← Chapters

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း ၁၇၃

Vol. 18 Ch. 173

Chapter 173

စုယွမ်ကတော့ ကောင်းကင်ဘုံအတိဒုက္ခပေါ်လာရခြင်းအကြောင်းအရင်းကိုတောင် ခန့်မှန်းလိုက်ပြီးလေပြီ။ သေချာပေါက်ဖြစ်တန်သည်မှာ ပုံမှန်အသွေးအသားဘဝပုံစံဟာ စွမ်းအင်များကိုအခြေခံသည့်ဘဝပုံစံပြောင်းသွားတော့မည်ဖြစ်သောကြောင့် ကောင်းကင်ဘုံ၏စည်းမျဉ်းများကို ချိုးဖောက်မိသလိုဖြစ်သွားသည့်အတွက် ကောင်းကင်ဘုံအတိဒုက္ခကလည်း ကျရောက်လာခြင်းဖြစ်လိမ့်မည်။

ထို့အတွက် နောက်တစ်ချိန် ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်နှင့် လေဟာနယ်အဆင့်များရောက်လျှင်တော့ သူ ကောင်းကင်ဘုံအတိဒုက္ခကို ခံစားရမည်မဟုတ်ပါပေ။

သို့သော် အတိဒုက္ခအဆင့်တွင်တော့ ကောင်းကင်ဘုံအတိဒုက္ခကို ထပ်ဖြတ်သန်းရန်လို၏။ ၎င်းအဆင့်ကလည်း ပုံမှန်ဘဝပုံစံမှ ဥပဒေသပုံစံသို့ ပြောင်းလဲရခြင်းဖြစ်ရာ ကောင်းကင်ဘုံ၏စည်းမျဉ်းကို ထပ်မံချိုးဖောက်လိုက်သလို ဖြစ်လေသည့်အတွက်ပင်။

သားရဲတို့လူသားအသွင်ပြောင်းလျှင်လည်း ထိုပုံစံအတိုင်းဟုပင် အကြမ်းဖျင်းဆို၍ရသည်။ ၎င်းကလည်း ဘဝပုံစံတစ်ခု၊ တိရစ္ဆာန်ခန္ဓာကိုယ်မှ တာအိုခန္ဓာကိုယ်ပြောင်းရသည်ဖြစ်ရာ ကောင်းကင်ဘုံအတိဒုက္ခကို ခံစားရပေလေသည်။

ထိုအချိန်လေးတွင်ပင် စုယွမ်၏လောကကြီးအပေါ်နားလည်မှုမှာ ပို၍မြင့်မားသောအဆင့်ထိရောက်ရှိသွားရလေပြီ။

ကမ္ဘာလောကကြီး၏အမြင်မှတဆင့် ကျင့်ကြံရေးကို သိမြင်လိုက်ရသည့်အတွက် ထိုသို့အတိဒုက္ခများက ကောင်းကင်ဘုံက လူသားမျိုးနွယ်အပေါ် ဝန်တိုခြင်း သို့မဟုတ် တိုးတက်ရန် မလိုလားလေခြင်းကြောင့်မဟုတ်ဘဲ သဘာဝတရား၏ကွင်းဆက်ကို ချိုးဖြတ်မိသောကြောင့်သာ ဖြစ်ကြောင်းနားလည်လာရသည်။

သူဟာ ကောင်းကင်ဘုံအတိဒုက္ခကို ကာကွယ်ရန်နှင့် ၎င်း၏ကျရောက်မှုကို နှောင့်နှေးစေရန်နည်းကိုပါ စဉ်းစားနိုင်လာသေး၏။

သို့သော်လည်း သွေးသားပုံစံမှ စွမ်းအင်ပုံစံကို ပြောင်းလဲခြင်းမှာ စည်းမျဉ်းများကို လွန်စွာမထိပါးမိသေးသည်ဖြစ်ရာ အတိဒုက္ခကလည်း အရမ်းကြီးမည်မဟုတ်ပါပေ။

ထို့ကြောင့် စုယွမ်လည်း ယခု ကောင်းကင်ဘုံအတိဒုက္ခကို ရှောင်လွဲရန်လည်း မတွေးတော့ပါပေ။

ထိုအစား သူ လွှင့်မြောအလင်းဘူးသီးခြောက်မှထွက်၍ တောင်ထိပ်ထံပြန်သွားလိုက်သည်။

သူ အာရုံခံကြည့်လိုက်တော့ ကောင်းကင်ယံတွင် အတိဒုက္ခတိမ်များတောင် စုဝေးလာရချေပြီ။

စုယွမ် ကောင်းကင်ကို မော့ကြည့်လိုက်ရင်း တာအိုပညာနှင့်သဘာဝစွမ်းအင်ကိုပါ ဖွင့်ထားရာာ ကောင်းကင်ဘုံအတိဒုက္ခ၏ပုံစံမှာ သူ့မျက်ဝန်းထဲ ဖြစ်ပေါ်လာလေသည်။

ဤသည်မှာ ကောင်းကင်ဘုံမှ စည်းမျဉ်းများကို ချိုးဖောက်သူများကို စမ်းသပ်ခြင်းဖြစ်ပေသည်။ သူကတော့ ဤသည်မှာ ကောင်းကင်ဘုံတာအိုနှင့်သက်ဆိုင်ခြင်းမရှိဘဲ ဥပဒေသများ၏သာမာန်လည်ပတ်ပုံတစ်ခုဟုသာ ယူဆပေ၏။ ၎င်းက ဥပဒေသများ၏သဘာအလျောက်လည်ပတ်မှုဖြစ်လေသည့်အတွက် ထိုအရာကို နားလည်အောင်လုပ်ပြီး ထိန်းချုပ်နိုင်ရန်အခွင့်အရေးလည်း ဖြစ်နိုင်ချေရှိသည်ပေသာ။

စုယွမ်မှာ ထိုအရာကိုမြင်တော့ ပျော်ရွှင်သွားရပြီး မနေနိုင်ဘဲ နားလည်ရန်ကြိုးစားကြည့်လိုက်သည်။ သို့သော် မကြာမီတွင်ပင် သူ ခါးသက်သက်အပြုံးကိုသာ ပြုံးလိုက်မိပါ၏။ အလုပ်နှင့်နားနေဖလှယ်မှုစွမ်းရည်မပါဘဲနှင့် လေထဲမှရုတ်ချည်းထွက်ပေါ်လာသော ကောင်းကင်ဘုံအတိဒုက္ခ၏ဥပဒေသလည်ပတ်ပုံကို နားလည်နိုင်ရန်ကြိုးစားနေခြင်းမှာကား တကယ်ကို ဟာသသက်သက်ပါပေ။ ဤအရာမှာ အမတတစ်ဦးကတောင် နားလည်နိုင်မည်မဟုတ်ပါချေ။

ဤသို့ဖြင့် သူ့တောင်ထိပ်ပေါ်ရှိ အတိဒုက္ခတိမ်များက ခုနစ်စဉ်ကြယ်ဂိုဏ်း၏အကြီးအကဲများစွာအာရုံကို ဆွဲဆောင်မိသွားလေသည်။

ကုချင်းကျုးမှာ ယခင်သုံးခြယ်အကြွင်းမဲ့တောင်ထိပ်၊ ယခုခုနစ်ကြယ်တောင်ထိပ်၏ခြံဝန်းနံပါတ်ခြောက်ဆီ အမြန်သွားလိုက်မိသည်။ ထို့နောက် သူ ခြံဝန်းထဲရှိစုယွမ်နှင့် အတိဒုက္ခတိမ်များကို ကြည့်ရင်း သူ့ပါးစပ်လည်း တဖြည်းဖြည်းပွင့်ဟသွားရသလို မျက်လုံးများပါ ပြူးကျယ်သွားရ၏။

“ဒါက စိတ်ဝိညာဉ်ကောင်းကင်ဘုံအတိဒုက္ခလား။ စုယွမ်က စိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်ကို ရောက်သွားတာလား။”

စာကြည့်တိုက်အတွင်းရှိ အမတအကြီးအကဲနန်ကုန်း၏နတ်ဘုရားအာရုံကလည်း ထိုအရာကို အာရုံခံမိသည့်အတွက် ကြောင်အသွားရသည်။

သူက စုယွမ်တစ်ယောက် စာကြည့်တိုက်စတုတ္ထထပ်ကို တက်သွားတာကိုသာ မြင်လိုက်ရတာပင်၊ သို့သော် စုယွမ်က ဘယ်လိုလုပ် မျက်စိတစ်မှိတ်အတွင်း စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်ကို ရောက်သွားရပါသနည်း။

မည်မျှပင် ယုတ္တိမရှိသည်ဖြစ်ပါစေ၊ အခြေခံစည်းမျဉ်းလေးများကိုတော့ လိုက်နာသင့်သည်မဟုတ်ပါလား။

ဘယ်လိုလူကများ စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်ကို ရောက်ရန် နှစ်ချီတံခါးပိတ်ကျင့်ကြံရန်မလိုအပ်သည်လဲ။

နာရီပေါင်းမည်မျှတောင် ကြာလိုက်ပါနည်း၊ တစ်နာရီ သို့မဟုတ် နှစ်နာရီနည်း။

အမတအကြီးအကဲနန်ကုန်းနှင့် အခြားအကြီးအကဲများမှာ လက်ထဲရှိစာအုပ်များကို ချလိုက်ပြီး ခြံဝန်းနံပါတ်ခြောက်သို့အပြေးသွားကာ စုယွမ်ကို ကာကွယ်ပေးရင်း သူ အဆင့်တက်တာကိုပါ ကြည့်ရှုရန် အပြေးသွားကြတော့သည်။

ကုချင်းကျူးမှာ အမတအကြီးအကဲနန်ကုန်းကို မေးလိုက်မိသည်။

“အကြီးအကဲနန်ကုန်း၊ စုယွမ်ရဲ့ကောင်းကင်ဘုံအတိဒုက္ခက ဘယ်နှစ်ဆင့်လောက်ရှိမယ်ထင်လဲ။”

အမတအကြီးအကဲနန်ကုန်းကလည်း ပြန်ပြောလသည်။

“စိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်အတိဒုက္ခဆိုတာ ပုံမှန်အားဖြင့်တော့ မပြီးပြည့်စုံသေးတဲ့ကောင်းကင်ဘုံအတိဒုက္ခရဲ့အဆင့်တစ်ပဲ။ ပုံမှန်ဆိုရင် မိုးကြိုးအချက်ရေအနည်းငယ်လောက်နဲ့ပြီးသွားတတ်တယ်၊ ငါ့တုန်းကတော့ အဆင့်တစ်အပြည့်တောင် မခံခဲ့ရဘူး၊ မိုးကြိုးအချက်ရေခြောက်ချက်လောက်လေးပေမဲ့ သေမလိုဖြစ်ခဲ့ရတယ်။”

သူ ခဏရပ်လိုက်ပြီး ဆက်ပြောသည်။

“စုယွမ်ရဲ့ကြောက်မခန်းလိလိအရည်အချင်းနဲ့ဆိုရင် ကောင်းကင်ဘုံအတိဒုက္ခရဲ့ကိုးပုံတစ်ပုံအပြည့်ဖြစ်လိမ့်မယ်၊ အဆင့်နှစ်တောင်ဖြစ်သွားနိုင်တယ်။”

“ကောင်းကင်ဘုံအတိဒုက္ခရဲ့အဆင့်နှစ်လား။ အဲ့ဒါက ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်နဲ့ညီသွားပြီမဟုတ်လား။ မဖြစ်နိုင်တာ။”

ကုချင်းကျုး ပြောမိရသည်။

အခြားဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲဖြစ်သောယန်ပင်းကျီကလည်း ဘေးမှ ဝင်ပြောလာ၏။

“ဖြစ်နိုင်တာပေါ့။ အနည်းဆုံးက အဆင့်နှစ်လောက်ဖြစ်ကိုဖြစ်လိမ့်မယ်။ ဒါပေမဲ့ မပြည့်စုံသေးတဲ့အဆင့်နှစ်ပေါ့။ စုစုပေါင်း မိုးကြိုးဆယ့်နှစ်ချက်လောက်ရှိမယ်ထင်တာပဲ။ ဒါက ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ရဲ့အစောပိုင်းအဆင့်နဲ့ညီတယ်။”

“ဒါကြီးလွန်တာပေါ့။ စုယွမ် အသက်ရှင်နိုင်ပါတော့မလား။”

ကုချင်းကျူး စိတ်ပူသွားရသည်။

“ရှင်နိုင်လောက်မှာပါ။”

အမတအကြီးအကဲနန်ကုန်းလည်း အနည်းငယ်မရေမရာဖြစ်နေရပေသည်။

အခြားသောအကြီးအကဲများမှာလည်း ထိုအတိုင်း၊ ပွဲကြီးပွဲကောင်းမျှော်လင့်နေမိသလို တစ်ချိန်တည်းတွင်လည်း စိုးရိမ်နေမိကြပြန်၏။

ထို့အချိန်တွင် စုယွမ်ကတော့ လက်ပုံစံတစ်ခုလုပ်လိုက်ပြီး ကောင်းကင်ဘုံအတိဒုက္ခ၏အစွမ်းနှင့်အတူ အတိဒုက္ခတစ်ဆင့်ခြင်းဆီကို အောင်မြင်ခြင်းမှရရှိမည့်အကျိုးမြတ်များကို တွက်ကြည့်နေလေသည်။

All Chapters