← Chapters

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း ၁၆၁

Vol. 17 Ch. 161

Chapter 161

【 ဒင်၊ သက်တမ်း+ 10 】

【 ဒင်၊သက်တမ်း+ 8 】

【 ဒင်၊သက်တမ်း + 5 】

【 ဒင်၊သက်တမ်း + 4 】

စုယွမ် တန့်သွားရသည်။

【 သက်တမ်း: 18 / 327 】

စုယွမ် မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်၏ယေဘုယျသက်တမ်းမှာ နှစ်သုံးရာဖြစ်သော်ငြား ယခုတွင်တော့ ချက်ချင်းပင် ၃၂၇နှစ်ဖြစ်သွားရချေပြီ။

သက်တမ်းအကြောင်းအသိပေးချက်ထွက်လာသည်နှင့် ပုံရပ်တော်တော်များများက သူ့အသိစိတ်ပင်လယ်ထဲပေါ်လာရသည်။

ကျူးကောကျန့်၊နန်ကုန်းဟော်ယွီနှင့်အခြားနှစ်ယောက်တို့ဖြစ်လေ၏။

စွမ်းရည်ကိုအသက်သွင်းလိုက်သည်နှင့် ၎င်းက သူ ယခင် ကြိုတင်ဖြေရှင်းနိုင်ခဲ့ဖူးသောအန္တာရယ်များအတွက်ပါ သက်တမ်း၂၇နှစ်ကချက်ချင်းထွက်ပေါ်လာရခြင်းဖြစ်သည်။

စုယွမ်မျက်လုံးများတောက်ပသွားရသည်။

အသက်၂၇နှစ်မှာ လွယ်လင့်တကူရရှိသွားလေပြီ။

ဤစွမ်းရည်မှာ အလွန်ကောင်းလှပေစွ။

သူလည်း ချက်ချင်း ထ၍ စမ်းသပ်ရန် နေရာတော်တော်များများစီသွားကြည့်လိုက်သည်။

နေ့တစ်ဝက်လောက်ကြာပြီးချိန်တွင် သူ ပြန်အတွေးနက်နေရပြန်၏။

ရလဒ်မှာ မထင်မှတ်သည့်အရာဖြစ်နေသည်လေ။ သူ ယုန်လေးတစ်ကောင်ကိုသေဘေးမှကူညီပေးခဲ့၏၊ သို့သော် သူ မည်သည့်အသိပေးချက်မှရမလာပေ။ သူက ဂိုဏ်းကိုတောင် အရဲစွန့်ထွက်ပြီး ပတ်ဝန်းကျင်ကိုတောင်လျှောက်ကြည့်လိုက်သေးချိန် ကလေးတစ်ယောက် ရေနှစ်တော့မှာကို တွေ့လိုက်သေးသည်။ သူ အနှီကလေးကိုကယ်လိုက်သော်ငြား ဘာသက်တမ်းမှတိုးမလာပါချေ။

သူလည်း အန္တာရယ်ကျချိန်တိုးတက်မှုကိုကြည့်လိုက်ပြီး အနှီစာလုံးများ၏အဓိပ္ပာယ်ကိုကြည့်လိုက်၏။ သူပြောထားသည့်အန္တာရယ်ဆိုသည်မှာ ကိုယ်ပိုင်အန္တာရယ် သို့မဟုတ် အများဆုံးအနေဖြင့် သူနှင့်ဆက်နွယ်နေသောလူများနှင့်ပတ်သက်သောအန္တာရယ်ကိုသာ ဆိုလိုရခြင်းဖြစ်ရမည်။

ထိုသို့ဆိုလျှင် ခုနစ်စဥ်ကြယ်ဂိုဏ်း သို့မဟုတ် မိသားစုတွင်အန္တာရယ်တစ်ခုခုကျရောက်ချိန် သူ သွားကယ်တင်မှသာ သက်တမ်းတိုးရချေမည်။

စုယွမ် နားလည်သွားသည်။ သူလည်း ထိုကိစ္စကြောင့် စိတ်မညစ်ပါပေ။ ဤသို့သော ကိစ္စမျိုးကလည်း ရံဖန်များစွာဖြစ်သည်ကိုး။ သူ့ဘဝသက်တမ်းကတိုးလာရန်ရှိသရွေ့ကတော့ ဒီစွမ်းရည်နှင့်ဆိုလျှင် သူ မသေမျိုးတောင် ဖြစ်နေပြီဟုဆို၍ရသည်။

သက်တမ်းသာလုံလုံလောက်လောက်ရှိပါက သူ အေးချမ်းစွာဖြင့် သေချာကျင့်ကြံနိုင်ပေမည်။ သက်တမ်းမရှိတော့လျှင်လည်း သူ ကြယ်အပြစ်ပေးမှုကိုခံယူကာ သက်တမ်းတိုးအောင်လုပ်၍ရသေး၏။ ဤသည်မှာ တော်တော်လေး အဆင်ပြေလှသည်ပင်။

သူ၏စိတ်ကလည်း လုံးဝသာယာသွားရသည်။

ဤအချိန်တွင် သူ အပြင်ထွက်လေ့ကျင့်ရမည့်လားဟူသောမေးခွန်းအတွက် ခေါင်းခဲရန်မလိုတော့ပါပေ။

ထိုစွမ်းရည်သာသုံးထားသရွေ့ သူ ဂိုဏ်းထဲတွင်ပင် ပေကပ်၍နေလို့ရပါ၏။

အပြင်လောကမှာ မည်မျှလှပပါပေ၊ သူ့တွင် ကိုယ်ပိုင်ကြည်လင်နေသောနှလုံးသားနှင့်အတူ လက်ဖက်ရည်တစ်ခွက်ရှိသရွေ့အဆင်ပြေပါ၏။

ဤစွမ်းရည်နှင့် အလုပ်နှင့်နားနေဖလှယ်မှုတို့က ပြီးပြည့်စုံသောအတွဲအစပ်ပါပေ။ သူက စွမ်းအင်များများရအောင် နားချိန်ကိုလည်း များများယူ၍ပေပြီ။

ဤသို့သောစွမ်းရည်မျိုးက သူ စကျင့်ကြံချိန်တုန်းက လိုချင်ခဲ့သောအရာဖြစ်သည်။ ယခင်ကဆိုလျှင် သူ သက်တမ်းနှင့်ပတ်သက်ပြီးတွေးပူခဲ့သေး၏။ ထို့ကြောင့်ပင် သူက ကျော်ကြားရန်အတွက် အရဲစွန့်နေရခြင်းဖြစ်သည်။ ယခုတွင်တော့ဘာမှစိုးရိမ်စရာမရှိတော့ရာ စိတ်အေးသက်သာစွာအနားယူနိုင်လေပြီ။

စုယွမ်လည်း ငါးဖမ်းပစ္စည်းများကို ထုတ်၍ သူ့ခြံဝန်းထဲတွင်ပင် ငါးဖမ်းလိုက်သည်။ သူ့ခြံဝန်းရှိမြစ်ထဲတွင် ငါးများရှိသည်၊ ၎င်းတို့က သာမန်ငါးများပေ။ ဤသို့စွမ်းအင်ပေါ်ကြွယ်ဝသောနေရာမှာတောင် ၎င်းတို့က ကံကြမ္မာကိုပြောင်းလဲရန်အခွင့်မရသေးသည်မို့ သာမန်ငါးများသာဖြစ်ရန် ကံကြမ္မာကသတ်မှတ်ပြီးသားဟုပင်ပြောနိုင်သည်။

စုယွမ် စိတ်အေးချမ်းစွာဖြင့် ငါးမျှားနေပြီး ကျင့်ကြံရေးအကြောင်းဘာမှမတွေးတော့ပါပေ။

သို့သော်လည်း စုယွမ် ဝိညာဉ်ငါးတစ်ကောင်ကိုဖမ်းမိတော့မလို့ရှိသေး၊ ရှောင်ချိုက်က စုယွမ်၏ငါးမျှားတံထိပ်တွင် ဖွားကနဲပေါ်လာခဲ့ပြီး ငါးလေးကို ကယ်တင်လိုက်ပါ၏။

ရှောင်ချိုက်မှာ စုယွမ်ကို စိုက်ကြည့်လာသည်။

စုယွမ်ကတော့ ဒေါသထွက်မသွား၊ ပြုံး၍သာပြောလိုက်သည်။

“ဒီကမ္ဘာကြီးမှာ ငါးတွေအများကြီးရှိတာ။ မင်း ငါးတိုင်းကိုကယ်နိုင်မှာမဟုတ်ဘူးလေ။”

“မသိဘူး။ သခင် ကျွန်မရှေ့မှာ ဝိညာဉ်ငါးတစ်ကောင်ကိုစားလို့မရဘူး။ ဒီဝိညာဉ်ငါးတွေက ဥာဏ်ရည်စဖွံ့ဖြိုးနေပြီကို။”

ရှောင်ချိုက်က စုယွမ်ကို မှီလာပြီး အလိုလိုက်ခံရသောကလေးတစ်ယောက်ကဲ့သို့ ပြုမူလာသည်။

“ဝိညာဉ်ငါးတွေကို မစားပါနဲ့၊နော်။”

“အဲ့ဒါဆိုရင် သာမာန်ငါးတွေကိုရော။”

စုယွမ် မေးလိုက်သည်။

“သာမန်ငါးတွေကကိစ္စမရှိပါဘူး။ ငါးကြီးတွေကတောင် ငါးသေးသေးလေးတွေကိုစားသေးတာပဲ၊ သူတို့ကိုယ်တိုင်က အစာကွင်းဆက်ထဲမှပဲလေ။”

ရှောင်ချိုက်က အမြှီးလေးကိုယမ်းလိုက်ရာ မြစ်ထဲမှ သာမန်ငါးတစ်ကောင်က ထွက်လာလေ၏။

“မြန်မြန်၊ အဲ့ဒါလေးကိုကင်ပေ။ ကျွန်မ ငါးကင်စားချင်တယ်။ တအားစားကောင်းမှာ။”

ရှောင်ချိုက်က အလိုလိုက်ခံကလေးလိုမျိုးပြောလာပြန်သည်။

စုယွမ်မှာ ကူရာမဲ့စွာသာ ဆိုလိုက်တော့၏။

“ဟုတ်ပါပြီ။ဟုတ်ပါပြီ။ ငါ ကင်ပေးပါ့မယ်။”

စုယွမ်လည်း ငါးကို မြစ်ကမ်းဘေးတွင်ပင် ကင်လိုက်ရာ မွှေးရနံ့မှာ စုယွမ်းဘေးထိုင်နေသည့်ရှောင်လီကိုပါ စိတ်ဝင်စားသွားစေလေသည်။

စုယွမ်မှာ ရုတ်ချည်း သူတော့ နေရင်းထိုင်ရင်း စားပွဲထိုးဖြစ်သွားရတာကို သိလိုက်ရ၏။

သူ ကိုးခြယ်နှီးနွယ်အမတငါးမျိုးရိုးကိုပိုင်ဆိုင်ထားသော ငါးသုံးဆယ့်ငါးကောင်ကိုတစ်ချက်ကြည့်လိုက်သည်၊ ထို့နောက် လက်တစ်ချက်ဝေ့လိုက်ရာ ဆေးလုံးငါးလုံးပေါ်လာခဲ့၏။

“စုယွမ်၊ ဒါဘာဆေးလဲဟင်။ အရမ်းမွှေးတာပဲ။”

ရှောင်ချိုက်က မျှော်လင့်တကြီးမေးလာသည်။

စုယွမ်ကလည်း လက်ယမ်းပြီး ပြောလိုက်သည်။

“မင်းသောက်ဖို့မဟုတ်ဘူး၊ စားလည်း ဘာအာနိသင်မှမရှိဘူး။”

သူ လောင်ချမ်ကိုပြောလိုက်သည်။

“မင်း ဒီဆေးလုံးငါးလုံးကိုသန့်စင်လိုက်ပါခား၊ ပြီးရင်အာနိသင်တူတဲ့ဆေးရည်ကိုပြန်ထုတ်ပေးနိုင်တယ်မလား။”

“မရဘူး၊ အခုတစ်ရာလောက်ရှိမှအဆင်ပြေမှာ။”

လောင်ချမ်ပြန်ပြောလိုက်သည်။

“အဲ့ဒါဆိုရင်လည်း ထားပါတော့။”

စုယွမ်လည်း လက်ယမ်းပြီး ဆေးလုံးငါးလုံးကို ဝိညာဉ်ငါးအုပ်စုထဲပစ်ပေးလိုက်သည်။

ရှောင်ချိုက်ကလည်း အနှီမြင်ကွင်းကို ရှုပ်ထွေးစွာကြည့်လာသည်။

ငါးသုံးဆယ်ခြောက်ကောင်မှာချက်ချင်း ထိုဆေးလုံးကိုအလုအယက်စားလာကြသည်။

အချင်းချင်းယှဥ်ပြိုင်ပြီးနောက်တွင် အနိုင်ရသူဝိညာဉ်ငါးကောင်ပေါ်လာလေပြီ။

သူတို့ ဆေးလုံးများကို မျိုချလိုက်ချင်းချင်း သူတို့အရှိန်အဝါက ချက်ချင်းထိုးတက်သွားရ၏။

နှစ်နာရီကြာပြီးနောက်တွင် တတိယအဆင့်ယောင်သားရဲ၏အရှိန်အဝါများထွက်ပေါ်လာရသည်။

စုယွမ်လည်း ချက်ချင်း ခုနစ်စဥ်ကြယ်ကိုအခြေခံထားသည့်အသွင်ကူးပြောင်းခြင်းလျှို့ဝှက်ကျင့်စဥ်ကိုသင်ပေးလိုက်၏။

သိပ်၍မကြာခင်တွင်ပင် မြစ်ကမ်းဘေးတွင် ကလေးလေးများမှာပေါ်ထွက်လာလေသည်။ စုယွမ်လည်း လက်ယမ်းလိုက်တော့ ကလေးငါးယောက်အတွက် တာအိုဝတ်စုံများပေါ်လာ၏။

ဤသို့ဖြင့် ယောက်ျားလေးသုံးယောက်၊မိန်းကလေးနှစ်ယောက်၊ စုစုပေါင်းကလေးငါးယောက်မှာ အစီအရီရောက်ရှိလာရလေပြီ။

အနှီအသွင်ပြောင်းကာစကလေးငါးဦးမှာ စုယွမ်ရှေ့တွင် တရိုတသေ ဒူးထောက်လိုက်ကြ၏။

“ကျေးဇူးတင်ပါတယ်၊သခင်။”

“အမ်း၊ အခုကစပြီး မင်းတို့က စုသာ့၊ စုအာ၊ စုစန်း၊ စုလန်နဲ့ စုကျွီတို့ပဲ။”

စုယွမ် သူတို့ကို နာမည်ပေးလိုက်သည်။

ကောင်မလေးနှစ်ယောက် ချက်ချင်းစုယွမ်ကို ကျေးဇူးတင်လာကြသည်။

“စုလန်နဲ့စုကျွီ နာမည်အတွက် ကျေးဇူးတင်ပါတယ်။”

စုယွမ်လည်း ကျေနပ်သွား၏။ သူ ဆေးလုံးကိုနောက်ထပ်နှစ်လုံးထပ်သန့်စင်လိုက်ဦးမည်၊ ထိုသို့ဆိုပါက စုမေ့နှင့်စုဟမ်ဟူ၍ ထပ်ပေးလိုက်မည်ပေ။

ကျန်သည့်ကလေးသုံးယောက်အမူအရာမှာ တောင့်တင်းလျက် ခဏမျှ ပြန်မတုံ့ပြန်ကြပေ။

“မင်းတို့ သခင့်ကို နာမည်အတွက် ကျေးဇူးမတင်သေးဘူးလား။”

ရှောင်ချိုက် ဝင်ဆူလိုက်၏။

ကလေးသုံးယောက်လည်း ချက်ချင်း အသိဝင်သွား၏။

“စုသာ့၊စုအာ၊စုစန်း သခင့်ကို နာမည်အတွက် ကျေးဇူးတင်ပါတယ်။”

သူတို့မှာ ခေါင်းများကိုငုံ့ရင်း အချင်းချင်းပြန်ကြည့်မိ၏၊ သူတို့မျက်လုံးများထဲတွင်လည်း စိတ်ဓာတ်ကျမှုအပြည့်ပင်။ သူတို့၏အမည်များမှာ ဘာကြောင့် ထိုမျှသာမန်ကာလျှံကာ ဆန်နေရပါသနည်း။

All Chapters