← Chapters

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း ၁၇၁

Vol. 18 Ch. 171

Chapter 171

အမအကြီးအကဲနန်ကုန်းကလည်း အပြုံးတစ်ပွင့်ဖြင့် ရောက်လာ၏။ သူ၏ခန္ဓာကိုယ်ကလည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်အရှိန်အဝါများ ထုတ်လွှင့်နေလေသည်။

ထို့အပြင် ထိုအရှိန်အဝါက သာမာန်အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ထက် များစွာပိုအားကောင်းနေ၏။

ဤသည်မှာ အမတအကြီးအကဲနန်ကုန်း၏ပြန်လည်ကျင့်ကြံထားသောကိုယ်ထည်ဖြစ်ရချေမည်ဖြစ်ပြီး ၎င်းကတောင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရောက်နေလေပြီ။

စုယွမ် အမတအကြီးအကဲနန်ကုန်းကို ကြည့်၍ အံ့ဩတကြိး မေးလိုက်သည်။

“အကြီးအကဲ ရွှေကြယ်အဆင့်တောင်ရောက်နေပြီလား။”

အမတအကြီးအကဲနန်ကုန်းကလည်း ပြုံးပြလာသည်။

“ဟုတ်တယ်။ ဒီနှစ်တွေထဲ ငါ ခုနစ်စဉ်ကြယ်ထိပ်သီးကျင့်စဉ်တွေကို လေ့လာရင်း ကိုယ်ပိုင်တာအိုအမြင်တွေနဲ့ပါ ပေါင်းစပ်ကျင့်ကြံထားတာ။ ငါ့မှာ ရှိပြီးသား အခြေခံနဲ့ဆိုရင် ကျင့်ကြံဆင့်က မြန်မြန်မြှင့်လို့ရတယ်လေ။ အခုဆိုရင် ငါက အပိုင်း၁၇အထိ လေ့လာပြီးပြီး အပိုင်း၁၈ကိုတောင်လေ့လာတော့မှာ။ ဒါက...”

သူ ခဏမျှတုံ့ဆိုင်းသွားပြီး မေးလာသည်။

“ငါ အပိုင်းကိုးကို သေချာမကျင့်ကြံနိုင်သေးဘူး၊ ငါ ကိုယ်ထဲက သဘာဝတားမြစ်အခင်းအကျင်းကို အရှိန်မြင့်လို့မရဖြစ်နေလို့၊ ရိုးရှင်းအောင်လုပ်ထားတဲ့တစ်ခုကိုပဲ သုံးနေရတာ။ အခုငါက ရွှေကြယ်အဆင့်ကို ရောက်လာပြီဖြစ်တဲ့အချိန် ဒီလိုပြဿနာကိုပဲ ကြုံနေရပြန်တယ်။ ထိပ်သီးကျင့်စဉ်ထဲပြောထားတာ ကြယ်ကိုးလုံးကို စီစဉ်ရမယ်တဲ့၊ ဒါပေမဲ့ ငါက အခုမှ ကြယ်တစ်လုံး၊ ပုလဲနှစ်လုံးနဲ့ ရွှေပဲစေ့လေးလုံးရှိတာဖြစ်နေတယ်။ စုစုပေါင်း ခုနစ်ခုတည်းရယ်၊ ငါဘာလုပ်ကြည့်ပါစေ၊ အရေအတွက်ကို များအောင် လုပ်လို့မရဘူးဖြစ်နေတယ်။”

စုယွမ်လည်း ဒါကိုကြားတော့ ရှုပ်ထွေးသွားပြီး မေးလိုက်ရသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”

“မင်း ငါ့ကို ကူကြည့်ပေးလို့ရမလား။”

အမတအကြီးအကဲနန်ကုန်းကလည်း သူ့ကို အကြံဉာဏ်အတွက်တောင်းဆိုလာသည်။

စုယွမ်လည်း ခေါင်းညိတ်ပြီး နတ်ဘုရားအာရုံဖြင့် အမတအကြီးအကဲနန်ကုန်း၏ခန္ဓာကိုယ်ထဲ ဝင်လိုက်သည်။ အမတအကြီးအကဲနန်ကုန်းကလည်း မခုခံဘဲ ကြည်ကြည်ဖြူဖြူ ကြည့်ခွင့်ပြုလာ၏။

စုယွမ် သူ့၏ဒန်ထျာန်တစ်လျှောက်လုံးကို စစ်ကြည့်လိုက်သည်။

ထို့နောက် စုယွမ် တစ်ခဏလောက် တွေးတောပြီးမှ ပြောလိုက်၏။

“ကျွန်တော်တွေ့ပြီ။ အကြောင်းအရင်းက ခင်ဗျားရဲ့အယူအဆကိုနားလည်တာက မလုံလောက်သေးလို့ဖြစ်နေတာ။နောက်ပြီး ခင်ဗျားက အမြုတေအချင်းချင်းကြားက ရုန်းကန်အားကို မဖိနှိပ်နိုင်သေးဘူး။ ကျွန်တော်လည်း အရင်က ဒီအချက်ကို မတွေးခဲ့မိဘူး။”

“ခင်ဗျား အယူအဆဒုတိယတစ်မျိုးကို လေ့လာကြည့်လို့ရတယ်။ သူတို့သာ အချင်းချင်းလိုက်ဖက်ညီနိုင်သွားရင် အခြေအနေက အများကြီးပိုကောင်းသွားတတ်တယ်။ ခင်ဗျား အယူအဆသုံးမျိုးကို လေ့လာတော့မယ်ဆိုရင်တော့ ဒန်ထျာန်တည်မြဲမှုကို ထိန်းထားနိုင်တာပေါ့။ ဒါပေမဲ့ အများဆုံး ခင်ဗျားမှာ ကြယ်စဉ်ခုနစ်ခုပဲရှိလိမ့်လာလိမ့်မယ်။ တကယ်လို့ ကြယ်ကိုးခုကို လိုချင်ရင် ကြယ်အယူအဆကိုပါနားလည်မှဖြစ်မယ်။”

အမတအကြီးအကဲနန်ကုန်းမှာ ခဏမျှတိတ်ဆိတ်သွားရင်း အနီးအနားရှိ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲတစ်ယောက်နှင့် အကြည့်ချင်းတစ်ချက်ဖလှယ်လိုက်သည်။

ထိုအကြီးအကဲ သူကြားတာမှန်ကြောင်း ပုခုံးတစ်ချက်တွန့် အချက်ပြလာလေသည်။

အမတအကြီးအကဲနန်ကုန်းမေးလိုက်၏။

“အယူအဆတစ်မျိုးပဲရှိနေရင်ရော ဖြေရှင်းလို့ရမဲ့နည်းလမ်းရှိလား။”

“အဲ့ဒီလိုဆိုရင်တော့ ပြဿနာရှိသွားပြီ။ အကြီးအကဲအရင်အဆုံး ရွှေအမြုတေအဆင့်ကို အရင်တက်လိုက်၊ ရွှေအမြုတေအဆင့်ရောက်သွားကာမှ ကျန်တဲ့ကြယ်တွေကို ဖြည်းဖြည်းချင်းဖွဲ့စည်းပေါ့။ ဒါပေမဲ့ အဲ့ဒါက နိယာမသုံးခုကို လေ့လာတာလောက်မကောင်းဘူး။ အဲ့ဒီလိုဆိုရင် နောက်ဆုံးကျ တစ်လမ်းသွားပဲပြန်ဖြစ်သွားမယ်လေ။”

စုယွမ်လည်းသက်ပြင်းချလိုက်ပြီး သူ့တွင် နည်းလမ်းမရှိကြောင်းပြောလိုက်၏။

ထိုအချိန် အနီးရှိ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲတစ်ဦးက ချောင်းဟန့်၍ ဝင်ပြောလာသည်။

“ပုံမှန်ဆိုရင်လည်း ရွှေအမြုတေတစ်ခုပဲ ရှိတာ ပုံမှန်ပါပဲ။”

စုယွမ် သက်ပြင်းချလိုက်သည်။

“အဲ့ဒီလိုဆိုရင် ကျွန်တော် အခုလေးတင် ထပ်တည့်လိုက်တဲ့ အပိုင်းဆယ့်ကိုးကနေ နှစ်ဆယ့်ခုနစ်ထိ ထိပ်သီးကျင့်စဉ်တွေကို ကျင့်ကြံဖို့က တအားခက်သွားလိမ့်မယ်။”

အမတအကြီးအကဲနန်ကုန်းမှာ ရပ်တန့်သွားရပြီးမှ ထိတ်လန့်တကြားရေရွတ်မိတော့သည်။

“မင်းက ရွှေအမြုတေအဆင့်အတွက် ကျင့်စဉ်တွေကို ထပ်ထည့်ပြီးပြီပေါ့။”

စုယွမ် ခေါင်းညိတ်လိုက်သည်။

သူလည်း လက်ကိုဝေ့ယမ်းလိုက်တော့ ထိပ်သီးကျင့်စဉ် ၁၈၉မျိုးမှာ ဒုတိယထပ်ဆီရောက်လာ၏။

ထို့နောက် ထပ်လက်ဝေ့လိုက်ရာ နောက်ထပ် ထိပ်သီးကျင့်စဉ်၉၃၆မျိုးမှာ ဝတ်ရုံလက်ထဲမှထွက်လာပြီး စာကြည့်တိုက်တတိယထပ်သို့ အစီရီပျံသန်းသွားကြသည်။

ထိုမျှ များပြားသောကျင့်စဉ်အရေအတွက်မှာ အကြီးအကဲအုပ်စုကို လုံးလုံးကြောင်အသွားစေလေ၏။

အမတအကြီးနန်ကုန်းမှာ ထိုမြင်ကွင်းကိုကြည့်ရင်း ပျော်ရွှင်သွားလို ကျေချမ်းမှုကိုလည်း ခံစားလိုက်ရပေသည်။

သူ မနေနိုင်ဘဲ မေးလိုက်သည်။

“ငါ အခြေခံအုတ်မြစ်အဆင့်အပိုင်းကိုလေ့လာပြီးတဲ့ချိန် ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အမြင်တွေပါဝေဝါးသွားတာ။ ငါသာ မြန်မြန်အဆင့်တက်ချင်ရင် ဒါက ပြဿနာဖြစ်လာမှာလား။”

သူ စုယွမ်ကိိုကြည့်ရင်း ဘာဆက်လုပ်ရမလဲကို အကြံတောင်းလာ၏။

စုယွမ်လည်း ခဏလောက်တွေးပြီး ပြောလိုက်သည်။

“အကြီးအကဲ တစ်သုတ်ကိုပဲရွေးပြီးကျင့်ကြံလို့ရတယ်။ အပိုင်း၂၇ထိအကုန်လေ့လာစရာမလိုဘူး။ ခင်ဗျားသာ အပိုင်း၁၉အကုန်ပြီးရင် ကျွန်တော် ထပ်ဖြည့်လိုက်တဲ့ထဲကဟာတွေကိုပဲရွေးလေ့ကျင့်ပေါ့။”

အမတအကြီးအကဲနန်ကုန်းမှာ သက်ပြင်းချလာ၏။

“ကြည့်ရတာ လမ်းတစ်လမ်းပဲရှိတာပဲ။”

စုယွမ် သူ့ပုခုံးကိုပုတ်လိုက်သည်။

“အားမလျော့ပါနဲ့။ အပိုင်း၂၇အထိကျင့်ကြံနိုင်ရင်ကို လေဟာနယ်အဆင့်လောက်တော့ သေချာပါပြီ။ အဲ့ဒီတော့ အရမ်းစိတ်လောနေစရာမလိုပါဘူး။”

အမတအကြီးအကဲနန်ကုန်းမှာ ထိုသည်ကိုကြားတော့ ပိုတောင်ခေါင်းကိုက်သွားည်။ ကြည့်ရသည်မှာ ရွေအမြုတေအဆင့်အပိုင်းက သူတွေးထားသည်ထက် ပိုခက်နေသည့်ပုံပေ။

ယခင်က သူ့ရှေ့ရှိလမ်းကြောင်းကမရှင်းလင်းခဲ့ရာ သူ အလွန်စိုးရိမ်ခဲ့ရသည်။

ယခု ရှေ့ရှိလမ်းကြောင်းက ရှင်းလင်းသွားသောအခါတွင်လည်း သူ ထို့နည်းတူ စိုးရိမ်နေမိဆဲပါပင်။

All Chapters