အခန်း ၁၆၉
Vol. 17 Ch. 169
Chapter 169
ထိုအချိန်တွင် စုယွမ်လည်း သူ၏တောင်ရှေ့ ပုံရိပ်တစ်ခုပေါ်လာသည်ကို သတိထားလိုက်မိ၏။
စုယွမ် လက်ဝေ့ယမ်းလိုက်သည်။
အစီအရင်က ပွင့်သွား၏။
ဂိုဏ်းချုပ်ကုချင်းကျူးက အရင်ဆုံးဝင်လာပြီး တောင်ထိပ်သို့ ခြေလှမ်းအနည်းငယ်ဖြင့် အလျင်အမြန်ရောက်လာသည်။ သူ စုယွမ်ကို စိုက်ကြည့်လိုက်၏၊ ထို့နောက် ယခုလေးတင်အသက်သွင်းခဲ့သောစင်မြင့်ထံ အကြည့်ပို့လိုက်သည်။
ဂိုဏ်းချုပ်ကု အလျင်စလိုမေးလာသည်။
“ခဏက ဘာဖြစ်သွားတာလဲ။ ဘာလို့ ခုနစ်စဉ်ကြယ်က အရမ်းလင်းလာတာပဲ။”
“ကျွန်တော် အကြီးအကဲလိုင်ရန်ကို ကူပြီး ယောင်မိစ္ဆာတစ်ကောင်ကို သတ်ပေးလိုက်လို့ပါ။”
စုယွမ် ပြန်ဖြေလိုက်သည်။
ဤသည်ကိုကားမှ ကုချင်းကျူး သက်ပြင်းချနိုင်သွား၏။
“ငါက တစ်ခုခုဖြစ်နေပြီထင်တာ။ ယောင်မိစ္ဆာလေးတစ်ကောင်ပဲကို။”
“နေပါဦး။”
ကုချင်းကျူး သတိရသွားသည်။
“အကြီးအကဲလိုင်ရန်တောင် အကူအညီယူရတယ်ဆိုတော့ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ယောင်မိစ္ဆာလား။”
စုယွမ်လည်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“အကြီးအကဲလိုင်ရန်ထက်တော့ အဆင့်သေးလေးတစ်ဆင့်ပိုမြင့်တယ်။ ဒါပေမဲ့ ပစ္စည်းတွေကတော့ ဖျက်စီးခံလိုက်ရပြီ။”
ဤသည်ကိုကြားတော့ ဂိုဏ်းချုပ်ကုမှာ ခဏလေးတန့်၍ တွေးနေမိသည်။
ထိုသူက ဘာပစ္စည်းကို ပြောနေခြင်းနည်း။
သူ ကြောင်အနေစဉ် စုယွမ်က ထပ်ပြောလာသည်။
“ကျွန်တော် စာကြည့်တိုက်ကို သွားလိုက်ဦးမယ်။ အစ်ကိုကု၊ ကျွန်တော့်ကို ဒီမှာစောင့်နော်။”
“မင်း စာကြည့်တိုက်ကိုသွားမလို့လား။ အဲ့ဒါဆိုရင်လည်း ငါမင်းကို မနှောင့်ယှက်တော့ပါဘူး။”
စုယွမ် အဆင်ပြေတာကို မြင်တော့ ကုချင်းကျူးလည်း ဆက်နေရန် ရည်ရွယ်ချက်မရှိပါပေ။
စုယွမ် ခေါင်းညိတ်လိုက်သည်။
သူလည်း ကြယ်အလင်းအသွင်ပြောင်း၍ စာကြည့်တိုက်ဆီ လျင်မြန်စွာသွားလိုက်သည်။
“အကြီးအကဲစုကို နှုတ်ဆက်ပါတယ်။”
အဝင်ဝ၌ ယင်းကျူးကျုံးက ချက်ချင်း အရိုအသေပြုနှုတ်ဆက်လာသည်။
ယင်းကျူးကျုံး၏အသံကလည်း စာကြည့်တိုက်ထဲရှိလူများစွာ၏အာရုံကို ဆွဲယူသွားပြီး အားလုံးက လှည့်ကြည့်လာ၏။
စုယွမ်လည်း သာမန်လျှံကာကြည့်လိုက်တော့ အသိအကျွမ်းများကို တွေ့လိုက်ရသည်။
ထိုနေရာတွင် ကျူးကောကျန့်၊ နန်ကုန်းဟော်ယွီ၊ ကုယို၊ ရှဲ့ယင်းယင်း၊ မိန်ချမ်လဲ့၊ လီယွဲ့ရှင်တို့သာမက ယဲ့ပိဖန်နှင့်လျှို့မူဝမ်တို့ပါ ရှိနေသည်ပင်။
ထိုလူများအားလုံးက စုယွမ်၏ခုနစ်စဉ်ကြယ်ထိပ်သီးကျင့်စဉ်များကို ကျင့်ကြံနေလေ၏။
စုယွမ်၏ထိပ်သီးကျင့်စဥ်များကို ချက်ချင်းထလေ့ကျင့်ပါက ထိပ်သီးကျင့်စဉ်များကို နားလည်ရန်လည်း အခက်ခဲလျော့သွားသလို နှုန်းလည်းမြန်သွားမည်ဖြစ်ရာ စုယွမ်၏ထိပ်သီးကျင့်စဉ်များရှေ့တွင် ကျင့်ကြံလျှင်လည်း ထောက်ပံ့မှတ်များစွာလိုအပ်ပေသည်၊ ထိုသို့ကျင့်ကြံနိုင်ရန်လည်း တန်းတောင်စီရဦးပါသည်။
မှီငြိမ်းကျင့်စဉ်ခြောက်ရာလောက်ရှေ့တွင် လူများက တန်းစီနေကြသည်၊ တရားထိုင်မနေသောတပည့်များကလည်း စုယွမ်ကို တစ်ယောက်ပြီးတစ်ယောက်အရိုအသေပြုလာကြပေသည်။
စုယွမ်လည်း သူတို့အားလုံးကို ခေါင်းညိတ်ပြပြီး ထိပ်သီးကျင့်စဉ်များ၏အဆုံးသို့ တိုက်ရိုက်သွားလိုက်သည်။
ထိပ်သီးနှင့်အမြင့်တန်းဝိညာဉ်ရင်းမြစ်ရှိ ပါရမီရှင်ချီစုဆောင်းခြင်းအဆင့်တပည့်တစ်အုပ်မှာတော့ စုယွမ်ကို မြင်သည်နှင့် ချက်ချင်း စိတ်လှုပ်ရှားလွန်း၍ မျက်နှာများတောင် နီမြန်းလာကြ၏၊ သူတို့အတွက် စုယွမ်နှင့် ထိုမျှအနီးကပ်တွေ့လိုက်ရခြင်းက လွန်စွာစိတ်လှုပ်ရှားစေသည်ပင်။
“တောင်ကြားသခင် ရောက်နေတာပဲ။”
ကုယိုကလည်း ချက်ချင်းထရပ်၍ သူ့ကို အပြုံးကြီးတစ်ခုဖြင့် နှုတ်ဆက်လာသည်။
“အမ်း၊ မင်း ဘယ်အပိုင်းထိ လေ့ကျင့်ပြီးပြီလဲ။”
စုယွမ်မေးလိုက်သည်။
သူ့တွင် ဤကောင်းကင်ဘုံအဆင့်ဝိညာဉ်ရင်းမြစ်ပေါ်၌ အထင်ကြီးမှုရှိနေဆဲပါပင်။
ကုယိုလည်း ယုံကြည်မှုရှိစွာပြုံး၍ ကျယ်လောင်စွာ ပြန်ဖြေလာ၏။
“အကြီးအကဲစု၊ ကျွန်တော် ဆဌမအဆင့်ထိ အကုန်နားလည်သွားပါပြီ။ အခု သတ္တမမြောက်အပိုင်းကို လေ့လာနေတာပါ၊ ကျွန်တော်တော့ ဒီနှစ်သုံးဆယ်လောက်အတွင်း နဝမမြောက်အပိုင်းအထိ အကုန်ပြီးသွားလိမ့်မယ်ထင်ပါတယ်။”
ဤသည်ကိုကြားတော့ စုယွမ်လည်း အံ့ဩသွားသည်။
“တကယ်ကို မနှေးဘူးပဲ။”
“အကြီးအကဲ၊ ကျွန်တော်က ကောင်းကင်ဘုံအဆင့်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်ပါ။ ကျွန်တော့်ရဲ့နားလည်မှုစွမ်းရည်က နိမ့်ပါးတဲ့ထဲပါမနေပါဘူး။”
ကုယိုက တည်ငြိမ်စွာ ပြုံး၍ဆိုလာသည်။
စုယွမ်လည်း ခေါင်းညိတ်၍ပြုံးလိုက်သည်။
“ငါမှတ်မိသလောက်တော့ မင်းက အပိုင်းတိုင်းကလမ်းစဥ်တိုင်းကိုလိုက်ကျင့်ကြံနေတာမလား။မင်းသာ လမ်းတစ်ခုကို သက်သက်ရွေးခဲ့ရင် အခုလောက်ဆိုရင် နဝမအဆင့်ကို ရောက်နေလောက်ပြီ။”
“ကျွန်တော်က သင်မယ်ဆိုရင် အကောင်းဆုံးကြိုးစားတာပါ။ နောက်ပြီး ကျွန်တော့်မှာ လမ်းစဉ်တိုင်းကို သင်နိုင်မယ်လို့ ယုံကြည်ချက်ရှိလို့ပါ။”
ကုယို သူ့ရင်ဖက်သူ ပုတ်ပြလိုက်သည်။
သူက စုယွမ်တစ်ယောက် သူ့ကို တပည့်အဖြစ်ခေါ်ယူရန် မျှော်လင့်နေခြင်းပေ၊ ထို့ကြောင့် သူ အစွမ်းကုန် ကြိုးစားပြနေခြင်းဖြစ်၏။
ဒါကို ကြားတော့ စုယွမ်မှာ အမူအရာထူးဆန်းသွားသည်။
“မင်းမှာ မိုးကြိုးဝိညာဉ်ရင်းမြစ်ရှိလား။”
အခြားတပည့်များအားလုံးလည်း မသိမသာတန့်သွားကြလေသည်။
စုယွမ်၏နောက်လုပ်ရပ်က သူတို့ကို အဖြေပေးလိုက်ပါ၏။
စုယွမ်က စာကြည့်တိုက်၏အမြုတေထံအော်ပြောလိုက်၏။
“အစောင့်အရှောက်ဝိညာဉ်၊ ငါ ထိပ်သီးကျင့်စဉ်ကို ထပ်ဖြည့်ချင်လို့၊ သူ့ရဲ့ထောက်ပံ့မှတ်ကလည်း အခြားအပိုင်းတွေနဲ့အတူတူပဲထားလိုက်ပါ။”
“နားလည်ပါပြီ၊ အကြီးအကဲစု။ အမျိုးအစားခွဲပေးပါ၊ ကျွန်တော်ပြီးရင် အကုန်ပုံတူကူးပြီး အခြားစာကြည့်တိုက်တွေစီပါ ပို့လိုက်ပါမယ်။”
အစောင့်အရှောက်ဝိညာဉ်၏တည်ငြိမ်သောအသံမှာ တပါးတည်းထွက်ပေါ်လာသည်။
စုယွမ်လည်း ခေါင်းညိတ်လိုက်သည်၊ ဤအစောင့်အရှောက်ဝိညာဉ်၏လုပ်ရပ်များမှာ အမြဲတစေကျေနပ်ဖွယ်ကောင်းပေရာ ဉာဏ်ကလည်း ကောင်းရမည်ပေ။ သို့သော် ဂိုဏ်းချုပ်ကတော့ ဘာလို့ အမြဲတစေ ဤဝိညာဉ်က နှံဖျင်းကြောင်းညီးတွားနေပြီး သူ့ကိုပါ ၎င်းကို အဆင့်မြင့်တင်ပေးရန် ပြောဆိုနေရခြင်းနည်း။
တကယ်ဆို ဘာအဆင့်မြင့်ရန်မှ မလိုအပ်သည်ပေ။
သူလည်း သိုလှောင်လက်စွပ်ကို ဖွင့်၍ လက်ကိုယမ်းလိုက်ရာ ဗလာစာအုပ်များပေါ်လာ၏။ ထို့နောက်သူ စိတ်ကို ထိန်းချုပ်၍ တာအိုအနည်အနှစ်များနှင့်အတူ ကျင့်စဉ်၏တစ်ကြောင်းချင်းစီကို ရေး၍ လူတိုင်းကို စုယွမ်၏ထိပ်သီးကျင့်စဉ်များ မည်သို့ဖြစ်ပေါ်လာပုံကို ပြသလိုက်၏။
စုယွမ်လည်း မှတ်တမ်းတင်ပြီးသည့်အခါ လက်ကိုဝေ့လိုက်ရာ ထိပ်သီးကျင့်စဉ်များမှာ ချက်ချင်း ပထမထပ်ရှိ စုယွမ်၏ထိပ်သီးကျင့်စဉ်များ သိုလှောင်ရာနေရာသို့ ရောက်ရှိသွားလေ၏။ ထိပ်သီးကျင့်စဉ်၏အပိုင်းတိုင်းနောက်ရှိကွက်လပ်တွင် ထပ်မံ၍ ထိပ်သီးကျင့်စဉ်နှစ်ဆယ့်တစ်ခုမှာ လေထဲတွင် ပေါ်လာပြီး ထိုနေရာတွင် ပြသထားလေသည်။
အစောင့်အရှောက်ဝိညာဉ်ကလည်း စာကြည့်တိုက်ထဲပြောင်းလဲမှုတိုင်းကို ထိန်းချုပ်ကာ ထိပ်သီးကျင့်စဉ်များကို စင်မြင့်ထက် ချိတ်ဆွဲထားလိုက်၏။
ပထမထပ်ရှိထိပ်သီးကျင့်စဉ်အပိုင်းကိုးခုရှိရာ ယခုဆိုရင် ကျင့်စဉ်၁၈၉မျိုး ထပ်ပေါင်းသွားလေပြီ။
အနှီမြင်ကွင်းမှာ ထိုနေရာရှိတပည့်များကို ချက်ချင်းကို နေရာမှာတင် လုံးဝကြောင်အသွားစေလေသည်။
ကုယိုလည်း သတိပြန်ဝင်လာပြီး ချက်ချင်း သွားကြည့်လိုက်သည်။ သူ ထိုနေရာတွင် 【စုယွမ်ရေးသားသောမိုးကြိုးကျင့်စဉ်များခွဲဖြာချက်】ဆိုသည်ကို ကြည့်လိုက်၏။ သူ့နှုတ်ခမ်းထောင့်များပင် တွန့်သွားရသည်။ သူ နည်းနည်းလေးထပ်ကြည့်လိုက်တော့ ရွှေမိုးကြိုးအကြောင်းအသေးစိတ်ဟူသော စာလုံးကိုမြင်လိုက်ရရာ မျက်လုံးများလင်းလက်သွားရ၏။
သို့သော် သူ့ဝိညာဉ်ရင်းမြစ်သူပြန်ကြည့်ပြီး အမူအရာကလည်း ပြန်ညှိုးကျသွားရပေသည်။
ကျူးကောကျန့် နန်ကုန်းဟော်ယွီကို ပြောလိုက်၏။
“ဟော်ယွီ၊ အများကြီးမသင်ကြရအောင်။ ငါတို့ အကုန်လုံးကို သင်နိုင်မှာမဟုတ်ဘူး။ အခုဆိုရင် နှစ်လေးနည်းနည်းအတွင်းမှာတင် ထိပ်သီးကျင့်စဉ်တွေရဲ့အပိုင်းတိုင်းထပ်ထပ်တိုးလာတာ ၈၃အုပ်ထိအောင်ပဲ၊ ဒီနေ့၂၁အုပ်နဲ့ပါဆိုရင် ၁၀၄အုပ်တောင်ဖြစ်သွားပြီ။”
“ဟုတ်တယ်။”
နန်ကုန်းဟော်ယွိ သက်ပြင်းလိုက်သည်။ သူမလည်း သူမကိုယ်သူမ ပါရမီကောင်းရှိသည်ဟုသာ သတ်မှတ်ထားတာပင်၊ သို့လင့်ကစား ၎င်းတို့က စုယွမ်၏ထိပ်သီးကျင့်စဉ်များရှေ့တွင်တော့ သူမ၏လိုအပ်ချက်များကို သိသိသာသာမြင်နိုင်ပြီး လမ်းစဉ်ငါးခုကိုသာ အဓိကထားကာ ခုနစ်ခုကို အရံအနေဖြင့်လေ့လာရန်ကိုသာ တွေးနိုင်တော့၏။ ကျန်သည့်အရာများကိုမူ မေ့လိုက်ပါတော့မည်လေ။