← Chapters

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း ၁၇၄

Vol. 18 Ch. 174

Chapter 174 အတိဒုက္ခကျရောက်ခြင်း။

သူ၏တွက်ချက်နေခြင်းဆိုသည်မှာလည်း တကယ်တော့ ခုနစ်စဉ်ကြယ်စီမှ အဖြေတောင်းနေခြင်းသာဖြစ်သည်။

ခုနစ်စဉ်ကြယ်ကလည်း သူ့ကို အဖြေတိုက်ရိုက်ပေးမလာပေ၊ ထိုအစား ၎င်းက သူ့အတွေးထဲရှိ ကြယ်စွမ်းအင်ပုံရိပ်များကိုသာ ပြန်ရှာရင်း လိုက်ဖက်ညီမည့်ပုံရိပ်ကို ပြန်ပြလာ၏။

ထိုမှတဆင့် စုယွမ်မှာ တွက်ချက်တွေးတောအစီအစဉ်ချခြင်းတသီတတန်းကြီးလုပ်ပြီးမှ အဖြေမှန် သို့မဟုတ် အဖြေမှန်နီးနီးကို ခန့်မှန်းနိုင်ပေလိမ့်မည်ပေ။

ခုနစ်စဉ်ကြယ်၏ကြယ်အလင်းများဆိုသည်မှာ ဟိုးရှေးယခင်လေးကတည်းက ကမ္ဘာမြေပေါ်ဖြာကျခဲ့ခြင်းဖြစ်ပြီး လောကတွင်ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မှတ်တမ်းတင်ထားပေသည်။ ကြယ်စွမ်းအင်တွင် မရေတွက်နိုင်အောင် မြောက်များစွာသောသတင်းအချက်အလက်တို့ပါမည်ဖြစ်ရာ တစ်ခုခုကိုသိလိုပါက ရှာဖွေလိုသောအဖြစ်အပျက်ကို ရှင်းလင်းစွာပြောရန် လိုအပ်ပေ၏။

သေချာပေါက်ကိုပင် အချက်အလက်ကပို၍မြင့်မားလေလေ၊ သက်ရှိတစ်ဦးက ခုနစ်စဉ်ကြယ်နှင့် ပိုလိုက်လျောညီထွေရှိရန်ပြီး ထို့မှသာ သတင်းအချက်အလက်များများနှင့် တိတိကျကျပိုရနိုင်မည်ဖြစ်သည်။

စုယွမ်တွင်တော့ ခုနစ်စဉ်ကြယ်စွမ်းရည်ရှိနေသည်ဖြစ်ရာ အသိအမှတ်ပြုမှုကလည်း မြင့်မားသည့်အတွက် လိုက်လျော့ညီထွေဖြစ်မှုကလည်း ရှိနေရာ စုယွမ်ဟာ ကောက်ချက်ချမှုမှာ အမှန်တစေမှန်ကန်လေ့ရှိခဲ့၏။

ကောင်းကင်ဘုံအတိဒုက္ခ၏ခေတ်အဆက်ဆက်ပုံစံများ၊ စည်းမျဉ်းများကို ခန့်မှန်းနိုင်ပြီးနောက် စုယွမ်ဟာ ခုနစ်စဉ်ကြယ်ဆီမှ အချက်အလက်ကို အာရုံခံလိုက်သွားပြီး အဖြေတော်တော်များများကိုလည်း မြင်လာရသည်။

ကောင်းကင်ဘုံ၏အတိဒုက္ခဆိုသည်မှာ စိတ်ဝိညာဉ်နှင့်ပေါင်းစပ်မည့်တာအိုအုတ်မြစ်၊ အနည်အနှစ်စွမ်းအင်တို့၏အရည်အသွေး၊ ဝိညာဉ်၏ခွန်းအားနှင့် ကောင်းကင်ဘုံတာအိုစည်းမျဉ်းများ၏နက်ရှိုင်းမှုဝန်းကျယ်ပေါ်တွင်ပါ မူတည်နေသည်ပေ။

သူ မြန်မြန်လေးတွက်ချက်ပြီးနောက်တွင် သူ၏လက်ရှိစိတ်ဝိညာဉ်ခွန်အားအရ သူဟာ မိုးကြိုးဒဏ်ဆယ့်နှစ်ချက်လောက်ကို ခံရလောက်မည်ဖြစ်ကြောင်း မှန်းမိသွားရသည်။

ကောင်းကင်ဘုံမိုးကြိုးများ၏စွမ်းအားမှာ ရှေးဦးဝိညာဉ်၏အစောပိုင်းအဆင့်ထိပါရောက်နိုင်၏။ ရှေးဦးဝိညာဉ်၏အစောပိုင်းအဆင့်ဆိုသည်မှာလည်း ကောင်းကင်ဘုံအတိဒုက္ခကျရောက်ရောက်ချင်း ဖြစ်လာသည့်စွမ်းအားကို ရည်ညွှန်းခြင်းဖြစ်သည်။ ကျင့်ကြံသူတစ်ဦးမှာ ကောင်းကင်ဘုံကမိုးကြိုးချက်များကို အားလျော့နည်းစေ၍ရပေ၏၊ ထိုသို့ ပိတ်ဆို့ကာကာကွယ်လိုက်ပါက ပြင်းအားလည်း အဆရာချီလျော့နည်းသွားရမည်ဖြစ်ပေသည်။

ကောင်းကင်ဘုံမိုးကြိုးချက်များဆိုသည်မှာ တစ်ခါသုံးတိုက်ခိုက်ရေးပစ္စည်းများဖြစ်ပြီး ကျင့်ကြံသူတစ်ဦးလိုမျိုး ဆက်တိုက်စွမ်းအင်များ မပစ်ခွင်းနိုင်ပေရာ ရှေးဦးဝိညာဉ်အစောပိုင်းကာလ၏စွမ်းအင်နှင့်ဆိုလျှင်တောင် ထင်ထားသလောက် မခက်ခဲနိုင်ပါချေ။

ထိုအရာကို ဖြတ်ကျော်နိုင်အပြီးရရှိမည့်အကျိုးကျေးဇူးများကလည်း ရိုးရှင်းလှပါ၏၊ ၎င်းက လူတစ်ဦး၏ကောင်းကင်နှင့်မြေကြီးကြားက ကောင်းကင်ဘုံတာအိုနှင့်စပ်လျဉ်းသည့်နိယာမများအပေါ် အမြင်ကို တိုးတက်စေလာနိုင်မည်ပေ။ ပို၍အင်အားကြီးသောအတိဒုက္ခကို ဖြတ်ကျော်နိုင်ခဲ့လေလေ၊ အနာဂတ်တွင် ကောင်းကင်ဘုံတာအိုကို ပို၍လွယ်ကူစွာ နားလည်နိုင်ရန် အထောက်အပံ့ရရှိမည်ဖြစ်သည်။

စုယွမ်လည်း သူပိုင်ဆိုင်သောဆဠမအဆင့်နှင့်ပဥ္စမအဆင့်ရတနာများကို ကြည့်ရင်းအတွေးနက်သွားရသည်။ ဤဝိညာဉ်ရတနာနှစ်ခုအကာအကွယ်နှင့်အတူ သူ၏ကိုယ်ပိုင်ခွန်အားကိုပါ ထပ်ပေါင်းပါက ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ကောင်းကင်ဘုံအတိဒုက္ခဆိုသည်မှာလည်း ပြဿနာကြီးမဟုတ်ပါပေ။

ထို့ကြောင့် သူ ကောင်းကင်ဘုံအတိဒုက္ခ၏ပြင်းအားကို လျော့ချနိုင်မည့်နည်းလမ်းများကို စတင်စဉ်းစားတော့၏။ ထိုသည်များထဲ တာအိုအုတ်မြစ်၊ အနည်အနှစ်အရည်အသွေးနှင့်ဝိညာဉ်၏ခွန်အားများက တစ်ခဏအတွင်း ချက်ချင်း ပြောင်းလဲလို့ရမည့်အရာများမဟုတ်ပါပေ။ ထိုအစား သူ ပြုပြင်လို့ရသည်မှာ စိတ်ဝိညာဉ်အတွင်းထည့်ပေါင်းမည့် နိယာမများကို ဖြစ်၏။

စုယွမ်လည်း ချက်ချင်ငး သူ၏ကြယ်စွမ်းအင်အယူအဆများကို စိတ်ဝိညာဉ်တာအိုအုတ်မြစ်ထဲထည့်တော့သည်။ အယူအဆ၏စွမ်းအင်က ဝင်ခွင့်အဆင့်ကိုရောက်သွားသည့်အတွက် အတိဒုက္ခတိမ်ကလည်း ပို၍ကျယ်ပြန့်လာပြီး မိုးကြိုးကလည်း ဆယ့်လေးချက်အထိတိုးမြင့်သွားတော့၏။

ကြယ်စွမ်းအင်အယူအဆက အနိမ့်စားအောင်မြင်မှုအဆင့်ကို ရောက်သွားသောအချိန်တွင်တော့ အတိဒုက္ခတိမ်မှာ နှစ်ဆမျှပိုကြီးလာပြီး မိုးကြိုးဆယ့်ငါးချက်ဖြစ်သွားသည်။

ကြယ်စွမ်းအင်အယူအဆကို ပင်မအောင်မြင်မှုအဆင့်အထိ မြင့်လိုက်သောအခါတွင်တော့ ကောင်းကင်ရှိအတိဒုက္ခတိမ်ကြီးမှာ ထပ်မံကြီးမားသွားလျက် မိုးကြိုးဆယ့်ခုနစ်ချက်အဆင့်အထိရောက်ရရှိသွားသည်။

နောက်ဆုံးတွင်တော့ စုယွမ်လည်း သူ့စိတ်ဝိညာဉ်ထဲသို့ ပြီးပြည့်စုံခြင်းအဆင့်ကြယ်အယူအဆကို ထည့်လိုက်တော့သည်။

ထိုအချိန် ကောင်းကင်ဘုံအတိဒုက္ခမှာ အဆင့်နှစ်ကို ရောက်သွားချေပြီ။

အတိဒုက္ခတိမ်များဆိုလျှင် အလိုအလျောက်စတင်၍ လျှပ်စီးများလျက်လာကြလေ၏။

စုယွမ်လည်း သူ့ကိုယ်သူ တည်ငြိမ်စေလိုက်ရင်း မိုးကြိုးများ ကျရောက်လာမည်ကို စောင့်စားနေလိုက်သည်။

ဤသို့သောစုယွမ်၏လုပ်ဆောင်ချက်များက အနီးတွင်ကြည့်နေသေည့် အကြီးအကဲအုပ်စုကို ကြောင်အသွားစေလေ၏။

“နေဦး၊ ပြီးပြည့်စုံတဲ့ကောင်းကင်ဘုံအတိဒုက္ခအဆင့်နှစ်လား။”

အမတအကြီးအကဲနန်ကုန်း၏မျက်နှာမှာ တစ်ဆစ်ချိုးပြောင်းလဲသွားပြီး ချက်ချင်း အကျည်းတန်သွားတော့သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”

ကုချင်းကျူးဆိုလျှင် လုံးဝကို ထိတ်လန့်သွားရလေပြီ။

“ဒါ၊ ဒါက ဝိဉာဉ်အသွင်ကူးပြောင်းခြင်းရဲ့အထွပ်အထိပ်အဆင့်မဟုတ်ဘူးလား။”

ယန်ပင်းကျီလည်း သုန်မှိုင်နေလေသည်။

“ဟုတ်တယ်။ ဂိုဏ်းရဲ့တောင်အကာအကွယ်အစီအရင်ကို အသက်သွင်းလိုက်တော့။ စုယွမ်ကို အချိန်မရွေးကာကွယ်နိုင်ဖို့အသင့်ပြင်ထား။ မှတ်ထားပါ၊ အစီအရင်ကို အစောင့်အရှောက်ဝိညာဉ်ကိုပဲ အလိုအလျောက်ထိန်းချုပ်ခိုင်းပါ၊ ကူညီဖို့ဆိုပြီး ဝင်မနှောင့်ယှက်မိကြစေနဲ့။”

“သိပါပြီ။”

ကုချင်းကျူးလည်း ခေါင်းညိတ်လိုက်သည်။ သူ ကောင်းကင်ဘုံအတိဒုက္ခဆိုသည်မှာ လူဝင်ကူညီလို့မရမှန်းသိပေသည်၊ သို့သော်ငြား အစီအရင်ကိုတော့ သက်ရှိအဖြစ်သတ်မှတ်လို့မရရာ အကန့်အသတ်တစ်ခုအထိ ကူညီ၍ရ၏။ သို့သော်လည်း ကောင်းကင်ဘုံအတိဒုက္ခ၏ခွန်အားကာ အစောင့်အရှောက်ဝိညာဉ်ကို ပြင်းထန်စွာထိခိုက်စေနိုင်ပြီး ဝိညာဉ်ကိုတောင် ချုပ်ငြိမ်းသွားစေနိုင်ရာ သူလည်း ဂိုဏ်းချုပ်အာဏာကို သုံးကာ အစောင့်အရှောက်ဝိညာဉ်ကို ဖိအားပေးရတော့မည်ပေ။

ထို့ကြောင့် သူလည်း ချက်ချင်း တောင်အကာအကွယ်၏အစောင့်အရှောက်ဝိညာဉ်နှင့် ဆက်သွယ်၍ အမိန့်ပေးလိုက်သည်။

“အစောင့်အရှောက်ဝိညာဉ်၊ အကြီးအကဲစုယွမ် ကောင်းကင်ဘုံအတိဒုက္ခကိုမတောင့်ခံနိုင်တော့တဲ့အခါ မင်းကာကွယ်ပေးဖို့ အမိန့်ပေးတယ်။”

“ဂိုဏ်းချုပ်၊ ကျေးဇူးပြုပြီး ဂိုဏ်းချုပ်ကတ်ပြားကို အစီအရင်အမြုတေထဲထည့်ပေးပါ။”

အစောင့်အရှောက်ဝိညာဉ်၏တည်ငြိမ်သောအသံက ထွက်လာ၏။

“မင်းစောင့်နေ...”

ကုချင်းကျူးမှာ အေးစက်စက်နှာမှုတ်လိုက်ပြီး ဂိုဏ်း၏ပင်မခန်းမဆောင်ကိုပြန်ပြေးရတော့သည်။ သို့သော် သူ ဂိုဏ်းချုပ်ကတ်ပြားကို မထည့်ရသေးခင်တွင် ၎င်းက အစီအရင်ကို အသက်သွင်းပြီးဖြစ်ကြောင်းတွေ့လိုက်ရ၏။

“တောင်အကာအကွယ်အစီအရင်က အသက်သွင်းပြီးသားဖြစ်ပြီး အချိန်မရွေးအသင့်ပဲလေ။ ကျွန်တော် ဂိုဏ်းချုပ်ကတ်ပြားကို မလိုတော့ဘူးထင်လို့။”

အစောင့်အရှောက်ဝိညာဉ်၏အသံကထွက်ပေါ်လာ၏။

ကုချင်းကျုး၏မျက်နှာမှာ မည်းမှောင်သွားရသည်။

“ဒါတွေက ဂိုဏ်းချုပ်ကတ်ပြားမပါဘဲ အသက်သွင်းလို့ရတယ်ဆိုရင် ဘာလို့ ကတ်ပြားအမြဲတောင်းနေသေးလဲ။”

အစောင့်အရှောက်အစီအရင်မှာ တိတ်ဆိတ်နေလျက် ကုချင်းကျုးကို ပြန်ဖြေမလာတော့ပါပေ။

ကုချင်းကျူးမှာ ထိုအခါမှ သူဟာ ဤနှစ်များတစ်လျှောက်လုံး အစောင့်အရှောက်ဝိညာဉ်ဆီကလှည့်စားခံနေရတာကို သဘောပေါက်သွားရ၏။ အနှီဝိညာဉ်၏ဉာဏ်ရည်မှာ သူထင်ထားသလို မနိမ့်သလို စာအုပ်ကြီးလည်းဆန်မနေပါချေ။

သူ၏မျက်နှာမှာတော့ အိုးအောက်ခြေလို မဲမှောင်သွားရတော့၏။ သို့သော် သူ ရင်ထဲတွင် စိတ်သက်သာရရသည့်သက်ပြင်းတစ်ခုကြိတ်ချမိသွားသည်။ အစောင့်အရှောက်ဝိညာဉ်၏စကားအရဆိုလျှင် စုယွမ်ဟာ အန္တာရယ်ရှိမလာနိုင်ကြောင်း ဆိုလိုနေသည်လေ?

စုယွမ်ကတော့ ကောင်းကင်ဘုံအတိဒုက္ခအောက်တွင်ပင် ရပ်နေပြီး ဖိအားနည်းနည်းလေးမှမခံစားရပါပေ။

သူ ဘေးပတ်လည်ရှိအကြီးအကဲများ မူမမှန်တော့ပုံကို ကြည့်ပြီး သူ ဘာမှမခံစားရခြင်းက ရှိန်ဝါမြင့်စွမ်းရည်က ကောင်းကင်ဘုံအတိဒုက္ခ၏ဖိအားကို ကာကွယ်ပေးထားလို့ဆိုသည်ကို နားလည်သွားရသည်။

ဤကောင်းကင်ဘုံအတိဒုက္ခမှာ သူ့အတွက် ဖိအားနည်းနည်းလေးတောင် မခံစားရတာအံ့ဩစရာမရှိတော့၊ သူသာ မော့မကြည့်မိလျှင် သူမဟုတ်တဲ့ အခြားသူတစ်ယောက်ယောက် တွေ့ကြုံနေရတာဟုတောင် ထင်မိမှာပေ။

သို့သော်လည်း စုယွမ် ရုတ်ချည်း အကြံတစ်ခုရသွားသည်။

All Chapters