← Chapters

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း ၁၈၀

Vol. 18 Ch. 180

Chapter 180: မမျှော်လင့်ထားသောပါရမီစွမ်းရည်။

“ဖူး။”

အမတအကြီးအကဲနန်ကုန်းမှာ ပါးစပ်ထဲမှ လက်ဖက်ရည်များပင် ပန်းထုတ်မိသွား၏။

သူ့မှာ ကြောင်အအဖြင့် ဆက်ပြောလာသည်။

“မင်းက အပိုင်း၂၈ကနေ၃၆ထိထပ်ဖြည့်မလို့လား။ အခုလေးတင် ၁၉ကနေ၂၇အထိ ဖြည့်လာတာမဟုတ်ဘူးလား။”

“ဟုတ်တယ်လေ၊ ဒါပေမဲ့ ကျွန်တော် အခုလေးတင် စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်ကို တက်သွားတာမဟုတ်ဘူးလား။ အဲ့ဒါကြောင့်မလို့ အသစ်ထပ်ရေးရမှာပေါ့။”

စုယွမ် ပြောလိုက်သည်။

အမတအကြီးအကဲနန်ကုန်းမှာ တစ်ခဏမျှ ဆိတ်ငြိမ်သွားရရင်း လက်နှစ်ဖက်ကို အရိုအသေပြုဟန် ဆုပ်လိုက်ကာ ဆိုလာ၏။

“နှုတ်ဆက်ပါတယ်၊ ငါနောက်အချိန်ရမှ လက်ဖက်ရည်သောက်ဖို့ ပြန်လာခဲ့ပါမယ်။”

အမတအကြီးအကဲနန်ကုန်းတစ်ယောက် ချက်ချင်း ပြန်သွားတော့သည်။

ကုချင်းကျူးကလည်း ခေါင်းကုတ်ရင်း မေးလာသည်။

“ငါလည်း အဲ့ဒါတွေကို သင်သင့်လား။”

“ခင်ဗျားက မသင်တာကောင်းမယ်။ ခင်ဗျားလမ်းကြောင်းက ပေါ်နေပြီးသားကို။ ခင်ဗျား ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ရှိတဲ့အထိစောင့်၊ အဲ့ဒီကျရင်တော့ လမ်းကြောင်ပြောင်းချင်ပြောင်းရပြီလေ။”

စုယွမ် ပြောလိုက်သည်။

ကုချင်းကျူးမှာ ချောင်းဆိုးလိုက်မိပြီး ပြောလာ၏။

“စုယွမ်၊ မင်းငါ့ကို ယုံကြည်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒါပေမဲ့ ငါ့အတွက် ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ကို ရောက်ဖို့ တော်တော်ခက်လိမ့်မယ်ထင်တယ်။”

စုယွမ် အံ့ဩသွားပြီးမေးလိုက်သည်။

“ဘာလို့ မရောက်နိုင်ရမှာလဲ။ ရှေးဦးဝိညာဉ်ဆိုတာ အရွယ်ရောက်သွားတဲ့စိတ်ဝိညာဉ်ပဲ မဟုတ်ဘူးလား။ ဘာမှ ကြီးကြီးမားမားမကွာခြားလို ကောင်းကင်ဘုံတာအိုကို သိနားလည်ဖို့လည်း အရမ်းမလိုပါဘူး။”

ကုချင်းကျူး၏နှုတ်ခမ်းများ တွန့်သွားရသည်။

“စိတ်ဝိညာဉ်ကနေ ရှေးဦးဝိညာဉ်ဖြစ်ဖို့ဆိုရင် ဝိညာဉ်စွမ်းအင်တင်လိုတာမဟုတ်ဘူး၊ စိတ်ဝိညာဉ်ကပါ ယင်းကနေယန်ကို ပြောင်းလဲနိုင်ဖို့လိုတယ်။ ပထမဆုံးအနေနဲ့ စိတ်ဝိညာဉ်က ဝိညာဉ်ပေါ်ထွက်လာတာကို လက်ခံရမယ်၊ ယင်းစွမ်းအင်လျော့နည်းလာတာကိုရော၊ နတ်ဆိုးချီစွမ်းအင်ကိုပါ တောင့်ခံရင်း စိတ်ဝိညာဉ်ရဲ့ခွန်အားကို မြင့်ပေးရမယ်။ နောက်ပြီး နေနဲ့လစွမ်းအင်ကို ခံယူရမယ်၊ ဒြပ်စင်ငါးမျိုးနဲ့အားဖြည့်ပြီး နောက်ဆုံးမှာ ထူးခြားတဲ့မိုးကြိုးတစ်ခုကို သုံးပြီး ဝိညာဉ်ကို သန့်စင်လို့ရမှာ။ အသက်အန္တာရယ်ကို ဖြတ်သန်းပြီးမှသာ ယန်အသွင်ပြောင်းတာကိုရောက်မှာ။ ဝိညာဉ်စွမ်းအင်အပိုင်းကို ဖယ်ထားရင်တောင် လိုအပ်တဲ့ရတနာတွေစုဆောင်းရတာနဲ့တင် ရှုပ်ထွေးမှာ။”

“အဲ့ဒီလောက်ရှုပ်တာလား။ အဓိကက စိတ်ဝိညာဉ်ကို အားကောင်းကိုလုပ်ဖို့ပဲလေ၊ ပစ္စည်းတွေက အစားထိုးလို့ရတာပဲ။”

စုယွမ် ခေါ်လိုက်သည်။

“လောင်ချမ်။”

ခေါင်းဖြူနေသည့်လူငယ်လေးတစ်ယောက်က လေထဲမှထွက်ပေါ်လာ၏။

“သခင်။”

လောင်ချမ်ကလည်း ပူးပေါင်း၍ ခစားဟန်ပြလာသည်။

“မိုးကြိုးအနှစ်နည်းနည်းကို သူ့ကို ပေးလိုက်ပါ။”

စုယွမ် အမိန့်ပေးလိုက်သည်။

လောင်ချမ်လည်း ဘေးရှိ ကုချင်းကျူးကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကို သန့်စင်သည့်ရေဘောလုံးတစ်ခုကို ပေးလိုက်၏။

ကုချင်းကျူးကလည်း ထို ရေအနည်အနှစ်ကို ရှုပ်ထွေးစွာကြည့်လိုက်၏။

“ဒါက ဘာလဲ။”

“ဒါက မိုးကြိုးအနည်အနှစ်လေ။ သူက စိတ်ဝိညာဉ်အပေါ်ရော ရှေးဦးဝိညာဉ်အပေါ်ကိုပါ ကြီးထွားစေနဲ့အာနိသင်ရှိတယ်။ ဒါ့အပြင် ယန်အသွင်ပြောင်းတာကိုလည်း အားဖြည့်ပေးတယ်။ ဒါကို ယူသွားပြီး လေ့ကျင့်လိုက်ပါ။ ပြောရရင် ဒီမိုးကြိုးအနည်အနှစ်ရဲ့အာနိသင်ကို ကျွန်တော့်အတွက်ပါ ကူစမ်းပေးပေါ့။”

စုယွမ် ပြောလိုက်သည်။

“ဘာ။”

ကုချင်းကျူး ပျော်ရွှင်အံ့ဩနေရသည်။

“မင်းတောင် မသုံးရသေးဘူးလား။”

“မသုံးရသေးဘူး။”

စုယွမ် ပြောလိုက်၏။

“အဟမ်း၊ ဒါက အန္တာရယ်ရှိလောက်လား။”

ကုချင်းကျူး ချောင်းဟန့်၍ မေးလိုက်သည်။

“သေတော့မသေနိုင်ပါဘူး။”

စုယွမ်မှာ ခဏမှတွေးပြီးမှ ဖြေလိုက်၏။

“အဲ့ဒီဆိုရင်လည်း ငါပြန်ယူသွားပြီး မသုံးခင် သေချာလေ့လာကြည့်လိုက်ဦးမယ်။”

ကုချင်းကျူးက ပြောလာသည်။

“အမ်း၊ ရလဒ်ထွက်ရင် ကျွန်တော့်ကို ပြန်လာပြောဦး။”

ဤသို့ဖြင့် ကုချင်းကျူးမှာ မိုးကြိုးအနည်အနှစ်ကို ကိုင်၍ ပြန်သွားတော့လေသည်။

“အဲ့ကောင်စုတ်လေး ကံကောင်းသွားတာပဲ။ အဲ့ဒီမိုးကြိုးအနည်အနှစ်က သူ့ကို ဆယ်နှစ်စာကျင့်ကြံရေးကိုတောင် သက်သာစေလိမ့်မှာ။”

လောင်ချမ်က နှုတ်ခမ်းတွန့်ကာ ပြောလာသည်။

စုယွမ်လည်း ပြုံး၍ သာမာန်လျှံကာသာ ဆိုသည်။

“ဒီလိုမျိုးမိုးကြိုးအနှစ်မျိုးက စိတ်ဝိညာဉ်ကို တကယ်ပဲ ယန်အသွင်ပြောင်းတာကို လွယ်ကူစေပြီး ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်တက်ဖို့လည်း လွယ်သွားလိမ့်မယ်။ သူ ငါ့ကို မကြာခင်ပြန်လာရှာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် မင်းအဆင့်ကိုမြင့်ပေးမဲ့ ရတနာတစ်ခုခုကို တောင်းဆိုလိုက်တာပေါ့။”

လောင်ချမ် မျက်လုံးများ တောက်ပသွား၏။

“မင်းကတော့ တကယ်ဉာဏ်ကောင်းဆဲပဲ။”

စုယွမ် လက်ယမ်းလိုက်သည်။

“ကိစ္စသေးသေးလေးတွေပါ။ ငါ တစ်ခဏလောက် တံခါးပိတ်ကျင့်ကြံဦးမှာ။ မနှောင့်ယှက်နဲ့နော်။”

“နားလည်ပါပြီ။”

လောင်ချမ်က အလေးအနက်ခေါင်းညိတ်ပြလာသည်။

ထို့နောက် လောင်ချမ်မှာ စုယွမ်တစ်ယောက် အခန်းထဲဝင်သွားကာ အိပ်ရာပေါ်လဲလိုက်ရင်း မျက်လုံးမှိတ်လိုက်တာကို မြင်လိုက်ရ၏။

မကြာမီ စည်းချက်ကျနေသော ဟောက်သံများတောင်ထွက်လာကာ အခန်းထဲ ပဲ့တင်နေလေသည်။

“ဟမ်၊ စုယွမ်က တံခါးပိတ်ကျင့်ကြံနေတာလား။ ဒါကြီးက အိပ်နေတာမဟုတ်ဘူးလား။”

လောင်ချမ်မှာ အံ့အဩကြီး အံ့ဩနေရသည်။

ခုနစ်ရက်ဟူသောအချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။

စုယွမ်က အပျင်းကြောဆန့်ရင်း နိုးထလာကာ လူတစ်ကိုယ်လုံးလည်း လန်းဆန်းနေသည်။ အဆင့်တက်ရခြင်း၏နွမ်းနယ်မှု၊ အင်အားကြီးရန်သူကို သတ်လိုက်ရခြင်းကြောင့်ပင်ပန်းတို့အကုန်လုံးမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်သည်နှင့် အကုန်ပြေပျောက်သွားသည်ပင်။

စုယွမ်၏အမူအရာကလည်း တော်တော်လေးစိတ်သက်သာရာရနေသည်။ သူ ကျင့်ကြံရေးလောကထဲသို့ ကူးပြောင်းလာစဉ်ကတည်းက စိုးရိမ်မှုဟူသောခံစားချက်တစ်ခုကို အမြဲတစေခံစားနေရပြီး အင်အားကြီးရန်သူတစ်ယောက်ရုတ်တရက်ပေါ်လာကာ သူ့ကို သတ်ပစ်မှာကို ကြောက်ရွံ့ခဲ့ရတာဖြစ်၏။

ယခုဆိုလျှင် သူက ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့် ခွန်အား၊ အဆင့်မြင့်ဝိညာဉ်ရတနာနှစ်ခု၊ လွန်စွာသန်မာသောရုပ်ခန္ဓာကိုယ်နှင့်အတူ ပါရမီစွမ်းရည်ခြောက်ခုကူညီမှုတို့ပါ ရှိနေလေသည့်အတွက် နောက်ဆုံးတော့ သူ့နှလုံးသားမှာ တည်ငြိမ်နိုင်ချေပြီ။

ယခုတွင် သူက အေးဆေးလေးသာ လှဲလျောင်းရင်း ကျော်ကြားမှုအမှတ်တက်လာမည်ကိုသာ အေးဆေးလေးစောင့်ရင်တောင်ရ၏၊ ထိုသို့ အမှတ်တက်လာမည်ကိုလည်း အလောတကြီး အလျင်လိုစရာမရှိတော့။

ယခုမှစ၍ သူ အလုပ်နှင့်နားနေဖလှယ်မှုအတွက် အနားယူချိန်ကို သေချာစုဆောင်းလေပြီ။

စုယွမ်လည်း အခန်းထဲက ထွက်လိုက်တော့ စုလန်က ချက်ချင်း သူ့ကို လာနှုတ်ဆက်သည်။

“သခင်၊ ညစာစားချင်လား။”

စုလန်က မေးလာ၏။

“အမ်း၊ ပြင်လိုက်ပါ။”

စုယွမ် ခေါင်းညိတ်ပြလိုက်သည်။

စုလန်လည်း မြန်မြန် သွားပြင်တော့၏။

မကြာမီ စုကျူကလည်း လက်ဖက်ရည်တစ်အိုးသယ်လာကာ စုယွမ်အတွက် တစ်ခွက် ငှဲ့ပေးလာ၏။ ထို့နောက် စုကျူက စုယွမ်နောက်လျှောက်ကာ ပုခုံးများကို နှိပ်ပေးရန် ပြင်လာသည်။

“သခင်၊ သခင်ကို ပုခုံးနှိပ်ပေးပါရစေ။”

စုကျူက နူးညံ့စွာဆိုလာသည်။

“အမ်း။”

စုယွမ် ခေါင်းညိတ်လိုက်၏။

စုကျူလည်း ပျော်သွားပြီး စုယွမ်၏ပုခုံးနှင့်နောက်ကျောကို ကျွမ်းကျင်စွာ နှိပ်ပေးလာ၏။ ကျွမ်းကျင်လွန်းသည့်အတွက် သူမကြည့်ရသည်မှာ ကြိမ်ဖန်များစွာလေ့ကျင့်ထားပုံပင်။

စုယွမ် ဝိညာဉ်စိုက်ခင်းများထံ လှည့်ကြည့်လိုက်သည်။

သူ စုသာ့၊ စုအာ၊ စုစန်းတို့ငါးလေးသုံးကောင်မှာ မြေကိုဆွကာ အင်းစက်များဖယ်ရှားရင်း အလွန်အလုပ်ရှုပ်နေတာကို တွေ့လိုက်ရ၏။

ရှောင်ချိုက်ကတော့မြစ်ဘေးတွင်နေရင်း ဝိညာဉ်ငါးများကို စောင့်ကြည့်နေ၏။ ဝိညာဉ်ငါးတို့မှာ ရှောင်ဖယ်နေသော်ငြား ရှောင်ချိုက်မြင်ကွင်းမှ မလွတ်မြောက်ဖြစ်နေလေသည်။

ရှောင်ချိုက်က အော်ဟစ်နေရင်း ဝိညာဉ်တစ်ကောင်ချင်းစီ၏အမှားများကို ပြောကာ ကြပ်မတ်ပေးနေလျက် အချိန်ကောင်းများ ရှိနေသည့်ပုံပါပေ။

စုယွမ် ပြုံးလိုက်မိသည်။ ရှောင်ချိုက်၏စိတ်နေစိတ်ထားမှာ ကလေးသာသာပဲဖြစ်နေဆဲပါပင်။ တတိယအဆင့်ရောက်တာတောင် သူ့မျိုးရိုးအတွက် ကလေးဖြစ်နေသေးသည်လား။

စုယွမ်လည်း လက်ဖက်ရည်တစ်ငုံသောက်ရင်း စနစ်မျက်နှာပြင်ကို ကြည့်လိုက်၏။

【အမည်】: စုယွမ်

【နယ်မြေ】: ချင်းခယ်ကုန်းမြေ

【အဆင့်】: လူသိများကျော်ကြား(14.2M/ 10M)

【ကျင့်ကြံမှုအဆင့်】: စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်အလတ်ပိုင်း(1/100)

【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: လက်ရှိနားနေချိန်: ၇ရက်။

【ပါရမီစွမ်းရည်နှစ်】: တာအိုပညာနှင့်သဘာ။

【ပါရမီစွမ်းရည်သုံး】: ခုနစ်စဥ်ကြယ်။

【ပါရမီစွမ်းရည်လေး】: စိတ်အာရုံ။

【ပါရမီစွမ်းရည်ငါး】: ရှိန်ဝါမြင့်။

【ပါရမီစွမ်းရည်ခြောက်】: အန္တာရယ်ကျချိန်တိုးတက်မှု။ သက်တမ်း: 103530နှစ်။

【ပါရမီစွမ်းရည်ခုနစ်】: ရွေးချယ်ရန်။

All Chapters