← Chapters

အခန်း ၅၆၇

Vol. 57 Ch. 567

အခန်း ၅၆၇

Vol. 57 Ch. 567

အခန်း (၅၆၇)

သိုင်းတာအိုမဟာစွမ်းအားရှင်အဆင့်က အင်မော်တယ်အဆင့်နှင့် ညီမျှသည်။ သို့သော် တိုက်ခိုက်ရေးစွမ်းအားအရ သိုင်းတာအို မဟာစွမ်းအားရှင်အဆင့်က အင်မော်တယ်အဆင့်ကို ချေမှုန်းနိုင်ပြီး မြေကြီးအင်မော်တယ်နှင့် နှိုင်းယှဉ်နိုင်သည်။ သိုင်းတာအိုက အတွင်းပိုင်းနှင့် အပြင်ပိုင်းကို ကျင့်ကြံပေးသည်။ ၎င်းက သိုင်းတာအိုတွင်သာ ရှိသော ကြောက်စရာကောင်းသည့်အချက်ဖြစ်သည်။

သိုင်းတာအိုမဟာစွမ်းအားရှင်အဆင့်အထက်တွင် သိုင်းတာအိုနိယာမပေါင်းစည်းခြင်းအဆင့်၊ သိုင်းတာအိုနိယာမနယ်ပယ်အဆင့်၊ သိုင်းတာအိုနိယာမသခင်အဆင့်နှင့် သိုင်းတာအိုဘုရင်အဆင့်တို့ ဖြစ်သည်။ ၎င်းက သိုင်းတာအိုနှင့် ကိုးဆင့်ပြောင်းလခြင်းမဟာကျင့်စဉ်တို့ ပေါင်းစည်းပြီး ရောက်ရှိနိုင်သော အမြင့်ဆုံးအဆင့်ဖြစ်သည်။ ၎င်းက ကျောက်ဖုန်း လက်ရှိကျင့်ကြံမှု၏ ကန့်သတ်ချက်ဖြစ်သည်။ အနာဂတ်တွင် သူ၏ စွမ်းအားတိုးတက်လာသည်နှင့်အမျှ ကျင့်စဉ်များကို ပေါင်းစည်းခြင်းနှင့် တိုးမြှင့်ခြင်းတို့ကို ပြုလုပ်ခြင်းက ပိုမိုလွယ်ကူလာပေလိမ့်မည်။

" အခု ဒီကျင့်စဉ်ကို ကျင့်ကြံလို့ရပြီ။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

သူက ကိုးဆင့်ပြောင်းလဲခြင်းဖရိုဖရဲသိုင်းတာအိုကျင့်စဉ်ကို ပြောင်းလဲကျင့်ကြံလိုက်သည်။ ကျင့်စဉ်ကို အသက်သွင်းလိုက်သည်နှင့် ကောင်းကင်နှင့်မြေကြီးကြားမှ အဆုံးမရှိစိတ်ဝိညာဉ်စွမ်းအားများက သူ့ဆီသို့ စီးဝင်လာသည်။ အချိန်များက လျင်မြန်စွာ ကုန်ဆုံးလာပြီး ရက်ပေါင်းနှစ်ဆယ်ကျော်ကြာသွားခဲ့သည်။

" စွမ်းရည်တွေကိုမြှင့်တင်တဲ့ အမြန်နှုန်းက အရင်ကထက် အများကြီး ပိုမြန်လာတယ်။ ပန်ဂုရဲ့ သွေးနဲ့ ပေါင်းစည်းပြီးတဲ့နောက်မှ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို သန့်စင်တဲ့ အမြန်နှုန်းက ပိုမြန်လာပြီး ဖရိုဖရဲနိယာမကိုလည်း ပိုပြီးနက်နက်ရှိုင်းရှိုင်း နားလည်လာတယ်။ ကံကြမ္မာစွမ်းအားရဲ့ မြှင့်တင်မှုအောက်မှာ တစ်ရက်ကို စွမ်းရည်အားလုံး အမှတ်နှစ်ရာတိုးလာတယ်။ အခုရက်နှစ်ဆယ်ကျင့်ကြံမှုက စွမ်းရည်အားလုံး လေးထောင်စီတိုးလာပြီ။ အချိန်သာ လုံလောက်ရင် အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကို ဘာကြောက်စရာရှိလို့လဲ။ " ကျောက်ဖုန်းက ကျေနပ်စွာ တွေးလိုက်သည်။

ယခု သူက ကျင့်စဉ်ကို ပြောင်းလဲပြီးနောက် မဟာကျင့်စဉ်၏ အဆင့်နှစ် ပြောင်းလဲခြင်းသို့ ဝင်ရောက်သွားခဲ့ပြီး တစ်ရက်ကျင့်ကြံလျှင် စွမ်းရည်အားလုံး နှစ်ရာမှတ် ရရှိသည်။ ထို့အပြင် ကျောက်ဖုန်း၏ စွမ်းရည်များက တတိယအသွင်ပြောင်းလဲခြင်းကို ကြုံတွေ့ရပြီးပြီဖြစ်သည်။

" စွမ်းရည်အားလုံး ငါးသောင်းကျော်သွားပြီး အဆင့်ခြောက်ရတနာသေတ္တာတစ်လုံးကို ရရှိပါတယ်။ " ကျောက်ဖုန်းက ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်နှင့် စနစ်မှ အသိပေးချက်ထွက်ပေါ်လာသည်။

" စွမ်းရည်အားလုံး ငါးသောင်းကျော်သွားပြီ။ စစ်တပ်က အနောက်ဘက်နယ်မြေကို အပြီးသတ်သိမ်းပိုက်ဖို့ စောင့်နေရုံပဲ။ ပြီးရင် ရန်သူတွေကို သတ်တဲ့ စွမ်းရည်တွေ ရလာလိမ့်မယ်။ ဒါပေမယ့် ငါ့ရဲ့ စွမ်းရည်တွေ တိုးတက်လာတော့ သာမန်လူတွေကို သတ်တဲ့ စွမ်းရည်တွေက သိပ်မများတော့ဘူး။ " ကျောက်ဖုန်းက တွေးလိုက်သည်။ သူက နတ်ဘုရားအာရုံကို ကမ္ဘာငယ်ထဲသို့ ပို့လွှတ်လိုက်သည်။

ယနေ့ တစ်လပြည့်သော နေ့ဖြစ်သည်။ ကမ္ဘာငယ်ထဲတွင်တော့ လေးနှစ်နှင့်တစ်လ ကုန်ဆုံးသွားပြီဖြစ်သည်။

" မဆိုးဘူး။ လေးနှစ်အတွင် စိတ်ဝိညာဉ်စွမ်းအားတွေနဲ့ အရင်းအမြစ်တွေ အများကြီးရှိလို့ လူတစ်သိန်းကျော်က ဆရာသခင်အဆင့်ခြောက်အောက်မှု ဘယ်သူမှမရှိတော့ဘူး။ လူတစ်ထောင်နီးပါးက မဟာဆရာသခင်အဆင့်ကို ရောက်သွားကြပြီ။ " ကျောက်ဖုန်းက ကျေနပ်သွားသည်။

ဤတစ်ခေါက်ရလဒ်က သူမျှော်လင့်ထားသည်ထက် ပိုကောင်းနေသည်။ ကမ္ဘာငယ်ထဲသို့ ဝင်ချိန်တွင် အင်ပါယာကျောင်းတော်မှ ကျောင်းသားများမှလွဲ၍ အားလုံးက ရှန်ထျန်းအဆင့်တွင်သာ ရှိကြသည်။ ယခု အားလုံးက အဆင့်တက်သွားကြပြီဖြစ်သည်။

" နောက်တစ်သုတ်အတွက် အချိန်ကျပြီ။ " ကျောက်ဖုန်းက ဟင်းလင်းပြင်ကို ခွဲပြီး ရှန်းယန်မြို့ပြင်မှ စခန်းသို့ ရောက်သွားသည်။

စခန်းထဲတွင် စစ်တပ်မှ စစ်သည်များ၊ အင်ပါယာကျောင်းတော်မှ ကျောင်းသားများနှင့် အခြားသူများ စုဝေးနေကြသည်ကို တွေ့လိုက်ကြသည်။ လူဦးရေက ပထမအသုတ်ထက် ပိုများပြီး တစ်သိန်းခွဲကျော် ရှိသည်။

ကျောက်ဖုန်းက နတ်ဘုရားအာရုံကို ထုတ်လွှတ်ပြီး ကမ္ဘာငယ်ထဲမှ ပထမအသုတ်ကို အပြင်သို့ ခေါ်ထုတ်ကာ ဒုတိယအသုတ်ကို ကမ္ဘာငယ်ထဲသို့ ထည့်သွင်းလိုက်သည်။ တစ်လကို အဆင့်တစ်ခု တိုးမြှင့်လိုက်လျှင် ချင်အင်ပါယာ၏ အင်အားက လျင်မြန်စွာ တိုးတက်လာပေလိမ့်မည်။

ကျန်းထိုင်နန်းဆောင်။

" ဘယ်လိုလဲ။ " ရင်ကျန့်က ကျောက်ဖုန်းရောက်လာသည်ကို ကြည့်ပြီး ပြုံး၍ မေးလိုက်သည်။ သူက အင်ပါယာကံကြမ္မာစွမ်းအားနှင့် ပေါင်းစပ်ထားသူဖြစ်သောကြောင့် ရှန်းယန်မြို့ပြင်မှ ကျောက်ဖုန်း၏ လုပ်ရပ်များကို မြင်လိုက်ရသည်။

ကျောက်ဖုန်းက တစ်ဖက်တွင် တိုက်ရိုက်ဝင်ထိုင်လိုက်သည်။

" ကျင့်ကြံခြင်းနယ်မြေမှာ လေးနှစ်၊ ထျန်းရွှမ်ကြေးမုံရဲ့ ကျင့်ကြံခြင်းနေရာနဲ့ အင်ပါယာကံကြမ္မာရဲ့ ကောင်းချီတို့ ပေါင်းစပ်လိုက်တယ်။ အထဲဝင်သွားတဲ့လူတိုင်းက အဓိကအဆင့်တစ်တင့်ကို တက်လှမ်းနိုင်ခဲ့တယ်။ သူတို့ထဲမှာ ထူးချွန်တဲ့ အရည်အချင်းရှိသူတစ်ထောင်နီးပါးက မဟာဆရာသခင်အဆင့်ကို တက်လှမ်းအထိ တက်လှမ်းနိုင်ခဲ့တယ်။အလှည့်ကျစနစ်နဲ့ လုပ်ဆောင်ရင် တစ်နှစ်အတွင်း ချင်ရဲ့ စုစုပေါင်းစွမ်းအားက အများကြီး တိုးတက်လာလိမ့်မယ်။ နောက်နှစ်ရောက်ရင် တစ်နှစ်ကို သတ်မှတ်လို့ရတယ်။ " ကျောက်ဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။

တစ်လက စမ်းသပ်ကာလအတွက်သာဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ အချိန်တစ်နှစ်သတ်မှတ်ရန်ဖြစ်သည်။ နှစ်ငါးဆယ်ဟူသော အချိန်ကာလက ကြီးမားသော အကျိုးအမြတ်များကို ရရှိပေလိမ့်မည်။

" အချိန်ဆိုတာ တကယ် အကောင်းဆုံးလက်နက်ပဲ။ " ရင်ကျန့်က ခံစားချက်များဖြင့် ပြောလိုက်သည်။

" အခု သားတော်တို့က တိုးချဲ့မှုကို မြန်မြန်လုပ်ရမယ်။ လူသားဘုံကို အပြည့်အဝ ထိန်းချုပ်ပြီး ကံကြမ္မာစွမ်းအားကိင စုဆောင်းရမယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" အင်း " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " အဲ့ဒီကိစ္စကို ငါ အပြည့်အဝ ကြီးကြပ်ပေးမယ်။ ဒါပေမယ့် ချင်က လူတိုင်းက ကျင့်ကြံခြင်းလမ်းစဉ်အပေါ် လျှောက်လှမ်နေပေမယ့် သာမန်လူသားဘဝကို ကျော်လွန်သေးတာမဟုတ်ဘူး။ လူသားဘုံက ကျယ်ဝန်းပြီး စားနပ်ရိက္ခါတွေ သယ်ယူပို့ဆောင်ရေးက အဆင်ပြေသွားပေမယ့် ချီတက်မှုက နှေးကွေးနေတုန်းပဲ။ "

" အဲ့ဒီကိစ္စအတွက် သားတော်မှာ အစီအစဉ်ရှိပြီးသားပါ။ မကြာခင် အစီအရင်ခန်းမက အံ့ဩစရာတစ်ခု ပေးပါလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သ​ည်။

" အံ့ဩစရာလား။ " ရင်ကျန့်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

" ပို့ဆောင်ရေးအစီအရင် " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " မိုင်ပေါင်းထောင်ချီဝေးနေရင်တောင် ပို့ဆောင်ပေးနိုင်တယ်။ "

" ကောင်းတယ်။ " ရင်ကျန့်က ချက်ချင်း ဝမ်းသာသွားသည်။ " ပို့ဆောင်ရေးအစီအရင်သာရှိရင် ငါတို့ ချင်က တစ်ကမ္ဘာလုံးကို ပိုမြန်မြန် သိမ်းပိုက်နိုင်လိမ့်မယ်။ "

" ဧကရာဇ်မင်းမြတ် စစ်ဦးစီးချုပ်က တွေ့ခွင့်တောင်းနေပါတယ်။ " ရန်ရှောင်၏ အသံက နန်းတော်အပြင်မှ ထွက်ပေါ်လာသည်။

" အနောက်ဘက်နယ်စပ်က သတင်း​ကောင်းရလာတဲ့ပုံပဲ။ " ရင်ကျန့်က ပြုံး၍ ​ပြောလိုက်သည်။ " ဝင်ခဲ့ပါ။ "

ခဏကြာသောအခါ ဝမ်ကျန့်က ပြုံးရွှင်သော အမူအရာဖြင့် ခန်းမထဲသို့ ဝင်လာသည်။

" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ " ဝမ်ကျန့်က ဦးညွှတ်လိုက်ပြီး ကျောက်ချီကို မြင်သောအခါ ပြုံးလိုက်သည်။

" အဘိုး " ကျောက်ချီက ထပြီး ဂါရဝပြုလိုက်သည်။

" အင်း " ဝမ်ကျန့်က ပြုံး၍ ခေါင်းညိမ့်လိုက်သည်။

" အနောက်ဘက်နယ်စပ်က ပြီးသွားပြီလား။ " ရင်ကျန့်က မေးလိုက်သည်။

" ဧကရာဇ်မင်းမြတ် အနောက်ဘက်နယ်စပ်က တည်ငြိမ်သွားပါပြီ။ နိုင်ငံ၃၆ခုနဲ့ လူသုံးသန်းကျော်က ချင်ရဲ့ လက်အောက်ခံ ဖြစ်သွားပါပြီ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ဟားဟား ကောင်းတယ်။ " ရင်ကျန့်က ရယ်မောလိုက်သည်။

" ဖုန်းအာ အနောက်ဘက်နယ်စပ်က အေးချမ်းသွားပြီ​ဆိုတော့ ငါတို့ ချင်က နောက်ထပ် မိုင်ပေါင်းများစွာ တိုးချဲ့နိုင်ခဲ့ပြီ။ ဒီတစ်ခါ ကံကြမ္မာစွမ်းအားက ငါတို့ချင်ကို ပိုပြီး တိုးတက်စေလိမ့်မယ်။ " ရင်ကျန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" အဘိုး၊ ခမည်းတော် အနောက်နိုင်ငံ ၃၆ ခုက ရှုပ်ထွေးလွန်းပါတယ်။ အခု စစ်အင်အားနဲ့ သိမ်းပိုက်နိုင်ခဲ့ပေမယ့် နိုင်ငံ၃၆ခုက အစက ​ဗုဒ္ဓဂိုဏ်းရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတာပါ။ လူတိုင်းက ​ဗုဒ္ဓဘာသာဝင်တွေဖြစ်နေတော့ အဲ့ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ကြမလဲ။ အနောက်ဘက်နယ်စပ်က ​ဗုဒ္ဓဘုရားကျောင်းတွေကို ဖျက်ဆီးပြီး ​ဗုဒ္ဓအမွေအနှစ်တွေကို ဖြတ်တောက်လိုက်ရမလား။ " ကျောက်ချီက မေးလိုက်သည်။

"ဘာလို့ဖျက်ဆီးရမှာလဲ။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

" ဒါဆိုအဲ့ဒီ​ဗုဒ္ဓဘုရားကျောင်းတွေကို ဘယ်လိုကိုင်တွယ်ရမလဲ။ ပြီးတော့ ချင်က နတ်ဘုရားတွေနဲ့ ​ဗုဒ္ဓကို မယုံကြည်ဘူး၊ ကောင်းကင်နဲ့မြေကြီးကိုပဲ လေးစားတယ်လို့ ခမည်းတော် ပြောဖူးတယ်လေ။ " ကျောက်ချီက ထပ်ပြောလိုက်သည်။

" ချီအာ အင်မော်တယ်ဘုံမှာ ကောင်းကင်နဲ့မြေကြီးက ပြောင်းလဲသွားတယ်။ အဲ့ဒါက အကြောင်းရင်းတစ်ခုခု ရှိလိမ့်မယ်။ ဒါပေမယ့် နတ်ဘုရားတွေထဲမှာလည်း မေတ္တာတရားရှိတဲ့ နတ်ဘုရားတွေ ရှိနေတုန်းပဲ။ ​ဗုဒ္ဓတွေထဲမှာလည်း သန့်ရှင်းမြင့်မြတ်တဲ့ အစစ်အမှန်​ဗုဒ္ဓတွေ ရှိနေတုန်းပဲ။ အခု အနောက်နိုင်ငံ၃၆ခုက ​ဗုဒ္ဓဂိုဏ်းကို နက်နက်ရှိုင်းရှိုင်း ယုံကြည်နေကြတာ။ အတင်းအကျပ်ဖျက်ဆီးလိုက်ရင် အကျိုးမရှိတဲ့အပြင် ရှုပ်ထွေးမှုတွေပဲ ဖြစ်လာလိမ့်မယ်။ "

" ​ဗုဒ္ဓဘုရားကျောင်းတွေကို ထားလိုက်ပါ။ ဒယပေမယ့် ​ဗုဒ္ဓကို ကိုးကွယ်ရာမှာ ရွှေရုပ်တုနဲ့ မဟုတ်ဘဲ ​ဗုဒ္ဓဆိုတဲ့ စကားလုံးတစ်ခုတည်းနဲ့ပဲ ကိုးကွယ်ရမယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

" ခမည်းတော် လမ်းညွှန်ပေးပါဦး။ " ကျောက်ချီက လေးနက်စွာ ပြောလိုက်သည်။

" ​ဗုဒ္ဓဆိုတာ သဘာဝအားဖြင့် ပုံသဏ္ဍန်မရှိဘူး။ နှလုံးသားထဲမှာ ​ဗုဒ္ဓရှိနေသရွေ့ ရွှေရုပ်တုတွေ မလိုပါဘူး။ ​ဗုဒ္ဓက သဘာဝအတိုင်း တည်ရှိနေတာ။ ​ဗုဒ္ဓရဲ့ အဆုံးအမတွေ၊ ကုသိုလ်ကောင်းမှုတွေ၊ ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ်ဆိုတာ ချင်ရဲ့ ဥပဒေနဲ့လည်း ကိုက်ညီပါတယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters