← Chapters

အခန်း ၂၅၁

Vol. 25 Ch. 251

အခန်း ၂၅၁

Vol. 25 Ch. 251

Chapter 251

~

အခန်း ၂၅၁ : ကျားကျန်းရှီ၏ ပြကွက်

~

​သတင်းသေချာသွားသည်နှင့် ချင်ဟွိုင်ရုက အထိတ်တလန့် အော်ဟစ်လိုက်သည် ။

​" အား.. ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ.. "

​ကျားမိသားစုတွင် ကျားဒုံရွှီ တစ်ယောက်တည်းသာ အလုပ်လုပ်သူဖြစ်ပြီး မိသားစု တစ်ခုလုံးက သူ၏ နည်းပါးလှသော လစာလေးကိုသာ အားကိုး၍ ရှင်သန်နေကြရ၏ ။

​သူသာ ထောင်ကျသွားပါက နောင်တွင် ကျားမိသားစု အနာဂတ်က ရင်လေးစရာပင် ။

​ယီကျုံးဟိုင်က စိတ်ပျက်လက်ပျက်ဖြင့် ...

​" ဘဝက အဆင်ပြေနေတာကို ဒုံရွှီ ဘာလို့များ ဒီလိုကိစ္စတွေထဲ ဝင်ပတ်သက်ရတာလဲ.. ပြီးတော့ ရဲတွေပြောတာ သူ မနက်အစောကြီး အဖမ်းခံရတာတဲ့.. သူ အပြင်ထွက်သွားတာကို မင်းတို့ ဘယ်သူမှ မသိလိုက်ကြဘူးလား.. "

​ကျားမိသားစု၏ ဘဝက ခက်ခဲသည်ဆိုသော်ငြား ရှာကျူးနှင့် သူ၏ အကူအညီများကြောင့် အနည်းဆုံးတော့ အဆင်ပြေပြေ ဖြတ်သန်းနိုင်သည် ။

​ထို့အပြင် ကျားဒုံရွှီက သူ့ထံမှ တစ်ခါတစ်ရံ ငွေချေးတတ်သေးရာ သူတို့ အနည်းငယ် ကျပ်တည်းရုံမှလွဲ၍ ငတ်သေသွားမည်တော့ မဟုတ်ပေ ။

​သို့သော် အခုအချိန်တွင် မိသားစုတိုင်းလိုလို ဤသို့ပင် နေထိုင်နေကြရသည် မဟုတ်ပါလော ။

​သို့တိုင် ကျားဒုံရွှီက မတင်းတိမ်နိုင်ဘဲ လမ်းမှားသို့ ရောက်သွားခဲ့လေပြီ ။ သူ တကယ်ကို အသုံးမကျသူပင် ။

​သို့သော် သူသာ ကျားဒုံရွှီ ရာထူးတိုးမည့်ကိစ္စကို ဖိနှိပ်မထားခဲ့လျှင် ကျားဒုံရွှီက ဤသို့သော နည်းလမ်းကို တွေးမိမည်မဟုတ်ကြောင်းကိုမူ ထည့်မစဥ်းစားခဲ့ပေ ။

​ကျားဒုံရွှီက ရိုးသားသူ တစ်ယောက်ဖြစ်ပြီး သူ၏ မိသားစုကို ပိုမိုကောင်းမွန်စွာ နေထိုင်စေချင်သော ဆန္ဒတစ်ခုသာ ရှိသည် ။

​သို့သော် ယခုတော့ နောက်ကျသွား​ပေပြီ ။

​ချင်ဟွိုင်ရုက ခါးသီးစွာ ပြုံးလိုက်ပြီး..

​" သူ ကျွန်မတို့ကို ဘာမှပြောမသွားဘူး.. ကျွန်မတို့က သူ ခိုစျေးကို ပြောင်းဖူးမှုန့်သွားဝယ်တယ်လို့ပဲ ထင်နေတာ.. "

​လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျားဒုံရွှီက ညတိုင်းလိုလို မနက် တစ်နာရီ၊ နှစ်နာရီလောက်တွင် အိမ်မှ ထွက်သွားတတ်သည် ။

​သူက ပြောင်းဖူးမှုန့်ဝယ်မည်ဟု ပြောခဲ့သောကြောင့် သူမ သိပ်မတွေးခဲ့မိပေ ။

​သို့သော် ကျားဒုံရွှီ လောင်းကစားသွားလုပ်နေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ချေ ။

​သူမက ယီကျုံးဟိုင်ကို တောင်းပန်တိုးလျှိုးဟန် ကြည့်လိုက်ပြီး..

​" ဦးလေးယီ. ကျွန်မတို့ ဒုံရွှီကို ကယ်ပေးပါနော်.. မိသားစုက သူ့ကိုပဲ အားကိုးနေရတာမို့ သူ ထောင်ကျသွားလို့ မဖြစ်ဘူး.. ကျွန်မ ဒူးထောက်ပါ့မယ်.. "

​ထိုသို့ပြောရင်း သူမက ဒူးထောက်ချရန် ပြင်လိုက်သော်လည်း ယီကျုံးဟိုင်က တားလိုက်သည် ။

​" ဒုံရွှီက ငါ့တပည့်ပဲ.. ငါ သူ့ကို ဘယ်လိုလုပ် ပစ်ထားနိုင်မှာလဲ.. "

​ယီကျုံးဟိုင်က ကူကယ်ရာမဲ့စွာဖြင့် ...

​" ဒါပေမဲ့ သူက လက်ပူးလက်ကြပ် မိသွားတာဆိုတော့ ငါ့မှာလည်း ချက်ချင်း ဖြေရှင်းစရာ နည်းလမ်း မရှိသေးဘူး.. "

​" ဒါဆို အခု ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ.. "

​ယီကျုံးဟိုင်က ခဏစဥ်းစားလိုက်ပြီးနောက်..

​" ဒီလိုလုပ်ကြတာပေါ့.. မင်း သူ့ဆီ အရင်သွားတွေ့လိုက်ပါ.. ငါလည်း နည်းလမ်းစဥ်းစားကြည့်အုံးမယ်.. "

​" ဒါပဲ လုပ်လို့ရတော့မှာပေါ့.. "

​...

​ညစာစားချိန် ရောက်လာသည် ။

​ယန်မိသားစု အစာစားနေစဥ် အပြင်ဘက်မှ ငိုကြွေးသံကို ရုတ်တရက် ကြားလိုက်ရသည် ။

​" အို.. အဘိုးကြီးကျားရယ်.. မြန်မြန် ဆင်းလာပြီး ကြည့်လှည့်စမ်းပါအုံးတော့်... ရှင့်သား အဖမ်းခံရတာ ဘယ်သူမှလည်း ဂရုမစိုက်ကြတော့ဘူး.. ကျုပ်တို့ မိသားစု ရှေ့ဆက် ဘယ်လို အသက်ရှင်ရမလဲ.. မြန်မြန် ဆင်းလာပြီး ယီကျုံးဟိုင်ကိုပါ ခေါ်သွားလိုက်ပါတော့..အူး ..ဝူးဝူး.. "

​ယန်ဖူကွေ့က တူကို ချထားလိုက်ပြီး ....

​" ကျားကျန်းရှီ အခု ဘာပြဿနာတွေ ရှာနေပြန်တာလဲ.. "

​" အဖေ.. ကျွန်တော် သိတယ်.. "

​ယန်ကျီဖန့်က ဝင်ပြောလိုက်သည် ။

​" မနက်တုန်းက စက်ရုံကို ရဲတွေရောက်လာပြီး ကျားဒုံရွှီကို ဖမ်းသွားတယ်လို့ ပြောတယ်လေ.. ကျွန်တော်တောင် ပြန်လာပြီး အကြောင်းကြားပေးခဲ့သေးတာ.. "

​ကျားမိသားစုက မယုံကြည်ခဲ့ကြခြင်းသာ ဖြစ်သည် ။

​ယန်ဖူကွေ့က ယန်ကျီဝမ်ကို ကြည့်ကာ ...

​" ဒုတိယသား.. မင်းကော သိလား.. "

​ယန်ကျီဝမ်က ခေါင်းခါပြလိုက်ပြီး..

​" ကျွန်တော် မနက်ပိုင်း ဟောက်ဟိုင်မှာ ငါးသွားမျှားနေတာဆိုတော့ စက်ရုံကို မသွားဖြစ်ဘူး.. "

​နေ့လည်ပိုင်းမှသာ စက်ရုံသို့ ပြန်သွားခဲ့ပြီး ရုံးခန်းထဲ၌ အချိန်ဖြုန်းနေခဲ့သောကြောင့် ထိုကိစ္စကို သူ သတိမထားမိခဲ့ချေ ။

​ယန်ဖူကွေ့က သိချင်စိတ်ဖြင့် ဆက်မေးလိုက်သည် ။

​" တတိယကသား.. ကျားဒုံရွှီက ဘာလုပ်လို့ အဖမ်းခံရတာလဲ.. "

​" လောင်းကစားလုပ်နေတုန်း လက်ပူးလက်ကြပ် မိသွားတာလို့ ပြောကြတာပဲ.. "

​ယန်ကျီဖန့်က ပြန်ဖြေလိုက်သည် ။

​ယန်ဖူကွေ့က စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည် ။

​" ငါ ထင်သားပဲ.. ကျားမိသားစုရဲ့ အခြေအနေနဲ့များ နေ့တိုင်း အသားတွေ ငါးတွေ စားနေတာကိုး.. ငါတို့ မိသားစုတောင် အဲ့လို မစားရဲဘူး.. "

​ယန်ကျီဝမ်က ပြုံးလိုက်ပြီး..

​" အဖေ.. တကယ်တော့ ကျားဒုံရွှီက တော်တော် အရည်အချင်းရှိတယ်လို့ ကျွန်တော် ထင်တယ်.. "

​" ဘာအဓိပ္ပါယ်လဲ.. "

​ယန်ဖူကွေ့နှင့် တခြားသူများက သူဆိုလိုသည်ကို နားမလည်ဘဲ သူ့အား ဝိုင်းကြည့်လိုက်ကြသည် ။

​ယန်ကျီဝမ်က ဆက်ပြောသည် ။

​" စဥ်းစားကြည့်လေ.. ကျားဒုံရွှီက လောင်းကစားလုပ်တာတောင် ပစ္စည်းကောင်းတွေကို နေ့တိုင်း သယ်လာနိုင်သေးတယ်.. ဒါ သူကံကောင်းပြီး အမြဲတမ်း နိုင်နေလို့ပေါ့.. "

​လောင်းကစားသမား ဆယ်ယောက်တွင် ကိုးယောက်က ရှုံးတတ်သည်ဟု ဆိုကြသော်လည်း ကျားဒုံရွှီ၏ အခြေအနေကို ကြည့်ရလျှင် သူ နေ့တိုင်း နိုင်နေပုံရသည် ။

​ထိုအရာက အရည်အချင်းရှိသည်ဟု ဆိုနိုင်ပေသည် ။

​ထို့နောက် ယန်ကျီဝမ်က ညစာကို မြန်မြန်စားလိုက်ပြီး အပြင်ထွက်ရန် ပြင်လိုက်သည် ။

​ယွီလီက လှမ်းမေးလိုက်၏ ။

​" ယန်ကျီဝမ်.. ရှင် ဘယ်သွားမလို့လဲ.. "

​" ပွဲသွားကြည့်မလို့ပေါ့.. "

​ယန်ကျီဝမ်က စကားတစ်ခွန်းချန်ရစ်ကာ ထွက်သွားတော့သည် ။

​" ကျွန်တော်လည်း သွားကြည့်မယ်.. "

​ယန်ကျီဖန့်လည်း အမြန်စားပြီး သူ၏နောက်မှ လိုက်သွားသည် ။

​" သားလည်း သွားမယ်.. "

​" သမီးလည်း သွားချင်တယ်.. "

​ယန်ကျီခွမ်းနှင့် ယန်ကျီတိတို့လည်း အမြန် လိုက်သွားကြသည် ။

" အဟမ်း.. အဟမ်း.."

​ယန်ဖူကွေ့က ချောင်းဟန့်လိုက်ပြီး ဖြောင့်မတ်သော လေသံဖြင့်...

​" ခြံဝင်းရဲ့ ဦးလေး တစ်ယောက်အနေနဲ့ ခြံထဲမှာ ပြဿနာတစ်ခုခု ဖြစ်လာရင် ငါ သေချာပေါက် သွားကြည့်ရမှာပေါ့.. "

​ပြောပြီးသည်နှင့် သူလည်း ထွက်သွားသည် ။

​ရန်ရွေ့ဟွားနှင့် ယွီလီတို့သာ ဆွံ့အကာ ကျန်နေခဲ့သည် ။

​ခဏအကြာတွင် ယွီလီက ပြောလိုက်၏ ။

​" အမေ.. ကျွန်မတို့လည်း သွားကြည့်ရအောင်လေ.. "

​" အေး.. သွားကြတာပေါ့.. "

​...

​အလယ်ခြံဝင်း ။

​ကျားကျန်းရှီက ယီမိသားစု၏ တံခါးဝတွင် ထိုင်ကာ ပေါင်ကိုရိုက်ပြီး ဝိညာဥ်ခေါ်နေသကဲ့သို့ အော်ဟစ်ငိုကြွေးနေလေရာ ပွဲကြည့်နေသော အိမ်နီးချင်းများက ဝိုင်းအုံနေကြသည် ။

​သတင်းက တစ်ယောက်မှ တစ်ဆယ်၊ တစ်ဆယ်မှ တစ်ရာသို့ ပျံ့နှံ့သွားပြီး ကျားဒုံရွှီ အဖမ်းခံရသည့်အကြောင်းကို လူတိုင်း သိသွားကြလေပြီ ။

​" ခုတလော ကျားမိသားစုရဲ့ ဘဝ ပိုကောင်းလာတာကို ငါ တစ်ခုခု မှားနေပြီလို့ ထင်သားပဲ.. အခုတော့ ထင်တဲ့အတိုင်း ကျားဒုံရွှီ လောင်းကစားသွားလုပ်နေတာကိုး.. "

​" အရင်ကတော့ အဘိုးကြီးယီက သူတို့ကို ကူညီပေးနေတယ် ထင်ခဲ့တာ.. တကယ်တော့ မဟုတ်ပါလား.. "

​" အခု ကျားဒုံရွှီ အဖမ်းခံလိုက်ရတော့ ကျားမိသားစု အခြေအနေက တော်တော်ဆိုးသွားပြီ.. "

​" ကျားဒုံရွှီလည်း ဒုက္ခပါပဲ.. သူ့ရဲ့ လစဥ်လစာက မနည်းဘဲနဲ့..ဒါကို ကောင်းကောင်းမနေဘဲ ဘာလို့ လောင်းကစား သွားလုပ်ရတာလဲ.. အခုတော့ သူ အဖမ်းခံလိုက်ရပြီလေ.. "

​" မှတ်လောက်ပြီပေါ့.. မနက်ကမှ ကျားကျန်းရှီ ငါ့ကို ကြွားနေသေးတာ.. သူ့ပုံစံက တကယ်ကို ဒေါသထွက်စရာကောင်းတာ.. "

​အိမ်နီးချင်းများက တက်ကြွစွာ ဆွေးနွေးနေကြပြီး အချို့က ကျားမိသားစုကို သနားကြသော်လည်း အချို့ကမူ ဝမ်းသာအားရ ဖြစ်နေကြသည် ။

လွန်ခဲ့သည့် ရက်အနည်းငယ်က ကျားကျန်းရှီ က သူမ၏ ကျားဒုံရွှီ မည်မျှ အရည်အချင်းရှိကြောင်း ကြွားလုံးထုတ်ပြီး တခြားသူများကို အထင်သေးခဲ့သည်ကို မရပ်တန့်ခဲ့ပေ ။

​ဤအချိန်တွင် အခန်းထဲရှိ ယီကျုံးဟိုင်၏ မျက်နှာမှာ မည်းမှောင်နေသည် ။

​ကျားဒုံရွှီ၏ ကိစ္စဖြစ်ပြီးကတည်းက သူ ဖြေရှင်းရန် နည်းလမ်းရှာနေခဲ့သည် ။

​သို့သော် ကျားကျန်းရှီကတော့ သူ၏ အိမ်သို့ ပြဿနာလာရှာနေလေသည် ။

​ထို့အပြင် သူမ၏ ငိုကြွေးသံက လူကြားမကောင်းပေ ။

​ကျားဒုံရွှီကို သူ ဂရုမစိုက်ဘူးဟူသည့်စကားက အဓိပ္ပါယ်မရှိ ။

​ကျားဒုံရွှီ စက်ရုံသို့ စဝင်လာစဥ်ကသာ သူ လမ်းညွှန်ပြသ မပေးခဲ့ပါက အခုလို ကျွမ်းကျင်မှုမျိုး ရှိလာမည် မဟုတ်ပေ ။

​ထို့အပြင် သူက ပုံမှန်ရက်များတွင် ကျားမိသားစု အဆက်မပြတ် ကူညီ ပေးခဲ့သည် ။

​သို့သော် အခုတော့ ။ သူတို့၏ အသိတရားက ခွေးစားသွားပုံ ရပေသည် ။

​ဘေးနားရှိ အဒေါ်ယီက မနေနိုင်တော့ဘဲ ...

​" အဘိုးကြီးယီ.. ရှင် အပြင်ထွက်ပြီး သူ့ကို သေချာ သွားပြောလိုက်တာ ပိုကောင်းမယ်.. "

​ကျားကျန်းရှီ အော်ဟစ်ငိုကြွေးနေသည်မှာ အတော်ကြာနေပြီ ။

​ဤအတိုင်းသာ ဆက်သွားနေပါက သူမ အပြင်ထွက်ပြီး လူတွေကို မျက်နှာပြရဲတော့မည် မဟုတ်ချေ ။

​ယီကျုံးဟိုင်က ထိုစကားကို ကြားသောအခါ အခွင့်ကောင်းယူ၍ ထကာ အပြင်သို့ ထွက်လာခဲ့သည် ။

​ကျားဒုံရွှီ၏ ကိစ္စ မည်သို့ပင် ဖြစ်စေကာမူ သူ၏ ဂုဏ်သိက္ခာကိုတော့ အကျဆင်းခံ၍ မဖြစ်ပေ ။

​သေချာ မကိုင်တွယ်ပါက နောင်တွင် ခြံဝင်းထဲ၌ သူ၏ သြဇာလွှမ်းမိုးမှု ကျဆင်းသွားမည် ။

​သူက တံခါးဝသို့ ရောက်လာပြီး ကူကယ်ရာမဲ့ဟန်ဖြင့် ...

​" ခယ်မကျား.. ငါ မကူညီဘူးလို့ မပြောပါဘူး.. ငါ ဖြေရှင်းဖို့ နည်းလမ်းစဥ်းစားနေတယ်လေ.. "

​" ယီကျုံးဟိုင်.. ရှင် နောက်ဆုံးတော့ အပြင်ထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့.. "

​ကျားကျန်းရှီက နှာခေါင်းရှုံ့လိုက်ပြီး..

​" ဘာပဲဖြစ်ဖြစ် ကျုပ် ဂရုမစိုက်ဘူး.. ရှင်က ဒုံရွှီရဲ့ ဆရာပဲ.. အဲ့တော့ ရှင် သူ့ကို ကယ်ကို ကယ်ထုတ်ပေးရမယ်.. မဟုတ်ရင် ရှင့်အိမ်တံခါးဝမှာ ခေါင်းဆောင့်ပြီး သေပြမယ်.. "

​သူ အိုမင်းလာချိန်တွင် ဒုံရွှီကို ပြုစုစောင့်ရှောက်စေချင်ခဲ့ပြီး အခု ဒုံရွှီ ပြဿနာတက်နေချိန်မှ လက်ရှောင်ချင်နေသည်က မဖြစ်နိုင်ပေ ။ လောကကြီးတွင် ဤမျှ ကောင်းသောအရာမျိုး မရှိနိုင်ချေ ။

​ယီကျုံးဟိုင် ချက်ချင်းပင် ခေါင်းကိုက်သွားသလို ခံစားလိုက်ရသည် ။ သူ ဖျောင်းဖျလိုက်၏ ။

​" ခယ်မကျား.. အထဲဝင်ပြီးမှ စကားပြောကြတာပေါ့.. ငါ ဖြေရှင်းဖို့ နည်းလမ်းစဥ်းစားလို့ ရနေပါပြီ.. "

​ကျားကျန်းရှီက ချက်ချင်းပင် အငိုရပ်လိုက်ပြီး ယီမိသားစု၏ အိမ်ထဲသို့ သုတ်ခြေတင် ဝင်သွားတော့သည် ။

​ခြံဝင်းထဲရှိ လူအားလုံး ဆွံ့အ သွားကြ၏ ။ ကျားကျန်းရှီ၏ မျက်ရည်က ထိန်းချုပ်နိုင်ပုံ ရလေသည် ။

​ကြည့်စရာပွဲ မရှိတော့သည်ကို မြင်သောအခါ လူတိုင်း လူစုခွဲသွားကြတော့သည် ။

All Chapters