်ရတနာကို ကျုပ် ခင်ဗျားဆီ ပြန်ပေးမယ်။ ကျုပ်တို့မှာ ရေစက်မရှိရင်တော့ ဒီနေ့ ခင်ဗျား ဒီမှာတင် ကျုပ်ရုပ်သေး ဖြစ်လာစေရမယ်"
အလင်းနှင့်အမှောင် အတားအဆီး၏ ချိတ်ပိတ်မှု ပျက်စီးသွားသော်လည်း ဟုန်ယွိမှာ အနည်းငယ်မျှ ထိတ်လန့်ခြင်း မရှိပေ။ သူက တည်ငြိမ်စွာ စကားပြောရင်း အီဗေလ်၏ လက်ညှိုးကို သူ၏လက်ညှိုးဖြင့် ပြန်လည်ထောက်လိုက်သည်။ လက်ညှိုးနှစ်ချောင်းမှာ တစ်ခုနှင့်တစ်ခု ထိပ်တိုက် တိုးတိုက်မိကြသည်။
အီဗေလ်၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့မျက်နှာတွင် အလွန် ပင် ထိတ်လန့်သွားသည့် အမူအရာ ပေါ်လာပြီး တစ်ချိန်တည်းမှာပင် အရိုးကျိုးသံတစ်ခု ထွက်ပေါ်လာသည်။
သူ့လက်ညှိုးမှာ ထိုအပြင်းထန် ထိပ်တိုက်တွေ့ဆုံမှုကြောင့် ကျိုးကြေသွားရခြင်း ဖြစ်သည်။
မိမိခန္ဓာကိုယ်ကို သွေးတစ်စက်မှပြန်လည်မွေးဖွားခြင်း နယ်ပယ်အထိ ကျင့်ကြံထားသော ပညာရှင်တစ်ဦးအတွက် အရိုးကျိုးခြင်းမှာ ဘာမှမဟုတ်ချေ။ မှုန့်မှုန့်ညက်ညက် ကြေသွား လျှင်ပင် ပြန်လည် စုစည်း၍ ရနေသေးသည်။
သို့သော်လည်း အီဗေလ်၏ လက်ညှိုးကျိုးသွားသည့် ခဏမှာပင် ဟုန်ယွိ၏ လက်ညှိုးမှာ သေမင်းတမန် နတ်ဘုရားလှံတစ်စင်းကဲ့သို့ တုန်ခါသွားပြီး အနှိုင်းမဲ့ လှံသိုင်းပညာတစ်ခုကို ထုတ်ဖော်ကာ ဟင်းလင်းပြင်ကို တစ်ခဏချင်းမှာပင် ချေမှုန်းလိုက်သည်။
"အကြွင်းမဲ့ သတ်ဖြတ်ခြင်းလမ်းစဉ်" ဟုန်ယွိက အသာအယာ ပြုံးလိုက်ပြီး သူ့လက်ညှိုးက ဟင်းလင်းပြင်ကို ဖြိုခွဲလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် အီဗေလ်၏ ပြတ်တောက်သွား သော လက်ညှိုးမှာ "ဘန်း" ခနဲ အသံနှင့်အတူ ပေါက်ကွဲသွားပြီး အသန့်စင်ဆုံးသော အနှစ်သာရ မူလစွမ်းအင်များအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ဟုန်ယွိက ၎င်းတို့ကို သူ၏ အပ်စိုက်မှတ်များ အတွင်းသို့ စုပ်ယူလိုက်တော့သည်။
"ငါ့လက်ညှိုး၊ ငါ့လက်ညှိုး လုံးဝ ပျက်စီးသွားပြီ"
စတုတ္ထမြောက်မျိုးဆက် ခေါင်းဆောင် အီဗေလ်မှာ ချက်ချင်းပင် ဒေါသအမျက် ချောင်းချောင်းထွက်သွားပုံရသည်။ သူ့လက်ဟန် အမူအရာများမှာ လျင်မြန်စွာ ပြောင်းလဲ သွားပြီး နောက်သို့ အရှိန်အဟုန်ဖြင့် ဆုတ်ခွာသွားသည်။ သူ့မျက်နှာအမူအရာမှာလည်း လေနှင့်တိမ်များအလား ပြောင်းလဲနေပြီး၊ သူ၏ ဒေါသမိုးကြိုးများကြားတွင် ချက်ချင်းပင် အလွန်ကြောက်စရာကောင်းပြီး ရက်စက်ကြမ်းကြုတ်သူအဖြစ် ပြောင်းလဲ သွားလေသည်။ သို့သော် တခဏအတွင်းမှာပင် ယုံကြည်မှုအပြည့်ရှိသော ပြုံးရယ်သံအဖြစ် ပြောင်းလဲသွား ပြန်ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးသော လူကြီး လူကောင်းတစ်ဦး ဖြစ်သွားကာ၊ နောက်တစ်ခဏတွင်မူ မြင့်မြတ်သော အုပ်ချုပ်သူတစ်ဦး ဖြစ်သွားပြန်သည်။
လက်ညှိုးချင်း ထိတွေ့မှုအတွင်းမှာပင် ဗဟိုကမ္ဘာ၏ စတုတ္ထမြောက် ခေါင်းဆောင် အီဗေလ်မှာ မတူညီသော မျက်နှာအမူအရာပေါင်း တစ်ထောင်ကို ပြသခဲ့ပြီး၊ သူ၏ ကိုယ်ထဲ တွင် ပင်ကိုယ်စိတ်သဘောထားပေါင်း တစ်ထောင် ရှိနေသကဲ့သို့ပင်။
ထိုပင်ကိုယ်စိတ်သဘော ထောင်ပေါင်းများစွာ ပြောင်းလဲသွားသည့် ခဏမှာပင် သူ၏ ဝိညာဉ်နှင့် မူလစိတ်ဝိညာဉ်တို့မှာ ပေါက်ကွဲအားတိုးပွားခြင်း (Fission) တစ်မျိုး ဖြစ်ပေါ် လာသည်။ "Fission" ဆိုတဲ့ စကားလုံးက သိပ္ပံဘာသာရပ် (အထူးသဖြင့် နျူကလီးယား ရူပဗေဒ) မှာ အက်တမ်တစ်ခုကို အပိုင်းပိုင်း ကွဲထွက်စေပြီး ကြီးမားတဲ့ စွမ်းအင်တွေ ထွက်လာတာကို ဆိုလိုတာပါ။ ဤနေရာမှာလည်း ဝိညာဉ်နှင့် မူလစိတ်ဝိညာဉ်တို့ ပေါက်ကွဲပြီး ကြီးမားသည့် စွမ်းအင်များ ထွက်ပေါ်လာသည်ဟု နားလည်နိုင်ပါတယ်။)
ဟုန်ယွိ စုပ်ယူလိုက်သော လက်ညှိုးမှာ လွန်ခဲ့သော အင်မော်တယ် နတ်ဘုရားဘုရင်၏ အမြီး ပြန်လည်ပေါက်လာသကဲ့သို့ပင် ပြန်ပေါက်လာခဲ့သည်။ ယခုအခါ ပြန်လည်ပေါက် လာသော လက်ညှိုးထံမှ ကြီးမားသော စွမ်းအားများ လျှံထွက်လာသည်။
"နှလုံးသားတစ်ထောင်၊ အတွေးတစ်ထောင်၊ မိစ္ဆာအားလုံးရဲ့ အရင်းအမြစ်။ မိစ္ဆာဆိုတာ စိတ်နှလုံးကနေ မွေးဖွားပြီး ကံကြမ္မာကိုတော့ ကံတရားကပဲ ဆုံးဖြတ်တယ်။ ဒါကို ခံယူစမ်း၊ သွေးသားပေါင်းစပ်၊ ဝိညာဉ်ဖြိုခွဲ"
ဗဟိုကမ္ဘာ၏ စတုတ္ထမြောက်မျိုးဆက် ခေါင်းဆောင်၏ စွမ်းအားများ သူ၏လက်ထိပ်မှ လျှံထွက်လာစဉ် သူက လက်သီးများကို အလျားလိုက် လွှဲယမ်းလိုက်သည်။ ဟုန်ယွိသည် သူ၏ခန္ဓာကိုယ်မှာ စွမ်းအားများစွာဖြင့် တင်းကျပ်စွာ ချည်နှောင်ခံလိုက်ရပြီး ဆုတ်ဖြဲခံရ တော့မည့်အလား ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်တိုင်းမှာ စစ်မှန်သော စွမ်းအင်တစ်မျိုးဖြင့် ပြည့်နှက်သွားသည်။ ထိုစွမ်းအင်မှာ မကောင်းမှုအားလုံး၏ ဝိညာဉ် စွမ်းအားဟုခေါ်သော ထူးခြားသည့် မိစ္ဆာစွမ်းအား ဖြစ်သည်။ ၎င်းမှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို တိုက်စားနိုင်ရုံသာမက စိတ်ဓာတ်ကိုပါ ပျက်ဆီးစေနိုင်သည်။ ထိုစွမ်းအင်မှာ အလွန်ပင် အစွမ်းထက်လှပြီး လွတ်လပ်ခြင်း၊ ကိုယ်ကျင့်တရား၊ လေဟာနယ်၊ ထာဝရနှင့် သူတော်စင်ပေါင်းစုံစသည့် စွမ်းအင်များထက် အနည်းငယ်မျှ မနိမ့်ကျပေ။
အထူးသဖြင့် သူယခုလေးတင် ထုတ်ဖော်လိုက်သော သိုင်းကွက်နှစ်ကွက်မှာ ပို၍ ထူးခြား သည်။ သူ၏ သွေးသားပေါင်းစပ်၊ ဝိညာဉ်ဖြိုခွဲခြင်းမှာ သူ၏ ချီဝိညာဉ်ဝဲဂယက်ထက် များစွာ ပိုမိုအစွမ်းထက်ပြီး၊ အတွေးတစ်ချက်ဖြင့် နတ်ဘုရားများကို သတ်ဖြတ်နိုင်ပြီး ဗုဒ္ဓများကို သုတ်သင်နိုင်သော လက်သီးချက်အတွင်း သူ့ဘဝပေါင်း ထောင်သောင်းချီမှ စွမ်းအားများ ကို စုစည်းထားသကဲ့သို့ပင်။
"လူတစ်ယောက်ရဲ့ ဖြစ်နိုင်ချေ စွမ်းရည်တွေကို အမြင့်ဆုံးအထိ ပေါက်ကွဲထွက်နိုင်တဲ့ ဒီလို နည်းလမ်းမျိုး ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒါက တကယ်ပဲ ငါ့ကို အမြင်ကျယ်စေ တာတယ်။ ဒီလိုသွေးသားပေါင်းစပ်၊ ဝိညာဉ်ဖြိုခွဲနည်းလမ်းဟာ သာမန် အတွေးစတွေကို ဖောက်ခွဲပစ်တာထက် အများကြီး ပိုအစွမ်းထက်တယ်" ဟုန်ယွိ အနေဖြင့် မူလစွမ်းအားကို ပေါက်ကွဲစေသည့် ယခုလိုနည်းလမ်းမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းလည်း ဖြစ်သည်။
ပုံမှန်အားဖြင့် ကျင့်ကြံသူတစ်ဦးသည် မိမိ၏ စိတ်ဝိညာဉ်ကို လောင်ကျွမ်းပြီး အသေကြေ တိုက်ကွက်တစ်ခုခုကိုတော့ ထုတ်ဖော်လေ့ရှိကြသည်။
သို့သော် ယခုအခါ ဗဟိုကမ္ဘာ၏ စတုတ္ထမြောက်မျိုးဆက် ခေါင်းဆောင် အီဗေလ်မှာ အမည်မသိ တိုက်ခိုက်ရေး ပညာရပ်အချို့ကို အသုံးပြုပြီး သူ၏ဝိညာဉ်နှင့် စိတ်နေစိတ် ထားကို (အကျင့်စရိုက်) အတင်းကျပ် ခွဲထုတ်လိုက်ခြင်း ဖြစ်သည်။ ပေါက်ကွဲအား တိုးပွား ခြင်းမှာ ကိုယ့်စိတ်ဝိညာဉ်ကို လောင်ကျွမ်းခြင်းထက် ပို၍ ကြောက်မက်ဖွယ်ကောင်းပြီး နက်နဲသည်။ ပေါက်ကွဲအားမှာလည်း ပိုမိုကြီးမားပြီး၊ လူတစ်ယောက်၏ ဘဝပေါင်း ထောင် သောင်းချီမှ စွမ်းအားများကို စုံချက်အမှတ်တည်းသို့ စုစည်းပေးလိုက်သည့် ပေါက်ကွဲအား မျိုး ရှိနေခဲ့သည်။
ကျင့်ကြံသူများသည် မွေးဖွားခြင်းနှင့် သေဆုံးခြင်းကို ကျော်လွန်နိုင်ကြသော်လည်း ခေတ်ကာလတစ်ခု ကုန်ဆုံးပြီးနောက် ယန်နတ်ဘုရားများပင် ပျက်စီးသွားပေလိမ့်မည်။ ဤကဲ့သို့ ဝိညာဉ်ဖြိုခွဲခြင်း မှော်ပညာမှာ အတိုင်းအဆမရှိသော ကာလများစွာက အိပ်ပျော် နေသည့် စွမ်းအားများကို နှိုးဆွလိုက်သကဲ့သို့ပင်။ ထိုမှော်ပညာရပ်မှာ အကန့်သတ်မရှိသ လို မှော်စွမ်းအားမှာလည်း အဆုံးမရှိချေ။
ဝုန်း…၊ ဝုန်း….၊ ဝုန်း…..
စတုတ္ထမြောက်မျိုးဆက် ခေါင်းဆောင် အီဗေလ်၏ ဤတိုက်ကွက်မှ ထွက်ပေါ်လာသော ပေါက်ကွဲအားမှာ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦး၏ တိုက်ခိုက်နိုင်စွမ်း ကို လုံးဝကျော်လွန်သွားခဲ့ပြီး၊ အနှိုင်းမဲ့အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ။ သူသည် သူ၏ လက်သီးနှစ်ဖက်စလုံးကို လွှဲထုတ်လိုက်ရာ ပထမဆုံးအနေဖြင့် ဟုန်ယွိ၏ အကာအကွယ် စွမ်းအင်များကို ချေဖျက်လိုက်သည်။ ထို့နောက် ပေါက်ကွဲအားနှင့်အတူ သူ့လက်သီး စွမ်းအားမှာ ဟုန်ယွိ၏ နှလုံးအတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
"မင်းက ငါ့ရုပ်သေးကို ချိတ်ပိတ်ရဲမှတော့ ငါက မင်းနှလုံးသားကို ထုတ်ယူမယ်။ မင်း နှလုံးသားကို ပြန်လိုချင်ရင် ငါ့ရုပ်သေးနဲ့ လာလဲလှယ်လိုက်၊ ငါ့ရဲ့သွေးသားပေါင်းစပ်၊ ဝိညာဉ်ဖြိုဖွဲ ပညာရပ်ဟာ ငါ့ရဲ့နှစ်ပေါင်းထောင်ချီ ကျင့်ကြံမှုကို ကုန်ဆုံးစေတယ်။ ငါ့ရဲ့ ဝိညာဉ်နဲ့ မူလစိတ်ဝိညာဉ်ဟာ ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးအဆင့်အထိ လျော့ကျ သွားခဲ့ပြီ။ ယန်နတ်ဘုရား ပညာရှင်တစ်ယောက်တောင် ဒီတိုက်ကွက်ကို ရင်ဆိုင်ရရင် သုံးပုံတစ်ပုံလောက် ခံစားရမှာပဲ။ မင်းက ဒါကို တောင့်ခံနိုင်ပါ့မလား"
အီဗေလ်၏ လက်သီးချက်မှာ ဟုန်ယွိ၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ထို့နောက် သူက လျှပ်စီးသဖွယ် အရှိန်ဟုန်ဖြင့် ပြန်ရုပ်သိမ်းကာ နောက်သို့ ဆုတ်ခွာသွား သည်။ သူ့လက်ထဲတွင် သွေးစက်စက်ကျနေသည့် ခုန်လှုပ်နေသော အရာတစ်ခုကို ဆုပ်ကိုင်ထားပုံရသည်။ ထိုအရာမှာ ကောင်းကင်ဗုံတီးသံကဲ့သို့ပင် အပြင်အထန် လှုပ်ခါနေ သည်။
သူ၏ လျှပ်စီးအလား နောက်ဆုတ်သွားမှုမှာ သူ၏နောက်ကွယ်ရှိ ဟင်းလင်းပြင်များကို အဆက်မပြတ် ကွဲအက်သွားစေပြီး သူ၏ စွမ်းအားမှာ မည်မျှကြီးမားကြောင်း သက်သေပြ နေသည်။
"ငါသိပြီ။ မင်းက မဟာကမ္ဘာလောကကနေ လာတာပဲ။ ပြီးတော့ မင်းဟာ ဧကရာဇ်ချန်ရှန်း ရဲ့ ဟောကိန်းထဲက လူဖြစ်ရမယ်။ မင်းနှလုံးကို ပြန်လိုချင်ရင် သူတော်စင်သင်္ချိုင်းကို လာခဲ့၊ မင်းတို့ မဟာကမ္ဘာလောကက သူတော်စင်တစ်ရာရဲ့ ရုပ်အလောင်းတွေ အားလုံး အဲဒီထဲမှာ ရှိတယ်။ အခု အချိန်ရောက်ပြီလာဆိုတော့ ငါတို့ အဲဒီရုပ်အလောင်းတွေကို တူးထုတ်ရမယ့် အချိန်ပဲ။... အဲဒီထဲမှာ အစွမ်းထက်တဲ့ တားမြစ်ပညာရပ်တွေ ရှိနေပေမဲ့ ကမ္ဘာပျက်ကပ် တစ်ခု ကုန်ဆုံးခါနီး မူလအစနယ်မြေက ပြောင်းလဲသွားပြီဆိုတော့ သူတော်စင်သင်္ချိုင်းမှာ အပေါက်တစ်ခု ပွင့်သွားပြီ..." စတုတ္ထမြောက်မျိုးဆက် ခေါင်းဆောင် အီဗေလ်က နောက်သို့ ဆုတ်ခွာရင်း စကားပြောနေသည်။ ထို့နောက် သူသည် ဟုန်ယွိ၏ နှလုံးကို ယူဆောင်ကာ ပျောက်ကွယ်သွားတော့သည်။
"ခင်ဗျား တကယ်ပဲ ထွက်သွားနိုင်မယ်လို့ ထင်နေတာလား။ ဟင်းလင်းပြင် ဖျက်ဆီးခြင်း အဆင့် ပညာရှင်တစ်ယောက်ရဲ့ ရှေ့ကနေ ခင်ဗျား ထွက်ပြေးနိုင်မယ်လို့ ထင်နေလား။ ခင်ဗျား တကယ်ပဲ ကျုပ်နှလုံးကို ဒီအတိုင်း ယူသွားနိုင်မယ်လို့ ထင်နေတာလား"
အီဗေလ် ပျောက်ကွယ်သွားသော နေရာကို ကြည့်ကာ ဟုန်ယွိက အသာအယာ ပြောလိုက် သည်။
သူ၏ရင်ဘတ်မှာ ပြန်လည်ကောင်းမွန်သွားပြီဖြစ်ကာ မည်သည့်အမာရွတ်မျှ မကျန်ရှိတော့ ပေ။ ထို့ပြင် သူ့နှလုံးရှိသော နေရာတွင် နှလုံးအသစ်တစ်ခု မွေးဖွားလာသကဲ့သို့ပင် အားနည်းရာမှ အားကောင်းလာကာ တဖြည်းဖြည်း ပြန်လည်ခုန်လှုပ်လာသည်။
“မဟာလောကကြီး မြေမှုန့်ဖြစ်သွားပြီး မူလအရာတွေ ပျက်စီးသွားပေမဲ့ သူတော်စင် ပေါင်းစုံခန်းမကတော့ ကောင်းကင်ဘုံအားလုံးကို နှိမ်နင်းထားလိမ့်မယ်"
ဟုန်ယွိသည် စတုတ္ထမြောက်မျိုးဆက် ခေါင်းဆောင် အီဗေလ် ထွက်ပြေးသွားသော နေရာ ကို ကြည့်လိုက်သည်။ သူက လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ သူတော်စင်ပေါင်းစုံခန်းမမှာ အပေါ်သို့ ပျံတက်သွားပြီး လုံးဝဥဿုံ ပြိုကွဲသွားကာ အတိုင်းအဆမရှိသော အလင်းသဲမြစ် ကြီးအဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ အလင်းသဲများဖြင့် ဖွဲ့စည်းထားသော အချိန်မြစ် ကဲ့သို့ပင် ခန့်ညားထည်ဝါစွာ ရှေ့သို့ စီးဆင်းသွားတော့သည်။
ဝုန်း...
ဤ "အချိန်မြစ်" သည် အတိုင်းအဆမရှိသော ဟင်းလင်းပြင် အလွှာပေါင်းများစွာကို တိုက်ရိုက် ဖောက်ထွက်သွားသည်။ ထို "အချိန်မြစ်" ၏ ပတ်ပတ်လည်ရှိ လွင့်မျောနေသော ကုန်းမြေများ၊ ကီလိုမီတာ သိန်းချီ သန်းချီ၍ ကျယ်ဝန်းသော သမုဒ္ဒရာများ အားလုံးမှာ ပြိုကွဲပျက်စီးသွားပြီး ထို "အချိန်မြစ်" အတွင်းသို့ ပေါင်းစည်းသွားကြသည်။
ဟုန်ယွိ၏ သူတော်စင်ပေါင်းစုံခန်းမကို အချိန်မြစ်အဖြစ် ပြောင်းလဲလိုက်ခြင်းမှာ တကယ့် အချိန်မြစ်ကြီးကို မူလအစနယ်မြေသို့ ရွှေ့ပြောင်းလိုက်ခြင်းနှင့် တူညီသည်။
အဆုံးမရှိသော ဟင်းလင်းပြင်ထဲတွင် မီးခိုးပြာရောင် အလင်းတစ်ချက် လက်ခနဲ ပေါ်လာ ပြီး စတုတ္ထမြောက် ခေါင်းဆောင် အီဗေလ်၏ ပုံရိပ် ပေါ်ထွက်လာသည်။ သူက နောက်ပြန် လှည့်ကြည့်လိုက်ရာ သူ့မျက်နှာတွင် မယုံနိုင်သော အမူအရာများ ပြည့်နှက်နေ၏။ ဟုန်ယွိ က သူ့နောက်ကို ဤမျှမြန်မြန် လိုက်လာနိုင်လိမ့်မည်ဟု သူ မယုံကြည်နိုင် ဖြစ်နေပုံရ သည်။
ထို့နောက် တဟုန်းဟုန်း စီးဆင်းနေသော လှိုင်းလုံးများက သူ၏ခန္ဓာကိုယ်ကို ဝါးမျိုသွားပြီး အချိန်မြစ်အတွင်းတွင် ဤအီဗေလ်၏ ပုံရိပ်မှာ ချေမွခြင်း ခံလိုက်ရကာ သူ၏ခန္ဓာကိုယ်မှာ သွေးသားစွမ်းအင်များအဖြစ်သို့ ပြိုကွဲသွားတော့သည်။
အီဗေလ် သေဆုံးသွားသည်နှင့် အချိန်မြစ်သည် နှလုံးတစ်ခုကို သယ်ဆောင်ကာ နှေးကွေး စွာ ပျံသန်းလာပြီး ဟုန်ယွိ၏ ရင်ဘတ်အတွင်းသို့ ဝင်ရောက်သွားသည်။
"မင်း သူ့ကို ဒီလိုပဲ သတ်လိုက်တာလား။ ဒီလူက တကယ့်ကို အစွမ်းထက်တာပဲ။ အထူး သဖြင့် သူ့ရဲ့ သွေးသားပေါင်းစပ်၊ ဝိညာဉ်ဖြိုခွဲနည်းလမ်းက တကယ့်ကို မကြားဖူး မမြင်ဖူး တဲ့ နည်းလမ်းပဲ" အနားရှိ ကော့လီနတ်ဘုရားဘုရင်မက ထိုမြင်ကွင်းကို ကြည့်ရင်း မပြော ဘဲ မနေနိုင် ဖြစ်သွားသည်။
"သေချာပေါက် ငါ သူ့ကို မသတ်ရသေးပါဘူး။ မင်း မြင်လိုက်ရတာက သူချန်ထားခဲ့တဲ့ ကိုယ်ပွားတစ်ခုပဲ၊ ငါ သတ်လိုက်တာကလည်း ကိုယ်ပွားတစ်ခုပဲ" ဟုန်ယွိက ပြောသည်။ "ဒီလူဟာ ယန်နတ်ဘုရား မဟုတ်ပေမယ့် သူ့နည်းလမ်းတွေက တကယ့်ကို ပြောင်မြောက် လွန်းတယ်။ မုန့်ရှန်းကျီအောင် မနိမ့်ကျဘူး။ ဗဟိုကမ္ဘာရဲ့ ခေါင်းဆောင်ဟောင်း ဖြစ်ဖို့ ထိုက်တန်ပါတယ်"
"ဒါဆို သူပြောသွားတဲ့ သူတော်စင်သင်္ချိုင်းဆိုတာကကော" ယန်ချန်းက သတိကြီးစွာဖြင့် မေးလိုက်သည်။ "သူတော်စင်တစ်ရာရဲ့ ရုပ်အလောင်းတွေက တကယ်ပဲ မူလအစနယ်မြေ ထဲမှာ ရှိနေတာလား။ သူတို့အားလုံး သေကုန်ကြပြီလား။ သူတို့ ဘယ်လို သေကုန်ကြတာ လဲ"