အခန်း ၁၇၅
Vol. 18 Ch. 175
Chapter 175
သူလည်း စနစ်မျက်နှာပြင်ပေါ်ရှိ ရှိန်ဝါမြင့်စွမ်းရည်ကို ကြည့်လိုက်၏၊ တဖန် ကောင်းကင်ဘုံအတိဒုက္ခတိမ်များကို ကြည့်လိုက်ပြန်သည်။ ထို့နောက် သူလည်း တိတ်တဆိတ် စွမ်းရည်ကို အသက်သွင်းကြည့်လိုက်၏။
အံ့လောက်ဖွယ်အရာတစ်ခုဖြစ်ပျက်လာလေသည်။
ဝေဝါးသောကောင်းကင်နတ်ဘုရားအဆင့်အရှိန်အဝါများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာလေ၏။
“ဒီလိုလည်း ရတာပဲလား။”
စုယွမ် သူ့ကိုယ်ပေါ်ရှိအရှိန်အဝါကို ခံစားမိရင်း မျက်လုံးတောင် ပြူးသွားရသည်။ ဤသည်မှာ ကောင်းကင်ဘုံအတိဒုက္ခနှင့်ဆက်စပ်နေသောအရှိန်အဝါဖြင့်လင့်ကစား ယခုတွင်တော့ စွမ်းရည်ကြောင့် သူ၏ကိုယ်ပိုင် အရှိန်အဝါတောင်ဖြစ်သွားရပေ၏။
ထို့အပြင် ယခုအရှိန်အဝါမှာ ကောင်းကင်ရှိ မိုးကြိုးတိမ်တို့၏အရှိန်အဝါများထက် တဆင့်တောင်ပိုမြင့်နေသေးပြီး ကောင်းကင်ဘုံအတိဒုက္ခအဆင့်ကိုးပုံသုံးပုံကိုပါ ရောက်သွားလေသည်။
စုယွမ်ကတော့ ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်ဘုံစွမ်းအင်ကို ဖုန်းကွယ်၍ မလွှင့်ဘဲထားလိုက်၏။ ထို့အတူ သူ့စိတ်ထဲတွင်လည်း မေးခွန်းတစ်ခုရစ်ဝဲလာလေသည်။ မိုးကြိုးချက်များကျရောက်လာချိန်တွင် သူသာ ဒီအရှိန်အဝါကို ထုတ်သုံးလိုက်ပါက ဘာများဖြစ်နိုင်မည်နည်း။
သူ တွေးနေတုန်းမှာပင် ကောင်းကင်ဘုံမိုးကြိုးများ ဖွဲ့စည်းခြင်းပြီးဆုံးသွားခဲ့သည်။
လူတိုင်း၏အကြည့်အောက်တွင်ပင် ပထမဆုံးသော မပြီးပြည့်စုံသေးသည့်ကောင်းကင်ဘုံမိုးကြိုးချက်လေးက ကောင်းကင်မှ ကျဆင်းလာခဲ့၏။
ထိုမိုးကြိုး၏စွမ်းအင်မှာ စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်အစောပိုင်းလောက်လေးသာာရှိရာ မည်သည့်စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်မဆို တောင့်ခံနိုင်လိမ့်မည်ပေ။
စုယွမ်တွင်မူ ခုခံရန်ပင် အတွေးမရှိ။
မိုးကြိုးချက် သူ့အနားရောက်လာသောအခါတွင်မူ အနှီမိုးကြိုးမှာ စုယွမ်၏ရှိန်ဝါမြင့်စွမ်းရည်မှ ရသောကောင်းကင်ဘုံအရှိန်အဝါနှင့် ချိတ်ဆက်သွားလေသည်။
ထိုမိုးကြိုးချက်လေးမှာ နေရာတွင်ပင် တစ်ခဏမျှရပ်တန့်သွားလေ၏။
စုယွမ်လည်း တန့်သွားရသည်၊ ကြည့်ရသည်မှာ သူတော့ ကောင်းကင်ဘုံမိုးကြိုးချက်များကို ထိန်းချုပ်နိုင်မည့်နည်းလမ်းတစ်ခုခုရှာတွေ့သွားသည့်ပုံပေ။
ထို့ကြောင့် သူလည်း စိတ်အာရုံကိုသွင်း၍ မိုးကြိုးချက်လေးကို အနည်းငယ်လမ်းလွဲအောင် ထိန်းချုပ်ကြည့်လိုက်သည်။
ရလဒ်အနေဖြင့်ကတော့ အောင်မြင်သွားပေသည်။
အရှိန်ကို နှေးစေလိုက်တာတောင် လွယ်လွယ်ကူကူအဆင်ပြေသွား၏။
သို့သော် အနှီမိုးကြိုး၏သူ့ကို တိုက်ခိုက်ရမည်ဟူသောရည်ရွယ်ချက်ကိုတော့ ပြောင်းလဲ၍မရပါပေ၊ ကောင်းကင်ဘုံမိုးကြိုးမှာကား မည်သို့ပင်ဖြစ်စေ သူ့ကိုယ်ပေါ်သို့ ဦးတည်လာနေဆဲ။
စုယွမ်လည်း မိုးကြိုးချက်ကို ကိုယ်ပေါ်သို့ကျရောက်စေလိုက်၏။
မိုးကြိုး သူ့ကိုယ်ပေါ်ရောက်သွားသည့်အချိန်လေးအတွင်း စုယွမ်မှာ ထိုမိုးကြိုးချက်ကို အပြည့်အဝထိန်းချုပ်နိုင်စွမ်းရသွားသလို ခံစားလိုက်ရသည်၊ သူက မိုးကြိုးကိုတောင် ခန္ဓာကိုယ်နှင့်လက်လျောညီထွေဖြစ်စေရန် ပြုပြင်လိုက်သေး၏။
စုယွမ်၏ရုပ်ခန္ဓာကိုယ်ကလည်း မိုးကြိုးလက်ခံနိုင်သည်အထိ လုံလုံလောက်လောက်ကောင်းမွန်ပေသည်၊ ထို့ကြောင့် တစ်ခဏလေးအတွင်းမှာပင် မိုးကြိုးချက်က ကိုစုပ်ယူနိုင်သွားပြီး သူ့ကိုယ်၏ခွန်အားကလည်း အနည်းငယ်တိုးတက်လာ၏။ သို့သော် တိုးတက်လာသောပမာဏမှာ အလွန်နည်းပါးလွန်းပေရာ သူတော့ဖြင့် ဘာမှအထူးတလည်တောင် မခံစားရပါပေ။
အပြင်က ကျင့်ကြံသူများကတော့ စုယွမ်တစ်ယောက် မိုးကြိုးပထမချက်ကို လွယ်လင့်တကူလေး ခန္ဓာကိုယ်ဖြင့်ပင် လက်ခံယူပြီး သူ့ကိုယ်ကို ချိန်ညှိရန်ပင် သုံးလိုက်တာကို မြင်လိုက်ရသည်။ သို့သော် တစ်ယောက်ကမှ အံ့ဩထိတ်လန့်သွားဟန်မပြ၊ အကြောင်းမှာကား ထိုသည်မှာ ခုနစ်စဉ်ကြယ်ဆက်ခံသူအရှင်ဖြစ်ပေရာ သူ့ရုပ်ခန္ဓာကိုယ်နှင့် ပထမမိုးကြိုးချက်ကို တောင့်ခံနိုင်သည်ဆိုသည်မှာ ပုံမှန်ဖြစ်သည်ပင်။
ကောင်းကင်ဘုံအတိဒုက္ခက ဆက်လက်ဖြစ်ပွားဆဲ။
မိုးကြိုးချက် ဒုတိယမြောက်နှင့်တတိယမြောက်တို့က တစ်ခုပြီးတစ်ခု ဆက်တိုက်ဝင်ရောက်လာ၏။
စုယွမ်က ၎င်းတို့ကို တောင့်ခံရန် သူ့ရုပ်ခန္ဓာကိုယ်သက်သက်ကိုသာ သုံးလိုက်ဆဲ၊ မည်မျှအားပါဝင်သည့်မိုးကြိုးချက်ဖြစ်ပါစေ၊ ၎င်းတို့က စုယွမ်၏ရုပ်ခန္ဓာကိုယ်ကို ထိလိုက်သည်နှင့် စုယွမ်ဟာ ၎င်းတို့ကို အပြည့်အဝထိန်းချုပ်နိုင်သွား၏။ ကောင်းကင်ဘုံအတိဒုက္ခမှာတော့ ထိအောင်ပစ်ပြီးသည်နှင့် သူ့တာဝန်ပြီးသွားလေသည့်အတိုင်း မိုးကြိုးချက်များဘာဖြစ်ဖြစ် နောက်ဆက်တွဲကိစ္စများကို လုံးဝဂရုမစိုက်ပါပေ။
ဤသည်မှာ တကယ်တော့ သာမာန်ဖြစ်စဉ်ပါပေ၊ ကောင်းကင်ဘုံမိုးကြိုးချက်များက ပစ်မှတ်ကိုထိမှန်အောင် ပစ်ခွင်းပြီးဖြစ်သည်လေ။ အတိဒုက္ခဖြတ်သန်းသူကို မိုးကြိုးပစ်ရန်တောင် မိုးကြိုးတိမ်များအတွက် ခက်ခဲနေပြီးဖြစ်ရာ နောက်ဆက်တွဲကိစ္စများကိုတော့ ဂရုမစိုက်တော့ပါပေ။
သို့သော် ကောင်းကင်ဘုံအတိဒုက္ခမှ ပစ်လွတ်လိုက်သည်နှင့် စုယွမ်၏နတ်ဘုရားအရှိန်အဝါက စုပ်ယူသွားရာ မိုးကြိုးချက်များ၏ပြင်းအားသည်ကား ဘာမှမဟုတ်သလို ခဏချင်းတွင်း လွင့်ပြယ်နေရသည်။
စုယွမ်၏ရုပ်ခန္ဓာကိုယ်မှာ အလွန်သန်မာနေပြီး သူက မိုးကြိုးချက်များကိုတောင် သူ့အသိစိတ်ပင်လယ်ထဲစုပ်ယူသွားကာ စိတ်ဝိညာဉ်ကိုတောင် အားဖြည့်နေသေးသည်လေ။
စိတ်ဝိညာဉ်မှာ မိုးကြိုးချက်များကြောင့် အားဖြည့်ခံနေရရာ တဖြည်းဖြည်း ကြီးထွားလာလျက် စိတ်ဝိညာဉ်တစ်ခုလုံးကတောင် ယန်ဝိညာဉ်အသွင်ကူးပြောင်းမည့်အလားအလာများပြသလာခဲ့သည်။
အမှန်တကယ်ဆိုလျှင် ၎င်းကဲ့သို့ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်၏ရှေးဦးဝိညာဉ်မှသာ ဖြစ်သင့်တာဆိုသော်ငြား စုယွမ်ကတော့ ယခုကတည်းက အဆင့်တက်သွားလေပြီ။
စုယွမ်သည်လည်း ထိုသို့ဖြစ်လာမည်ဟု မထင်ထားပါပေ။
ရှိန်ဝါမြင့်စွမ်းအင်၏အရှိန်အဝါက တကယ်ကိုအစွမ်းထက်လှသည်ပဲ။
စုယွမ်တော့ဖြင့် ဤစွမ်းရည်၏သက်ရောက်မှုအမှန်ကို သိသူမှန်သမျှ တည်ငြိမ်ဟန်တောင် ဆောင်နိုင်မည်မဟုတ်ကြောင်း ပြောရဲပါ၏။
မိုးကြိုးချက်များကလည်း ဆက်လက်ကျရောက်နေဆဲ ကိုးချက်မြောက်ရောက်သည့်အခါတွင် ပြင်းအားမှာ ကြောက်မခမ်းလိလိဖြစ်နေလေပြီ။
သို့သော်ငြား ထိပ်သီးအဆင့်စိတ်ဝိညာဉ်တစ်ခုကိုတောင် အစိတ်စိတ်ကွဲပစ်ရန်လုံလောက်သောပြင်းအားရှိမိုးကြိုးချက်မှာ စုယွမ်၏ခန္ဓာကိုယ်ပေါ်သို့ ရောက်ချိန်တွင်တော့ မည်သည့်အရိပ်အမြွက်မျှပင် မကျန်ဘဲ ပျောက်ကွယ်သွားရပြန်သည်။ မသိလျှင် စုယွမ်၏ခန္ဓာကိုယ်မှာ မိုးကြိုးများကို ဝါးမြိုနိုင်စွမ်းရှိသည့်အတိုင်း ပစ်ပစ်သမျှမိုးကြိုးတိုင်းကို ဝါးမြိုသွားရ၏။
စင်စစ်တွင်မူ စုယွမ်က အနှီမိုးကြိုးချက်ကို အသိစိတ်ပင်လယ်ထဲ ကူးပြောင်း၍ မိုးကြိုးဘောလုံးတစ်လုံးအသွင်ပြောင်းကာ စိတ်ဝိညာဉ်ကို ပြန်လည်သန့်စင်နေတာဖြစ်၏။
သို့သော် စုယွမ်၏စိတ်ဝိညာဉ်သန့်စင်နှုန်းကို မိုးကြိုးဘောလုံးက အမှီမလိုက်နိုင်ဖြစ်နေရာ စုယွမ်မှာ မျက်မှောင်ကြုတ်၍ တွေးတော့ရတော့သည်။ ပြဿနာတစ်ခုရှိနေပြီပင်၊ ကောင်းကင်ဘုံအတိဒုက္ခပြီးသွားသည့်အချိန်တွင် သူ၏ရှိန်ဝါမြင့်စွမ်းရည်ကပါ ရပ်သွားမည်မဟုတ်ပေလား။
ထိုအချိန်တွင် ကောင်းကင်ဘုံမိုးကြိုးမှာ ထပ်မံပစ်ခွင်းရန် စုစည်းလာရချေပြီ။
စုယွမ်လည်း တွေးရင် အသိဝင်လာပြီး ဝေဟင်ကမ္ဘာပန်းကန်လုံးကို ထုတ်လိုက်သည်။
“လောင်ချမ်၊ မြန်မြန်လေး ဒီမိုးကြိုးချက်ကို စုပ်ပြီး သန့်စင်ပေးစမ်းပါ။”
စုယွမ် ချက်ချင်း ပြောလိုက်သည်။
“ဘာ။ မိုးကြိုးတဲ့လား။ အဲ့ဒါကြီးကို သန့်စင်ချင်တာလား။”
လောင်ချမ်မှာ လုံးဝကြောင်အနေရင်းပြောလိုက်သည်။
“မင်း ကျွန်တော့်ကို ဝိညာဉ်စွမ်းအင် လုံးဝကုန်ခမ်းသွားစေချင်တာလား။”
စုယွမ် တည်ငြိမ်စွာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ ဒီကောင်းကင်ဘုံမိုးကြိုးတွေအကုန်လုံးက ငါ့ထိန်းချုပ်မှုအောက်မှာရှိပြီးသား၊ မင်းကို ထိခိုက်စေမှာမဟုတ်ဘူး။”
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”
လောင်ချမ် မျက်လုံးလှန်၍ သူ့ရှေ့ရောက်နေပြီဖြစ်သော ကောင်းကင်ဘုံမိုးကြိုးကို ကြည့်လိုက်သည်။ ခရမ်းရောင်မိုးကြိုးချက်မှာ ယခုတွင်တော့ လမ်းဘေးရှိ အန္တာရယ်မရှိသောလေလွှင့်ကြောင်လေးအလားဖြစ်နေလေ၏။
လောင်ချမ်မှာ ထပ်မံကြောင်အသွားရလျက် ပြောမိပြန်သည်။
“ဒါက ကောင်းကင်ဘုံမိုးကြိုးလား။”