အခန်း ၁၆၇
Vol. 17 Ch. 167
Chapter 167
စုယွမ် လေဟာနယ်ရွှေမိုးကြိုးတိမ်ဆက်လက်ဖြစ်ပေါ်နိုင်မည့် ကြာချိန်ကိုလည်း တွက်ကြည့်လိုက်သည်။ ၎င်းက ဆယ့်ခုနစ်ရက်လောက် တည်ရှိနေနိုင်သည်။ သို့သော် လိုင်ရန်မှာလည်း ထိုတိမ်ထံမှ ထွက်လာသောပေါက်ကွဲမှုများကို ရှောင်ရှားရန်လိုလေရာ အချိန်တစ်ဝက်လောက်တွင် ရှောင်ထွက်ရန်လို၏။ ထို့ကြောင့် အချိန်မှာ တစ်ဝက်ထက်ပိုင်းခံလိုက်ရပြီး ရှစ်ရက်၊ကိုးရက်လောက်သာ ကျန်ရှိတော့မည်ပေ။
ထိုသို့သောအချိန်ပမာဏလေးအတွက် ဘာများလုပ်နိုင်မည်နည်း။ စုယွမ် ခေါင်းခါလိုက်ရသည်။ ဥပဒေသအထိတော့ လေ့လာနိုင်ရန်မှာ အချိန်နှောင်းသွားလေပြီ၊ ထို့ကြောင့် သူ အခြားတစ်ခုခုကို လေ့လာရန်သာ ရှိတော့၏။
စုယွမ်လည်း ရွှေရောင်မိုးကြိုးတို့ပစ်လွှတ်ချိန်ဖြစ်ပေါ်လာသောထူးဆန်းသည့်မြင်ကွင်းဘက် ပြန်လှည့်၍ နားလည်ရန်ပြင်တော့သည်၊ သူ မိုးကြိုးမန္တာန်တစ်ခုဖန်းတီရန် ရည်ရွယ်လိုက်ပေ၏။
ရှစ်ရက်ဟူသောအချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ လိုင်ရန်မှာ ကျင့်ကြံနေရင်း ပြန်နိုးထလာ၏။ သူကတော့ ကိုယ့်ကိုယ်ကို အများကြီး သိမြင်သွားကြောင်းခံစားလိုက်ရ၏၊၊ သူ၏မိုးကြိုးအယူအဆမှာ သိသိသာသာတိုးတက်လာရာ ပင်မအောင်မြင်မှုအဆင့်ကို ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။
သူလည်း လက်ကို အရိုအသေပြုဟန်ဆုပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်၏။
“ခုနစ်စဉ်ကြယ်ဆက်ခံသူ၊ လေဟာနယ်ရွှေမိုးကြိုးတိမ်က အလယ်အဆင့်ကိုရောက်နေပြီဖြစ်တဲ့အတွက် ပေါက်ကွဲတဲ့ကာလထဲဝင်နေပါပြီ။ ကျွန်တော် ပြန်ဆုတ်မှဖြစ်တော့ပါမယ်။”
စုယွမ်လည်း ကြယ်စွမ်းအင်ကိုသုံးကာ ခန္ဓာကိုယ်ဖွဲ့စည်းလိုက်သည်၊ ထို့နောက် သူပြုံး၍ပြောလိုက်၏။
“အကြီးအကဲလိုင်၊ အခွင့်အရေးရှာပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်၊ ကျွန်တော်အများကြီး တွေ့မြင်ခဲ့ရပါတယ်။”
လိုင်ရန်ကလည်း ဝမ်းပန်းတသာရယ်မောလာသည်။
“ကျွန်တော်လည်း အာရုံမများဘဲကျင့်ကြံနိုင်ခဲ့တဲ့အတွက် စောင့်ရှောက်ပေးတဲ့ ဆက်ခံသူကိုကျေးဇူးတင်ပါတယ်။ ကျွန်တော့်မိုးကြိုးအယူအဆကလည်း ပင်မအောင်မြင်မှုအဆင့်ကိုရောက်တော့ပါမယ်၊ အဆင့်တက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်။ အဲ့ဒီအချိန်ကျရင် ကျွန်တော့်ကျင့်ကြံရေးအခြေခံကပါ တိုးတက်လာမှာပါ။”
စုယွမ် ရုတ်ချည်းနားလည်သွားရသည်။
“တကယ်ကောင်းတာပဲ၊ အဆင့်တက်ဖို့ ဘယ်လောက်ကြာဦးမှာလဲ။”
“သိပ်မကြတော့ပါဘူး၊ အရမ်းကြီးလည်း ပိတ်မိနေမယ်မထင်ဘူး။ နှစ်တစ်ရာလောက်ပဲကြာတော့မယ်ထင်ပါတယ်။”
လိုင်ရန်၏မျက်နှာထက် မိမိကိုယ်ကိုယုံကြည်နေမှုတစ်ရပ်ပေါ်လာလေသည်။
ဤသည်ကိုကြားတော့ စုယွမ်မှာ ခဏလောက် တိတ်ကျသွားရသည်။ ပြီးမှ သူ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“အဲ့ဒါဆိုရင်လည်း အကြီးအကဲလိုင်ရန် အောင်အောင်မြင်မြင်အဆင့်တက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။”
လိုင်ရန်မှာ အလွန်ပျော်ရွှင်နေလေသည်။ ကြည့်ရသည်မှာ နှစ်တစ်ရာအတွင်းအဆင့်တက်နိုင်မည်ဖြစ်ခြင်းက သူ့ကိုအလွန်ပျော်ရွှင်စေဟန်ပင်။ အယူအဆတစ်ခု၏အနိမ့်စားအောင်မြင်မှုအဆင့်နှင့် ပင်မအောင်မြင်မှုအဆင့်မှာကား ကမ္ဘာကြီးတစ်ခုလောက်စာ ခြားနားသည်လေ။
“အဲ့ဒါဆိုရင်လည်း နှုတ်ဆက်ပါတယ်။ အကြီးအကဲပြန်လာမှာကို ဂိုဏ်းမှာစောင့်နေပါ့မယ်။”
စုယွမ်လည်း ခေါင်းညိတ်လိုက်ရင်း သူ့ကြယ်စွမ်းအင်ပုံရိပ်ယောင်ကလည်း ပျောက်ကွယ်သွားလေ၏။
လိုင်ရန်လည်း သူလာရာအရပ်ဆီပြန်လှည့်ရန်ပြင်လိုက်သည်။ မိုးကြိုးပင်လယ်ထဲတွင်ကား အန္တာရယ်များလွန်းလှသည်ပေ၊ မရင်းနှီးသောနေရာများကို သွားခြင်းက အသက်အန္တာရယ်ကိုတောင် ဖြစ်စေနိုင်၏။ သူ လာခဲ့သည်လမ်းကြောင်းကလည်း အနည်းဆုံးတော့ လုံခြုံသေးရာ ပြန်လှည့်ရပေမည်။
သို့သော်လည်း လိုင်ရန် ပြန်လှည့်တာလမ်းတစ်ဝက်တင်ရှိသေး တောင်ပံနှစ်ဖက်ပါမိုးကြိုးကျားကြီးမှာ ပင်လယ်ထဲမှ ရုတ်တရက် ထွက်လာပြီး လိုင်ရန်ကို ခုန်အုပ်လာသည်။
လိုင်ရန်၏အမူအရာမှာ ပြောင်းလဲသွားရသည်။ သူ့ဘေးနားရှိမိုးကြိုးစွမ်းအင်များကလည်း ချက်ချင်း သိပ်သည်းလာပြီး ကိုယ့်ကိုယ်ကိုကာကွယ်ရန် မိုးကြိုးဘောလုံးတစ်လုံးအသွင်ပြောင်းလိုက်သည်။ သူ၏ပုံရိပ်ကလည်း ချက်ချင်း မိုးကြိုးဖြစ်သွားလျက် အနှီခုန်အုပ်ချက်ကို ခံနိုင်ရန်အကောင်းဆုံးကြိုးစားလိုက်ပေသည်။
သို့သော်ငြား ဤတစ်ကြိမ်တွင်တော့ ထိုတောင်ပံနှစ်ဖက်ပါမိုးကြိုးကျားကြီးက အချိန်အကြာကြီး ချောင်းနေခဲ့ခြင်းဖြစ်လေရာ သူ၏တိုက်ခိုက်မှုကလည်း အလွန်ကို ပြင်းလွန်းလှ၏။ မိုးကြိုးကြီးတစ်ချက်မှာ ကျားကြီး၏တောင်ပံများမှထါက်လာပြီး လိုင်ရန်၏ခန္ဓာကိုယ်ကို တိုက်ရိုက်ဝင်ဆောင့်တော့သည်။
အနှီမိုးကြိုး၏အဖျက်စွမ်းအင်မျာ လိုင်ရန်၏ကိုယ်တစ်ဝက်ကို ချက်ချင်းလွှင့်စင်သွားစေပြီး အောက်ပိုင်းကိုယ်မှာ မိုးကြိုးကြောင့် ဖျက်စီးခံလိုက်ရ၏။
ကံကောင်းထောက်မစွာဖြင့် လိုင်ရန် မိုးကြိုးအသွင်ပြောင်းတာ အချိန်မှီသွားသောကြောင့် သူ၏ခန္ဓာကိုယ်ကလည်း တကယ်တော့ ဝိညာဉ်အနေအထားတွင် ရှိနေခဲ့တာဖြစ်သည်။ လိုင်ရန်လည်း မိုင်းပေါင်းများစွာနောက်ပြန်ဆုတ်လိုက်ရပြီး သူ့အောက်ပိုင်းကိုယ်နှင့်ပြန်ချိတ်ဆက်လိုက်ရ၏။
သို့သော် လိုင်ရန်မှာ ထိုဖြစ်ရပ်ကြောင့် ချီစွမ်းအင်တစ်ဝက်လောက်နှင့် ရှေးဦးဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားရသည်။
“သေစမ်း။”
လိုင်ရန်၏မျက်နှာမှာ ရုပ်ဆိုးသွားရသည်။ သူ ချောင်းတိုက်ခံလိုက်ရသည်ပင်။ သူ အစကတော့ကတောင် ၎င်းကို မနိုင်နိုင်ရာ ယခုတွင်တော့ ရှေးဦးဝိညာဉ်စွမ်းအင်နှင့်ချီစွမ်းအင်များကပါ ဆုံးရှုံးသွားရာ တောင်ပံနှစ်ဖက်ပါထိုကျားကို တိုက်နိုင်ရန် ပို၍မဖြစ်နိုင်တော့ပါချေ။
“လူသား၊ မင်းက ဒီနတ်ဆိုးရဲ့နယ်မြေထဲ ပြန်ဝင်လာရဲတယ်ပေါ့။ ဘယ်ကောင်က မင်းကို ဒီသတ္တိတွေပေးလိုက်တာလဲ။”
တောင်ပံနှစ်ဖက်ပါကျားက လူသားဘာသာစကားကိုပြောလာလျက် သူ၏မျက်ဝန်းများထဲတွင်လည်း လူသတ်ချင်စိတ်အပြည့်ပင်။
“ငါ့ကို လာစော်ကားက မင်းကိုယ်မင်းသေဖို့သာပြင်ထာားတော့။”
ပြောပြီးသည့်နောက်တွင် မိုးကြိုးကျားမှာ လိုင်ရန်ပြန်ပြောလာမှာကို စောင့်နေလိုက်သည်။ သို့သော် တစ်ခဏမျှသာ ကြာသွားသော်လည်း လိုင်ရန်က အာရုံစိုက်မလာပေ။ ထိုအစား ထိုဝိညာဉ်ပုံရိပ်က သူ့ဖိအားကြောင့် တဖြည်းဖြည်းလွင့်ပြယ်လာတာကိုသာတွေ့လိုက်ရသည်။
တောင်ပံနှစ်ဖက်ပါမိုးကြိုးကျားမှာ ရပ်တန့်သွားရ၏။ သူလည်း ခေါင်းလှည့်ကြည့်လိုက်တော့ လိုင်ရန်က ထိုသည်ကို အခွင့်ကောင်းယူပြီး အဝေးကို ထွက်ပြေးသွားတာကို တွေ့လိုက်ရသည်။
“မုန်းဖို့ကောင်းလိုက်တဲ့လူသားမျိုးနွယ်တွေ၊သေသင့်တယ်။”
တောင်ပံနှစ်ဖက်ပါမိုးကြိုးကျားကြီးမှာ စော်ကားခံလိုက်ရသလိုခံစားလိုက်ရပြီး ချက်ချင်း ပြေးလိုက်တော့သည်။
အနည်းငယ်ဒဏ်ရာရထားသောလိုင်ရန်မှာတော့ အနည်းငယ်နှေးကွေးနေရာ ဆယ့်ငါးမိနစ်မျှပတ်ပြေးပြီးနောက်တွင် ဖမ်းမိသွားတော့သည်။
တောင်ပံနှစ်ဖက်ပါမိုးကြိုးကျားမှာတော့ အမျက်ချောင်းချောင်းထွက်နေလေသည်။ သူ ပြေးလိုက်သောအချိန်တွင် မိုးကြိုးစွမ်းအင်များက ကောင်းကင်တွင် ချက်ချင်းပြည့်နှက်သွားရာ လိုင်ရန်မှာ ပြေးစရာအပေါက်ရှာမတွေ့ဖြစ်နေရ၏။
နှစ်ဖက်စလုံးမှာ မိုးကြိုးစွမ်းအင်ပိုင်ရှင်များဖြစ်ကြသည်။ သို့သော် အင်အားကြီးသည့်သူက အားငယ်သည့်သူကို ချက်ချင်းဖိနှိပ်လိုက်နိုင်ပြီး လိုင်ရန်အပေါ်ဖိအားကလည်း များသည်ထက်များလာတော့သည်။
“ခုနစ်စဉ်ကြယ်ဆက်ခံသူ၊ ကယ်ပါဦး။”
လိုင်ရန်လည်း နောက်ဆုံးတွင် အော်ဟစ်လိုက်တော့၏။
သူ၏စကားက တောင်ပံနှစ်ဖက်ပါမိုးကြိုးကျားကြီးကို တန့်သွားစေ၏။ သူ ချက်ချင်း ဘေးပတ်လည်ကို လှည့်ကြည့်လိုက်သော်ငြား လူသားအရိပ်အယောင်လားလားမျှမတွေ့ရပါချေ။ ပြန်လှည့်ကြည့်ချိန်တွင် လိုင်ရန်က သူလှည့်သွားတာကို အခွင့်ကောင်းယူပြီး ထပ်၍ မိုင်ထောင်ချီထွက်ပြေးသွားပြန်သည်။
“သောက်လူသားမျိုးနွယ်တွေ။ အား၊ ထပ်လှည့်စားပြန်ပြီ။”
တောင်ပံနှစ်ဖက်ပါမိုးကြိုးကျားကြီး၏ဒေါသအဟုန်မှာ ငယ်ထိပ်ထိတိုင် ဆောင့်တက်သွားရလေပြီ။
ထိုအချိန်တွင် ကောင်းကင်ရှိခုနစ်စဉ်ကြယ်က ရုတ်တရက်ထွန်းလင်းလာ၏။
လိုင်ရန်လည်း အံ့ဩသွားပြီး အော်ပြောလိုက်သည်။
“ဆက်ခံသူအရှင်၊ ကျွန်တော့်ကို ကယ်ပါဦး။”
တောင်ပံနှစ်ဖက်ပါမိုးကြိုးကျားကြီးမှာ အံတင်းတင်းကြိတ်လိုက်သော်လည်း ဘေးပတ်ဝန်းကျင်ကို ပြန်စစ်ဆေးမိဆဲ။
သူပြန်လှည့်သောအချိန်တွင်တော့ လိုင်ရန်က အဝေးကို ရောက်သွားပြန်လေပြီ။ မိုးကြိုးကျားမှာတော့ လုံးဝဝရုန်းသုန်းကားဖြစ်သွားရတော့သည်၊ သူဟာ ဉာဏ်ရည်ကို စော်ကားခံလိုက်ရသလို အဆုံးစွန်ဆုံးခံစားလိုက်ရတော့၏။
သို့သော် စင်စစ်တွင် လိုင်ရန်က တကယ်ကို မလိမ်ခဲ့ပါပေ။ စုယွမ်၏အသိစိတ်ပင်လယ်ကလည်း ထပ်မံရောက်ရှိလာသည်လေ။
စုယွမ်မှာ လိုင်ရန်ဆီမှ ထွက်လာရုံရှိသေး၊ ထိုသူက သေရေးရှင်ရေးကြုံနေရမည်ဟု မထင်ထားခဲ့ပါပေ။ သူထင်လိုက်သည်မှာ လေဟာနယ်ရွှေမိုးကြိုးတိမ်ပေါက်ကွဲတာပြင်းလွန်း၍တစ်ခုခုဖြစ်သွားဟု၊ သို့သော် သူ သေချာကြည့်လိုက်တော့ ထိုသူမှာ ယောင်သားရဲတစ်ကောင်ဆီမှ အလိုက်ခံနေရတာကို မြင်လိုက်ရသည်။
စုယွမ်၏ပင်မခန္ဓာကိုယ်မှာ တောင်ထိပ်ပေါ်တွင် ရပ်နေလေပြီ။ ဝေဟင်ကမ္ဘာပန်းကန်လုံးကလည်း ခုနစ်စဉ်ကြယ်အစီအရင်စင်မြင့်အဖြစ်ပြောင်းသွားပြီး အဆင့်ခြောက်ရှိလွှင့်မြောအလင်းဘူးသီးခြောက်က အစီအရင်ဗဟိုချက်အဖြစ်ရှိနေပေး၏။
သူ၏အမူအရာမှာ တည်တံ့နေလျက် ဝိညာဉ်စွမ်းအင်များကို စင်မြင့်ထဲသို့ ထည့်လိုက်သည်။
ကောင်းကင်ရှိခုနစ်စဉ်ကြယ်ကလည်း ချက်ချင်း တုံ့ပြန်လာသည်မှာ သူတို့နှစ်ဦးအခြားတွင် ဘာအကွာအဝေးမှတောင်မရှိလေသည့်အလား။ စုယွမ် ခုနစ်စဉ်ကြယ်စွမ်းအင်ကို ချေးယူချင်သောအချိန်တွင်လည်း ချက်ချင်းကို တုံ့ပြန်လာလေ၏။
အနည်းငယ်မျှ နှောင့်နှေးမှုမရှိပါလေ။
“နတ်ဘုရားစွမ်းရည်၊ ခုနစ်စဉ်ကြယ်ဒြပ်စင်မိုးကြိုးဓါး။”
စုယွမ်လည်း ယခုလေးတင်ဖန်တီးထားသော နတ်ဘုရားစွမ်းရည်ကို အသက်သွင်းလိုက်သည်။
တာအိုအနည်အနှစ်ပါဝင်သောချီစွမ်းအင်များက အစီအရင်ဆီအပို့ခံရလျက် ကြယ်စွမ်းအင်အဖြစ် ကောင်းကင်သို့ စီးဝင်သွားကြ၏။
စုယွမ်က ကြယ်စွမ်းအင်ဥပဒေသအဆင့်အထိတက်ကျွမ်းထားမှုကြောင့် ထိုပစ်လွှတ်လိုက်သောကြယ်စွမ်းအင်တို့မှာ အဆရေဒါဇင်မကတိုးပွားသွားရသည်။ ဤသို့သောအားပြင်းသည့်အနေအထားမှာ ပစ်လွှင့်သည့်ပုံစံကိုသာသေချာထိန်းချုပ်နိုင်ပါက နယ်မြေခြားကျော်၍ တိုက်ရိုက်တိုက်ခိုက်ခြင်းမျိုးကိုလည်း ဖြစ်နိုင်လေသည်ပင်။