အခန်း ၁၇၈
Vol. 18 Ch. 178
Chapter 178: ဝိညာဥ်အသွင်ကူးပြောင်းခြင်းအဆင့်တိုက်ခိုက်စွမ်းရည်။
ဝုန်း။
ပြင်းထန်သောပေါက်ကွဲမှုကြီးမှာ ဂိုဏ်းအပြင်ဘက်ကတောင်ထိပ်တွင် ဖြစ်ပွားသွားလေသည်။
ထိုနေရာတွင် ချိုင့်ခွက်ကျယ်ကြီးတစ်ခုသာလျှင် ကျန်ရစ်ခဲ့လေ၏။
စုယွမ်လည်း ထိုနေရာသို့ အမြန်ပျံသွားလိုက်သည်။
သူ တွင်းနက်ကြီး၏အောက်ခြေကို ကြည့်လိုက်၏။
သူလည်း လက်ဆန့်လိုက်တော့ ထိုတွင်ထဲ့မှာ မဲတူးနေသောလက်ချောင်းတစ်ချောင်းက မြှောက်တက်လာပြီး ထိုလက်ချောင်းပေါ်မှ သိုလှောင်လက်စွပ်က ကျွတ်သွားလျက် စုယွမ် လက်ထဲကျရောက်လာလေသည်။
စုယွမ်လည်း တွင်းအောက်ခြေကို ထပ်ကြည့်လိုက်တော့ ယူရလောက်သည့်ဘာပစ္စည်းကိုမှ မတွေ့တော့ပါပေ။
စိတ်အာရုံစွမ်းရည်ကို သုံးလျှင်တောင် သူ ထျန်လင်း၏အရှိန်အဝါကို အာရုံခံမရပါပေ။
“ဒီလိုပဲ သေသွားတာလား။”
စုယွမ် အနည်းငယ်အံ့ဩသွားရသည်။
သူ အဆင့်သုံးရှိကောင်းကင်ဘုံအတိဒုက္ခ၏နောက်ဆုံးမိုးကြိုးချက်အပိုင်းအစလေးက ဝိဉာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ရှိအင်အားကြီးပုဂ္ဂိုလ်တစ်ဦးကို ထိုမျှလွယ်လင့်တကူသတ်နိုင်လိမ့်မည်ဟု မထင်ထားပါချေ။
စင်စစ်တွင် တစ်ဖက်လူကသာ သူ့ကျင့်စဉ်များကို ထုတ်သုံးခွင့်ရခဲ့ပါက ထိုမျှအဖြစ်မဆိုးလောက်ပါချေ၊ သို့သော်ငြား စုယွမ်က လျှက်တပြတ်တိုက်ခိုက်သည့်အပြင် ရှိန်ဝါမြင့်စွမ်းရည်မှရရှိသောအဆင့်လေးကောင်းကင်ဘုံအတိဒုက္ခဖိအားကိုပါ အသုံးပြုလိုက်ရာ ထျန်လင်းမှာ ဘာမှတုံ့ပြန်ရန်တောင် အခွင့်မရှိခဲ့ပါပေ။
ဤသို့ဖြင်း ဂုဏ်သရေရှိဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်တစ်ယောက်မှာ ထိုအတိုင်းသာ သေဆုံးသွားခဲ့ပေ၏။
“ကံကောင်းလို့ ဒီသိုလှောင်လက်စွပ်ရဲ့အရည်အသွေးက တော်တော်လေးကောင်းသားပဲ။”
စုယွမ် သိုလှောင်လက်စွပ်ကိုကြည့်ရင်း ကျေနပ်နေလေသည်။
ထိုသည်မှာ ပဥ္စမအဆင့်ဝိညာဉ်ရတနာဖြစ်ရုံတင်မကဘဲ ရှားပါးကုန်ကြမ်းမှ ပြုလုပ်ထားခြင်းဖြစ်ပေသည်။ စုယွမ်ကလည်း သူ့လက်မောင်းကို ရှောင်ပြီးတိုက်ခိုက်ခဲ့လေရာ လက်စွပ်တွင် ဘာထိခိုက်ဒဏ်ရာမှမရှိ။
သူ နတ်ဘုရားအာရုံနှင့် ဝင်စမ်းကြည့်လိုက်သည်။
လက်စွပ်မှာ သူ၏မူလသခင်ပျောက်ဆုံးသွားရာ မူလကအမှတ်အသားပြုထားသည့်နတ်ဘုရားအာရုံကလည်း တပါးတည်းပျောက်ကွယ်သွားသည့်အတွက် စုယွမ် ထိုအထဲကို လွယ်ကူစွာဝင်ကြည့်လို့ရသွား၏။
စုယွမ် ထိုအထဲတွင် ပဥ္စမအဆင့်ဝိညာဉ်ရတနာ၊ စတုတ္ထအဆင့်ဝိညာဉ်ရတနာတို့ကို တွေ့လိုက်ရပြီး ကျန်ပစ္စည်းများကတော့ သာမာန်ပစ္စည်းများဟုဆို၍ရပေသည်။
စုယွမ် ထိုသည်တို့မှလွဲ၍ ဘာမှအံ့ဩလောက်စရာမတွေ့တော့သည့်အတွက် သိုလှောင်လက်စွပ်ကို ဝေဟင်ကမ္ဘာပန်းကန်လုံးဆီကိုသာ ပစ်ပေးလိုက်သည်။
“ဒါကဘယ်လောက်လဲ။”
လောင်ချမ်ကလည်း ဘာမှမမေးဘဲ ချက်ချင်းသန့်စင်ဖို့လုပ်လိုက်၏။
လောင်ချမ် အထဲရှိ သန့်စင်မရသော ကုန်ကြမ်းများ၊ ဝိညာဉ်ပင်များ၊ စာအုပ်များကိုတော့ အမျိုးအစားခွဲကာ ဝေဟင်ကမ္ဘာပန်းကန်းလုံး၏အတွင်းပိုင်းနေရာလွတ်တွင်သိမ်းထားလိုက်သည်။ စုယွမ်က ထိုအသေးအမွှားကိစ္စများကိုပါ လိုက်၍ညွှန်ကြားရန်မလိုအပ်၊ သူ့ဘာသာကိုယ်တွယ်နိုင်သည်ပေ။
စုယွမ်မေးလိုက်သည်။
“ကောင်းကင်ဘုံမိုးကြိုးကို သန့်စင်ပြီးတော့ ဘာအစွမ်းတွေရသွားပြီလဲ။ဖခ
“ကျွန်တော် မိုးကြိုးရေကန်တစ်ခုကို ဖန်တီးနိုင်သွားပါတယ်။ အဲ့ဒါက သာမန်မိုးကြိုးတွေကို မိုးကြိုးအနယ်အနှစ်အဖြစ်ပြောင်းနိုင်တယ်လေ။ အဲ့မိုးကြိုးအနည်အနှစ်ကိုတော့ ခန္ဓာကိုယ်အားဖြည့်ဖို့၊ ရှေးဦးဝိညာဉ်ဖွဲ့စည်းဖို့၊ ဆေးဖော်စပ်ဖို့၊ လက်နက်သန့်စင်ဖို့ စတာတွေအတွက် သုံးလို့ရတယ်။”
လောင်ချမ် ပြောလိုက်သည်။
“ကောင်းကင်ဘုံမိုးကြိုးရဲ့ဝိသေသလက္ခဏာတွေမရဘူးလား။”
စုယွမ်လည်း အံ့သြသွားရသည်။
“မရဘူး။ မိုးကြိုးထဲပါတဲ့ကောင်းကင်ဘုံအရှိန်အဝါက သန့်စင်ပြီးတာနဲ့ပျောက်သွားတာ။ ဒါပေမဲ့ ကျွန်တော့်ပင်မစွမ်းရည်ကတော့ တိုးတက်လာတယ်။ လက်ရှိကျင့်ကြံဆင့်ကိုမြင့်မသွားပေမဲ့ ကျွန်တော့်ရဲ့အကန့်အသတ်ကို ထပ်ဆွဲဆန့်ပေးလိုက်တာ။ ဒါရဲ့အကျိုးကျေးဇူးဆိုရင်တော်တော်လေးကြီးတာပါ။”
လောင်ချမ်ပြောလိုက်၏။
“အဲ့ဒီလိုကိစ္စမျိုးရှိသေးတယ်ကိုး။”
စုယွမ်လည်း နားလည်ကြောင်းခေါင်းညိတ်ကြလိုက်သည်။
“နောက်ပြီး ကျွန်တော် မဟာနတ်ဆိုးဂိုဏ်း၊ရှတစ္တေဂိုဏ်းရယ်၊အလောင်းကောင်နတ်ဆိုးဂိုဏ်းရယ်က ရတနာတွေကိုသန့်စင်ခဲ့တဲ့အတွက် တာအိုစစ်သားတွေကို သန့်စင်ဖို့နည်းလမ်းကို ရသွားပြီ။”
လောင်ချမ်ကလည်း လုပ်နိုင်စွမ်းအသစ်ကိုထုတ်ပြောလာသည်။
“ဘယ်လို။”
စုယွမ် အံ့သြ၍ အသေးစိတ်မေးလိုက်၏။
“ကျွန်တော် ကျင့်ကြံသူတစ်ယောက်ကို နာခံတဲ့အသေခံတပ်သားဖြစ်လာအောင်ညှို့ယူနိိုင်တယ်ပြောတာ။ ဝိညာဉ်ချုပ်ထိန်းနဖူးစည်းကိုသုံး၊ အလောင်းကောင်စုစည်းမျှော်စင်နဲ့ အလောင်းကောင်တွေကိုထိန်းချုပ်ပြီး မဟာနတ်ဆိုးရေကန်ကို ဝိညာဉ်တွေကိုချုပ်ဖို့သုံးလို့တယ်၊ အဲ့ဒီလိုသုံးခုပေါင်းလိုက်ရင် တာအိုစစ်သားတစ်ယောက်အလွယ်လေးရပြီလေ။”
“အဲ့ဒီလိုကြီးက မယုတ်မာဘူးလား။’
စုယွမ် မျက်ခုံးပင့်လိုက်၏။
“ဒါကိုက အစကတည်းက နတ်ဆိုးကျင့်စဥ်တွေပဲလေ။ ဒါပေမဲ့ အပြင်ပိုင်းသွင်ပြင်ကိုသာပြောင်းလိုက်ရင်အဆင်ပြေပါတယ်။”
လောင်ချမ် ဆက်ပြောသည်။
“ဘာပဲဖြစ်ဖြစ် အလကားဖြစ်မသွားအောင် နတ်ဆိုးကျင့်ကြံသူတွေနဲ့ရင်ဆိုင်ရတဲ့အခါတော့ သုံးပေးလို့ရတာပေါ့။”
“ဒါပေမဲ့ လက်ရှိမှာ ငါ့မှာ သန့်စင်ဖို့အလောင်းတစ်ထာမှမရှိဘူးလေ။”
စုယွမ် လက်ချောင်းကိုပြန်ကြည့်လိုက်၏။
“ဒါဆိုရင်ရော ရလား။”
လောင်ချမ် တိတ်ကျသွားရသည်။
“မင်း အလောင်းကောင်ဆိုတဲ့အဓိပ္ပါယ်ကို နားမလည်ဘူးထင်တယ်။”
“တစ်ချက်လောက်တော လုပ်ကြည့်စမ်းပါ။”
စုယွမ် ပြောလိုက်သည်။
လောင်ချမ်လည်း အနှီပြင်းထန်စွာဒဏ်ရာရနေသောလက်ချောင်းလက်ခံလိုက်ရ၏၊ သူ့မှာ စိတ်ထဲ စုယွမ်ဟာ တွေ့ကရာအမိန့်များလျှောက်ပေးသည်ဟု ကြိတ်စောဒကတက်၍သာ တက်နိုင်ပေသည်။ လက်ချောင်းလေးတစ်ချောင်းမှ မည်သို့တာအိုစစ်သားတစ်ယောက်ရနိုင်မည်နည်း။ သူ ဘာတွေများတွေးနေပါသနည်း။
စုယွမ်လည်း အနီးအနားတစ်ဝှိုက်ကို အာရုံခံစစ်ဆေး၍ နတ်ဆိုးကျင့်ကြံသူတစ်ဦးတည်းရှိကြောင်း သေချာကာမှ ဂိုဏ်းဆီပြန်လာခဲ့လိုက်သည်။
အမတခြံဝန်းနံပါတ်ခြောက်တွင် ဂိုဏ်းတွင်းရှိ ရှိသမျှဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲဆယ့်တစ်ယောက်လုံးက ရှိနေကြပြီး ကုချင်းကျူးအပါအဝင်ဆိုလျှင် လူပေါင်းဆယ့်နှစ်ယောက်က စုယွမ်ဘေးဝန်းရံလာကြသည်။
အမတအကြီးအကဲနန်ကုန်းက အချက်ပြသောကြောင့် ကုချင်းကျူးက အားလုံးကိုယ်စား စွန့်စားကာ မေးလိုက်၏။
“အကြီးအကဲစု၊ မင်းရဲ့လက်ရှိကျင့်ကြံဆင့်က ဘယ်ကိုရောက်ပြီလဲ။”
လူတိုင်း၏မျှော်လင့်နေကြသောအကြည့်အောက်တွင် စုယွမ်မှာ မနေနိုင်ဘဲ ခပ်တိုးတိုးရယ်မိတော့သည်။
“ကျွန်တော် အခုမှ စိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်ကိိုရောက်တာပါဗျာ။ ဘာလို့ ခင်ဗျားတိို့က ကျွန်တော် လေဟာနယ်အဆင့်လောက်ကြီးရောက်သွားသလိုတွေဖြစ်နေကြတာလဲ။”
ဤသည်ကိုကြားတော့ လူတိုင်းမှာ ဦးဆုံးစိတ်ပျက်သွားသလိုဖြစ်သွားကြသော်ငြား ချက်ချင်း တဖန်စိတ်သက်သာရာရသည့်ပုံဖြစ်သွားကြပြန်သည်။
စုယွမ်လည်း သူတိို့အတွေးများကို ခန့်မှန်းမိပေရာ ထုတ်မေးလိုက်၏။
“ခင်ဗျားတို့က ကျွန်တော် လေဟာနယ်အဆင့်ရောက်တာနဲ့ဂိုဏ်းကထွက်သွားမယ်ထင်လို့လား။”
ကုချင်းကျူးလည်း ဒါကိုကြားတော့ ခေါင်းညိတ်ပြလိုက်သည်။
“အရင်ကဆို ဆက်ခံသူအရှင်တိုင်းက လေဟာနယ်အဆင့်ရောက်တာနဲ့ လေ့ကျင့်ဖို့ဆိုပြီး ထွက်သွားကြတော့တာပဲ။ နောက်ဆုံးကျ သူတို့အားလုံးက ချင်းခယ်ကုန်းမြေကတောင်ထွက်သွားပြီး အခုထိ သူတို့ဘယ်ပေါက်ဘယ်ရောက်သွားမှန်းမသိဘူး။ အဲ့ဒါကြောင့် ငါတို့စိုးရိမ်နေတာပါ။ ငါတို့လည်း မင်းကိုမတားချင်ပါဘူး၊ ဒါပေမဲ့ အရမ်းမြန်သလိုခံစားရလို့ ... “
စုယွမ်လည်း လက်ယမ်းပြလိုက်သည်။
“စိတ်ချလက်ချသာနေ၊ ကျွန်တော် လေဟာနယ်အဆင့်မကလို့ ဒီထက်မြင့်မြင့်ပဲရောက်ရောက် ဂိုဏ်းကနေထွက်သွားမှာမဟုတ်ဘူး။”
“ဟမ်။”
ကုချင်းကျူးလည်း အံ့ဩသွားရသည်။
“စုယွမ်၊ ငါတို့ဂိုဏ်းက လက်ရှိမှာ လေဟာနယ်အဆင့်အထက်တွေကို ထောက်ပံ့မပေးနိုင်သေးဘူး။ အဲ့ဒီအဆင့်လောက်ဆိုရင် ဥပဒေသအဆင့်အရင်းအမြစ်တွေလောက်ထိလိုအပ်တာ။ အဲ့ဒါ့ကြောင့်မို့ မင်းထွက်ကိုထွက်သွားရမှာပဲ။”
အမတအကြီးအကဲနန်ကုန်းက ဝင်ပြောလိုက်၏။
“ဥပဒေသအဆင့်မပြောနဲ့၊ ဂိုဏ်းမှာက အယူအဆအဆင့်အရင်းအမြစ်တောင်မရှိဘူး။ ငါတို့လည်း ဂိုဏ်းကိုသာ ကာကွယ်ဖို့မဟုတ်ရင် အပြင်ထွက်ပြီး အရင်းအမြစ်ရှာတယ်။ အခုလို တံခါးပိတ်ပြီး ကျင့်ကြံပဲနေရတာက အဆင့်တက်ဖို့တော်တော်နှေးတယ်လေ။”
စုယွမ် ဒါကိုကြားတော့ ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်အကြီးအကဲများကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“လက်ရှိမှာ ကျွန်တော်က ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ခွန်အားတော့ရှိပါတယ်။ ဂိုဏ်းကိုက ကျွန်တော်စောင့်ပေးလို့ရတယ်လေ။ အကြီးအကဲဆိုင်ရာ အပြင်ထွက်ချင်ရင် အသုတ်ခွဲပြီးထွက်လို့ရတာပဲ။ အချိန်တိုင်းဂိုဏ်းထဲနေစရာမလိုပါဘူး။”
ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ရောက်ပြီးသူတိုင်းမှာ အပြင်ကိုထွက်၍စွန့်စားလေ့လာချင်သူချည်းများသာဖြစ်၏၊ သို့သော် ဂိုဏ်းလုံခြုံရေးအတွက် ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်များက စောင့်ကြပ်ဖို့လိုသည်လေ။
ယခုတွင်တော့ စုယွမ်၏စကားကြောင့် ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ဘိုးဘေးအိုကြီးများမှာ မျက်လုံးများတောက်ပသွားလေပြီ။
သို့သော် ၎င်းမှာ ခဏပဲဖြစ်လျက် ချက်ချင်း ပြန်ငြိမ်ကျသွားကြ၏။
“ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်တစ်ယောက်ပဲကျန်ခဲ့မယ်ဆိုရင် ... “
ကုချင်းကျူးမှာ တုန့်ဆိုင်းနေပေသည်။
စုယွမ် လက်ကိုယမ်းလိုက်၏။
“ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်သာဆိုရင် ကျွန်တော် ငါးယောက်တစ်ယောက်ယှဥ်ချနိုင်တယ်။ ပြောရရင် ဂိုဏ်းလုံခြုံရေးက စိတ်ပူစရာမရှိပါဘူး။”
ကုချင်းကျူး၏မျက်လုံးများမှာ လက်ခနဲတောက်ပသွားရငည်။ သူ သိုလှောင်လက်စွပ်ထဲကို ပြန်ရှာလိုက်ရာ ဆက်ခံသူအရှင်များမှတ်တမ်းစာအုပ်ကိုတွေ့၏။ ထို့နောက် အထဲကိုတစ်ချက်လှန်ကြည့်လိုက်ရာ စုယွမ် ပြောသည်နှင့်တစ်ထပ်တည်းဖြစ်ကြောင်းသိလိုက်ရသည်။
ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်အကြီးအကဲအိုကြီးများအားလုံးမှာ ထိုသည်ကိုကြားတော့ ထိတ်လန့်သွားကြရ၏။
“ဒီလိုဆိုရင် ငါ သွားဖို့တောင်းဆိုချင်တယ်။ ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်လျှို့ဝှက်နယ်မြေဆစ်ခုကဖွင့်နေတယ်ကြားတယ်လေ။”
နတ်ဘုရားအာရုံတောင်ထိပ်၏ဘိုးဘေးတစ်ယောက်က ချက်ချင်းထပြောလေသည်။
“ဒါနဲ့ ငါအရင်ပြောတာနော်၊ လာမလုကြနဲ့။”
မန္တန်ဆိုင်ရာတောင်ထိပ်၏ဘိုးဘေးကလည်း ချက်ချင်းပြန်ပက်လာသည်။
“မင်း အရင်တစ်ခေါက်ကလည်း ထွက်သွားပြီးပြီမဟုတ်ဘူးလား။ မင်းပဲထပ်သွားဦးမလို့လား၊ မင်းလက်ပြတ်မလိုဖြစ်သွားတဲ့အချိန်ကိုမေ့သွားတာလား။ အခုတစ်ခေါက်က ငါ့အလှည့်ဖြစ်ရမှာ။”