← Chapters

အခန်း ၅၆၁

Vol. 57 Ch. 561

အခန်း ၅၆၁

Vol. 57 Ch. 561

အခန်း (၅၆၁)

" မင်းရဲ့ သားသတ်ဓားကို ချပြီး ချက်ချင်း ​ဗုဒ္ဓဖြစ်လာပါ။ "

သက္ကတရွတ်ဆိုသံများ ထပ်မံထွက်ပေါ်လာပြီး ဖော်ပြ၍မရသော စွမ်းအားတစ်ခုက မြို့အတွင်းရှိ ချင်စစ်သည်များ၏ စိတ်ထဲသို့ လှိုင်းလုံးများပမာ ဝင်ရောက်သွားသည်။ ရှေ့ဆုံးမှ ချင်စစ်သည်များက သက္ကတရွတ်ဆိုသံများကို ရင်ဆိုင်ရချိန်တွင် အင်ပါယာကံကြမ္မာစွမ်းအားက သူတို့ကို ကာကွယ်ပေးထားသည်။

သို့သော် ထိုစွမ်းအားက ခဏသာခံပြီး သက္ကတရွတ်ဆိုသံများ ဆက်လက်ထွက်ပေါ်လာသည်နှင့်အမျှ ချင်စစ်သည်များ၏ မျက်နှာများက တွေဝေသွားပြီး အမူအရာကင်းမဲ့သွားသည်။ သူတို့၏ လက်များက ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ လက်နက်များကို ချလိုက်ကြသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ကွေ့ကူကျိ၏ အမူအရာက ပြောင်းလဲသွားသည်။

" ဒါက အင်မော်တယ်ဘုံက ​ဗုဒ္ဓဂိုဏ်းက ​ဗုဒ္ဓအရှင်တစ်ပါး ဖြစ်ရမယ်။ ဒီလိုဗုဒ္ဓသံမျိုးက စစ်သည်တွေမှာ အင်ပါယာကံကြမ္မာစွမ်းအားရှိနေရင်တောင် သူတို့ကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး။ ဒီ​ဗုဒ္ဓရုပ်တုရဲ့ စွမ်းအားက ရွှေအင်မော်တယ်အဆင့်ကို ရောက်နေနိုင်တယ်။ ​ဗုဒ္ဓဂိုဏ်းက တကယ်ကြောက်စရာကောင်းတာပဲ။ ကောင်းကင်နဲ့မြေကြီးကို ဖြတ်တောက်ထားတာတောင် လူသားဘုံကို ဒီလိုကိုယ်ပွားတစ်ခု စေလွှတ်နိုင်တယ်။ " ကွေ့ကူကျိ၏ အမူအရာက လေးနက်သွားသည်။ သူက အင်မော်တယ်စွမ်းအားများဖြင့် မိုးကြိုးသံများကို ထုတ်လွှတ်ပြီး သက္ကတရွတ်ဆိုသံများကို ဖုံးကွယ်ရန် ကြိုးစားလိုက်သော်လည်း သက်ရောက်မှုက နည်းပါးလှသည်။

" ဒါက ​ဗုဒ္ဓကျင့်ကြံသူတွေရဲ့ သက္ကတရွတ်ဆိုသံပဲ။ စိတ်ကိုစုစည်းပြီး သိုင်းတာအိုကို အသုံးပြုကြ။ သက္ကတရွတ်ဆိုသံကြောင့် စိတ်မရှုပ်ထွေးစေနဲ့။ " ကွေ့ကူကျိက အော်ဟစ်လိုက်ပြီး တစ်ချိန်တည်းတွင် ထျန်းရွှမ်ကြေးမုံကို သုံးပြီး သတင်းစကားပေးပို့လိုက်သည်။

" အရှင်မင်းသား ​ဗုဒ္ဓကျင့်ကြံသူ​တစ်ယောက်က ​ဗုဒ္ဓကိုယ်ပွားကို ပင့်ဖိတ်ပြီး ဆင်းသက်လာစေခဲ့တယ်။ ကျွန်တော်မျိုး မတားဆီးနိုင်လောက်ဘူး။ အမြန်ဆုံး လာရောက်ကူညီပေးပါ။ "

ကွေ့ကူကျိက မြင်းမြီးယက်ကို ကိုင်ကာ အင်မော်တယ်စွမ်းအားများကို စုစည်းပြီး အထက်ဟင်းလင်းပြင်မှ ​ဗုဒ္ဓရုပ်တုကို တိုက်ခိုက်လိုက်သည်။ ကောင်းကင်တစ်ခုလုံးက လျှပ်စီးထောင်ပေါင်းများစွာဖြင့် ဖုံးလွှမ်းသွားသည်။ အပြာရောင်လျှပ်စီးပင်လယ်က မိုင်တစ်ထောင်ရှိသော ဟင်းလင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ရွှေရောင်အလင်းများ တောက်ပနေသော ​ဗုဒ္ဓရုပ်တုကိုပါ လျှပ်စီးများဖြင့် လွှမ်းခြုံသွားသည်။

သို့သော် ​ဗုဒ္ဓရုပ်တုက ပြောင်းလဲခြင်းမရှိဘဲ သက္ကတရွတ်ဆိုသံများကို ဆက်လက်ထုတ်လွှတ်နေဆဲ ဖြစ်သည်။ ကွေ့ကူကျိက တိုက်ခိုက်လိုက်သောအခါ ​ဗုဒ္ဓရုပ်တု၏ မျက်နှာပေါ်တွင် အမူအရာတစ်ခု ပေါ်လာသည်။

" ​အော်မီတော်ဖု... ​ဗုဒ္ဓကို ယုံကြည်ကိုးကွယ်ရင် မင်း နိဗ္ဗာန်ကို ရောက်မယ်။ ​ဗုဒ္ဓကို မဆန့်ကျင်နဲ့။ သက္ကတရွတ်ဆိုသံက နတ်ဆိုးတွေကို နှိမ်နင်းလိမ့်မယ်။ " ​ဗုဒ္ဓရုပ်တုက ဒေါသထွက်နေသော အသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ကောင်းကင်တစ်ခုလုံးက ကြောက်စရာကောင်းသော ​ဗုဒ္ဓအလင်းများဖြင့် ပြည့်နှက်သွားပြီး လျှပ်စီးများကို တုန်ခါသွားစေသည်။

" ကျိုးပျက်စမ်း။ " ကွေ့ကူကျိက မြင်းမြီးယပ်ကို အောက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

လျှပ်စီးများက လျှပ်စီးနဂါးများအဖြစ် ပြောင်းလဲသွားပြီး ​ဗုဒ္ဓရုပ်တုဆီသို့ ဆင်းသက်သွားသည်။ ရွှေအင်မော်တယ်အဆင့်၏ ကြောက်စရာကောင်းသော စွမ်းအားများက ​ဗုဒ္ဓရုပ်တုပေါ်သို့ ကျရောင်လာပြီး မိုင်းတစ်သောင်းအတွင်း ဟင်းလင်းပြင်တစ်ခုလုံးက တုန်ခါသွားသည်။

ဟင်းလင်းပြင်အလွှာများ ကွဲအက်သွားပြီး ကမ္ဘာစွမ်းအားများ၏ ပြုပြင်ခြင်းခံလိုက်ရသည်။ ကြီးမားသော ​ဗုဒ္ဓရုပ်တုက လျှပ်စီးများဖြင့် ဝါးမြိုခြင်းခံလိုက်ရပြီး ​ဗုဒ္ဓအလင်းများက ဖိနှိပ်ခြင်း ခံလိုက်ရသည်။

" အောင်မြင်သွားတာလား။ " ကွေ့ကူကျိ၏ မျက်နှာတွင် ဝမ်းသာသော အမူအရာ ပေါ်လာသည်။

" အော်မီတော်ဖု... မကောင်းမှုက တည်တံ့လိမ့်မည်မဟုတ်ပါ။ " ​ဗုဒ္ဓအလင်းတန်းများက ဓားများသဖွယ် ပိတ်ဆို့ထားသော လျှပ်စီးများကို ထိုးဖောက်သွားပြီး ​ဗုဒ္ဓအလင်းများ ပေါက်ကွဲကာ လျှပ်စီးများအားလုံး ငြိမ်သက်သွားသည်။

" ဒါက ဘယ်လို​ဗုဒ္ဓမျိုးလဲ။ ဘာလို့ဒီလောက်တောင် သန်မာနေရတာလဲ။ " ကွေ့ကူကျိက စိတ်ထဲမှ တုန်လှုပ်သွားသည်။ သူက ရွှေ​အင်မော်တယ်အဆင့် စွမ်းအားဖြင့် ထို​ဗုဒ္ဓကို မဖျက်ဆီးနိုင်ခဲ့ပေ။ ထို​ဗုဒ္ဓက သူထက် ပို၍ သန်မာနေသည်။

" အင်မော်တယ်တစ်ယောက်က လူသားဘုံမှာ ရှိမနေနိုင်ဘူး။မင်းက ဘယ်လိုဆင်းသက်လာတာလဲ။ " ​ဗုဒ္ဓရုပ်တုက ပြန်မတိုက်ခိုက်သေးဘဲ သိချင်စိတ်ဖြင့် မေးလိုက်သည်။

" မင်းက တကယ်ဘယ်သူလဲ။ " ကွေ့ကူကျိက ​ဗုဒ္ဓရုပ်တုကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

" အတိတ်မှာ ငါရှိတယ်။ အတိတ်က အရာအားလုံးမှာ ငါပါဝင်နေတယ်။ " ​ဗုဒ္ဓရုပ်တုက အသံတစ်ခု ထုတ်လွှတ်လိုက်သည်။

" အတိတ်​ဗုဒ္ဓ၊ ရန်တန် " ကွေ့ကူကျိက မျက်လုံးပြူးသွားပြီး ​ဗုဒ္ဓရုပ်တုကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

" အခု မင်းဘယ်လိုဆင်းလာခဲ့လဲဆိုတာ ငါ့ကို ပြောပြ။ မင်းကိုငါ ဉာဏ်အလင်းဖွင့်ပေးမယ်။ သေဘေးကနေ ကယ်တင်ပေးမယ်။ " ​ဗုဒ္ဓရုပ်တုက ကြောက်စရာကောင်းသော ​ဗုဒ္ဓစွမ်းအားများဖြင့် ပြောလိုက်သည်။

" မင်းက ​ဗုဒ္ဓဂိုဏ်းက ​ဗုဒ္ဓဖြစ်နေရင်တောင် ငါအညံ့ခံမှာမဟုတ်ဘူး။ " ကွေ့ကူကျိ၏ မျက်လုံးများက အေးစက်စွာပြီး အင်မော်တယ်စွမ်းအားများက နောက်တစ်ကြိမ် စုစည်းသွားသည်။

" အော်မိတော်ဖု... ငါ မင်းကို ချေးချွတ်ပေးမှ ရတော့မယ်။ ငါ့ကို ယုံကြည်ကိုးကွယ်လိုက်ရင် မင်း နိ​ဗ္ဗာန်ကို မြန်မြန် ရောက်နိုင်လိမ့်မယ်။ " ​ရန်တန်​ဗုဒ္ဓက တည်ငြိမ်စွာ ပြောလိုက်သည်။

" လက်နက်ကို ချပြီး ချက်ချင်း ​ဗုဒ္ဓဖြစ်လာပါ။ "

စွမ်းအားကြီးသော ​ဗုဒ္ဓအလင်းများက ပျံ့နှံ့လာပြီး ကွေ့ကူကျိထံသို့ တိုးဝင်သွားကာ သူ့ကို ဝန်းရံထားသော လျှပ်စီးများက အမှုန့်ဖြစ်သွားသည်။ ထို့နောက် သက္ကတအသံလှိုင်းများက ကွေ့ကူကျိ၏ ဝိညာဉ် အနက်ရှိုင်းဆုံသို့ ဝင်ရောက်သွားသည်။ အသံလှိုင်းများက ကွေ့ကူကျိ၏ စိတ်ကို တိုက်ရိုက်တိုက်ခိုက်နေသည်။

" ငါက ချင်ရဲ့ အင်ပါယာဆရာ၊ အင်ပါယာကံကြမ္မာနဲ့ ကာကွယ်ထားသူပဲ။ မင်းရဲ့ သက္ကတအသံက ငါ့အတွက် ဘာမှမဟုတ်ဘူး။ " ကွေ့ကူကျိက အော်ဟစ်လိုက်ရာ အင်ပါယာကံကြမ္မာစွမ်းအားတစ်ခုပေါ်လာပြီး သူ၏ ဝိညာဉ်နှင့် စိတ်ကို ကာကွယ်ပေးလိုက်သည်။

" ကံကြမ္မာစွမ်းအား။ ဒါဆို ရှန်းကျိုးက တကယ်ပဲ ထိန်းချုပ်မှုကနေ လွတ်မြောက်သွားတာပေါ့။ ကောင်းကင်ဘုံ၊ ဟောက်ထျန်း တကယ်ကို အသုံးမကျတဲ့သူတွေပဲ။ " ​ရန်တန်ဗုဒ္ဓရုပ်တုက အေးစက်စွာ ပြောလိုက်သည်။

" ငါမင်းကို ချေးမချွတ်ပေးနိုင်ရင် မင်းသေရမယ်။ " ရန်တန်​ဗုဒ္ဓရုပ်တုက ပိုမိုအားကောင်းသော ​ဗုဒ္ဓအလင်းများကို ထုတ်လွှတ်လိုက်သည်။ ​ဗုဒ္ဓက လက်ဝါးကို မြှောက်လိုက်ရာ ပေတစ်ထောင်အရွယ်အစားရှိသော လက်ဝါးကြီးဖြစ်ပေါ်လာပြီး ကွေ့ကူကျိဆီသို့ ဖိနှိပ်လိုက်သည်။ ထိုစွမ်းအားက ကွေ့ကူကျိ၏ စွမ်းအားထက် အဆပေါင်းများစွာ သာလွန်သည်။

" ဟားဟား... ငါ ကွေ့ကူကျိက သာမန်အင်မော်တယ်တစ်ယောက်ဆိုပေမယ့် ရန်တန်​ဗုဒ္ဓရဲ့ လက်နဲ့ သေရရင်တော့ တကယ်ဂုဏ်ယူစရာပဲ။ ဒါပေမယ့် ငါသေရမယ်ဆိုရင်တောင် မင်းနဲ့ အဆုံးထိ တိုက်ခိုက်မယ်။ ငါမင်းကို ချင်အင်ပါယာကို ထိခိုက်အောင် လုပ်ခွင့်ပေးမှာမဟုတ်ဘူး။ " ကွေ့ကူကျိက ကြောက်ရွံ့မှုမရှိဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" မိုးကြိုးနိယာမ၊ ဖျက်ဆီးခြင်း။ " ကွေ့ကူကျိက သူ၏ အင်မော်တယ်စွမ်းအား အားလုံးကို စုစည်းပြီး ရန်တန်ဗုဒ္ဓနှင့် အတူပျက်စီးရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ကွေ့ကူကျိ၏ ရှေ့မှ ဟင်းလင်းပြင်က ရုတ်တရက် အက်ကွဲသွားသည်။

" အင်ပါယာဆရာ မစိုးရိမ်တော့နဲ့။ " ဟင်းလင်းပြင်ထဲမှ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။

" အရှင်မင်းသား " ကွေ့ကူကျိက ဝမ်းသာသွားသော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသ်ခါးသည်။ " အရှင်မင်းသား အမြန်ထွက်သွားပါ။ ကျွန်တော်မျိုး သူနဲ့အတူ ဖျက်ဆီးလိုက်မယ်။ သူက သာမန်​ဗုဒ္ဓမဟုတ်ဘူး။ သူက ​ဗုဒ္ဓဂိုဏ်းရဲ့ ​ဗုဒ္ဓသုံးပါးထဲက တစ်ပါးပဲ။ သူက စိတ်အသိလေးတစ်ခုပဲ ဆင်းသက်လာရင်တောင် ရွှေအင်မော်တယ်ထက် ပိုသန်မာတယ်။ "

ကျောက်ဖုန်းက ဟင်းလင်းပြင်အက်ကြောင်းထဲမှ ထွက်လာပြီး ကွေ့ကူကျိ၏ ရှေ့တွင် ရပ်လိုက်သည်။ ကောင်းကင်တွင် ပေတစ်ထောင်ကျော်ကြီးမားသော လက်ဝါးကြီးဖြင့် ဖုံးလွှမ်းထားသော်လည်း သူက တုန်လှုပ်ခြင်းမရှိဘဲ သူ၏ လက်ထဲတွင် ထျန်းဝမ်ဓားကို ကိုင်ထားသည်။

" ခေတ်ကာလများကို ပိုင်းခြားသော ဓား။ " ကျောက်ဖုန်းက ထျန်းဝမ်ဓားကို လက်နှစ်ဖက်ဖြင့်ကိုင်လိုက်သည်။ ထို့နောက် သူ၏ ဒန်တျန်ထဲမှ နိယာမယွမ်စွမ်းအားများကို ထုတ်ဖော်ပြီး ရွှေနိယာမကို အသုံးပြုကာ ရှေ့သို့ ခုတ်ပိုင်းလိုက်သည်။

နိယာမစွမ်းအားများဖြင့် ပြည့်နှက်နေသော ပေတစ်ထောင်ရှည်သော ရွှေရောင်ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ​ဗုဒ္ဓလက်ဝါးကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။ ဓားအလင်းတန်းက ကောင်းကင်ကို ဖြတ်သန်းသွားပြီး ကောင်းကင်ကို ဖုံးလွှမ်းထားသော ​ဗုဒ္ဓလက်ဝါးက ချက်ချင်း ကွဲအက်သွားသည်။ အဆုံးမရှိသော ​ဗုဒ္ဓအလင်းများက ရွှေရောင်အလင်းစက်များအဖြစ် ပျံ့လွင့်သွားသည်။

ရန်တန်​ဗုဒ္ဓက ထိုမြင်ကွင်းကို မြင်သောအခါ အံ့အားသင့်သွားသည်။ " အင်မော်တယ်လမ်းစဉ်လည်းမဟုတ်၊ ​ဗုဒ္ဓလမ်းစဉ်လည်းမဟုတ်၊ နတ်ဆိုးလမ်းစဉ်လမ်းမဟုတ်၊ သားရဲလမ်းစဉ်လည်း မဟုတ်ဘူး။ "

ရန်တန်​ဗုဒ္ဓ၏ စိတ်အသိမျှင်တစ်ခုမျှသာ ဖြစ်သော်လည်း ကျောက်ဖုန်း၏ တိုက်ခိုက်မှုမှာ အင်မော်တယ်စွမ်းအား သို့မဟုတ် နတ်ဆိုးစွမ်းအားတို့မဟုတ်ကြောင်း သူ အမှန်တကယ် သိရှိသွားသည်။

" မင်းက ဘယ်သူလဲ။ " ရန်တန်​ဗုဒ္ဓက လေးနက်စွာ မေးလိုက်သည်။

" ချင်အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသား " ကျောက်ဖုန်းက အေးစက်စွာ ပြန်ဖြေလိုက်သည်။

" ဒါဆို ရှန်းကျိုးက ထိန်းချုပ်မှုကနေ လွတ်မြောက်သွားတာ မင်းနဲ့ အဓိကပက်သက်နေတာပဲ။ မင်းကို ချေးချွတ်လိုက်ရင် ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားက ​ဗုဒ္ဓဂိုဏ်းကို ရောက်လာလိမ့်မယ်။ " ရန်တန်​ဗုဒ္ဓက ကျောက်ဖုန်းကို လောဘအရိပ်အယောင်များဖြင့် ကြည့်လိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters