← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

Chapter 164: ကြယ်စင်ကိုးခုရွှေအမြုတေ။

မိုးကြိုးပင်လယ်ဆိုသောနေရာမှာ ချင်းခယ်ကုန်းမြေထဲတွင်မဟုတ်၊ ထိုအစား ချင်းခယ်ကုန်းမြေ၏အရှေ့မိုင်ပေါင်းသုံးသန်းအကွာရှိ ပင်လယ်တစ်ခုဖြစ်သည်။ မိုးကြိုးများက အနှီပင်လယ်တွင် တစ်နှစ်ပတ်လုံးကျရောက်နေလေ့ရှိ၏။ ထို့နေရာတွင် အလွန်ရှားပါးအဖိုးတန်လှသောမိုးကြိုးဆိုင်ရာရတနာများကို ရှာတွေ့နိုင်သလို မိုးကြိုးယောင်မိစ္ဆာသားရဲနှင့်ဝိညာဉ်သားရဲမျိုးစုံကိုလည်း တွေ့ရှိနိုင်သည်။ ထိုသည်သာမက ၎င်းနေရာတွင် မိုးကြိုးနှင့်ပတ်သက်သောအံ့ချီးဖွယ်များကိုပါ ကြည့်ရှုခံစားနိုင်မှာဖြစ်၏။

သို့လင့်ကစား အခွင့်အလမ်းပေါများသည့်နေရာတိုင်းတွင် အန္တာရယ်ဆိုတာလည်း ရှိစမြဲပင်။ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အင်အားကြီးပုဂ္ဂိုလ်များတောင် ဤနေရာတွင် သတိဖြင့်သွားလာရ၏၊ သို့မဟုတ်ပါလျှင် တစ်ခဏချင်းတွင်း အသက်ဆုံးရှုံးသွားနိုင်သည်လေ။

ခုနစ်စဉ်ကြယ်ဂိုဏ်း၏အကြီးအကဲတစ်ဦးဖြစ်သူ ဘိုးဘေးကြီးလိုင်ယန်မှာ ဤနေရာတွင် တံခါးပိတ်ကျင့်ကြံနေသည်မှာ နှစ်များစွာကြာလေပြီ။ ဆက်ခံသူအရှင်တစ်ဦးထွက်ပေါ်လာတာတောင် သူ့တွင် ပြန်သွားရန်ရည်ရွယ်ချက်မရှိ။

အကွာအဝေးမှာ အရမ်းကွာဟရခြင်းကတော့ အကြောင်းပြချက်တစ်ခုပင်။ နောက်ထပ်တစ်ချက်မှာ သူ၏လက်ရှိတည်နေရာက မိုးကြိုးပင်လယ်ထဲရှိ အတော်လေးနက်ရှိုင်းသောနေရာတွင်ရောက်နေခြင်းဖြစ်သည်။ ထို့ကြောင့် သူသာ ပြန်ထွက်ရန်ကြိုးစားပါက အသက်အန္တာရယ်ရှိနိုင်လေရာ ပြန်မသွားသည်က ပိုကောင်းချေမည်။

အကြီးအကဲလိုင်ယန်မှာ မိုးကြိုးကျွန်းတစ်ခုပေါ်တွင် ပုံမှန်အတိုင်းကျင့်ကြံနေ၏။ မိုးကြိုးများက ကောင်းကင်မှ အချိန်နှင့်အမျှ ကျရောက်နေသည်။ သူလည်း ထိုသည်တို့ကိုစိုက်ကြည့်ရင်း ကောင်းကင်နှင့်မြေကြီး၏နိယာမများကို နက်နက်နဲနဲနားလည်ရန်ကြိုးစားနေပေ၏။

အယူအဆအဆင့်၏အပေါ်တွင် ဥပဒေသအဆင့်ဟူ၍ရှိသည်။ လေဟာနယ်အဆင့်ကျင့်ကြံသူတစ်ဦးက အဆင့်တက်ရန်အတွက် ဥပဒေသများကို အရိပ်အမြွက်လေးဖြစ်ဖြစ် တပိုင်းတစဖမ်းဆုပ်နိုင်ရန်လို၏။ အကယ်၍ ဥပဒေသအဆင့်ကိုသာ နားလည်နိုင်သွားပါက လူတစ်ဦးမှာ ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်များကို အတွေးတစ်ချက်နှင့်ပင် အသုံးပြုနိုင်ရာ ၎င်းက အခြေခံအားဖြင့်တော့ ကျင့်ကြံသူတစ်ဦး၏အနှစ်သာရပြောင်းလဲသွားခြင်းပါလေ။ ဥပဒေသများဟာ မသေမျိုးများ၊နတ်ဘုရားများနှင့်ပတ်သက်နေသောအရာဖြစ်သည်၊ ကျင့်ကြံသူတစ်ဦးကသာ တစ်ပိုင်းတစ်စများကိုတောင် ဖမ်းဆုပ်နိုင်ခဲ့ပါက ထိုသူက ဤကမ္ဘာလောကကြီးကို အုပ်စိုးနိုင်ပေလိမ့်မည်သာ။

ကံမကောင်းစွာဖြင့် အကြီးအကဲလိုင်ရန်က ယခုထိတိုင် အနှီဥပဒေသများနှင့် ဝေးကွာနေဆဲဖြစ်သည်။ သူ၏မိုးကြိုးအယူအဆကတောင် အနိမ့်စားအောင်မြင်မှုအဆင့်သာရှိသေးရာ ပြီးပြည့်စုံခြင်းအဆင့်မှာကား အလှမ်းကြီးပါပေ။

သူ ယခုလေးတင်လင်းလက်သွားခဲ့သော မိုးကြိုးကို ပြန်တွေးနေရင်း အတွေးထဲနစ်မြှုပ်နေ၏။ သူ၏လက်များကလည်း မသိလိုက်ဘာသာဖြင့် မိုးကြိုးစွမ်းအင်တို့ကို ထုတ်လွှတ်နေရင်း တာအိုပုံစံများကို လိုက်လုပ်ကြည့်နေမိသည်။

ထိုအချိန်တွင် တာအိုအစီအရင်မှာ ကျိုးပြတ်သွားပြီး စွမ်းအင်ကလည်း ပြေပျောက်သွား၏။

မိုးကြိုးကျွန်း၏တစ်ဖက်ခြမ်းတွင် မိုးကြိုးယောင်သားရဲတစ်ကောင်က ရုတ်ချည်း မျက်လုံးများဖွင့်လာကာ ကောင်းကင်သို့ မြည်ကြွေးလာ၏၊ထို့နောက် ၎င်းက လိုင်ရန်ဆီသို့ အံ့လောက်ဖွယ်အရှိန်နှင့်ပြေးဝင်လာတော့သည်။

လိုင်ရန်ကမူ ကျင့်ကြံနေသည့်အခြေအနေမှ ချက်ချင်းထွက်ကာ သုန်မှုန်စွာထရပ်ကာ သူ၏ဓါးရှည်ကို ထိန်းချုပ်လိုက်ရာ ဓါးရှည်မှာ ယောင်သားရဲဆီသို့ စိုက်ဝင်သွားတော့၏။

သူ သူ့၏တည်ရှိနေမှုကို မတော်တဆဖော်ထုတ်နိုင်လိုက်မည်ဟု မထင်ထားခဲ့ပါပေ။ ဤနေရာမှာ ကျင့်ကြံဖို့ရန် ရတနာသဖွယ်ကုန်းမြေဖြစ်ရာ နှမျောစရာတော့ကောင်းပေသည်။

သူလည်း တွန့်ဆုတ်မနေရဲဘဲ ချက်ချင်း အခြားနေရာများဆီပျံသွားလိုက်သည်။

သူ ပြန်ကြည့်လိုက်တော့ ပဥ္စမအဆင့်အမြင့်တန်းယောင်သားရဲဖြစ်သော တောင်ပံနှစ်ဖက်ပါမိုးကြိုးကျားကြီးတစ်ကောင်က သူ့နောက်ပြေးလိုက်နေတာကိုမြင်လိုက်ရရာ လိုင်ရန်မှာ တစ်ခဏမျှတောင် မရပ်တန့်ရဲတော့ပါပေ။

ဤသို့ဖြင့် သားရဲတစ်ကောင်နှင့်လူသားတစ်ဦးတို့က ငါးရက်ငါးညတိုင်တိုင် ပြေးလွှားနေခဲ့၏။ လိုင်ရန်မှာ အလွန်တရာထိတ်လန့်မိလျက် မရင်းနှီးသောနေရာများဆီပါ ပြေးဝင်သွားမိသည်။

သူလည်း ထိုတောင်ပံနှစ်ဖက်ပါမိုးကြိုးကျားကြီး လိုက်နေတာရပ်သွားတာကို သတိထားမိချိန်မှ သူ့ကိုယ်သူလည်း မရင်းနှီးသည့်နေရာများထံပါ ရောက်သွားကြောင်း သတိမူမိတာဖြစ်၏။

ထို့နောက် သူ အဝေးတစ်နေရာ ကောင်းကင်ယံတွင် အချင်းအားဖြင့်မိုင်တစ်ရာမျှရှိလောက်သော အထပ်ထပ်ရှိနေသည့်ရွှေရောင်မိုးကြိုးတိမ်များကို မြင်လိုက်ချိန်တွင်တော့ သူ့မျက်လုံးများတောက်ပသွားရသည်။

“ဒါ လေဟာနယ်ရွှေမိုးကြိုးတိမ်ပဲ။”

သူ ကိုယ့်ကိုယ်ကို ဒီလောက်ကံကောင်းမည်ဟု မထင်ထားခဲ့ပါချေ။ ဖြစ်ပေါ်ချိန်မကြာသေးသော လေဟာနယ်မိုးကြိုးတိမ်ကိုတောင် တွေ့ရသည်လေ။ ဤတစ်ကြိမ်တွင် မိုးကြိုးတိမ်များက အင်အားအများကြီးမရှိလေသေးဘဲ စတင်ဖွဲ့စည်းသောအဆင့်တွင်သာ ရှိလေသေးသည့်အတွက် ထိုအရာမှာ မိုးကြိုးနိယာမကို လေ့လာရန်အကောင်းဆုံးအချိန်ပါပေ။

သူလည်း နေရာကို ကြည့်လိုက်တော့ အနီးအနားတွင် လူသူကင်းမဲ့နေသောကျွန်းတစ်ခုကို တွေ့လိုက်ရသည်။ ဤသည်မှာ အိပ်ချင်နေခိုက် ခေါင်းအုံးအကမ်းခံရသလိုပါပင်။ သူလည်း အနှီကျွန်းတွင် ဆင်း၍ သာမန်အတိုင်း အစီအရင်ကို ချထားလိုက်ပြီး စတင်လေ့လာရန်ပြင်လိုက်သည်။

“မီးမိုးကြိုးမဟုတ်ဘဲ ရွှေမိုးကြိုးဖြစ်နေတာတော့ နှမျောစရာပဲ။”

သူ ကောင်းကင်ကို တစ်ချက်ပြန်ကြည့်လိုက်ပြီး တစ်ခုခုကိုတွေးကာ အထူးခရုခွံလေးတစ်ခုကို ထုတ်လိုက်၏။

ထိုသည်မှာ မိခင်ခရုခွံဖြစ်သည်။ မိခင်ခရုခွံနှင့် သားသမီးခရုခွံမှာ မိုင်ပေါင်းဘီလီယံချီကွာဝေးနေလျှင်တောင် ဆက်သွယ်နိုင်၏၊ သို့သော် ၎င်းတို့မှာ အားကုန်လွယ်ပြီး သုံးရတာလည်း အကန့်အသတ်ရှိသည်။ ဤသည်မှာ သူ ဂိုဏ်းကိုဆက်သွယ်ရန်သုံးသော ထိပ်တန်းအဆင့်ရတနာတစ်ခုဖြစ်၏။ သူ ယခင်က ဆက်ခံသူအရှင်အသစ်က ကောင်းကင်နှင့်မြေကြီးထဲမှ မိုးကြိုးနှင့်သက်ဆိုင်သောအံ့ဖွယ်တစ်ခုခုကို လေ့လာရန်လိုသည်ဟု သတင်းပို့ခံခဲ့ရသည်။

နောက်ပြီး သူသာ ထိုသို့နေရာကို ရှာတွေ့ပါက ဆက်ခံသူအရှင်၏နာမည်ကို တိတ်တဆိတ်တွေးတောလိုက်ရုံပင်။

လိုင်ရန်လည်း ထိုကိစ္စကို သတိရသွားပြီး ဆက်ခံသူစု၏အမည်ကို သူ့စိတ်ထဲ ခေါ်လိုက်၏။

ခြံဝန်းထဲတွင် စုယွမ်မှာ ကိုယ်ပိုင်ပြောင်းလဲမှုများကို နေသားကျအောင်လုပ်နေရင်း ရုတ်တရက် ဦးတည်ရာတစ်ခုဆီသို့ လှည့်ကြည့်လိုက်မိသည်။

စိတ်အာရုံစွမ်းရည်မှာ အလွန်ပြင်းထန်စွာလှုပ်ရှားသွားသည်ဖြစ်ရာ အင်အားကြီးကျင့်ကြံသူတစ်ဦးက သူ့နာမည် ခေါ်ဆိုနေသည့်ပုံပါပေ။

ထို့ကြောင့် သူ စိတ်အာရုံစွမ်းရည်ကို အသက်သွင်းလိုက်၏။

သူ၏အသိစိတ်ပင်လယ်မှာ ပင်လယ်များ၊ တိုက်ကြီးများကို ဖြတ်ကျော်၍ မကြာမီတွင် လိုင်ရန်၏ခေါင်းပေါ်သို့ကျရောက်သွားသည်။

စုယွမ် ပထမဆုံးအကြိမ်အနေဖြင့် ရှေ့တွင် လေဟာနယ်ရွှေမိုးကြိုးတိမ်ကို မြင်လိုက်ရရာ သူ၏မျက်လုံးများ တောက်ပသွားရ၏။ ၎င်းက သူလိုချင်နေသောကောင်းကင်နှင့်မြေကြီး၏အံ့ချီးဖွယ်နေရာပါပင်။ သူ အကြီးအကဲလိုင် တကယ်ရှာတွေ့မည်ဟု ထင်မထားခဲ့။

မိုးကြိုးပင်လယ်၏အပေါ်ရှိ ခုနစ်စဉ်ကြယ်ကလည်း တောက်ပလာလျက် ကြယ်အလင်းတို့ဖြာကျလာ၏။

အကြီးအကဲလိုင်ရန်လည်း ကြည့်လိုက်တော့ ကြယ်အလင်းတို့မှာ သူ့ရှေ့တွင် စုစည်းရင်း ကြယ်စွမ်းအင်ဖြင့် ပုံရိပ်တစ်ခုအသွင်ဖွဲ့စည်းသွားကြတာကို မြင်လိုက်ရသည်။ ထိုပုံရိပ်ယောင်ခန္ဓာကိုယ်မှာ ဝေးဝါးနေလင့်ကစား တစ်ချိန်တည်းတွင် အသက်ဝင်လှုပ်ရှားနေပြန်၏။

“အကြီးအကဲလိုင်ရန်။”

လိုင်ရန်လည်း ကြောင်အသွားပြီး ပြန်ပြောလိုက်သည်။

“ခုနစ်စဉ်ကြယ်ဆက်ခံသူလား။”

“ဟုတ်ပါတယ်၊ ကျွန်တော်က စုယွမ်ပါ။”

“တကယ် မင်းဖြစ်နေတာပဲ၊ ခုနစ်စဉ်ကြယ်ဆက်ခံသူ။”

လိုင်ရန်က ထပ်ပြောလာသည်။

ဒါကိုကြားတော့ စုယွမ်လည်း သူ့ကိုခေါ်နေပုံကို ထပ်ပြင်မပေးတော့ဘဲ ပြုံးသာပြုံးလိုက်သည်။

All Chapters