← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

Chapter 165

“ခေါ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ကောင်းကင်နဲ့မြေကြီးရဲ့နိယာမတွေကို လေ့လာဖို့လိုသွားတာနဲ့တောင်းဆိုလိုက်ရတာပါ။ ကူညီပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။”

“ဟားဟားဟား၊ ခုနစ်စဉ်ကြယ်ဆက်ခံသူအရှင်ကို ကူညီနိုင်တာကိုပဲ ကျွန်တော် အရမ်းပျော်နေတာပါ။”

လိုင်ရန် ရယ်မောလိုက်သည်။

“တစ်ခုတော့ရှိသေးတယ်၊ ကျွန်တော့်ပုံရိပ်ယောင်ဆက်ရှိနေဖို့ ကျွန်တော့်နာမည်ကိုဆက်တိုက်ခေါ်နေမှရမယ်။"

စုယွမ် ဆက်ပြောလိုက်၏။

လိုင်ရန်လည်း ရပ်တန့်သွား၏။ သူ သူ့ရဲ့ဝိညာဉ်သားရဲ့အိတ်ကို ပုတ်၍ မိုးကြိုးအမျိုးအစား ဝိညာဉ်လိပ်တစ်ကောင်ကို ခေါ်လိုက်သည်။

“သခင်။”

ဝိညာဉ်လိပ်က ဆိုလာသည်။

“ဒီဝိညာဉ်လိပ်ခေါ်ရင်ရောရမလား။”

လိုင်ရန်မေးလိုက်သည်။

“ရတာပေါ့။”

စုယွမ် ခေါင်းညိတ်လိုက်သည်။

“အဲ့ဒီလိုဆိုရင် လွယ်ပါတယ်။”

လိုင်ရန်လည်း ခေါင်းညိတ်လိုက်၏။

ဝိညာဉ်လိပ်မှာ ကြောင်တောင်တောင်သာ ခေါင်းကိုမြှောက်ရင်း ခုနစ်စဉ်ကြယ်ဆက်ခံသူဟူသော စကားကို ရေရွတ်လာသည်။

“အဲ့ဒါဆိုရင် ကျွန်တော်လည်း လေ့လာတော့မယ်၊ နောက်မှ စကားဆက်ပြောကြတာပေါ့။”

စုယွမ်လည်းပြောပြီးတော့ သူ့ပုံရိပ်ယောင်ကလည်း ပျောက်သွားလေသည်။

လိုင်ရန် အချိန်အကြာကြီးအာရုံခံကြည့်သော်ငြား စုယွမ်၏ပုံရိပ်ဘယ်နေရာရောက်သွားမှန်း ရှာမတွေ့ပါပေ။ သူလည်း ရင်ထဲ ကြိတ်သက်ပြင်းချလိုက်ပြီး ထိုသူက ဆက်ခံသူအရှင်ဖြစ်ရန်ထိုက်တန်သည်ဟုသာ တွေးလိုက်တော့၏။

ထိုအချိန်တွင် စုယွမ်ကတော့ အလုပ်နှင့်နားနေဖလှယ်မှုကို အသက်သွင်းပြီးဖြစ်သည်။

ဤငါးနှစ်အတွင်းတွင် သူ နားနေချိန်ပေါင်း ရက်နှစ်ထောင်တောင် စုဆောင်းနိုင်ခဲ့သည်။

ချက်ချင်း သူလည်း စွမ်းရည်ကို အဆင့်လေးအထိအသက်သွင်းလိုက်ရာ ကျင့်ကြံချိန်မှာ ၂.၄နာရီအထိကျုံ့သွား၏။

သူ၏နားလည်နိုင်စွမ်းကလည်း အဆတစ်သောင်းတိုင်တိုင် ထိုးတက်သွားရသည်။

ထို့နောက် သူ၏လက်ရှိအသစ်စက်စက်ခန္ဓာကိုယ်စွမ်းရည်၊ တာအိုပညာနှင့်သဘာဝစွမ်းရည်နှင့်အတူ လေဟာနယ်အဆင့်ထိတိုင်ဖွင့်ထားသောရှိန်ဝါမြင့်စွမ်းရည်တို့၏အင်အားအလုံးစုံကို အသုံးချလိုက်၏။

ကောင်းကင်တွင် ခုနစ်စဉ်ကြယ်ကလည်း လင်းလက်နေလေပြီ။

သူ လေဟာနယ်ရွှေမိုးကြိုးတိမ်ကို ပြန်ကြည့်ချိန်တွင် မရေတွက်နိုင်သောအာရုံများက ဒီရေအလားတိုးဝင်လာကြ၏။

ထိုတစ်ချိန်တည်းတွင်ပင် သူ၏မူလခန္ဓာကိုယ်ကလည်း ငွေဖြူဝိညာဉ်ရေတံခွန်ရှေ့တွင် ပေါ်လာပြီး တင်ပျင်ခွေထိုင်လျက် ငွေဖြူဝိညာဉ်ရေတံခွန်၏ကောင်းကင်နှင့်မြေကြီးမှနိယာမများကို လေ့လာတော့သည်။

သူ တစ်ခါတည်းတွင် အံ့ချီးဖွယ်နှစ်မျိုးကို လေ့လာချင်သည်ပေ။

ယခင်ငါးနှစ်လုံးလုံး သူဖတ်ခဲ့သောစာအုပ်များနှင့် ငွေဖြူဝိညာဉ်ရေတံခွန်မှရရှိခဲ့သောအသိများက သူ့အတွက် နားလည်ရန် အရင်းအမြစ်များဖြစ်သွားပြီး ၎င်းတို့က လှေကားများသဖွယ် ကောင်းကင်ဘုံမှ သွယ်တန်းပေးလာသည့်အတိုင်းဖြစ်လာ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးကြိုးနိယာမကို ဖမ်းဆုပ်နိုင်သွားပြီး အသက်ရှိုက်ချိန်ကလေးအတွင်းမှာတင် အယူအဆအဆင့်သို့ရောက်ရှိသွားလေသည်။

ထို့နောက်ချက်ချင်း ဆယ်စက္ကန့်ကြာပြီးချိန်လောက်တွင် ရေနှင့်မြေစွမ်းအင်အယူအဆတို့ကလည်း တစ်ခုပြီးတစ်ခုမြင်လာရ၏။

ဤသို့ဖြင့် သူဟာ အယူအဆရှစ်မျိုးဖြစ်သော သတ္ထု၊သစ်သား၊ရေ၊မြေ၊ကြယ်၊မိုးကြိုးနှင့်ဓါးနိယာမတို့ကို နားလည်နိုင်ခဲ့သည်။

မိနစ်အနည်းငယ်မျှသာရှိသေးသော်လည်း သူ တော်တော်များများကို နားလည်နိုင်သွားခဲ့၏။

အချိန်တွေအများကြီး ကျန်သေးသည်ပင်။ စုယွမ်လည်း နိယာမအသစ်များကို ဆက်မလေ့လာတော့ဘဲ နားလည်ပြီးသောနိယာမများကိုပင် ပို၍အဆင့်မြင့်အောင် လေ့လာရန်ပြင်လိုက်သည်။

ထိုသို့အဆင့်မြင့်ခြင်းဖြစ်စဉ်မှာ စုယွမ်တွေးထားသလို မြန်မနေပါချေ။

ဤသို့ဖြင့် အချိန်ဆယ့်ငါးမိနစ်က ကုန်ဆုံးသွား၏။

သတ္ထုအယူအဆမှာကား ပထမဆုံး အနိမ့်စားအောင်မြင်မှုအဆင့်သို့ရောက်ရှိလာသည်၊ ထိုမှတဆင့် မိုးကြိုးအယူအဆ၊ မီးအယူအဆ၊ သစ်သားအယူအဆနှင့်ကျန်အယူအဆများက လိုက်လာ၏။ ကြယ်စွမ်းအင်နိယာမမှာကား နောက်ဆုံးမှ အနိမ့်စားအောင်မြင်မှုအဆင့်ရောက်သောနိယာမပါပေ။

နောက်ထပ်လေးဆယ်ငါးမိနစ်ကုန်ဆုံးပြီးချိန်တွင် သတ္ထုနိယာမက အရင်ဆုံးအဆင့်တက်ကာ ပင်မအောင်မြင်မှုအဆင့်ကို ရောက်သွား၏။ တဖန်ဆယ့်ငါးမိနစ်ကြာပြီးချိန်တွင်မူ ကျန်ရှိသောနိယာမအားလုံးတို့က ပင်မအောင်မြင်မှုအဆင့်ကို ရောက်ရှိသွားကြသည်။

စုယွမ်မှာ တည်ငြိမ်နေဆဲဖြစ်လျက် သူ တာအိုနိယာမအမျိုးမျိုးကို လေ့လာနိုင်သွားသော်ငြား အမူအရာပြောင်းလဲခြင်းမရှိ။

တစ်နာရီကုန်ဆုံးပြီးနောက်တွင် သတ္ထုနိယာမမှာ ပြီးပြည့်စုံခြင်းအဆင့်ရောက်သွားခဲ့သည်။

စုယွမ်လည်း တစ်စက္ကန့်မျှ တွေဝေပြီးမှ ကျန်နိယာမများကို ဆက်လက်လေ့လာတော့သည်။

လေးဆယ့်ငါးမိနစ်တိတိကြာပြီးချိန်တွင် ကြယ်စွမ်းအင်နိယာမမှာ နောက်ဆုံးပိတ်အနေဖြင့် ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွား၏။

နိယာမများကို ပြီးပြည့်စုံခြင်းအဆင့်အထိ နားလည်ခြင်းဆိုသည်မှာကား စင်စစ်တွင် ကောင်းကင်နှင့်မြေကြီး၏နိယာမများရဲ့အပေါ်ယံလွှာပြောင်းလဲခြင်းများကို ရှင်းလင်းစွာနားလည်သွားခြင်းဟုသာ ဆိုလိုသည်။ သူက အမှန်တကယ်တွင် အယူအဆအဆင့်၏အထက်က နတ်အယူအဆအဆင့်ထိပါ နားလည်နိုင်ပြီဖြစ်သော်ငြား စင်စစ်တွင် ၎င်းတို့က ဥပဒေသအဆင့်၏တစ်ပိုင်းတစ်စမျှဟုသာ ဆို၍ရ၏။ ထို ဥပဒေသအဆင့်ကသာလျှင် အယူအဆအဆင့်ဖြစ်သောအပေါ်ယံလွှာဖြစ်စဉ်များကို ကျေကျေလည်လည်နားလည်ပြီးနောက် မြင်လာရမည့်ကောင်းကင်နှင့်မြေကြီးနိယာမများ၏အမှန်တကယ်အနှစ်သာရဖြစ်ပေသည်။

စုယွမ်လည်း တစ်ခဏမျှတွေးနေလိုက်ပြီး ခုနစ်စဉ်ကြယ်ကို တဖန်ပြန်ကြည့်လိုက်၏။

သူ အရှေ့ရှိ ငွေဖြူဝိညာဉ်ရေတံခွန်နှင့် လေဟာနယ်ရွှေမိုးကြိုးတိမ်များကို လေ့လာနေတာကို လက်လျော့လိုက်ပြီး ခုနစ်စဉ်ကြယ်ကိုသာ ဆက်လက်လေ့လာလိုက်သည်။

သူ ခုနစ်စဉ်ကြယ်ကို အခြေခံအုတ်မြစ်အနေဖြင့် ထား၍ ကျင့်ကြံလိုက်သည်၊ သူ ရှေ့တွင်ရှိနေသည့်သဘာ၏အံ့ချီးဖွယ်များကြောင့်နှင့် ခုနစ်စဉ်ကြယ်ကိုလေ့လာရန် လက်မလျော့ပစ်နိုင်ပါပေ။

ထို့ကြောင့် ထိုအချိန်တွင် သူ အလုပ်နှင့်နားနေဖလှယ်မှုစွမ်းရည်ကို လေးဆတိုင်တိုင်ဆက်လက် အသက်သွင်းလိုက်၏။

ကျန်ရှိသောကျင့်ကြံချိန်လေးဆယ့်ငါးမိနစ်မှာ ချက်ချင်း လေးမိနစ်အထိ ကျုံ့သွားလေသည်။

ဤသို့ဖြင့် သူ၏ရည်ရွယ်ချက်မှာ ကြယ်စွမ်းအင်ကို ဥပဒေသအဆင့်ထိနားလည်ရန် ကြံရွယ်ထားခြင်းဖြစ်သည်။

ခုနစ်စဉ်ကြယ်စွမ်းအင်ကလည်း တဖြတ်ဖြတ်လင်းလာ၏။

ဤသို့ဖြင့် ခုနစ်စဉ်ကြယ်အပေါ်ထားရှိသောအမြင်များမှာ တဖြည်းဖြည်းဖြင့် သန့်စင်ကာ အထွဋ်အထိပ်ရောက်သွားတော့သည်။

သူ့ကိုယ်ရှိဒန်ထျန်အတွင်းတွင်လည်း ရွှေအမြုတေကိုးခုမှာ စတင်လည်ပတ်လာ၏။ ၎င်းတို့ပေါ်ရှိတာအိုအစီအရင်များကလည်း သတ္ထု၊သစ်သား၊ရေ၊မီး၊မြေ၊ဆေးပညာ၊အစီအရင်၊အဆောင်တံဆိပ်နှင့် လက်နက်တို့အဖြစ် အမျိုးအစားအမျိုးမျိုးပြောင်းလဲသွားတော့သည်။ ထို့အပြင် မှောင်မိုက်နေသောကြယ်နှစ်ခုပါအပါအဝင်ဖြစ်နေသော ခုနစ်စဉ်ကြယ်တို့ကလည်း ဓါး၊မိုးကြိုးနှင့်ကြယ်နိယာမတို့မှ ဝန်းရံခံလိုက်ရ၏။

အချိန်လေးမိနစ်မှာ လျင်မြန်စွာကုန်ဆုံးသွားလေသည်။ စုယွမ် ကြယ်များကို စူးစိုက်ကြည့်ရင်း ကြယ်ဥပဒေသကို တစွန်းတစနားလည်နိုင်ရန် ကြိုးစားနေမိ၏။

နောက်ဆုံး အချိန်ကငါးပုံလေးပုံလောက်ကုန်ဆုံးသွားချိန်မှသာ စုယွမ်၏နှလုံးသားထဲ အလင်းပွင့်မှုတစ်ရပ်က ထိုးတက်လာခဲ့ပြီး ကောင်းကင်နှင့်မြေကြီး၏နိယာမများပါဝင်သောအထူးတာအိုအစီအရင်က ရုတ်ချည်းပေါ်လာလျက် ဒန်ထျန်ထဲရှိ ခုနစ်စဉ်ကြယ်အစီအရင်ပေါ်တွင် ထပ်လောင်းပေါ်လာခဲ့၏။

ကြယ်စွမ်းအင်ဥပဒေသကို နားလည်ရန်ကြိုးစားခြင်းမှာ အောင်မြင်သွားလေပြီ။ သူ့တွင်ရှိသမျှ နိယာမအားလုံးက ကြယ်ဥပဒေသများထဲ စုဝင်၍ ရွှေအမြုတေကိုးခုကလည်း ရုတ်ချည်း တစ်ခုတည်းအဖြစ်ပေါင်းစုသွားကြလေသည်။

All Chapters