အခန်း ၁၆၁
Vol. 17 Ch. 161
🍄 Chapter 161
ကလေးသုံးယောက်သည် ကန်ကုတင်ပေါ်တွင် တစ်တန်းတည်းထိုင်ကာ ချန်မေ့လန် စက္ကူဖာ ဖွင့်နေသည်ကို စောင့်ကြည့်နေကြသည်။
၎င်းမှာ မျက်စိမှိတ်ပြီး သေတ္တာဖွင့်ရသကဲ့သို့ ဖြစ်နေပြီး ချန်မေ့လန်၏ရင်ထဲတွင်လည်း အထူးတလည် စိတ်လှုပ်ရှားနေမိသည်။
သူမသည် ဒိုရေမွန်ရုပ်ပုံ ရိုက်နှိပ်ထားသော ဗူးတစ်ခုကို အရင်ဆုံး ထုတ်ယူလိုက်ပြီး မေးလိုက်သည်။
“ဒါကို ဘယ်သူ လိုချင်လဲ”
ရှောင်လန်က ချက်ချင်းပင် လက်လှမ်းလိုက်၏။
“သား”
ဤကလေးသည် ပြိုင်ဆိုင်ခြင်းနှင့် အရာဝတ္ထုများကို လုယူရသည်ကို နှစ်သက်သည်။
အကယ်၍ ပညာရေးတွင် ထိုသို့အသုံးချပါက ကောင်းမွန်သောအလေ့အကျင့်တစ်ခု ဖြစ်လာနိုင်သော်လည်း မိသားစုဆက်ဆံရေးတွင်မူ သူသည် အငယ်ဆုံးဖြစ်သော်ငြား အခြားသူများကို စာနာထောက်ထားရန် မသင်ယူပါက ရေရှည်တွင် ကောင်းမွန်မည်မဟုတ်ပေ။
တကယ်တမ်းတွင် ဤဗူးမှာ အသေးဆုံးဖြစ်သည်။
ထို့နောက် ချန်မေ့လန်က နောက်ထပ်တစ်ခုကို ထုတ်ယူလိုက်၏။
ဒုတိယတစ်ခုမှာ ပလပ်စတစ်ဖြင့်ထုပ်ပိုးထားခြင်းဖြစ်သည်။
အတွင်းတွင် ခေါင်း၌ ဖဲပြားလေး ပန်ထားသော ပန်းရောင်ယုန်ကြီးတစ်ကောင် ပါရှိသော်လည်း အထိအတွေ့မှာ အနည်းငယ် ကြမ်းတမ်းပြီး မျက်လုံးများမှာ မည်းနက်လွန်းကာ အနည်းငယ် ကြောက်စရာကောင်းနေသည်။
ယွမ်ယွမ်က ယူလိုက်သည်။
“သမီးကိုပေး မေမေ၊ ဒီတစ်ခုက ဖေဖေနဲ့ တူတယ်၊ သမီး ကြိုက်တယ်”
ရှောင်လန်ကလည်း အံ့သြစွာဖြင့် ပြောလိုက်၏။
“တကယ် ဖေဖေနဲ့ တူတာပဲ”
ချစ်စရာကောင်းသော်လည်း ကြောက်စရာကောင်းသောယုန်ကြီးမှာ တကယ်ပင် ယန်ကျောက်နှင့် တူနေလေသည်။
ထို့နောက် နောက်ဆုံးတစ်ခုကျန်ရှိနေပြီး ပန်းရောင် တက်ဒီဝက်ဝံလေး ဖြစ်ကာ အကြီးဆုံးလည်းဖြစ်သည်။ ၎င်းသည် ဖဲပြားလေး ပန်ထားပြီး မိန်းကလေးကစားစရာဖြစ်၏။
ရှောင်ဝမ်သည် ၎င်းကို သိပ်မလိုချင်လှချေ။
သူက ဒိုရေမွန်ကို ပိုလိုချင်သော်လည်း ၎င်းကို သူ့ညီလေးအား ပေးပြီးဖြစ်နေလေပြီ။
သူက ပန်းရောင်ဝက်ဝံလေးကို ဖက်ထားရင်း ပြောလိုက်၏။
“ဒီဟာတွေက ဘာများ ပျော်စရာကောင်းလို့လဲ၊ သား စာမလုပ်ဘဲ ပိုက်ဆံအများကြီးရှာဖို့ပဲ အာရုံစိုက်လိုက်ရင် ဒီထက်ကောင်းတဲ့ ကစားစရာတွေ သူတို့ကို ဝယ်ပေးနိုင်တာပေါ့”
ဤကောင်လေးသည် ယန်ရှီရှန်းကဲ့သို့ပင် ကျိုးရွှယ်ချင်း ငွေအမြောက်အမြား ရှာနိုင်ခဲ့ကြောင်း ကြားသိရပြီးနောက် ဂဏာမငြိမ်ဖြစ်ကာ စိတ်အားထက်သန်နေလေသည်။
သို့သော် သူ ညည်းတွားနေသော်လည်း အိပ်ချိန်တွင် ပန်းရောင်ဝက်ဝံလေးကို တင်းကျပ်စွာ ဖက်ထားလေသည်။ ချန်မေ့လန် မီးပိတ်ရန် ပြင်လိုက်စဉ် သူက ရုတ်တရက် ပြောလာ၏။
“မေမေ၊ အဲဒီ မိန်းမကို အားကျမနေနဲ့နော်၊ သား နောင်ကျရင် ငွေတွေရလာတဲ့အခါ မေမေနေဖို့ အိမ်ကြီးတစ်လုံးဝယ်ပေးမယ်၊ သူ့ဆီမှာ ရှိတာမှန်သမျှ မေမေ့ဆီမှာလည်း ရှိစေရမယ်လို့ သား ကတိပေးတယ်”
ရှောင်၀မ်ပြောနေသော ထိုအမျိုးသမီးမှာ သေချာပေါက် ကျိုးရွှယ်ချင်းပင်ဖြစ်သည်။
ပညာရေးကို ရပ်တန့်ထား၍မရပေ။
ဤကလေးဆိုးလေးသည် ပညာမသင်ဘဲနှင့် ငွေအနည်းငယ်သာ ရှာနိုင်မည်ကို နားမလည်သေးချေ။ ပညာသင်ကြားခြင်းဖြင့်သာ သူ ငွေအမြောက်အမြား ရှာဖွေနိုင်မည်ဖြစ်သည်။
ချန်မေ့လန်က တုံ့ပြန်လိုက်၏။
“ကောင်းပါပြီ”
ကလေးသုံးယောက်ကို သိပ်ပြီးနောက် ချန်မေ့လန်သည် လေအေးပေးစက် အားလုံးကို ဖွင့်လိုက်ပြီး ခြံဝင်းအတွင်း သေချာနားထောင်ကြည့်လိုက်သည်။
တစ်ရွာလုံး၏ လျှပ်စစ်မီးများကို သူတို့ မိသားစုက အကုန်သုံးစွဲပစ်ခြင်းမရှိကြောင်း တွေ့ရှိရမှသာ သူမသည် ခေါင်းအုံးကိုဖက်ကာ ယန်ကျောက်အား ရှာရန် ခြေသံဖွဖွဖြင့် လျှောက်သွားလေသည်။
သို့သော် တံခါးကို ဘယ်သောအခါမျှ သော့မခတ်တတ်သော ယန်ကျောက်သည် ယနေ့တွင် တကယ်ပဲ သော့ခတ်ထားလေ၏။
တွန်းဖွင့်၍မရသဖြင့် သူမ နှစ်ချက်ခေါက်လိုက်သည်။ ချန်မေ့လန် အနည်းငယ်ဒေါသထွက်သွား၏။
“ယန်ကျောက်၊ ဘာလို့ တံခါးကို သော့ခတ်ထားတာလဲ”
အေးမြသောရာသီဥတုတွင် ခေါင်းအုံးကိုဖက်ကာ အမျိုးသားတစ်ဦး၏တံခါးဝ၌ ရပ်ပြီး တံခါးခေါက်နေရသည်မှာ သူမမှလွဲ၍ အခြားသူရှိနိုင်ပါဦးမည်လော။
အိပ်ခန်းထဲမှ အသံများထွက်ပေါ်လာပြီး ထောင့်ရှိစဉ့်အိုးပင်လျှင် တိုက်မိသဖြင့် တုံးအိအိ အသံထွက်လာသည်။
ဝုန်းခနဲ အသံနှင့်အတူ တံခါးပွင့်လာပြီး ယန်ကျောက်က တံခါးဝတွင် ရပ်နေရင်း မေးလိုက်၏။
“စောစောက မင်း ဒေါသထွက်နေတာ မဟုတ်ဘူးလား”
စောစောက ပရောဂျက်အကြောင်း ပြောစဉ်က သူမ၏မျက်နှာမှာ ဒေါသကြောင့် အရောင်ပြောင်းသွားပြီး ဖြူလျော့သွားခဲ့သည်။
ချန်မေ့လန်က ခေါင်းအုံးကို ကုတင်ပေါ်သို့ ပစ်တင်လိုက်ပြီး ပြန်လည်မေးခွန်းထုတ်လိုက်၏။
“ဒေါသထွက်တာက အိပ်ရာဝင်တာနဲ့ ဘာဆိုင်လို့လဲ”
ယန်ကျောက်သည် မည်သည့်စကားမျှမဆိုတော့ဘဲ သူ့စာအုပ်ကို ပိတ်ကာ အဝေးသို့ ဖယ်ထားလိုက်ပြီး ချန်မေ့လန်၏ခေါင်းအုံးကို သူ့ခေါင်းအုံးဘေးတွင် သပ်ရပ်စွာ ချထားလိုက်သည်။
ထို့နောက် စောင်ကို မ,တင်ကာ သူမအား အပြည့်အဝ လွှမ်းခြုံပေးလိုက်လေသည်။
‘ဒေါသထွက်တာက အိပ်ရာဝင်တာနဲ့ ဘာဆိုင်လို့လဲတဲ့လား'
ချန်မေ့လန်သည် ယန်ကျောက်အား ပရောဂျက်အခြေအနေကို သေချာရှင်းပြရန် လိုအပ်နေဆဲဖြစ်သည်။
မည်သို့ပင်ဆိုစေ လောကကြီးတွက် ယောကျ်ားများစွာ ရှိသော်လည်း သားယောကျ်ားလေးနှင့် သမီးမိန်းကလေးအပေါ် ခွဲခြားဆက်ဆံခြင်း မရှိသော၊ PUA မလုပ်သော၊ အိမ်မှုကိစ္စများကို လုပ်ဆောင်ရန် လိုလားသော ယောကျ်ားတစ်ဦးကို ရှာဖွေရသည်မှာ ရှင်းပြ၍မရနိုင်လောက်အောင် ခက်ခဲလှသည်။
‘ဒီနေ့ကျမှ သူက တံခါးကို သော့ခတ်ထားတယ်တဲ့လား'
ယန်ကျောက်၏ အမြင်တွင်မူ လိင်မှုကိစ္စနှင့် ဒေါသထွက်ခြင်းတို့မှာ သေချာပေါက် ဆက်စပ်နေပေသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ထိုကိစ္စပြီးနောက်တွင် မုဒိမ်းမှုဖြင့် စွပ်စွဲခံခဲ့ရဖူးသော အတွေ့အကြုံ ရှိခဲ့သောကြောင့်ပင်။
စောစောက ချန်မေ့လန် မကျေမနပ်ဖြစ်နေကြောင်း သူမ၏မျက်နှာပေါ်တွင် အထင်အရှား ပေါ်လွင်နေခဲ့သည်။
ထိုအချိန်က သူမ ရှင်းမပြခဲ့သဖြင့် သူ သဘာဝကျကျပင် ယနေ့ည သူမ လာမည်မဟုတ်ဟု ထင်မှတ်ခဲ့သည်။
မဟုတ်ပါက သူ တံခါးကို သော့ခတ်ထားခဲ့မည်မဟုတ်ပေ။
သို့သော် ထိုအရာများအားလုံးမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီဖြစ်ရာ ထပ်မံထုတ်ဖော်ပြောဆိုနေရန် မလိုအပ်တော့ချေ။
ချန်မေ့လန်မှာ ဆွယ်တာပါးပါးလေးတစ်ထည်သာ ဝတ်ဆင်ထားပြီး အလွန်အမင်းချမ်းအေးနေကာ စောင်ပတ်ထားသည့်တိုင်အောင် တုန်ယင်နေလေသည်။
ယန်ကျောက်သည် သူ၏အတွင်းခံအင်္ကျီကို ချွတ်ကာ သူမအား နွေးထွေးစေရန် တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။
…
ထိုကိစ္စများ ပြီးစီးသွားပြီးနောက် ချန်မေ့လန်က ထလာကာ ယန်ကျောက်အား ပေဂျာတစ်လုံးကို အရင်ဆုံး ကမ်းပေးလိုက်သည်။ ယခုအခါ ဖုန်းတပ်ဆင်ပြီးဖြစ်၏။
သူမသည် ဖုန်းကို ကောက်ကိုင်ကာ ၁၂၆ သို့ ခေါ်ဆိုလိုက်ပြီး အော်ပရေတာ ဖြေကြားသောအခါ “ကျေးဇူးပြုပြီး ၁၁၆၈ ကို ခေါ်ပေးပါ” ဟု ပြောလိုက်သည်။
ဖုန်းချလိုက်ပြီးနောက် ယန်ကျောက်၏လက်ထဲရှိ ပေဂျာမှာ တုန်ခါသွားပြီး ၎င်း၏ ကျဉ်းမြောင်းသောမျက်နှာပြင်ပေါ်တွင် သူတို့၏ အိမ်ဖုန်းနံပါတ်ကို ပြသနေလေသည်။
“ဒါက ပေဂျာလား”
ယန်ကျောက်၏ မျက်လုံးများထဲတွင် သတိထားမှုများနှင့် အနည်းငယ် စိုးရိမ်မှုများ ပြည့်နှက်နေသည်။
“ဒီပစ္စည်းတွေက ယွမ် ၂၀၀၀ ကျော် တန်တယ်လို့ ကြားတယ်၊ ဘယ်သူက မင်းကိုပေးတာလဲ”
ချန်မေ့လန်သည် သူမ၏ ကိုယ်ပိုင်ပေဂျာကို ကိုင်ထားရင်း ဆက်လက်ကြွားဝါလိုက်၏။
“ပရောဂျက်ကြောင့် တစ်ယောက်ယောက်က ပေးတာပါ၊ စိတ်မပူပါနဲ့၊ သန့်ရှင်းတဲ့ပစ္စည်းတွေပါ”
သူတို့သည် ယခုလေးတင် လိင်ဆက်ဆံထားခဲ့ကြသော်လည်း ဤအမျိုးသား၏မျက်နှာပေါ်တွင် နွေးထွေးမှုအရိပ်အယောင် တစ်စက်မျှပင် မရှိတော့ချေ။
သူသည် သူ့ပခုံးပေါ်ရှိ ရွှေရောင်ဒိုင်းလွှားနှင့် တကယ့်ကို တူညီလွန်းလှပြီး မျက်နှာတစ်ခုလုံးတွင် သတိထားမှုများ အပြည့်ရှိနေသည်။
ထို့ကြောင့် ချန်မေ့လန်သည် အံဆွဲထဲမှ သူမ၏မှတ်စုစာအုပ်ကို ထုတ်ယူလိုက်သည်။