← Chapters

အခန်း ၂၂၈၁

Vol. 142 Ch. 2281

အခန်း ၂၂၈၁

Vol. 142 Ch. 2281

အခန်း ၂၂၈၁ ပင်လယ်လေးစင်းမှ ဘုရင်များကို ဘွဲ့နှင်းသဘင် ဆင်ယင်ခြင်း။

ယိုကျိုးတိုက်ပွဲ ကြာမြင့်ချိန် သိပ်မရှည်လေ့သော်လည်း၊ ဝမ်ချောင်၏ ခံစားချက်ထဲတွင်တော့ နှစ်ပေါင်းများစွာ ကြာမြင့်သွားသကဲ့သို့ ခံစားရသည်။

သို့သော်လည်း မည်သို့ပင်ဖြစ်စေ အန်းလုရှန်းသည် ကွပ်မျက်ခံလိုက်ရပြီဖြစ်ပြီး ယိုကျိုးတပ်မတော်မှာလည်း မရှိတော့ပေ။ သူ၏မှတ်ဉာဏ်ထဲရှိ မဟာထန်ကို ခေတ်ပျက်ကြီးဆီသို့ တွန်းပို့ခဲ့သော အန်းရှီပုန်ကန်မှုကြီးမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

မဟာထန်၏ ခေတ်ကောင်းကြီး အမြဲတည်ရှိနေသရွေ့၊ ပြည်သူပြည်သားများ အေးချမ်းသာယာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်သရွေ့၊ ပြီးခဲ့သော ဘဝကကဲ့သို့ သက်ရှိသတ္တဝါများ သေကျေပျက်စီးပြီး မြေပြင်များ မိုင်ထောင်ချီ ခေါင်းပုံဖြတ်ခံရသည့် အဖြစ်ဆိုးမျိုး ထပ်မဖြစ်တော့သရွေ့၊ ဝမ်ချောင်အတွက်တော့ ယင်းက အကြီးမားဆုံးသော ဆုလာဘ်နှင့် နှစ်သိမ့်မှုပင် ဖြစ်သည်။

လူပင်လယ်ကြီးသဖွယ် များပြားလှသော မြို့တော်သူ မြို့တော်သားများ၏ လမ်းဘေးတစ်ဖက်တစ်ချက်မှ သြဘာပေးသံများကြားတွင်၊ တပ်ကြီးသည် မြို့တံခါးကို ဖြတ်သန်းကာ မြို့တော်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး မြို့တော်အတွင်းရှိ အဆိုပါ လေးစားကြည်ညိုမှုနှင့် စိတ်လှုပ်ရှားမှု အပြည့်ပါသော မျက်လုံးများကို မြင်လိုက်ရချိန်တွင်၊ ဤအခိုက်အတန့်၌ စစ်သည်တော်တိုင်းက သူတို့၏ ပေးဆပ်မှုများသည် တန်ဖိုးရှိလှသည်ဟု ခံစားလိုက်ကြရသည်။

“ဧကရာဇ်မင်း ကြွလာပြီ”

ဤအချိန်မှာပင် ရုတ်တရက် ကျယ်လောင်စူးရှသော အသံတစ်သံက နားထဲသို့ ဝင်ရောက်လာပြီး မြို့တံခါးပတ်လည်တွင် ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။

မရေမတွက်နိုင်သော နန်းတွင်းကိုယ်ရံတော်များနှင့် ကျင်းဝူအစောင့်များ၏ ခြံရံမှုအောက်တွင်၊ နန်းတွင်း အမတ်မင်းများက ရှေ့မှ၊ နဂါးဝေါယာဉ်က နောက်မှဖြင့် ခမ်းနားထည်ဝါစွာ ဝမ်ချောင်ရှိရာ အရပ်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာကြသည်။

နဂါးဝေါယာဉ်ပေါ်တွင် ဘုရင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး၏ ပုံရိပ်က တည်ငြိမ်သော အကြည့်၊ မြင့်မြတ်ပြီး အထွတ်အမြတ်ထားရသည့် အသွင်အပြင်ဖြင့် တပ်မတော်ကြီး၏ ရှေ့ဆုံးမှ ဝမ်ချောင်ဆီသို့ တန်းတန်းမတ်မတ် ကြည့်လိုက်သည်။

မဟာထန်၏ ဧကရာဇ်သစ် လီဟန်ပင်တည်း။

ယိုကျိုးတိုက်ပွဲ ပြီးဆုံးကြောင်း သတင်းများ ရောက်လာကတည်းက လီဟန်နှင့် နန်းတွင်းအမတ်များအားလုံး မျှော်တလင့်လင့် ဖြစ်နေခဲ့ကြပြီး ယခုတပ်မကြီး မြို့တော်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းရသည်နှင့် လီဟန်ကိုယ်တိုင် အမတ်မင်းများအားလုံးကို ဦးဆောင်ကာ မြို့တံခါးပေါက်အထိ လာရောက်ကြိုဆိုခဲ့ခြင်း ဖြစ်သည်။

ရှေးခေတ်မှ ယနေ့တိုင်အောင်၊ ကောင်းကင်ဘုံ၏သားတော်ဆိုသည်မှာ ညီလာခံ၌သာ ထိုင်လေ့ရှိပြီး မည်မျှပင် ဝေးကွာပါစေ နန်းတော်တံခါးပေါက်အထိသာ ထွက်လေ့ရှိရာ၊ လီဟန်က ဝမ်ချောင်အား ပေးအပ်လိုက်သော ဂုဏ်ပြုမှုအဆင့်အတန်းမှာ ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော အလွန်မြင့်မားသည့် ဧည့်ဝတ်ကျေပွန်မှုမျိုး အမှန်တကယ် ဖြစ်ပေသည်။

“ကျွန်တော်မျိုး အရှင်ဧကရာဇ်ကို ဂါရဝပြုပါတယ်”

“ယိုကျိုးတိုက်ပွဲမှာ အမိန့်တော်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပြီး၊ ဒီကနေ့ တပ်မတော်ကြီး အောင်ပွဲခံပြန်လာတဲ့အတွက် အရှင်ဧကရာဇ်ထံ အစီရင်ခံစာ တင်သွင်းအပ်ပါတယ်”

ဝမ်ချောင်က ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားပြီး နဂါးဝေါယာဉ်ပေါ်မှ ဆင်းလာသော လီဟန်ကို ကြည့်ကာ ခါးညွှတ်အရိုအသေ ပြုလိုက်သည်။ သူ၏ကျယ်လောင်သော အသံမှာ အရှေ့ဘက် မြို့တံခါးတစ်ခုလုံး၏ ကောင်းကင်ထက်၌ ပဲ့တင်ထပ်သွားခဲ့သည်။

ထိုခဏ၌ ကောင်းကင်နှင့်မြေကြီး တစ်ခုလုံး တိတ်ဆိတ်သွားပြီး၊ ပတ်ဝန်းကျင် အရပ်လေးမျက်နှာရှိ တောင်တန်းများ၊ သမုဒ္ဒရာများသဖွယ် ထူထပ်သိပ်သည်းလှသော ပြည်သူပြည်သားများမှာ ချက်ချင်းဆိုသလို ငြိမ်သက်သွားကာ အကြည့်အားလုံးက ဝမ်ချောင်နှင့်လီဟန်တို့ နှစ်ဦးဆီသို့ စုပြုံကျရောက်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးသည် ကောင်းကင်နှင့်မြေကြီးကြားရှိ အမှန်တကယ် ထာဝရ ဗဟိုချက်မများ ဖြစ်လာခဲ့ကြသည်။

ဘုရင်က ဘုရင်၊ အမတ်က အမတ်ဖြစ်သည်။

သို့သော်လည်း သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးမှာ သာမန်ဘုရင်နှင့် အမတ် ဆက်ဆံရေးမျိုး လုံးဝမဟုတ်ပေ။

ယနေ့အချိန်အထိ ဝမ်ချောင်နှင့်လီဟန်တို့ကြားရှိ ချစ်ကြည်ရင်းနှီးမှုမှာ ကမ္ဘာတစ်ဝှမ်းလုံးသို့ ကျော်ကြားပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။

အစောပိုင်း ကွန်ဝူလေ့ကျင့်ရေးစခန်းတွင် ကျရှုံးနေခဲ့သော လီဟန်ကို ယခုကဲ့သို့သော အဆင့်အတန်းအထိ ရောက်လာအောင် လက်တစ်ဖက်တည်းဖြင့် ပံ့ပိုးပေးခဲ့သူမှာ ဝမ်ချောင်ပင် ဖြစ်သည်။

ထို့အတူပင် ဝမ်ချောင်နေမွန်းတည့်ချိန်ကဲ့သို့ အရှိန်အဝါ ကြီးမားနေချိန်တွင် မဟာထန်၏ စစ်တပ်အားလုံးနီးပါးကို ဝမ်ချောင်ထံသို့ မဆိုင်းမတွ လွှဲပြောင်းပေးအပ်ခဲ့ပြီး တပြိုင်နက်တည်းမှာပင် အပြည့်အဝ ထောက်ခံအားပေးကာ လုံးဝသံသယမရှိခဲ့သူမှာလည်း လီဟန်တစ်ဦးတည်းသာ လုပ်နိုင်စွမ်းရှိသည်။

လူကိုသုံးလျှင် မသင်္ကာမဖြစ်နှင့်၊ မသင်္ကာလျှင် ထိုလူကို မသုံးနှင့်၊ ရှေးခေတ်မှ ယနေ့တိုင်အောင် ဤအချက်တစ်ခုတည်းနှင့်ပင် လီဟန်၏စိတ်ထားကျယ်ဝန်းမှုက ဘုရင်အများစုထက် သာလွန်နေခဲ့သည်။

“မျိုးနွယ်ခြားဘုရင်ဝမ်ချောင်၊ ကျန်း မင်းကို အထင်မမှားခဲ့ပါဘူး။ မင်းဟာ ငါတို့မဟာထန်ရဲ့ ထာဝရ ကျေးဇူးရှင် အမတ်ကြီးပါပဲ။ ဒီနေ့ကစပြီး ကျန်းရှေ့မှာ မင်း ဘယ်တော့မှ အရိုအသေပြုစရာ မလိုတော့ဘူး”

လီဟန်က ရှေ့သို့တိုးကာ ဝမ်ချောင်ကို တွဲထူရင်း ပြောလိုက်သည်။

လီဟန်၏စကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ အမတ်များအားလုံး စိတ်လှုပ်ရှားတုန်လှုပ်သွားကြသည်။

မင်းဆက်အဆက်ဆက်တွင်၊ စစ်သူကြီးများ အဝေးရောက်နေချိန် စစ်မိန့်များကို လက်ခံရန် မလိုအပ်ခြင်း၊ မြင်းပေါ်တွင် ရှိနေစဉ်နှင့် သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားချိန်တွင် အရိုအသေပြုရန် အဆင်မပြေခြင်းတို့မှာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စရပ်များသာ ဖြစ်သည်။

သို့သော်လည်း နန်းတော်အတွင်း၌ ဘုရင်နှင့် တွေ့ဆုံရာတွင် ဘုရင်နှင့် အမတ်ကြား အရိုအသေပြုခြင်း အလေ့အထကို လုပ်ဆောင်ရန် မလိုအပ်သည်မှာတော့ ဝမ်ချောင်တစ်ဦးတည်းသာ ရှိမည်ဟု ထင်ရသည်။

ဝမ်ချောင်အပေါ်ထားရှိသော လီဟန်၏တန်ဖိုးထားမှုနှင့် ယုံကြည်မှုကို သိသာထင်ရှားစွာ မြင်တွေ့နိုင်ပေသည်။

သို့သော် ပတ်ဝန်းကျင် မြို့တံခါးအနီးရှိ မြို့တော်သူ မြို့တော်သားများအားလုံးကတော့ ထိုမျှလောက်အထိ တွေးတောနေခြင်း မရှိကြပေ။ တပ်မကြီး ပြန်လည်ရောက်ရှိလာချိန်တွင် လီဟန်ကိုယ်တိုင် ရှေ့ထွက်ကာ ဝမ်ချောင်ကို တွဲထူပေးခဲ့ပြီး ဘုရင်နှင့် အမတ်တို့ သင့်မြတ်ညီညွတ်နေသည့် ထိုမြင်ကွင်းလေးက လူတိုင်း၏ဦးနှောက်ထဲသို့ နက်ရှိုင်းစွာ စွဲထင်သွားခဲ့ကာ သမိုင်းတွင် အမည်တွင်ပြီး နောင်အနာဂတ်အထိ ထာဝရ မွှေးကြိုင်နေတော့မည် ဖြစ်သည်။

ကြီးကျယ်ခမ်းနားလှသော ကြိုဆိုပွဲ အခမ်းအနားကြီးအတွင်းတွင်၊ ဝမ်ချောင်က လီဟန်၏ နဂါးဝေါယာဉ်ပေါ်သို့ တက်ရောက်ကာ အမတ်များနှင့်အတူ နန်းတော်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

မြို့တော်အတွင်း၌မူ အရာအားလုံးက ပြီးဆုံးရန် အလှမ်းဝေးနေဆဲဖြစ်သည်။၊ ပြည်သူပြည်သားများက ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်သော ကြိုဆိုပွဲ လှုပ်ရှားမှုများမှာ နေ့ရောညပါ သုံးရက်တိုင်တိုင် ဆက်လက်ဖြစ်ပေါ်နေခဲ့ကာ၊ မရေမတွက်နိုင်သော မီးရှူးမီးပန်းများက မြို့တော်၏ ညချမ်းအချိန်ကို နေ့လယ်ခင်းကဲ့သို့ လင်းထိန်နေစေခဲ့သည်။

မြို့တော်တစ်ခုတည်းတွင်သာ မကဘဲ ကျိုကျိုးပြည်နယ်ရှိ ပြည်သူပြည်သားအားလုံးက အရှေ့မြောက်ဘက် ယိုကျိုးတိုက်ပွဲကြီး ပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် အရပ်ရှစ်မျက်နှာ ပင်လယ်လေးစင်းမှ နိုင်ငံအားလုံးသာမက အဝေးကွာဆုံးဖြစ်သော အာရပ်အင်ပါယာ အပါအဝင် အားလုံးက ထန်အင်ပါယာထံသို့ အညံ့ခံ လက်နက်ချလိုက်ပြီ ဖြစ်ကြောင်းကို သိရှိသွားကြပြီ ဖြစ်သည်။

မရေမတွက်နိုင်သော သမိုင်းစာအုပ်များ၊ ပညာရှင်များစွာနှင့် စားသောက်ဆိုင်မှ ပုံပြင်ပြောသူများ၏ နှုတ်ဖျားတွင်သာ ပျံ့နှံ့လေ့ရှိသော ကမ္ဘာလောက၏ ငြိမ်းချမ်းရေးဆိုသည်မှာ ယခုမင်းဆက်တွင် အမှန်တကယ် လက်တွေ့ဖြစ်လာခဲ့ပြီ ဖြစ်သည်။

နောင်တစ်ချိန်တွင် မည်သည့်နိုင်ငံများ၏ စစ်ပွဲမျှ ထပ်မံဖြစ်ပွားတော့မည် မဟုတ်ဘဲ၊ ၎င်းမှာ ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော ကြီးကျယ်ခမ်းနားလှသည့် ခေတ်ကြီးတစ်ခုပင် ဖြစ်သည်။

နောင်အနာဂတ်တွင် မဟာထန်သည် ပိုမို၍အင်အားကြီးမားကာ စည်ပင်ဝပြောလာတော့မည် ဖြစ်သည်။

……

နန်းတော်အတွင်း ဘုရင်နှင့် တွေ့ဆုံခြင်း ပြီးဆုံးသွားပြီးနောက်၊ ဝမ်ချောင်မှာ အိမ်သို့ အမြန်ပြန်လာခဲ့ပြီး မိသားစုဝင်များနှင့်အတူ ရှားပါးလှသော အားလပ်ချိန်လေးကို ခံစားနေခဲ့သည်။

ပြန်လည်မွေးဖွားလာပြီးကတည်းက၊ဝမ်ချောင်သည် တိုက်ပွဲဝင်နေခြင်း မဟုတ်လျှင်ပင် တိုက်ပွဲအတွက် ပြင်ဆင်နေခဲ့ရပြီး၊ ဤတိုက်ပွဲ ပြီးဆုံးလျှင် နောက်တိုက်ပွဲတစ်ခု ဆိုသလိုပင် စက်ခလုတ် နှိပ်ခံထားရသည့်အလား မည်သည့်အခါမျှ အနားမရခဲ့ချေ။

သို့သော်လည်း စစ်ပွဲကြီး ပြီးဆုံးသွားပြီဖြစ်ရာ ဤအရာအားလုံးက အမှန်တကယ် အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပြီး အရပ်ရှစ်မျက်နှာ ပင်လယ်လေးစင်းတွင် မဟာထန်အတွက် မည်သည့် ခြိမ်းခြောက်မှုနှင့် ရန်သူမျှ မရှိတော့ပေ။

အချိန်များက ရက်ကန်းစင်မှ လွန်းပျံကဲ့သို့ ကုန်လွန်သွားခဲ့ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် လပေါင်းများစွာ ကြာမြင့်သွားခဲ့ပြန်သည်။

နောက်ထပ် နံနက်ခင်း ညီလာခံ ကျင်းပမည့်နေ့တစ်နေ့သို့ ရောက်ရှိလာချိန်တွင်၊ တိတ်ဆိတ်စေရန် အချက်ပေးသံ ထွက်ပေါ်လာပြီးနောက် မိန်းမဆိုးအရာရှိ၏ ကြေညာသံနှင့်အတူ စာပေနှင့် စစ်ရေး အမတ်မင်းများအားလုံး တစ်ယောက်ပြီးတစ်ယောက် တန်းစီဝင်ရောက်လာကြကာ ထိုက်ဟယ်နန်းဆောင်အတွင်းသို့ ဝင်ရောက်လာကြသည်။

ကြီးကျယ်ခမ်းနားပြီး အလွန်လှပသော ထိုက်ဟယ်နန်းဆောင်ပေါ်တွင် လီဟန်သည် ဘုရင်ဝတ်စုံကို ဝတ်ဆင်ထားကာ ခန္ဓာကိုယ်ကို မတ်မတ်ထားလျက် တောက်ပနေသော နဂါးမျက်လုံးများဖြင့် အထက်နေရာတွင် ဝင်ထိုင်နေနှင့်ပြီ ဖြစ်သည်။

“ချွင်”

ခေါင်းလောင်းသံ(အချက်ပေးသံ) ထွက်ပေါ်လာသည်နှင့်အတူ၊ နန်းဆောင်အတွင်းရှိ အမတ်မင်းများအားလုံးက ချက်ချင်းပင် တပြိုင်နက် ဒူးထောက်ကာ ဦးညွှတ်လိုက်ကြသည်။

“ဧကရာဇ်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ၊ ရှည်ပါစေ”

ဤသည်မှာ ထိုက်ဟယ်နန်းဆောင်အတွင်း နံနက်ခင်း ညီလာခံ ကျင်းပခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း၊ယနေ့တွင်တော့ ပုံမှန်နှင့် လုံးဝကွာခြားနေခဲ့သည်။

လီဟန်က အထက်နေရာမှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ၏နဂါးမျက်လုံးများ အနည်းငယ် ပွင့်ဟသွားပြီး အဝေးသို့ လှမ်းကြည့်လိုက်ချိန်တွင်၊ နန်းဆောင်အတွင်း၌ မဟာထန်မှ စာပေနှင့် စစ်ရေး အမတ်မင်းများအပြင်၊ အခြားသော နိုင်ငံများမှ ဘုရင်များလည်း အမတ်တစ်ဦး၏ ရိုသေမှုမျိုးဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ဦးညွှတ်နေကြသည်ကို မြင်တွေ့လိုက်ရသည်။

တာ့ခ်အင်ပါယာမှ ဝူဆူမစ်ရှ် ခါဂန်း၊ ဂိုဂူလျော အင်ပါယာမှ ဧကရာဇ် ယွန်းဂျယ်စိုးမွန်း၊ ခီတန်ဘုရင်၊ ရှီဘုရင်မနှင့်တကွ အခြားနိုင်ငံများမှ စစ်သူကြီးများ၊ ထို့အပြင် ယွီစန်း အင်ပါယာမှဘုရင်နှင့် တာ့လွန်ချင်းလင်အပြင်၊ အာရပ်အင်ပါယာမှ ဧကရာဇ် မူတာစင်သုံးပါ မကျန် အားလုံးက တန်းစီနေကြသည်။

လူတိုင်းက အလွန်ရိုသေစွာဖြင့် မြေပြင်ပေါ်တွင် မှောက်လျက်နေကြပြီး သူတို့၏အမူအရာများမှာ အလွန်တရာ လေးစားမှု အပြည့်ရှိနေကြသည်။

ယနေ့မှစ၍၊ အရပ်ခြောက်မျက်နှာအတွင်းနှင့် အရပ်ရှစ်မျက်နှာ ပင်လယ်လေးစင်းတွင် အခြားမည်သည့် အင်ပါယာမျှ မရှိတော့ဘဲ၊ ထန်အင်ပါယာ၏ လက်အောက်ခံ နိုင်ငံများ၊ ပဏ္ဏာဆက် နိုင်ငံများနှင့် အမတ်နိုင်ငံများသာ ရှိတော့မည် ဖြစ်သည်။

ကုန်းမြေ ကမ္ဘာကြီး တစ်ခုလုံးတွင် အင်ပါယာ တစ်ခုတည်းသာ ရှိတော့ပြီး၊ ၎င်းမှာ ထန်အင်ပါယာပင် ဖြစ်သည်။

“ကြေညာစေ”

လီဟန်၏ မျက်လုံးများက တောက်ပသွားပြီးနောက် လူအများဆီမှ သူ၏ အကြည့်များကို လျင်မြန်စွာ ရုပ်သိမ်းလိုက်သည်။

စကားသံ ဆုံးသွားသည်နှင့်တပြိုင်နက် လီကျင်းကျုံးက သဘောပေါက်သွားကာ သူ၏အင်္ကျီလက်ကို တစ်ချက်ခါလိုက်ပြီး လျင်မြန်စွာ ရှေ့ထွက်လာခဲ့ကာ တပြိုင်နက်တည်းမှာပင် လက်ဝါးကို ဖြန့်၍ တော်ဝင်အမိန့်ပြန်တမ်း တစ်စောင်ကို ဖွင့်လှစ်လိုက်သည်။

“ကောင်းကင်ဘုံ၏ အလိုတော်အရ ထန်ဧကရာဇ်က အမိန့်တော် မှတ်လိုက်သည်:”

“ယခုအခါ ပင်လယ်လေးစင်း အေးချမ်းသာယာပြီး တိုင်းနိုင်ငံအားလုံး အတူတကွ ပျော်ရွှင်နေကြပြီဖြစ်ရာ၊ ကမ္ဘာမြေကို အေးချမ်းစေရန်အတွက် ပင်လယ်လေးစင်းမှ ဘုရင်များကို ဘွဲ့နှင်းသဘင် ဆင်ယင်လိုက်သည်”

“ယွန်းဂျယ်စိုးမွန်းအား ဧကရာဇ်ရာထူးမှ ဘုရင်ရာထူးသို့ ပြောင်းလဲကာ အရှေ့ပိုင်းဘုရင်အဖြစ် ဘွဲ့နှင်းလိုက်သည်”

“ယခင် မာန်ရှဲ့ကျောက် ဧကရာဇ်အား ဧကရာဇ်ရာထူးမှ ဘုရင်ရာထူးသို့ ပြောင်းလဲကာ တောင်ပိုင်းဘုရင်အဖြစ် ဘွဲ့နှင်းလိုက်သည်”

“ယခင် ယွီစန်း အင်ပါယာမှ စန်းဘုရင်အား အနောက်ပိုင်းဘုရင်အဖြစ် ဘွဲ့နှင်းလိုက်သည်”

“တာ့ခ်အင်ပါယာမှ ဝူဆူမစ်ရှ် ခါဂန်းအား ခါဂန်း ရာထူးမှ ဖယ်ရှားကာ မြောက်ပိုင်းဘုရင်အဖြစ် ပြောင်းလဲ ဘွဲ့နှင်းလိုက်သည်”

“အာရပ်အင်ပါယာမှ ယခင် ကာလီဖာ မူတာစင်သုံး အား ကာလီဖာ ရာထူးမှ ဖယ်ရှားကာ အနောက်ဖျားဒေသဘုရင်အဖြစ် ပြောင်းလဲ ဘွဲ့နှင်းလိုက်သည်”

“အနောက်တာ့ခ်မှ ဟူးဘားရှ်အား သစ္စာတော်ခံ ဘုရင်အဖြစ် ဘွဲ့နှင်းလိုက်သည်”

……

နန်းဆောင်အတွင်းတွင် ဘွဲ့နှင်းသဘင် ကြေညာသံမှာ အလွန်တရာ ကျယ်လောင်နေပြီး နန်းဆောင်တစ်ခုလုံး၌ ပဲ့တင်ထပ်နေခဲ့သည်။

“ကြီးမားလှတဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်မျိုးတို့၏ ဧကရာဇ်မင်း သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ၊ ရှည်ပါစေ”

နန်းဆောင်အတွင်းရှိ ယွန်းဂျယ်စိုးမွန်း၊ ဝူဆူမစ်ရှ် ခါဂန်း၊ ဖုန်းကျီယိုင်း၊ ယွီစန်းဘုရင်နှင့် တာ့လွန်ချင်းလင် အစရှိသူတို့က မြေပြင်ပေါ်တွင် ဒူးထောက်ကာ အမိန့်တော်ကို ခံယူလိုက်ကြပြီး သူတို့၏မျက်နှာအမူအရာများမှာ အလွန်တရာ ရိုသေကိုင်းရှိုင်းနေခဲ့သည်။

နိုင်သူက ဘုရင်၊ ရှုံးသူက သူပုန်ဟူသော စကားအတိုင်း ဤစစ်ပွဲကို အခြားနိုင်ငံများက စတင်ခဲ့ခြင်းဖြစ်ပြီး ယခုစစ်ရှုံးသွားပြီဖြစ်ရာ သဘာဝကျစွာပင် ပြောစရာစကား မရှိတော့ပေ။ အလယ်ပိုင်းဒေသ၏ ယဉ်ကျေးမှုနှင့် နှိုင်းယှဉ်လျှင် အခြားနိုင်ငံများက ပို၍လက်ခံရ လွယ်ကူနေတတ်ပြီး အနည်းဆုံးတော့ လူမျိုးစု ယဉ်ကျေးမှုများကြားတွင် ဤကဲ့သို့သော အခြေအနေမျိုးက အလွန်အမင်း သာမန်ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။

ထို့အပြင် ဤတစ်ကြိမ် စစ်ပွဲက မဟာထန်၏ အင်အားသည် အခြားနိုင်ငံများအားလုံး၏ အထက်တွင် အလှမ်းကွာဝေးစွာ တည်ရှိနေပြီး ကုန်းမြေတစ်ခုလုံးတွင် အငြင်းပွားဖွယ်ရာမရှိသော ပထမအဆင့် အင်ပါယာကြီး ဖြစ်ကြောင်းကိုလည်း သက်သေပြလိုက်နိုင်ခဲ့သည်။

စစ်ပွဲတွင် ရှုံးနိမ့်ခြင်းမှာ သဘာဝကျစွာပင် လက်ခံရ သိပ်မခက်ခဲလှပေ။

“ထို့အပြင် ယခုအခါ အရပ်မျက်နှာ အသီးသီးမှ ဘုရင်ခံများကို အရပ်မျက်နှာ အသီးသီးရှိ ကိစ္စရပ်များတွင် ကူညီဆောင်ရွက်ပေးရန် ဘွဲ့နှင်းလိုက်သည်”

“ကျန်းချိုးကျန့်ချုံးအား အရှေ့ဘက်ကို အောင်နိုင်သူ မဟာဘုရင်ခံအဖြစ် ဘွဲ့နှင်းလိုက်သည်”

“ဝမ်ကျုံးစစ်အား မြောက်ဘက်ကို အောင်နိုင်သူ မဟာဘုရင်ခံအဖြစ် ဘွဲ့နှင်းလိုက်သည်”

“ပါဟရာမ်အား အစွန်အဖျား မဟာဘုရင်ခံအဖြစ် ဘွဲ့နှင်းလိုက်သည်”

……

မကြာမီမှာပင်၊ နိုင်ငံအသီးသီးမှ ဘုရင်များကို ဘွဲ့နှင်းပြီးနောက် လီဟန်က အရပ်မျက်နှာ အသီးသီးမှ မဟာဘုရင်ခံများကို ဘွဲ့နှင်းသည့် အမိန့်ကို ထပ်မံထုတ်ပြန်လိုက်သည်။

ယနေ့မှစ၍၊ ဝူဆူမစ်ရှ် ခါဂန်း၊ ယွန်းဂျယ်စိုးမွန်းနှင့် အခြားသူများသည် မဟာထန်၏ မျိုးရိုးမတူသော ဘုရင်များ ဖြစ်လာကြပြီ ဖြစ်သည်။

နိုင်ငံအသီးသီး၏ အမှန်တကယ် အုပ်ချုပ်ခွင့် အာဏာများကိုမူ မဟာထန်က အပြည့်အဝ ဆုပ်ကိုင်ထားပြီး အရပ်မျက်နှာ အသီးသီးမှ မဟာဘုရင်ခံများက ကျင့်သုံးဆောင်ရွက်မည် ဖြစ်သည်။

ဤသည်မှာ ဝမ်ချောင်နှင့် လီဟန်အပြင် ညီလာခံရှိ အရေးပါသော အမတ်ကြီးများ ဆွေးနွေးပြီးနောက် ထွက်ပေါ်လာသော ရလဒ်ဖြစ်သည်။

ဤတစ်ကြိမ် အခြားနိုင်ငံများနှင့် ဖြစ်ပွားခဲ့သော စစ်ပွဲကို အခွင့်အရေးတစ်ခုအဖြစ် အသုံးချကာ၊ မဟာထန်နှင့် ပတ်ဝန်းကျင် နိုင်ငံများကြား နှစ်ပေါင်းထောင်ချီကြာ မရပ်မနား ဖြစ်ပွားနေခဲ့သော စစ်ပွဲများကို ထာဝရ အဆုံးသတ်နိုင်ရန်အတွက်၊ နိုင်ငံအားလုံးကို မဟာထန်၏ အုပ်ချုပ်မှုအောက်သို့ အပြီးတိုင် သွတ်သွင်းကာ နိုင်ငံများနှင့် မဟာထန်ကြား ပေါင်းစည်းမှုကို မြှင့်တင်ပေးမှသာ အမှန်တကယ် ရေရှည်တည်တံ့သော ငြိမ်းချမ်းမှုကို ရရှိနိုင်မည် ဖြစ်သည်။

ဤသည်မှာ မဟာထန်အတွက် အကျိုးရှိသလို၊ အခြားနိုင်ငံများ အတွက်လည်း အကျိုးရှိစေသည်။

“ကျွန်တော်မျိုး အမိန့်တော်ကို ခံယူပါတယ်”

ကျန်းချိုးကျန့်ချုံး၊ ဝမ်ကျုံးစစ်နှင့် အခြားသူများက တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ထွက်လာကာ ခါးညွှတ်၍ အရိုအသေပြုလိုက်ကြသည်။

ညီလာခံအတွင်း တန်းစီနေသူများထဲတွင် ယွန်းဂျယ်စိုးမွန်း တို့ဖြစ်စေ၊ မူတာစင်သုံးတို့ဖြစ်စေ မည်သူတစ်ဦးတစ်ယောက်မှ အနည်းငယ်မျှပင် အံ့အားသင့်နေခြင်း မရှိကြပေ။

စစ်ပွဲပြီးဆုံး၍ မဟာထန်ထံသို့ အညံ့ခံ လက်နက်ချလိုက်သည့် အချိန်ကတည်းက လူတိုင်းက သူတို့၏ ကံကြမ္မာကို နားလည်သဘောပေါက်နေခဲ့ကြပြီ ဖြစ်သည်။

မြင့်မားလှသော နဂါးပလ္လင်ပေါ်တွင် လီဟန်က အထက်နေရာ၌ ထိုင်နေပြီး နန်းဆောင်အတွင်း စုရုံးနေကြသော နိုင်ငံအသီးသီးမှ ဘုရင်များနှင့် အမတ်များကို ကြည့်ကာ သူ၏မျက်လုံးများက အနည်းငယ် လှုပ်ခတ်သွားခဲ့ပြီး သူ၏ စိတ်ထဲတွင်လည်း ကျေနပ်ဟန်များ အလိုအလျောက် ပေါ်ထွက်လာခဲ့သည်။

ရှေးခေတ်မှ ယနေ့တိုင်အောင်၊ အရပ်ရှစ်မျက်နှာ ပင်လယ်လေးစင်းမှ နိုင်ငံအားလုံးကို လက်အောက်သို့ သိမ်းသွင်းကာ ကုန်းမြေဒေသတစ်ခုလုံးကို စည်းလုံးညီညွတ်စေခြင်းဟူသည် အလယ်ပိုင်း ရှန်ကျိုးဒေသရှိ မရေမတွက်နိုင်သော ထူးချွန်သည့် ဘုရင်များ၏ စိတ်ကူးထဲတွင်သာ ရှိခဲ့ပြီး၊ လုပ်ဆောင်ချင်ခဲ့သော်လည်း မည်သည့်အခါမှ မလုပ်ဆောင်နိုင်ခဲ့သည့် အရာဖြစ်သည်။

ကြီးကျယ်ခမ်းနားလှသော ချင်ဧကရာဇ်မင်းမြတ်၊ ရဲစွမ်းသတ္တိနှင့် ဗျူဟာမြောက်လှသော ဟန်ဝူဧကရာဇ် အပါအဝင် ဤမင်းဆက်၏ ထိုက်ကျူနှင့် ထိုက်ကျုံးတို့ကဲ့သို့သော အင်အားကြီးမားသူများပင်လျှင် မည်သူတစ်ဦးတစ်ယောက်ကမျှ မလုပ်ဆောင်နိုင်ခဲ့ကြပေ။

သို့သော်လည်း ဤအရာအားလုံးက သူ၏လက်ထဲတွင် ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ဖြစ်လာခဲ့ပြီ ဖြစ်သည်။

“ခမည်းတော်၊ ခမည်းတော် မြင်တွေ့နေရရဲ့လား။ သားတော်က ခမည်းတော်ရဲ့မျှော်လင့်ချက်တွေကို စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး”

ဤအခိုက်အတန့်တွင် လီဟန်၏စိတ်ထဲ၌ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။

ခဏအကြာတွင် ညီလာခံ ပြီးဆုံးသွားပြီးနောက် ချိုးငှက်တစ်ကောင်က နန်းဆောင်အတွင်းမှ ကောင်းကင်ယံသို့ ပျံတက်သွားကာ နန်းတော်၏ တောင်ဘက်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

လေထဲတွင် လေတိုက်ခတ်သံများ ထွက်ပေါ်နေပြီး နွေးထွေးသော ခံစားချက်တစ်ခုက နန်းဆောင်အဆောက်အအုံများကို ဖြတ်သန်းသွားကာ ကောင်းကင်ယံမှ အောက်သို့ ငုံ့ကြည့်လိုက်ချိန်တွင် မြို့တော်တစ်ခုလုံး၌ ရေခဲနှင့် နှင်းများ ပျော်ကျနေခဲ့ပြီဖြစ်ပြီး ပျော်ရွှင်ဖွယ်ရာ အငွေ့အသက်များက လွှမ်းခြုံနေသည်ကို မြင်တွေ့လိုက်ရသည်။

လမ်းကြားများထဲတွင် လူအုပ်ကြီးက ပြည့်နှက်နေပြီး၊ ယွီစန်း လူမျိုးများ၊ အာရပ်လူမျိုးများ၊ ဂိုဂူလျော လူမျိုးများ၊ အရှေ့နှင့် အနောက် တာ့ခ်လူမျိုးများလည်း ရှိနေကြသည်။

မြို့တော်အတွင်း၌ အခြားနိုင်ငံများမှ ဟူလူမျိုးများ အမြဲတမ်း ရှိနေခဲ့သော်လည်း ယနေ့ မြို့တော်တွင် ဟူလူမျိုးများ၏ အရေအတွက်နှင့် သိပ်သည်းဆမှာ အတိတ်ကထက် များစွာသာလွန်နေခဲ့သည်။

အခြားနိုင်ငံများက စစ်ရှုံးကာ မဟာထန်ထံ လက်နက်ချခဲ့သော်လည်း အခြားနိုင်ငံများမှ သိုးထိန်းများအတွက်မူ ၎င်းက အခွင့်အရေးတစ်ခုလည်း ဖြစ်ပေသည်။

မဟာထန်နှင့် အခြားနိုင်ငံများကြား ဖြစ်ပွားခဲ့သော ဤစစ်ပွဲကြီးက မဟာထန်၏ ကြီးကျယ်ခမ်းနားမှု၊ စည်ပင်ဝပြောမှုနှင့် အင်အားကြီးမားမှုတို့ကို လူတိုင်းအား သိမြင်သွားစေခဲ့သည်။

ဤမျှ အင်အားကြီးမားသော အင်ပါယာတစ်ခုကို မည်သူမဆို စိတ်ထဲမှ တမ်းတလာကြမည်သာ ဖြစ်သည်။

******

All Chapters