← Chapters

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂

Vol. 18 Ch. 172

Chapter 172: ကျင့်ကြံရေး၏အနှစ်သာရ။ အလိုအလျောက်အဆင့်တက်ခြင်း။

စုယွမ် စာကြည့်တိုက်၏စတုတ္ထထပ်ကို တစ်ယောက်တည်း တက်သွားလိုက်သည်။

သူ သေချာအစီအရင်များဖြင့်သိမ်းဆည်းထားသော စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်ကျင့်စဉ်များကို မြင်လိုက်ရ၏။

စုယွမ်လည်း ကျင့်စဉ်တစ်ခုရှေ့တွင် ရပ်လိုက်တော့ အစီအရင်က အလိုလိုပွင့်ဟသွားသည်။

စုယွမ် ၎င်းကို သာမာန်လျှံကာ လှန်လောရှာဖွေလိုက်သည်။

သူ ကျင့်စဉ်များစွာထဲရှိ စိတ်ဝိညာဉ်ကို တည်ဆောက်ရန်နည်းလမ်းများကို ဖတ်ရှုပြီးနောက် အခြေခံအားဖြင့်တော့ စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်ကို အကြမ်းဖျင်းနားလည်သွား၏။

စိတ်ဝိညာဉ်ဆိုသည်မှာ ရွှေအမြုတေကို လူသားအသွင်ပြောင်းလဲခြင်းဖြစ်ပြီး ထိုအထဲ လူတစ်ယောက်၏ဝိညာဉ်ကို ထည့်သွင်းခြင်းဖြစ်သည်။ ဤသည်က ဝိညာဉ်စွမ်းအင်များကို ဝိညာဉ်ဖွံဖြိုးစေရန် အမြန်လည်ပတ်စေနိုင်ရာ ကောင်းကင်နှင့်မြေကြီး၏နိယာမများကိုလည်း ပိုမိုလွယ်ကူစွာ မြင်ရစေ၏။

ရွှေအမြုတေအဆင့်မရောက်ခင်ကျင့်ကြံခြင်းများမှာ စွမ်းအင်ခန္ဓာကိုယ်ကို ဝိညာဉ်အတွက် တည်ဆောက်ခြင်းသက်သက်ဖြစ်၏။ ထိုသည်မှာ ရုပ်ခန္ဓာကိုယ်မှ ဝိညာဉ်ကိုအားဖြည့်ပေးခြင်းဟူသည့်စည်းမျဉ်းကို အခြေခံထားခြင်းဖြစ်ပြီး ထိုမှတဆင့် ဝိညာဉ်မှစိတ်ဝိညာဉ်အသွင်ကူးပြောင်းနိုင်ကာ ကောင်းကင်နှင့်မြေကြီး၏တုနှိုင်းမဲ့အမှန်တရားများနှင့် ခြေတလှမ်းနီးကပ်လာစေ၏။

ရှေးဦးဝိညာဉ်ကလည်း ဝိညာဉ်စွမ်းအင်များအားဖြည့်မှုကြောင့် အဆင့်တစ်ဆင့်တက်လှမ်းသွားပေမည်။ ထိုမှတဆင့် လုံလောက်စွာအားဖြည့်ခံရပြီး ရှေးဦးဝိညာဉ်၏ကိုယ်ထည်ပေါ်လာရလေမည်။

ဝိညာဉ်မှာ အဆင့်မြင့်မြင့်သို့ကူးပြောင်းသွားနိုင်ရာ လောကကြီးရှိအမှန်တရားများကို ပိုသိမြင်လာစေပြီး ဥပဒေသများကို ဖမ်းဆုပ်နိုင်ရန် ပိုလွယ်ကူလာလိမ့်မည်သာ။

ထို့ကြောင့် ရှေးဦးဝိညာဉ်တစ်ခုကျင့်ကြံရခြင်းရည်ရွယ်ချက်မှာ ဥပဒေသများကို နားလည်ရန်အတွက်ဟု ရိုးရိုးရှင်းရှင်းဆိုနိုင်ပါ၏။

ထိုအဆင့်ပြီးနောက်တွင် လူတစ်ယောက် ဥပဒေသများကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်ချေပြီ။ ထိုသို့သိမြင်မှုမှတဆင့် လောကကြီး၏အကာအကွယ်ကိုရရှိနိုင်ပြီး ရှေးဦးဝိညာဉ်ကလည်း အဆင့်တက်လာနိုင်၏။ ထိုမှတဆင့် အဆင့်တစ်ခုရောက်သည်နှင့် ကောင်းကင်ဘုံအတိဒုက္ခကို ရင်ဆိုင်ရချေလေမည်။

အနှီကောင်းကင်ဘုံအတိဒုက္ခများက ရှေးဦးဝိညာဉ်နှင့်ရုပ်ခန္ဓာကိုယ်ကို ဥပဒေသများနှင့် ပိုလိုက်လျောညီထွေရှိအောင် လုပ်နိုင်ပြီး ခွန်အားကို ပိုတိုးပွားစေ၏။

နောက်တစ်ဆင့်မှာကား မဟာယနအဆင့်ဖြစ်သည်။

စုယွမ်လည်း အသိပြန်ဝင်လာပြီး အတွေးထဲပြန်နှစ်မြုပ်သွား၏။

သူ သူ၏ရုပ်ခန္ဓာကိုယ်ကိုကြည့်လိုက်ရာ အထဲတွင်ကြယ်စွမ်းအင်ဥဒေသက မှိန်ဖျော့စွာလင်းလက်နေပေသည်။

သူ၏အနှစ်၁၀၀၀၀၀ကျော်သက်တမ်းကြောင့် ရုပ်ခန္ဓာကိုယ်က နတ်သားရဲတစ်မျိုး၏အဆင့်ထိရောက်ရှိနေပြီဖြစ်သည်။ ထို့အတွက် သူ၏ရုပ်ခန္ဓာကိုယ်ကလည်း အလိုအလျောက်ကို ရှေးဦးဝိညာဉ်တစ်ခုနှင့်ပေါင်းစရာမလိုဘဲ ဥဒေသကို နားလည်သွားရခြင်းဖြစ်၏။ ထိုသို့ဆိုလျှင် သူက ရှေးဦးဝိညာဉ်ကိုတောင် လေ့ကျင့်ရန်လိုပါသေးသလော။

အဖြေမှာကား သေချာပေါက်ကို လိုအပ်သည်ဆိုသောအဖြေသာဖြစ်လိမ့်မည်။ အကြောင်းမှာ ရှေးဦးဝိညာဉ်ဆိုသည်မှာ လူတစ်ယောက်၏ဥပဒေသများအပေါ်နားလည်နိုင်စွမ်းကို မြင့်တင်ပေးနိုင်သောကြောင့်ပင်၊ သို့သော် သူ ရွှေအမြုတေကိုခွဲ၍ စိတ်ဝိညာဉ်တစ်ခုတည်ဆောက်တာကိုတော့ မလိုအပ်ဟုထင်မိ၏။

ထိုအစား ဝိညာဉ်စွမ်းအင်များကိုသာ အသုံးပြုကာ ဝိညာဉ်ကို စိတ်ဝိညာဉ်အဖြစ် တိုက်ရိုက်အသွင်းပြောင်းအားမဖြည့်လိုက်ပါသနည်း။

ရွှေအမြုတေကို ထိန်းထားနိုင်လျှင် အကောင်းဆုံးမဟုတ်ပေလော။

အခြားသူများ ရွှေအမြုတေကို ဖျက်စီးရသည်မှာ စိတ်ဝိညာဉ်ကို တည်ဆောက်ရန်အတွက် သူတို့၏ဝိညာဉ်စွမ်းအင်များ အလုံအလောက်မရှိသောကြောင့်ဖြစ်သည်။ ထို့သို့ ရွှေအမြုတေကိုဖျက်စီး၍ရလာသောစွမ်းအင်ဖြင့်သာ စိတ်ဝိညာဉ်၏အုတ်မြစ်ကို ထောက်ပံပေးနိုင်ပြီး အမြုတေအထဲရှိ အယူအဆများ၏စွမ်းအင်ကိုပါသုံး၍ စွမ်းအင်ကိုအခြေခံသောအသက်ပုံစံကို ပုံဖော်ခြင်းဖြစ်၏။

အဓိကအချက်တစ်ခုမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်အတွင်း တည်ဆောက်ခဲ့သော တာအိုအုတ်မြစ်ကလည်း ဤစိတ်ဝိညာဉ်အဆင့်အတွက် ပြင်ဆင်ပေးခြင်းဖြစ်ပေသည်။ တာအိုအုတ်မြစ်ဟာ ရွှေအမြုတေထဲတွင် အားဖြည့်ခြင်းခံရပြီး ကောင်းကင်နှင့်မြေကြီး၏အယူအဆများပါဝင်သောရတနာနှင့် ပေါင်းစပ်ပြီးမှသာလျှင် စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို အစချီခြင်းဖြစ်သည်။

ထို့ကြောင့် ကျင့်ကြံရေးအဆင့်များမှာ တစ်ခုချင်းစီချိတ်ဆက်နေခြင်းပါပေ။

သို့သော်လည်း စုယွမ်တွင် စွမ်းအင်အလုံလောက်ရှိသလို ပြန်လည်ဖြည့်တင်းနိုင်စွမ်းကလည်း အလွန်လျင်မြန်ပေရာ ရွှေအမြုတေကို ဖျက်စီးရန်မလိုပါပေ။ သူက နိယာမစွမ်းအင်ကိုတောင်ထုပ်ယူသုံးစွဲပြီး စိတ်ဝိညာဉ်ကိုတောင် ဖွဲ့စည်းနိုင်ပါသေး၏။

ထို့အပြင် အယူအဆများပါဝင်နေသော တာအိုအုတ်မြစ်အတွက်မူ စုယွမ်က အစကတည်းက ထိုအုတ်မြစ်ကို ရွှေအမြုတေထဲထည့်မပေါင်းခဲ့၊ ထို့အတွက် သူ၏ရွှေအမြုတေဟာ နိယာမအယူအဆများနှင့် မဆိုင်တော့လေဘဲသည့်အတွက် ရွှေအမြုတေကို ခွဲကြေရန် လုံးလုံးမလိုမအပ်ပါလေ။

“ငါ့လိုမျိုး အမြုတေကခုနစ်ခုလောက်ရှိပြိး နိယာမတွေကိုလည်း လုံလုံလောက်လောက်သာ နားလည်တဲ့သူရှိရင် သူတို့လည်း ရွှေအမြုတေကိုဖျက်စီးစရာလိုမှာမဟုတ်ဘူးပဲ။ ဒီအတိုင်းတန်းပြီး စိတ်ဝိညာဉ်ကို ဖွဲ့စည်းလိုက်လို့ရတာပဲကို။ စွမ်းအင်မလုံလောက်လို့ မဖြစ်မနေဖျက်စီးရမယ်ဆိုရင်တောင် တစ်ခုနှစ်ခုလောက်ကို ခွဲလိုက်ရင် ရပြီလေ။”

ရုတ်တရက် စုယွမ် ပြဿနာတစ်ခုကို မြင်သွား၏။

“နေပါဦး၊ အခြားသူတွေက ရွှေအမြုတေကိုဖွဲ့စည်းတဲ့အခါ တာအိုအုတ်မြစ်ကို အခြေခံအဖြစ်အသုံးပြုရတယ်၊ မဟုတ်ရင် သူတို့ကို တစ်ခုတည်းပေါင်းဖို့ကခက်သွားလို့လေ။ ဒါပေမဲ့ ငါကကျ ရွှေမှုန်အဆင့်ကနေစပြီးဖွဲ့စည်းလာပြီးမှ ရွှေအမြုတေအဆင့်ရောက်တာဆိုတော့ တာအိုအုတ်မြစ်ကို သုံးကိုမသုံးလိုက်ရဘူးလေ၊ အဲ့ဒါကြောင့်မလို့ ငါ့ရဲ့တာအိုအုတ်မြစ်က တသီးတည်းလွတ်လပ်နေတာ။”

စုယွမ်လည်း ထိုမှနားလည်သွားရသည်။ သူက ရွှေအမြုတေတစ်ခုမက များစွာကို ဖွဲ့စည်းနိုင်နေရပြီး သာမာန်လမ်းကြောင်းက လူများကတော့ တစ်ခုသာဖွဲ့စည်းနိုင်တာအံ့ဩစရာမရှိတော့ပါချေ။ ဤသို့သော ရွှေမှုန်အဆင့်မှ တဖြည်းဖြည်း ရွှေအမြုတေအဆင့်သွားသောလမ်းစဉ်က ရွှေအမြုတေဖွဲ့စည်းရခြင်း၏ခက်ခဲမှုကို လျော့ချပေးရုံသာမက တာအိုအုတ်မြစ်ကိုပါ ကယ်တင်ပေးနိုင်သည်ပင်။

စုယွမ်လည်း တွေးတောနေရင်း သူ့အသိစိတ်ပင်လယ်အတွင်းရှိ တာအိုအုတ်မြစ်ထံ မသိလိုက်ဘာသာ ကြည့်မိသွားသည်။

ဝိညာဉ်ရင်းမြစ်မှ ပြောင်းလဲသွားသောတာအိုအုတ်မြစ်မျာ ယခုဆိုရင် အလိုလျောက် ဝိညာဉ်ထဲစိမ့်ဝင်ကာ စွမ်းအင်ကုန်ခမ်းနေသောခံစားချက်တစ်ရပ်ပေးစွမ်းလာ၏။

စုယွမ်လည်း ချက်ချင်း ရွှေအမြုတေကိုးခုကို အသက်သွင်း၍ ဝိညာဉ်နှင့်တာအိုအုတ်မြစ်ပေါင်းစည်းရေးအတွက် စွမ်းအင်ကို အပြည့်အဝထောက်ပံ့ပေးလိုက်သည်။

အနည်အနှစ်စွမ်းအင်များ၊ တာအိုအုတ်မြစ်နှင့် ဝိညာဉ်တို့က တဖြည်းဖြည်းစိမ့်ဝင်ပေါင်းစပ်သွားကြရင်း စုယွမ်၏ဝိညာဉ်မှ လွှမ်းမိုးမှုကြောင့် ၎င်းတို့ လူသားသဏ္ဍာန်ဖြစ်ပေါ်လာရ၏။

စုယွမ်တွင် စွမ်းအင်အလုံအလောက်ရှိသလို ပြန်လည်ပြည့်တင်းနိုင်နှုန်းလည်း အလွန်လျင်မြန်ပေရာ ဤဖြစ်စဉ်အတွင်း စွမ်းအင်ကုန်ခမ်းသွားမှာကို စိုးရိမ်စရာမလိုပါချေ။

သို့သော် ပြင်ပကမ္ဘာရှိချီစွမ်းအင်ကတော ကုန်ခမ်းသွားနိုင်သည်ပေ။

စုယွမ်လည်း ခြေလှမ်လိုက်၍ ချက်ချင်း အဆင့်ခြောက်ရှိရတနာဖြစ်သောလွင့်မြောအလင်းဘူးသီးခြောက်ထဲဝင်လိုက်သည်။ ယွမ်ရေကန်တားမြစ်အခင်းအကျင်းက သူ့ခန္ဓာကိုယ်ထက်တွင် နေရာယူသွားရင်း သန့်စင်သောဝိညာဉ်စွမ်းအင်များကလည်း စုယွမ်ကိုယ်ထဲ တိုးဝင်လာကြ၏။

အလုပ်နှင့်နားနေဖလှယ်မှုကိုလည်း အသက်သွင်းလိုက်သည်။ သို့သော် အနားယူချိန်ကမလုံလောက်သေးရာ ကျင့်ကြံနိုင်ချိန်ကလည်း နည်းပါးလွန်းလှ၏။ စုယွမ်လည်း ဤအချိန်တိုလေးအတွင်းတွင်ပင် စိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်ကိုတက်လှမ်းနိုင်မည့်အဓိကအချက်များကို စစ်ဆေးလိုက်သည်။

ထို့နောက်တွင် ကျင့်ကြံချိန်မှာ အလွန်လျင်မြန်စွာကုန်ဆုံးသွားရာ သူလည်း လက်ရှိစွမ်းအင်ပေါ်တွင်သာ မှီခိုရင်း အဆင့်တက်ရန်ကြိုးစားတော့၏။

အင်မတန်များလှစွာသောစွမ်းအင်တို့က သူ့အသိစိတ်ပင်လယ်ထဲ တိုးဝင်လာကြသည်။

စုယွမ်၏ဝိညာဉ်ကလည်း တဖြည်းဖြည်းဖြင့် စိတ်ဝိညာဉ်အသွင်ကူးပြောင်းနေလေပြီ။

ယခုအဆင့်တက်ခြင်းမှာ စုယွမ်တွေးထားသည်ထက်တောင် ကျော်လွန်နေသည်ဟုပြော၍ရ၏။ မည်သို့ပင်ဆိုစေ၊ သူ၏အရှိန်ကလျင်မြန်လွန်းနေပြီး သူက အဆင့်တက်ရန်အတွက် စိတ်ဝိညာဉ်ဖွံဖြိုးခြင်းကျင့်စဉ်များကို တစ်ချက်ကြည့်ရန်သာလိုပြီး ချက်ချင်း အဓိကအယူအဆများကို ဖမ်းဆုပ်မိသွားခဲ့သည်ပေ။

နောက်ဆုံးတွင် တစ်နာရီမျှသာ အချိန်ကုန်ပြီးနောက် သူ့စိတ်ဝိညာဉ်ကလည်း လုံးဝပုံပေါ်လာတော့လေသည်။

ထို့နောက် ဝေဝါးဝါးဖြင့် သူ လောကကြီးထံမှ သတိပေးမှုရေးရေးလေးရလိုက်သလို ခံစားလိုက်ရ၏။

ဤသည်မှာ ကောင်းကင်ဘုံအတိဒုက္ခ၏အသိပေးခြင်းပါပေ။

All Chapters