← Chapters

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း ၁၇၆

Vol. 18 Ch. 176

Chapter 176:ကောင်းကင်ဘုံမိုးကြိုးကို သန့်စင်ခြင်း။

“မြန်မြန်၊ အချိန်မဖြုန်းနဲ့လေ။”

စုယွမ် ပြောလိုက်သည်။

“ဟုတ်တယ်၊ ဟုတ်တယ်။”

စုချမ်လည်း မြန်မြန်တုံ့ပြန်လာ၏။

ထိုအချိန်ထိ လောင်ချမ်မှာ စိတ်နှင့်ကိုယ်နှင့် မကပ်သေးပါပေ။ သူဖြင့် ကောင်းကင်ဘုံမိုးကြိုးကို ထိန်းချုပ်နိုင်သည့်သူဆိုတာမျိုးမကြားခဲ့ဘူးသည်လေ။ အများဆုံးအနေဖြင့် သူက ကောင်းကင်ဘုံမိုးကြိုးကို အသုံးကိုပြုပြီး ခန္ဓာကိုယ်ကို အားဖြည့်ကာ ကျင့်ကြံတာလောက်ကိုသာ မြင်ခဲ့ရသည်။ ယခု စုယွမ်ကထိန်းချုပ်နိုင်သည်ဟူသော အချက်မှာ သူ့ကို အလွန်တရာထိတ်လန့်သွားစေခဲ့၏။

ဝေဟင်ကမ္ဘာပန်းကန်လုံးလည်း စတင်လည်ပတ်၍ မိုးကြိုးချက်ကို ဝါးမြိုရန် ပြင်လိုက်သည်။

ထို့နောက် သူ ပြောလိုက်၏။

“မရဘူး။ ဒီမိုးကြိုးတွေက ရတနာမှမဟုတ်တာ၊ ယှဉ်ပြောရရင် ကုန်ကြမ်းအဆင့်ပဲရှိသေးတာမို့ သန့်စင်လို့မရဘူး။”

“ပြဿနာက အဲ့ဒီတစ်ခုပဲမလား။ ငါဖြေရှင်းလိုက်မယ်။”

စုယွမ်လည်း ချက်ချင်း အစီအရင်တစ်ခုကို အသက်သွင်း၍ ကောင်းကင်ဘုံမိုးကြိုးများကို ကုန်ကြမ်းအဆင့်မှ တစ်ခါသုံးမိုးကြိုးဗုံးအများအဖြစ် အသွင်ပြောင်းလိုက်သည်။

အနှီအစီအရင်က မည်သည့်အဓိကအချက်ကိုမှ ပြောင်းလဲမသွားသော်ငြား ကုန်ကြမ်းကိုတော့ ရတနာအဆင့်ပြောင်းပေးနိုင်သည်ပေ။

သို့သော် အစီအရင်လည်း ထည့်ရုံဖြင့် လွယ်ကူရိုးရှင်းသည်ဟု မထင်ပါနှင့်။ စုယွမ်နေရာတွင် အခြားသူများဆိုလျှင် မည်သည့်အစီအရင်သုံးသုံး လုံးဝဖြစ်နိုင်ချေမရှိပါပေ။ သုံးနေသောအစီအရင်ကိုတောင် မိုးကြိုးက တိုက်ရိုက်ဖျက်စီးပစ်လိုက်နိုင်သည်လေ။ သို့သော် ယခုတွင်တော့ ကောင်းကင်ဘုံမိုးကြိုးမှာ စုယွမ်၏ထိန်းချုပ်မှုအောက်တွင် ကျရောက်နေပေရာ အလွန်တရာကို လိုက်လျောညီထွေရှိလာပြီး အစီအရင်ထဲသို့ အဆင်ပြေပြေဝင်ရောက်သွား၏။

လောင်ချမ်မှာတော့ ထိတ်လန့်ကြောင်အနေရဆဲ၊ သူ့မှာ အသံတုန်တုန်ရင်ရင်ဖြင့်ပင် ဆိုမိရသည်။

“စုယွမ်၊ ငါလည်း ဘာမှမပြောနိုင်တော့ဘူး။ မင်းက မသေမျိုးတစ်ပါးပါးပြန်လည်ဝင်စားထားတာမလား။”

လောင်ချမ်လည်း မြန်မြန် ရရှိလာသောကောင်းကင်ဘုံမိုးကြိုးရတနာကို သန့်စင်လာသည်။

ဝေဟင်ကမ္ဘာပန်းကန်လုံးမှာ မိုးကြိုးကို အလျင်အမြန်စုပ်ယူ၍ သန့်စင်လိုက်၏။ ကောင်းကင်ဘုံမိုးကြိုးကလည်း မငြင်းဆန်၊ မခုခံဘဲ အပြည့်အဝပူးပေါင်းပေးလာရာ သန့်စင်ခြင်းလုပ်ငန်းစဉ်မှာ အလွန်ကို လွယ်ကူချောမွေ့နေလေသည်။

ဝေဟင်ကမ္ဘာပန်းကန်လုံးထဲတွင်မူ မိုးကြိုးကန်ကြီးတစ်ခုဖြစ်ပေါ်လာရင်း မိုးကြိုးစွမ်းအင်များကလည်း အထဲတွင် လည်ပတ်နေလေ၏။

“ဆက်လုပ်။”

ထိုအချိန်တွင် ဆယ်ချက်မြောက်မိုးကြိုးချက်မှာ ကျရောက်လာချေပြီ။

စုယွမ်က ထိုမိုးကြိုးကို လက်ဗလာဖြင့်ပင် သာမာန်လျှံကာဖမ်းလိုက်ရင်း ဝေဟင်ကမ္ဘာပန်းကန်လုံးထဲ ပစ်ထည့်ပေးလိုက်သည်။

ထိုမြင်ကွင်းမှာ လောင်ချမ်ကို မျက်လုံးများကျွတ်ကျစေမတတ်ဖြစ်သွားရသည်။

လောင်ချမ်သာမက အတိဒုက္ခဖြစ်စဉ်ကို စောင့်ကြည့်နေကြသော အကြီးအကဲများလည်း ပင့်သက်ရှိုက်မိသွားရ၏။

ထိုသို့သော ကောင်းကင်ဘုံမိုးကြိုးကိုတောင် သာမရိုးကျတည်ငြိမ်နေသောအမူအရာဖြင့် လက်တစ်ဖက်ထဲနှင့်ဖမ်းယူရာ လက်ထဲတွင် ကစားလိုက်ပုံမှာ ထိတ်လန့်စရာကောင်းသလို တစ်ချိန်တည်းတွင်ပင် စိတ်ကူးယဉ်ဆန်လှပေသည်။

ဒါ၊ ဒါ ဘယ်လိုကြီးလဲ။

ကုချင်းကျူးကလည်း ပြန်ရောက်နေပြီဖြစ်သည်။ သူ့မှာ ထိုမြင်ကွင်းကို မြင်ပြီး ဒူးတောင်ထောက်ကျသွားရ၏။

“ကျွန်တော် မသေမျိုးတွေ လက်ဗလာတဲ့ကြယ်တွေကို ခူးခွပ်တဲ့ဒဏ္ဍာရီမျိုးတွေကြားဖူးပါတယ်။ ဒါပေမဲ့ ဆက်ခံသူစုကပါ ကောင်းကင်ဘုံမိုးကြိုးကို လက်ဗလာနဲ့ဖမ်းလိုက်တဲ့မြင်ကွင်းမျိုး ကျွန်တော့်ရှေ့တည့်တည့်ဖြစ်လာမယ်လို့မထင်ထားဖူးဘူး။ ဒါကြီးက မလွန်လွန်းဘူးလား။”

“တကယ်ကို ထူးခြားလွန်းတာပဲ။”

အမတအကြီးအကဲနန်ကုန်းမှာ အချိန်အကြာပြီး စွံ့အသွားပြီးမှ ပြန်ပြောနိုင်တာဖြစ်သည်။

အစောင့်အရှောက်ဝိညာဉ်ကလည်း ထိုအချိန်ဝင်ပြောလာ၏။

“ကျွန်တော် မင်းတို့ကို ပြောသားပဲ။ ကျွန်တော်ဝင်ပါစရာမလိုပါဘူးလို့။”

ဝိညာဉ်၏လေသံတွင် စိတ်သက်သာရာရနေသောလေသံပါဝင်နေ၏၊ သိသိသာသာကို သူလည်း ခဏကလုပ်ရပ်မမြင်ခင်အထိ ဘာကိုမှ မမှန်းနိုင်သေးသည်ပေ။

သို့သော်ငြား ယခုတစ်ခေါက် စုယွမ်၏လုပ်ရပ်ကိုကြည့်လိုက်ပါက အရူးတစ်ယောက်ပင်လျှင် စုယွမ်ဟာ ကောင်းကင်ဘုံအတိဒုက္ခကို လွယ်လင့်တကူဖြတ်ကျော်နိုင်မည်မှန်းသိကြပါ၏။

ဝေဟင်ကမ္ဘာပန်းကန်လုံးကလည်း ကောင်းကင်ဘုံမိုးကြိုးရတနာကို အလျင်အမြန်စုပ်ယူနေသည်။

တစ်ချိန်တည်းတွင် ပန်းကန်လုံး၏အဆင့်ကလည်း ထိုးတက်လာလေသည်။ ဆယ်ချက်မြောက်ကောင်းကင်ဘုံမိုးကြိုး၏အဆင့်မှာ ပဥ္စမအဆင့်ရတနာလောက်ဖြစ်ရာ ဝေဟင်ကမ္ဘာပန်းကန်လုံးအတွက် ရေကန်အသင့်ကြာအသင့်ဖြစ်သွားသည်ပင်။

ထို့နောက်တွင်လည်း စုယွမ်က ထိုသို့သာဆက်လုပ်လာ၏။

ကောင်းကင်မှ မိုးကြိုးတစ်ချက်ကျတိုင်း သူက လက်တစ်ချက်ဖက်တည်းဖြင့် ဖမ်း၍ အစီအရင်ထဲသို့ပစ်သွင်းမည်၊ ထိုမှတဆင့် ရတနာအဖြစ်ပြောင်းလဲပြီးချိန်တွင်တော့ ဝေဟင်ကမ္ဘာပန်းကန်လုံးကို မိုးကြိုးအား သန့်စင်ရန်လက်လွဲပေးလိုက်ချေမည်။

ထိုအချိန်တွင် သူ၏စိတ်ဝိညာဉ်ကလည်း ရှေ့ကစုပ်ယူခဲ့သောမိုးကြိုးချက်များ၏စွမ်းအင်ကို သန့်စင်နေဆဲဖြစ်သည်။ အရှိန်မှာ နှေးကွေးလှရာ ဝေဟင်ကမ္ဘာပန်းကန်လုံးကိုတော့ နည်းနည်းမှမယှဉ်နိုင်ပါလေ။

သို့သော် ယှဉ်စရာလည်းမလို၊ တစ်ခုမှာ အသေးစိတ်အနုစိတ်စီစဉ်ရမည်ဖြစ်သော စိတ်ဝိညာည်သန့်စင်ခြင်းဖြစ်ပြီး နောက်တစ်ခုကတော့ သန့်စင်နိုင်စွမ်းကိုအဓိကထားသောရတနာတစ်ခုပင်၊ အထူးသဖြင့် ဝေဟင်ကမ္ဘာပန်းကန်လုံးမှာ သတ္တမအဆင့်ဖြစ်ပြီး ကောင်းကင်ဘုံမိုးကြိုးက ပဥ္စမအဆင့်မျှသာဖြစ်ရာ ပို၍တောင်လွယ်ကူသေး၏။

မိုးကြိုးအချက်ရေ ဆယ့်ရှစ်ချက်မြောက်ကို ရောက်ချိန်တွင်တော့ စုယွမ်မှာ မိုးကြိုးချက်များက နည်းပါးလွန်းရာ အသုံးပြုရန်မလုံလောက်ကြောင်း တွေးမိသွားရသည်။

ပြယ်ပျက်တော့မည်ဖြစ်သော အတိဒုက္ခမိုးကြိုးတိမ်များကို ကြည့်ရင်း စုယွမ်လည်း တစ်ခဏမျှတွေးတောပြီး သူ့စိတ်ဝိညာဉ်ကို ပြန်ကြည့်လိုက်၏။

ယခုအချိန်တွင်တော့ စိတ်ဝိညာဉ်မှာ တော်တော်လေးဖွံဖြိုးနေချေပြီး အစပိုင်းမှိန်ဖျော့ဖျော့အလင်းကနေ အသက်ခုနစ်နှစ်၊ရှစ်နှစ်အရွယ်ကလေးတစ်ယောက်အသွင်တောင် ဖြစ်နေရလေပြီ။

ထို့ကြောင့် သူလည်း ရွှေအမြုတေထဲမှ ကြယ်စွမ်းအင်ဥပဒေသကို သူ့စိတ်ဝိညာဉ်ထဲထပ်လွဲပြောင်းပေးလိုက်၏။

ကြယ်စွမ်းအင်ဥပေဒသမှာ စိတ်ဝိညာဉ်ကိုယ်ထည်ထဲ စိမ့်ဝင်သွားလျက်၊ ကောင်းကင်ပြင်ကို တုန်ခါကာ မြေကမ္ဘာကိုတောင် အက်ကွဲစေမည့်အပြောင်းအလဲတစ်ခုဖြစ်လာလေသည်။

စိတ်ဝိညာည်မှာကား အယူအဆအဆင့်စွမ်းအင်ပုံစံမှ ဥပဒေသအဆင့်စွမ်းအင်ပုံစံသို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရခြင်းပေ။

ထိုသည်မှာ ဥပဒေသတစ်စွန်းတစ်စလေးပဲ ဖြစ်လျှင်တောင် ကွာခြားသွားနှုန်းကတော့ နှိုင်းမယှဉ်သာပါလေ။

အတိဒုက္ခတိမ်များမှာ အစကတော့ ကွယ်ပျောက်တော့မလိုရှိသေး၊ ဆန်းကြယ်သည့်တစ်ခုခုကို အာရုံခံမိသွားဟန်ဖြင့် ထပ်မံစုစည်းလာကြလေသည်။

ပုံမှန်နှစ်ထပ်သာရှိသောအတိဒုက္ခတိမ်များအပါ်တွင် နောက်ထပ်တိမ်လွှာတစ်ခုက ထပ်မံဖြစ်ပေါ်လာလေ၏။

စုဝေးလာသောမိုးကြိုးတိမ်များအတွင်း ကောင်းကင်ဘုံမိုးကြိုးတို့မှာ ထပ်မံ၍ပေါ်လာပြန်သည်။ ယခုတစ်ခေါက်တွင်တော့ ကောင်းကင်ဘုံမိုးကြိုး၏အဆင့်မှာ လေဟာနယ်အဆင့်ကိုတောင် ရောက်ရှိသွားလေ၏။

ထိုမြင်ကွင်းမှာ စိတ်သက်သာရာရသွားသောလူစု၏စိတ်ကို ပြန်လည်တင်းကြပ်လာစေပြန်သည်။

“ဒါ၊ ဒါ ဘာတွေဖြစ်နေတာလဲ။’

ကုချင်းကျုးမှာ ပင့်သက်ရှိုက်မိပြန်သည်။

“ငါလည်းမသိတော့ဘူး။ ဒီလိုဖြစ်စဉ်မျိုးမှတ်တမ်းတင်ထားတာမရှိဘူး။ ယုတ္တိကျကျပြောရရင်လည်း အဆင့်နှစ်ကောင်းကင်ဘုံအတိဒုက္ခကတောင် စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်အတွက် အမြင့်ဆုံးဖြစ်နေပြီ။ ဘာလို့ အဆင့်သုံးအတိဒုက္ခက ပေါ်လာရတာလဲမသိဘူး။”

အမတအကြီးအကဲနန်ကုန်းကတော့ အသေအချာကို ပြန်လည်တွေးတောဆန်းစစ်နေလေသည်။

“ဒီလိုဆိုရင်ရော ဆက်ခံသူအရှင်စုက ဒါကို ခံနိုင်ပါဦးမလား။”

ကုချင်းကျူး၏အကြည့်က အစောင့်အရှောက်ဝိညာဉ်ထံရောက်သွား၏။

အစောင့်အရှောက်ဝိညာဉ်ကလည်း တိတ်ဆိတ်နေရသည်။ စင်စစ်တွင် လှိုင်းတစ်သုတ်ထဲဆိုလျှင်တောင် သေလုနီးနီးတောင့်ခံရပေမည်။ သို့သော် ကောင်းကင်ဘုံသာလျှင် အတိဒုက္ခကတစ်ကြိမ်နှင့်မပြီးကြောင်းသိနိုင်ပေ၏။

စုယွမ်ကတော့ နောက်တော့ကောင်းကင်ဘုံမိုးကြိုးသုံးချီလောက်ကျရောက်လာဦးမည်ဟု ခန့်မှန်းထားသည်။

လောင်ချမ်ကတော့ စိုးရိမ်တကြီးဆိုလာ၏။

“စု၊စုယွမ်၊ သတိထားနော်။”

“ကောင်းကင်ဘုံအချက်ရေတော်တော်များများကို စုပ်ယူပြီးပြီဆိုတော့ မင်း ဆဌမအဆင့်လောက်ကိုတော့ သန့်စင်နိုင်လောက်ပြီမလား။”

စုယွမ် မေးလိုက်သည်။

“ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ မသေချာဘူးနော်။”

လောင်ချမ်မှာ တံတွေးမြိုချရင်း ပြောလိုက်သည်။

သူ့အတွက်လည်း စိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်တစ်ယောက်က သုံးလွှာရှိကောင်းကင်ဘုံအတိဒုက္ခကို ရင်ဆိုင်နေသည်မျိုး ပထမဆုံးမြင်ဖူးခြင်းပေ။

All Chapters