← Chapters

အခန်း ၅၆၄

Vol. 57 Ch. 564

အခန်း ၅၆၄

Vol. 57 Ch. 564

အခန်း (၅၆၄)

" ချင်အင်ပါယာရဲ့ ကျောင်းတော်တွေမှာ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နဲ့ မြို့တော်ဆိုပြီးရှိပါတယ်။ ဝန်ကြီးနှစ်ယောက်နဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ စာမေးပွဲတွေကို အဆင့်တွေနဲ့ ထားဖို့ ရည်ရွယ်ထားပါတယ်။ စာပေ၊ သိုင်းတာအို၊ အင်မော်တယ်၊ ​ဗုဒ္ဓ၊ ဆေးဖော်စပ်ခြင်း၊ လက်နက်သန့်စင်ခြင်းနဲ့ အစီအရင် တစ်ခုစီတိုင်းမှာ အဆင့်ဆယ်ဆင့် သတ်မှတ်ထားပါတယ်။ "

" စာမေးပွဲတစ်ခုစီမှာ ထိပ်ဆုံးယောက်ထဲ ပါဝင်သူတိုင်းကို အရင်းအမြစ်တွေနဲ့ ဆုချီးမြှင့်ပေးပြီး အနာဂတ် ကျင့်ကြံခြင်းနယ်မြေမှာ ရွေးချယ်စရာမလိုဘဲ ဝင်ရောက်ခွင့်ရှိလိမ့်မယ်။ အသေးစိတ်တွေကိုတော့ ဧကရာဇ်မင်းမြတ်နဲ့ အရှင်မင်းသားတို့ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပါတယ်။ " လွီပုဝေက သူ၏ အစီအစဉ်များကို ပြောလိုက်သည်။

" ဒါက ကောင်းတဲ့အဆိုပြုချက်ပဲ။ ဒါပေမယ့် ကျုံးဖုရဲ့ အစီအစဉ်က ကန့်သတ်ချက်နည်းနည်းရှိနေတယ်။ ချင်လူဦးရေက သန်ပေါင်းများစွာ ရှိတယ်။ မြို့နယ်တစ်ခုမှာ ဆယ်ယောက်ပဲ ရွေးတာက အရမ်းနည်းတယ်။ မြို့နယ်တစ်ခုမှာ ထိပ်ဆုံးငါးဆယ်ထဲပါရင် ဆုရသင့်တယ်။ ခရိုင်မှာတော့ လူတစ်ရာရွေးပါ။ ပြည်နယ်မှာတော့ လူနှစ်ရာရွေးပါ။ အဆင့်ရှေ့ဆုံးရောက်လေ ဆုပိုများလေပဲ။ " ရင်ကျန့်က ချက်ချင်း ပြောလိုက်သည်။

" အရှင်မင်းကြီးက အမြော်အမြင်ကြီးမားလှပါတယ်။ " လွီပုဝေက ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ် အရှင်မင်းသား သိုင်းတာအိုနဲ့ အင်မော်တယ်လမ်းစဉ်မှာ ဆရာတွေရှိပါတယ်။ ဒါပေမယ့် ​ဗုဒ္ဓလမ်းစဉ်အတွက်တော့ ချင်မှာ ရှေ့ဆောင်လမ်းပြမရှိပါဘူး။ ဒီကိစ္စက လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ " ဟန်ဖေးက လျှောက်တင်လိုက်သည်။

" ဒီကိစ္စကို ငါကိုယ်တိုင်တာဝန်ယူလိုက်မယ်။ သိုင်းတာအို၊ အင်မော်တယ်လမ်းစဉ်၊ ဗုဒ္ဓလမ်းစဉ် ဘယ်ဟာဖြစ်ဖြစ် နောက်ဆုံးမှာ မဟာတာအိုကို ဦးတည်တာပဲ။ တစ်ခုစီတိုင်းမှာ သူတို့ရဲ့ အားသာချက်တွေရှိတယ်။ ချင်က ပညာရပ်အားလုံးကို ဂရုစိုက်ရမယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

ချင်အင်ပါယာတွင် လူဦးရေသန်းပေါင်းများစွာရှိပြီး လူတိုင်းက သူတို့သင့်တော်ရာ လမ်းစဉ်များ ရှိကြသည်။ ကျင့်ကြံခြင်းလမ်းစဉ်များ ပိုများလာသည်နှင့်အမျှ ချင်အင်ပါယာတွင် သန်မာသော ကျင့်ကြံသူများလည်း ပိုများလာလိမ့်မည်ဖြစ်သည်။

" နားလည်ပါပြီ။ " ဟန်ဖေးက ခေါင်းညိမ့်လိုက်သည်။

ညီလာခံပြီးဆုံးသွားသောအခါ ကျောက်ဖုန်းက မြို့ပြင်သို့ ပျံသန်းသွားသည်။ သူက ကမ္ဘာငယ်သို့ ပထမအသုတ်ကို ပို့ဆောင်ရမည်ဖြစ်သည်။ မြို့ပြင်တွင် တပ်စခန်းတစ်ခု တည်ဆောက်ထားပြီး မြို့တော်စစ်သည်များက အပြင်တွင် စောင့်ကြပ်နေကြသည်။ ကျောက်ဖုန်းက စခန်းသို့ ရောက်လာခဲ့သည်။

" အရှင်မင်းသားကို ဂါရဝပြုပါတယ်။ " စစ်သူကြီးများက ကျောက်ဖုန်းကို ဦးညွှတ်လိုက်ကြသည်။

" လျိုဟွာ ဒီတစ်ခါ စစ်တပ်ကို မင်း ဦးဆောင်လာတာလား။ " ကျောက်ဖုန်းက ရှေ့ဆုံးမှ စစ်သူကြီးကို မြင်သောအခါ ပြုံး၍ မေးလိုက်သည်။

ကျောက်ဖုန်းက သူ့နာမည်အား ခေါ်လိုက်သည်ကို ကြားသောအခါ လျိုဟွာက စိတ်လှုပ်ရှားသွားပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။ " အရှင်မင်းသား ကျွန်တော်မျိုးက စစ်သည်တွေကို စုစည်းပြီး ရှန်းယန်ကို ပြန်လည်ခေါ်ဆောင်လာခဲ့တာပါ။ "

" မဆိုးဘူး။ မင်းက ဆရာသခင်အဆင့်ကို ရောက်သွားပြီပဲ။ မင်းကျင့်ကြံခြင်းနယ်မြေထဲ ဝင်လိုက်ရင် မဟာဆရာသခင်အဆင့်ကို တက်လှမ်းနိုင်လောက်တယ်။ ကြိုးစားကျင့်ကြံပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အရှင်မင်းသားရဲ့ မျှော်လင့်ချက်ကို မပျက်စီးစေရပါဘူး။ " လျိုဟွာက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ သူက ကျောက်ဖုန်း၏ လက်အောက်ငယ်သားဟောင်းတစ်ယောက်ဖြစ်သည်။ အတိတ်တွင် ကျောက်ဖုန်း တပ်မှူးဖြစ်ကတည်းက လျိုဟွာက သူ၏ လက်အောက်တွင် ရှိနေခဲ့သည်။

အချိန်များကုန်ဆုံးလာခဲ့ပြီး လျိုဟွာကလည်း ချင်အင်ပါယာ၏ ပင်မစစ်သူကြီးတစ်ယောက် ဖြစ်လာခဲ့ပြီး ဝူအန်းစခန်းတွင် မဟုတ်ဘဲ မြောက်ဘက်ခံတပ်စခန်းတွင် ဖြစ်လာခဲ့သည်။

" အားလုံးကို စုစည်းလိုက်ပါ။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" နားလည်ပါပြီ။ " တပ်မှူးများက အမိန့်ကို လက်ခံရရှိပြီး လျင်မြန်စွာ ထွက်ခွာသွားကြသည်။

မကြာမီ စခန်း၏ အပြင်ဘက်တွင် စစ်သည်တစ်သိန်းက စုဝေးလာပြီး အခြားနေရာအသီးသီးမှ လူများလည်း ရောက်လာကြသည်။

" အရှင်မင်းသားကို ဂါရဝပြုပါတယ်။ " အားလုံးက တစ်ညီတစ်ညွှတ်တည်း ဦးညွှတ်လိုက်ကြသည်။

" အားလုံးထကြပါ။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်သည်။

" အရှင်မင်းသားကို ကျေးဇူးတင်ပါတယ်။ " အားလုံးက ပြန်ပြောလိုက်ကြပြီး ကျောက်ဖုန်းကို လေးစားမှုများဖြင့် စိုက်ကြည့်နေကြသည်။ ရင်ကျန့်နှင့် ကျောက်ဖုန်းတို့၏ နာမည်က ချင်အင်ပါယာတွင် ဒဏ္ဍာရီတစ်ခု ဖြစ်နေပြီဖြစ်သည်။

" ဒီနှစ် ချင်ခေတ်သစ်ရဲ့ တတိယမြောက်နှစ် ငါတို့ ချင်မူဝါဒတွေကို ကမ္ဘာကြီးဆီ ဖြန့်ဝေလာတာ သုံးနှစ်ကျော်ခဲ့ပြီ။ သိုင်းတာအို၊ အင်မော်တယ်၊ ဆေးဖော်စပ်ခြင်းနဲ့ ရတနာသန့်စင်ခြင်း ပညာရပ်အမျိုးမျိုးကို လက်ဆင့်ကမ်းခဲ့ပြီး ကျင့်ကြံသူတွေနဲ့ ပညာရှင်အမျိုးမျိုး ထွက်ပေါ်လာခဲ့တယ်။ သာမန်လူသားတွေနဲ့ ယှဉ်ရင် ငါတို့ ချင်အင်ပါယာက ရှုံးနိမ့်ခြင်းမရှိတော့ဘူး။ "

" မင်းတို့ မမြင်နိုင်တဲ့ နေရာတွေမှာ ငါတို့ ချင်ရဲ့ ရန်သူတွေက အရမ်းသန်မာတယ်။ သူတို့က ငါတို့ ချင်ကို သားကောင်လို့ သဘောထားပြီး ဝံပုလွေအုပ်တွေလို ဝန်းရံထားတယ်။ ငါတို့ကို တိုက်ခိုက်ပြီး ဝါးမြိုဖို့ ပြင်ဆင်နေကြတယ်။ အဲ့ဒီရန်သူတွေက မင်းတို့ကြားဖူးနေတဲ့ အင်မော်တယ်တွေနဲ့ ​ဗုဒ္ဓတွေပဲ။ အင်မော်တယ်တွေနဲ့ ​ဗုဒ္ဓတွေက သန့်ရှင်းမြင့်မြတ်တယ်၊ လူသားတွေအပေါ် စာနာသနားတယ်လို့ မထင်လိုက်နဲ့။ "

" မှားတယ်။ အားလုံးမှားနေတယ်။ အင်မော်တယ်တွေနဲ့ ​ဗုဒ္ဓတွေက နတ်ဆိုးတွေလို လူတွေကို စားသောက်ကြတယ်။ လူတွေကို တိရစ္ဆာန်တွေလို သဘောထားကြတယ်။ အင်မော်တယ်တွေနဲ့ ​ဗုဒ္ဓတွေကို ယုံကြည်စရာမလိုဘူး။ သူတို့က ငါတို့ ချင်အင်ပါယာနဲ့ ရန်သူတွေပဲ။ " ကျောက်ဖုန်းက လူတိုင်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

ထိုစကားများက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။ သို့သော် ၎င်းက ခဏသာဖြစ်သည်။

" ချင်အင်ပါယာကို သစ္စာခံပါတယ်။ အင်မော်တယ်တွေနဲ့ ​ဗုဒ္ဓတွေက ချင်ကို ကျူးကျော်ရဲရင် ငါတို့ချင်က သူတို့နဲ့ သေတဲ့အထိ တိုက်ခိုက်သွားမယ်။ "

" ချင်အတွက် သေတဲ့အထိ တိုက်ခိုက်ဖို့ ကျိန်ဆိုပါတယ်။ "

လူများစွာ၏ အော်ဟစ်သံများက ကောင်းကင်ယံကို ပဲ့တင်ထပ်သွားစေသည်။ သူတို့အားလုံးက ချင်အင်ပါယာ၏ ထူးချွန်သူများဖြစ်ကြသည်။ သူတို့က ဒဏ္ဍာရီထဲမှ အင်မော်တယ်များကို လေးစားကောင်း လေးစားပေလိမ့်မည်။ သို့သော် သူတို့က ချင်အင်ပါယာ၏ ရန်သူမထားဖြစ်လာလျှင် သူတို့က ဘာကိုမှ မကြောက်ဘဲ သေသည်အထိ တိုက်ခိုက်သွားကြပေလိမ့်မည်။

" ကောင်းတယ်။ ဒါက ငါတို့ချင်ရဲ့ အရည်အချင်းရှိတဲ့သူတွေပဲ။ " ​ကျောက်ဖုန်းက ရယ်မောလိုက်သည်။ " ဒီနေ့ ငါမင်းတို့ကို ကျင့်ကြံခြင်းနယ်မြေတစ်ခုကို ပို့ပေးမယ်။ ငါတို့ ချင်အင်ပါယာမှာ တစ်နှစ်က အဲ့ဒီထဲမှာ နှစ်ငါးဆယ်ဖြစ်တယ်။ မင်းတို့က ကျင့်ကြံခြင်းနယ်မြေကို ပထမဆုံးဝင်ရမယ့် အသုတ်ပဲ။ မင်းတို့ ကျင့်ကြံမှုတွေ တိုးတက်လာဖို့ မျှော်လင့်ပါတယ်။ အားလုံး စိတ်လျှော့ထားကြပါ။ ငါမင်းတို့ကို ကျင့်ကြံခြင်းနယ်မြေဆီ ပို့ပေးမယ်။ "

ကျောက်ဖုန်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး လူအားလုံးကို လွှမ်းခြုံလိုက်သည်။ ထို့နောက် သူ၏ အတွေးတစ်ချက်နှင့်အတူ အားလုံးက ကမ္ဘာငယ်ထဲသို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။

ကမ္ဘာငယ်ထဲတွင် လူပေါင်းတစ်သိန်းကျော်က ရောက်ရှိလာသည်။ မိုင်တစ်ရာပတ်လည်က သူတို့နေထိုင်ရန် လုံလောက်ပေသည်။

" ဒါက ကျင့်ကြံခြင်းနယ်မြေပဲ။ ဒီကစိတ်ဝိညာဉ်စွမ်းအားက ရှန်းကျိုးထက် ပိုထူထပ်တယ်။ ထျန်းရွှမ်ကြေးမုံကို ဒီနေရာမှာလည်း သုံးလို့ရတယ်။ ဒီနေရာမှာ လူတိုင်းအတွက် ထျန်းရွှမ်ကြေးမုံရဲ့ ကျင့်ကြံခြင်းနေရာကို အကန့်အသတ်မရှိ သုံးခွင့်ပေးထားတယ်။ ရှန်းကျိုးမှာ တစ်လပြည့်တဲ့အခါ ငါမင်းတို့ကို အပြင်ကို ပြန်ခေါ်ထုတ်ပေးမယ်။ အစားအသောက်ကိုတော့ ဆယ်ရက်တစ်ကြိမ် ပို့ပေးမယ်။ " ကျောက်ဖုန်း၏ အသံက လူတိုင်း၏ နားထဲသို့ ဝင်ရောက်သွားသည်။

" အရှင်မင်းသားကို ကျေးဇူးတင်ပါတယ်။ " အားလုံးက ဦးညွှတ်ပြီးနောက် ကျင့်ကြံခြင်းကို စတင်လိုက်ကြသည်။

အားလုံးပြီးသွားသောအခါ ကျောက်ဖုန်းက နတ်ဘုရားအာရုံကို မရုပ်သိမ်းသေးဘဲ ကမ္ဘာငယ်ကို ဆက်လက်စောင့်ကြည့်နေသည်။ အချိန်စီးဆင်းမှုက ကွဲပြားသွားပြီဖြစ်သောကြောင့် ကမ္ဘာငယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုက အလွန်ကြီးမားလှသည်။ အချိန်နိယာမကို ရရှိပြီးနောက် ရှန်းကျိုးတွင် ရှစ်လကုန်သွားပြီး ကမ္ဘာငယ်ထဲတွင် ဆယ်စုနှစ်အချို့ ကုန်သွားခဲ့ပြီဖြစ်သည်။

" အချိန်စီးဆင်းမှုကို ပြောင်းလဲနိုင်တာက တကယ်လက်နက်တစ်ခုပဲ။ အနာဂတ်မှာ ဒီကန္ဘာငယ်ထဲက အရာအားလုံးက ငါ့လက်ထဲက ထက်မြက်တဲ့ ဓားတစ်လက်ဖြစ်လာလိမ့်မယ်။ ဒါအပြင် သက်ရှိတွေနဲ့ ကျင့်ကြံသူတွေ ပိုများလာတာက ကမ္ဘာငယ်ကိုလည်း တိုးတက်စေနိုင်တယ်။ ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာ​မတွေက ပိုပြည့်စုံလာပြီ။ တစ်နေ့မှာ ကမ္ဘာငယ်ထဲက တစ်ယောက်ယောက်က သိုင်းတာအိုမဟာစွမ်းအားရှင်အဆင့်ကို တက်လှမ်းနိုင်ရင် ဒီကမ္ဘာငယ်ထဲက နိယာမကို နားလည်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက စဉ်းစားလိုက်သည်။

ထို့နောက် သူ၏ နတ်ဘုရားအာရုံကို ပြန်ရုပ်သိမ်းပြီးနောက် အိမ်ရှေ့စံနန်းတော်သို့ ပြန်လာခဲ့သည်။ သူက ရတနာသေတ္တာများကို ရရှိထားပြီဖြစ်သည်။

"ရတနာသေတ္တာတွေကို ဖွင့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" အဆင့်ခြောက်ရတနာသေတ္တာလေးလုံးကို ဖွင့်နေပါပြီ။ "

" ရှန်ထျန်းအဆင့် အဆင့်နိမ့် စိတ်ဝိညာဉ်ရတနာ လင်းယွင်ပုလင်းကို ရရှိပါတယ်။ "

" ဟောက်ထျန်းအဆင့် အဆင့်မြင့် စိတ်ဝိညာဉ်ရတနာ မြေကမ္ဘာဖိနှိပ်ခြင်းတံဆိပ်ကို ရရှိပါတယ်။ "

" ဟောက်ထျန်းအဆင့် အထွတ်အထိပ် အတုအယောင် အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်ကို ရရှိပါတယ်။ "

" အာကာသနိယာမျိုးစေ့ကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက်များ ထွက်ပေါ်လာသည်။

" မဆိုးဘူး။ ဒါက အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်ရဲ့ ပုံတူတစ်ခုဖြစ်နေတာပဲ။ ရှန်ထျန်းအဆင့်မဟုတ်ပေမယ့် ဓားအစီအရင်ကို ထုတ်လွှတ်လိုက်ရင် အရမ်းအစွမ်းထက်မှာ သေချာတယ်။ ပြီးတော့ အာကာသမျိုးစေ့က ကမ္ဘာငယ်ထဲ ထည့်လိုက်ရင် ငါလည်း အာကာသနိယာမကို နားလည်လာလိမ့်မယ်။ ဆဋ္ဌမအဆင့် ရတနာသေတ္တာတွေက ကြီးမားတဲ့ အကျိုးအမြတ်တွေရလိုက်တာပဲ။ " ကျောက်ဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters