← Chapters

အခန်း ၂၅၇

Vol. 25 Ch. 257

အခန်း ၂၅၇

Vol. 25 Ch. 257

Chapter 257

~

အခန်း ၂၅၇ : လာနှစ်သိမ့်သော လီဟွိုက်တဲ

~

​ " ကျားဒုံရွှီ ဘယ်လိုလုပ်ပြီး ဒီလို ရုတ်တရက်ကြီး ထွက်သွားရတာလဲ.. မနေ့ကတောင် ငါ့ကို နှုတ်ဆက်သွားသေးတယ်.. လူ့ဘဝက တကယ်ကို မှန်းဆလို့ မရဘူးနော် .."

​ " သူ မရှိတော့ ကျားမိသားစုတော့ ဒုက္ခရောက်ပြီပဲ.. မုဆိုးမ နှစ်ယောက်ရယ်.. ကလေး နှစ်ယောက်ရယ်.. ပြီးတော့ ဗိုက်ထဲမှာ တစ်ယောက် ကျန်သေးတယ်လေ.. ဟူး .."

​ " မင်း ဘာကို စိတ်ပူနေတာလဲ.. အဘိုးကြီးယီ ရှိသေးပါတယ်ဟ.. သူက ကျားဒုံရွှီရဲ့ ဆရာလေ.. လူသေသွားပြီ ဆိုပေမယ့် သူတို့ မိသားစုကို ဒီတိုင်း ပစ်ထားလို့ ဘယ်ဖြစ်ပါ့မလဲ .."

​ " အဲ့ဒါကတော့ ပြောရခက်တယ်.. သူက ကျားမိသားစု အပေါ် ကောင်းခဲ့တာက ကျားဒုံရွှီက သူ့ကို လုပ်ကျွေးပြုစုလိမ့်မယ်လို့ မျှော်လင့်ထားလို့လေ.. အခု ကျားဒုံရွှီ မရှိတော့ဘူး ဆိုတော့ ဘယ်သူ သိမလဲ.. ဟီးဟီး .."

​ " သူ အဲ့လို လုပ်လောက်မှာ မဟုတ်ပါဘူး.. သူသာ တကယ် အဲ့လို လုပ်ခဲ့ရင် သူ့နာမည် သတင်း အကုန် ပျက်စီးသွားမှာပေါ့.. အဲ့အခါကျ အပြင်လူတွေကို ဘယ်လို မျက်နှာပြရဲတော့မလဲ .."

​ " ဘယ်သူသိမှာလဲ .."

​ ထိုညတွင် ကျားဒုံရွှီ၏ ရုပ်အလောင်းကို ခြံဝန်းထဲသို့ ပြန်လည် သယ်ဆောင်လာခဲ့သည် ။

​ တစ်ည ထားပြီးနောက် နောက်နေ့တွင် ဈာပန ကိစ္စရပ်များကို ရိုးရိုးရှင်းရှင်းပင် စီစဉ် ဆောင်ရွက်ခဲ့ကြ၏ ။

​ ဈာပနနေ့တွင် ယန်ကျီဝမ် အစရှိသော လူငယ်များလည်း သွားရောက် ကူညီပေးခဲ့ကြသည် ။

​ မိသားစု နှစ်ခုက ဆက်ဆံရေး သိပ်မကောင်းသော်လည်း ဤကဲ့သို့သော ကိစ္စမျိုးတွင်တော့ ကူညီပေးရန် လိုအပ်ပေသည် ။

​ ထို့အပြင် သံမဏိစက်ရုံမှလည်း ဝမ်းနည်းကြောင်း လာရောက် နှစ်သိမ့်ပေးသူများ စေလွှတ်ခဲ့၏ ။

​ လာရောက်သူမှာ ဒုစက်ရုံမှူး လီဟွိုက်တဲ ပင် ။

​ လီဟွိုက်တဲက ကျားမိသားစု အိမ်သို့ ရောက်လာပြီး ကျားကျန်းရှီအား ပြောလိုက်သည် ။

​ " ကျားဒုံရွှီရဲ့ အမေ.. စိတ်မကောင်းပါဘူးဗျာ.. ကျားဒုံရွှီ ကွယ်လွန်သွားတဲ့ အတွက် ကျွန်တော်တို့ အထူးပဲ ဝမ်းနည်း ပူဆွေးရပါတယ်.. စက်ရုံက ခေါင်းဆောင်တွေ အားလုံး တိုင်ပင် ဆုံးဖြတ်ပြီးတဲ့ နောက်မှာတော့ ကျားဒုံရွှီ အတွက် သေဆုံးမှု နစ်နာကြေး ယွမ် နှစ်ရာ ပေးအပ်ဖို့နဲ့ သံမဏိစက်ရုံမှာ သူ့ရဲ့ အလုပ်နေရာကို ဆက်လက် ထားရှိပေးဖို့ ဆုံးဖြတ်လိုက်ပါတယ် .."

​ " ဘာ .."

​ ဤစကားကို ကြားသောအခါ ကျားကျန်းရှီက ချက်ချင်းပင် ပေါက်ကွဲသွားတော့သည် ။

​ သူမက လီဟွိုက်တဲကို လက်ညိုးထိုးကာ ကျိန်ဆဲလိုက်ပြီး...

​ " နင်တို့ သိပ် ရက်စက်တာပဲ.. ငါ့သားလေး သေသွားတာကို နစ်နာကြေး ယွမ် နှစ်ရာပဲ ပေးမယ် ဟုတ်လား.. ငါ လက်မခံနိုင်ဘူး.. ငါ့သားရဲ့ အသက်က အဲ့ဒီလောက် တန်ဖိုး မနည်းဘူး .."

​ လီဟွိုက်တဲ၏ မျက်နှာက မည်းမှောင်သွား၏ ။

​ သူ ဒေါသထွက်နေသည်ကို ရိပ်မိသော အတွင်းရေးမှူးကျိုး က အမြန်ရှေ့ထွက်လာပြီး ...

​ " အဒေါ်.. ကျားဒုံရွှီရဲ့ မတော်တဆမှုက စက်ကို အသုံးပြုတာ မှားယွင်းသွားလို့ ဖြစ်ရတာပါ.. တိတိကျကျ ပြောရရင် ဘာနစ်နာကြေးမှ ရစရာ အကြောင်း မရှိဘူး.. ဒါပေမဲ့ ခေါင်းဆောင်တွေက အဒေါ်တို့ မိသားစုရဲ့ အခက်အခဲကို ကိုယ်ချင်းစာလို့ သေဆုံးမှု နစ်နာကြေး အဖြစ် ယွမ် နှစ်ရာ ပေးဖို့ တိုင်ပင် ဆုံးဖြတ်ခဲ့ကြတာပါ.. ဒါက တော်တော်လေး ကောင်းမွန်တဲ့ ရလဒ် တစ်ခု ဖြစ်နေပါပြီ .."

​ သူ မပြောဘဲ ချန်ထားခဲ့သည့် အရာတစ်ခု ရှိသေးသည် ။ ကျားဒုံရွှီ၏ မှားယွင်းသော လုပ်ဆောင်မှုကြောင့် တွင်ခုံစက် ပြဿနာတက်သွားခဲ့ပြီး မှန်မှန်ပြောရလျှင် သူကသာ စက်ရုံကို နစ်နာကြေး ပြန်ပေးရမည်ပင် ။

​ ထို့ကြောင့် သေဆုံးမှု နစ်နာကြေး အနေဖြင့် ယွမ် နှစ်ရာ ပေးနိုင်ခြင်းက အတော်လေး ရက်ရောနေပေပြီ ။

​ သို့သော် ကျားကျန်းရှီက မည်သို့ နားထောင်မည်နည်း ။

​ သူမက အရှက်မရှိ ပြန်ပြောလိုက်သည် ။

​ " ငါ ဂရုမစိုက်ဘူး.. ငါ့သားက နင်တို့ သံမဏိစက်ရုံမှာ မတော်တဆ ဖြစ်တာ ဆိုတော့ နင်တို့ ပိုက်ဆံ ပေးကိုပေးရမယ် .."

​ " ခင်ဗျား .."

​ အတွင်းရေးမှူးကျိုးက ပြန်ပြောတော့မည့် ဆဲဆဲတွင် လီဟွိုက်တဲက သူ့ကို တားလိုက်သည် ။

​ လီဟွိုက်တဲက အားတင်း၍ ပြုံးပြလိုက်ပြီး မေးလိုက်၏ ။

​ " ဒါဆိုလည်း ကျားဒုံရွှီရဲ့ အမေ ဘယ်လောက်ရမှ ကျေနပ်မလဲ .."

​ မည်သို့ပင်ဆိုစေကာမူ ယနေ့က ကျားဒုံရွှီ၏ ဈာပနနေ့ ဖြစ်သည် ။ ပြဿနာတက်၍ မကောင်းပေ ။

​ သူမ၏ တောင်းဆိုမှုက သိပ်မလွန်ကျူးပါက သူ ချက်ချင်း သဘောတူလိုက်ပေမည် ။

​ သို့သော် ကျားကျန်းရှီက အလွန်တရာ လွန်ကဲသော တောင်းဆိုမှုကို ပြုလုပ်လာခဲ့၏ ။

​ " နင်တို့ အနည်းဆုံး ယွမ် တစ်ထောင်တော့ နစ်နာကြေး ပေးရမယ်.. မဟုတ်ရင် ဒီကိစ္စက ပြီးမှာ မဟုတ်ဘူး .."

​ လီဟွိုက်တဲ၏ မျက်နှာက ချက်ချင်းပင် ဒယ်အိုး ဖင်လို မည်းမှောင်သွားတော့သည် ။

​ မတော်တဆ သေဆုံးမှုများ အတွက်ပင် သေဆုံးမှု နစ်နာကြေးက ဤမျှ မများခဲ့ဖူးပေ ။ ကျားဒုံရွှီ ဆိုလျှင် သူ၏ ကိုယ်ပိုင် အမှားကြောင့် မတော်တဆ ဖြစ်ခဲ့ရခြင်းဖြစ်၍ ပိုဆိုးသေးသည် ။

​ ဤအဘွားကြီးက သူ့ကိုယ်သူ သိပ်လည်လှပြီဟု ထင်နေသည်လော ။

​ သူက တင်းမာသော မျက်နှာထားဖြင့် ...

​ " ယွမ် တစ်ထောင်ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ဘူး.. နောက်ဆုံး အနေနဲ့ ယွမ် နှစ်ရာ့ငါးဆယ် ပေးမယ်.. အပို ငါးဆယ်က ကျုပ်အိတ်ကပ်ထဲက စိုက်ပေးတာပဲ .."

​ " သေလိုက်လေ .."

​ ကျားကျန်းရှီက အော်ဟစ်လိုက်ပြီး...

​ " ဒီနေ့ ယွမ် တစ်ထောင် မရရင် ငါ့သား အလောင်းကို နင်တို့ စက်ရုံကို သယ်သွားပြီး ပြဿနာ ရှာပစ်မယ်.. နင်တို့ မပေးဘဲ နေရဲလား ကြည့်ကြသေးတာပေါ့ .."

​ ဤစကားကို ကြားသောအခါ လီဟွိုက်တဲ၏ နောက်ဆုံး ကျန်ရစ်သော သည်းခံနိုင်စွမ်းများ လွင့်ပျောက်သွားတော့သည် ။ သူက နှာခေါင်းရှုံ့လိုက်ပြီး...

​ " ဟမ့် ...ခင်ဗျား လုပ်ချင်တာ လုပ်နိုင်တယ်.. ကျုပ် ဒီကိစ္စကို ဆက်မဖြေရှင်းပေးနိုင်တော့ဘူး.. ရပြီလား .."

​ ထိုသို့ပြောပြီးနောက် သူက လက်ကို ခါယမ်းကာ ထွက်သွားရန် ပြင်လိုက်သည် ။

​ ဤကိစ္စက သူ ဖြေရှင်းရမည့် ကိစ္စ မဟုတ်ပေ ။

​ သူ၏ ပုံရိပ်ကို ကောင်းမွန်လာစေရန် အတွက်သာ ဤတာဝန်ကို ယူခဲ့ခြင်း ဖြစ်သည် ။

​ သို့သော် ကျားကျန်းရှီ ကဲ့သို့ အကြောင်းအကျိုး မသိတတ်သူနှင့် ဆုံရမည်ဟု သူ မျှော်လင့်မထားခဲ့ချေ ။ သူ တကယ်ကို သင်ခန်းစာ ရသွားခဲ့လေပြီ ။

​ " မသွားနဲ့.. ဒီနေ့ ကိစ္စကို ရှင်းရှင်းလင်းလင်း မဖြစ်ရင် နင် ထွက်သွားလို့ မရဘူး .."

​ ကျားကျန်းရှီက မည်သို့ ထွက်သွားခွင့် ပြုမည်နည်း ။ သူမက လီဟွိုက်တဲ၏ ခြေထောက်ကို ပြေး ဖက်ထားလိုက်သည် ။

​ လီဟွိုက်တဲ၏ မျက်နှာက ချက်ချင်းပင် ပို၍ မည်းမှောင်သွား၏ ။

​ သူ ရုန်းထွက်ရန် ကြိုးစားသော်လည်း ကျားကျန်းရှီက ပို၍ လွန်ကဲလာကာ တွယ်တက်လာပြီး သူ၏ မျက်နှာကို အကြိမ်ကြိမ် ကုတ်ဆွဲတော့သည် ။

​ " အား..အား.. .."

​ လီဟွိုက်တဲ နာကျင်စွာ အော်ဟစ်လိုက်ရ၏ ။

​ ယန်ကျီဝမ်က ဘေးမှနေ၍ ပွဲကြည့်နေခဲ့သော်လည်း ဤမြင်ကွင်းကို မြင်သောအခါ ဒီအတိုင်း ရပ်ကြည့်နေ၍ မရတော့ပေ ။

​ မဟုတ်လျှင် လီဟွိုက်တဲက သူ့ကို တွေ့သွားပါက နောင်တွင် အပြစ်တင် ခံရနိုင်သည် ။

​ သူ ရှေ့သို့ ခြေလှမ်း အနည်းငယ် တက်သွားကာ အားကုန် ဆွဲဖယ်ပြီး ကျားကျန်းရှီကို ခွာချလိုက်သည် ။

​ ထို့နောက် လီဟွိုက်တဲအား မေးလိုက်၏ ။

​ " စက်ရုံမှူးလီ.. အဆင်ပြေရဲ့လား .."

​ ယန်ကျီဝမ် ဖြစ်နေသည်ကို မြင်သောအခါ လီဟွိုက်တဲ သက်ပြင်း တစ်ချက် ချလိုက်နိုင်သည် ။

​ သူက လက်ဝှေ့ယမ်းပြလိုက်ပြီး အတွင်းရေးမှူးကျိုး နှင့်အတူ ထွက်သွားသည် ။

​ ချင်ဟွိုင်ရု သည်လည်း သက်ပြင်း တစ်ချက် ချလိုက်နိုင်၏ ။

​ ကျားကျန်းရှီက ကျားဒုံရွှီ၏ အလောင်းကို သံမဏိစက်ရုံသို့ တကယ် သယ်သွားမည်ကို သူမ အလွန် ကြောက်ရွံ့နေမိသည် ။

​ သူမသာ ပြဿနာ ရှာခဲ့လျှင် ကျားဒုံရွှီ ကောင်းကောင်းမွန်မွန် အနားယူခွင့် မရနိုင်သည့်အပြင် နောင်တွင် သူမ၏ အလုပ်ပါ ဆုံးရှုံးသွားနိုင်သည် ။

​ သို့သော် ကျားကျန်းရှီ ပြဿနာ ရှာလိုက်လျှင် သေဆုံးမှု နစ်နာကြေး ပိုရလာနိုင်သည်ဟု တွေးကာ သူမ မျှော်လင့်ချက် လေး တစ်ချက်တော့ ထားခဲ့မိသေးသည် ။

​ ယခုတော့ မျှော်လင့်ချက် မရှိတော့ဟု ထင်ရ၏ ။

​ ထိုအချိန်တွင် ရှာကျူးက အလိုက်မသိ မေးလိုက်သည် ။

​ " ဒေါ်လေးကျန်း.. ဒုံရွှီကို သင်္ဂြိုဟ်ဖို့ ပို့ရတော့မှာလား .."

​ ကျားကျန်းရှီက သူ့ကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး...

​ " မပို့ရင် နင့်အိမ်မှာ ထားထားပေးမှာမို့လို့လား .."

​ သူမက သေဆုံးမှု နစ်နာကြေး ပိုရလို၍ သာမန်ကာလျှံကာ ပြောလိုက်ခြင်းသာ ဖြစ်ပြီး သားဖြစ်သူကို ထိုသို့ နှိပ်စက်မည် မဟုတ်ပေ ။

​ ဤအရူး ရှာကျူးက တကယ်ကြီး ယုံသွားလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ ။ သူ တကယ်ပဲ ရူးနေတာလား ဟန်ဆောင်နေတာလား သူမ မသိတော့ ။

​ " မ..မဟုတ်ပါဘူးဗျာ .."

​ ရှာကျူး အလွန် ကြောက်လန့်သွားသဖြင့် လက်ကို အကြိမ်ကြိမ် ခါယမ်းကာ အမြန် ငြင်းဆန်လိုက်သည် ။

​ မကြာမီပင် လူငယ်အနည်းငယ်၏ အကူအညီဖြင့် ကျားဒုံရွှီအား သင်္ဂြိုဟ်ရန် ပို့ဆောင်လိုက်ကြသည် ။

​ ယခုအချိန်မှစ၍ ကျားဒုံရွှီသည် မူရင်းဝတ္ထုထဲမှ နောက်ခံ ဇာတ်ကောင် တစ်ဦးအဖြစ် အောင်မြင်စွာ ပြောင်းလဲသွားခဲ့လေပြီ ။

​ သေသူက ထွက်သွားပြီ ဖြစ်သော်လည်း ကျန်ရစ်သူများကတော့ ဆက်လက် အသက်ရှင် နေထိုင်ကြရအုံးမည် ။

​ အရာအားလုံး ယခင်ကအတိုင်း ပြန်ဖြစ်သွားသလို ထင်ရသော်လည်း လူဟောင်း တစ်ယောက်က မရှိတော့ ။

​ ထိုအချိန်မှစ၍ ချင်ဟွိုင်ရု အချိန်အတော်ကြာသည် အထိ မပြုံးနိုင်ခဲ့တော့ချေ ။

​ ကျားကျန်းရှီကလည်း ပို၍ ကြမ်းတမ်း ခက်ထန်လာခဲ့၏ ။ ခွေးတစ်ကောင် သူမ အနား ဖြတ်လျှောက်သွားလျှင်ပင် အချိန်အကြာကြီး ကျိန်ဆဲ နေတတ်သည် ။

​ ရက်အနည်းငယ် ကြာပြီးနောက်...

​ ကျားကျန်းရှီက ယီကျုံးဟိုင်၏ အိမ်သို့ ရောက်လာသည် ။

​ သူမက ညစာစားချိန်တွင် သွားခဲ့ခြင်း ဖြစ်ပြီး အထဲသို့ ဝင်ဝင်ချင်းပင် ဝင်ထိုင်လိုက်ကာ စားပွဲပေါ်ရှိ ပြောင်းဖူးပေါင်းကို ယူ၍ အားနာဟန် အလျဉ်းမရှိ စတင် စားသောက်လေတော့သည် ။

​ အဒေါ်ယီ၏ မျက်နှာက အလွန် မည်းမှောင်သွားသော်လည်း ယီကျုံးဟိုင် စကားမပြောသဖြင့် သူမလည်း ဘာမှ မပြောနိုင်ခဲ့ချေ ။

​ ယီကျုံးဟိုင် ကလည်း သူမ သားဆုံးရှုံးထားကာစ ဖြစ်သဖြင့် သူမနှင့် ပြဿနာ မတက်ချင်တော့ပေ ။

​ ထိုအစား သူ မေးလိုက်သည် ။

​ " ခယ်မကျား.. ဘာကိစ္စ ရှိလို့လဲ .."

​ ကျားကျန်းရှီက ပြောင်းဖူးပေါင်း နှစ်လုံးကို အမြန်စားလိုက်ပြီး ဟင်းလျာများကိုလည်း အများကြီး စားလိုက်သည် ။ ကျေနပ်စွာ လေချဥ်တက်လိုက်ပြီးနောက် သူမက စကားစပြောလိုက်၏ ။

​ " ယီကျုံးဟိုင်.. နင်က ဒုံရွှီရဲ့ ဆရာလေ.. အခု ဒုံရွှီ မရှိတော့ဘူး ဆိုတော့ ငါတို့ မုဆိုးမတွေချည်း ကျန်ခဲ့ပြီ.. ငါတို့ရဲ့ အခက်အခဲကို နင် ဒီတိုင်း လျစ်လျူရှုထားလို့ မဖြစ်ဘူးလေ .."

​ ယီကျုံးဟိုင် မျက်မှောင်ကြုတ်သွားပြီး ...

​ " သေဆုံးမှု နစ်နာကြေး ယွမ် နှစ်ရာ့ငါးဆယ် ရှိသေးတယ် မဟုတ်လား.. နောက်နှစ် ဟွိုင်ရု မီးဖွားပြီးသွားရင် ဒုံရွှီရဲ့ အလုပ်နေရာကို ဝင်လုပ်လို့ ရပြီလေ .."

​ နစ်နာကြေး ငွေထုတ်ယူစဉ်က သူ ကိုယ်တိုင် သူမနှင့် အတူ လိုက်ပါသွားခဲ့ခြင်း ဖြစ်သည် ။

​ တခြား ရွေးချယ်စရာ နည်းလမ်း မရှိခဲ့ပေ ။ သူသာ သဘောမတူလျှင် ကျားကျန်းရှီက ပြဿနာ ရှာပေလိမ့်မည် ။

​ " အဲ့ဒီ ပိုက်ဆံ နည်းနည်းလေးက ဘယ်လောက်ကြာကြာ ခံမှာမို့လို့လဲ .."

​ ကျားကျန်းရှီက နှုတ်ခမ်းဆူလိုက်ပြီးနောက်...

​ " ပြီးတော့ အဲ့ဒီ ပိုက်ဆံက ပန့်ကန့် မိန်းမယူဖို့ အတွက်လေ.. သွားထိလို့ ဘယ်ရမလဲ .."

​ ယီကျုံးဟိုင်၏ နှုတ်ခမ်းများ တဆက်ဆက်တုန်ရီသွား၏ ။

​ သူမ၏ အဓိပ္ပါယ် မရှိသော စကားများကို သူ တစ်ခွန်းမှ မယုံကြည်ပေ ။

​ ' ပန့်ကန့်က အခု ဘယ်နှစ်နှစ် ရှိသေးလို့လဲ.. ဒီပိုက်ဆံတွေက ဒီ အဘွားကြီးရဲ့ အိတ်ကပ်ထဲ ရောက်သွားမှာ အသေအချာပဲ...'

​ သူ တွေးလိုက်၏ ။

All Chapters