အခန်း ၅၆၆
Vol. 57 Ch. 566
အခန်း (၅၆၆)
" ဟောက်ထျန်း နင် တကယ်ပဲ အင်အားသုံးဖို့ ဆုံးဖြတ်လိုက်ပြီလား။ " ရှီဝမ်မု၏ အမူအရာက တင်းမာသွားပြီး သူမ၏ ခန္ဓာကိုယ်မှ ကြီးမားသော ဖိအားတစ်ခု ထွက်ပေါ်လာသည်။
" မင်းသာ မငှားဘူးဆိုရင် ငါ ဒီခွန်လွန်တောင်ကို သွေးစွန်းထင်သွားအောင် လုပ်မယ်။ လူတစ်ယာက်၊ မြက်တစ်ပင်တောင် မကျန်စေရဘူး။ နောက်ဆုံးလူအထိ သတ်ပစ်မယ်။ " ကောင်းကင်ဧကရာဇ်က အေးစက်စွာ ပြောလိုက်ပြီး လက်ဝှေ့ရမ်းလိုက်သည်။
" ဟေ့ ဟေ့ ဟေ့ " ကောင်းကင်စစ်သည်များစွာက ဟိန်းဟောက်လိုက်ကြပြီး ကြောက်စရာကောင်းသော သတ်ဖြတ်လိုစိတ်က ပျံ့နှံ့သွားသည်။
ထိုအခြေအနေကို ကြည့်ပြီး ရှီဝမ်မုက စိုးရိမ်နေသည်။ ကောင်းကင်ဘုံသာ တိုက်ခိုက်လာလျှင် သူမက ကောင်းကင်ဧကရာဇ်အား တားဆီးနိုင်မည်မဟုတ်သည်ကို သူမ ကောင်းကောင်း သိသည်။ နတ်ဘုရားခန့်အပ်ခြင်းနှင့် သူတော်စင်များ ပျောက်ကွယ်သွားပြီးနောက် ယခုအခါ အင်မော်တယ်ဘုံတွင် ကောင်းကင်ဘုံကို ယှဉ်ပြိုင်နိုင်သည့် တစ်ခုတည်းသော အင်အားစုမှာ ဗုဒ္ဓဂိုဏ်းသာဖြစ်သည်။
" ဟောက်ထျန်းက တကယ်ပဲ ငှားချင်တာလား။ လုယက်တာမဟုတ်ဘူးလား။ " ရှီဝမ်မုက နောက်ဆုံးတွင် အလျှော့ပေးလိုက်သည်။ သူမ၏ ခွန်လွန်က ကောင်းကင်ဘုံကို ယှဉ်ပြိုင်နိုင်စွမ်းမရှိပေ။
" ငါက ငှားတယ်လို့ပြောရင် အဲ့ဒါငှားတာပဲ။ ရှီဝမ်မုသာ ခွန်လွန်ကြေးမုံကို ငှားပေးရင် ဒီဧကရာဇ်က ဝိညာဉ်အနှစ်သာရဆေးလုံး တစ်သိန်းကို လက်ဆောင်ပေးမယ်။ " ကောင်းကင်ဧကရာဇ်က ပြုံး၍ ပြောလိုက်သည်။
ရှီဝမ်မုက ရှေးဦးကာလကတည်းက ရှန်ထျန်းနတ်ဘုရားတစ်ပါးဖြစ်ပြီး သူမထွက်ပြေးလိုလျှင် ကောင်းကင်ဧကရာဇ်က သူမကို တားဆီးနိုင်မည်မဟုတ်ပေ။ သူမအလျှော့ပေးရသည့် အကြောင်းရင်းမှာ အနောက်ခွန်လွန်မှ သက်ရှိများအတွက် ဖြစ်သည်။
" ဟောက်ထျန်း ပြောတဲ့စကားအတိုင်း တည်ပါစေလို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် အနောက်ခွန်လွန်က ဗုဒ္ဓဂိုဏ်းကို ဝင်ရောက်ဖို့လည်း တွန့်ဆုတ်နေမှာမဟုတ်ဘူး။ " ရှီဝမ်မုက ကောင်းကင်ဧကရာဇ်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ သူမ လက်ဝှေ့ရမ်းလိုက်သောအခါ ခွန်လွန်ကြေးမုံက ပေါ်လာပြီး ကောင်းကင်ဧကရာဇ်ဆီသို့ ပျံသန်းသွားသည်။
" စိတ်ချပါ တာအိုရောင်းရင်း။ ခွန်လွန်ကြေးမုံကို နှစ်တစ်ရာအတွင်း သေချာပေါက် ပြန်ပေးပါမယ်။ " ကောင်းကင်ဧကရာဇ်က ခွန်လွန်ကြေးမုံကို မြင်သောအခါ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သိုလှောင်လက်စွပ်တစ်ကွင်းကို ရှီဝမ်မုဆီသို့ ပစ်ပေးလိုက်သည်။
" ဝိညာဉ်အနှစ်သာရဆေးလုံးတစ်သိန်း သက်တမ်းကို ရှည်စေပြီး ကျင့်ကြံခြင်းကို တိုးတက်စေတယ်။ အဲ့ဒါက ခွန်လွန်ကြေးမုံကို ငှားတဲ့အတွက် လက်ဆောင်ပဲ။ " ကောင်းကင်ဧကရာဇ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ " ပြန်ကြမယ်။ "
ကောင်းကင်စစ်သည်များ၊ စစ်သူကြီးများ၊ အင်မော်တယ်များနှင့် နတ်ဘုရားများက တိမ်တိုက်များကို စီးနင်းကာ ထွက်ခွာသွားကြသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့က အနောက်ခွန်လွန်မှ ပျောက်ကွယ်သွားသည်။
သူတို့ထွက်ခွာသွားသည်ကို ကြည့်ရင်း ရှီဝမ်မု၏ မျက်နှာက မဲမှောင်နေသည်။
" အရှင်မ ကျွန်မတို့ ဒီအတိုင်းပဲ ရပ်ကြည့်နေရတော့မှာလား။ " ခွန်လွန်မှ အမျိုးသမီးအင်မော်တယ်တစ်ယောက်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
" ကောင်းကင်ဘုံက အစွမ်းထက်တယ်။ သူတော်စင်တွေ ပျောက်ကွယ်သွားပြီးတဲ့နောက်မှာ ကောင်းကင်ဘုံက သက်ရှိတွေရဲ့ ဝိညာဉ်အနှစ်သာရတွေကို သိမ်းပိုက်ခဲ့တာမလို့ ကောင်းကင်ဘုံက နတ်ဘုရားတွေရဲ့ စွမ်းအားက ပိုတောင်သန်မာလာတယ်။ ငါတို့သာ သူတို့ကို အသေခံတိုက်ရင် နောက်ဆုံးရလဒ်က ခွန်လွန်တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ ခွန်လွန်တောင်ပေါ်က သက်ရှိအားလုံး သေဆုံးရလိမ့်မယ်။ " ရှီဝမ်မုက ခါးသီးစွာ ပြောလိုက်သည်။
" အရှင်မကို ဒီလောက်ထိ အရှက်ရစေတာ ကျွန်မတို့ရဲ့ အရည်အချင်းမရှိမှုကြောင့်ပါ။ " အမျိုးသမီးအင်မော်တယ်များက ရှီဝမ်မုရှေ့တွင် ရှက်ရွံ့စွာဖြင့် ဒူးထောက်လိုက်ကြသည်။
" အခု ကောင်းကင်နဲ့မြေကြီးကြားမှာ သတ်ဖြတ်မှုတွေနဲ့ လုယက်မှုတွေ ပြည့်နှက်နေတယ်။ ဒီနန်းတော်တစ်နေရာစာကို ကာကွယ်နိုင်တာကိုပဲ ကျေးဇူးတင်ရမှာပေါ့။ ဒီနေ့ဖြစ်ခဲ့တာတွေကို ဒီအတိုင်းပဲ ထားလိုက်ပါ။ " ရှီဝမ်မုက သက်ပြင်းချလိုက်ပြီး လေထဲမှ သိုလှောင်လက်စွပ်ကို ကြည့်လိုက်သည်။ သို့သော် သူမက ၎င်းကို အသုံးပြုခြင်းမရှိဘဲ လက်ဝှေ့ရမ်းကာ ၎င်းကို တိုက်ရိုက်ဖျက်ဆီးလိုက်သည်။
" ဝိညာဉ်အနှစ်သာရဆေးလုံးတွေ သက်ရှိတွေရဲ့ သွေးနဲ့ အနှစ်သာရကို သိမ်းပိုက်ထားတယ်။ အဆုံးမရှိတဲ့ ကံကြွေးတွေပဲ။ ငါ့ရဲ့ ခွန်လွန်က အဲ့လို ရွံစရာကောင်းတဲ့အလုပ်ကို လုပ်မှာမဟုတ်ဘူး။ " ရှီဝမ်မုက အေးစက်စွာ ပြောလိုက်သည်။
ကောင်းကင်ဘုံ၊ လင်းရှောင်နန်းတော်။
ကောင်းကင်ဧကရာဇ်က သူ၏ လက်ကို မြှောက်လိုက်ရာ ခွန်လွန်ကြေးမုံက သူမ၏ ရှေ့တွင် ပေါ်လာသည်။ ထိုရှန်ထျန်းအဆင့်ရတနာကို ရရှိချိန်တွင် ကောင်းကင်ဧကရာဇ်က လောဘဖြစ်မိသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် သူက ရှီဝမ်မု၏ စွမ်းအားကို တွေးမိသောအခါ ထိုစိတ်ကို ပြန်လည်ထိန်းချုပ်လိုက်သည်။ အနောက်ခွန်လွန်ကို အတင်းအကျပ် ဖိအားပေးခြင်းက သူ၏ ကောင်းကင်ဘုံအတွက်လည်း မကောင်းပေ။
" ခွန်လွန်ကြေးမုံ အင်မော်တယ်နဲ့ လူသားတွေကြားက အတားအဆီးကို ဖြတ်ကျော်နိုင်တယ်။ ဒါကိုသုံးပြီး ရှန်းကျိုးက ချင်ကို ချေမှုန်းရမယ်။ ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားကို သိမ်းပိုက်နိုင်ရင် သူတော်စင်ဖြစ်ဖို့ မျှော်လင့်ချက်ရှိလာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ငါက ကောင်းကင်နဲ့မြေကြီးကို အမှန်တကယ် အုပ်ချုပ်နိုင်လိမ့်မယ်။ " ကောင်းကင်ဧကရာဇ်က ခွန်လွန်ကြေးမုံကို ကြည့်ပြီး ပြုံးလိုက်သည်။
ထို့နောက် သူက အောက်တွင် စုရုံးနေသော အင်မော်တယ်များနှင့် နတ်ဘုရားများကို ကြည့်လိုက်သည်။ " ကြယ်တာယာဌာနရဲ့ နတ်ဘုရားတွေ ဘယ်မှာလဲ။ "
" ကျွန်တော်မျိုးတို့ရှိပါတယ်။ " ဝူချွီကြယ်နတ်ဘုရားက ရှေ့တက်လာသည်။ သူ၏ နောက်တွင် ကြယ်တာယာဌာနမှ နတ်ဘုရားများလည်း ရှိနေသည်။ ကောင်းကင်ဘုံကို ဌာနရှစ်ခုခွဲထားပြီး ကြယ်တာယာဌာနက စစ်ဆင်ရေးနှင့် စစ်တပ်များကို ကိုင်တွယ်ရန် တာဝန်ယူထားသည်။
" ကောင်းကင်စစ်သည်ငါးထောင်နဲ့ ရွှေအင်မော်တယ်အဆင့်ရှိတဲ့ တပ်မှူးတစ်ယောက်ကို စုစည်းပါ။ မနက်ဖြန် ငါ့ရဲ့ အမိန့်နဲ့ ရှန်းကျိုးကို စစ်ချီပါ။ " ကောင်းကင်ဧကရာဇ်က ဝူချွီကြယ်နတ်ဘုရားကို ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ် အောက်ဘုံကို ရွှေအင်မော်တယ်တစ်ယောက်ကို စေလွှတ်တာက ကြက်ကို သတ်ဖို့ သားသတ်ဓားကို သုံးသလို ဖြစ်မနေဘူးလား။ ဒါ့အပြင် လူသားဘုံရဲ့ စည်းမျဉ်းတွေက အင်မော်တယ်ဘုံနဲ့မတူဘူး။ ရွှေအင်မော်တယ်အဆင့်ဆိုတာ လူသားဘုံ ခံနိုင်ရည်ရှိတဲ့ အမြင့်ဆုံးအဆင့်ပဲ။ ရွှေအင်မော်တယ်အဆင့်စွမ်းအားကို သုံးလိုက်ရင် လူသားဘုံရဲ့ ကောင်းကင်နဲ့မြေကြီးက ငြင်းပယ်နိုင်တယ်။ " ဝူချွီကြယ်နတ်ဘုရားက ရိုသေစွာ ပြောလိုက်သည်။
" လူသားဘုံက ငါတို့ ထိန်းချုပ်မှုအောက်က လွတ်မြောက်သွားတာကြာပါပြီ။ စိတ်ချရအောင် ရွှေအင်မော်တယ်တပ်မှူးတစ်ယောက်ကပဲ တပ်တွေကို ဦးဆောင်ရမယ်။ ပြီးတော့ ကောင်းကင်အင်မော်တယ်ဆယ်ယောက်ကိုလည်း လွှတ်လိုက်ပါ။ " ကောင်းကင်ဧကရာဇ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ် ဒါက လူသားဘုံတစ်ခုကို အရမ်းအလေးထားလွန်းမနေဘူးလား။ " လီကျင်းက သူ၏ မျှော်စင်ကို ကိုင်ပြီး ပြောလိုက်သည်။
ကောင်းကင်ဧကရာဇ်၏ အကြည့်က တင်းမာသွားပြီး လီကျင်းကို တစ်ချက်ကြည့်လိုက်သည်။
" ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားကို ငါ ရအောင်ယူမယ်။ ဘယ်သူမဆို ငါ့ကို သစ္စာဖောက်ရဲရင် ကောင်းကင်ဘုံကို သစ္စာဖောက်ရဲရင် ငါက သူတို့ရဲ့ ဝိညာဉ်ကို ကျိုယိုထဲ ပစ်ချပြီး ထာဝရဒုက္ခကို ခံစားရစေမယ်။ " ကောင်းကင်ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။
ခန်မထဲမှ အင်မော်တယ်များနှင့် နတ်ဘုရားများက မျက်နှာပျက်သွားကြပြီး ခေါင်းငုံ့လိုက်ကြသည်။ အထူးသဖြင့် လီကျင်းဖြစ်သည်။ ကောင်းကင်ဧကရာဇ်၏ အကြည့်က သူ့ဆီတွင် ခဏ ရပ်တန့်နေခဲ့သည်။
လီကျင်းက ချက်ချင်း ဒူးထောင်ပြီး ဦးညွှတ်လိုက်သည်။ " ကျွန်တော်မျိုး ကောင်းကင်ဧကရာဇ်ကို သေတဲ့အထိ သစ္စာစောင့်သိပါမယ်။ "
ကောင်းကင်ဧကရာဇ်က သူ့ကို တစ်ချက်ကြည့်ပြီး ထပ်မပြောတော့ပေ။
" ဝူချွီကြယ်နတ်ဘုရား ဘယ်လောက်ပဲ ကုန်ကြပါစေ မင်းတို့က ငါ့အတွက် ရှန်းကျိုးကို ချေမှုန်းရမယ်။ ပြီးတော့ ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားကို ဖျက်ဆီးရမယ်။ " ကောင်းကင်ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။
" အမိန့်ကို နာခံပါတယ်။ " ဝူချွီကြယ်နတ်ဘုရားက ကျယ်လောင်စွာ ပြောလိုက်သည်။
ဗုဒ္ဓနယ်မြေ။
အတိတ်ဗုဒ္ဓဘုရားကျောင်း။
ဗုဒ္ဓနယ်မြေတွင် အစစ်အမှန်ဗုဒ္ဓက တထာဂတတစ်ပါးတည်းမဟုတ်ဘဲ ဗုဒ္ဓသုံးပါးရှိသည်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ ဖြစ်သည်။ လက်ရှိ ဗုဒ္ဓဂိုဏ်းကို ပစ္စုပ္ပန်ဗုဒ္ဓ တထာဂတက အုပ်ချုပ်နေသည်။
" ရှန်းကျိုးမှာ ဒီလိုလူတစ်ယောက် ထွက်ပေါ်လာလိမ့်မယ်လို့ မထင်ထားဘူး။ ငါ့ရဲ့ ကိုယ်ပွားက ရွှေအင်မော်တယ်အဆင့် အထွတ်အထိပ်ကိုတောင် သတ်နိုင်တာကို လူသားတစ်ယောက်ရဲ့ လက်ချက်နဲ့ သေရတယ်ပေါ့။ ပြီးတော့ သူက အင်မော်တယ်လမ်းစဉ်နဲ့ နတ်ဆိုးလမ်းစဉ်ကလည်းမဟုတ်ဘူး။ သူ့မှာ ဝိညာဉ်အနှစ်သာရဆေးလုံးရဲ့ အငွေ့အသက်လည်း မရှိဘူး။ တကယ်ကို ထူးဆန်းတယ်။ ရှန်းကျိုးရဲ့ အပြောင်းအလဲတွေက သူနဲ့ ပက်သက်နေနိုင်တယ်။ " ရန်တန်ဗုဒ္ဓက ကြာပန်းပလ္လင်ပေါ်တွင် ထိုင်ပြီး အတွေးနက်နေသည်။
ချင်အင်ပါယာ၊ အိမ်ရှေ့စံနန်းတော်။
ကျောက်ဖုန်း၏ အပြည့်အဝ အသက်သွင်းမှုအောက်တွင် ထျန်းရွှမ်ကြေးမုံမှ စိတ်ဝိညာဉ်ကျောက်တုံးများက လျင်မြန်စွာ ကုန်ဆုံးနေသည်။ နောက်ဆုံးတွင် မရေတွက်နိုင်သော စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုပြီးနောက် ကျောက်ဖုန်း၏ စိတ်အသိထဲတွင် ကျင့်စဉ်အသစ်တစ်ခုပေါ်လာသည်။
" ပြီးသွားပြီ။ ကိုးဆင့်ပြောင်းလဲခြင်းမဟာကျင့်စဉ်နဲ့ သိုင်းဧကရာဇ်နဂါးကျမ်းကို ပေါင်းစပ်လိုက်ပြီ။ ကိုးဆင့်ပြောင်းလဲခြင်းဖရိုဖရဲသိုင်းတာအိုကျင့်စဉ်။ ဒါက ကိုးဆင့်ပြောင်းလဲခြင်းမဟာကိင့်စဉ်က ရုပ်ခန္ဓာကျင့်ကြံခြင်းကို ရရှိပြီး သိုင်းတာအိုက ယွမ်စွမ်းအားကို ထပ်ဖြည့်ထားတယ်။ ပြီးတော့ ဖရိုဖရဲနိယာမအပေါ် ငါ့ရဲ့ နားလည်မှုကိုလည်း ထည့်သွင်းထားတယ်။ ဒါက ငါ့အတွက် သီးသန့်ကျင့်စဉ်ပဲ။ ဒါပေမယ့် ငါ့ရဲ့ လက်ရှိကျင့်ကြံမှုနဲ့ တစ်စိတ်တစ်ပိုင်းပဲ ပေါင်းစပ်နိုင်တယ်။ သိုင်းတာအိုဘုရင်အဆင့်ရောက်ဖို့ လိုလိမ့်မယ်။ " ကျောက်ဖုန်းက ကျေနပ်စွာ တွေးလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့