← Chapters

အခန်း ၅၆၂

Vol. 57 Ch. 562

အခန်း ၅၆၂

Vol. 57 Ch. 562

အခန်း (၅၆၂)

" ငါ့ကို ချေးချွတ်မယ်ဟုတ်လား။ ဒါဆိုမင်းမှာ အစွမ်းအစရှိမရှိ ကြည့်ရမှာပေါ့။ " ကျောက်ဖုန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ယွမ်စွမ်းအားများကို စုစည်းလိုက်သည်။

" ကောင်းကင်ချုပ်နှောင်လက်ညှိုး " ကျောက်ဖုန်းက ​ဗုဒ္ဓရုပ်တုဆီသို့ လက်ညှိုးညွှန်လိုက်ရာ ကြောက်စရာကောင်းသော စွမ်းအားများ ထွက်ပေါ်လာပြီး မိုင်တစ်ထောင်အတွင်း ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားသည်။

" ရွှေအင်မော်တယ်အဆင့်ထကခ ကျော်လွန်တဲ့စွမ်းအား။ အင်မော်တယ်လမ်းစဉ်ရဲ့ အရိပ်အယောင်တောင် မပါဘူး။ ဒီကောင်လေးက တကယ်ပြဿနာပဲ။ "ရန်တန်​ဗုဒ္ဓက ပို၍ သတိထားလာသည်။

သူက လက်နှစ်ဖက်ကို ပူးကပ်လိုက်ရာ ပိုမိုတောက်ပသော ​ဗုဒ္ဓအလင်းများ ပေါ်လာပြီး ရွှေရောင်အလင်းတန်းတစ်ခုက ကျောက်ဖုန်း၏ လက်ညှိုးကို တိုက်ရိုက်ရင်ဆိုင်လိုက်သည်။ သိုင်းတာအိုယွမ်စွမ်းအားနှင့် ​ဗုဒ္ဓစွမ်းအားနှစ်မျိုးက ထိပ်တိုက်တွေ့ဆုံသွားသည်။

ဝုန်း....

ဟင်းလင်းပြင်တစ်ခုလုံးက ထိုကြောက်စရာကောင်းသော အလင်းတန်းကြောင့် မှေးမှိန်သွားသည်။ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ဘာကိုမှမမြင်ရတော့ပေ။ ခဏကြာသောအခါ အလင်းရောင်က မှေးမှိန်သွားသည်။ ဟင်းလင်းပြင်တစ်ခုလုံးက အက်ကွဲနေပြီး ကမ္ဘာစွမ်းအားက ပြန်လည်ပြုပြင်နေသော်လည်း ဟင်း​လင်းပြင်ပြိုကျနေသည့် အမြန်နှုန်းနှင့် မယှဉ်နိုင်ပေ။

" ကောင်လေး ငါမင်းကို ပိုပြီး ချေးချွတ်ချင်လာပြီ။ မင်းကို ချေးချွတ်လိုက်ရင် ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားအပြင် မင်းရဲ့ ထူးခြားတဲ့ ကျင့်စဉ်တွေကလည်း ငါ့ဟာ ဖြစ်လာလိမ့်မယ်။ " ရန်တန်​ဗုဒ္ဓက ကျောက်ဖုန်း၏ စွမ်းအားကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများထဲမှ လောဘအရိပ်အယောင်များက ပိုမိုပြင်းထန်စွာ တောက်လောင်လာသည်။

" ​ဗုဒ္ဓလား။ ငါ ဒီနေ့ အဲ့ဒီ​ဗုဒ္ဓကို သတ်ပစ်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ ရယ်မောလိုက်ပြီး ယွမ်စွမ်းအားများကို ထပ်မံစုစည်းလိုက်သည်။

" ဖရိုဖရဲနယ်ပယ်။ " ကျောက်ဖုန်းက သူ၏ လက်ကို ဝှေ့ရမ်းလိုက်သောအခါ ဖရိုဖရဲချီလှိုင်းတစ်ခုက သူ၏ ခန္ဓာကိုယ်မှ ချက်ချင်း ပျံ့နှံ့သွားသည်။ ခဏအတွင်း မိုင်တစ်ရာပတ်လည်ကို လွှမ်းခြုံသွားပြီး ရန်တန်ဗုဒ္ဓ၏ အလင်းများပင် ဖိနှိပ်ခံလိုက်ရသည်။

" နိယာမအော်ရာ၊ ပြင်ပအရာအားလုံးကို ခွဲထုတ်ထားတယ်။ ဒါဘယ်လိုကျင့်စဉ်မျိုးလဲ။ ရှေးဦးခေတ်ကတည်းက တစ်ခါမှမရှိခဲ့ဖူးဘူး။ " ရန်တန်​ဗုဒ္ဓက ကျောက်ဖုန်းကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်သည်။ သို့သော် သူက ကျောက်ဖုန်းကို အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်နေပုံရပြီး တည်ငြိမ်စွာ ရှိနေသည်။

" ငါ့ရဲ့ နယ်ပယ်ထဲမှာ ငါက ကောင်းကင်ပဲ။ မင်းက လူသားဘုံကို ဆင်းသက်လာဖို့ အဲ့ဒီဘုန်းကြီးတွေရဲ့ သွေးနဲ့ ဝိညာဉ်အနှစ်သာရကို အသုံးပြုခဲ့တယ်။ အခုရော မင်း သူတို့နဲ့ ဆက်သွယ်လို့ရသေးလား။ " ကျောက်ဖုန်း၏ ပုံရိပ်က ရန်တန်ဗုဒ္ဓ၏ ရှေ့မှ ပျောက်ကွယ်သွားပြီး သူ၏ အသံက ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်နေသည်။

ထိုစကားကို ကြားသောအခါ ရန်တန်​ဗုဒ္ဓက စစ်ဆေးကြည့်လိုက်ရာ သူ၏ အမူအရာက ပြောင်းလဲသွားသည်။

" လှည့်ကွက်တွေ။ ငါ မင်းရဲ့ နယ်ပယ်ကို ဖျက်ဆီးပစ်မယ်။ " ရန်တန်​ဗုဒ္ဓ၏ ရုပ်တုမှ ​ဗုဒ္ဓအလင်းများ ထွက်ပေါ်လာပြီး ဖရိုဖရဲနယ်ပယ်ကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။

" မင်းက ငါ့ရဲ့ စင်းတိတုံးပေါ်က ငါးတစ်ကောင်ဖြစ်နေပြီ။ မိုးကြိုး၊ ဓားချီ။ " နယ်ပယ်အတွင်း အကန့်အသတ်မရှိ စိတ်ဝိညာဉ်စွမ်းအားများ စုစည်းလာပြီး နိယာမစွမ်းအားများ ထွက်ပေါ်လာသည်။ ထို့နောက် ရန်တန်​ဗုဒ္ဓကို အဆက်မပြတ် တိုက်ခိုက်လိုက်သည်။

ထိုတိုက်ခိုက်မှုအောက်တွင် ကျောက်ဖုန်း၏ ယွမ်စွမ်းအားများက လျင်မြန်စွာ ကုန်ဆုံးနေသော်လည်း ပြန်လည်ရရှိမှုက ပိုမြန်သည်။ ရန်တန်ဗုဒ္ဓထုတ်လွှတ်နေသော ဗုဒ္ဓအလင်းများက တဖြည်းဖြည်း မှေးမှိန်သွားပြီး ဗုဒ္ဓရုပ်တုက ကွအက်မည့် အရိပ်အယောင်များ ပေါ်လာသည်။

" မင်းရဲ့ စိတ်အသိမျှင်တစ်ခုက လူသားဘုံမှာ နေခဲ့ရလိမ့်မယ်။ " ကျောက်ဖုန်း၏ အေးစက်စွာ ရယ်မောသံက ပဲ့တင်ထပ်သွားသည်။

" ငါမင်းကို လွှတ်ပေးမှာမဟုတ်ဘူး။ " ရန်တန်က အေးစက်စွာ ပြောလိုက်ပြီး သူက ကျောက်ဖုန်းအား ယှဉ်နိုင်မည်မဟုတ်သည်ကို နားလည်သွားသည်။

" ပျက်စီးစမ်း " ကျောက်ဖုန်းက သူ၏ လက်ကို မြှောက်လိုက်ရာ ဖရိုဖရဲနယ်ပယ်အတွင်းမှ လျှပ်စီးတန်းကြီးတစ်ခုက ရန်တန်​ဗုဒ္ဓပေါ်သို့ ကျဆင်းသွားသည်။ ခဏအတွင်း ရန်တန်​ဗုဒ္ဓ၏ ရုပ်တုက တိုက်ရိုက်ပြိုကွဲသွားသည်။

" အတိတ်​ဗုဒ္ဓ ရန်တန်ရဲ့ စိတ်အသိမျှင်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၁၀၀၀၀မှတ် ရရှိပါတယ်။ ​ဗုဒ္ဓလက်ဝါး နတ်စွမ်းရည်ကို ရရှိပါတယ်။ အဆင့်ခြောက်ရတနာသေတ္တာတစ်လုံး ရရှိပါတယ်။ "

ကျောက်ဖုန်းက ရန်တန်​ဗုဒ္ဓ၏ ရုပ်တုကို သတ်ဖြတ်လိုက်သောအခါ စနစ်မှ အသိပေးချက် ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများက တိုးတက်လာသည်။

" ရန်တန်ရဲ့ ကိုယ်ပွားက ကောင်းကင်အင်မော်တယ်အဆင့် အထွတ်အထိပ်နဲ့ ညီမျှသင့်ပေမယ့် သူ့ရဲ့ စွမ်းအားက ပိုသန်မာနေလို့ အင်ပါယာဆရာက မယှဉ်နိုင်တာပဲ။ " ကျောက်ဖုန်းက ပျောက်ကွယ်သွားသော ​ဗုဒ္ဓရုပ်တုကို ကြည့်ပြီး တွေးလိုက်သည်။

ရန်တန်ကို ဖြေရှင်းပြီးနောက် သူက ဖရိုဖရဲနယ်ပယ်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ကောင်းကင်က ပြန်လည်ကြည်လင်သွားပြီး ​ဗုဒ္ဓအလင်းများကလည်း ပျောက်ကွယ်သွားကြသည်။ ​ဗုဒ္ဓဘုရားကျောင်းရှေ့တွင် ထိုမြင်ကွင်းကို မြင်လိုက်ရသော ဖာကျိနှင့် ​ဗုဒ္ဓကျင့်ကြံသူများက ထိတ်လန့်သွားကြသည်။

" ဒါမဖြစ်နိုင်ဘူး။ ငါတို့ ​ဗုဒ္ဓရဲ့ ကိုယ်ပွားကို ဘယ်လိုလုပ်အနိုင်ယူသွားတာလဲ။ "

ဖာကျိနှင့် အခြားသူများ၏ ယုံကြည်မှုက ပြိုကွဲသွားသည်။ သူတို့၏ စိတ်နှလုံးထဲတွင် ​ဗုဒ္ဓဆိုသည်မှာ အနိုင်ယူ၍ မရသူဖြစ်သည်။ သို့သော် ယခု သူတို့၏ ​ဗုဒ္ဓက ပျောက်ကွယ်သွားခဲ့သည်။

ကျောက်ဖုန်းက ချင်စစ်သည်များကို ကြည့်လိုက်ရာ သူတို့က စိတ်ရှုပ်ထွေးကာ တွေဝေနေကြဆဲ ဖြစ်သည်။

" နိုးထစေ " ကျောက်ဖုန်းက ပြောလိုက်ရာ ယွမ်စွမ်းအားများက ပျံ့နှံ့သွားပြီး ချင်စစ်သည်များက အသိပြန်ဝင်လာကြသည်။ သူတို့က မြေပြင်မှ လက်နက်များကို ကြည့်ပြီး သူတို့၏ အခြေအနေကို နားလည်သွားကြသည်။

" ကျွန်တော်မျိုးတို့ အပြစ်ရှိပါတယ်။ စိတ်ကို တည်ငြိမ်အောင် မထိန်းနိုင်ခဲ့ပါဘူး။ " ဝမ်ပင်းနှင့် တုဆွေတို့က ကျောက်ဖုန်းရှိရာသို့ ဦးညွှတ်လိုက်ကြသည်။ စစ်သည်အားလုံးကလည်း ရှက်ရွံ့စွာဖြင့် ဦးညွှတ်လိုက်ကြသည်။

" မင်းတို့ အပြစ်မဟုတ်ပါလုး။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

​ဗုဒ္ဓဂိုဏ်း၏ ကြောက်စရာအကောင်းဆုံးအရာမှာ သူတို့၏ ဉာဏ်အလင်းပွင့်ခြင်းနည်းစနစ်ဖြစ်သည်။ ​ဗုဒ္ဓက ပိုမိုသန်မာလေ သူတို့၏ ဉာဏ်အလင်းပွင့်ခြင်းနည်းစနစ်က ပိုမိုအစွမ်းထက်လေဖြစ်သည်။ အင်မော်တယ်များပင် မခုခံနိုင်ဘဲ ထိုအဆင့်အောက်မှ လူများဆိုလျှင် ပြောစရာပင်မလိုပေ။ ကွေ့ကူကျိပင်လျှင် အင်ပါယာကံကြမ္မာစွမ်းအားကြောင့်သာ ရန်တန်ဗုဒ္ဓ၏ ဉာဏ်အလင်းပွင့်ခြင်းစွမ်းအားကို ခုခံနိုင်ခဲ့ခြင်းဖြစ်သည်။

" မင်းတို့ ရှုံးနိမ့်သွားပြီ။ မင်းတို့ ဗုဒ္ဓက မင်းတို့ကို မကာကွယ်နိုင်တော့ဘူး။ " ကျောက်ဖုန်းက စိတ်ပျက်အားငယ်နေပြီး ယုံကြည်မှုပြိုကွဲနေသော ​ဗုဒ္ဓကျင့်ကြံသူများကို ကြည့်လိုက်သည်။

" မင်းတို့ရဲ့ အနိုင်မယူနိုင်တဲ့ ဗုဒ္ဓကိုယ်ပွားကျဆုံးသွားလို့ ယုံကြည်မှုပြိုကွဲသွားပြီလား။ ဒါဆိုလည်း ကောင်းတာပေါ့။ အချိန်ဖြုန်းစရာမလိုတော့ဘူး။ " ကျောက်ဖုန်းက ​ဗုဒ္ဓကျင့်ကြံသူများကို ကြည့်ပြီး သူ၏ လက်နှစ်ဖက်ကို မြှောက်လိုက်သည်။

သူ၏ လက်ထဲတွင် အနက်ရောင် မရဏလောကမီးတောက်နှင့် သမာဓိမီးတောက်တို့က ချက်ချင်း စုစည်းလာသည်။ တစ်ခုက ရုပ်ခန္ဓာကို ဖျက်ဆီးပြီး တစ်ခုက ဝိညာဉ်ကို ဖျက်ဆီးနိုင်သည်။ ကျောက်ဖုန်းက မီးတောက်နှစ်ခုကို ပစ်လွှတ်လိုက်ရာ ၎င်းက ချက်ချင်း ကြီးထွားသွားပြီး အောက်မှ ​ဗုဒ္ဓကျင့်ကြံသူများပေါ်သို့ ကျရောက်သွားသည်။ ​ဗုဒ္ဓကျင့်ကြံသူများက မီးတောက်နှစ်ခုအောက်တွင် ပျက်စီးသွားကြပြီး ပြာအဖြစ် ပြောင်းလဲသွားကြသည်။

" ဟင်းလင်းပြင်ပြန်ခြင်းအဆင့် ​ဗုဒ္ဓကျင့်ကြံသူများကို သတ်ဖြတ်ပြီး စွမ်းရည်အမှတ် ၁၀၀၀ နဲ့ ကုသိုလ်အမှတ် ၁၀၀၀ကို ရရှိပါတယ်။ "

" ချီသန့်စင်ခြင်းအဆင့် ​​ဗုဒ္ဓကျင့်ကြံသူများကို သတ်ဖြတ်ပြီး နဂါးဆင်စွမ်းအား ၅၀ ရရှိပါတယ်။ "

" ချီသန့်စင်ခြင်းအဆင့်...."

​ဗုဒ္ဓကျင့်ကြံသူထောင်ချီက ကျောက်ဖုန်း၏ တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ပျက်စီးသွားကြသည်။ ကျောက်ဖုန်းက သူတို့ဆီမှာ စွမ်းရည်အမှတ်များနှင့် ကုသိုလ်အမှတ် များစွာ ရရှိခဲ့သည်။

" ဒီ​ဗုဒ္ဓကျင့်ကြံသူတွေက ကံကြွေးတွေ သယ်ဆောင်ထားကြတယ်။ ဒါပေမယ့် သူတို့က ဘာလို့ ဒီလိုနေနိုင်ကြတာလဲ။ ကောင်းကင်နဲ့ မြေကြီးက အငြိုးအတေးတွေ ပျောက်ကွယ်သွားတာလား။ " ကျောက်ဖုန်းက အနည်းငယ် အံ့အားသင့်သွားသည်။

ကံကြွေးများ စုစည်းလာလျှင် ကောင်းကင်နှင့်မြေကြီးက စွန့်ပစ်သည်ဟု ပြောကြသည်။ သို့သော် ထို​ဗုဒ္ဓကျင့်ကြံသူများက ဘာကြောင့် မကြောက်ကြတာလဲ။ ထို့အပြင် ကောင်းကင်ဘုံက အင်မော်တယ်များကရော ဘာကြောင့်မစိုးရိမ်ကြတာလဲ။ သို့သော် ကျောက်ဖုန်းက သိပ်မစဉ်းစားတော့ပေ။ ဤတစ်ကြိမ်တွင်လည်း သူက အကျိုးအမြတ်များ ရရှိခဲ့သည်။

နာမည် - ကျောက်ဖုန်း

အသက် - ၃၅ နှစ်

အထူးစွမ်းရည် ....

နိယာမယွမ်စ်ိမ်းအား - ၄၆၅၃၄ မှတ်

နဂါးဆင်စွမ်းအား - ၄၅၅၆၅ မှတ်

နတ်ဘုရားအလင်းအမြန်နှုန်း - ၄၅၈၆၇မှတ်

ဟောက်ထျန်းတာအိုခန္ဓာ - ၄၇၈၅၈ မှတ်

နတ်ဘုရားအာရုံ - ၄၅၈၅၉ မှတ်

နိယာမမူလစိတ်ဝိညာဉ် - ၄၆၉၅၉ မှတ်

သက်တမ်း - ၁၀၀၆၄၆ နှစ်

ကုသိုလ် - ၅၀၂၃၀၄ မှတ်

ကံကြွေး - ၁၀၂၀၃ မှတ်

သိုလှောင်နေရာ - ၃၀၀၀၀၀ ကု​ဗမီတာ

ပန်ဂု၏ သွေးစက်ကို အပြည့်အဝ သန့်သင်ပြီးနောက် ကျောက်ဖုန်းက ကြီးမားသော အကျိုးကျေးဇူးများရရှိခဲ့ပြီး သူ၏ ခန္ဓာက ဟောက်ထျန်းတာအိုခန္ဓာအဖြစ် ပြောင်းလဲကာ နိယာမများကို ပိုမိုမြန်ဆန်စွာ နားလည်နိုင်သည်။

ထို့အပြင် သူက ပန်ဂုနတ်ဘုရား၏ သွေးစက်တွင် ပါရှိသော အမွေအနှစ်ကိုလည်း ရရှိခဲ့သည်။ ၎င်းက ရုပ်ခန္ဓာကို သူတော်စင်အဆင့်ထိ ကျင့်ကြံနိုင်သော ကိုးဆင့်ပြောင်းလဲခြင်းမဟာကျင့်စဉ်ဖြစ်သည်။ သို့သော် ကျောက်ဖုန်းက သူ၏ အဓိကကျင့်စဉ်ကို ပြောင်းလဲခြင်းမရှိဘဲ ၎င်းကို သိုင်းတာအိုနှင့် ပေါင်းစပ်ကာ အတွင်းရောအပြင်ပါ ကျင့်ကြံရန် ရည်ရွယ်ထားသည်။ ထိုနည်းဖြင့် သူ၏ ကျင့်စဉ်မှ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး ပိုမိုသန်မာလာပေလိမ့်မည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters