အခန်း ၁၆၈
Vol. 17 Ch. 168
Chapter 168: အဝေးမှနေ၍ ဝိညာဥ်ကူးပြောင်းခြင်းအဆင့်သားရဲကိုသတ်ဖြတ်ခြင်း။
စုယွမ်ကိုယ်ထဲရှိစွမ်းအင်အနည်အနှစ်များမှာ ဆည်မှတာကျိုးလာလေသည့်အတိုင်း ခုနစ်စဉ်ကြယ်အစီအရင်စင်မြင့်ထက် ဒလဟော စီးဝင်သွားရာ ကြယ်စွမ်းအင်တို့၏အင်အားကလည်း ပို၍အားကောင်းလာသည်။
သူ့ခန္ဓာကိုယ်ထဲရှိသဘာဝတားမြစ်အခင်းအကျင်းအစီအရင်၁၁၈ခုကလည်း အဆင့်မြင့်အားသွင်းကြိုးများအလား ဘေးပတ်လည်ရှိချီစွမ်းအင်တို့ကို အသားကုန်စုပ်ယူကာ သူ့ကိုထောက်ပံ့ပေးထား၏။
အနည်အနှစ်များစွာမှာ ကြယ်စွမ်းအင်အဖြစ်ပြောင်းလဲသွားကြသော်ငြား ချက်ချင်းကောင်းကင်သို့ တက်သွားသေးပါပေ။
လောင်ချမ်ရော ရှောင်လီပါ ထိုအချိန်တွင်တော့ ထိတ်လန့်သွားကြရသည်။ သူတို့ဟာ စုယွမ် ယခုတစ်ခေါက်ထုတ်သုံးလိုက်သောတိုက်ခိုက်ရေးစွမ်းရည်မှာ ပုံမှန်ထက်များစွာအားကောင်းနေကြောင်းသိသည်လေ။
နတ်ဘုရားစွမ်းရည်ဆိုသည်မှာ မူရင်းကိုက အလွန်အင်အားကြီးသည်ပင်။ ထို့အပြင် စုယွမ်ကလည်း အနည်အနှစ်စွမ်းအင်များစွာသုံးပေးထားသလို တားမြစ်မန္တန်များကိုလည်းအသက်သွင်းနေပေ၏။
စုယွမ်၏အသိစိတ်ပင်လယ်က လိုင်ရန်၏အခြေအနေကိုစဉ်ဆက်မပြတ်စောင့်ကြည့်နေသည်၊ ထိုသူက ဆက်လက်တောင့်ခံထားနိုင်သေးတာကိုတွေ့ရာ သူလည်း အလျင်စလိုကြီးမလုပ်တော့။
နတ်ဘုရားစွမ်းရည်၏ပထမဆုံးရိုက်ချက်သည်ကား အခြိမ်းခြောက်နိုင်ဆုံးဖြစ်လိမ့်မည်ဖြစ်ပြီး သူကလည်း ဤကိစ္စကို တစ်ချက်တည်းဖြင့်အဆုံးသတ်ချင်ပေသည်။
ဤသို့သောအခြေအနေမျိုးက ကျင့်ကြံရေးလောကတွင် ရှားပါလှသည်၊ အကယ်၍ အခြားသူများကသာ သင်အကွက်ကြီးကြီးရွေ့၍ နတ်ဘုရားစွမ်းရည်တစ်ခုကို အသက်သွင်းနေတာကိုတွေ့ပါက ထိုသူတို့က အနှောင့်အယှက်ပေးဖို့ အစွမ်းကုန်ကြိုးစားလာကြလိမ့်မည်သာ။ သို့သော် ယခုတွင်တော့ နတ်ဘုရားစွမ်းရည်ကို အသက်သွင်းရန်ပြင်နေသောစုယွမ်မှာ ခုနစ်စဉ်ကြယ်ဂိုဏ်း၏အဝေးတွင်ရှိနေလေရာ အပြီးထိအေးဆေးစွာ အဆုံးသတ်နိုင်ပေသည်။
ထို့အပြင် နတ်ဘုရားစွမ်းရည်က ခုနစ်စဉ်ကြယ်မှတဆင့် ပစ်မှတ်ဆီကျရောက်သောအခါတွင်လည်း အရှိန်မြင့်သွားဦးမည်ဖြစ်သည်ပေ။
အထူးသဖြင့် တောင်ပံနှစ်ဖက်ပါမိုးကြိုးကျားမှာ ဒေါသအလွန်ထွက်ရာ ဝူးရှုးဝါးရှားဖြစ်နေသောအခြေအနေတွင်ဖြစ်ရာ ၎င်းမှာ ကောင်းကင်ရှိမူမမှန်မှုများကို သတိမထားမိပါချေ။
“ဆက်ခံသူအရှင်၊ အဆင်ပြေလား။ ကျွန်တော့်ကို ကယ်လို့ရလား။”
“ဆက်ခံသူသာ မကယ်နိုင်ရင် ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုဖျက်စီးပြီး သူ့ကို ဆွဲခေါ်ပြီး သေပွဲဝင်လိုက်တော့မယ်။”
လိုင်ရန် လေထုထဲသို့ လှမ်းပြောလိုက်သည်။
တောင်ပံနှစ်ဖက်ပါမိုးကြိုးကျားမှာ လမ်းတစ်ဝက်တွင် စိတ်နည်းနည်းရှင်းသွားလင့်စကား လိုင်ရာက ထပ်မံ၍အခြေအနေများကို အခွင့်ကောင်းယူကာ ထွက်ပြေးနေတာကို တွေ့တော့ သူ၏လိုင်ရန်အပေါ်အမုန်းတရားမှာ အထွဋ်အထိပ်ရောက်သွားတော့လေသည်။
လိုင်ရန်တွင်လည်း ရွေးချယ်စရာမရှိတော့ပါပေ၊ သူဟာ အကောင်းဆုံးကိုကြိုးစားခဲ့ပြီးပြီပင်။ သူ၏ ကိုယ်စောင့်ဝိညာဥ်ရတနာနှင့်အတူ မိုးကြိုးပစ်ခွင်းဓါးရှည်တို့ကလည်း တော်တော်လေးပျက်စီးနေချေပြီ။
ထိုအချိန် စုယွမ်၏မျက်နှာကလည်း အနီရောင်တောင်ပြောင်းနေလေပြီ။ သူ၏စွမ်းအင်များ၏အဆတစ်ရာလောက်ကို သုံးစွဲထားသောနတ်ဘုရားစွမ်းရည်မှာ အသင့်ဖြစ်နေပြီဖြစ်သော်လည်း ထိုအရာကို သူ့နတ်ဘုရားအာရုံကထိန်းချုပ်ရာတော့ အခက်အခဲဖြစ်နေရသည်။ သူပစ်လိုက်လျှင် ပစ်မှတ်ချက်ချင်းသေသွားနိုင်သော်ငြား လိုင်ရန်ပါ တစ်ခါတည်းပါသွားနိုင်၏။
ကံကောင်းစွာဖြင့် သူ အလုပ်နှင့်နားနေဖလှယ်မှုစွမ်းရည်ကို ချက်ချင်းဖွင့်နိုင်သွား၏။
သူ ဒုတိယအဆင့်ထိအသက်သွင်းပြီးချိန်မှ နတ်ဘုရားစွမ်းရည်အပေါ်ထိန်းချုပ်မှုက ချက်ချင်း တိကျသွားတော့သည်။
“ခုနစ်စဉ်ကြယ်ဒြပ်စင်မိုးကြိုးဓါး။”
ထိုအချိန် မိုးကြိုးပင်လယ်အထက်ကောင်းကင်တွင် ခုနစ်စဉ်ကြယ်က ရုတ်ချည်း အဆရာချီလင်းလက်လာ၏။
ကြယ်စဉ်၏ရောင်စဉ်ခုနစ်ခုမှာ အရောင်အမျိုးမျိုးလင်းလက်ရင်း ကောင်းကင်မှဆင်းသက်လာသည်မှာ ကောင်းကင်ဘုံ၏အပြစ်ပေးမှုအလား တုနှိုင်းမဲ့ကာ နှိုင်းယှဉ်နိုင်ဖွယ်မရှိပါပေ။
တောင်ပံနှစ်ဖက်ပါမိုးကြိုးကျားလည်း အပေါ်မော့ကြည့်လိုက်ကာမှ မျက်စံများက ပြင်းထန်စွာတုန်ခါသွားတော့သည်၊ သူ့မျက်ဝန်းထဲရှိ ဒေါသကြောင့်အရောင်ပြောင်းနေသောအနီရင့်ရင့်မျက်စံတို့ကလည်း ချက်ချင့် လွင့်ပြယ်သွားလျက် ထိုနေရာ၌ ကြောက်ရွံ့မှုက ဝင်ရောက်နေရာယူအစားထိုးသွားတော့၏။
“ထွက်ပြေးရမယ်။”
အထက်ပါအတွေးမှာ တောင်ပံနှစ်ဖက်ပါမိုးကြိုးကျားခေါင်းထဲ ပေါ်လာသော တစ်ခုတည်းသောအရာပင်။
သို့သော် သူ ထွက်ပြေးရန်တွေးလိုက်၍ရှိသေး၊ အလွန်ပြင်းထန်လွန်းသည့်အရှိန်အဝါတစ်ခုမှာ ချက်ချင်းရောက်ရှိလာရာ ကမ္ဘာလောကကြီးမှာကား တစ်ခိုက်တန့်ရပ်တန့်သွားသကဲ့သို့ပင်။
ဆက်လက်၍ အယူအဆခုနစ်မျိုး၏ဖိအားကလည်း ထပ်မံရောက်ရှိလာရာ မိုးကြိုးကျားမှာ ရုန်းမထွက်နိုင်သည့် နွံတောထဲကြီးကို ကျရောက်သွားရသည့်အလား ခံစားလိုက်ရသည်။ နောက်ဆုံးအနေဖြင့် ဥပဒေသ၏ဖိအားက သူ့ကိုယ်ပေါ်ရောက်လာသောအချိန်တွင်တော့ မိုးကြိုးကျားမှာ အနည်းငယ်မျှတောင် မလှုပ်ရှားနိုင်တော့ပါချေ။
ထို့နောက်ချက်ချင်း ကြယ်စွမ်းအင်တို့ကလည်း အောက်သို့ကျရောက်လာတော့၏။
ကြယ်စွမ်းအင်မှာကား ကျောက်တိုင်ကြီးများနှယ်၊ ကြယ်စွမ်းအင်မှာကား ဓါးရှည်များနှယ်၊ ကြယ်စွမ်းအင်မှာကား မိုးကြိုးများသဖွယ်၊ ကြယ်စွမ်းအင်မှာကား ပင်လယ်သမုဒ္ဒရာကြီးတစ်ခုနှယ် လောကတစ်ခုလုံးကို အုပ်မိုးလာတော့သည်။
ကြောက်မက်ဖွယ်ရာကြယ်စွမ်းအင်တို့ကြောင့် ဘေးပတ်လည်ရှိကောင်းကင်နှင့်မြေကြီး၏ချီစွမ်းအင်တို့တောင် လှိုင်းထလျက် မိုးကြိုးပင်လယ်မှာ မိုးကြိုးများစွာကလည်း စုစည်းခံလိုက်ရပြီး မိုးကြိုးကျားကို အဖက်ဖက်မှဝန်းရံတိုက်ခိုက်တော့သည်။
လိုင်ရန် ပြန်လှည့်ကြည့်လိုက်သည်၊ သူ လှည့်ကြည့်လိုက်သည့်အချိန်တွင်ပင် လောက၌ရောင်စုံနေလေပြီ။
ထို့နောက်တွင်တော့ လောကတခွင်လှုပ်ခတ်နိုင်သောမိုးကြိုးအော်သံကြီးက ချက်ချင်းမြည်ဟီးလာ၏။
လိုင်ရန်မှာ ပင်လယ်ပြင်တွင်မျောပါနေသောလှေငယ်လေးတစ်ခုအလား လိုင်ရန်မှာ နတ်ဘုရားစွမ်းရည်၏သက်ရောက်မှုကြောင့် အဝေးထိလွှင့်စင်သွားရသည်။
သူ ပင်လယ်မျက်နှာပြင်ထက် ပြုတ်ကျသွားသော်ငြား မြေကြီးကို ရိုက်ခတ်မိလိုက်သည့်အတိုင်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးတောင် ကွဲကြေသွားမလိုခံစားလိုက်ရ၏။
လိုင်ရန်လည်း ပင်လယ်မျက်နှာပြင်ထက် ပြန်၍ပျံသန်းကာ တောင်ပံနှစ်ဖက်ပါမိုးကြိုးကျားဘက်ဆီပြန်ကြည့်လိုက်သည်၊ သို့သော် သူ ပင်လယ်ရေပြင်တစ်ခုလုံးမှာ အင်မတန်ကြီးမားသောဝဲကယက်ကြီးဖြစ်သွားကာာ ဘေးပတ်ဝန်းကျင်ရှိပင်လယ်ရေများအားလုံးကို စုပ်ယူနေတာကိုသာ တွေ့လိုက်ရ၏။
မရေတွက်နိုင်သောမိုးကြိုးများမှာ ထိုနေရာတွင် စုစုံနေကြပြိး ကြယ်စွမ်းအင်တို့ကလည်း ထူးခြားသောကျောက်တစ်မျိုးအလားဖြစ်သွားလေသည်။
အနှီမာန်ဖီနေသောမိုးကြိုးကျားကတော့ ခြေရာလက်ရာတစ်ခုမှတောင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားရလေပြီ။
လိုင်ရန် ကောင်းကင်ရှိခုနစ်စဉ်ကြယ်ကို ပြန်ကြည့်လိုက်ရာ တောက်ပမှုက ပုံမှန်အတိုင်းပြန်ဖြစ်သွားလေပြီ။ ထို့နောက်သူ ပင်လယ်ရေမျက်နှာပြင်ကိုပြန်ကြည့်လိုက်တော့ စောနကရှိခဲ့သောဝဲကယက်ကလည်း တဖြည်းဖြည်းပြန်လည်ငြိမ်သက်နေလေ၏။ သူ့မှာ တစ်ခဏလောက်အထိ အိပ်မက်မက်နေသလိုသာ ခံစားလိုက်ရသည်။
သူ တောင်ပံနှစ်ဖက်ပါမိုးကြိုးကျားရှိနေခဲ့သောနေရာကို ပြန်သွားကြည့်လိုက်သော်ငြား ထိုနေရာတွင် ဘာမှမကြွင်းကျန်ရစ်ပါလေ။
သူလည်း ပင်လယ်ထဲခုန်ကူး၍ ရှာလိုက်ရာ အချိန်တစ်ခုကြာပြီးနောက်တွင် အနည်းငယ်ဒဏ်ရာရနေသောတောင်ပံတစ်စုံကို တွေ့လိုက်ရ၏။
“ဆက်ခံသူအရှင် ... ဒါပဲကျန်ခဲ့ပါတယ်။”
လိုင်ရန် ပြောလိုက်သည်။
စုယွမ်လည်း ကြယ်အလင်းဖြင့်ပုံရိပ်ယောင်ကို ဖွဲ့စည်းကာ ထိုတောင်ပံကို စစ်ဆေးလိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
“ဒီလိုမျိုးပျက်စီးသွားမှတော့ ဘာအတွက်သုံးလို့ရဦးမှာလဲ။ အကြီးအကဲပဲ ယူထားပြီး အဆင်ပြေသလိုလုပ်လိုက်ပါ။”
လိုင်ရန်မှာ နှုတ်ခမ်းထောင့်များတောင် တွန့်သွားရသည်။
သူလည်း ရုတ်ချည်း တွေးမိသွားပြီး ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ။ ရှေ့မှာ သူ့ပိုင်နက်အရင်းအမြစ်တွေရှိလောက်မဲ့ ကျွန်းတစ်ခုရှိတယ်။ ကျွန်တော် တခုခုကိုရှာတွေ့တာနဲ့ အကုန် ဆက်ခံသူဆီပို့လိုက်ပါမယ်။”
“ဒါလည်း အဆင်ပြေတာပဲ။”
စုယွမ်ခေါင်းညိတ်လိုက်သည်။
“အဆင်ပြေတယ်ဆိုရင် ကျွန်တော်လည်း သွားတော့မယ်။”
စုယွမ် လိုင်ရန်ကို ခေါင်းညိတ်ပြလိုက်ပြီး သူ၏ပုံရိပ်ယောင်ကလည်း လွှင့်ပြယ်ပျောက်ကွယ်သွားတော့၏။
စုယွမ်၏ပင်မခန္ဓာကိုယ်လည်း ပြေလျော့သွားပြီး သူ စနစ်ကို တစ်ချက်ကြည့်လိုက်သည်။
【ဒင်၊ကျော်ကြားမှုအမှတ်+666,000】
【ဒင်၊သက်တမ်း+610】
သူ၏သက်တမ်းလည်း အနည်းငယ်တိုးလာသလို ကျော်ကြားမှုအမှတ်လည်း ပမာဏတစ်ခုအထိ တိုးလာပေရာ ဤကိစ္စက အကျိုးမရှိဟုတော့ ပြော၍မရပါချေ။
လိုင်ရန်မှာ အနှီတိုက်ခိုက်မှုကြောင့် အလွန်ထိတ်လန့်သွားသည့်ဟန်၊ သူက တစ်ခါတည်းနှင့် ကျော်ကြားမှုအမှတ်၆၆၀၀၀၀မှတ်တောင် ပေးလာ၏။ အပြင်ပိုင်းတွင် တည်ငြိမ်ဟန်ရနေသောအနှီလိုင်ရန်မှာ အတွင်းတွင်တော့ တော်တော်လေးထိတ်လန့်နေသည်ပဲ။
သာမန်ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်တစ်ယောက်က ကျော်ကြားမှုအမှတ်ရာချီလောက်ကိုပဲ ပေးစွမ်းနိုင်သည်ဖြစ်ရာ ယခုအမှတ်က အဆင့်လေးအထိတိုးမြင့်သွားခြင်းဖြစ်လိမ့်ပေမည်။