အခန်း ၁၇၀
Vol. 17 Ch. 170
Chapter 170:စုယွမ်စာမူဆု။
ကျူးကောကျန့်မှာ ဒုတိယထပ်သို့တက်သွားသောစုယွမ်၏နောက်ကျောကို ကြည့်ရင်း ရုတ်တရက် လှမ်းအော်လိုက်၏။
“အကြီးအကဲ၊ စောင့်ပါဦး။ ဒီတပည့် အကြီးအကဲနဲ့တိုင်ပင်စရာရှိလို့ပါ။”
စုယွမ်လည်း ရှုပ်ထွေးစွာဖြင့် ပြန်လှည့်လာပြီး ဆိုသည်။
“ဘာများလဲ။ ပွင့်ပွင့်လင်းလင်းသာပြောပါ။”
ကျူးကောကျန့်မှာ လေးနက်နေသောအမူအရာဖြင့် ဆိုလာသည်။
“အကြီးအကဲစု၊ ကျွန်တော် အကြီးအကဲရဲ့ထိပ်သီးကျင့်စဉ်တွေကို လေ့လာနေရင်း သူတို့ရဲ့ခက်ခဲမှုကို သတိပြုမိပါတယ်။ အချို့အလတ်တန်းနဲ့အနိမ့်တန်းအဆင့်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်တွေအနေနဲ့ ဒီကျင့်စဉ်တွေကို လေ့လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်သလောက်ဖြစ်နေပါတယ်၊ ဒါတော်တော် နှမြောဖို့ကောင်းပါတယ်။”
စုယွမ်လည်း ခေါင်းညိတ်၍ ဆက်ပြောရန်အချက်ပြလိုက်သည်။
ကျူးကောကျန်လည်း ဆက်ပြော၏။
“ကျွန်တော်က မကြာခဏ မသေမျိုးမျိုးစေ့တောင်ကြားကို သွားပြီး သင်ခန်းစာတွေပို့ချလေ့ရှိပါတယ်။ အဲ့ဒါကြောင့်မလို့ ကျွန်တော် ချီစုဆောင်းခြင်းအဆင့်တွေရဲ့လက္ခဏာတွေကို အနေအထားတစ်ခုအထိတော့သိပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း လုပ်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ကျွန်တော် ထိပ်သီးကျင့်စဉ်တွေရဲ့တတိယအပိုင်းလောက်ထိပြီးရင် အကြီးအကဲစု ကျွန်တော့်ကို ခွင့်ပြုမယ်လို့မျှော်လင့်ပါတယ်။”
“အကြီးအကဲစုရဲ့ကျင့်စဉ်တွေကို အခြေခံအနေနဲ့အသုံးပြုပြီး ကျွန်တော် ဒီနှစ်တွေမှာ သင်ခန်းစာပို့ခဲ့တဲ့အတွေ့အကြုံတွေနဲ့ပေါင်းပြီး အငယ်တန်းတွေအတွက် ပိုပြီးအဆင်ပြေသက်သာအောင် ရေးပေးချင်ပါမယ်။”
“ဒီလိုလုပ်တာက ကျွန်တော့်ကိုယ်ပိုင်အမြင်တွေတင် အကျဉ်းချုပ်နိုင်ရုံမကဘူး၊ ပြီးပြည့်စုံတဲ့တာအိုလမ်းကြောင်းကိုပါ နားလည်ဖို့ ပိုအဆင်ပြေသွားစေပါတယ်။ နောက်ပြီး ဒါက အနိမ့်တန်းနဲ့အလတ်တန်းအဆင့်ဝိညာဉ်ရင်းမြစ်တွေကိုပါ အကြီးအကဲရဲ့ကျင့်စဉ်တွေကို ကျင့်ကြံဖို့ အခွင့်အရေးရသွားစေပါမယ်။”
ကျူးကောကျန့်၏စကားလုံးများက စုယွမ်ကိုတင်မက စာကြည့်တိုက်ရှိအခြားတပည့်များကိုပါ ကွက်ကြည့်ကွက်ကြည့်ဖြစ်သွားစေလေသည်။
စုယွမ်လည်း စာကြည့်တိုက်ရှိတပည့်များကို ဝေ့ကြည့်လိုက်ပြီး သူတို့၏အရှိန်အဝါမှတဆင့် စစ်ဆေးကြည့်လိုက်၏။ တကယ်ကိုပင်၊ ထိုသူတိုင်းက အမြင့်တန်းအဆင့် သို့မဟုတ် ထိုထက်မြင့်သည့်အဆင့်များသာဖြစ်နေပြီး အလတ်တန်းအဆင့်ဝိညာဉ်ရင်းမြစ်တောင် တစ်ယောက်မှမပါပါပေ။
ဤသည်မှာ ထိုအလတ်တန်းအဆင့်နှင့်အနိမ့်တန်းအဆင့်တို့၏ဝိညာဉ်ရင်းမြစ်များက ထောက်ပံ့မှတ်မရှိလို့တင်မဟုတ်၊ ထိုအစား သူ့ကျင့်စဉ်များကို လုံးဝနားမလည်နိုင်တာဟု ပြောလျှင်ပိုမှန်မည်သာ။
စုယွမ်လည်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“မင်းရည်ရွယ်ချက်က တကယ်ကောင်းပါတယ်။ ငါရဲ့နားလည်နိုင်စွမ်းက တော်တော်လေးမြင့်တာမိုး ပထမပိုင်းမှာတင် ငါ့လုပ်နိုင်စွမ်းအကုန်နဲ့ အသေးစိတ်ရှင်းပြထားတာပဲ။ ငါလည်း တချို့နေရာတွေကို အသေးစိတ်ရေးဖို့ကျန်ခဲ့ဖြစ်နိုင်တယ်။ မင်းသာ ပိုရိုးရှင်းအောင်ရေးနိုင်လို့ လူများများက အခွင့်အရေးပိုရသွားကြမယ်ဆိုရင် ငါလည်း လုံးဝကို အားပေးပါတယ်။”
ကျုးကောကျန့်လည်း အလွန်ပျော်သွားပြီး ပြောလိုက်သည်။
“ခွင့်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အကြီးအကဲစု။”
စုယွမ်လည်း အစီအရင်အစောင့်အရှောက်ကို ကြည့်ပြီး ပြောလိုက်သည်။
“ရှောင်လင်၊ မင်းလည်း ကြားလိုက်တယ်မလား။ ငါ့ကို စုယွမ်စာရေးမူဆုပေးဖို့ ကူညီပေး။ ဘယ်သူမဆို ကျင့်စဉ်တွေကို မှီငြိမ်းပြီး ရေးသားနိုင်တယ်။ ဒီစာအုပ်တွေအကုန်လုံးကို စာကြည့်တိုက်ထဲမှာပဲ စုထားလိုက်။ အဝါရောင်အနိမ့်တန်းအဆင့်ထိရေးနိုင်းတဲ့သူက ထောက်ပံ့မှတ်၁၀၀၀ချီးမြင့်ပြီး အဝါရောင်အလတ်တန်းအဆင့်ရေးနိုင်တဲ့သူကို ၂၀၀၀ပေးမယ်။ ပေးရတဲ့ထောက်ပံ့မှတ်တိုင်းကို ငါ့ဆီက ဖြတ်လိုက်။”
သူလည်း ခဏရပ်၍ ဆက်ပြောလိုက်သည်။
“မင်းက ဒါတွေကို အကဲဖြတ်ရမယ်။ တချို့တအားထပ်နေတဲ့ဟာတွေရယ်၊ အဆင့်မမှီတဲ့ဟာတွေကိုတော့ အဝင်မခံနဲ့။ မင်းဘာသာ အဆင့်သတ်မှတ်နိုင်တယ်။”
အစီအရင်အစောင့်အရှောက်လည်း ဒါကိုကြားတော့ ချက်ချင်းပြန်ဖြေလာသည်။
“ကျွန်တော်သိပါပြီ၊ အကြီးအကဲစု။ ဆုကိုလည်း သတ်မှတ်ပြီးပါပြီ။ တကယ်လို့ ကျွန်တော် အဆင့်မသတ်မှတ်နိုင်တဲ့စာအုပ်တွေရှိခဲ့ရင် ဒါကို အခြားအကြီးအကဲတွေဆီ အကူအညီတောင်းလို့ရမလား။”
“အမ်း၊ ရတယ်လေ။ မင်းအဆင်ပြေသလိုစီစဉ်လိုက်၊ ဂိုဏ်းချုပ်ကို အဆင်ပြေမဲ့အကြီးအကဲကို ရွှေးခိုင်းလိုက်ပါ။”
“နားလည်ပါပြီ။”
ဤစကားဝိုင်းမှာ လူတိုင်းကို ကြောင်အကာ ကျန်ခဲ့စေလေသည်။
ဤသို့ဖြင့် ထောက်ပံ့မှတ်ရရှိနိုင်မည့်ထူးခြားသောနည်းလမ်းတစ်ခုက ပေါ်လာခဲ့တော့၏။
စုယွမ်စာမူဆုတဲ့လား။
လူတိုင်း အတွေးထဲနစ်မြှုပ်သွားရသည်။
ထို့နောက် စုယွမ်က ကျုးကောကျန့်ကို ချီးကျူးလိုက်ပါ၏။
“မင်းတော်တယ်၊ ဆက်ကြိုးစားထားပါ။”
ကျူးကောကျန်လည်း ထိုသည်ကိုကြားမှ အသိပြန်ဝင်လာပြီး ပျော်ရွှင်စွာပြောလိုက်သည်။
“ကျွန်တော် သေချာရေးလိုက်ပါ့မယ်။”
စုယွမ်လည်း ခေါင်းကိုညိတ်၍ သိပ်အာရုံထဲမထားပါပေ။ မည်သို့ပင်ဖြစ်စေ သူ၏ထောက်ပံ့မှတ်များက ဘယ်လိုမှ ကုန်နိုင်မည်မဟုတ်ဘဲ၊ သူ့ထိပ်သီးကျင့်စဉ်များက ရမည့်ထောက်ပံ့မှတ်ကလည်း နည်းနည်းနောနောမဟုတ်သည်လေ။
ထောက်ပံ့မှတ်များကို သုံး၍ ဝိညာဉ်ကျောက်တုံးများကို လဲယူနိုင်သော်လည်း သူကတော့ ထိုအရာက ကျော်ကြားမှုအမှတ်များလာမည်ကိုသာ ပိုလိုလား၏။
ဆုတစ်ခုကို ဖန်တီးလိုက်ခြင်းဆိုသည်မှာ ကျော်ကြားမှုတစ်ခုတည်ဆောက်လိုက်သည်နှင့်ညီသည်။ ထို့အပြင် ထိုအတွက် သူလည်း ဘာမှအားထုတ်စရာမလိုလှရာ ဤသို့သော ကုန်ကျစရိတ်နည်းကာသက်သာသည့်နည်းလမ်းမျိုးက ထိုက်တန်လှပေသည်။
တပည့်များဆီမှ ထောက်ပံ့မှတ်များကို ယူကာ တပည့်များအတွက်ပင် ပြန်သုံးလိုက်မည်၊ ဤသည်မှာ မဆုံးနိုင်သောစက်ဝန်းပါပင်။
စုယွမ်လည်း ဒုတိယထပ်သို့ တက်လာခဲ့လိုက်၏။
ကျုးကောကျန့်လည်း မတ်မတ်ရပ်ပြီး သက်ပြင်းချလိုက်သည်။
“အကြီးအကဲစုက တကယ်ကို ရက်ရောတာပဲ။”
နန်ကုန်းဟော်ယွီလည်း ထိုသည်ကို ကြားတော့ သဘောတူလာ၏။
“ဒီလိုနည်းနဲ့ဆိုရင် လူအမျးကြီးက သူတို့ရဲ့အမြင်တစ်ခုချင်းစီကို ချရေးလာလိမ့်မယ်၊ နောက်မျိုးဆက်အတွက် အကြံအမျိုးမျိုးရတာပေါ့။ ဒီလိုမျိုးကလည်း အလင်းပွင့်ဖို့အတွက် နည်းလမ်းကောင်းတစ်ခုပဲ၊ ကျင့်စဉ်တွေကို စုစည်းရင်းနဲ့ ပိုပြီးနားလည်နိုင်လောက်တယ်။”
သူမ ခဏရပ်ပြီး တကယ်သိချင်စိတ်ဖြင့် မေးလိုက်သည်။
“နင် ဘယ်နှအုပ်လောက်ရေးဖို့စီစဉ်ထားတာလဲ။”
ကျုးကောကျန့်ကလည်း ပြန်ဖြေလာသည်။
“ငါတွေးကြည့်ပြီးပြီ။ အပိုင်းသုံးကိုအခြေခံပြီးတော့ အဝါရောင်ထိပ်တန်းအဆင့်သုံးအုပ်၊ အဝါရောင်အမြင့်တန်းအဆင့်ဆယ့်နှစ်အုပ်လောက်၊ အဝါရောင်အလတ်တန်းအဆင့်ရာချီ၊ အဝါရောင်အနိမ့်တန်းအဆင့် ထောင်ချီလောက်ရေးနိုင်မယ်ထင်တယ်။”
နန်ကုန်းဟော်ယွီမှာ မျက်လုံးများ ပြူးကျယ်သွားရသည်။
“အဲ့ဒီလောက်တောင်လား။”
သူမမှာ စိုးရိမ်တောင်သွားရသည်။
“နင် အကြီးအကဲစုကို ထွက်ပြေးရအောင် လုပ်နေတာလား။”
ကျူးကောကျန့် လက်ဝေ့ပြလိုက်၏။
“မဟုတ်တာ။ အဓိက အခုထိ ဘယ်သူကမှစမရေးသေးတဲ့အတွက် လိုအပ်နေတာတွေလည်းများတယ်လေ။ ငါကလေ သုံးပိုင်းလောက်ကိုပဲ အခြေခံမှာ၊ ထိပ်သီးကျင့်စဉ်အကုန်လုံးကိုသာ ခွဲရေးရရင် ပိုတောင်များဦးမယ်။”
နန်ကုန်းဟော်ယွီမှာ ဒါကိုကြားတော့ သူမလည်း ဘယ်လောက်ထိချဲ့ရေးနိုင်လောက်လဲဆိုတာကို တွေးနေမိသည်။ သူမသာ အနိမ့်တန်းအဆင့်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်များကိုပါ နားလည်စေလိုပါက တတ်နိုင်သမျှကို အသေးစိတ်ကျကျရေးရမည်ပင်။ ထို့အပြင် အကြီးအကဲစုထိပ်သီးကျင့်စဉ်များထဲက စာတစ်ကြောင်းနှစ်ကြောင်းကတောင် စာမျက်နှာများစွာ ရှင်းပြဖို့လိုရာ အုပ်ရေထောင်ချီရေးမိသွားရန်ဆိုသည်မှာလည်း သာမာန်ကိစ္စရပ်တစ်ခုဟုပြော၍ရပေ၏။
“ဟေ့၊ အဲ့ဒီလိုဆိုရင် ငါတို့ ဂိုဏ်းပြင်ထွက်စရာမလိုဘဲ ထောက်ပံ့မှတ်တွေစုလို့ရပြီလို့ဆိုလိုတာလား။ ငါလည်း မြန်မြန်နားလည်အောင်လုပ်ပြီး အုပ်ရေနည်းနည်းလောက်ရေးမှ၊ အခုလူနည်းနည်းလောက်ပဲ သိချိန်ဆိုရင် ပိုပြီးအဆင်ပြေလောက်မယ်။”
“ဟားဟား။ မင်းကလား။ မင်းက အခုဖြင့် ပထမပိုင်းတောင် နားမလည်သေးဘဲ စာအုပ်တောင်ပြန်ရေးချင်နေပြီလား။”
“မင်း ဘာသိလို့လဲ။ ငါက ခုနစ်စဥ်ကြယ်ခန္ဓာသန့်စင်ကျင့်စဥ်ဆယ်ပုံတစ်ပုံကိုတောင် နားလည်သွားပြီးပြီ။ ဒါကို အခြေခံပြီး စာအုပ်ဆယ်အုပ်လောက် အေးဆေးရေးလို့ရတယ်။”
“ဟုတ်သား။”
“လုပ်ကြမယ်၊ ငါတို့အတူတူ စာအုပ်ရေးရင်ရော။”
“တူတူရေးတာလား။ အဲ့ဒါလည်း အဆင်ပြေသားပဲ။”
စုယွမ်ကတော့ အောက်ထပ်ရှိဆွေးနွေးသံများကို အာရုံမထားပါပေ။
သူ ဒုတိယထပ်ကို ရောက်ပြီးချိန်တွင် ရွှေအမြုတေအဆင့်အကြီးအကဲအများအပြားနှင့် စိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်အချို့တောင် သူ့ထိပ်သီးကျင့်စဉ်များကို ကျင့်ကြံနေတာကို မြင်လိုက်ရသည်။
ထိုအကြီးအကဲများ သူ့ကို မြင်သောအခါ ဦးညွတ်လာကြသည်။
စုယွမ်၏ဆက်ခံသူအရှင်ဟူသောဂုဏ်ပုဒ်မှာ လျှို့ဝှက်ချက်မဟုတ်တော့ရာ ဂိုဏ်းတွင်းရှိသူ့ဂုဏ်သတင်းမှာ လေဟာနယ်အဆင့်အကြီးအကဲနှင့် တစ်တန်းထဲဖြစ်နေလေ၏။