အခန်း ၁၆၂
Vol. 17 Ch. 162
🍄 Chapter 162
သူမတွင် စာရင်းရေးမှတ်သည့် အလေ့အကျင့်ရှိပြီး အစိုးရငွေတိုက်စာချုပ်များမှ ရရှိသော ကနဦး အမြတ်အစွန်းများမှစ၍ တုန်းဖန်အုပ်စုနှင့် ချင်ချွမ်းအုပ်စုအထိ ဝင်ငွေ၊ ထွက်ငွေ အရောင်းအဝယ်တိုင်းကို ဂရုတစိုက် မှတ်တမ်းတင်ထားသည်။
ထို့အပြင် ယန်ကျောက်၏ အကြီးမားဆုံးသောစိုးရိမ်ပူပန်မှုမှာ ကန်ထရိုက်တာများသည် ဖောက်သည်များကို ဧည့်ခံရန် အပြင်ထွက်ရမည်၊ အရက်သောက်ရမည်၊ ကာရာအိုကေ ဆိုရမည် ဟူသောအချက် ဖြစ်နိုင်သော်လည်း ၎င်းမှာ တကယ်တမ်းတွင် အထင်အမြင်လွဲမှားမှုတစ်ခု သာဖြစ်သည်။
ဖောက်သည်များ၊ ဒီဇိုင်းအဖွဲ့များနှင့် ဆက်ဆံရာတွင် လောကအကြောင်း နားလည်ပြီး အရက်သောက်ရသည်ကို နှစ်သက်ကာ လူမှုရေးအဆင့်အတန်း အနည်းငယ်ရှိသူတစ်ဦး လိုအပ်သည်။ ထိုသူကို မန်နေဂျာဟူသော ရာထူးပေးလိုက်ရုံသာ။
ဤအလုပ်အတွက် ယန်ပင်းအား အားလုံးအပါအဝင် တစ်လလျှင် ယွမ်တစ်ထောင်ပေးမည်ဆိုပါက သူ သေချာပေါက် လက်ခံမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူသည် အပြင်ထွက်၍ လူမှုဆက်ဆံရေးလုပ်ရသည်ကို နှစ်သက်သည်မဟုတ်လော။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်မူ ပစ္စည်းများသယ်ယူခြင်းမှစ၍ အလုပ်သမားများကို ကြီးကြပ်ခြင်းအထိ အရာအားလုံး ဂရုစိုက်ပေးနိုင်သော ချန်တကုန်း ရှိနေသည်။
သူ့ကို ကြီးကြပ်ရေးမှူး သို့မဟုတ် ဖိုမင် ဟု ခေါ်သည်။
ယခင်ဘဝက ချန်တကုန်းသည် လုကျင်းယွီ၏ဖိုမင်ဖြစ်ခဲ့ပြီး ဤအပိုင်းနှင့် ပတ်သက်၍ လုကျင်းယွီအား တစ်ခါမျှ စိတ်ပူပင်စေခဲ့ခြင်းမရှိချေ။
ထို့ကြောင့် ချန်တကုန်းမှာ အလွန်ယုံကြည်စိတ်ချရသည်။ ချန်တကုန်းမရှိပါက ချန်မေ့လန် ကန်ထရိုက်တာ လုပ်နိုင်မည်မဟုတ်ဟုပင် ဆိုနိုင်သည်။
ချင်ချွမ်းအုပ်စု၏အကြီးအကဲဖြစ်သော ဖောက်သည်ကိုသာ ချန်မေ့လန်အနေဖြင့် လူမှုဆက်ဆံရေးပြုလုပ်ရန် လိုအပ်သည်။
သူမသည် မစ္စစ်မာကိုသာ သိမ်းသွင်းရန်လိုအပ်ပြီး ၎င်းမှာ ဂိမ်းတစ်ခုတွင်နိုင်ရန် ဘုရင်ကို ဖမ်းမိသကဲ့သို့ပင်။
သူမ၏ စကားတစ်ခွန်းက အခြေအနေတစ်ခုလုံးကို အမိန့်ပေး ညွှန်ကြားနိုင်သည်။
သူမသည် လောဘကြီးသူလည်း မဟုတ်ပေ။ ပရောဂျက်တစ်ခုကို တစ်ကြိမ်သာလက်ခံမည်ဖြစ်ပြီး မစ္စစ်မာကို အရင်သိမ်းသွင်းကာ နောက်ထပ်ခေါင်းဆောင်တစ်ဦးထံသို့ ဆက်လက်ကူးပြောင်းမည်ဖြစ်သည်။
ကန်ထရိုက်တာတစ်ဦးဖြစ်ခြင်းသည် နေ့တိုင်း ရုံးချိန်အတိအကျ အလုပ်ဆင်းရန်မလိုအပ်ဘဲ ကလေးများကိုလည်း ဆက်လက်ဂရုစိုက်နိုင်သေးသည်။
ဤသည်မှာ ဘာများ မှားယွင်းနေပါသနည်း။
ချန်မေ့လန်၏ ရှည်လျားသောရှင်းပြချက်ကို နားထောင်ပြီး သူမ၏စာရင်းစာအုပ်ကို ပိတ်လိုက်ပြီးနောက် ယန်ကျောက်က မှတ်ချက်ချလိုက်၏။
“ဆောက်လုပ်ရေးနယ်ပယ်က အရမ်းရှုပ်ထွေးတယ်”
ဤသည်မှာ လိင်ဆက်ဆံပြီးနောက်အချိန်ဖြစ်ရာ အမျိုးသားများ အများအားဖြင့် သဘောကောင်းဆူံ အချိန်ဖြစ်သည်။
ချန်မေ့လန်က တိုးတိုးလေး အဆိုပြုလိုက်သည်။
“ဒါဆို နောင်ကျရင် အရောင်းအဝယ် တိုင်းကို ရှင့်ဆီ အရင် အစီရင်ခံရင်ကော ဘယ်လိုလဲ”
ယန်ကျောက်က မျက်ခုံးပင့်ကာ မေးလိုက်၏။
“မင်း တခြားသူတွေကိုပေးတဲ့ လာဘ်ငွေတွေ၊ ကော်မရှင်တွေ၊ မျက်နှာသာပေးမှုတွေ အပါအဝင်လား”
သူက စာရင်းစာအုပ်ထဲတွင် မျက်နှာသာပေးမှုများကို ရှာမတွေ့ရုံဖြင့် ၎င်းတို့ မရှိဟု ဆိုလိုခြင်းမဟုတ်ပေ။
ယန်ကျောက်သည် မိုက်မဲသူမဟုတ်ချေ။ လာဘ်ပေးလာဘ်ယူခြင်းနှင့် မျက်နှာသာပေးခြင်းတို့မှာ နှစ်ဖက်လုံး၏ဆန္ဒအရ ပြုလုပ်သော အပေးအယူများဖြစ်ပြီး အစိုးရက စုံစမ်းစစ်ဆေးခြင်းမရှိပါက မည်သူမျှ တိုင်ကြားမည်မဟုတ်သော်လည်း လာဘ်ပေးလာဘ်ယူလုပ်ခြင်းမှာ တရားမဝင်လုပ်ရပ်တစ်ခု ဖြစ်နေဆဲပင်။
တစ်ဖက်တွင် ရှောင်လန်က တအီအီ ငိုနေသည်။
သေးပေါက်ချင်၍ မဟုတ်ဘဲ ညသန်းခေါင်ယံတွင် ချန်မေ့လန် ပျောက်နေသည်ကို တွေ့ရှိသွားသဖြင့် တမင်သက်သက် ဆူညံအောင် လုပ်နေခြင်းဖြစ်နိုင်သည်။
ချန်မေ့လန်သည် သူမဘက်သို့ ပြန်သွားရတော့မည်ဖြစ်သည်။ သူမ ထိုင်ကာ အဝတ်အစားစတင် ဝတ်ဆင်လိုက်၏။
“ကောင်းပြီလေ၊ ဒါဆို ကျွန်မတို့ စမ်းကြည့်ကြတာပေါ့၊ ကျွန်မအလုပ်မှာ ရှင် အပြစ်အနာအဆာတစ်ခုခု ရှာတွေ့နိုင်မလားဆိုတာ ကြည့်ကြတာပေါ့”
အနည်းဆုံးတော့ ချင်ချွမ်းအုပ်စုပရောဂျက်အတွက် သူမ မည်သူ့ကိုမျှ ကော်မရှင်ပေးရန်မလိုအပ်ချေ။
နောင်ပရောဂျက်များအတွက်မူ တစ်ဆင့်ပြီးတစ်ဆင့်သာ သွားတော့ပေမည်။
သူမသည် အသက်တစ်သက် ပိုမိုရှင်သန်ခဲ့ရသူဖြစ်ရာ ဤကိစ္စများကို သေချာပေါက် ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်သည်။
ယန်ကျောက် ရုတ်တရက် လက်လှမ်းကာ ချန်မေ့လန်ကို ပြန်လည် ဆွဲချလိုက်ပြီး အနည်းငယ် ဘေးတို့ပေးကာ ပြောလိုက်၏။
“အေးဆေးအိပ်နေလိုက်ပါ၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့မှာ တောင်းဆိုချက် သိပ်မမြင့်ပါဘူး၊ အများဆုံး တစ်ရက်ကို တစ်ကြိမ်ပဲ၊ မင်းကို ထပ်မထိတော့ပါဘူး”
နွေဦးရာသီ ရောက်နေပြီဖြစ်သော်လည်း ယနေ့ညတွင် အပြင်ဘက်၌ မိုးရွာပြီး နှင်းများ ကျနေသဖြင့် အထူးသဖြင့် အေးစက်နေသည်။
ချန်မေ့လန် အပြင်ထွက်ပါက အအေးမိသွားနိုင်သည်။
သို့သော် သူမကို နေရန် တောင်းဆိုသည့် ယန်ကျောက်၏နည်းလမ်းက ချန်မေ့လန်ကို အလွန် နေရခက်စေသည်။ သူသည် ယခင်က သူမကို တက်ကြွစွာ မပွေ့ဖက်ခဲ့ဖူးချေ။
အကယ်၍ သူသာ လက်လှမ်းကာ သူမကိုဖက်ထားပြီး ချွဲနွဲ့လိုက်လျှင် သို့မဟုတ် ကောင်းမွန်သော ကားတစ်ခွန်း ပြောလိုက်လျှင် သူမ လိုလိုလားလား နေခဲ့မည်ဖြစ်သည်။
သို့သော် သူ ထိုသို့မလုပ်ခဲ့ချေ။
ဤမျှကြမ်းတမ်းသောနည်းလမ်းဖြင့်သာ ပြောဆိုခဲ့သည်။
ချန်မေ့လန်က အကြောင်းပြလိုက်၏။
“ရှောင်လန် ငိုနေတယ်လေ”
သူမ၏ ရင်တွင်း၌မူ……
‘အဲဒီလောက် အဝေးကြီးမှာ သွားလှဲမနေလို့ မရဘူးလား၊ ဆက်သွယ်မှုဆိုတာ အဲဒီအခိုက်အတန့်လေးအတွက်တင် မဟုတ်ဘူးလေ၊
လင်မယားကြားမှာ မေတ္တာတရားလေးတော့ ရှိသင့်တယ် မဟုတ်ဘူးလား’
ယန်ကျောက်က အေးစက်စက် ပြန်ဖြေလိုက်သည်။
“သူ့ကို ငိုခိုင်းထားလိုက်၊ ငိုလို့ဝသွားရင် အလိုလိုရပ်သွားလိမ့်မယ်”
သူသည် အဝေးတွင် မလှုပ်မယှက်လှဲနေရာ သူ့ကို ရိုက်ချင်စိတ်ပင် ပေါက်လာစေသည်။
တကယ်လည်း ခဏတာငိုပြီးနောက် မိခင်ဖြစ်သူ၏အာရုံစိုက်မှုကို မရရှိသောအခါ ရှောင်လန်က တကယ်ပင် အငိုတိတ်သွားလေသည်။
ယန်ကျောက်က အသံမထွက်တော့ဘဲနေခြင်းမှာ ခွင့်ပြုချက်ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။
ချန်မေ့လန်သည် ရဲဝံ့စွာဖြင့် ထိုအမျိုးသား၏နားရွက်ကို ဆွဲလိုက်ရာ နားရွက်မှာ နူးညံ့ပြီး ပူနွေးနေလေသည်။
မေ့လန်က သူ့နားရွက်ကို လိမ်ဆွဲမည်ဟု ယန်ကျောက် မျှော်လင့်မထားခဲ့ပုံရသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး အလိုအလျောက်ပင် သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။
သူ့မျက်လုံးများထဲတွင် တင်းမာမှုများဖြင့် ပြည့်နှက်နေ၏။
“မင်း ပရောဂျက် လုပ်လို့ရတယ်၊ ဒါပေမဲ့ အနီရောင်မျဉ်း ကန့်သတ်ချက်) တွေကိုတော့ လုံးဝ မကျော်လွန်ရဘူး၊ ဥပဒေလည်း မချိုးဖောက်ရဘူး၊”
၎င်းမှာ မူဝါဒတစ်ခုဖြစ်သော်လည်း ချန်မေ့လန်မှာ အနည်းငယ် နေရခက်နေဆဲဖြစ်သည်။
သူ့နားကို တယုတယ ပွတ်သတ်ရန် ကြိုးစားရင်း ငြင်းပယ်ခံလိုက်ရသော လက်ကို ရုပ်သိမ်းလိုက်ပြီး ယန်ကျောက်အား တိုးတိုးလေး မေးလိုက်သည်။
“ဗိုလ်ကြီးယန်၊ ‘ခွေးက သံတုံးကိုကိုက်တယ်’ ဆိုတဲ့ စကားပုံရဲ့ အဆက်က ဘာလဲဆိုတာ ရှင် သိလား”
ယန်ကျောက်က ခဏတာ စဉ်းစားပြီးနောက် ဖြေလိုက်သည်။
“ပါးစပ်မာတယ်”
ချန်မေ့လန်က ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်တယ်၊ ပါးစပ်မာတယ်”
သူ့ပါးစပ်မှာ တကယ်ကို မာကျောပြီး ခေါင်းပါ မာကျောနေခြင်းဖြစ်သည်။
အကယ်၍ ယန်ကျောက်က ပြင်းပြင်းထန်ထန် ကန့်ကွက်လျှင်ပင် ချန်မေ့လန်သည် ချင်ချွမ်းအုပ်စုပရောဂျက်ကို အရည်အသွေးရော အရေအတွက်ပါ ပြည့်မီပြီးစီးအောင် လုပ်ဆောင်နိုင်မည် ဖြစ်၏။
ယခု ယန်ကျောက်က မကန့်ကွက်သဖြင့် သူမအနေဖြင့် လွတ်လပ်စွာ ပျံသန်းနိုင်ပြီဖြစ်သည်။
ကြီးမားသောအောင်မြင်မှုတစ်ခု မရလျှင်ပင် အနည်းဆုံးတော့ သူမကိုယ်တိုင်အတွက် ငွေအချို့ စုဆောင်းနိုင်မည်ဖြစ်သည်။