← Chapters

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း ၁၇၉

Vol. 18 Ch. 179

Chapter 179

“ဟေ့၊ ရန်မဖြစ်ကြနဲ့။ ရန်မဖြစ်ကြနဲ့ဦး။ ဒီမှာ ကောင်စုတ်လေးကုရှိနေတုန်းပဲလေ။ ငါတို့သူ့ကို မျက်နှာသာပေးဦးမှာပေါ့။ ဒီလိုဆိုရင်ရော ဂိုဏ်းကထွက်ရဖို့ မင်းတို့ပြောတာတွေ ငါ တစ်ချက်ပြန်စဥ်းစားပါဦးမယ်။”

လက်နက်ရေးရာတောင်ထိပ်ဘိုးဘေးက ဝင်ပြောလာ၏။

“ဟမ်း၊ တွေးကြည့်ရရင် မင်းတို့နှစ်ယောက်လုံးပြောတာတွေက မလုံလောက်ဘူး။ အဲ့တော့ မင်းတို့မရဘူး။”

ဤသို့ဖြင့် ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်အကြီးအကဲများမှာ စတင်ငြင်းခုန်ကြတော့သည်၊ လူတိုင်းကလည်း အလွန်စိတ်လှုပ်ရှားနေလျက်ရှိ၏။ ဖြစ်တန်သည်မှာ ထိုသူတို့ ဂိုဏ်းထဲနေတာ အလွန်ကြာသွားပြီဖြစ်၍ လူတိုင်းကတော့ ခဏလောက်ဖြစ်ဖြစ်ထွက်ချင်နေကြပုံပင်။

“တကယ်တော့ ကျွန်တော်လည်း ဖူကွမ်းဆိုတဲ့လျှို့ဝှက်နယ်မြေကိုဖွင့်ပေးမလို့၊ အထဲမှာ ငွေဖြူဝိညာဉ်ရေတံခွန်ရှိတယ်လေ။ အဲ့ဒီရေတံခွန်က ကောင်းကင်နဲ့မြေကြီးရဲ့ရတနာတစ်ခုပဲ။ သူ့ထဲ အယူအဆဆယ့်ရှစ်မျိုးလောက်ပါတယ်။ ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်တွေကျင့်ကြံဖို့တော့လုံလောက်ပါတယ်။ ဂိုဏ်းကိုစောင့်ဖို့ကျန်ခဲ့တဲ့သူတွေက အထဲဝင်လေ့လာကြပေါ့။”

နတ်ဘုရားအာရုံတောင်ဘိုးဘေးက ချောင်းဟန့်လာသည်။

“ငါထွက်ခွင့်တောင်းတာအငြင်းခံတယ်ဆိုမှတော့ ဂိုဏ်းထဲမှာပဲနေလိုက်ပါမယ်လေ။ ဘာဖြစ်ဖြစ်အတူတူပဲကို။”

မန္တန်ဆိုင်ရာတောင်ဘိုးဘေးကလည်း ခေါင်းညိတ်လာ၏။

“အဲ့ဒါဆိုရင်လည်း လောင်ရွှမ်ကိုပဲ သွားခိုင်းလိုက်ပေါ့။ ငါတို့အားလုံး သူ့ကို အောင်အောင်မြင်မြင်ဘေးကင်းကင်းနဲ့ပြန်လာနိုင်ဖို့ဆုတောင်းပေးကြတာပေါ့။”

“နေဦးလေ၊ ပြန်ဆွေးနွေးကြမယ်၊ ပြန်ဆွေးနွေးကြမယ်။”

လက်နက်ရေးရာတောင်ထိပ်ဘိုးဘေးမှာ ဝင်ပြောလာတော့သည်။

ဤသို့ဖြင့် ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်အကြီးအကဲများမှာ ထပ်မံတစ်ခါငြင်းခုန်ကြပြန်တော့သည်။

စုယွမ်မှာ ခဏမျှ ကြောင်တောင်အနေရ၏။

ယခင်ကဆိုလျှင် သူ အနှီဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်အကြီးအကဲများကို ဂုဏ်သိက္ခကြီးမားသော၊တည်ငြိမ်သော၊ နတ်ဘုရားကဲ့သို့ပုဂ္ဂိုလ်များဟု တွေးခဲ့တာပင်။

သို့သော် ထိုသူတို့အားလုံးမှာ ရုတ်ချည်း ရယ်သွေးချင့်စဖွယ်ပေါတောတောများဖြစ်လာရပါသနည်း။

စုယွမ် တွေးကြည့်လိုက်ပြီးမှ အကြောင်းပြချက်ကိုနားလည်သွားရသည်။ ယခုအချိန်တွင် သူ့ခွန်အားက အနှီအကြီးအကဲများထက်တောင်ကျော်လွန်နေပြီဖြစ်ရာ ထိုသူတို့အတွက် အကြီးအကဲပုံစံဟန်ဆောင်ချုပ်တည်းထားစရာမလိုတော့ခြင်းဖြစ်ရပေမည်။ ထို့ကြောင့် ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်ဟူသော မျက်နှာကိုလည်း ထိန်းသိမ်းရန်မလိုတော့ပါပေ။

ကုချင်းကျူးကတော့ လုပ်နေကြအတိုင်း စုယွမ် ပုခုံးတွန့်သာပြလိုက်၏။

ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်အကြီးအကဲဆယ့်တစ်ယောက်တိို့မှာ စုယွမ်၏အခန်းနောက်တစ်ခုထဲဝင်သွားပြီး ဘယ်သူနေခဲ့မလဲ၊ကျန်ရစ်မလဲဆိုတာကို ဆက်ဆွေးနွေးကြလေ၏။

ကုချင်းကျူးကတော့ စုယွမ်ဘေးလာကာ အတူလက်ဖက်ရည်သောက်နေလိုက်သည်။

“ဒါနဲ့ စုယွမ်၊ မင်း ခုနက ဘာလို့ဂိုဏ်းပြင်ထွက်သွာ့တာလဲ။”

ကုချင်းကျူးက သာမန်လျှံကာမေးလာ၏။

“မင်းက ဂိိုဏ်းပြင်ကိုထွက်ခဲပါတယ်။ ငါ သိချင်လာလို့လေ။”

“အော်၊ ကျွန်တော် နတ်ဆိုးကျင့်ကြံသူတစ်ယောက် အပြင်မှာ ချောင်းကြည့်နေတာကိုမြင်လို့ သွားသတ်တာ။”

စုယွမ် ပြန်ဖြေလိုက်သည်။

“အော်။”

ကုချင်းကျူးမှာ တည်ငြိမ်နေလေသည်။ သူ ထပ်၍ အေးဆေးသာမေးလိုက်၏။

“ဘယ်အဆင့်လဲ။”

“ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်နှောင်းပိုင်းထင်တာပဲ။ သေချာမကြည့်လိုက်ရဘူး။ သူက ထျန်လင်းရှန်ရန်လို့ခေါ်တာထင်တယ်၊ သူ့သိုလှောင်လက်စွပ်ထဲ ကတ်ပြားမှာတော့ အဲ့ဒီလိုရေးထားတာပဲ။”

စုယွမ်လည်း သာမန်လျှံကာ ကတ်ပြားကိုထုတ်ပေးလာ၏။

ဘေးအခန်းရှိ အကြိတ်အနယ်ဆွေးနွေးနေကြသောဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ဆယ့်တစ်ယောက်အဖွဲ့မှာ ချက်ချင်း ပြေးထွက်လာကြ၏။ သူတို့အားလုံးမှာ ဘေးနားဝိုင်းအုံလာကြာရင်း တးကတ်ပြားကို စိုက်ကြည့်လာကြ၏။

အမအကြီးအကဲနန်ကုန်မှာ အရင်ဆုံးမေးလာသည်။

“ဆက်ခံသူအရှင်စု၊ ဒါတကယ်ကြီး ထျန်လင်းရှန်ရန်ခား။ သူ့တစ်ခုခုများထားခဲ့သေးလား။ ငါ သူ့မှာ အရံအစီအစဥ်တွေရှိနေမှာစိုးလို့။ ငါတို့ ထွက်ပြီး သူ့အလောင်းရောအကြွင်းအကျန်အားလုံးပါ ဖျက်စီးပစ်သင့်တယ်ထင်တာပဲ။”

စုယွမ် မျက်မှောင်ကြုတ်၍ ခဏလောက်တွေးပြီး ဝေဟင်ကမ္ဘာပန်းကန်းလုံးဆီမှာ လက်ချောင်းတစ်ချောင်းကိုထုတ်လိုက်သည်။

“အမ်း၊ ဒါသူကျန်ခဲ့တာအကုန်ပဲ။ ခင်ဗျားတိို့ဒါကို သုံးလို့ရမဲ့နေရာတွေးမိလား။ ကျွန်တော်လည်း တာအိုစစ်သားအဖြစ်အသွင်ပြောင်းချင်တာ၊ မအောင်မြင်လို့။”

လူတိုင်းမှာ အနှီမဲတူးနေသောလက်ချောင်းကိုကြည့်ပြီး စွံ့အသွားရသည်။

စုယွမ်သာ ရှင်းမပြပါလျှင် သူတို့မှာ ၎င်းကို မီးသွေးခဲကြီးတစ်ခုဟုသာ ထင်မိမှာပင်။

ထိုအချိန်မှာတင် သူတို့မှာ မှတ်တမ်းစာအုပ်များထဲမှ ငါးယောက်တစ်ယောက်ယှဥ်ချနိုင်သည်ဟူသောအရာမှာ ဘယ်လောက်ခွန်အားကြီးမားကြောင်း နားလည်လိုက်ရတော့၏။

“ငါတော့ ဒီအဆိုက နှစ်ယောက်ထပ်ဖြည့်လို့ရဦးမယ်ထင်တာပဲ။”

တစ်ယောက်က ထပြောသည်။

“ထျန်လင်းရှန်ရန်တစ်ယောက်မရှိတော့ရင်ကို ငါတို့ စိတ်ပူရတာတော်တော်လျော့သွားပါပြီ။”

ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ဘိုးဘေးဆယ့်တစ်ဦးမှာ အချင်းချင်းကြည့်ရင်း ဆွေးနွေးဖို့ ဘေးအခန့်ပြန်သွားကြလေ၏။

မကြာမီတွင် ဆွေးနွေးတာအောင်မြင်သွားလေသည်။

ဆယ့်တစ်ယာက်ရှိသည့်အနက် ငါးယောက်မှာ အပြင်သို့ထွက်ကာ လေ့ကျင့်မည်ဖြစ်ပြီး နှစ်ယောက်မှာ ဂိုဏ်း၏လုပ်ငန်းများကို စောင့်ကြပ်၍ လေးယောက်က ဂိုဏ်းကို စောင့်ရှောက်မည်ပေ။

ဤသို့ဖြင့် အပြင်ထွက်ရမည်ဖြစ်သောအကြီးအကဲခုနစ်ယောက်မှာ ပြင်ဆင်ရန် အလျင်စလိုပြန်သွားကြတော့သည်။

ကျန်သည့် လေးယောက်ကတော့ စုယွမ်၏ဖူကွယ်လျှို့ဝှက်နယ်မြေထဲဝင်ကာ ငွေဖြူဝိညာဉ်ရေတံခွန်ကို လေ့လာကြတော့၏။

ဤသို့ဖြင့် အမတအကြီးအကဲနန်ကုန်းသာလျှင် နေရာတွင်ကျန်ရှိရင်း စုယွမ်နှင့်အတူ လက်ဖက်ရည်သောက်နေ၏။

စုယွမ်လည်း စပ်စုလိုက်သည်။

“ခင်ဗျား အယူအဆလေ့လာဖို့မသွားဖူးလား။”

အမတအကြီးအကဲနန်ကုန်းမှာ လက်ဝေ့ပြလိုက်၏။

“ငါ့ဒုတိယရှေးဦးဝိညာဉ်က အခုထိ စာကြည့်တိုက်ထဲ ထိပ်သီးကျင့်စဥ်ဆယ့်ကိုးပိုင်းမြောက်ကိုကျင့်ကြံတုန်းပဲ၊ သွားလို့မရဘူး။”

စုယွမ််လည်း ဒါကိုကြားတော့ ထပ်မေးလိုက်၏။

“အဲ့ဒါဆိုရင် ခင်ဗျားရဲ့ပင်မခန္ဓာကိုယ်ကပါ သွားပြီးလေ့ကျင့်သင့်တာမဟုတ်ဘူးလား။”

“ကျင့်ကြံရေးမှာလည်း အနားယူချိန်နဲ့ကျင့်ကြံချိန်မျှတဖို့လိုတယ်ကွ။”

အမတအကြီးအကဲနန်ကုန်းက တည်ငြိမ်စွာဆိုလာသည်။

“ဒါပေမဲ့ ကျွန်တော်က အခုပဲ အပိုင်း၂၈ကနေ၃၆အထိ ထပ်ဖြည့်ဖို့ကြံနေတာလေ။ ခင်ဗျား ဒီမှာထိုင်ပြီး လက်ဖက်ရည်သောက်ဖို့အချိန်ရှိတာသေချာရဲ့လား။”

စုယွမ် တမင်တကာမေးလိုက်၏။

All Chapters