အခန်း (၃၀၇-၃၀၈)
Vol. 31 Ch. 307-308
အခန်း ၃၀၇ မလွှဲသာဘဲ ပြန်လည်သတ်ဖြတ်ခြင်း
"တစ္ဆေ လမ်းစဉ် ဂိုဏ်း လား..."
"ငတ်မွတ် တစ္ဆေ ဘုန်းတော်ကြီး ရဲ့ စွမ်းအားက အရမ်း အစွမ်းထက်လွန်းတယ်... ပြဿနာကို ရှောင်နိုင်ရင် အကောင်းဆုံးပဲ... ငါတို့တွေ သွားမပတ်သက်တာ ပိုကောင်းမယ်..."
ဖူအာ၏ မျက်နှာပေါ်တွင် ပြင်းထန်သော ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားလေသည်။
ထိုကဲ့သို့သော အဆင့်အတန်းရှိသည့် ပုဂ္ဂိုလ်မျိုးကို မြေအောက် ကမ္ဘာ တစ္ဆေ ဧကရာဇ် ပင်လျှင် အလွယ်တကူ သွားရောက် မရန်စရဲချေ။ သူလို တစ္ဆေ စစ်သူကြီး တစ်ယောက် အနေဖြင့်ဆိုလျှင် ပို၍ပင် ပြောနေစရာ မလိုတော့ပေ။
ထို့ကြောင့် သူသည် အသေးစိတ် အခြေအနေကို စူးစမ်းရန် လုံးဝ ငြင်းဆန်လိုက်လေသည်။
"အမိန့်အတိုင်းပါပဲ..."
အစောင့်အရှောက်များသည် ထိုအရပ်မျက်နှာမှ ရှောင်ကွင်းရန် မြင်းများကို လှည့်လိုက်ကြလေသည်။
ရုတ်တရက် အလောတကြီး ခြေသံများ ထွက်ပေါ်လာပြီး အဝေးမှနေ၍ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်လေသည်။
"အရှင် ဖူအာ... ကျွန်တော့်မှာ အရေးကြီးတဲ့ သတင်းပို့စရာ ရှိပါတယ်..."
"အရှင်မင်းကြီး... သူက တစ္ဆေ လမ်းစဉ် ဂိုဏ်း ရဲ့ အခြေအနေကို ထောက်လှမ်းဖို့ တာဝန်ယူထားတဲ့ ထောက်လှမ်းရေး ပါပဲ..."
"အို... သူ့ကို ဒီကို လွှတ်လိုက်စမ်း..."
ဖူအာသည် ခေါင်းညိတ်ပြလိုက်လေသည်။ တစ်ဖက်လူမှာ ဤမျှ အလောတကြီး ဖြစ်နေသဖြင့် ကိစ္စရပ်မှာ သေချာပေါက် ရိုးရှင်းမည် မဟုတ်ချေ။
'ကျိုးဟန် ရဲ့ သဲလွန်စကိုများ ရှာတွေ့တာလား...'
ဖူအာ၏ ရင်ထဲတွင် အနည်းငယ် မျှော်လင့်နေမိလေသည်။ ထောက်လှမ်းရေး ရောက်ရှိလာချိန်တွင် သူက အလျင်စလို မေးလိုက်လေသည်။
"မင်း တိုက်ရိုက် သတင်းပို့လိုက်တော့..."
"သတင်းပို့ပါတယ် အရှင် ဖူအာ... တစ္ဆေ လမ်းစဉ် ဂိုဏ်း ကြီး တစ်ခုလုံး ချေမှုန်းခံလိုက်ရပါပြီ..."
"ချေမှုန်းခံလိုက်ရပြီ ဟုတ်လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဘယ်သူကများ ဒီလောက် အစွမ်းထက်တဲ့ စွမ်းအား ရှိနေလို့လဲ..."
"တကယ်တော့ ဘာတွေ ဖြစ်ခဲ့တာလဲ... အသေးစိတ် ပြောပြစမ်း..."
ကျိုးဟန်၏ သဲလွန်စကို ရှာတွေ့ခြင်း မဟုတ်သော်လည်း ဤသတင်းကပင် လူများကို တုန်လှုပ်သွားစေရန် လုံလောက်လှပေသည်။ ဖူအာ၏ မျက်နှာထားမှာ တည်ကြည်သွားပြီး အသံကို နှိမ့်ကာ မေးလိုက်လေသည်။
တစ္ဆေ လမ်းစဉ် ဂိုဏ်း မှာ တစ္ဆေနယ်မြေ အတွင်း၌ အဆင့်အတန်း မြင့်မားသော အင်အားစု တစ်ခု ဖြစ်လေသည်။ ဤကဲ့သို့ ချေမှုန်းခံလိုက်ရသဖြင့် ပြိုင်ဘက်၏ စွမ်းအားမှာ မည်မျှတောင် ကြောက်မက်ဖွယ် ကောင်းနေမည်ကို တွေးကြည့်၍ပင် မရနိုင်ချေ။
"အသေးစိတ် အခြေအနေကိုတော့ ကျွန်တော်လည်း သေချာ မသိပါဘူး... ကျွန်တော် အရင်က ကောင်းကင်နဲ့ မြေကြီးကို တုန်လှုပ်သွားစေတဲ့ အသံကြီး ကြားခဲ့ရတယ်... ကျွန်တော် အဲဒီကို ရောက်သွားတဲ့ အချိန်မှာတော့ ရူးသွပ် ကြမ်းတမ်းတဲ့ မီးတောက်တွေ လောင်ကျွမ်းနေပြီး တစ္ဆေ လမ်းစဉ် ဂိုဏ်း တစ်ခုလုံး အပျက်အစီး ပုံကြီး ဖြစ်နေပါပြီ..."
"အင်း ငါသိပြီ... ဒါက အရမ်း အစွမ်းထက်တဲ့ စွမ်းအား တစ်ခုပဲ... ငါတို့တွေ အဲဒီလူနဲ့ မတွေ့ဖို့ မျှော်လင့်ရတာပဲ..."
"အရှင် ဖူအာ... ကျွန်တော် အဲဒီမှာ ပစ္စည်းတွေ ကောက်နေတဲ့ လူသား တစ်ယောက်ကို တွေ့ခဲ့တယ်... ကျွန်တော်တို့ သူ့ကို ဖမ်းပြီး စစ်ဆေးကြည့်ရင် ကောင်းမလား..."
"လူသား ဟုတ်လား..."
"ဒီကိစ္စက သေချာပေါက် လျှို့ဝှက်ချက် တစ်ခုခု ရှိနေမယ်..."
ဖူအာသည် အနည်းငယ် တွေးတောလိုက်လေသည်။
တစ္ဆေနယ်မြေမှာ တစ္ဆေ မျိုးနွယ်များ၏ နယ်မြေ ဖြစ်ပြီး ပုံမှန် အခြေအနေမျိုးတွင် လူသားများ လာရောက်လေ့ မရှိချေ။
မည်သို့ပင်ဆိုစေ ဤနေရာရှိ ပတ်ဝန်းကျင် အခြေအနေမှာ အသားကျရန် အလွန် ခက်ခဲသောကြောင့် ပင်ဖြစ်သည်။ ထို့ကြောင့် ဤအချက်မှာ သံသယဝင်စရာ လုံလောက်သော အကြောင်းပြချက် ဖြစ်လေသည်။
"အရှင် ဖူအာ... ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ..."
စစ်သား တစ်ယောက်က မေးလိုက်လေသည်။
"ဘာမှ စဉ်းစားမနေနဲ့တော့... လွှတ်ပေးလိုက်မယ့် အစား အမှားခံပြီး သတ်ပစ်လိုက်... လူကို တိုက်ရိုက် ဖမ်းပြီး သေချာ စစ်ဆေးစမ်း..."
ဖူအာသည် အမိန့်ပေးလိုက်လေသည်။
"အမိန့်အတိုင်းပါပဲ... ကျွန်တော်တို့ အခုပဲ သွားလုပ်လိုက်ပါ့မယ်..."
"နေဦး... ငါကိုယ်တိုင် သွားမယ်..."
ကျိုးဟန်၏ သဲလွန်စနှင့် ပတ်သက်နေသဖြင့် သူသည် အလွန် အလေးထားလေသည်။ အကယ်၍ အောင်မြင်သွားပါက ဤသည်မှာ ကြီးမားသော အကျိုးဆောင်မှု တစ်ခု ဖြစ်လာပြီး ဆုလာဘ်များစွာ ရရှိမည် မဟုတ်ပါလား။
"ဟူး..."
"နောက်ဆုံးတော့ အကုန် ထုပ်ပိုးပြီးသွားပြီပဲ..."
ရှောင်ယန်သည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေသည်။ ကျဆင်းလာသော ပစ္စည်းများမှာ အလွန် များပြားလွန်းသဖြင့် သူ၏ ကျောပိုးအိတ် မှာ အလေးချိန် လွန်ကဲသွားခဲ့လေသည်။
သူသည် ဤပစ္စည်းများကို ထည့်သွင်းရန် အခြား သိုလှောင်ရေး အိတ် အချို့ကို အပို ထပ်ဝယ်လိုက်ရလေသည်။
"ဒီ မှော်လက်နက် က တကယ် ခန့်ညားတာပဲ..."
"ငါ့ဟာသာ ဖြစ်လိုက်ရင် သိပ်ကောင်းမှာပဲ..."
ရှောင်ယန်သည် မှော်လက်နက် ကို ပွတ်သပ် ကြည့်နေမိလေသည်။ ၎င်းမှာ အလွန် ထူထဲလေးလံသော အနက်ရောင် သံပေတံ ကြီး တစ်ခု ဖြစ်ပြီး လူတစ်ယောက်စာခန့် ရှည်လျားလေသည်။ ခမ်းနား ကြီးကျယ်သော စွမ်းအားများက ၎င်းအပေါ်မှ အဆက်မပြတ် ဖြာထွက်နေပြီး ဧကရာဇ်အဆင့် အမြင့်ဆုံး မှော်လက်နက် ၏ ရူးသွပ် ကြမ်းတမ်းသော အရှိန်အဝါ များကို အပြည့်အဝ ပြသနေလေသည်။
"လေးလံသော ကောင်းကင်ခွဲ သံပေတံ..."
"ခန့်ညားတဲ့ နာမည်ပဲ... ပြီးတော့ အသွင်အပြင်ကလည်း အရမ်း မိုက်တယ်... လုံးဝ ပြီးပြည့်စုံနေတာပဲ..."
ရှောင်ယန်သည် ပထမဆုံး အကြိမ် မြင်တွေ့လိုက်ရကတည်းက ဤ မှော်လက်နက် ကို သဘောကျသွားခဲ့လေသည်။
သို့သော် ဤ မှော်လက်နက် ၏ ပိုင်ရှင်မှာ ကျိုးဟန် ဖြစ်လေသည်။ အဖွဲ့ဝင် တစ်ယောက် အနေဖြင့် သူက သိမ်းဆည်းပေးခွင့် ရှိသော်လည်း ၎င်းအတွင်းရှိ စွမ်းအားများကိုမူ အသုံးပြုခွင့် မရှိချေ။
အတန်ကြာ သက်ပြင်းချပြီးနောက် ရှောင်ယန်သည် ခေါင်းခါလိုက်ပြီး သူ၏ ရင်တွင်းရှိ အတွေးများကို ဖယ်ရှားလိုက်လေသည်။ ထို့နောက် အိတ်များကို လွယ်ကာ ခြေလှမ်း အနည်းငယ် လှမ်းလိုက်စဉ်မှာပင်
ဘေးနားမှ လေခွင်းသံများ ထွက်ပေါ်လာပြီးနောက် သံခွာသံများ မြေကြီး တုန်ခါသံများနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ ဖြင့် ချီတက်လာကြလေသည်။
"ဟင်... လူတွေ အများကြီးပဲ... ဒါ ဘာလုပ်မလို့လဲ..."
ရှောင်ယန်၏ မျက်နှာထား ပြောင်းလဲသွားပြီး အလျင်စလို သစ်ပင်ကြီး တစ်ပင် နောက်တွင် ပုန်းကွယ်လိုက်လေသည်။
သူ့ကို ပစ်မှတ်ထားခြင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အရင်ဆုံး ပုန်းကွယ်နေရန် သူ ဆုံးဖြတ်လိုက်လေသည်။
"ဟီးဟီး... လူသား ကောင်လေး... မင်းကို ငါ အစောကြီး ကတည်းက မြင်ပြီးပြီ... ဘယ်ကို ပုန်းချင်နေသေးတာလဲ... မြန်မြန် ထွက်ခဲ့စမ်း..."
ဖူအာသည် အသံကျယ်ကြီးဖြင့် ဟစ်အော်လိုက်လေသည်။ သံခွာများ၏ အရှိန်အဟုန်ဖြင့် သူ ဦးဆောင်လာသော တစ္ဆေဘုရင် အစောင့်အရှောက် တစ်ထောင်ခန့်မှာ အနီးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။
ရှောင်ယန်သည် ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း သိလိုက်ရသဖြင့် ထွက်လာခဲ့ပြီး မျက်နှာ အမူအရာမှာ အနည်းငယ် ပျက်ယွင်းနေလေသည်။
"မင်းတို့က ငါ့ဆီကို လာတာလား..."
"ဘာ ရည်ရွယ်ချက် ရှိလို့လဲ..."
ရင်ထဲတွင် အနည်းငယ် ကြောက်ရွံ့နေသော်လည်း ဤကဲ့သို့ အခြေအနေမျိုးတွင် လုံးဝ ကြောက်ရွံ့မှုကို မပြသသင့်ချေ။ ထိုသို့မဟုတ်ပါက တစ်ဖက်လူ၏ နောက်ဆုံးသော စိုးရိမ်မှုများ ပါ ပျောက်ကွယ်သွားမည် ဖြစ်လေသည်။
"မင်း ကျိုးဟန် ကို သိလား..."
ဖူအာသည် ရှောင်ယန်ကို စိုက်ကြည့်ကာ အေးစက်စွာ မေးလိုက်လေသည်။
"မသိဘူး... ဘာကျိုးဟန် ညာကျိုးဟန် လဲ... ငါ မသိဘူး..."
ရှောင်ယန်သည် အစွမ်းကုန် ငြင်းဆန်လိုက်လေသည်။
"သူ လိမ်နေတာ..."
အဖွဲ့ထဲမှ မျက်လုံး ငါးလုံး ပါသော တစ္ဆေဘုရင် အစောင့်အရှောက် တစ်ယောက်က လှောင်ပြောင် ပြုံးရယ်ကာ ပြောလိုက်လေသည်။
"မျက်လုံးငါးလုံး... မင်း လုပ်တာ အရမ်း ကောင်းတယ်..."
ဖူအာက ချီးကျူးလိုက်လေသည်။
"ကျွန်တော့်ရဲ့ တစ္ဆေ မျက်လုံး က ပွင့်နေတယ်လေ... သူ့ရဲ့ တွေဝေသွားမှု တွေ စိတ်ခံစားမှု အပြောင်းအလဲ တွေကို ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း ရှိတယ်..."
မျက်လုံးငါးလုံး တစ္ဆေဘုရင် အစောင့်အရှောက် က ဂုဏ်ယူစွာဖြင့် ပြောလိုက်လေသည်။
"ဘာ... မင်း..."
ရှောင်ယန်၏ မျက်နှာထား အေးစက်သွားလေသည်။ တစ်ဖက်လူတွင် ဤကဲ့သို့သော နည်းလမ်းမျိုး ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ ကြည့်ရသည်မှာ တိုက်ပွဲ တစ်ပွဲမှာ ရှောင်လွှဲ၍ မရနိုင်တော့ပေ။
"မင်း တကယ်ပဲ ကျိုးဟန် ကို သိနေတာပဲ..."
"ငါ့ကိုတောင် လိမ်ရဲတယ်ပေါ့... သူ့ရဲ့ ခြေလက် တွေကို အရင် ချိုးပစ်လိုက်... ပြီးမှ ကျိုးဟန် ရဲ့ သတင်းကို စစ်ဆေးကြတာပေါ့..."
ဖူအာသည် အမိန့်ပေးလိုက်လေသည်။
တစ္ဆေဘုရင် အစောင့်အရှောက် များစွာသည် မျက်နှာပေါ်တွင် ရက်စက်သော အပြုံးများဖြင့် ရှောင်ယန် ထံသို့ ချဉ်းကပ်လာကြလေသည်။
"သေစမ်း... ငါကလည်း အလကားကောင် မဟုတ်ဘူးကွ..."
ရှောင်ယန်သည် သူ၏ အမြန်နှုန်းမှာ တစ်ဖက်လူ၏ သံခွာများ အောက်တွင် လုံးဝ အားနည်းနေပြီး ထွက်ပြေးရန်မှာ မဖြစ်နိုင်ကြောင်း ကောင်းစွာ သိရှိထားလေသည်။
ဤသို့ ဖြစ်နေမှတော့ အသေအလဲ တိုက်ခိုက်ရန်သာ ရှိတော့လေသည်။
"ကောင်းကင် လောင်ကျွမ်းခြင်း ကျင့်စဉ်... ဗုဒ္ဓ ဒေါသ မီးကြာပန်း... ပေါက်ကွဲစမ်း..."
သူသည် အနည်းငယ်မျှ တွေဝေမနေဘဲ သူ၏ အစွမ်းထက်ဆုံးသော ကျွမ်းကျင်မှုစွမ်းရည် ကို အသုံးပြုလိုက်လေသည်။ ထို့အပြင် ကျိုးဟန်၏ အဆင့်မြှင့်တင် ပေးထားမှုများ ပါဝင်နေလေသည်။
လေထဲတွင် ရူးသွပ် ကြမ်းတမ်းသော မီးတောက်များဖြင့် ဖွဲ့စည်းထားသည့် ဧရာမ မီးကြာပန်း ကြီး တစ်ပွင့် ထွက်ပေါ်လာလေသည်။
နောက်တစ်စက္ကန့်တွင် မီးကြာပန်းကြီးသည် ပေါက်ကွဲ ထွက်သွားလေသည်။
ရွှေရောင် အလင်းတန်းများ ရူးသွပ်စွာ ပေါက်ကွဲ ထွက်ပေါ်လာပြီး ဤလေဟာနယ် တစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။
"သေစမ်း... ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်တဲ့ စွမ်းအား ရှိနေရတာလဲ..."
"လခွမ်း... အရမ်း ကြမ်းတမ်းတဲ့ မီးတောက် စွမ်းအား ပါလား..."
"အာ... ကယ်ကြပါဦး..."
"ဒါက တကယ်တော့ ဘာ ကျွမ်းကျင်မှုစွမ်းရည် လဲ..."
အံ့သြ တုန်လှုပ်မှုများ ထိတ်လန့် ကြောက်ရွံ့မှုများ နှင့် မျှော်လင့်ချက် ကင်းမဲ့သော အော်ဟစ် ညည်းတွားသံ များမှာ အဆက်မပြတ် ထွက်ပေါ်လာလေသည်။
အချက်အလက် မျက်နှာပြင် ပေါ်တွင် အဆက်မပြတ် ထွက်ပေါ်လာသော သတ်ဖြတ်ခြင်း အချက်အလက် များကို ကြည့်ကာ ရှောင်ယန် ကိုယ်တိုင်ပင် အလွန်အမင်း အံ့အားသင့်နေမိလေသည်။
'ဒါက အစ်ကိုကြီး ရဲ့ အဆင့်မြှင့်တင် ပေးပြီးနောက် ထွက်ပေါ်လာတဲ့ အကျိုးသက်ရောက်မှု လား...'
'ငါ ဒီလောက်တောင် အစွမ်းထက်နေပြီလို့ မထင်ထားဘူး...'
'အစ်ကိုကြီး ကတော့ တကယ်ကို ပြိုင်ဘက်ကင်း ပဲကွာ...'
စိတ်လှုပ်ရှားမှုများ ပြီးဆုံးသွားပြီးနောက် ဤအရာများ အားလုံးမှာ ကျိုးဟန်၏ အဆင့်မြှင့်တင်ခြင်း မွေးရာပါ စွမ်းရည် ကြောင့်သာ ဤမျှ အစွမ်းထက်လာခဲ့ခြင်း ဖြစ်ကြောင်း ရှောင်ယန် သိရှိလိုက်လေသည်။
သူ၏ ရင်တွင်းရှိ ကျိုးဟန် အပေါ် လေးစား အားကျမှုများမှာ အဆင့်သစ် တစ်ခုသို့ ထပ်မံ မြင့်တက်သွားခဲ့ပြီး မြစ်ရေများအလား အဆက်မပြတ် စီးဆင်းနေကာ ဆည်ကျိုးပေါက်သကဲ့သို့ လုံးဝ ထိန်းချုပ်၍ မရနိုင်တော့ချေ။
ယခုအချိန်တွင် ရှောင်ယန်သည် သူ၏ ကိုယ်ပေါ်ရှိ စွမ်းအား အများစုကို အသုံးပြုလိုက်ရသဖြင့် ထိုနေရာတွင် ထိုင်ချလိုက်ပြီး တစ်ကိုယ်လုံး နာကျင် ကိုက်ခဲနေကာ လှုပ်ပင် မလှုပ်ချင်တော့ချေ။
သို့သော် ဗုဒ္ဓ ဒေါသ မီးကြာပန်း မှ ဖြစ်ပေါ်လာသော ရူးသွပ် ကြမ်းတမ်းသည့် ကျယ်ပြန့်သော ထိခိုက်မှုများကို ကြည့်ကာ သူ အလွန် ပျော်ရွှင်စွာ ပြုံးလိုက်မိလေသည်။
သို့သော် မီးရောင်များ ပျောက်ကွယ်သွားပြီးနောက် ရှောင်ယန်၏ မျက်နှာထားမှာ မှင်သက်သွားလေသည်။
"ဒုက္ခပဲ... သူ မသေသေးဘူးပဲ..."
ဖူအာသည် တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် မြေပြင်ပေါ်မှ ထလာပြီး မျက်နှာပေါ်တွင် ပြင်းထန်သော ကြောက်ရွံ့မှုများ ထွက်ပေါ်နေလေသည်။
သို့သော် ရှောင်ယန်၏ လက်ရှိ အခြေအနေကို မြင်တွေ့လိုက်ရချိန်တွင် မူလက ထွက်ပြေးရန် ပြင်ဆင်နေသော သူ၏ မျက်နှာပေါ်၌ ဒေါသမီးလျှံများက ဖုံးလွှမ်းသွားလေတော့သည်။
အကယ်၍သာ သေမင်းမှ ကင်းလွတ်ခွင့်ပေးသော မှော်လက်နက် တစ်ခု ရှိမနေခဲ့ပါက သူသည် ဤ တစ္ဆေဘုရင် အစောင့်အရှောက် များနှင့် အတူတူပင် သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။
"အစ်ကိုကြီး... ကယ်ပါဦး…”
အခန်း ၃၀၈ လေးလံသော ကောင်းကင်ခွဲ သံပေတံ
ဖူအာ ပြေးဝင်လာသည်ကို မြင်လိုက်ရသဖြင့် ရှောင်ယန်သည် ကျိုးဟန်ထံသို့ အလျင်စလို သတင်းပို့လိုက်လေသည်။
ယခုအချိန်တွင် သူသည် အင်အားများ ကုန်ခမ်းနေပြီဖြစ်ရာ ကောင်းကင် လောင်ကျွမ်းခြင်း ကျင့်စဉ် ၏ ဗုဒ္ဓ ဒေါသ မီးကြာပန်း ကို ဒုတိယအကြိမ် ထပ်မံ အသုံးမပြုနိုင်တော့ဘဲ ကျိုးဟန်၏ အကူအညီကိုသာ တောင်းခံရတော့သည်။
"အစ်ကိုကြီး... ကယ်ပါဦး..."
"အခု အားမရှိတော့ဘူး... ပြေးတောင် မပြေးနိုင်တော့ဘူး..."
ရှောင်ယန်သည် ကျိုးဟန် မရရှိမည်ကို စိုးရိမ်သဖြင့် သတင်းစကား အချို့ကို အဆက်မပြတ် ပို့လိုက်သည်... အခြေအနေမှာ အနည်းငယ် အရေးပေါ် ဖြစ်နေလေသည်။
ကျိုးဟန်သည် သတင်းစကားကို သဘာဝကျကျပင် ရရှိခဲ့လေသည်။ အဖွဲ့၏ တိုက်ပွဲဝင် အချက်အလက် မျက်နှာပြင် ပေါ်ရှိ သတိပေးချက်များမှတစ်ဆင့် တိုက်ပွဲ၏ ပြင်းထန်မှု အတိုင်းအတာကို သူ ခန့်မှန်း သိရှိနိုင်လေသည်။
ရှောင်ယန်ကို သူကိုယ်တိုင် ခေါ်ဆောင်လာခြင်းဖြစ်သည်ကို မဆိုထားနှင့် အခြား မည်သည့် အဖွဲ့ဝင်မဆို အသက်အန္တရာယ်နှင့် ကြုံတွေ့ရပါက ကျိုးဟန် အနေဖြင့် လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့် ဝတ်စုံများကို အရောင်းအဝယ် ပြုလုပ်နိုင်သဖြင့် ရှောင်ယန်ကို အစွမ်းထက်သော ဝတ်စုံ အချို့ ပေးလိုက်ရုံဖြင့် ပြဿနာ လုံးဝ မရှိတော့ပေ။
"မင်း အရင် တောင့်ခံထားဦး... ငါ ဝတ်စုံတွေ ပို့ပေးလိုက်မယ်..."
ကျိုးဟန်က ပြုံးကာ ပြောလိုက်လေသည်။
"မရဘူး အစ်ကိုကြီး... ဝတ်စုံ အရောင်းအဝယ် လုပ်ရတာ အချိန် အရမ်းကုန်တယ်..."
"အရောင်းအဝယ် လုပ်လို့တောင် မပြီးသေးခင် ဒီတစ္ဆေကောင် လက်ချက်နဲ့ သေသွားမှာ ကြောက်တယ်..."
ရှောင်ယန်က မျက်နှာငယ်လေးဖြင့် အလောတကြီး ပြောလိုက်လေသည်။
"ဟင်... ဒါဆို မင်းမှာ ဘာနည်းလမ်း ရှိလို့လဲ..."
"အစ်ကိုကြီး... ခုနက ကျလာတဲ့ ပစ္စည်းတွေကို သုံးစွဲခွင့် ကျွန်တော့်ကို မျှဝေပေးလိုက်ပါ..."
"အဲဒီအထဲက ဧကရာဇ်အဆင့် အရည်အသွေးရှိတဲ့ မှော်လက်နက် တစ်ခုရဲ့ အကျိုးသက်ရောက်မှုက အရမ်း အစွမ်းထက်တယ်... အဲဒါကိုသာ သုံးခွင့်ရရင် ကျွန်တော် အသက်ရှင်နိုင်ပြီ..."
ရှောင်ယန်က အလျင်စလို ရှင်းပြလိုက်လေသည်။
"ကောင်းပြီ... ဒါဆို ငါ တိုက်ရိုက် ဖွင့်ပေးလိုက်မယ်..."
ကျိုးဟန်က ပြန်လည် ဖြေကြားလိုက်လေသည်။ ဤကိစ္စမှာ အတော်လေး လွယ်ကူပြီး စိတ်ဆန္ဒ အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ရသဖြင့် အချိန် အလွန် သက်သာလေသည်။
[အသိပေးချက် - သင်သည် တိုက်ပွဲမှ ကျဆင်းလာသော ပစ္စည်းများ၏ သုံးစွဲခွင့်ကို ဖွင့်လှစ်တော့မည် ဖြစ်ပါသည် - ဖွင့်လှစ်ပြီးနောက် သင်၏ အဖွဲ့ဝင်များသည် ကျဆင်းလာသော ပစ္စည်းများကို အသုံးပြုနိုင်မည် ဖြစ်ပါသည် - ဤလုပ်ပိုင်ခွင့်ကို ဖွင့်လှစ်မည်လား]
"ဖွင့်မယ်..."
[အောင်မြင်စွာ ဖွင့်လှစ်ပြီးပါပြီ - သင်၏ အဖွဲ့ဝင်များသည် ကျဆင်းလာသော ပစ္စည်းများ၏ သုံးစွဲခွင့်ကို ယာယီ ရရှိသွားပါပြီ - အဖွဲ့ဝင် တစ်ယောက်လျှင် ပစ္စည်း တစ်ခုကိုသာ အသုံးပြုနိုင်မည် ဖြစ်ပြီး သတ်မှတ်ထားသော အကွာအဝေးထက် ကျော်လွန်သွားပါက ဤအကျိုးသက်ရောက်မှု ပျောက်ကွယ်သွားမည် ဖြစ်ပါသည်]
အသိပေးချက်ကို ကြားလိုက်ရပြီးနောက် ပစ္စည်းများ အပေါ်ရှိ သုံးစွဲခွင့်ကို မျှဝေလိုက်ကြောင်း ကျိုးဟန် တကယ်ပင် မြင်တွေ့လိုက်ရပြီး အဖွဲ့ဝင်များ အားလုံးလည်း အသိပေးချက်ကို ရရှိကြမည် ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် ကျိုးဟန်သည် အနည်းငယ် စိတ်မချသေးသဖြင့် တစ်ခုတည်းသော ဧကရာဇ်အဆင့် မှော်လက်နက် ကိုပါ တစ်ကြိမ် အဆင့်မြှင့်တင် ပေးလိုက်လေသည်။
မည်သို့ပင်ဆိုစေ ရှောင်ယန်သည် အစွမ်းထက်သော စစ်သူကြီး တစ်ယောက်အဖြစ် ကြီးထွားလာမည်ဖြစ်ပြီး အနာဂတ်တွင် ကိစ္စရပ် များစွာကို သူက တာဝန်ယူ ဖြေရှင်းပေးနိုင်မည် မဟုတ်ပါလား။
မိမိ ပြုစုပျိုးထောင်ထားသော အရည်အချင်းရှိသူ တစ်ယောက် ဤကဲ့သို့ သေဆုံးသွားမည်ကို ကျိုးဟန် မလိုလားချေ။
လက်ထဲရှိ မှော်လက်နက် ထံမှ အဖြူရောင် အလင်းတန်းများ အဆက်မပြတ် တောက်ပလာသည်ကို ခံစားလိုက်ရသဖြင့် မူလက စိုးရိမ်နေသော ရှောင်ယန်၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ထွက်ပေါ်လာလေသည်။
"အခု ကျွန်တော် လေးလံသော ကောင်းကင်ခွဲ သံပေတံ ကို အသုံးပြုလို့ ရသွားပြီ..."
"သိပ်ကောင်းတာပဲ..."
ရှောင်ယန်၏ မျက်နှာ အမူအရာမှာ အလွန် စိတ်လှုပ်ရှားနေပြီး အစ်ကိုကြီး၏ အကူအညီ ရရှိသွားပြီဖြစ်ရာ ဤတစ်ကြိမ်တော့ လုံးဝ သေချာသွားပြီ ဖြစ်လေသည်။
"လူသား ကောင်လေး... မင်းကို အစစ်အမှန် မျှော်လင့်ချက်မဲ့မှု ဆိုတာ ဘာလဲ ခံစားရအောင် လုပ်ပေးမယ်..."
ဖူအာ၏ ကိုယ်ပေါ်မှ သွေးရောင်လွှမ်းသော စွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာပြီး သွေးစွန်းနေသော နတ်ဆိုး တစ်ကောင်အလား အဆုံးအစမဲ့သော ဒေါသမီးလျှံများနှင့်အတူ ရှောင်ယန် ထံသို့ ရူးသွပ် ကြမ်းတမ်းသော တိုက်ခိုက်မှုကို စတင်လိုက်လေသည်။
"လာတာ အတော်ပဲ..."
"ငါ့ရဲ့ ကောင်းကင်ခွဲ ဓားကွက် ကိုသာ ကြည့်နေ..."
ရှောင်ယန်သည် ထူထဲလေးလံသော လေးလံသော ကောင်းကင်ခွဲ သံပေတံ ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ရာ ကြီးမားလှသော စွမ်းအင်များက သူ၏ ခန္ဓာကိုယ် အတွင်းသို့ စီးဝင်လာပြီး ချက်ချင်းပင် အဆုံးအစမဲ့သော တက်ကြွမှုများဖြင့် ပြည့်နှက်သွားလေသည်။
သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး အစွမ်းကုန် ရိုက်ချလိုက်လေသည်။
ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများ ပေါက်ကွဲ ထွက်ပေါ်လာပြီး လေဟာနယ် ပင်လျှင် ပြင်းထန်စွာ တုန်ခါသွားကာ အသံများ ဆူညံစွာ ထွက်ပေါ်လာလေသည်။ ကောင်းကင်သို့ ထိုးတက်သွားသော လေလှိုင်းကြီးများနှင့် ဧရာမ လှိုင်းလုံးကြီးများက ဖူအာကို မျက်စိတစ်မှိတ် အတွင်းမှာပင် မျိုချသွားလေတော့သည်။
"ဟင့်အင်း..."
"ဒါ လုံးဝ မဖြစ်နိုင်ဘူး..."
"မင်းဆီမှာ ဘာလို့ ခွန်အားတွေ ကျန်နေသေးတာလဲ... ဘာဖြစ်လို့..."
ဖူအာမှာ မှင်သက်သွားလေသည်။ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာမည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ ရှောင်ယန်သည် စစ်နတ်ဘုရား တစ်ပါးအလား ရုတ်တရက် အလွန် ရဲရင့်လာခဲ့လေသည်။ မျှော်လင့်ချက် ကင်းမဲ့မှုများ ကြားတွင် သူသည် လေးလံသော သံပေတံ ၏ ရိုက်ချမှုကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားလေတော့သည်။
"မိုက်တယ်ဗျာ... တကယ်ကို အစွမ်းထက်တာပဲ..."
"အစ်ကိုကြီး... အဲဒါကို အဆင့်မြှင့်ပေးလိုက်တာ မဟုတ်လား..."
တိုက်ပွဲ ပြီးဆုံးသွားပြီးနောက် ရှောင်ယန်သည် လေးလံသော ကောင်းကင်ခွဲ သံပေတံ ၏ အစွမ်းထက်သော စွမ်းဆောင်ရည် အပေါ် အလွန် ဝမ်းသာနေပြီး ကျိုးဟန် ထံသို့ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် သတင်းစကား ပို့လိုက်လေသည်။
"ဟုတ်တယ်... ကြည့်ရတာ မင်း ဒီမှော်လက်နက်ကို တော်တော် သဘောကျနေပုံပဲ..."
ကျိုးဟန်သည် တစ်ဖက်လူ၏ စာသားများ အကြားမှ ဤမှော်လက်နက် အပေါ် အထူး တန်ဖိုးထားနေကြောင်းကို ခံစားသိရှိနိုင်လေသည်။
"ဒါပေါ့ဗျာ... ဧကရာဇ်အဆင့် မှော်လက်နက် ကို ဘယ်သူက မကြိုက်ဘဲ နေမှာလဲ..."
"ဒီ လေးလံသော ကောင်းကင်ခွဲ သံပေတံ က ကျွန်တော်နဲ့ အရမ်း ကိုက်ညီတယ်... အဲဒါကြောင့် အစ်ကိုကြီး ပေးနိုင်မလား..."
ရှောင်ယန်က အနည်းငယ် တောင်းပန်သော လေသံဖြင့် သတိကြီးစွာ ပြောလိုက်လေသည်။
"မင်းကို ပေးရမယ် ဟုတ်လား... အခုလောလောဆယ်တော့ မျှော်လင့်မနေနဲ့ဦး..."
ကျိုးဟန်က ချက်ချင်းပင် ငြင်းဆန်လိုက်လေသည်။ သူ နှမြောနေခြင်းတော့ မဟုတ်ပေ။ သူ၏ ဧကရာဇ်အဆင့် မှော်လက်နက်များမှာ သိုလှောင်ခန်း ထဲတွင် ပြည့်လျှံနေပြီဖြစ်ရာ ဤတစ်ခုတည်းကို အရေးမစိုက်လှချေ။
အဖွဲ့ဝင်များကို ဝတ်စုံများ အလွယ်တကူ ပေးအပ်နေခြင်းမှာ ကောင်းမွန်သော ကိစ္စတစ်ခု မဟုတ်ချေ။ ဤသို့ဆိုပါက သူတို့ကို မှီခိုလိုစိတ်များ ဖြစ်ပေါ်လာစေပြီး ကြိုးစား အားထုတ်လိုစိတ်များ လွယ်ကူစွာ ပျောက်ကွယ်သွားနိုင်လေသည်။
ယခုအခါ သူတို့ အားလုံးမှာ ဘုရင်အဆင့် ဝတ်စုံ များကို ဝတ်ဆင်ထားကြပြီး အတော်လေး ကောင်းမွန်သော ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း များ ရှိနေကြပြီ ဖြစ်လေသည်။
ပိုမို ကောင်းမွန်သော အရာများကို လိုချင်ပါက လုံလောက်သော အကျိုးဆောင်မှု များကို ပြုလုပ်ရမည် ဖြစ်ပြီး အရာအားလုံးကို ရရှိသော အကျိုးဆောင်မှု အနည်းအများ အပေါ် မူတည်၍သာ ခွဲဝေပေးရမည် ဖြစ်လေသည်။
ထိုသို့မှသာ လုံလောက်သော ယှဉ်ပြိုင်မှုများ ရှိလာမည်ဖြစ်ပြီး အားလုံးအတွက် ပိုမို မြင့်မားသော တိုးတက်မှု အခွင့်အလမ်းများ ရှိလာမည် ဖြစ်လေသည်။
"အစ်ကိုကြီးရာ ဘာတွေ ပြောနေတာလဲ... ကျွန်တော်က အဲဒီလောက် လောဘကြီးတဲ့ လူမျိုးလား..."
"ကျွန်တော် ဆိုလိုတာက ဒီမှော်လက်နက်ကို ကျွန်တော့်အတွက် ချန်ထားပေးလို့ ရမလား... ကျွန်တော့်ဆီမှာ လုံလောက်တဲ့ အကျိုးဆောင်မှု တွေ ရှိလာတဲ့ အချိန်ကျမှ လေးလံသော ကောင်းကင်ခွဲ သံပေတံ ကို ကျွန်တော့်အတွက် ဆုချပေးပါ..."
ရှောင်ယန်က အလျင်စလို ရှင်းပြလိုက်လေသည်။
ဤရက်ပိုင်း အတွင်း သူသည် ကျိုးဟန် ထံမှ ရရှိခဲ့သော အကျိုးအမြတ်များမှာ လုံလောက်သည်ထက်ပင် ပိုနေခဲ့ပြီ ဖြစ်လေသည်။ အဆင့်မရှိသော ဆားနယ်ငါး တစ်ကောင် ဘဝမှ စတင်ကာ ကြယ်တာရာအဆင့် သို့ ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် ဘုရင်အဆင့် သို့ တက်လှမ်းကာ နောက်ဆုံးတွင် ဧကရာဇ်အဆင့် သို့ပင် ရောက်ရှိခဲ့လေပြီ။
ရက်အနည်းငယ် တိုတောင်းသော အချိန်အတွင်းမှာပင် အရည်အသွေးပိုင်း ဆိုင်ရာ အပြောင်းအလဲကြီး တစ်ခုကို လုပ်ဆောင်နိုင်ခဲ့လေသည်။ လူဆိုသည်မှာ ရောင့်ရဲ တင်းတိမ်တတ်ရန် လိုအပ်ပြီး သူသည်လည်း အလွန်အမင်း ပျော်ရွှင်နေပြီဖြစ်ရာ ဤကဲ့သို့ အကြောင်းပြချက် မရှိသော တောင်းဆိုမှုမျိုးကို သဘာဝကျကျပင် ပြုလုပ်မည် မဟုတ်ချေ။
"အင်း... မင်း အဲဒီလို တွေးတတ်တာ ကောင်းတယ်..."
"ဒီလိုလုပ်... ငါ မင်းကို အချိန် ကန့်သတ်ချက် တစ်ခု ပေးမယ်... အချိန် တစ်လပဲ..."
"တစ်လ အတွင်းမှာ လုံလောက်တဲ့ အကျိုးဆောင်မှု မလုပ်နိုင်ရင် ဒီ လေးလံသော ကောင်းကင်ခွဲ သံပေတံ က မင်းနဲ့ ရေစက် ပါမှာ မဟုတ်တော့ဘူး..."
ကျိုးဟန်က ပြုံး၍ ပြန်လည် ဖြေကြားလိုက်လေသည်။ ထိုသို့ လုပ်ဆောင်မှသာ ရှောင်ယန်၏ တိုက်ခိုက်လိုစိတ် ကို ပိုမို နှိုးဆွပေးနိုင်မည် ဖြစ်လေသည်။
အချိန် ကန့်သတ်ချက် တစ်ခု ပေးထားခြင်းဖြင့် သူ့ကို ဖိအား ဖြစ်စေကာ သဘာဝကျကျပင် အဆုံးအစမဲ့သော တွန်းအားများ ဖြစ်ပေါ်လာစေမည် ဖြစ်လေသည်။ ထိုသို့မဟုတ်ပါက သူသည် သေချာပေါက် အသက်ကို ပဓာနမထားဘဲ ကြိုးပမ်းမည် မဟုတ်ချေ။
"အချိန် တစ်လလား... လုံလောက်တယ်..."
"လုံးဝ လုံလောက်တယ်... ကျွန်တော့်မှာ ယုံကြည်မှု ရှိတယ်..."
အနည်းငယ် လောလောဆယ်ဆယ် ဖြစ်နေသော်လည်း ရှောင်ယန်သည် သူ အလွန် နှစ်သက်သော မှော်လက်နက် အတွက် သေချာပေါက် အစွမ်းကုန် ကြိုးပမ်းရမည် ဖြစ်လေသည်။
"သိပ်ကောင်းတယ်... မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်တယ်..."
"ဒါဆို လောလောဆယ် ဒီလောက်ပဲ ထားလိုက်ရအောင်..."
ကျိုးဟန်သည် စကားပြောပြီးနောက် အချက်အလက် မျက်နှာပြင် ကို ပိတ်ရန် ပြင်ဆင်လိုက်လေသည်။
"အစ်ကိုကြီး ခဏနေဦး... ကျွန်တော့်မှာ အစ်ကိုကြီးကို သတင်းပို့စရာ ကိစ္စတစ်ခု ရှိသေးတယ်..."
ရှောင်ယန်က ပြောလိုက်ပြီး ကျိုးဟန်၏ သဘောတူညီချက်ကို ရရှိပြီးနောက် သူ ဆက်လက် ပြောဆိုလိုက်လေသည်။
"ကျွန်တော်နဲ့ တိုက်ခိုက်ခဲ့တဲ့ တစ္ဆေ မျိုးနွယ် တွေက သေချာပေါက် အဖွဲ့အစည်း နဲ့ ရည်ရွယ်ချက် ရှိရှိ လာကြတာပဲ..."
"အော် ဟုတ်သားပဲ... သူတို့က တွေ့တွေ့ချင်းပဲ အစ်ကိုကြီး ရဲ့ သတင်းကို မေးကြတာ..."
"သူတို့ရဲ့ ပစ်မှတ်က အစ်ကိုကြီး ဆီကို လာတာလား..."
ရှောင်ယန်သည် သူ၏ ရင်တွင်းရှိ သံသယများကို တစ်ဆက်တည်း ဖွင့်ဟ ပြောဆိုလိုက်ပြီး ကျိုးဟန် အတွက် ကြိုတင် သတိပေးမှု အချို့ ဖြစ်လာစေရန် မျှော်လင့်နေလေသည်။
"တစ္ဆေနယ်မြေ ထဲမှာ ငါနဲ့ ပြဿနာ ရှိတာ ဆိုလို့ မြေအောက် ကမ္ဘာ တစ္ဆေ ဧကရာဇ် ပဲ ရှိတယ်... သူတို့တွေက ရာခိုင်နှုန်း ရှစ်ဆယ်လောက်တော့ မြေအောက် ကမ္ဘာ တစ္ဆေ ဧကရာဇ် ရဲ့ လက်အောက်ငယ်သား တွေပဲ ဖြစ်ရမယ်..."
ကျိုးဟန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်လေသည်။ အမှန်တကယ်တွင် ရှောင်ယန်၏ သတ်ဖြတ်ခြင်း အချက်အလက် များမှတစ်ဆင့် တစ္ဆေဘုရင် အစောင့်အရှောက် နှင့် တစ္ဆေဘုရင် စစ်ဗိုလ် အစရှိသည့် အမည်နာမ များကို မြင်တွေ့ခဲ့ရသဖြင့် သူ၏ ရင်ထဲတွင် အကြမ်းဖျင်း ခန့်မှန်းမိနေပြီ ဖြစ်လေသည်။
ဤကဲ့သို့သော အမည်နာမမျိုး ရှိနိုင်သည့် အဖွဲ့အစည်း မျိုးမှာ သူနှင့် ပြဿနာ ရှိနေသူဆို၍ မြေအောက် ကမ္ဘာ တစ္ဆေ ဧကရာဇ် တစ်ယောက်တည်းသာ ရှိလေသည်။
"မြေအောက် ကမ္ဘာ တစ္ဆေ ဧကရာဇ် ဟုတ်လား... နာမည် ကြားရတာတင် တော်တော် အစွမ်းထက်မယ့် ပုံပဲ…”