အခန်း ၅၆၅
Vol. 57 Ch. 565
အခန်း (၅၆၅)
" ဒီလင်းယွင်ပုလင်းက ဘာလဲ။ " ကျောက်ဖုန်းက ရှန်ထျန်းအဆင့် စိတ်ဝိညာညာ်ရတနာကို ထုတ်ယူလိုက်သည်။ ထို့နောက် သူ၏ လက်ထဲတွင် အဖြူရောင်ပုလင်းတစ်လုံးပေါ်လာသည်။
လင်းယွင်ပုလင်း - သက်ရှိတစ်ယောက်ကို ပုလင်းထဲသို့ ထည့်သွင်းလိုက်လျှင် ထိုသက်ရှိ၏ ဝိညာဉ်အနှစ်သာရကို ဆေးလုံးအဖြစ် သန့်စင်ပေးပြီး သက်တမ်းကို တိုးစေကာ ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်သည်။ သေဆုံးသွားသော အလောင်းများကို ထည့်သွင်းလျှင် ကျန်ရှိသော ဝိညာဉ်အနှစ်သာရများကို ထုတ်ယူနိုင်သည်။
" ဒါက ဝိညာဉ်အနှစ်သာရကို တကယ်စုပ်ယူနိုင်တာပဲ။ အလောင်းတွေကတောင် ထုတ်ယူလို့ရသေးတယ်။ အနာဂတ်မှာ အင်မော်တယ်တွေ၊ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကို သတ်ပြီး ဒီပုလင်းထဲထည့်လိုက်ရင် ဝိညာဉ်အနှစ်သာရတွေကို ထုတ်ယူနိုင်လိမ့်မယ်။ ငါ မသုံးရင်တောင် ချင်အင်ပါယာက ကျင့်ကြံသူတွေအတွက် အရမ်းအသုံးဝင်တယ်။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။
" အင်မော်တယ်ဘုံက အင်မော်တယ်တွေနဲ့ ဗုဒ္ဓတွေက သက်ရှိတွေကို မွေးမြူပြီး ဝိညာဉ်အနှစ်သာရကို ထုတ်ယူကြတယ်။ ငါသူတို့ကို ပြောင်းပြန်ပြန်လုပ်နိုင်ပြီထင်တယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။
" မြေကမ္ဘာဖိနှိပ်ခြင်းတံဆိပ်၊ ဒဏ္ဍာရီလာ ဖန်ထျန်းတံဆိပ်နဲ့ ဆင်တူတယ်။ " ကျောက်ဖုန်းက ၎င်းကို ထုတ်ယူလိုက်သောအခါ လက်ဝါးအရွယ် တံဆိပ်တစ်ခုက သူ၏ လက်ထဲတွင် ပေါ်လာသည်။
၎င်းက လက်ဝါးအရွယ် တံဆိပ်တစ်ခု ဖြစ်သော်လည်း အသက်သွင်းလိုက်လျှင် ကြီးမားသော တံဆိပ်ကြီးအဖြစ် ပြောင်းလဲနိုင်ပြီး အဆုံးမရှိသော စွမ်းအားများနှင့် ဖိနှိပ်နိုင်သည်။
ထို့နောက် ကျောက်ဖုန်းက အတုအယောင်အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်ကို ထုတ်လိုက်သည်။ ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းအော်ရာများ ထွက်ပေါ်လာပြီး ထိုအော်ရာက ခန်းမတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ကျောက်ဖုန်းက သတ်ဖြတ်ခြင်းကြားတွင် မွေးဖွားလာသူဖြစ်သောကြောင့် ထိုသတ်ဖြတ်ခြင်းအော်ရာကို မကြောက်ပေ။
ကျောက်ဖုန်း၏ ရှေ့တွင် ဓားလေးလက်နှင့်အတူ အစီအရင်မြေပုံတစ်ခုပေါ်လာသည်။ ဓားလေးလက်မှ ကြောက်စရာကောင်းသော ဓားအရှိန်အဝါများ ထွက်ပေါ်နေသည်။
" အံ့ဩစရာပဲ။ ဓားလေးလက်လုံးက ဟောက်ထျန်းအဆင့် စိတ်ဝိညာဉ်ရတနာတွေပဲ။ ပင်မဓားက ပိုတောင် အဆင်မြင့်သေးတယ်။ ဓားလေးလက်နဲ့ အစီအရင်မြေပုံ ပေါင်းစပ်လိုက်ရင် ဟောက်ထျန်းအဆင့် အထွတ်အထိပ် ရတနာနဲ့ ညီမျှတဲ့ စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်လိမ့်မယ်။ တကယ်ကြောက်စရာကောင်းတာပဲ။ " ကျောက်ဖုန်းက သူ၏ ရှေ့မှ ဓားအစီအရင်ကို ကြည့်ပြီး အံ့ဩသွားသည်။
ဟောက်ထျန်းနှင့် ရှန်းထျန်းရတနာများက ကျင့်ကြံမှုအဆင့်များနှင့်မတူပေ။ ဟောက်ထျန်းရတနာက လူများဖန်တီးထားသော ရတနာများဖြစ်ပြီး ရှန်ထျန်းရတနာများက ကမ္ဘာဦးကာလတွင် သဘာဝအတိုင်း ဖြစ်တည်လာသော ရတနာများဖြစ်သည်။
အတုအယောင် အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင် - ဓားအစီအရင်၏ စွမ်းအားက အသုံးပြုသူ၏ ကျင့်ကြံမှုအပေါ်တွင် တူတည်သည်။ အဆင့်တူ ကျင့်ကြံသူလေးယောက်မှလွဲ၍ မည်သူမျှမဖျက်ဆီးနိုင်ပေ။
ကျူးရှန်းဓားအတု (အင်မော်တယ်သတ်ဖြတ်ခြင်းဓား) ဟောက်ထျန်းအဆင့် အဆင့်မြင့်။
လုရှန်းဓားအတု (အင်မော်တယ်ကို ဖျက်ဆီးခြင်းဓား) ဟောက်ထျန်းအဆင့် အဆင့်မြင့်။
ရှန်းရှန်းဓားအတု (အင်မော်တယ်ကို ပိတ်ဆို့သောဓား) ဟောက်ထျန်းအဆင့် အဆင့်မြင့်။
ကျွဲရှန်းဓားအတု (အင်မော်တယ်ကို အမြစ်ဖြတ်သုတ်သင်သောဓား) ဟောက်ထျန်းအဆင့် အဆင့်မြင့်။
အစီအရင်မြေပုံ ဟောက်ထျန်းအဆင့် အဆင့်မြင့်။
" ကြီးမားတဲ့ အကျိုးအမြတ်ကို ရလိုက်တာပဲ။ ထျန်းရွှမ်ကြေးမုံနဲ့ တွက်ချက်ပြီး အင်မော်တယ်ဘုံကို ရင်ဆိုင်ဖို့ ကျင့်ကြံရမယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။ သူက ထျန်းရွှမ်ကြေးမုံကို ဆင့်ခေါ်လိုက်သည်။ အင်ပါယာကံကြမ္မာစွမ်းအားက သန်မာလာသည်နှင့်အမျှ ထျန်းရွှမ်ကြေးမုံက ပို၍ အားကောင်းလာခဲ့သည်။
" ကိုးဆင့်ပြောင်းလဲခြင်းမဟာကျင့်စဉ် ရုပ်ခန္ဓာကို သူတော်စင်အဆင့်ထိ မြှင့်တင်ပေးနိုင်တယ်။ အဆင့်ရှစ်က အတုအယောင်သူတော်စင်အဆင့်ကို ရောက်နိုင်ပြီး အဆင့်ကိုးက သူတော်စင်အဆင့်ကို ရောက်နိုင်တယ်။ အင်ပါယာကံကြမ္မာစွမ်းအားကို သုံးပြီး ထျန်းရွှမ်ကြေးမုံက ကျင့်စဉ်တွေကို တွက်ချက်နိုင်တယ်။ သိုင်းဧကရာဇ်နဂါးကျင့်စဉ်။ " ကျောက်ဖုန်းက နတ်ဘုရားအာရုံကို အသုံးပြုပြီး သိုင်းဧကရာဇ်နဂါးကျမ်းနှင့် ကိုးဆင့်ပြောင်းလဲခြင်းမဟာကျင့်စဉ်ကို ထျန်းရွှမ်ကြေးမုံထဲသို့ ပို့လွှတ်လိုက်သည်။
နံနက်ခင်း ညီလာခံခန်းမ။
" ဧကရာဇ်မင်းမြတ် စစ်သေနာပတိချုပ် ဝမ်ပင်းက အစီရင်ခံစာ ပို့ထားပါတယ်။ အနောက်ဘက်နယ်စပ်က နိုင်ငံအားလုံးကို အမြစ်ပြတ်ချေမှုန်းလိုက်ပါပြီ။ " ယွီလျောင်က ကျယ်လောင်စွာ ပြောလိုက်သည်။
" ကျုံးဖု အနောက်ဘက်နယ်စပ်အတွက် အရာရှိတွေကို စီစဉ်ပြီးပြီလား။ " ရင်ကျန့်က လွီပုဝေကို ကြည့်ပြီး မေးလိုက်သည်။
" ဧကရာဇ်မင်းမြတ် အင်ပါယာကျောင်းတော်မှာ ကျောင်းသားတွေ အများကြီးရှိပါတယ်။ အခု အကဲဖြတ်ပြီးတဲ့နောက် သူတို့ထဲက အများစုကို သုံးနိုင်ပါပြီ။ ဧကရာဇ်မင်းမြတ်သာ အမိန့်ထုတ်လိုက်ရင် ကျောင်းသားသုံးထောင်လုံးက အနောက်ဘက်နယ်စပ်ကို သွားပြီး တာဝန်ထမ်းဆောင်နိုင်ပါပြီ။ ပြီးတော့ အတွေ့အကြုံရှိတဲ့ အရာရှိတစ်ရာကျော်ကိုလည်း ရွေးချယ်ထားပါတယ်။ ဒါပေမယ့် တာဝန်ခံဘုရင်တွေနဲ့ ပက်သက်တာကတော့ ဧကရာဇ်မင်းမြတ်ရဲ့ ဆုံးဖြတ်ချက်လိုအပ်နေပါသေးတယ်။ " လွီပုဝေက ပြန်ဖြေလိုက်သည်။
" တာဝန်ခံဘုရင်တွေနဲ့ ပက်သက်ရင် ငါ့မှာ အစီအစဉ်ရှိပြီးသားပါ။ အုပ်ချုပ်ရေးနဲ့ ပက်သက်ရင်တော့ ကျုံးဖုကိုပဲ အားကိုးရတော့မယ်။ " ရင်ကျန့်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ် စိတ်ချပါ။ ကျွန်တော်မျိုး အကောင်းဆုံး လုပ်ဆောင်ပါ့မယ်။ " လွီပုဝေက ချက်ချင်း ပြန်ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ် အနောက်ဘက်နယ်စပ်ကို ရှင်းလင်းပြီးပြီဖြစ်တဲ့အတွက် စစ်သေနာပတိချုပ် ဝမ်ပင်းနဲ့ စစ်သေနာပတိချုပ် တုဆွေတို့က ဆက်ပြီး တိုက်ခိုက်ဖို့ ခွင့်ပြုချက်တောင်းနေပါတယ်။ သူတို့ရဲ့ စုံစမ်းမှုအရ အနောက်ဘက်နယ်စပ်ရဲ့ ဟိုဘက်မှာ တိုင်းတစ်ပါးမျိုးနွယ်စုတွေနဲ့ အရင်းအမြစ်တွေ ရှိနေပါသေးတယ်။ " ယွီလျောင်က ပြောလိုက်သည်။
" ငါပြောပြီးပြီပဲ။ လူသားဘုံက ကျယ်ပြောလှတယ်။ ငါတို့ ချင်က စစ်ဆင်ရေးကို ရပ်တန့်မှာမဟုတ်ဘူး။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်ပါ။ မုန့်ဝူနဲ့ လီမုကို မြောက်ဘက်ကို ဆက်ချီတက်ပြီး ယွဲ့ကျိနိုင်ငံကို တိုက်ခိုက်ခိုင်းပါ။ ဝမ်ပင်းနဲ့ တုဆွေကိုလည်း အနောက်ဘက်ကို ဆက်ချီတက်ပြီး တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ပါ။ လိုအပ်တဲ့ စစ်ရေးရိက္ခါတွေကို ရှောက်ဖူက ထျန်းရွှမ်ကြေးမုံကနေ ပို့ပေးလိုက်ပါ။ လက်ရှိသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို စစ်ဦးစီးချုပ်က စစ်သည်တွေ စေလွှတ်ပြီး စောင့်ကြပ်ခိုင်းလိုက်ပါ။ "
" ပြီးတော့ ငါတို့ ချင်ရဲ့ မူဝါဒတွေကိုလည်း အကောင်အထည်ဖော်ရမယ်။ ပြည်သူတွေကို မြေယာတွေ ခွဲဝေပေးမယ်။ ချင်စာပေနဲ့ ယဉ်ကျေးမှုကိုလည်း ဖြန့်ဝေရမယလ။ ဒါ့အပြင် စိတ်ဝိညာဉ်ကျောက်တုံးတူးဖော်ရေးကိုလည်း အရင်အတိုင်း ဆက်ပြီး လုပ်ဆောင်ရမယ်။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။
" အမိန့်ကို နာခံပါတယ်။ "
အင်မော်တယ်ဘုံ၊ ခွန်လွန်တောင်။
တစ်ချိန်က သူတော်စင်များ၏ နယ်မြေဖြစ်ခဲ့သော်လည်း သူတော်စင်များ ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်နဲ့ မြေကြီးက ပြောင်းလဲသွားခဲ့သည်။ တစ်ချိန်က တည်ငြိမ်အေးချမ်းခဲ့သော ခွန်လွန်က ယခင်ကဲ့သို့ တည်ငြိမ်မှုမရှိတော့ပေ။
အနောက်ခွန်လွန်။
ကြီးမားသော အစီအရင်ကြီးထဲတွင် ခမ်းနားသော ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က ရှေ့ဆုံးတွင် ရပ်နေပြီး သူမ၏ နောက်တွင် အမျိုးသမီးအင်မော်တယ်များစွာ ရှိနေသည်။ တစ်ယောက်ချင်းစီက ထူးခြားသော မှော်လက်နက်များကို ကိုင်ထားပြီး အရှေ့ဘက်သို့ စိုးရိမ်စွာ ကြည့်နေကြသည်။
သူတို့၏ ရှေ့ရှိ ကောင်းကင်တွင် ကောင်းကင်စစ်သည်များက ရပ်နေပြီး ကြောက်စရာကောင်းသော သတ်ဖြတ်လိုစိတ်များကို ဖြန့်ကျက်ထားသည်။
" ဟောက်ထျန်း ငါတို့ အနောက်ခွန်လွန်က နင်တို့ ကောင်းကင်ဘုံနဲ့ ဘာရန်ငြိုးမှမရှိခဲ့ဘူး။ ဒီနေ့ ဘာလို့စစ်တပ်ကို ခေါ်လာတာလဲ။ " အနောက်ဘက်မယ်တော်ကြီး ရှီဝမ်မုက အေးစက်စွာ ပြောလိုက်သည်။
" ရှီဝမ်မု စကားတွေ အများကြီး မပြောချင်ဘူး။ ခွန်လွန်ကြေးမုံကို ပေးလိုက်ပါ။ နှစ်တစ်ရာအသုံးပြုပြီးရင် ပြန်လာပေးမယ်။ မဟုတ်ရင် ကောင်းကင်ဘုံက အနောက်ခွန်လွန်ကို သွေးချောင်းစီးအောင် လုပ်ပစ်မယ်။ " တိမ်များထက်တွင် ကောင်းကင်ဧကရာဇ်က ပလ္လင်ပေါ်တွင် ထိုင်ကာ အေးစက်စွာ ပြောလိုက်စည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် မကောင်းသော အငွေ့အသက်များ ပြည့်နှက်နေပြီး တစ်ချိန်က ကြီးကျယ်မြင့်မြတ်မှုများက ယခု ဟာသတစ်ခုသာ ဖြစ်သည်။ အတိတ်တွင် သူတော်စင်များ တည်ရှိစဉ်က အချင်းချင်း ထိန်းသိမ်းမှုများ ရှိကြသော်လည်း ယခုအချိန်တွင် အင်အားစုများကြား တိုက်ခိုက်သတ်မှုများက သာမန်သာဖြစ်သည်။ ရှုံးနိမ့်သူက သွေးအစာဖြစ်လာပြီး ဝိညာဉ်အနှစ်သာရထုတ်ယူခြင်း ခံရပေလိမ့်မည်။ ၎င်းက အင်မော်တယ်ဘုံ၏ လက်ရှိအခြေအနေဖြစ်သည်။
" ခွန်လွန်ကြေးမုံက ငါ့ရဲ့ အထွတ်အမြတ်ရတနာပဲ။ အတိတ်တုန်းက တာအိုဘိုးဘေးပေးခဲ့တာ။ တာအိုဘိုးဘေးရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့ နင်က မသိဘူးလား။ " ရှီဝမ်မုက အေးစက်စွာ ပြောလိုက်သည်။
တာအိုဘိုးဘေးဟူသော နာမည်ကို ကြားသော်လည်း ကောင်းကင်ဧကရာဇ်က ဘာမှမဖြစ်သကဲ့သို့ သာမန်အတိုင်း ပြန်ပြောလိုက်သည်။ " ဆရာက ကောင်းကင်နဲ့ မြေကြီးကို ပြန်သွားတာ ကြာပြီ။ ဆရာပေးအပ်ထားတဲ့ ကောင်းကင်ဧကရာဇ်အနေနဲ့ ခွန်လွန်ကြေးမုံကို ခဏငှားသုံးချင်တာ။ ရှီဝမ်မု မင်းက ဒါကိုတောင် မပေးချင်ဘူးလား။ "
ရှီဝမ်မုက မျက်မှောင်ကြုတ်သွားသည်။ ကောင်းကင်ဧကရာဇ်က ခွန်လွန်ကြေးမုံကို ရယူရန် စိတ်ပိုင်းဖြတ်ထားသည်ကို သူမနားလည်လိုက်သည်။ တာအိုဘိုးဘေး၏ နာမည်ကလည်း အသုံးမဝင်တော့ပေ။ ထိုအချိန်က တာအိုဘိုးဘေး ပျောက်ကွယ်သွားသောအခါ ကောင်းကင်တာအိုက ရှုပ်ထွေးသွားပြီး သူတော်စင်များလည်း ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်နှင့်မြေကြီးကြားတွင် ကပ်ဘေးချီများ ထွက်ပေါ်လာပြီး ရှေးဦးမူလကမ္ဘာကလည်း မငြိမ်မသက်ဖြစ်လာခဲ့သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့