အခန်း ၁၆၆
Vol. 17 Ch. 166
Chapter 166:နတ်ဘုရားစွမ်းရည်တစ်ခုကိိုဖန်တီးခြင်း။
နောက်ဆုံးသောကျန်ရှိနေချိန်လေးကို အခွင့်ကောင်းယူက စုယွမ်လည်း ချက်ချင်း နတ်ဘုရားလျှို့ဝှက်ကျင့်စဉ်တစ်ခုကို ဖန်တီးရန်ပြင်လိုက်သည်။
နိယာမများကို နားလည်ခြင်းဆိုသည်မှာ အခြေခံဖြစ်သော်လည်း ထိုနိယာမတို့၏စွမ်းရည်ကို အပြည့်အဝနားလည်နိုင်ရန်ဆိုသည်ကား ၎င်းတို့ပါဝင်သော၊၎င်းတို့ကို ကိုယ်စားပြုသောထိပ်သီးကျင့်စဉ်တစ်ခုလိုအပ်၏။
ပုံမှန်ဆိုလျှင် ကျင့်ကြံသူတို့က ဥဒေသများကိုတစ်စွန်းတစ်စနားလည်နိုင်သွားခြင်းကို နတ်ဘုရားဆန္ဒအဆင့်ဟုခေါ်ဆိုကြသည်။
ဥပဒေသတစ်စွန်းတစ်စကို ပင်မ၊ အယူအဆအဆင့်ကို အုတ်တိုင်အဖြစ်အသုံးပြုလိုက်ပါက အင်အားမှာ အဆပေါင်းများစွာ ပို၍ ကြီးမားလာလိမ့်မည်ပေ။
ထိုမှတဆင့် နတ်ဘုရားစွမ်းရည်ဟူသောအမည်ပေါ်ပေါက်လာခြင်းဖြစ်သည်။
အခြားသူများအတွက်မူ နတ်ဘုရားစွမ်းရည်တစ်ခုကိုလေ့လာရခြင်းမှာ ၎င်းစွမ်းရည်ထဲရှိဥပဒေသများကို နားလည်နိုင်ရန် ကြိုးစားခြင်းဖြစ်၏။
ယခုတွင်တော့ စုယွမ်က ဥဒေသတစ်ပိုင်းတစ်စကိုတောင် နားလည်နိုင်ပြီးဖြစ်ရာ နတ်ဘုရားစွမ်းရည်တစ်ခုကို ဖန်တီးနိုင်ရန်ဆိုသည်မှာ ပို၍တောင်လွယ်ကူရိုးရှင်းသေးလေသည်။
“နတ်ဘုရားစွမ်းရည်ဆိုတာ အဆင့်မြင့်ထားတဲ့မန္တာန်ပဲလေ။ ကွာခြားချက်က မန္တာန်ဆိုတာ လူတစ်ယောက်ရဲ့ချီစွမ်းအင်ကို သုံးရတာ။ ဒါပေမဲ့နတ်ဘုရားစွမ်းရည်ဆိုတာကတော့ ကိုယ်တိုင်ရဲ့ချီစွမ်းအင်အပြင် ကောင်းကင်နဲ့မြေကြီးမှာရှိတဲ့စွမ်းအင်တွေကိုပါ လှုံဆော်ပေးတဲ့အတွက် ပုံမှန်ရှိတဲ့စွမ်းအင်ထက် အဆသောင်းချီပိုကောင်းသွားနိုင်တာမျိုးပေါ့။”
ကျင့်ကြံသူတစ်ဦးက နတ်ဘုရားစွမ်းရည်တစ်ခုကို အသုံးပြုနိုင်သည်နှင့် ထိုသူ၏ခွန်အားကလည်း အဆအင်မတန်ကြီးထွားလာမည်ဖြစ်၏။ ထို့အပြင် ဤသည်ကလည်း ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်နှင့်စိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်တို့က တစ်ဆင့်သာ ကွာခြားသော်လည်း ခွန်အားအရာတွင် အလွန်ကွာဟနေရခြင်းအကြောင်းအရင်းပေ။
ချီစုဆောင်းခြင်းအဆင့်မှစကာ စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်အထိကို မသေမျိုးဖြစ်ရန်ကြိုးစားနေသောအဆင့်ဟု အကြမ်းဖျင်းခေါ်ဝေါ်နိုင်၏။
၎င်းတို့နောက်ရှိ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ကိုမူ မသေမျိုးဖြစ်ခြင်း၏လမ်းစဟုဆို၍ရပြီး လူသားဘဝမှ နတ်ဘုရားအသွင်ပြောင်းနေခြင်းဟု ပြောလို့ရပေသည်။
သို့သော် စုယွမ်က ဘာကြောင့် ကြယ်စွမ်းအင်ဥပဒေသကိုသာ အဓိကရည်ရွယ်ချက်အနေဖြင့် အစကလည်းက ထားခဲ့ရပါသနည်း။
အကြောင်းအရင်းကလည်း ရိုးရိုးရှင်းရှင်းသာ၊ ခုနစ်စဉ်ကြယ်စွမ်းအင်တို့၏အကန့်အသတ်ကပိုမြင့်သော်ကြောင့်နှင့် ပို၍လည်း အားကောင်းသောအတွက်ကြောင့်ပေ။
သူ၏အယူအဆအဆင့်က စွမ်းရည်များနှင့်ပါ ပေါင်းလိုက်ပါက အားကောင်းနေပြီးသား နတ်ဘုရားစွမ်းရည်၏အကန့်အသတ်များကို ပို၍မြင့်မားကာ ပေါက်ထွက်သွားစေဖို့ လုံလောက်သောကြောင့်ပင်တည်း။
အတွေးပုံစံတစ်ခုမှာ စုယွမ်စိတ်ထဲတိုးဝင်လာခဲ့၏။ ကြယ်စွမ်းအင်ဥပဒေသကို ပင်မအဖြစ်ထား၊ သတ္ထု၊သစ်သား၊ရေ၊မီး၊မြေ၊ဓါးနှင့်မိုးကြိုးနိယာမတို့ကို အကိုင်းအခတ်ညှာတို့အဖြစ်ထားလျက် သူ ခုနစ်စဉ်ကြယ်ဒြပ်စင်မိုးကြိုးဓါးဟူသော နတ်ဘုရားစွမ်းရည်ကို ဖန်တီးလိုက်ချေမည်။
ဤသည်မှာကား ခုနစ်စဥ်ကြယ်ဓါးကျင့်စဥ်ကို အဆင့်မြင့်ထားသောကျင့်စဥ်ဖြစ်ပေ၏။
ဥပဒေကိုသာ လမ်းညွှန်အဖြစ်ထားပါက ကောင်းကင်နှင့်မြေကြီး၏ကြီးမားသောစွမ်းအားများကိုတောင် ချေးယူ၍ ရပေမည်။
သူ အနှီနတ်ဘုရားစွမ်းရည်ကို အဆုံးသတ်ခါနီးသည့်အချိန်ကျမှ ကျင့်ကြံချိန်ကလည်း ကုန်ဆုံးသွားလေ၏။
“ဟင်း၊ ဒီနတ်ဘုရားစွမ်းရည်က အကြမ်းထည်ပဲရှိသေးတာကို။”
စုယွမ်မှာ ကျင့်ကြံချိန်အရမ်းတိုနေတာကို နှမျောသွားရသည်။ အနှီကျင့်ကြံချိန်မှာ အနားယူချိန်ငါးနှစ်မှ လဲယူထားခြင်းဖြစ်လင့်ကစား နှစ်နာရီနှင့်နာရီဝက်သာ ရရှိရာ နည်းနည်းလေးမှမလောက်ငှလဲ မျက်စိတစ်မှိတ်လေးအတွင်းမှာတင် သုံးကုန်သွားရ၏။
ထိုအချိန်မှသာ စုယွမ်လည်း စနစ်မျက်နှာပြင်ကို ပြန်ကြည့်လိုက်သည်။
【အမည်】: စုယွမ်
【နယ်မြေ】: ချင်းခယ်ကုန်းမြေ
【အဆင့်】: လူသိများကျော်ကြား(4.88M/ 10M)
【ကျင့်ကြံမှုအဆင့်】: ရွေအမြုတေအဆင့်ထိပ်ဆုံး(99/100)
【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: လက်ရှိနားနေချိန်: သုည။
【ပါရမီစွမ်းရည်နှစ်】: တာအိုပညာနှင့်သဘာ။
【ပါရမီစွမ်းရည်သုံး】: ခုနစ်စဥ်ကြယ်။
【ပါရမီစွမ်းရည်လေး】: စိတ်အာရုံ။
【ပါရမီစွမ်းရည်ငါး】: ရှိန်ဝါမြင့်။
【ပါရမီစွမ်းရည်ခြောက်】: အန္တာရယ်ကျချိန်တိုးတက်မှု။ သက်တမ်း: 100894နှစ်။
“ငါ အဆင့်တက်ရုံရှိသေး၊ချက်ချင်းကြီး ရွှေအမြုတေအဆင့်ထိပ်ဆုံးကို ရောက်သွားတာလား။”
စုယွမ် သိပ်တော့အံ့ဩမသွား၊ သူ အနည်အနှစ်စွမ်းအင်များကိုလည်း များစွာအသုံးပြုခဲ့သလို သူ၏ကောင်းကင်နှင့်မြေကြီးအပေါ်နားလည်မှုကလည်း လုံလောက်ပေရာ တစ်ကြိမ်တည်းဖြင့် ထိပ်ဆုံးအဆင့်ရောက်သွားသည်မှာ သဘာဝကျပါ၏။
ရွှေအမြုတေအဆင့်၏သီအိုရီသက်တမ်းမျာ နှစ်ရှစ်ရာဖြစ်သည့်အတွက် သူ့တွင် စုစုပေါင်းသက်တမ်း ၁၀၀၈၉၄နှစ်ဖြစ်သွားလေသည်။
စုယွမ် ဒန်ထျာန်အတွင်းပြန်ကြည့်လိုက်သည်။ ရှေးကျကာရိုးရှင်းသောဒယ်စောက်တစ်မျိုးက အထဲတွင် ရှိနေ၏။ ၎င်းမှာ မီးသစ်သားဝိညာဉ်စုစည်းကျင့်စဥ်မှ ရရှိသောတာအိုအုတ်မြစ်ဖြစ်ပြိး အထဲတွင် မီးတောက်တစ်ခုရှိနေလျက်၊ ထိုမီးတောက်ထဲတွင်မူ အမြုတေကိုးလုံးတို့က စဉ်ဆက်မပြတ်လည်ပတ်နေလေသည်။
စုယွမ်လည်း တစ်ချက်တွေးလိုက်ရာာ သူ့ဒန်ထျန်ထဲအားဖြည့်နေကျသော ဓါးကိုးချောင်းမှာ ရွှေအမြုတေကိုးခုနားချက်ချင်းပျံသန်းသွားပြီး ၎င်းတို့ကို အဖော်ပြုပေးနေတော့၏။
အဆုံးတွင် သူ ကိုးခြယ်နှီးနွယ်ရတနာဓါးကို သူ့အသက်စောင့်ရတနာအဖြစ် ပြောင်းလဲလိုက်တော့သည်။
ဤဝိညာဉ်ရတနာမှာ သူနှင့်အလွန်လိုက်ဖက်ညီလှရာ သူ၏ဝိညာဉ်ကလည်း သူ့ကြောင့် အားပြည့်လာခဲ့သည်ပေ။ ၎င်းက သူ့အတွက် ဒီဇိုင်နာချုပ်အဝတ်တစ်ခုအလား၊ အစစအရာရာ အံကိုက်ဖြစ်နေခဲ့သည်။ ၎င်းက လက်ရှိတွင် ဝိညာဉ်လက်နက်အဆင့်မျှသာဖြစ်သော်လည်း အသက်စောင့်ရတနာအဖြစ်ပြောင်းသွားလျှင်တော့ ကျင့်ကြံသူ၏အဆင့်အတိုင်း သူပါမြင့်မားလာမည်ဖြစ်ပေသည်။
ဓါးရှည်ကိုးချောင်း ရွှေအမြုတေကို အဖော်ပြုကြသောအခါဝယ် ရွှေအမြုတေ၏ချီစွမ်းအင်နှင့် နိယာမတို့၏တာအိုအနည်အနှစ်တို့မှာ ကိုးခြယ်နှီးနွယ်ဓါးရှည်ကို ဆက်တိုက် ပြန်လည်အားဖြည့်ပေးလာကြ၏။ ရွှေအမြုတေ၏စောင့်ရှောက်မှုအောက်တွင် ဓါးရှည်ကိုးချောင်း၏အရည်အသွေးမှာ ပိုကောင်းလာခဲ့သည်။
အားဖြည့်ခြင်းဖြစ်စဉ်မှာ နှေးကွေးကာ အချိန်ပေးရသောလုပ်ငန်းစဉ်တစ်ခုပင်။ ထို့ကြောင့် စုယွမ်လည်း စိတ်ချရသောအနေအထားရောက်သောအခါ ဆက်စောင့်မကြည့်တော့ဘဲ သူ့ဘာသာသူသာ ဆက်လက်ကြီးထွားစေလိုက်သည်။
စုယွမ်လည်း အသိပြန်ဝင်ချိန် သူ၏အသိစိတ်ပင်လယ်မှာ ထပ်မံတစ်ခါ လေဟာနယ်ရွှေမိုးကြိုးတိမ်များထံ နစ်မြုပ်သွားပြန်၏။
ဤတစ်ခေါက် ကောင်းကင်နှင့်မြေကြီး၏အံ့ချီးဖွယ်မျိုးမှာ တွေ့မြင်ရန် ရှားပါးလှရာ သူလည်း နားနေချိန်ကို ပြန်၍မစုဆောင်းတော့။ မည်သို့ပင်ဖြစ်စေ ယခု ထိုအရာကို လေ့လာနိုင်သွားလည်း အရှုံးမရှိရာ သူလည်း တုံ့ဆိုင်းမနေတော့ဘဲ ဆက်လက်လေ့လာလိုက်သည်။
သူ လေဟာနယ်ရွှေမိုးကြိုးတိမ်ကို သူ၏ပုံမှန်နားလည်နိုင်စွမ်းဖြင့်သာ လေ့လာချိန်တွင် သူ၏ဦးနှောက်ကြီးတစ်ခုလုံးမှာ အကန့်အသတ်ထိ တွန်းပို့ခံလိုက်ရသလို ခံစားလိုက်ရသည်။
မိုးကြိုးတိမ်ထဲတွင် ရွှေရောင်မိုးကြိုးတစ်ခုမှာ လျှပ်တစ်ပြတ်ပေါ်လာပြီး ပြန်လည်ပျောက်ကွယ်သွား၏။ ထိုအရာကို သူသာ စွမ်းရည်ကိုဖွင့်ထားပါက တစ်ခဏချင်းတွင်း နားလည်နိုင်သော်ငြား ယခုတွင်တော့ စုယွမ်မှာ ဘာကိုမှ မဖမ်းဆုပ်နိုင်ဖြစ်နေရသည်။
ထို့ကြောင့် သူ နားမလည်နိုင်သေးခင်မှာပင် ထိုပြောင်းလဲမှုလေးကလည်း ပျောက်ကွယ်သွား၏။ သူ့မှာ အတင်းတွေးနေတာကို မနည်းရပ်လိုက်ရပြီး နောက်မိုးကြိုးတစ်ခုပေါ်လာရန်သာ စောင့်နိုင်တော့သည်။
သူ၏ရုပ်ခန္ဓာကိုယ်မှာ အသွင်ကူးပြောင်းကာ တာအိုပညာနှင့်သဘာဝစွမ်းရည်၏အားသာချက်ရှိနေလျှင်တောင်မှ အလုပ်နှင့်နားနေဖလှယ်မှုကိုတော့ မယှဉ်နိုင်ပါပေ။
“သတ္ထုနိယာမကို အယူအဆအဆင့်ကနေ နတ်ဘုရားဆန္ဒအဆင့်ရောက်ဖို့က ကြည့်ရတာ အနည်းဆုံးရှစ်နှစ်လောက်ကြာမယ်ထင်တယ်။”
စုယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ ၎င်းက အချိန်အကြာကြီးမဟုတ်ပါသော်လည်း စွမ်းရည်၏သက်ရောက်မှုနှင့်ယှဉ်လိုက်ပါက တော်တော်လေးဆိုးရွားလှပါ၏။ သူ၏သတ္ထုစွမ်းရည်က အကောင်းဆုံးဖြစ်လျှင်တောင် အနည်းဆုံးရှစ်နှစ်တော့အချိန်ယူရဦးမည်ပေ။ ထိုအရာကပင် ကောင်းကင်နှင့်မြေကြီး၏အံ့ချီးဖွယ်မြင်ကွင်းအထောက်အပံ့ရှိလျှင်တောင် ဥပဒေသတစ်ခုမှာ မည်မျှနားလည်ရန် ခက်ခဲကြောင်းပြသနေပေ၏။
သူလည်း မိနစ်တစ်ရာလောက်နားပြီး စွမ်းရည်ကို တစ်မိနစ်စာ ပြန်ဖွင့်ကာ လေ့လာကြည့်လိုက်သည်။ သူ ထိုကြားထဲတွင်လည်း ဘာမှမလုပ်ဘဲမနေပါပေ၊ သူက လေဟာနယ်ရွှေမိုးကြိုးတိမ်ကို ရိုးရိုးလေးသာ ထိုင်ကြည့်ပြီး နားလည်နိုင်စွမ်းကို မြှင့်နေ၏။
ထိုသို့နှစ်ကြော့လောက်လုပ်ပြီးချိန်တွင် စုယွမ်လည်း အဆင့်တက်ရန်အတွက် အချိန်ကို သုံးနှစ်အထိ လျော့ချနိုင်သွားမည်ဖြစ်ကြောင်း တွက်နိုင်သွားသည်။ သို့လင့်ကစား သုံးနှစ်ကလည်း ကြာလွန်းသေးသည်ပင်။