← Chapters

အခန်း (၃၀၅-၃၀၆)

Vol. 31 Ch. 305-306

အခန်း (၃၀၅-၃၀၆)

Vol. 31 Ch. 305-306

အခန်း ၃၀၅ နင် ဘာလုပ်ချင်တာလဲ

ဤတိုးတက်မှုမှာ ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုနိုင်ပေသည်။ ယခင်က အထောက်အကူသာ ပေးနိုင်သော ကိုယ်ပွားများသည် ယခုအခါတွင် တိုက်ခိုက်မှုများကို အပြည့်အဝ လုပ်ဆောင်နိုင်ပြီ ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ ၇၀ ရာခိုင်နှုန်းသော အစစ်အမှန် ခန္ဓာကိုယ်၏ စွမ်းအား ဆိုသည်မှာ နောက်ပြောင်နေခြင်း မဟုတ်ချေ။

အထူးသဖြင့် ကျိုးဟန် ကဲ့သို့သော ကြီးမား ခိုင်မာသည့် စွမ်းအားမျိုးဖြင့်ဆိုလျှင် ကိုယ်ပွားများ ထုတ်ဖော်နိုင်မည့် စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပေမည်။

'၇၀ ရာခိုင်နှုန်း စွမ်းအားကို ရောက်ရှိနိုင်ဖို့ ဆိုတာက အရိပ် ကိုယ်ပွား ဆယ်ခုကိုပဲ ဆင့်ခေါ်တဲ့ အခြေအနေ မျိုးမှာသာ ဖြစ်နိုင်လောက်မယ်'

ကျိုးဟန် ၏ ရင်ထဲတွင် တွေးတော ခန့်မှန်းလိုက်လေသည်။ မည်သို့ပင်ဆိုစေ အသုံးပြုနိုင်သော စုစုပေါင်း စွမ်းအားမှာ ပုံသေ ဖြစ်လေသည်။

ထို့ကြောင့် ကိုယ်ပွား အရေအတွက် နည်းပါးလေလေ တစ်ခုချင်းစီ အပေါ်သို့ ပျမ်းမျှ ရရှိမည့် စွမ်းအားမှာ ကြီးမားလေလေ ပင်ဖြစ်သည်။

နောက်ဆုံး တတိယ အချက်အနေဖြင့် ပိုမို အစွမ်းထက်လာမှုမှာ တည်ရှိနိုင်သော အချိန်ကာလ အပေါ်တွင် ထင်ဟပ်နေလေသည်။ ယခင်က မိနစ်သုံးဆယ် သာ ရှိရာမှ ယခုအခါ မိနစ်ရှစ်ဆယ် အထိ ဖြစ်သွားခဲ့လေပြီ။ ဤသို့ဆိုလျှင် တည်ရှိနိုင်သော အချိန် ပိုမို ကြာမြင့်လေလေ လှုပ်ရှား လုပ်ဆောင်နိုင်မှုများ ပိုမို များပြားလာလေလေ ဖြစ်လေသည်။

ဤတိုးတက်မှုမှာ တိုးတက်လာသော အချက် သုံးချက် အနက် အကောင်းဆုံးသော အကျိုးသက်ရောက်မှု ပင်ဖြစ်သည်။

"ကျိုးဟန်... အဆင့်မြှင့်တင်ပြီးတဲ့ နောက်မှာ အကျိုးသက်ရောက်မှုက ဘယ်လိုမျိုးလဲ... ငါ့ကို တစ်ချက်လောက် ပြပါလားနော်..."

ကက်သရင်း က အနားသို့ ကပ်လာကာ ညုတုတု အသံလေးဖြင့် ပြောလိုက်လေသည်။ အဓိကအားဖြင့် နတ်ဘုရားအဆင့် ကျွမ်းကျင်မှုစွမ်းရည် ကို သူမ အလွန် စပ်စုချင်နေပြီး အထူးသဖြင့် ဤကဲ့သို့ အဆင့်မြှင့်တင် ထားသော အရာမျိုးကို ပို၍ ကြည့်ရှုချင်နေမိလေသည်။

မည်သို့ပင်ဆိုစေ ဤကဲ့သို့သော နတ်ဘုရားအဆင့် ကျွမ်းကျင်မှုစွမ်းရည် များမှာ သူမ အနေဖြင့် ထိတွေ့ခွင့် ရနိုင်မည့် အရာမျိုး မဟုတ်ရာ ရင်ထဲတွင် စပ်စုချင်စိတ် ဖြစ်ပေါ်နေခြင်းမှာ အလွန် ပုံမှန် ကိစ္စရပ်တစ်ခု ပင်ဖြစ်သည်။

"ဘာတွေများ ကြည့်စရာ ရှိလို့လဲ... နတ်ဘုရားအဆင့် ကျွမ်းကျင်မှုစွမ်းရည် တစ်ခုပဲလေ..."

ကျိုးဟန် က အနည်းငယ် စကားမပြောနိုင် ဖြစ်စွာဖြင့် ပြောလိုက်လေသည်။

"ကျိုးဟန်... ငါ ကြည့်ချင်တယ်... ငါ့ကို တစ်ချက်လောက် ပြပါနော်..."

ကက်သရင်း က ချွဲနွဲ့သော အသံလေးဖြင့် ပြောလိုက်ပြီး သူမ၏ လက်ချောင်းလေးများဖြင့် ကျိုးဟန် ၏ ခါးပေါ်တွင် စက်ဝိုင်းများ ရေးဆွဲနေလေသည်။

"ရပြီ... ရပြီ... မင်းကို ပြပါ့မယ်ကွာ..."

ကက်သရင်း ၏ ကျယ်ပြန့်သော ရင်ခွင်မှ ပေးစွမ်းလာသော ဖိအားများကို ခံစားလိုက်ရသဖြင့် ကျိုးဟန် သည် နောက်ဆုံးတွင် အရှုံးပေးလိုက်ရလေသည်။ မည်သို့ပင်ဆိုစေ တစ်ချက် ကြည့်လိုက်ရုံဖြင့် အသားတစ်တုံး ကွာကျသွားမည် မဟုတ်ဘဲ မိနစ် အနည်းငယ်မျှသာ အချိန်ယူရမည် မဟုတ်ပါလား။

'ဒီကနေ ထွက်သွားတာနဲ့ ဒီကောင်မလေးကို သေချာ ပညာပေးရမယ်'

ကျိုးဟန် သည် သူမ၏ အပြုအမူများကြောင့် အနည်းငယ် ရမ္မက်ဆန္ဒများ နိုးကြွလာခဲ့လေသည်။ ကျိုးဟန် အနေဖြင့် သူမကို နေရာတင် ရှင်းလင်းမှု မလုပ်ဆောင်သေးသည်ကို မြင်တွေ့ရသဖြင့် ကက်သရင်း မှာ ပိုမို၍ ရဲတင်းလာခဲ့ခြင်း ပင်ဖြစ်သည်။

ဤသည်က ကျိုးဟန် ၏ ယောက်ျားမာန ကို အလွန်အမင်း စိန်ခေါ်လိုက်သကဲ့သို့ ဖြစ်နေလေသည်။ သို့သော် ယခုအချိန်တွင် တကယ်ပင် အခြား နည်းလမ်း မရှိသေးချေ။ ဤ တစ္ဆေ တစ်ရာ ည တိုက်ပွဲ လျှို့ဝှက်နယ်မြေ အတွင်း၌ အချိန် အပိုင်းအခြား အရဖြစ်စေ နေရာဒေသ အရဖြစ်စေ အဆင်မပြေလှချေ။

ထို့ကြောင့် အပြင်သို့ ရောက်ရှိသွားပြီးနောက်မှသာ လက်တွေ့ လုပ်ဆောင်နိုင်မည် ဖြစ်လေသည်။ ထိုအချက်ကို တွေးမိပြီးနောက် ကျိုးဟန် ၏ နှုတ်ခမ်းထောင့်တွင် လူဆိုးကြီး တစ်ယောက်အလား အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။

ကျွမ်းကျင်မှုစွမ်းရည် စာအုပ်ကို လှမ်းယူလိုက်ပြီး ဆယ်စက္ကန့်ခန့် ကြာပြီးနောက် ကျိုးဟန် မျှော်လင့်ထားသည့်အတိုင်း ကက်သရင်း ထံမှ ပါးစပ်လေးကို အုပ်ကာ အော်ဟစ်လိုက်သော အာမေဍိတ်သံလေး ထွက်ပေါ်လာလေသည်။

"ဘုရားရေ..."

"မင်းက ဘာလို့ သရဲတစ္ဆေ လို အော်နေရတာလဲ... အသံကြီးကလည်း ညုတုတုကြီးနဲ့ကွာ..."

ကျိုးဟန် က နောက်ပြောင်ကာ ပြောလိုက်လေသည်။

"မုန်းစရာကောင်းလိုက်တာ... သေချင်နေတာလား..."

ကက်သရင်း ၏ မျက်နှာလေး ရှက်သွေးဖြာသွားပြီး တိုးတိတ်စွာ ဆဲဆိုလိုက်လေသည်။

"ဒါပေမဲ့... နင့်ရဲ့ ဒီ ကိုယ်ပွား က အရမ်း လွန်ကဲလွန်းမနေဘူးလား... အစစ်အမှန် ခန္ဓာကိုယ် ရဲ့ ၇၀ ရာခိုင်နှုန်း စွမ်းအားကိုတောင် ထုတ်သုံးနိုင်တယ် ဆိုတော့လေ..."

အတန်ကြာမှသာ ကက်သရင်း မှာ အနည်းငယ် မယုံကြည်နိုင်လောက်အောင် ခံစားနေရဆဲ ဖြစ်လေသည်။ အထူးသဖြင့် ကျိုးဟန် ၏ ဤမျှ အစွမ်းထက်သော စွမ်းအားမျိုးဖြင့် ဆိုပါက ကိုယ်ပွား သည်လည်း ပေါက်ကွဲထွက်မတတ် ထိခိုက်မှု များကို ပြုလုပ်နိုင်မည် ပင်ဖြစ်သည်။

ကက်သရင်း ၏ အံ့အားသင့်နေမှုကို ဂရုမစိုက်တော့ဘဲ ကျိုးဟန် သည် ကျွမ်းကျင်မှုစွမ်းရည် စာအုပ်ကို ပြန်လည် ယူဆောင်လိုက်ပြီး တိုက်ရိုက်ပင် စတင် သင်ယူလိုက်လေသည်။

[အသိပေးချက်... သင်သည် ကြယ်ငါးပွင့် နတ်ဘုရားအဆင့် ကျွမ်းကျင်မှုစွမ်းရည် စာအုပ်... တစ္ဆေ အရိပ် ကိုယ်ပွား ကို အောင်မြင်စွာ လေ့ကျင့် သင်ယူပြီးပါပြီ...]

စနစ် ၏ အသိပေးချက် နှင့်အတူ ကျိုးဟန် သည် သူ၏ ခန္ဓာကိုယ် အတွင်း၌ အရိပ်မည်း ကဲ့သို့သော စွမ်းအင် အစုအဝေး တစ်ခု ရူးသွပ်စွာ လှုပ်ရှား စီးဆင်းနေသည်ကို ချက်ချင်း ခံစားသိရှိလိုက်ရလေသည်။

အကယ်၍ သူ ခန့်မှန်းတာ မမှားဘူး ဆိုပါက နောင်တွင် အရိပ် ကိုယ်ပွား များကို ဖန်တီးရာ၌ ဤ အရိပ်မည်း အစုအဝေး ထဲမှနေ၍ ထုတ်ယူ အသုံးပြုရမည် ဖြစ်လေသည်။

ကျိုးဟန် သည် ခန္ဓာကိုယ် အတွင်းပိုင်း အခြေအနေကို အလွန် ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။ ဤ အရိပ်မည်း အစုအဝေး မှာ ခန္ဓာကိုယ် အတွင်း တစ်ပတ် လှည့်လည် စီးဆင်းပြီးနောက် ဝိညာဉ် ကိန်းအောင်းနေသော နေရာသို့ တိုက်ရိုက် ရောက်ရှိသွားလေသည်။

ထို့နောက် အပ်ဖြင့် ထိုးစိုက်ခံရသကဲ့သို့ ပြင်းထန် စူးရှသော နာကျင်မှုများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။ ကျိုးဟန် ၏ ဝိညာဉ် မှာ အစွမ်းထက်လှသော်လည်း ဤကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရလေသည်။

ကျွမ်းကျင်မှုစွမ်းရည် အပေါ်တွင် ရေးသားထားသော ကန့်သတ်ချက် ကို သူ ချက်ချင်းပင် သဘောပေါက်သွားလေသည်။ ဝိညာဉ်စွမ်းအား မလုံလောက်သူများ အနေဖြင့် လေ့ကျင့် သင်ယူပါက သေချာပေါက် ပေါက်ကွဲ သေဆုံးသွားမည် ဖြစ်လေသည်။

ကျိုးဟန် ကိုယ်တိုင် တွေ့ကြုံ ခံစားလိုက်ရပြီး သာမန်မျှသာဟု ထင်ရသော်လည်း အမှန်တကယ်တွင် အဆုံးအစမဲ့သော စွမ်းအားများ ကိန်းအောင်းနေသည့် ထို အရိပ်မည်း အစုအဝေး က ယူဆောင်လာပေးသော ဖိအားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ကျိုးဟန် သည် နဖူးထက်မှ ချွေးစက်များကို သုတ်ဖယ်လိုက်ပြီး အန္တရာယ်ကြားမှ ဘေးကင်းစွာ ကျော်ဖြတ်နိုင်ခဲ့လေသည်။ ထို့နောက် ထို အရိပ်မည်း အစုအဝေး မှာ ဝိညာဉ် နှင့် တဖြည်းဖြည်း ပေါင်းစပ်သွားပြီး ဝိညာဉ် ၏ အနက်ရှိုင်းဆုံး နေရာ၌ ပုန်းကွယ်သွားလေတော့သည်။

ဤသို့ဖြင့် ဖြစ်စဉ် အားလုံး ပြီးဆုံးသွားခဲ့ပြီး ကျိုးဟန် သည် တစ္ဆေ အရိပ် ကိုယ်ပွား ကျွမ်းကျင်မှုစွမ်းရည် ကို အပြည့်အဝ ကျွမ်းကျင် ပိုင်နိုင်သွားခဲ့လေပြီ။

"ကျိုးဟန်... နင် ကျွမ်းကျင်မှုစွမ်းရည် ကို သင်ယူပြီးသွားပြီလား... ငါတို့ကို အတိအကျ အကျိုးသက်ရောက်မှု ကို တစ်ချက်လောက် ပြပါလားနော်..."

ကက်သရင်း က မျှော်လင့်တကြီးဖြင့် ပြောလိုက်လေသည်။ မည်သို့ပင်ဆိုစေ ဤ ကျွမ်းကျင်မှုစွမ်းရည် မှာ အတော်လေး ဆော့ကစားရန် ကောင်းမွန်သည် မဟုတ်ပါလား။

"ဘာတွေ တွေးနေတာလဲ... ငါက အဲဒီလောက် ကြွားလုံးထုတ်ချင်တဲ့ လူမျိုး ဖြစ်နေလို့လား..."

ကျိုးဟန် သည် ကက်သရင်း ၏ ချောမွေ့သော နဖူးလေးကို လက်ချောင်းဖြင့် ဖွဖွလေး တောက်လိုက်ပြီး စကားမပြောနိုင် ဖြစ်စွာဖြင့် ပြောလိုက်လေသည်။

"အော် ဟုတ်သားပဲ... ဒါက စစ်တလင်း ကို ရှင်းလင်းရမယ့် အချိန် မဟုတ်ဘူးလား... နင် ကိုယ်ပွား တွေကို ဆင့်ခေါ်ပြီး သူတို့ကို ကူညီ ရှင်းလင်းခိုင်းလိုက်လေ... ဒါဆိုရင် အလုပ်တွင်တာ ပိုမြန်သွားမှာပေါ့..."

ကက်သရင်း ၏ သွက်လက်သော မျက်လုံးလေးများ လည်ပတ်သွားပြီး ကောင်းမွန်သော အကြံတစ်ခုကို တွေးမိသွားလေသည်။

"မင်းက အပျင်းထူချင်နေတာပဲ... စစ်တလင်း ကို မရှင်းလင်းချင်လို့ ဆင်ခြေ ရှာနေတာ မဟုတ်လား... ဒါပေမဲ့ မင်းရဲ့ အကြံပြုချက် ကတော့ တကယ်ကို မဆိုးပါဘူးကွာ..."

ကျိုးဟန် သည် စကားလမ်းကြောင်း လွှဲလိုက်ပြီး ကက်သရင်း ၏ အကြံပြုချက်ကို သဘောတူလိုက်လေသည်။ မည်သို့ပင်ဆိုစေ ကိုယ်ပွား များ၏ အကျိုးသက်ရောက်မှုကို သူကိုယ်တိုင်လည်း မကြည့်ရှုချင်ဘူးဟု ပြောမည်ဆိုလျှင် ၎င်းမှာ လိမ်ညာရာ ကျပေလိမ့်မည်။

စစ်တလင်း ကြီးထဲတွင် တစ္ဆေ လမ်းစဉ် ဂိုဏ်း မှ တပည့်များစွာ နှင့် အစောင့်အရှောက်များ အကြီးအကဲများ အစရှိသဖြင့် အလောင်းများစွာ ရှိနေလေသည်။ အရေအတွက်မှာ အတော်လေး များပြားသဖြင့် ရှောင်ယန် နှင့် ကက်သရင်း တို့ နှစ်ယောက်တည်းကိုသာ ရှင်းလင်းခိုင်းမည် ဆိုပါက အချိန်အတော်ကြာ ယူရမည် ဖြစ်လေသည်။

"ထွက်လာခဲ့စမ်း... အရိပ် ကိုယ်ပွား တွေ..."

ကျိုးဟန် သည် လက်သင်္ကေတ ပြုလုပ်ကာ ဆင့်ခေါ်ခြင်းကို စတင်လိုက်လေသည်။

ဝိညာဉ် ၏ အနက်ရှိုင်းဆုံး နေရာရှိ ထို အရိပ်မည်း အစုအဝေး မှာ ကျိုးဟန် ၏ ခန္ဓာကိုယ် ထဲမှနေ၍ လွင့်ပျံ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရလေသည်။ ထို့နောက် အလွန် မြန်ဆန်သော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ခွဲထွက်သွားလေသည်။

အချိန်တိုလေး အတွင်းမှာပင် မျက်နှာပေါ်တွင် တည်ငြိမ်သော အပြုံးများ ဆင်မြန်းထားသည့် ကျိုးဟန် ကိုယ်ပွား တစ်သောင်း အဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့ကိုယ်ပေါ်ရှိ ခမ်းနား ကြီးကျယ်သော အရှိန်အဝါ များမှာ အစစ်အမှန် ခန္ဓာကိုယ် နှင့် တစ်ထပ်တည်း တူညီနေလေသည်။

"အစ်ကိုကြီး... မိုက်တယ်ဗျာ..."

"ထူးဆန်းတယ်... တကယ်ကို အံ့သြစရာ ကောင်းလွန်းတယ်..."

ရှောင်ယန် သည်လည်း အနားသို့ ကပ်လာကာ အံ့အားသင့်စွာဖြင့် ပြောလိုက်လေသည်။

သူ ရောက်ရှိလာချိန်တွင် ငတ်မွတ် တစ္ဆေ ဘုန်းတော်ကြီး ၏ ကိုယ်ပွား အများစုမှာ ချေမှုန်းခံလိုက်ရပြီ ဖြစ်ရာ ကိုယ်ပွား များ၏ မြင်ကွင်းကို သူ သဘာဝကျကျပင် မမြင်တွေ့လိုက်ရချေ။ ထို့ကြောင့် ယခု ကျိုးဟန် ထုတ်ဖော်ပြသလိုက်သော စွမ်းရည်ကို မြင်တွေ့လိုက်ရချိန်တွင် သူ၏ ရင်တွင်းရှိ တုန်လှုပ်မှုများမှာ ဖော်ပြ၍ပင် မရနိုင်အောင် ဖြစ်နေလေသည်။

"သခင်ကြီး ကို ဂုဏ်ပြုပါတယ်... နောက်ထပ် နတ်ဘုရားအဆင့် ကျွမ်းကျင်မှုစွမ်းရည် တစ်ခုကို ထပ်ရသွားပြန်ပြီပဲ..."

"သခင်ကြီး ကတော့ တကယ်ကို ပြိုင်ဘက်ကင်းတာပဲ... စကားပြော ရယ်မောနေရင်းနဲ့ကို ဒီ ဘာမှမဟုတ်တဲ့ အလကား ဘုန်းကြီး ကို ပြာကျသွားအောင် လုပ်လိုက်နိုင်တာပဲ..."

ထောက်ထျဲ့ က ဖော်လံဖားကာ ပြောလိုက်လေသည်။

ငတ်မွတ် တစ္ဆေ ဘုန်းတော်ကြီး အသတ်ခံလိုက်ရပြီးနောက် နတ်ဘုရား ချုပ်နှောင်ရေး မဟာ အစီအရင် မှာလည်း အကျိုးသက်ရောက်မှု ပျောက်ကွယ်သွားပြီး အစီအရင် ၏ အဓိက အစိတ်အပိုင်းများပါ ပျောက်ကွယ်သွားခဲ့လေသည်။

ဤသည်က ကျိုးဟန် ကို အနည်းငယ် နှမြောတသ ဖြစ်သွားစေလေသည်။ မည်သို့ပင်ဆိုစေ ဤအရာမှာ ရှေးဟောင်း အစီအရင် တစ်ခု ဖြစ်ရာ အကယ်၍ သူသာ ရယူနိုင်မည် ဆိုပါက သူ၏ အထောက်အကူပြု နည်းလမ်းများမှာ သေချာပေါက် ပိုမို အစွမ်းထက်လာမည် မဟုတ်ပါလား။

"ရပြီ... မင်း အခု ဘယ်လို ဆက်လုပ်ဖို့ စဉ်းစားထားလဲ..."

ကျိုးဟန် သည် ထောက်ထျဲ့ ၏ စကားများကို တားဆီးလိုက်ပြီး မေးမြန်းလိုက်လေသည်။

"ကျွန်တော် တစ်ယောက်တည်းပဲ ဆက်ပြီး သွားဖို့ ဆုံးဖြတ်ထားပါတယ်... ဒါမှ အကျိုးအမြတ် ပိုပြီး ကြီးမားနိုင်မှာပါ..."

"ဒါပေမဲ့ နောက်ဆိုရင် ကျွန်တော် သေချာပေါက် သတိထားပါ့မယ်... သခင်ကြီး ကို ဒုက္ခ မပေးမိအောင် အတတ်နိုင်ဆုံး နေပါ့မယ်..."

ထောက်ထျဲ့ က ရိုသေစွာဖြင့် ပြောလိုက်လေသည်။

ဤတစ်ကြိမ် သူတစ်ပါး၏ ယုတ်မာသော လှည့်ကွက်နှင့် ကြုံတွေ့ခဲ့ရပြီးနောက် သူသည် လွန်ကဲစွာ မောက်မာ၍ မရကြောင်းကို သိရှိသွားခဲ့လေပြီ။ လှုပ်ရှားမှုများ အလွန် ကြီးမားနေပါက အခြားသူများ၏ စူးစမ်း ထောက်လှမ်းမှုကို အလွယ်တကူ ခံရနိုင်လေသည်။

ထို့အပြင် ၎င်း၏ အစွမ်းထက်သော စွမ်းအားများဖြင့် အကယ်၍ မယှဉ်ပြိုင်နိုင်သော ပြိုင်ဘက်များနှင့် ကြုံတွေ့ရလျှင်ပင် ကြိုတင် သတိထားမှုများ ရှိနေပါက ထွက်ပြေး လွတ်မြောက်နိုင်မည့် အခွင့်အရေးများစွာ ရှိနေလေသည်။

"ကောင်းပြီ... ဒါဆိုလည်း မင်း သွားတော့လေ..."

ကျိုးဟန် က လက်ဝှေ့ယမ်းကာ ထောက်ထျဲ့ ၏ အကြံအစည်ကို သဘောတူလိုက်လေသည်။

များများစားစား ထပ်မံ မှာကြားနေရန် မလိုအပ်တော့ချေ။ အကယ်၍ ထောက်ထျဲ့ အနေဖြင့် မှတ်ဉာဏ် မရှိသေးဘဲ ဤကဲ့သို့ တုံးအသော အကောင်မျိုး သေသွားမည် ဆိုလျှင်လည်း သေပါစေတော့ ဟုသာ သဘောထားလိုက်တော့မည် ဖြစ်လေသည်။

စစ်တလင်း ကြီးကို ရှင်းလင်း သိမ်းဆည်းပြီးနောက်...

ကျိုးဟန် သည် သူ၏ ကိုယ်ပွား များကို ခေါ်ဆောင်ကာ ကက်သရင်း ကို ဝိုင်းရံထားလိုက်ပြီး မျက်နှာပေါ်တွင် မကောင်းဆိုးဝါး ဆန်သော လူဆိုးကြီး တစ်ယောက်၏ အပြုံးကို ဆင်မြန်းထားလေသည်။

"ကျိုးဟန်... နင်... နင် ဘာလုပ်ချင်တာလဲ…”

အခန်း ၃၀၆ ကောင်းကင် ကံကြမ္မာ မှော်ဆေးလုံး

ရုတ်တရက် မကောင်းဆိုးဝါးဆန်သော အပြုံးများဖြင့် ဝိုင်းရံလာသည့် ကိုယ်ပွား ကျိုးဟန် များစွာကြောင့် ကက်သရင်း၏ ရင်ထဲတွင် အကြောင်းပြချက်မရှိဘဲ စိုးရိမ်ထိတ်လန့်သွားကာ အားငယ်သောအသံလေးဖြင့် ပြောလိုက်လေသည်။

"နင် ဘာလုပ်ချင်တာလဲလို့ ငါ့ကို မေးနေတာလား"

"နင်ပဲ စဉ်းစားကြည့်လေ"

ကျိုးဟန်သည် မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်ပြီး သူ၏ ကိုယ်ပွားများစွာကို ဖြည်းညှင်းစွာ ကပ်လာရန် အမိန့်ပေးလိုက်လေသည်။

"အာ အနားမလာနဲ့နော်"

ကက်သရင်းမှာ ပြာယာခတ်သွားပြီး ကျိုးဟန်၏ အစစ်အမှန်ခန္ဓာကိုယ် ရင်ခွင်ထဲသို့ ရုတ်တရက် တိုးဝင်သွားကာ ငြင်းဆန်၍ ပြောလိုက်လေသည်။

ကိုယ်ပွားများ၏ အထိအတွေ့ကို ခံရမည်ထက်စာလျှင် ကျိုးဟန်၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် ထိတွေ့ရခြင်းကို သူမက ပို၍ သဘောကျလေသည်။

"ဟားဟားဟား"

"ငါက နင့်ကို စနောက် ခြောက်လှန့်နေတာပါ ကြည့်ပါဦး လန့်သွားလိုက်တာ"

ကျိုးဟန်သည် ရင်ခွင်ထဲတွင် အနည်းငယ် တုန်ရီနေသော ကက်သရင်းကို ကြည့်ကာ ပြုံး၍ ပြောလိုက်လေသည်။

"မုန်းစရာကောင်းလိုက်တာ ကျိုးဟန် နင်က တကယ်ကို လူဆိုးကြီးပဲ"

"သေအောင် ကိုက်ပစ်မယ်နော်"

ကက်သရင်းမှာ ကြောက်လန့်နေဆဲပင် ဖြစ်လေသည်။ အကယ်၍သာ ကိုယ်ပွား ကျိုးဟန် အများအပြားနှင့် ထိုသို့တကယ်ဖြစ်ခဲ့မည်ဆိုလျှင် တွေးကြည့်ရုံဖြင့်ပင် အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ကျိုးဟန်တွင် ထိုကဲ့သို့သော ထူးဆန်းသည့် အကျင့်စရိုက်မျိုး မရှိချေ။ အဓိကအားဖြင့် ယခင်က ကက်သရင်းသည် သူ၏ ယောက်ျားမာနကို အနည်းငယ် စိန်ခေါ်ခဲ့သောကြောင့် ယခု ရုတ်တရက် အကြံရကာ ဤနည်းလမ်းဖြင့် သူမကို ခြောက်လှန့်လိုက်ခြင်း ပင်ဖြစ်သည်။

ခေတ္တမျှ စနောက်နေပြီးနောက် ကျိုးဟန်သည် အမိန့်ပေးလိုက်လေသည်။

"ကဲ တော်ပြီ မင်းတို့ စစ်ဆေးပြီးသား ပစ္စည်းတွေကို တစ်နေရာတည်း စုထားလိုက်ကြ"

ထို့နောက် ကိုယ်ပွားများကို ထိန်းချုပ်နိုင်သည့် အဝေးဆုံး အကွာအဝေးကို စမ်းသပ်ကြည့်လိုက်ရာ မီတာ တစ်ထောင့်ငါးရာခန့်သာ အကန့်အသတ်ဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။

ထိုထက်ပိုဝေးသွားပါက ကိုယ်ပွားများသည် အလိုအလျောက် အဆက်အသွယ် ပြတ်တောက်သွားပြီး အနက်ရောင် စွမ်းအင်များအဖြစ် ပြောင်းလဲကာ ကျိုးဟန်၏ ဝိညာဉ်ထဲသို့ ပြန်လည် ဝင်ရောက်သွားမည် ဖြစ်လေသည်။

[အသိပေးချက် - သင်၏ တစ္ဆေ အရိပ် ကိုယ်ပွား ကျွမ်းကျင်မှုစွမ်းရည် မှာ စောင့်ဆိုင်းရမည့်အချိန် အတွင်း ရောက်ရှိနေသဖြင့် ယာယီအားဖြင့် ဆင့်ခေါ်၍ မရနိုင်ပါ]

[လက်ရှိ စောင့်ဆိုင်းရမည့်အချိန် ပြီးဆုံးရန် ရှစ်နာရီ ကျန်ရှိပါသေးသည်]

ကျိုးဟန်သည် ကိုယ်ပွားများ အားလုံးကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ကျွမ်းကျင်မှုစွမ်းရည်ကို ထပ်မံ အသုံးပြုကာ ဆင့်ခေါ်ရန် ပြင်ဆင်လိုက်ချိန်တွင် စနစ်ထံမှ အသိပေးချက်ကို ရရှိလိုက်လေသည်။

'ကြည့်ရတာ ကျွမ်းကျင်မှုစွမ်းရည် ရဲ့ စောင့်ဆိုင်းရမည့်အချိန် က ရှစ်နာရီ ဖြစ်ရမယ်'

အချက်အလက် မျက်နှာပြင်ပေါ်တွင် ဖော်ပြမထားသော လျှို့ဝှက် အချက်အလက် များကို ကျိုးဟန် ထပ်မံ စမ်းသပ် တွေ့ရှိသွားခဲ့လေသည်။

သို့သော် ဤစောင့်ဆိုင်းရမည့်အချိန်မှာ သိပ်မကြာလှသဖြင့် အပြည့်အဝ လက်ခံနိုင်စရာ ပင်ဖြစ်သည်။

ဆက်လက်၍ ကျိုးဟန်သည် တိုက်ပွဲမှ ရရှိလာသော ပစ္စည်းများကို စစ်ဆေးကြည့်ရှုလိုက်သော်လည်း သတိထားစရာကောင်းသော အရာများ မပါဝင်ချေ။

သို့သော် သူ၏ လက်ထဲတွင် ငတ်မွတ် တစ္ဆေ ဘုန်းတော်ကြီး ကို သတ်ဖြတ်ရာမှ ကျဆင်းလာသော ဧကရာဇ်အဆင့် အရည်အသွေးရှိသည့် မှော်ဆေးလုံး တစ်လုံး ရှိနေသေးလေသည်။

ထိုအချက်ကို တွေးမိပြီးနောက် ကျိုးဟန်သည် အကဲဖြတ်စစ်ဆေးခြင်းကို အသုံးပြုကာ အခြေခံစွမ်းရည်များကို စစ်ဆေးကြည့်ရှုလိုက်လေသည်။

[ကောင်းကင် ကံကြမ္မာ မှော်ဆေးလုံး]

[အရည်အသွေး - ကြယ်ရှစ်ပွင့် ဧကရာဇ်အဆင့်]

[အမျိုးအစား - အထောက်အကူပြု မှော်ဆေးလုံး]

[ဖော်ပြချက် - မှော်ဆေးလုံး ဖန်တီးရှင် ဆရာသခင် တစ်ဦးမှ ရုတ်တရက် အကြံဉာဏ် ရရှိကာ ဖန်တီးထားသော မှော်ဆေးလုံး ဖြစ်ပြီး ၎င်းအတွင်း၌ ကောင်းကင် ကံကြမ္မာ စွမ်းအား အနည်းငယ် ကိန်းအောင်းနေပုံ ရပါသည်၊ ထူးခြားသော စွမ်းအား တစ်မျိုး ဖြစ်ပြီး ကောင်းကျိုး များစွာကို ယူဆောင်လာပေးနိုင်စွမ်း ရှိပါသည်]

[အကျိုးသက်ရောက်မှု - စားသုံးပြီးနောက် တစ်မိနစ် အတွင်း ကံကောင်းခြင်း အမှတ် ၁၈ မှတ် တိုးလာမည် ဖြစ်ပါသည်၊ တိကျသော အကျိုးသက်ရောက်မှုများမှာ နေရာဒေသ အပေါ် မူတည်၍ ကျပန်း အသက်ဝင်မည် ဖြစ်ပါသည်]

[အခြေအနေ - လက်ရှိတွင် အငွေ့ပျံနေသော အခြေအနေ၌ ရှိနေပြီး ဆယ်မိနစ် အတွင်း အသုံးပြုပါ၊ ထိုသို့မဟုတ်ပါက ကောင်းကင် ကံကြမ္မာ စွမ်းအားများ လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်ပါသည်]

[ရှင်းလင်းချက် - အကြိမ်များစွာ အသုံးပြုပါကလည်း အကျိုးသက်ရောက်မှုများကို ထပ်မံ ပေါင်းစပ်၍ မရနိုင်ပါ]

ကျိုးဟန် ကြည့်ရှုပြီးနောက် ဤကဲ့သို့သော မှော်ဆေးလုံး မျိုးက သူ၏ မျှော်လင့်ချက်များထက် ကျော်လွန်နေကြောင်း တွေ့ရှိလိုက်ရလေသည်။

"ကောင်းကင် ကံကြမ္မာ စွမ်းအားလား ကံကောင်းခြင်း အမှတ်ကို တိုးစေတာပဲ"

ဤမျှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားမျိုး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ ဤကဲ့သို့သော ပစ္စည်းမျိုးကို ပထမဆုံးအကြိမ် ရရှိဖူးခြင်း ပင်ဖြစ်သည်။

ယခင်ကလည်း ကျိုးဟန်သည် ကံကောင်းခြင်း အမှတ်ကို ရရှိခဲ့ဖူးလေသည်။ ၎င်းမှာ အိုးဟွမ် နှင့် ကုံးလျို့ တို့ထံမှ ကံကောင်းခြင်း အမှတ် အနည်းငယ်ကို လုယူခဲ့ခြင်း ပင်ဖြစ်သည်။

ထို့နောက်ပိုင်းတွင် ပိုမို ကံကောင်းလာခြင်း ရှိမရှိ ဆိုသည်ကိုမူ ကျိုးဟန် အနေဖြင့် သတိမထားမိခဲ့ချေ။

ယခင်ကနှင့် နှိုင်းယှဉ်ပါက များစွာ ပြောင်းလဲသွားပုံ မရသဖြင့် ကံကောင်းခြင်း အမှတ် နည်းပါးလွန်းသောကြောင့် ဖြစ်မည်ဟု ကျိုးဟန် တွေးတောမိလေသည်။

ယခု ဤ ကောင်းကင် ကံကြမ္မာ မှော်ဆေးလုံး မှာ ကံကောင်းခြင်း အမှတ် ၁၈ မှတ်အထိ တိုးမြှင့်ပေးနိုင်လေသည်။

မည်သို့သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာမည်ကို ကျိုးဟန် မသိရှိသော်လည်း ဤပမာဏမှာ အလွန် အားရစရာ ကောင်းလှပေသည်။

'ဒုက္ခပဲ မှော်ဆေးလုံး အာနိသင် က အခု အငွေ့ပျံနေတဲ့ အခြေအနေ ဖြစ်နေပြီ မြန်မြန် စားမှ ရတော့မယ်'

အခြေအနေ ကို တွေ့လိုက်ရပြီးနောက် ကျိုးဟန် ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားလေသည်။

အချိန်ဆယ်မိနစ် သာ ကျန်ရှိတော့သဖြင့် သိုလှောင်ထားပြီး ကံကောင်းခြင်း အမှတ် ဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်း သေချာစွာ နားလည်ပြီးမှ စားသုံးမည် ဟူသော အတွေးမှာ လုံးဝ မဖြစ်နိုင်တော့ချေ။

'ဟူး ဘာပဲဖြစ်ဖြစ် ဒီ မှော်ဆေးလုံး ကို မရခဲ့ဘူးလို့ပဲ သဘောထားလိုက်တော့မယ်'

ကျိုးဟန် သည် များများစားစား မတွေးတော့ဘဲ အဆင့်မြှင့်တင်ခြင်း ကို တိုက်ရိုက် အသုံးပြုလိုက်လေသည်။

[အသိပေးချက် - သင်သည် မွေးရာပါ စွမ်းရည် အဆုံးမဲ့ အဆင့်မြှင့်တင်ခြင်း ကို အသုံးပြုကာ ကြယ်ရှစ်ပွင့် ဧကရာဇ်အဆင့် အရည်အသွေးရှိသော မှော်ဆေးလုံး ကောင်းကင် ကံကြမ္မာ မှော်ဆေးလုံး ကို (၁၀ကြိမ်မြှင့်) ခြင်း အောင်မြင်သွားပါပြီ၊ အခြေခံစွမ်းရည် အသစ်များကို ဖန်တီး ပြီးစီးသွားပြီ ဖြစ်သဖြင့် ကျေးဇူးပြု၍ စစ်ဆေးကြည့်ရှုပါ]

အဖြူရောင် အလင်းတန်းများ လင်းလက်သွားပြီးနောက် အဆင့်မြှင့်တင်ခြင်း ပြီးဆုံးသွားခဲ့လေသည်။

ကျိုးဟန် သည် အချက်အလက် မျက်နှာပြင် ကို ဖွင့်လှစ်လိုက်ရာ အထက်ပါ အချက်အလက်များမှာ အသစ် ပြန်လည် ထွက်ပေါ်လာလေပြီ။

[ကောင်းကင် ကံကြမ္မာ မှော်ဆေးလုံး (၁၀ကြိမ်မြှင့်)]

[အရည်အသွေး - ကြယ်ရှစ်ပွင့် ဧကရာဇ်အဆင့်]

[အမျိုးအစား - အထောက်အကူပြု မှော်ဆေးလုံး]

[ဖော်ပြချက် - မှော်ဆေးလုံး ဖန်တီးရှင် ဆရာသခင် တစ်ဦးမှ ရုတ်တရက် အကြံဉာဏ် ရရှိကာ ဖန်တီးထားသော မှော်ဆေးလုံး ဖြစ်ပြီး ၎င်းအတွင်း၌ ကောင်းကင် ကံကြမ္မာ စွမ်းအား အနည်းငယ် ကိန်းအောင်းနေပုံ ရပါသည်၊ ထူးခြားသော စွမ်းအား တစ်မျိုး ဖြစ်ပြီး ကောင်းကျိုး များစွာကို ယူဆောင်လာပေးနိုင်စွမ်း ရှိကာ ထင်မှတ်မထားသော ကိစ္စရပ်များကို အသက်ဝင်စေနိုင်ပါသည်]

[အကျိုးသက်ရောက်မှု - စားသုံးပြီးနောက် ငါးမိနစ် အတွင်း ကံကောင်းခြင်း အမှတ် ၁၀၀ မှတ် တိုးလာမည် ဖြစ်ပါသည်၊ တိကျသော အကျိုးသက်ရောက်မှုများမှာ နေရာဒေသ အပေါ် မူတည်၍ ကျပန်း အသက်ဝင်မည် ဖြစ်ပါသည်]

[အခြေအနေ - သိုလှောင်မှု အားနည်းချက်ကြောင့် လက်ရှိတွင် အငွေ့ပျံနေသော အခြေအနေ၌ ရှိနေပြီး ကိုးမိနစ် အတွင်း အသုံးပြုပါ၊ ထိုသို့မဟုတ်ပါက ကောင်းကင် ကံကြမ္မာ စွမ်းအားများ လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်ပါသည်]

[ရှင်းလင်းချက် - အကြိမ်များစွာ အသုံးပြုပါကလည်း အကျိုးသက်ရောက်မှုများကို ထပ်မံ ပေါင်းစပ်၍ မရနိုင်ပါ၊ အကျိုးအမြတ်ကို အများဆုံး ရရှိစေရန်အတွက် လျှို့ဝှက်ဆန်းကြယ်သော နေရာ အချို့တွင် အသုံးပြုရန် အကြံပြုအပ်ပါသည်]

'သိပ်ကောင်းတာပဲ အရမ်းကို မိုက်တာပဲ စားလိုက်တာနဲ့ ငါးမိနစ် အတွင်းမှာ ငါ့ရဲ့ ကံကောင်းခြင်း အမှတ် က တစ်ရာ အထိ ရောက်သွားမှာပါလား ဒီတစ်ခါတော့ လုံးဝကို ကောင်းကင် ပျံတက်သွားပြီပဲ'

ကျိုးဟန် ၏ မျက်နှာပေါ်တွင် ရူးသွပ်သော ဝမ်းသာမှုများ ထွက်ပေါ်လာလေသည်။

ဧကရာဇ်အဆင့် အရည်အသွေးရှိသော မှော်ဆေးလုံး တစ်လုံးက ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ အလွန် အံ့သြစရာ ကောင်းလွန်းလှပေသည်။

ဖော်ပြချက် အရ မှော်ဆေးလုံး ဖန်တီးရှင် ဆရာသခင် သည် ရုတ်တရက် အကြံဉာဏ် ရရှိကာ ဤမျှ လျှို့ဝှက်ဆန်းကြယ်သော မှော်ဆေးလုံးကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ကျိုးဟန် သိရှိလိုက်လေသည်။

ထိုသို့မဟုတ်ပါက ဤကဲ့သို့ အဆင့်အတန်းရှိသော မှော်ဆေးလုံး မှာ ဧကရာဇ်အဆင့် အရည်အသွေး သက်သက်ဖြင့် လုံးဝ ရရှိနိုင်မည် မဟုတ်ချေ။

ထို့နောက် တိုက်ဆိုင်စွာပင် ဤ မှော်ဆေးလုံး ကို ကျိုးဟန် ရရှိသွားခဲ့ပြီး အဆုံးမဲ့ အဆင့်မြှင့်တင်ခြင်း မွေးရာပါ စွမ်းရည် ၏ အောက်တွင် ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်သော အကျိုးသက်ရောက်မှု များကို ရရှိသွားခဲ့လေသည်။

မည်သည့်နေရာတွင် စားသုံးရမည်ကိုမူ ကျိုးဟန် အစောကတည်းက စဉ်းစားပြီး ဖြစ်လေသည်။

လက်ရှိအချိန်တွင် ဝိညာဉ် ဖိနှိပ်ရေး မျှော်စင် ထက် ပိုမို လျှို့ဝှက်ဆန်းကြယ်သော နေရာ ရှိပါသေးသလော။

'အခု အချိန် ကိုးမိနစ်ပဲ ကျန်တော့တယ် အချိန်ဆွဲနေလို့ မရတော့ဘူး'

အနည်းငယ်မျှ တွေဝေမနေဘဲ ကျိုးဟန် သည် လေပြင်း စွမ်းအားများကို အသက်သွင်းလိုက်ပြီး ဤတစ်ကြိမ်တွင် အမြန်ဆုံးသော ပျံသန်းမှု အမြန်နှုန်းကို ထုတ်ဖော် အသုံးပြုရန် ပြင်ဆင်လိုက်လေသည်။

ထိုသို့မဟုတ်ပါက ဝိညာဉ် ဖိနှိပ်ရေး မျှော်စင် သို့ မရောက်ရှိမီမှာပင် ဤ ကောင်းကင် ကံကြမ္မာ မှော်ဆေးလုံး ကို အတင်းအကြပ် စားသုံးရမည် ဖြစ်လေသည်။

မှော်ဆေးလုံး ၏ အာနိသင် အသက်ဝင်မည့် အချိန်မှာ ငါးမိနစ် သာ ရှိပြီး အချိန်မှာ အလွန် ကန့်သတ်ချက် ရှိလေသည်။

တစ်မိနစ် အချိန်ဖြုန်းရန် မဆိုထားနှင့် တစ်စက္ကန့်လေး အချိန်ဖြုန်းတီးလိုက်ရလျှင်ပင် အလွန် နှမြောစရာ ကောင်းသည်ဟု ကျိုးဟန် ခံစားရလေသည်။

"သွားကြမယ်"

ကျိုးဟန် သည် အပိုစကားများ မဆိုတော့ဘဲ ကက်သရင်း ကို ပွေ့ချီလိုက်လေသည်။

"ရှောင်ယန် ရရှိလာတဲ့ ပစ္စည်းတွေကို အကုန် သေချာ သိမ်းထားလိုက်"

စကားတစ်ခွန်း ချန်ထားရစ်ခဲ့ပြီးနောက် ဝိညာဉ် ဖိနှိပ်ရေး မျှော်စင် ရှိရာ အရပ်ဆီသို့ အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် ပျံသန်း ထွက်ခွာသွားလေတော့သည်။

ရှောင်ယန် မှာ စကားမပြောနိုင် ဖြစ်ကျန်ရစ်ခဲ့လေသည်။

မြေပြင်ပေါ်တွင် ကျန်ရှိနေသော ဧကရာဇ်အဆင့် ဝတ်စုံ အချို့နှင့် မှော်လက်နက် များကို မြင်တွေ့လိုက်ရချိန်တွင်မှ ရှောင်ယန် ၏ စိတ်နေစိတ်ထား မှာ အနည်းငယ် ပြန်လည် ကောင်းမွန်သွားခဲ့လေသည်။

"အရှင် ဖူအာ ကို သတင်းပို့ပါတယ် ဒီနေရာနဲ့ သိပ်မဝေးတဲ့ နေရာ တစ်ခုမှာ ပြင်းထန်တဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ထောက်လှမ်းရေး တွေဆီကနေ သတင်း ရရှိထားပါတယ်"

တစ္ဆေဘုရင် အစောင့်အရှောက် တစ်ယောက်က သတင်းပို့လိုက်လေသည်။

"အို တိုက်ပွဲ ဟုတ်လား တိကျတဲ့ နေရာကိုရော ထောက်လှမ်းမိရဲ့လား"

တစ္ဆေ စစ်သူကြီး ဖူအာ သည် စစ်မြင်း ပေါ်တွင် ထိုင်ကာ ခပ်အေးအေးပင် မေးလိုက်လေသည်။

"အဲဒီ နေရာက ကျွန်တော် မှတ်မိသလောက် ဆိုရင် တစ္ဆေ လမ်းစဉ် ဂိုဏ်း ရဲ့ နယ်မြေ ဖြစ်ပါတယ်"

အစောင့်အရှောက် က ပြန်လည် ဖြေကြားလိုက်လေသည်။

All Chapters