အခန်း ၂၂၈၉
Vol. 142 Ch. 2289
အခန်း ၂၂၈၉ ထိုက်အဆင့် သုံးဦး၏ တိုက်ခိုက်မှု
“အချိန်မမီတော့ဘူး။ မင်းတို့ထဲက ဘယ်သူမှ ဒီနေရာကနေ ထွက်သွားလို့ မရဘူး”
ဤအချိန်မှာပင် အေးစက်သော အသံတစ်သံက ခေါင်းအထက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ဘယ်သူလဲ”
လူတိုင်း၏မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီး ခေါင်းမော့ကာ ကြည့်လိုက်ကြသည်။
သို့သော် နောက်တစ်ခဏတွင် လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များရှေ့မှာပင် တောင်တန်းတစ်ခုအလား ကြီးမားလှသော ငွေရောင် လက်ဝါးကြီး တစ်ဖက်က လူတိုင်း၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာခဲ့သည်။
“ဝုန်း”
ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော ပေါက်ကွဲသံကြီးနှင့်အတူ နာကျင်ကြေကွဲဖွယ် အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော အမည်းရောင်ဝတ်စုံဝတ် လူများမှာ ပြင်းထန်လှသော ဂန်ချီစွမ်းအင်၏ ရိုက်ခတ်မှုအောက်တွင် အရိုးများ ကြေမွသွားကာ ပေါက်ကွဲထွက်သွားကြသည်။
တိုက်ပွဲက မြန်ဆန်စွာ စတင်ခဲ့ပြီး ပို၍မြန်ဆန်စွာ ပြီးဆုံးသွားခဲ့ကာ မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် ခေါင်းဆောင်ဖြစ်သူ အမည်းရောင်ဝတ်စုံဝတ် လူမှလွဲ၍ တွင်းကြီးတစ်ခုလုံးတွင် မတ်တပ်ရပ်နေသူ တစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။
“ဖျက်ဆီးခြင်း သားတော်”
မျက်စိရှေ့တွင် ရုတ်တရက် ပေါ်လာသော ဝမ်ချောင်ကို မြင်လိုက်ရချိန်တွင် ခေါင်းဆောင်ဖြစ်သူ အမည်းရောင်ဝတ်စုံဝတ် လူမှာ ခန္ဓာကိုယ် တစ်ချက် တုန်ယင်သွားပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“မင်းက ငါ့ကို သိတယ်ပေါ့”
ဝမ်ချောင်က မျက်မှောင်အနည်းငယ် ပင့်လိုက်ရာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် အေးစက်စွာ ပြုံးလိုက်ပြီး
“ကြည့်ရတာ ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းအတွင်းမှာ ငါ့ကို မသိတဲ့လူ မရှိတော့ဘူး ထင်တယ်၊ အဆင့်နိမ့် ခေါင်းဆောင်လေး တစ်ယောက်ကတောင် ငါ့ကို မှတ်မိနေတာပဲ”
“နေပါဦး ငါ့ကို မသတ်ပါနဲ့ …မင်း ဘာသိချင်လဲ ငါ အကုန်လုံး ပြောပြပါ့မယ်”
ထို ခေါင်းဆောင်ဖြစ်သူ အမည်းရောင်ဝတ်စုံဝတ်လူ၏မျက်နှာမှာ ဖြူရော်နေပြီး မျက်လုံးထဲတွင် ဖုံးကွယ်၍မရနိုင်သော ကြောက်ရွံ့ထိတ်လန့်မှုတစ်မျိုး ပေါ်ထွက်နေခဲ့သည်။
ထိုက်ချန် အသတ်ခံရခြင်း၊ ထိုက်ရှီ အသတ်ခံရခြင်း၊ သန့်စင်ခြင်း အစီအစဉ် ကျရှုံးခြင်း၊ အအေးလှိုင်း အရင်းအမြစ်နေရာ ဖျက်ဆီးခံရခြင်း လက်ရှိ ဝမ်ချောင်သည် ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းတစ်ခုလုံး အတွင်းတွင် အမှန်တကယ်ပင် မသိသူ မရှိသော တည်ရှိမှုတစ်ခု ဖြစ်နေပြီဖြစ်ပြီး သူတို့ကဲ့သို့ သာမန် အမည်းရောင်ဝတ်စုံဝတ် သိုင်းပညာရှင် များပင်လျှင် နာမည်ကို ကြားရုံနှင့် မိုးကြိုးပစ်ချသကဲ့သို့ တုန်လှုပ်သွားကာ အလွန်အမင်း ကြောက်ရွံ့နေကြသည်။
ယခင်က မဟာထန်၏ သူတော်စင် ဧကရာဇ်သည်လည်း ကြောက်ရွံ့ဖွယ်ကောင်းခဲ့သည်။ ကောင်းကင်ဘုံသားတော် ဓား၏ စွမ်းအားမှာ ဒဏ္ဍာရီတစ်ခုအလား လူတိုင်းအတွက် နက်ရှိုင်းသော အိပ်မက်ဆိုး တစ်ခုဖြစ်ခဲ့သော်လည်း ထိုမဟာထန်၏ သူတော်စင် ဧကရာဇ်မှာ နန်းတော်ထဲတွင်သာ နေထိုင်လေ့ရှိပြီး အလွယ်တကူ လက်စွမ်းပြလေ့ မရှိပေ၊ သို့သော် ဝမ်ချောင်သည် ခရီးလမ်း တစ်လျှောက်တွင် လူမည်မျှကို သတ်ဖြတ်ခဲ့ပြီးပြီမှန်း မသိနိုင်တော့ပေ။
ဤအချက်က သူတို့ကို မကြောက်ရွံ့ဘဲ မနေနိုင်အောင် ဖြစ်စေခဲ့သည်။
“မလိုတော့ဘူး။ မင်း ပြောချင်တဲ့ အရာတွေကို ငါ အကုန်လုံး သိအောင် လုပ်လို့ရတယ်”
ဝမ်ချောင်က ညာဘက်လက်ကို ဆန့်ထုတ်ကာ ထို ခေါင်းဆောင်ဖြစ်သူ အမည်းရောင်ဝတ်စုံဝတ် လူ၏ လည်ပင်းကို ညှစ်၍ လေထဲတွင် မြှောက်ထားလိုက်သည်။
“ဝုန်း”
စကားသံ မဆုံးသေးခင်မှာပင် ဝမ်ချောင်က စိတ်ထဲမှ တွေးတောလိုက်ရာ ကြီးမားကျယ်ပြန့်လှသော စိတ်စွမ်းအင်များက ဒီရေအလား အရှိန်အဟုန်ဖြင့် လှိမ့်ဝင်လာပြီး ထို ခေါင်းဆောင်ဖြစ်သူ အမည်းရောင်ဝတ်စုံဝတ် လူ၏ ဦးနှောက်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။
နောက်တစ်ခဏတွင် ဝမ်ချောင်သည် ဤ ခေင်းဆောင်ဖြစ်သူ အမည်းရောင်ဝတ်စုံဝတ်လူ၏စိတ်ကို အလွယ်တကူ ထိန်းချုပ်လိုက်ပြီး သူ၏ ဦးနှောက်ထဲရှိ မှတ်ဉာဏ်များ အားလုံးကို မြင်တွေ့လိုက်ရသည်။
အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်း၏ စည်းကမ်းများမှာ အလွန်တင်းကျပ်ပြီး အရေးအကြီးဆုံးသော လျှို့ဝှက်ချက်များ အားလုံးကို ဦးနှောက်ထဲတွင် အစီအရင်များဖြင့် ကာကွယ်ထားရာ ဖျက်ဆီးရန် လုံးဝမဖြစ်နိုင်သော်လည်း၊ မည်မျှပင် အင်အားကြီးမားသော အစီအရင်ဖြစ်ပါစေ လွန်ခဲ့သော ခြောက်ရက်ခန့်က သူတို့ မြင်တွေ့ခဲ့ရသော အရာများကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
ဤခေါင်းဆောင်ဖြစ်သူ အမည်းရောင်ဝတ်စုံဝတ် လူ၏ မှတ်ဉာဏ်မှတစ်ဆင့် ဝမ်ချောင်သည် ဟိုက်ဒရာဘတ် တောင်တန်းများတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို လျင်မြန်စွာ မြင်တွေ့လိုက်ရသည်။
ဝမ်ချောင်၏ သတင်းအချက်အလက်များက မမှားယွင်းခဲ့ပေ၊ လွန်ခဲ့သော ခြောက်ရက်ခန့်က အမည်းရောင်ဝတ်စုံဝတ် လူအမြောက်အမြားသည် ဖိတ်ခေါ်မှုကို လက်ခံရရှိပြီး ဟိုက်ဒရာဘတ် တောင်တန်းများသို့ စုရုံးရောက်ရှိလာကြကာ အနည်းဆုံး အမည်းရောင်ဝတ်စုံဝတ် သိုင်းပညာရှင် ထောင်ပေါင်းများစွာခန့်က လူဝူသားရဲ တစ်ပိုင်း သို့မဟုတ် အဇူရာ သားရဲ တစ်ပိုင်း ပြောင်းလဲကာ တောင်ထိပ်ပေါ်သို့ ပြေးတက်လာကြသည်။
ဟိုက်ဒရာဘတ် တောင်ထိပ် တစ်ခုလုံးတွင် နေရာတိုင်း၌ သူတို့ ထုတ်လွှတ်လိုက်သော မာရာမီး၊ ကျွီပိုင်မီးနှင့်လုဝူမီးတို့သာ ပြည့်နှက်နေခဲ့သည်။
ဟိုက်ဒရာဘတ် တောင်ပေါ်တွင် သတ္တုတွင်း အလုပ်သမား သောင်းချီ၍ ရှိနေပြီး ဝမ်ချောင်ချန်ထားခဲ့သော ကာကွယ်ရေး တပ်ဖွဲ့များလည်း ရှိနေသည့်အပြင် ရထားလေးသည်တော်များကိုပါ တပ်ဆင်ထားသော်လည်း ဤအရာများမှာ သာမန် လောကီ အင်အားစုများ၏ တိုက်ခိုက်မှုကို ကာကွယ်ရန်သာဖြစ်ပြီး ဤ အမည်းရောင်ဝတ်စုံဝတ် လူများကို လုံးဝမတားဆီးနိုင်ခဲ့ရာ အရာအားလုံးက ဝမ်ချောင်တွေးထင်ထားသည့်အတိုင်းပင် ဖြစ်သည်။
သို့သော် အမည်းရောင်ဝတ်စုံဝတ် လူများ အားလုံးထဲတွင် ဝမ်ချောင်ကို အမှတ်အရဆုံး ဖြစ်စေခဲ့သည်မှာ နေမင်းကြီးအလား ကြီးမားလှသော အငွေ့အသက်များ ရှိနေပြီး အတိုင်းအတာ တစ်ခုအထိ ထိုက်ရှီထက်ပင် များစွာ ပို၍ အင်အားကြီးမားပုံရသော လူရိပ်တစ်ခုပင်ဖြစ်သည်။
ဝမ်ချောင်သည် ထိုလူများက သူ့ကို ခေါ်ဆိုသည့် အမည်ကို ကြားလိုက်ရသည်။
ထိုက်စု။
“သူပဲ”
ဝမ်ချောင်၏မျက်ခွံများ ပြင်းထန်စွာ တစ်ချက် လှုပ်ရှားသွားခဲ့သည်။
ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းမှ ထိုက်စုဟု ခေါ်သော ထိုက်အဆင့်ရှိ သိုင်းပညာရှင် တစ်ဦးသည် ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းကို စတင်ထိန်းချုပ်နေပြီဖြစ်ပြီး အဖွဲ့အစည်း အတွင်းသို့ ပြင်ပလူ ဝင်ရောက်လာသည်ကို သတိထားမိသွားပြီ ဖြစ်ကြောင်း မျက်နှာမဲ့လူက ယခင်က ပြောခဲ့ဖူးသည်။
ဤထိုက်စုသည် ဤအချိန်တွင် ဤနေရာ၌ ပေါ်လာလိမ့်မည်ဟု ဝမ်ချောင်မည်သို့မျှ တွေးထင်မထားခဲ့သလို ဟိုက်ဒရာဘတ် အပေါ် ပစ်မှတ်ထားသော ဤလှုပ်ရှားမှုကိုလည်း သူကပင် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
“သူတို့ ဒီလောက် ကြီးမားတဲ့ အင်အားစုကြီးနဲ့ တကယ်တော့ ဘာလုပ်ချင်နေတာလဲ”
ဝမ်ချောင်၏ရင်ထဲတွင် တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။
ထိုက်စုအပြင်၊ ဤခေါင်းဆောင်ဖြစ်သူ အမည်းရောင်ဝတ်စုံဝတ် လူမှတစ်ဆင့် တောင်တန်းများနှင့် သမုဒ္ဒရာကြီးအလား အင်အားကြီးမားလှသော နောက်ထပ် အငွေ့အသက်ပိုင်ရှင် နှစ်ဦးကိုလည်း ဝမ်ချောင်မြင်တွေ့ခဲ့ရသေးသည်။
ဤလူနှစ်ဦးမှာ ထိုက်စုလောက် အင်အားမကြီးမားသော်လည်း ထိုက်အဆင့်ရှိ သိုင်းပညာရှင်များ ဖြစ်မည်မှာ သေချာပြီး မတော်တဆမှု မရှိလျှင် ယခင်က မြောက်ဝင်ရိုးစွန်းအစွန်အဖျားတွင် ပေါ်လာခဲ့သော ထိုက်ရှန်နှင့် ထိုက်ကျုံတို့ပင် ဖြစ်လောက်ရာ၊ သေးငယ်သော ဟိုက်ဒရာဘတ် လေးက ထိုက်အဆင့်ရှိ သိုင်းပညာရှင် သုံးဦးကို ဆွဲဆောင်နိုင်ခဲ့ခြင်းမှာ လုံးဝမယုံကြည်နိုင်စရာ ပင်ဖြစ်သည်။
အနည်းဆုံးတော့ ယခင်က ဝမ်ချောင်ဤကဲ့သို့ ကြုံတွေ့ခဲ့ရခြင်း မရှိပေ။
“ဒီအရာတွေ အားလုံးက သူ့ကြောင့်လား”
ဝမ်ချောင်က မျက်လုံးများကို အနည်းငယ် မှေးလိုက်ရာ ဦးနှောက်ထဲတွင် ထို ဆင်းဒု ဘုန်းတော်ကြီး၏ပုံရိပ် ပေါ်ထွက်လာခဲ့သည်။
ဟိုက်ဒရာဘတ် မှာ အလွန် အရေးကြီးပြီး နှစ်စဉ် ထွက်ရှိသော ဝုစ် သံမဏိ လက်နက်များမှာ သောင်းချီ၍ ရှိနိုင်သော်လည်း၊ ထိုက်စု၊ ထိုက်ရှန်နှင့် ထိုက်ကျုံးတို့ကဲ့သို့ ထိပ်တန်း သိုင်းပညာရှင်များက ဤကဲ့သို့သော သာမန် လောကီ လက်နက်များကို အရေးတယူ လုပ်မည်ဟု ဝမ်ချောင်မထင်ပေ။
သို့သော်လည်း ဤအချက်ကြောင့် ဝမ်ချောင်၏ ရင်ထဲတွင် ပို၍ပင် ဝေခွဲမရ ဖြစ်လာခဲ့သည်။
“ဘုန်းတော်ကြီး ခင်ဗျားတို့က တကယ်တော့ ဘယ်လို ဆက်ဆံရေး ရှိနေတာလဲ”
ဝမ်ချောင်က တီးတိုး ရေရွတ်လိုက်ရာ ဦးနှောက်ထဲတွင် မျက်တောင်တစ်ခတ်အတွင်း အတွေးပေါင်းများစွာ ဖြတ်ပြေးသွားခဲ့သည်။
ဤနေရာသို့ ရောက်သောအခါ ဝမ်ချောင်၏ရင်ထဲတွင် ထပ်မံ၍ ထိန်းချုပ်မထားနိုင်တော့ပေ။
“သိန်းငှက်အိုကြီး၊ လီစီယီ၊ ချင်းယန် သခင်လေး မင်းတို့တွေ ဒီမှာ ကျန်ခဲ့ကြ၊ ငါ သွားလိုက်ဦးမယ် အမြန် ပြန်လာခဲ့မယ်”
ဝမ်ချောင်က လက်ကို တစ်ချက်လိမ်လိုက်သည်။ ထိုခေါင်းဆောင်ဖြစ်သူ အမည်းရောင်ဝတ်စုံဝတ်လူ၏ လည်ပင်းကို ချက်ချင်း ချိုးဖဲ့လိုက်ပြီး သူ၏ အလောင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ကာ နောက်တစ်ခဏတွင် အနက်ရောင်နှင့် အညိုရောင် ရောယှက်နေသော ဂယက်လှိုင်းများက ဝမ်ချောင်ကို ဗဟိုပြု၍ အရပ်လေးမျက်နှာသို့ ပြန့်ထွက်သွားခဲ့သည်။
ထိုအနက်ရောင်နှင့် အညိုရောင် ရောယှက်နေသော ဂယက်လှိုင်းများ ဖြတ်သန်းသွားသော နေရာများရှိ မာကျောသော ကျောက်တုံးများမှာ ရေစီးကြောင်းအလား လှုပ်ရှားသွားပြီး ဝမ်ချောင်က ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ကာ မြေလျှိုးပညာကို ချက်ချင်း အသုံးပြု၍ ဟိုက်ဒရာဘတ် တောင်တန်းများ၏ အနက်ရှိုင်းဆုံး နေရာသို့ ပျောက်ကွယ်သွားတော့သည်။
ဤတစ်ကြိမ် ဟိုက်ဒရာဘတ် ခရီးစဉ်တွင် ကြီးမြတ်သော ရှန်ထိုက်သုံးခု အနက်မှ ဝမ်ချောင်တစ်ခုတည်းသာ ယူဆောင်လာခဲ့သည်မှာ ကမ္ဘာမြေ ရှန်ထိုက်ပင် ဖြစ်သည်။
ဤရှန်ထိုက်ကို ဝမ်ချောင်က အလင်းသရဖူ နတ်လက်နက်အတွင်းသို့ တိုက်ရိုက် ထည့်သွင်းထားခဲ့ရာ ဤနည်းအားဖြင့် သူ၏မြေလျှိုးပညာကို အချိန်မရွေး ထုတ်ယူအသုံးပြုနိုင်မည် ဖြစ်သည်။
မာကျောသော ကျောက်တုံး အလွှာများက ရေစီးကြောင်းအလား ဘေးတစ်ဖက်တစ်ချက်ဆီမှ နောက်သို့ စီးဆင်းသွားကြပြီး ဝမ်ချောင်၏ အမြန်နှုန်းမှာ အလွန်တရာ လျင်မြန်လှကာ အောက်သို့ ဆက်တိုက်ဆင်းသက်သွားရာ အချိန်ခဏလေးအတွင်းမှာပင် မီတာ တစ်ထောင်ခန့် နက်သော မြေအောက်သို့ ရောက်ရှိသွားခဲ့သည်။
အောက်သို့ ဆင်းသွားသည့် တစ်လျှောက်လုံး နေရာတိုင်းတွင် တိုက်ပွဲပြီးနောက် ကျန်ရစ်ခဲ့သော အကြွင်းအကျန်များကို မြင်တွေ့နေရပြီး အဆင့်မြင့် စကြာဝဠာ စွမ်းအင်များ အချင်းချင်း ရိုက်ခတ်မှုများက တိုက်ပွဲ ပြီးဆုံးသွားသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း မြေအောက်လေဟာပြင်ထဲတွင် ကျန်ရစ်နေဆဲဖြစ်ကာ လုံးဝပျောက်ကွယ်သွားခြင်း မရှိသေးဘဲ လူများကို အလွန်အမင်း ထိတ်လန့်သွားစေသည်။
ထိုမျှမက ဝမ်ချောင်၏ စိတ်စွမ်းအင်များ ဖြန့်ကြက်သွားချိန်တွင် ဟိုက်ဒရာဘတ် တောင်တန်းများ၏ အနက်ရှိုင်းဆုံး နေရာရှိ သမုဒ္ဒရာကြီးအလား ကျယ်ပြောလှပြီး ကမ္ဘာမြေကြီးကို ဖျက်ဆီးပစ်နိုင်ကာ မည်သူ့ကိုမဆို ကြောက်ရွံ့ရိုသေသွားစေနိုင်သော ဧရာမ စွမ်းအင် အရင်းအမြစ်ကြီးကို ချက်ချင်း ဖမ်းဆီးမိသွားခဲ့သည်။
သို့သော် မှတ်ဉာဏ်ထဲက အခြေအနေများနှင့် မတူညီသည်မှာ ထိုအဆုံးအစမရှိသော စွမ်းအင် အရင်းအမြစ်ကြီးသည် ဤအချိန်တွင် အတက်အကျ ဖြစ်နေပြီး အလွန်အမင်း ရှုပ်ထွေးနေကာ အလွန် ပြင်းထန်သော ရိုက်ခတ်မှုနှင့် အနှောင့်အယှက်များကို ခံခဲ့ရပုံ ရသည်။
“သူတို့ မြေအောက်မှာ အရမ်း ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ကြတာပဲ”
ဝမ်ချောင်၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားပြီး ချက်ချင်း တစ်ခုခုကို နားလည်သွားခဲ့သည်။
လေဟာပြင်ထဲတွင် ကျန်ရစ်နေသော စွမ်းအင် တုန်ခါမှုများအရ ကြည့်မည်ဆိုပါက တိုက်ခိုက်ခဲ့သူများမှာ ထိုက်စု၊ ထိုက်ရှန်နှင့် ထိုက်ကျုံးတို့ ဖြစ်မည်မှာ သံသယဖြစ်ဖွယ် မရှိဘဲ၊ သူတို့က မြေအောက်သို့ တိုက်ရိုက် ဝင်ရောက်လာပြီး ထို ဆင်းဒု ဘုန်းတော်ကြီးနှင့် အပြင်းအထန် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ထိုအချိန်က အတိအကျ ဖြစ်ပျက်ခဲ့သည့် အခြေအနေများကို ဝမ်ချောင်မခန့်မှန်းနိုင်သော်လည်း သေချာသော အချက်တစ်ချက်မှာ တိုက်ပွဲ အခြေအနေက အလွန်အမင်း ပြင်းထန်ခဲ့သည် ဆိုခြင်းပင် ဖြစ်သည်။
“တကယ်တော့ ဘယ်လို ဖြစ်သွားပြီလဲ မသိဘူး”
ဆင်းဒု ဘုန်းတော်ကြီးကို တွေးမိသောအခါ ဝမ်ချောင်၏ ရင်ထဲတွင် ပြင်းထန်သော စိုးရိမ်ပူပန်မှု တစ်မျိုး ဖြစ်ပေါ်လာခဲ့သည်။
နယ်မြေတစ်ခုလုံးရှိ အချိန်နှင့် နေရာလွတ် အနက်ရှိုင်းဆုံး နေရာများမှ ကျန်ရစ်နေခဲ့သော အငွေ့အသက်များ အားလုံးမှာ မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ပြင်းထန်နေခဲ့သည်။
ထို ပြင်းထန်ပူလောင်လှသော စွမ်းအင်များသည် ဝမ်ချောင်၏ ခံစားမှုတွင် ယခင်က မိမိနှင့် ထိုက်ရှီတို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲထက်ပင် သာလွန်နေခဲ့သေးသည်။
ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းက ပြင်ဆင်မှု အပြည့်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ထိုက်စု၊ ထိုက်ရှန်နှင့် ထိုက်ကျုံးတို့ သုံးဦး ပူးပေါင်းထားရာ ဤသည်မှာ ဆင်းဒု ဘုန်းတော်ကြီးတစ်ဦးတည်းနှင့် တားဆီးနိုင်မည့် အရာ လုံးဝမဟုတ်ပေ။
ဝမ်ချောင် ဤနေရာသို့ တွေးမိသောအခါ အမြန်နှုန်းကို ချက်ချင်း တိုးမြှင့်လိုက်ပြီး မှတ်ဉာဏ်ထဲရှိ ဆင်းဒု ဘုန်းတော်ကြီး မိမိကို ယခင်က ခေါ်ယူတွေ့ဆုံခဲ့သော ထို လျှို့ဝှက်ဂူရှိရာ အရပ်ဆီသို့ လျင်မြန်စွာ ပြေးဝင်သွားတော့သည်။
ဝမ်ချောင်သည် ထိုအချိန်က ဆင်းဒု ဘုန်းတော်ကြီးနှင့် တွေ့ဆုံခဲ့သည့် မြင်ကွင်းကို သေချာစွာ ပြန်လည် စဉ်းစားကြည့်ရာ ထိုအချိန်က ကျင့်ကြံခြင်းအဆင့် နိမ့်ပါးလွန်းသောကြောင့် အရာများစွာကို နားမလည်ခဲ့သော်လည်း ယခု ပြန်လည် တွေးတောကြည့်ချိန်တွင် ဆင်းဒု ဘုန်းတော်ကြီးသည် ဂူကောင်းကင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အချိန်နှင့် နေရာလွတ် စွမ်းအင်များကို အပြည့်အဝ ထိန်းချုပ်နိုင်နေပြီ ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
သူ ထိုအချိန်က မိမိကို မြေအောက်မှ ပြန်ပို့ပေးခဲ့သော နည်းလမ်းမှာ အချိန်နှင့် နေရာလွတ် စွမ်းအင်များကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
ထို့အပြင် ဆင်းဒု ဘုန်းတော်ကြီးပုန်းအောင်းနေသော ထိုဂူမှာ ယခု ပြန်လည် တွေးတောကြည့်ချိန်တွင် ထိုမျှလောက် ရိုးရှင်းမည် မဟုတ်ကြောင်း သိသာပြီး၊ အချို့သော အင်အားကြီးမားသည့် အစီအရင်များ အပြင် ဆင်းဒု ဘုန်းတော်ကြီးသည် အဆင့်မြင့် နေရာလွတ် စွမ်းရည် အချို့ကိုလည်း အသုံးပြုထားကာ ဤစွမ်းရည်မှာ ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းက အအေးလှိုင်း အရင်းအမြစ်နေရာတွင် ဖန်တီးထားသော ထို နေရာလွတ် အသေးစားလေးများနှင့် အနည်းငယ် ဆင်တူနေခဲ့သည်။
အကယ်၍ ဝင်ပေါက်ကို ရှာမတွေ့ပါက ထိုနေရာကို ရှာတွေ့ရန် လုံးဝမလွယ်ကူပေ
“တွေ့ပြီ”
အချိန်ခဏလေးအတွင်းမှာပင် မှတ်ဉာဏ်များကို အားကိုး၍ ဝမ်ချောင်သည် ဆင်းဒု ဘုန်းတော်ကြီးရှိရာ နေရာလွတ်သို့ သွားရာ ဝင်ပေါက်ကို လျင်မြန်စွာ ရှာတွေ့သွားခဲ့သည်။
၎င်းမှာ လူတစ်ယောက်သာ ဖြတ်သန်းသွားလာနိုင်သော ကွေ့ကောက်နေသည့် လမ်းငယ်လေး တစ်ခုဖြစ်သည်။
ဝမ်ချောင်၏ ခြေအောက်တွင် မှောင်မိုက်သော ရွှေရောင် အချိန်နှင့် နေရာလွတ် ကွင်းဆက်တစ်ခု လက်သွားပြီး နောက်တစ်ခဏတွင် ဝမ်ချောင်သည် ကျဉ်းမြောင်းသော ကျောက်လမ်းလေး အတိုင်း အနက်ရှိုင်းဆုံး နေရာလွတ်ဆီသို့ လျင်မြန်စွာ ဝင်ရောက်သွားတော့သည်။
အချိန်ခဏလေးအတွင်းမှာပင် ဝီခနဲ အသံနှင့်အတူ ဝမ်ချောင်၏ မျက်စိရှေ့တွင် ရုတ်တရက် ရှင်းလင်းသွားသည်ကို ခံစားလိုက်ရပြီး ထင်သည့်အတိုင်းပင် မှတ်ဉာဏ်ထဲရှိ ထိုဂူအတွင်းသို့ အောင်မြင်စွာ ထပ်မံ ဝင်ရောက်သွားနိုင်ခဲ့သည်။
“ဘယ်သူလဲ”
ဖြစ်ပျက်သွားသည်မှာ အလွန်မြန်ဆန်လွန်းလှပြီး ဝမ်ချောင်ကျောက်လမ်းလေး ထဲမှ ထွက်လာသည့် မျက်တောင်တစ်ခတ်အတွင်းမှာပင် ရုတ်တရက် အသံနိမ့်နိမ့်ဖြင့် ဟစ်အော်သံ တစ်ခုက နားထဲမှ ထွက်ပေါ်လာကာ စကားသံ မဆုံးသေးခင်မှာပင် နေရာလွတ် တစ်ခုလုံး၏ အထက်ပိုင်းမှာ ရုတ်တရက် မှောင်မိုက်သွားပြီး တပြိုင်နက်တည်းမှာပင် တောင်တန်းတစ်ခုအလား လေးလံလှပြီး ပြင်းထန်ပူလောင်သော မီးတောက်များ၏ အငွေ့အသက်များ ပါဝင်နေသည့် ကြီးမားလှသော စွမ်းအားတစ်ခုက ဝမ်ချောင်အပေါ်သို့ တိုက်ရိုက် ဖိကျလာတော့သည်။
“သေချင်နေတာပဲ”
ဝမ်ချောင်၏တုံ့ပြန်မှုမှာလည်း အလွန် လျင်မြန်လှပြီး ယနေ့အချိန်အထိ ကမ္ဘာပေါ်တွင် သူ့ကို ခြိမ်းခြောက်နိုင်သူမှာ လက်ချောင်းဖြင့် ရေတွက်၍ရနိုင်လောက်အောင် နည်းပါးနေပြီ ဖြစ်သည်။
“ဝုန်း”
အန္တရာယ်ကို ခံစားလိုက်ရသည့် အချိန်မှာပင် သူ၏ စိတ်ထဲမှ တွေးတောလိုက်ရာ အလင်းသရဖူ နတ်လက်နက်ကို ချက်ချင်း ထုတ်ယူလိုက်ပြီး ခိုင်မာသော ခံတပ်တစ်ခုက အထက်ပိုင်းတွင် ချက်ချင်း ကာကွယ်လိုက်ကာ၊ တပြိုင်နက်တည်းမှာပင် ဝမ်ချောင်က လက်ဝါးကို တစ်ချက် လှန်လိုက်ရာ ချွင်ခနဲ အသံနှင့်အတူ မှောင်မိုက်သော ရွှေရောင် အချိန်နှင့် နေရာလွတ် ကွင်းဆက်တစ်ခုက သေးငယ်ရာမှ ကြီးမားလာကာ လျင်မြန်စွာ တုန်ခါသွားပြီး၊ ဖျက်ဆီးနိုင်စွမ်းရှိသော ကြီးမားသည့် စွမ်းအားများကို သယ်ဆောင်ကာ တစ်ဖက်လူဆီသို့ တုံ့ပြန် ရိုက်ခတ်သွားတော့သည်။
ဝုန်း
ကြီးမားလှသော စွမ်းအားနှစ်ခု ရိုက်ခတ်သွားရာ တောင်များပြိုကျကာ ပင်လယ်လှိုင်းများ ရိုက်ခတ်သကဲ့သို့ လေထု၏အော်ဟစ်သံများနှင့်အတူ ဝမ်ချောင်သည် မျက်တောင်တစ်ခတ်အတွင်း တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ချေမှုန်းပစ်လိုက်ပြီး အင်အားကြီးမားလှသော စွမ်းအားများက တောင်ကိုဖြိုကာ ပင်လယ်ကို မှောက်လှန်ပစ်နိုင်လောက်အောင် ပြင်းထန်လှရာ တစ်ဖက်လူကို ဂူနံရံပေါ်သို့ ပြင်းထန်စွာ လွင့်စင်သွားစေခဲ့သည်။
တပြိုင်နက်တည်းမှာပင် ဝမ်ချောင်သည် လျှပ်တစ်ပြက် မြန်ဆန်စွာ ကြည့်လိုက်ရာ မိမိကို ချုံခိုတိုက်ခိုက်ခဲ့သော ထိုအမည်းရောင်ဝတ်စုံဝတ် သိုင်းပညာရှင်ကို မြင်တွေ့လိုက်ရသည်။
တစ်ဖက်လူ၏ မျက်နှာတွင် ရွှေရောင် မျက်နှာဖုံး တစ်ခုကို တပ်ဆင်ထားပြီး ခန္ဓာကိုယ် တစ်ခုလုံးကို အနက်ရောင်ဝတ်စုံဖြင့် ဖုံးကွယ်ထားကာ ဂူနံရံ အစွန်းတွင် ပုန်းအောင်းနေပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ အငွေ့အသက်များကို ရုပ်သိမ်းထားရာ ပုံမှန် အခြေအနေတွင် လုံးဝသတိထားမိနိုင်မည် မဟုတ်ဘဲ၊ အကယ်၍ ဝမ်ချောင်၏ ကျင့်ကြံခြင်းအဆင့်သာ အလွန်အမင်း မမြင့်မားခဲ့ပါက ဤတစ်ကြိမ် တိုက်ခိုက်မှုမှာ တစ်ဖက်လူအတွက် အမှန်တကယ် အောင်မြင်သွားနိုင်ချေ ရှိပေသည်။
******